← Chapters

သခင်မလေး နောက်နေတာမလား

Vol. 127 Ch. 1775

သခင်မလေး နောက်နေတာမလား

Vol. 127 Ch. 1775

ရှီမာယူယူ ထွက်သွားပြီးနောက် ထင်စန်း၊ထင်ရွှေတို့နှင့် လမ်းနှစ်လမ်းမျှ လျှောက်ပြီးနောက် မည်သူမှလိုက်မလာတော့သည်မှာ သေချာသည်နှင့် စိတ် သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“ဟူး ကံကောင်းလို့ သူမ လိုက်မလာဘူး” ရှီမာယူယူသည် စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

“သခင်မလေး မကြောက်ဘူးလား” ထင်စန်းသည် ရှီမာယူယူအား ထိုပုံစံ အတိုင်းမြင်လိုက်ရသောအခါ အံ့ဩသွားသည်။

“ဘယ်လိုလုပ် မကြောက်ဘဲနေမလဲ ငါတို့ကသုံးယောက်တည်း သူတို့က အများကြီးပဲ.. တကယ်သာ တိုက်ခိုက်ကြရင် အရိုက်ခံရမှာက ငါတို့ပဲ… ငါတို့ မသေရင်တောင် တော်တော်ဆိုးဆိုး ဒဏ်ရာရသွားမှာပဲ” ရှီမာယူယူ ပြောလိုက် သည် “အရိုက်ခံရတာကို ရှောင်နိုင်ရင် ရှောင်ရမှာပေါ့”

“ဟားဟား အမှန်ပဲ” ထင်ရွှေသည် ပြုံးပြီးပြောလေသည် “ဒါပေမဲ့ သခင်မလေး ဒီဆေးပစ္စည်းတွေ တည်ဆောက်မှုကျောက်တုံးတွေ ဘာလို့ ဒီလောက် အများကြီးဝယ်တာလဲ ဆေးပစ္စည်းတွေက အိမ်မှာလည်းရှိတယ်လေ”

“အင်း.. ငါ ဝယ်လာတာတွေက အဆင့်နိမ့်ဆေးပစ္စည်းတွေပဲ အဲဒါမှ ငါ ပြန်ပြီးလေ့ကျင့်လို့ရမှာ” ရှီမာယူယူ ပြောလိုက်သည်။

“လေ့ကျင့်မယ်ဟုတ်လား သခင်မလေး… သခင်မလေးက အဂ္ဂိရတ်ပညာ ကို ကြိုးစားကြည့်ချင်လို့လား”

“အင်း ဟင်း”

“သခင်မလေး… ဒါက… သခင်မလေးလိုချင်ရင်… ဘာဆေးပဲဖြစ်ဖြစ် အိမ်တော်က အဂ္ဂိရတ်ပညာရှင်ကို ပြောလိုက်လို့ရပါတယ် ဒါက… အဂ္ဂိရတ် ပညာက အရမ်းကိုအန္တရာယ်များပါတယ် မလုပ်ပါနဲ့” ထင်စန်း ပြောလေသည်။

“စိတ်မပူနဲ့ အရမ်းကိုရိုးရှင်းတယ်” ရှီမာယူယူသည် သူမ၏ ဆိုလိုရင်းကို လေးလေးနက်နက်တွေးမနေပေ။ သူမသည် ပေါက်ကွဲခြင်းကဲ့သို့ အရာမျိုးကို ကြောက်နေခြင်းဖြစ်မည်ဟု တွေးလိုက်သည်။

“ဒါပေမဲ့ သခင်မလေး… သခင်မလေး အဂ္ဂိရတ်ပညာကို ကြိုးစားကြည့် ချင်ရင် အရင်ဆုံး ကျင့်ကြံရဦးမယ်လေ” ထင်စန်းသည် ထပ်ပြောသည်။

ရှီမာယူယူ ရပ်သွားသည် “အင်း မင်းပြောတာ အမှန်ပဲ… အရင်ဆုံး ကျင့်ကြံရမှာပေါ့”

ထင်စန်းသည် ရှီမာယူယူ အရင်ကကဲ့သို့ ကြောက်မက်ဖွယ် အကြံများ ရှိ မည်ကို ကြောက်ရွံ့နေသည်။ ထို့ကြောင့် ရှီမာယူယူ၏ အဂ္ဂိရတ်ပညာလေ့ကျင့် မည့် အကြံကို အမြန်လမ်းလွှဲချင်မိသည်။ သူမသည် ရှီမာယူယူ၏ အဖြေကို ကြားသောအခါ ဖျောင်းဖျနိုင်ပြီဟု အထင်နှင့် ပျော်တော့မည့်အချိန်တွင် ရှီမာယူယူ၏ နောက်ဆက်တွဲစကားလုံးများကြောင့် ထိတ်လန့်သွားသည်။

“ဒါပေမဲ့ ငါတို့ ပစ္စည်းတွေ အရင်ပြင်ထားကြတာပေါ့ နှစ်ရက်နေရင် စမယ်”

ထင်စန်း “…”

ခသင်မလေး… အခုက အရမ်းကို လေးနက်နေတဲ့ မျက်နှာထားကြီးနဲ့… ကျွန်မကို မစတာ သေချာတယ်ပေါ့နော်…

နယ်စားအိမ်တော်သို့ ပြန်လာပြီးနောက် ထင်စန်းသည် မုရုန်ဟွေ့ဆီသို့ သွားရှာကာ ရှီမာယူယူသည် အဂ္ဂိရတ်ပညာကို သင်ကြားရန်ကြိုးစားနေ ကြောင်း ပြောပြလိုက်သည်။

မုရုန်ဟွေ့သည် ခေတ္တမျှ သေချာစဉ်းစားပြီးနောက် သူ ပြောလိုက်သည် “သူမ လုပ်ချင်တာလုပ်ပါစေ သူမလိုတာတွေကို ပြင်ဆင်ပေးဖို့ ဘဏ္ဍာထိန်းကို သွားပြောလိုက်”

မုရုန်ဟွေ့ တားမြစ်လိမ့်မည်ဟု ထင်စန်းထင်ထားသည်။ သူ လျစ်လျူရှု လိမ့်မည်ဟု ထင်မထားပေ။ သူ နားမလည်သော်လည်း ဘာမှမပြောတော့ပေ။

“သခင် အဂ္ဂိရတ်ပညာက အရမ်းကိုအန္တရာယ်များတယ် တကယ်ပဲ သခင်မလေးကို အဂ္ဂိရတ်ပညာ သင်ခိုင်းမလို့လား” မုရုန်လင်း မေးလိုက်သည်။

“သူမ သိပါတယ် သူမက အာမခံချက်မရှိတဲ့ စွန့်စားမှုတွေလုပ်မှာမဟုတ် ဘူး” မုရုန်ဟွေ့သည် အခိုင်အမာပင် ပြောလေသည်။

သူမတွင် လုပ်စရာတွေ အများကြီးရှိသည်။ ဘယ်လိုလုပ် သူမကိုယ်သူမ အန္တရာယ်ထဲရောက်အောင် လုပ်မှာလဲ။

ပြီးနောက် သူမသည် လူသားလောကတွင် အလွန်ထူးချွန်သည်ဟု ကြား ထားသည်။ ထို့ကြောင့် သူမသည် အဂ္ဂိရတ်ပညာကို စီမံနိုင်လိမ့်မည်။

အချိန်ကြာအောင် အတူကုန်ဆုံးပြီးသော်လည်း သူသည် သူမအကြောင်း ကို အနည်းငယ်မျှသာသိသေးသည်။ သူမသည် ပညာဗဟုသုတမရှိသော လူမျိုး မဟုတ်ပေ။

ရှီမာယူယူ ပြန်လာပြီးနောက် ထင်စန်းနှင့် ထင်ရွှေတို့ကို အခန်းကို ရှင်းလင်းခိုင်းပြီး အဂ္ဂိရတ်အခန်းအဖြစ် ပြင်ဆင်ခိုင်းသည်။ ထို့နောက် သူမ တံခါးပိတ်နေသည်။ သူမသည် နှစ်ရက်ကြာအောင် ထွက်မလာပေ။ ထိုအချိန် အတွင်းတွင် အစာပင်မစားပေ။ ထိုအကြောင်းသည်လည်း မုရုန်ဟွေ့ နားထဲ ပြန်ရောက်သည်။

သူမ အဂ္ဂိရတ်အခန်းမှ ဘေးကင်းစွာဖြင့် ပြန်ထွက်လာချိန်တွင် မြင်လိုက် ရသည်မှာ ခြံဝန်းထဲတွင် စောင့်ကြပ်နေသောလူကိုပင်ဖြစ်သည်။

“အဖေ ဒီမှာဘာလို့ရောက်နေတာလဲ” သူမ တအံ့တဩမေးလိုက်သည်။

သူအလုပ်များနေတာမဟုတ်ဘူးလား။

“သမီးက နှစ်ရက်လောက် ထွက်မလာဘူးပြောလို့ သမီးတစ်ခုခုဖြစ်နေပြီ လို့ သူတို့ထင်နေကြတာ” မုရုန်ဟွေ့ ပြောလိုက်သည် “အဲဒီမှာ ဘာလုပ်နေတာ လဲ”

“သမီးအဆင်ပြေပါတယ် ဘာမှမဟုတ်ဘူးရယ် အဲဒီဆေးပစ္စည်းတွေကို မြင်လိုက်တော့ လက်ယားလာလို့လေ… အချိန်တစ်ခုလောက် ကစားပြီးတော့ အချိန်တောင်မေ့သွားတယ်” ရှီမာယူယူ ပြောလိုက်သည်။

“သမီးအဆင်ပြေရင် ပြီးတာပါပဲ” မုရုန်ဟွေ့ ခေါင်းညိတ်လိုက်သည်။

“အဖေ သမီး ပြောစရာရှိတယ်” ရှီမာယူယူ သူ့ကိုကြည့်လိုက်သည်။ ထိုအကြည့်မှာ သူ့ကိုတစ်ယောက်တည်း ပြောချင်သည်ဆိုသည်မှာ ထင်ရှားနေ သည်။

မုရုန်ဟွေ့သည် ခြံထဲမှတခြားလူများကို လက်ယမ်းထုတ်လိုက်ရာ အားလုံး နောက်ဆုတ်ပြီးနောက်တွင် သူ မေးလိုက်သည် “ဘာပြောချင်လို့လဲ”

“အဖေ ဒါကိုဘယ်လိုထင်လဲ” သူမသည် တည်ဆောက်မှု ကျောက်တုံး ထုတ်လိုက်သည်။

“တည်ဆောက်မှုကျောက်တုံးပဲ ဘာဖြစ်လို့လဲ တည်ဆောက်မှုပုံစံက ထူးဆန်းတာပဲ” မုရုန်ဟွေ့သည် တည်ဆောက်မှုသခင်မဟုတ်သဖြင့် အကြမ်း ဖျင်းသာ သိသည်။

“အဖေ အဲမှာတင်နေနော်” ရှီမာယူယူသည် သူ့ကို ထိုနေရာတွင်သာ နေခိုင်းကာ တည်ဆောက်မှုကျောက်တုံးအနည်းငယ်ထုတ်ကာ သူ့ပတ်ပတ် လည်တွင် တည်ဆောက်မှုကိုစီမံလိုက်ပြီး သူမ၏ အလွန်းနည်းလှသော ဝိညာဉ် စွမ်းအားကိုထည့်လိုက်သည်။

အနက်ရောင်အလင်းတန်း စီးဆင်းလာသည်။ တည်ဆောက်မှုစတင်သည် နှင့် မူရုန်ဟွေ့သည် ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်ထူထူလာသည်ကို ခံစားမိ သဖြင့် သူ အံ့ဩနေသည်။

“ရှီအာ ဒီတည်ဆောက်မှုက ဒဏ္ဍာရီလာ ဝိညာဉ်စုတည်ဆောက်မှုလား” သူသည် တည်ဆောက်မှု ကျောက်တုံးများကိုကြည့်ပြီး စိတ်ထဲမှပျော်ရွှင်မှုကို ဖုံးကွယ်မရပေ။

လျောင်ချန်ပြည်နယ်သည် သူတို့၏တိုင်းပြည်တွင် အမြဲတစေ အလယ် အလတ်အဆင့်သာရှိခဲ့သည်။ အင်အားမှာလည်း တိုးမလာပေ။ အဓိက အကြောင်းအရင်းမှာ သူတို့၏ ဝိညာဉ်စွမ်းအားမှာ ပါးလွှာ၍ဖြစ်သည်။  သူ့တွင် ထိုအရာသာရှိပါက တချို့လူများကို လျင်မြန်စွာလေ့ကျင့်ပေးနိုင်မည်ဖြစ်သည်။

“ဒါက အရိုးရှင်းဆုံး ဝိညာဉ်စုတည်ဆောက်မှုတစ်ခုတင်ပါ” ရှီမာယူယူ ပြောလိုက်သည် “ဒါကသေးနေလို့ ကောင်းနေတာ ဒါပေမဲ့နယ်မြေချဲ့လိုက်ရင် တော့ သက်ရောက်မှုက ဒီလောက်မကောင်းတော့ဘူး”

မုရုန်ဟွေ့သည် စိတ်မပျက်ပေ “ဒါက အရိုးရှင်းဆုံး ဝိညာဉ်စုတည် ဆောက်မှုလို့ပြောတယ်နော် ဒီ့ထက်ကောင်းတာရှိသေးတာလား”

“ဟုတ်တယ် ဒါပေမဲ့ အရင်ဆုံး ပိုကောင်းတဲ့ တည်ဆောက်မှုကျောက်တုံး တွေရှိရမယ် ဒုတိယအနေနဲ့ ပိုကောင်းတဲ့ ဝိညာဉ်စုပုတီးစေ့ကိုရှာရမယ် အဲဒါ တွေသာရှိရင် ဝိညာဉ်စုတည်ဆောက်မှုရဲ့ သက်ရောက်မှုက နှစ်ဆတက်သွားမှာ” ရှီမာဘူယူ ပြောလိုက်သည်။

“ဒီဝိညာဉ်စုတည်ဆောက်မှုက ရှာဖို့မလွယ်ဘူးမလား ဘယ်လိုပုံစံရှိလဲ” မုရုန်ဟွေ့ မေးလိုက်သည်။

“တစ္ဆေလောကက ဝိညာဉ်စုပုတီးစေ့အကြောင်းကိုတော့ သမီး တကယ် မသိဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှာကြည့်ရင် ရှာနိုင်မယ်ထင် တယ်”

“အင်း ဒီအချိန်တွင်း လူတွေကိုရှာဖို့ အမိန့်ပေးလိုက်မယ်” မုရုန်ဟွေ့ ပြော လိုက်သည် “ရှီအာ အချိန်ကိုကက်ပဲ ဝိညာဉ်စုတည်ဆောက်မှုနဲ့ဆိုရင် နောက်နှစ် ပြည်နယ်ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရနိုင်တယ် ၂ နှစ်ဆိုရင် အချိန်လောက်ပြီ”

“အဲဒီတော့ အဖေ့စိတ်ထဲမှာ လူရှိနေပြီပေါ့” သူ ပျော်ရွှင်နေသည်ကို သူမ မြင်သောအခါ ပြုံးလိုက်သည်။

“မြို့ပြိုင်ပွဲကို မဝင်ဘဲနဲ့ တိုက်ရိုက်သွားမယ့် လူသုံးယောက်ကို ရွေးပြီးပြီ သူတို့က အဖေကိုယ်တိုင်‌ နှစ်တွေအများကြီး လေ့ကျင့်ပေးထားတာ သူတို့ရဲ့ အရည်အချင်းနဲ့အားကလည်း သူများထက်သာတယ် သူတို့က ပြည်နယ်ပြိုင်ပွဲ အတွက် အဖေ့ရဲ့ဝှက်ဖဲပဲ” မုရုန်ရှီ ပြောလိုက်သည် “အစတုန်းကတော့ အဖေ ယုံကြည်ချက်မရှိသေးဘူး ဒါပေမဲ့ သမီးရဲ့ ဝိညာဉ်စုတည်ဆောက်မှုနဲ့တွဲလိုက် ရင် ဒီ ၂ နှစ်အတွင်း တိုးတက်လာမယ်ဆိုရင် သေချာပြီပဲ”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “သမီးတို့က ပြည်နယ်ပြိုင်ပွဲကို ဝင်ပြိုင်မယ်ဆိုမှတော့ စက္ကန့်တိုင်းကို တိုက်ခိုက်ရမယ် အဖေ… အရင်ဆုံး အဆင့်မြင့် တည်ဆောက်မှုကျောက်တုံးတွေ ရှာရမယ်… အရင်ဆုံး ပိုကောင်း တဲ့ တည်ဆောက်မှုကို စီစဉ်ရမယ် ပြီးတော့ သူတို့ကိုအထဲမှာကျင့်ကြံခိုင်းမယ် အဖေ ဝိညာဉ်စုပုတီးစေ့ရှာတွေ့ရင် ပိုကောင်းတာကို စီမံလို့ရတာပေါ့”

“ဟုတ်ပြီ ဒါပေမဲ့ ဒီကိစ္စကို လျှို့ဝှက်ထားတာ ပိုကောင်းမယ် ပြီးတော့ ဖုရုန်ဥယျာဉ်မှာ ဝင်္ကပါစီစဉ်မှာလား” မုရုန်ဟွေ့ အကြံပြုသည်။

ဤနေရာရှိ ဖုရုန်ဥယျာဉ်ဆိုသည်မှာ ထာဝရတောက်ပခြင်းမြို့တော်ရှိ ဖုရုန်ဥယျာဉ်နှင့်အတူတူပင်။ ထိုနေရာတွင် လျှို့ဝှက်လူများနေထိုင်ကြပြီး လူ အများအပြားနေလျက်ရှိသည် မုရုန်ဟွေ့သည် သူတို့ကိုလွှတ်ပြီး ကျင့်ကြံရန် နေရာတစ်နေရာ စီမံခိုင်းလိုက်သည်။

ရှီမာယူယူသည် ဖုရုန်ဥယျာဉ်ကို တွယ်တာမှုမရှိသဖြင့် အရာအားလုံးကို သဘောတူလိုက်သည်။

ထို့ကြောင့် မုရုန်ဟွေ့သည် အဆင့်မြင့်အဆင့်တည်ဆောက်မှုကို ရှာရန် သွားကာ သူမကို ဖုရုန်ဥယျာဉ်တွင် ဝင်္ကပါတည်ဆောက်စေသည်။

သို့သော် သူမ ဘာမပြောရခင်မှာပင် ပါရမီရှင်သုံးယောက်သည် သူတို့ကို စော်ကားသလိုခံစားရလေသည်။ အထူးသဖြင့် သူတို့ကို ဖုရုန်ဥယျာဉ်သို့ ခေါ်သွားချိန်တွင် သူတို့သုံးဦးလုံးသည် မျက်နှာများနီရဲသည်အထိ ဒေါသထွက် လေသည်။

All Chapters