အခန်း ၁၆၈၇
Vol. 113 Ch. 1687
အပိုင်း (၁၆၈၇)
ဘုန်း ဘုန်း
ရှင်းလင်းလျက် ရှိနေသည့် ကောင်းကင်တည်နေရာကြီးမှာတော့ နားကွဲလောက်စရာ ပေါက်ကွဲသံကြီးက ထွက်ပေါ်လျက် ရှိနေ၏။ ကောင်းကင်ကြီးသည်လည်း တုန်ခါနေသည့် ပုံပင်။ အချိန်အတော်ကြာပြီးသည့်နောက် လူနှစ်ယောက်၏ အသွင်အပြင်သည် ဖုန်တလုံးလုံးထနေသည့် တည်နေရာကြီးထဲတွင် ပေါ်ပေါက်လာ၏။
၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ပေတစ်ထောင်နီးပါးခန့် ကွာဝေးကာ ရပ်လျက်ရှိနေကြပြီး သူတို့နား ပတ်ပတ်လည်တွင် မည်သည့်အရာမှ မရှိချေ။ မြင်ကွင်းကို အဝေးတစ်နေရာမှ သေသေချာချာ လှမ်းကာကြည့်ရှုမည်ဆိုလျှင် ၎င်းတို့၏ ပတ်ပတ်လည် မိုင်တစ်ထောင် အကွာအဝေးတစ်ခုလုံးသည် ပြောင်ရှင်း စုပ်ပြတ်သက်လျက်လည်း ရှိနေ၏။ ဤအရာသည် ၎င်းတို့နှစ်ယောက် တိုက်ခိုက်မှုကြောင့်ပင်။
တိုက်ပွဲ၏ အရှိန်အဟုန်သည် ပြင်းထန်လွန်းသောကြောင့် လောကကြီးတစ်ခုလုံး ပျက်စီးတော့မလိုပင် ဖြစ်တည်နေသည်။
ဟား ဟား ဟား
ဖုန်များ ရုတ်တရက် ကွယ်ပျောက်သွားပြီးနောက် ဆံပင်အဖြူနှင့် အဘိုးအိုသည် ရုတ်တရက် ရယ်မောလိုက်၏။ "နှစ်တွေအများကြီး လေ့ကျင့်ပြီးတဲ့နောက်မှာ ခင်ဗျားရဲ့ အားအင်အဆင့်က တိုးတက်မလာသေးပါလား"
"ခင်ဗျားလည်း တူတူပါပဲ" မျက်နှာချင်းဆိုင်တွင် ရှိနေသော အမဲရောင်ဆံပင်နှင့် အဘိုးအိုသည် ဆက်ပြောလိုက်သည်။
"ခင်ဗျားက ဝှက်ဖဲကို အသုံးပြုပြီးပြီလေ" အဖြူရောင်ဝတ်စုံနှင့် အဘိုးအိုသည် လက်ကိုမြောက်လိုက်၏။ ပြီးသည့်နောက် သူ၏အကြည့်များသည် အေးစက်သွားခဲ့၏။
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် မျက်မှောင်ကုတ်လိုက်မိ၏။ ပြီးနောက် သဘောမတူသလို ပြောလိုက်မိသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာကျော် အတွင်းမှာ ခင်ဗျား ဘာတွေသင်ယူခဲ့တယ်ဆိုတာ ကျုပ်စမ်းကြည့်ချင်တယ်"
"ကြည့်ကြည့်လေ" အဖြူရောင်ဆံပင်နှင့် အဘိုးအိုက ပြောလိုက်၏။ သူသည် ခေါင်းကိုမြောက်ကာဖြင့် လက်ကိုမြောက်လိုက်၏။ ပြီးသည့်နောက် သူမျက်လုံးများသည် ရုတ်တရက် ပြူးကျယ်သွားခဲ့၏။
အမဲရောင်ဆံပင်နှင့် အဘိုးအိုသည် တည်ငြိမ်နေသည့် ပုံစံမျိုး ရှိနေသည်ဆိုသော်လည်း တစ်ကယ်တမ်းမှာတော့ စိတ်လှုပ်ရှားလျက် ရှိနေ၏။ သူသည် သတိအပြည့်နှင့် ဖြစ်တည်နေ၏။ သို့ပေမဲ့ တစ်ဖက်လူသည် အပေါ်ကို စူးစိုက်ကြည့်နေ၏။ သူ့အား တိုက်ခိုက်ခြင်း မပြုလုပ်ခဲ့ချေ။
"ချီးတဲ့မှ ဘာတွေဖြစ်နေတာလဲ လာစမ်း။”
“ မဟုတ်သေးဘူး"
သူတို့၏ အထက်တွင် ထူးခြားလှသော အော်ရာတစ်ခုက ပေါ်ပေါက်လာ၏။ အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် နောက်ဆုံးတော့ နားလည်သွားမိ၏။ အလျင်အမြန်ဖြင့် ခေါင်းကိုမော့ကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ အဖြူရောင်ဆံပင်နှင့် အဘိုးအိုကဲ့သို့ပင် မျက်လုံးများ ပြုးထွက်သွားခဲ့၏။
ကောင်းကင်၏အထက် တည်နေရာတစ်ခုလုံးသည် ကြီးမားလှသည့်အော်ရာများ၏ ဆွဲစုပ်ခြင်းကို ခံလိုက်ရပြီး ကြီးမားလှသည့် လေဝဲကြီးတစ်ခုက ဖြစ်ပေါ်လာ၏။ ဤမြင်ကွင်းသည် ထူးဆန်းလွန်းလှချေသည်။
ရုတ်တရက် ပြောင်းလဲလာသည့် မြင်ကွင်းတစ်ခုသည် ဤဂြိုလ်ထဲတွင် ရှိနေသော သတ္တဝါများ အားလုံးကို အလန့်တကြား ဖြစ်စေခဲ့၏။ အားလုံးသောသူတို့သည် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည့်အခါမှာတော့ အလွန်ပဲ ထိတ်လန့် တုန်လှုပ်သွားခဲ့ကြ၏။ "ဒါ ထူးခြားတဲ့ ရတနာတစ်ခုခု ပေါ်လာတာလား။ သွားကြရအောင်"
ဆွစ် ဆွစ်
ချက်ချင်းပဲ ဤဂြိုလ်ပေါ်တွင် ရှိနေသော ထိပ်တန်းကျွမ်းကျင်သူများသည် ရောက်ရှိလာခဲ့ကြ၏။ ၎င်းတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် လေဝဲ၏ အပြင်ဖက်တွင် လာရောက်ကာ စုဆုံကြ၏။ ပိုမိုနီးကပ်သည့် အခြေအနေသို့ ရောက်ရှိလာသည့် အခါမှာတော့ အထဲတွင် ရှိသော အော်ရာများသည် ပိုမိုကာ အားကောင်းလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။ "ဒါဘယ်လိုထူးခြားတဲ့ ရတနာမျိုး ဖြစ်မလဲ"
များပြားလှသော ကျင့်ကြံသူများသည် စိတ်ထဲမှကြိတ်ကာ ခန့်မှန်းနေကြ၏။ ပြင်းထန်သည့် အော်ရာနှင့် ရတနာထွက်ပေါ်လာချိန်တွင် ကြီးမားလှသည့် တိုက်ပွဲကြီးတစ်ခု ထွက်ပေါ်လာတော့မည်ကိုလည်း ကောင်းကောင်းသိကြ၏။
"မင်းတို့အားလုံး"
ထိုအချိန်မှာပဲ အစောက တိုက်ခိုက်လျက်ရှိနေသော အဘိုးအိုနှစ်ယောက်သည် ပျံသန်းရောက်ရှိလာကာဖြင့် သံပြိုင်ဆိုသလို ပြောလိုက်သည်။ "သွားကြစမ်း"
ဤအရာသည် စကားလေးတစ်ခွန်းမျှသာ ဖြစ်၏။ သို့ပေမဲ့ နက်နဲလှသည့် အဓိပ္ပာယ်များ ပါဝင်လျက် ရှိနေ၏။ အားလုံးသောသူများသည် ထိုအသံကို နားထောင်ပြီးသည့် နောက်မှာတော့ မည်သို့မျှ မခံစားနိုင်တော့ပဲ သွေးများပင် အန်ထွက်ကာ ကောင်းကင်ယံမှ ပြုတ်ကျကုန်ကြ၏။
"ဘိုးဘေးကြီးယန်၊ ဘိုးဘေးကြီးယင်"
ကျွမ်းကျင်သူများ အားလုံး၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားခဲ့ကြ၏။ ဤဂြိုလ်ကြီးထဲတွင် တစ်စုံတစ်ယောက်က မည်သူအားအကောင်းဆုံးလဲဟု မေးမြန်းမည်ဆိုလျှင် အားလုံးသောသူတို့သည် ကောင်းကင်ယန်နှင့် မြေယင် ဟု ပြောဆိုကြပေလိမ့်မည်။
"မွန်းစတားအိုကြီးနှစ်ယောက် ဒီမှာရှိနေပြီဆိုမှတော့ ငါတို့ဒါကို လုလို့မရတော့ဘူး။ ဆိုးဆိုးဝါးဝါး သေဆုံးသွားလိမ့်မယ်"
မူလအားဖြင့် သွေးဆူလျက် ရှိနေသော သိုင်းကျင့်ကြံသူများသည် ချက်ချင်းပဲ ပျံထွက်သွားခဲ့ကြ၏။ ၎င်းတို့သည် ဤအဘိုးကြီးနှစ်ယောက်ကို တိုက်ခိုက်ရန်မှာ မဖြစ်နိုင်ချေ။ ထို့ကြောင့် ခပ်ဝေးဝေးတည်နေရာတွင် သွားရောက်ကာ ပုံးအောင်းနေခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
လေဝဲ၏ အပြင်ဖက်တွင်တော့ အဓိကစွမ်းအားရှင်များသည် မတ်မတ်ရပ်လျက် ရှိနေ၏။ ကျွမ်းကျင်သူများထဲမှ တစ်ယောက်က အေးစက်စက်ပြောလိုက်၏။ "ကောင်းကင်ရတနာတွေနဲ့ မြေရတနာတွေဆိုတာက ကံကြမ္မာအတိုင်း ရရှိတဲ့ အရာတွေလေ။ စီနီယာကြီးနှစ်ယောက် ဒါကို အရင်ကတည်းက ကြားဖူးတယ်မလား"
"ကြည့်ရတာ မင်းအနေနဲ့ ထွက်သွားချင်ပုံ မပေါ်ဘူး"
အဖြူရောင်ဆံပင် နှင့် အဘိုး၏ မျက်လုံးများသည် အေးစက်သွားခဲ့၏။ သတ်ဖြတ်လိုခြင်းဆန္ဒနှင့် စွမ်းအင်များ သည် ထွက်ပေါ်လာခဲ့၏။ ဤအကြည့်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ ထို့ကြောင့် ကလန်ကဆန် ပြောဆိုခဲ့သော သိုင်းကျင်ကြံသူသည် နှဖူးမှ ချွေးများ ကျဆင်းလာခဲ့၏။ သူက တွေးလိုက်မိ၏။ ဒီအဘိုးကြီးရဲ့ အားအင်အဆင့်က ထပ်ပြီးတိုးလာပြန်ပြီ။
များပြားလှသော အင်အားစုများသည် ဤကဲ့သို့ ထွက်ခွာမသွားချင်ကြချေ။ ထိပ်တန်းကျွမ်းကျင်သူ နှစ်ယောက်တို့သည် ၎င်းတို့ကို အခြေအနေတင်းမာအောင် ပြုလုပ်လျက် ရှိနေသည်။
ဝှစ်
ထိုအချိန်မှာပဲ လေဝဲအတွင်းမှ အလင်းတန်းတစ်ခုက ထွက်ပေါ်လာ၏။ "ထူးခြားတဲ့ရတနာ ပေါ်လာပြီပဲ"
အားလုံးသည် စတင်ကာ လှုပ်ရှားခဲ့ကြ၏။ သို့ပေမဲ့ အလင်းတန်းသည် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးဖြစ်နေသည့် အချိန်မှာတော့ အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ ဤမျှများလှသော ပတ်ဝန်းကျင်ပြင်းထန်မှုကြီး ဖြစ်လာပြီးနောက် အားလုံးသောသူတို့သည် မြေအဆင့်ရတနာ၊ ကောင်းကင်ရတနာ ပေါ်ပေါက်လာမည်ဟု တွေးထင်ခဲ့ကြ၏။ သို့ပေမဲ့ အဆုံးသတ်မှာတော့ အထဲမှ လူတစ်ယောက် ထွက်ပေါ်လာခြင်းပင် ဖြစ်သည်။ မထင်မှတ်စရာပေ။
"လှလိုက်တာ"
"နတ်သမီးတစ်ပါးက ကောင်းကင်ပေါ်က ဆင်းသက်လာတာလား"
အဝေးတစ်နေရာတွင် ပုန်းအောင်းကာ ကြည့်ရှုလျက် ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ဆွံ့အသွားခဲ့ကြ၏။
ရုတ်တရက် ပေါ်ပေါက်လာသော အမျိုးသမီး၏ ဆံနွယ်များသည် ရေတံခွန်ကဲ့သို့ နောက်သို့ ပြန့်ကျလျက် ရှိနေ၏။ သေချာပုံသွင်းထားသည့်အတိုင်း ဖြစ်တည်လျက်ရှိနေပြီး နှာခေါင်းမှာလည်း သွယ်လျလှပလွန်း၏။ မျက်နှာတစ်ခုလုံးသည် ကျောက်စိမ်းကဲ့သို့ ဝင်းလက်လျက် ရှိနေပြီး အသားအရေမှာလည်း ရေကဲ့သို့ပင် ကြည်လင်နေ၏။ ပုံပန်းသွင်ပြင် တစ်ခုလုံးသည် ကျက်သရေရှိလွန်းလှ၏။ သူမသည် အလွန်တရာ လှပသည့်သူတစ်ယောက်ဟု ပြောဆိုနိုင်သည်။
ကောင်းကင်ယန်နှင့် မြေယင်တို့သည် ဆွံ့အသွားခဲ့ကြ၏။ ၎င်းတို့သည် အလှအပတရားများကို ဂရုမစိုက်ဘဲ နေထိုင်နိုင်စွမ်းရှိကြသည်။ သို့ပေမဲ့ ဤရုတ်တရက် ထွက်ပေါ်လာသည့် အမျိုးသမီးသည် သူတို့ကိုပင် အံ့ဩစေခဲ့ ၏။
ဝှစ် ဝှစ် …….။
ထိုအချိန်မှာပဲ လေဝဲထဲမှ နောက်ထပ်အလင်းတန်းနှစ်ခုက ထွက်ပေါ်လာ၏။ လူငယ်နှစ်ယောက်ပင် ဖြစ်သည်။ ၎င်းတို့ထံမှ တစ်ယောက်၏ အသွင်အပြင်သည် ဟိတ်ဟန်များလှပြီး အခြားတစ်ယောက်မှာတော့ အေးစက်လွန်းလှ၏။
"ကျုပ်တို့ လာနေတာကို သိသိလျက်နဲ့ မကြိုဆိုကြဘူးလား "
လေသံကို နားထောင်လိုက်သည် ဆိုသည်နှင့် ရွက်သင်္ဘောကြီး၏ အဓိကဦးဆောင်သူ ကုန်းရှန့်ဖြစ်ပြီး သူ၏ဘေးတွင် ရှိသူကတော့ ရီရှင်းချန်ပင် ဖြစ်တော့၏။ အဖြူရောင်ဝတ်စုံနှင့် လှပလှသော အမျိုးသမီးသည် ပြိုင်စံရှားဂိုဏ်း၏ တပည့်ကြီး လုချင်းချင်းပင် ဖြစ်သည်။
"ခင်ဗျားတို့က"
ကျွမ်းကျင်သူတစ်ယောက်သည် သတိအပြည့်နှင့် ဖြစ်သွားခဲ့၏။ လေဝဲထဲမှ ထွက်ပေါ်လာသည်မှာ ကောင်းကင်အဆင့်ရတနာ၊ မြေအဆင့် ရတနာမဟုတ်ချေ။ ထိုအစား ယောက်ျားနှစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်လို့နေခဲ့၏။ ဆန်းကြယ်လွန်းလှချေ၏။
"ဒီနိမ့်ကျတဲ့ လူကတော့ ကျွင်းချောင်ရှောင်းပဲ ဖြစ်ပါတယ်"
ကုန်းရှန့်သည် လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ "ဒီကို ရောက်ရှိလာရတဲ့ အကြောင်းအရင်းက ဒီဂြိုလ်ကြီး တစ်ခုလုံးကို သိမ်းပိုက်ချင်လို့ပါ"
အဓိကတာဝန်၏ ဥပဒေသကို သိရှိပြီးနောက် သူသည် အရိုးရှင်းဆုံး နည်းလမ်းကို အသုံးပြုရန် ပြင်ဆင်ခဲ့တော့၏။ ထိုအရာသည် သူ၏အားအင်အဆင့်ကို ထုတ်ဖော်ကာဖြင့် လမ်းတွင်ဖြတ်သွားသော ဂြိုလ်များကို အညံ့ခံရန် ပြင်ဆင်ခြင်းပင်။ သူ့အနေဖြင့် ကျူးကျော်ခြင်း မဟုတ်သလို အခြားသူများ၏ အရင်းအမြစ်များကို လုယူခြင်းလည်း မဟုတ်ချေ။ သူလိုချင်သည်မှာ အားလုံး၏ အညံ့ခံခြင်းကို ရယူလိုခြင်းပင် ဖြစ်၏။
ကောင်းကင်ယန်သည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ "ငါတို့ နယ်မြေကို အုပ်စိုးချင်တယ် ဟုတ်လား။ မင်းက အပြောကြီးတာပဲ။ "
များပြားလှသော ဂိုဏ်းအသီးသီးမှ ကျွမ်းကျင်သူများသည်လည်း မပျော်မရွှင် ဖြစ်သွားခဲ့၏။ သို့ပေမဲ့ ထိပ်တန်းကျွမ်းကျင်သူများက စတင်ကာ ပြောဆိုနေသည် ဆိုမှတော့ သူတို့အနေဖြင့် ဝင်ရောက်ကာ မပြောဆိုတော့ချေ။
ကျွင်းချောင်ရှောင်းသည် သူ၏စိတ်ဝိညဉ်အာရုံကို ဖြန့်ကျန့်ကာဖြင့် လက်ရှိရှိနေသော သိုင်းကျင့်ကြံသူများကို ကြည့်ရှုလိုက်သည်။
အဖြူရောင်ဆံပင်အဘိုးအိုနှင့် အမဲရောင်ဆံပင်အဘိုးအိုတို့သည် အားအကောင်းဆုံး ဖြစ်သည်ကို သိရှိပြီးနောက် သူသည် စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ "ခင်ဗျားတို့က တိုက်ခိုက်ချင်တာလား"
ထိပ်တန်းကျွမ်းကျင်သူ တစ်ယောက်ကို ရှာဖွေကာ တိုက်ခိုက်ခြင်းအားဖြင့် အားလုံးသောသူတို့သည် သူ၏အားအင်အဆင့်ကို နားလည်ကြမှာဖြစ်၏။ သူသည် ရည်ရွယ်ချက်တစ်ခုတည်းနှင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။ ထိုအရာသည် တိုက်ခိုက်ရန်ပင်။
"လာခဲ့" ကောင်းကင်ယန်သည် ပြောလိုက်၏။ သူ့အနေဖြင့် လွန်ခဲ့သည် နှစ်ပေါင်းတစ်သောင်းအတွင်း မြေယင်နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ဘူး၏။ ထို့ကြောင့် သူ၏သွေးတွင် တိုက်ခိုက်လိုစိတ်များနှင့် ပြည့်နှက်နေသည်။ ယနေ့အချိန်မှာတော့ တခြားလူတစ်ယောက်သည် သူ့အား တိုက်ခိုက်ရန် လာရောက်ကာ စိန်ခေါ်လျက် ရှိနေ၏။ သူသည် ကျိန်းသေပေါက် အဆုံးသတ်အထိ ပြန်လည်တိုက်ခိုက်ရမှာ ဖြစ်၏။
...............
"ခင်ဗျားတို့နှစ်ယောက်က အရမ်းအားကောင်းတယ်လေ။ အချိန်ကုန်သက်သာအောင်လို့ ကျုပ်ဆီ တစ်ပြိုင်တည်း လာခဲ့ကြ" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
"…….."
ကောင်းကင်ယန်နှင့် မြေယင်တို့သည် ရုတ်တရက် ဒေါသထွက်သွားခဲ့ကြ၏။ ၎င်းတို့နှစ်ယောက်သည် တောင်မြစ်လောကထဲတွင် ထိပ်တန်းကျွမ်းကျင်သူများဟု သုံးသပ်နိင်၏။ သို့ပေမဲ့ သူတို့သည်ကသာလျှင် များပြားလှသော ကျင့်ကြံသူများနှင့် တိုက်ခိုက်ခဲ့၏။ ယနေ့အချိန်မှာတော့ သူတို့သည် တခြားသူများအား လူအရေအတွက်အသားစီးယူပြီး တိုက်ခိုက်ရတော့မည်လား။ သူတို့ကို အထင်သေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။
"ခင်ဗျားတို့ကတော့"
ကျွင်းချောင်ရှောင်းသည် များပြားလှသော သိုင်းကျင့်ကြံသူများကို လှမ်း၍ကြည့်ကာ ပြောလိုက်သည်။ "ရေမိုးချိုးပြီး ပြန်အိပ်ကြတော့"
ဤကောင်လေးသည် အမှန်ပင် မောက်မာလွန်းလှ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် တောင်မြစ်လောက ထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူများကို ကောင်းကောင်း တိုက်ခိုက်နိုင်သည်ဟု ထင်မှတ်ထားသောကြောင့်ပင်။
"နှုတ်ဆက်ပါတယ်"
ဆွစ် ဆွစ်
ချက်ချင်းပဲ လေဝဲ၏အနားတွင် စုစည်းလျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် ထွက်ခွာသွားခဲ့ကြ၏။ ရတနာများအတွက်တော့ သူတို့သည် စိတ်ဝင်စားမှု မရှိကြတော့ချေ။ အဘယ့်ကြောင့်ဆိုသော် သူတို့ရတနာဟု ထင်မှတ်ထားသော အရာသည် ယောကျာ်းနှစ်ယောက်နှင့် မိန်းမတစ်ယောက် ဖြစ်နေသောကြောင့်ပင်။
ဤနေရာ၌ ဆက်လက်နေထိုင်ရန် စိတ်ဝင်စားမှု မရှိတော့ချေ။ တိုက်ခိုက်ရန်အတွက်တော့။ အားနာပါတယ်။ သူတို့သည် ထိုကဲ့သို့သော ကိစ္စရပ်များကို ပြုလုပ်မည်မဟုတ်ချေ။
နောက်သို့ တစ်ချက်ကလေး လှည့်မကြည့်ဘဲ အားလုံးထွက်ပြေးသွားသည်ကို မြင်ရသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိ၏။ "ငါ ဒီလောက်ကြီး ကြောက်ဖို့ကောင်းတာလား"
အမှန်တော့ တစ်ဖက်လူများသည် အမှန်ပင် ကြောက်လန့်သွားကြသည်။ ထို့ပြင် တောင်မြစ်လောကကြီး၏ အားအကောင်းဆုံးသော ကောင်းကင်ယန်နှင့် မြေယင်တို့ တည်ရှိနေသည် ဆိုမှာတော့ သူတို့အနေနှင့် ဝင်ရောက် တိုက်ခိုက်လည်း ထူးခြားလိမ့်မည် မဟုတ်ချေ။
ကျွင်းချောင်ရှောင်းအနေဖြင့် ရောက်ရှိလာပြီး အားလုံး၏ ရှေ့တွင် ခပ်တည်တည်နှင့် တောင်မြစ်လောကကြီးကို ထိန်းချုပ်မည်ဟု ပြောဆိုရဲမှာတော့ ကျိန်းသေပေါက် အားကောင်းသည့်လူပင် ဖြစ်ပေလိမ့်မည်။
"ကောင်လေး"
ကောင်းကင်ယန်သည် ပေါ့ပေါပါးပါး ပြောလိုက်၏။ "တိုက်ခိုက်ကြမယ်"
ဘုန်း
မြေပြင်တစ်ခုလုံးသည် တုန်ခါသွား၏။ ကောင်းကင်ယံတစ်ခုလုံးသည် ဖုန်များနှင့် ဖြစ်တည်လာခဲ့၏။ မြင်ကွင်းကို သေသေချာချာ ကြည့်ရမည်ဆိုလျှင် ကောင်းကင်ယန် ရပ်တန့်လျက်ရှိနေသော တည်နေရာတွင် ကျွင်းချောင်ရှောင်းက ရောက်ရှိနေသည်။ ပြီးနောက် မြေယင် ဘက်သို့ လှည့်ကြည့်ကာ မေးလိုက်သည် "ခင်ဗျားကော အဆင်သင့်ပဲလား"