← Chapters

ကိုယ့်အမှားကိုယ်သိပြီး ဝန်ခံလိုက်

Vol. 127 Ch. 1776

ကိုယ့်အမှားကိုယ်သိပြီး ဝန်ခံလိုက်

Vol. 127 Ch. 1776

ရှီမာယူယူသည် ခြံဝန်းထဲတွင် တည်ဆောက်မှု ဖန်တီးပြီးနောက် ခေါင်း လှည့်လိုက်ချိန်တွင် မည်းနက်နေသော မျက်နှာသုံးခုကိုမြင်လိုက်ရလေသည်။

သူမ မျက်ခုံးပင့်လိုက်သည်။ ဒီလူသုံးယောက်က ဘာလို့ ဒီလောက် မြန်မြန်ရောက်လာတာလဲ။ သူမ စီစဉ်လို့တောင်မပြီးသေးဘူးလေ။

“သခင်မလေး ဒါဘာအဓိပ္ပာယ်လဲ ကျွန်တော်တို့က ပြည်နယ်ပြိုင်ပွဲကို ဝင် ပြိုင်မယ့်သူပါ သခင်မလေးရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ်မခံနိုင်ဘူး”

“ဟုတ်တယ် မင်းက သခင်မလေးဆိုပေမဲ့ ကျွန်တော်တို့က အိမ်တော်က မဟုတ်သလို မင်းအပြင်က ခေါ်လာတဲ့လူတွေလည်းမဟုတ်ဘူး”

“မင်းက ဒါနဲ့ ကျွန်တော်တို့ကို စော်ကားနေတာပဲ နယ်စားကို ရှင်းရှင်း လင်းလင်းဖြစ်အောင် သွားမေးမယ် ဒါဘာအဓိပ္ပာယ်လဲ”

သူမ ဘာမှမပြောရသေးခင်မှာပင် ထိုလူများသည် သူမကို ဒေါသတကြီး ပြောဆိုကြလေသည်။

“အာ…” ရှီမာယူယူသည် နှာခေါင်းကိုထိလိုက်သည် “ရှင်တို့ မှားနေတယ် ထင်တယ်”

“ဘာမှားလို့လဲ မင်းပဲ ကျွန်တော်တို့ကို ဒီကိုခေါ်လာတာမလား ဒီနေရာက မင်း အရင်ကစားတဲ့လူတွေ ထားတဲ့နေရာမဟုတ်ဘူးလား”

“ရှင်တို့ကို လာဖို့မခေါ်သေးပါဘူး…” ရှီမာယူယူသည် ရိုးသားစွာပင် ပြော လေသည်။

ခဏအကြာမှ သူတို့ကိုခေါ်ရန် ဘဏ္ဍာထိန်းကို သူမ ပြောထားရုံရှိသေး သည်။ သူတို့ ဒီလောက် မြန်မြန်ရောက်လာလိမ့်မည်ဟု ဘယ်သူထင်ထားမှာ လဲ။

“မင်းက စကားလှည့်နေတုန်းပဲ”

“ထားလိုက်တော့ ဇိပင်း သူမနဲ့ အချိန်ဖြုန်းမနေနဲ့တော့ နယ်စားကိုပဲ ဖြေရှင်းချက်သွားတောင်းမယ်”

“ဟုတ်တယ် နယ်စားဆီသွားရအောင်”

သူတို့သုံးယောက်သည် ပြောပြီးသည်နှင့် ထွက်သွားမည်ပြုသည်။ သူတို့ လှည့်လိုက်သည်နှင့် မုရုန်ဟွေ့ ဝင်လာသည်ကို မြင်လိုက်ရသည်။

“နယ်စားကို နှုတ်ဆက်ပါတယ်” မုရုန်ဟွေ့နှင့် မျက်နှာချင်းဆိုင်ရချိန်တွင် သူတို့သည် ဒေါသထွက်နေသော်လည်း တရိုတသေ အရိုအသေပြုသည်။

မုရုန်ဟွေ့သည် သူတို့သုံးယောက် စိတ်တိုနေသည်ကို မြင်သောအခါ မေး လိုက်သည် “ဘာဖြစ်လို့လဲ”

သူသည် ရှီမာယူယူကို ကြည့်ရာ သူမသည် ပခုံးတွန့်ပြပြီး နှုတ်ခမ်းတွန့် ကာ ဘာမှမပြောသည်ကို တွေ့ရသည်။

“နယ်စား ဒီဖုရုန်ဥယျာဉ်က သခင်မလေးရဲ့ အပျော်ချစ်သူတွေကို ထားတဲ့ နေရာလေ.. သူမ ကျွန်တော်တို့ကို ဒီနေရာခေါ်တာ ဘာအဓိပ္ပာယ်လဲ… သူမက ကျွန်တော်တို့ကို အပျော်လင်အဖြစ်ထားချင်တေနာမဟုတ်ဘူးလား” သတ္တိရှိလှ သောလူ၏ နာမည်မှာ ဂူဇီပင်းဟုခေါ်ပြီး သူ တိုက်ရိုက်မေးခွန်းထုတ်လိုက်ရာ မုရုန်ဟွေ့ပင် မှင်တက်သွားသည်။

“ဘာ… ချစ်သူ ရှီအာက မင်းတို့ကို အဲလိုလုပ်ချင်တာမဟုတ်ပါဘူး”

“မဟုတ်ဘူး ဟုတ်လား ဒါဆိုရင် ဘာလို့ဖုရုန်ဥယျာဉ်ကို ခေါ်တာလဲ” သူတို့ သုံးယောက်သည် ကြက်သေသေသွားကြသည်။

ရှီမာယူယူမှ ငြင်းဆန်လျှင် မည်သူမှ မယုံပေ။ သို့သော် နယ်စားမှ ထိုသို့ ပြောလာသဖြင့် သူတို့အနည်းငယ် သံသယဝင်သွားသည်။

“ဒီကိစ္စက အရေးကြီးတယ် မင်းတို့ မပြောပါဘူးလို့ သစ္စာဆိုရမယ်” မုရုန်ဟွေ့သည် ထိုလူသုံးယောက်ကို စိုက်ကြည့်ပြီး သူ၏အမူအရာမှာ လေးနက်လာသည်။

သူတို့သုံးယောက်သည် မုရုန်ဟွေ့၏ လက်အောက်တွင် ကိုယ်တိုင် ကျင့်ကြံပေးခဲ့သူများဖြစ်ကြသည်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူတို့၏ အောင်မြင်မှုနှင့် အသက်သည် သူ့အပိုင်ဖြစ်သည်။ သူတို့သာ ဤနေ့ကိစ္စကို လျှို့ဝှက်မထားပါက သူတို့ကို တစ်သက်လုံး အရူးတစ်ပိုင်းဖြစ်အောင် လုပ်နိုင် သည်။ ထို့ကြောင့် သူတို့သည် ဘာမှမပြောနိုင်ကြပေ။

“နယ်စား စိတ်ချပါ ကျွန်တော်တို့ ဒီနေ့ကိစ္စကို ပြောမိရင် မိုးကြိုးပစ်ပါစေ” သူတို့သုံးယောက်သည် တည်တံ့စွာပင် ကျိန်ဆိုလေသည်။

လူသားနှင့် မတူညီစွာပင် တစ္ဆေမျိုးနွယ်မှလူများသည် သစ္စာဆိုခြင်းကို လွန်စွာကြောက်ရွံ့ကြသည်။ သူတို့ ကတိဖောက်ဖျက်လျှင် နတ်ဘုရားများ သည် သူတို့ကို အစိတ်စိတ်ပိုင်းမည်ဖြစ်သောကြောင့်ပင်ဖြစ်သည်။

သူတို့ သုံးယောက်တို့ သစ္စာဆိုပြီးနောက်တွင် မုရုန်ဟွေ့ ပြောလိုက်သည် “ငါတို့ တခြားနေရာက ဝိညာဉ်စွမ်းအားတွေကို ဆွဲဆောင်လို့ရမယ့် မင်းတို့ ကျင့်စဉ်တွေကို အရှိန်မြှင့်ပေးစေမယ့် ဝိညာဉ်စုတည်ဆောက်မှုကို ဒီမှာလုပ် မယ်”

“ဝိညာဉ်စုတည်ဆောက်မှုလား” သူတို့သုံးယောက်သည် မုရုန်ဟွေ့အား အလန့်တကြားကြည့်ကြသည် “နယ်စား အဲဒါကဒဏ္ဍာရိလာ ဝိညာဉ်စုတည် ဆောက်မှုလား”

“ဟုတ်တယ် ဝိညာဉ်စုတည်ဆောက်မှုက ပျောက်ကွယ်နေတာ ကြာပြီ အဲဒါကို ကြေညာလိုက်ရင် ဖြစ်လာမယ့်လှိုင်းဂယက်တွေကို မင်းတို့သိပါတယ်” မုရုန်ဟွေ့သည် သူတို့ကို သတိပေးလိုက်သည် “ပြည်နယ်ပြိုင်ပွဲက စတော့မယ် တည်ငြိမ်တဲ့ပတ်ဝန်းကျင်ကပဲ မင်းတို့ကျင့်ကြံမှုကို အကျိုးရှိစေလိမ့်မယ်… ဒီ ဝိညာဉ်စုတည်ဆောက်မှုနဲ့ဆိုရင် အားစိုက်မှုတစ်ဝက်ပဲထုတ်ရင်တောင် ရလဒ် ကို နှစ်ဆခံစားရလိမ့်မယ် ဒီလိုအခွင့်အရေးကောင်းကို မလွတ်စေနဲ့”

သူတို့သုံးယောက်သည် ပျော်ရွှင်ကြသည်။ သို့သော် တစ်နေ့တွင် ဝိညာဉ်စု တည်ဆောက်မှုကို သုံးရလိမ့်မည်ဟု ထင်မထားပေ။

“ကျွန်တော်တို့ ကြိုးစားပြီးကျင့်ကြံပါ့မယ် နယ်စားရဲ့မျှော်လင့်ချက်ကို စိတ်မပျက်စေရပါဘူး” သူတို့သုံးယောက်သည် သံပြိုင်ပြောပကြလေသည်။

မုရုန်ဟွေ့သည် သူတို့သုံးယောက်၏ သဘောထားကို ကျေနပ်နေသည်။

“နယ်စား ကျွန်တော် မေးစရာရှိတယ် ဘာလို့ဝိညာဉ်စုတည်ဆောက်မှုကို ဘာလို့ ဒီမှာလုပ်တာလဲ” ဂူဇီပင်း မေးလေသည်။

“လူတွေရဲ့ အကြည့်နဲ့ နားစွင့်မှုတွေကို ရှောင်ဖို့ပဲ” မုရုန်ဟွေ့ ပြောလိုက် သည် “ဒီနေရာမှာနေတဲ့သူတွေကို တိတ်တဆိတ် ပြန်လွှတ်လိုက်တယ် ဒါပေမဲ့ တခြားသူတွေမသိကြဘူး… မင်းတို့ ဒီမှာနေတာကို သူများတွေ မသိနိုင်ဘူး”

ထိုသို့ဆိုရာ သူတို့ အထင်လွဲမိသည်ထင်သည်။

သူတို့သုံးယောက်သည် နားရွက်များကိုကုတ်ပြီး ရှီမာယူယူအား အားတုံ့ အားနာဖြင့် အရိုအသေပြုသည် “သခင်မလေး တောင်းပန်ပါတယ် ကျွန်တော် တို့ အစောက နားလည်မှုလွဲသွားတယ် ကျွန်တော်တို့ သခင်မလေးကို ရိုင်းမိ သွားတယ် ကျွန်တော်တို့ကို အပြစ်ပေးပါ”

“နောက်တစ်ခါဆိုရင် လူတစ်ယောက်ကို ရှင်းပြဖို့အခွင့်အရေးပေးဖို့ မှတ်ထားပါ” ရှီမာယူယူသည် သဘောထားကြီးစွာဖြင့် ရသည်ဟု မပြောပေ။ သို့သော် သူတို့သုံးယောက်၏ အပြုအမူမှာ သူတို့အမှားသူတို့သိနေသည့်ပုံပင်။

“ရှီအာ စီမံပြီးပြီလား” မုရုန်ဟွေ့ မေးလိုက်သည်။

“တည်ဆောက်မှုနှစ်ခုပြီးပြီ ပြီးတော့ တစ်ခုက ပြီးဖို့ နည်းနည်းလိုသေး တယ်” ရှီမာယူယူ ပြောလိုက်သည် “နောက်ဆုံးအချက်ပဲကျန်တော့တာ သူတို့ ဝင်လာလို့လေ”

ဂူဇီပင်းနှင့် တခြားသူများသည် ထိုအခါမှပင် သူမလက်ထဲတွင် တည် ဆောက်မှုကျောက်တုံး နှစ်ခုကျန်နေသေးသည်ကို မြင်လိုက်ရသည်။ အစောက သူတို့သည် အလွန်ဒေါသထွက်နေရာ ထိုအရာကိုပင် သတိမထားမိပေ။

“နယ်စား ဒီတည်ဆောက်မှုကို သခင်မလေးစီမံတာလား”

“ဟုတ်တယ် မဟုတ်ရင် သူမက ဘာလို့ဒီကိုရောက်နေမှာလဲ” မုရုန်ဟွေ့ ပြောလိုက်သည်။

“သခင်မလေး…က တည်ဆောက်မှုသခင်လား” အရင်က မကြားဖူးပါ ဘူး။

“တချို့ကိစ္စတွေရှိသေးတယ် သတင်းတွေကို အရမ်းနားမယောင်နဲ့ပေါ့” ရှီမာယူယူသည် အာဏာဖြင့် အကြံပေးလိုက်သည်။ မုရုန်ရှီနှင့် သူမတို့သည် တစ်ခါမှ စကားမပြောဖူးသော်လည်း သူမသည် မုရုန်ဟွေ့၏ အချစ်တော် သမီး ဖြစ်ဆဲဖြစ်ကာ မုရုန်ရှီသည် သူမ၏ ညီမဖြစ်နေတုန်းပင် “အဖေ သမီး ကျန်တာ ကိုလုပ်လိုက်ဦးမယ်”

“သွားပါ” မုရုန်ဟွေ့သည် အပြုံးဖြင့် ပြောလေသည်။

သူမသည် ကိစ္စတစ်ခုကိုလုပ်လျှင် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည်ကို သူ သိခဲ့သည်။

ဂူဇီပင်းနှင့် တခြားသူများသည် ဤကဲ့သို့အပြုအမူဖြင့် အကြံပေးခံလိုက်ရ ရာ အနည်းငယ်နေရခက်သွားသည်။ သူတို့သည် မုရုန်ရှီနှင့် တစ်ခါမှ မဆက်သွယ်ဖူးသော်လည်း သတင်းများကြားဖူးသည်။

သူမက တည်ဆောက်မှုသခင်လား။ ပြီးတော့ ပျောက်နေတာ ကြာတဲ့ တည်ဆောက်မှုကို ဘယ်လိုစီမံနိုင်တာလဲ။ ဒါက မဖြစ်နိုင်လွန်းတာ မဟုတ်ဘူး လား။

သို့သော် ရှီမာယူယူ တည်ဆောက်မှုကို စေ့စေ့စပ်စပ် စီမံနေသည်ကို ကြည့်ပြီး သူမ ပြောလိုက်သောစကားမှာ မှန်ကန်ကြောင်း သူတို့သုံးယောက် ခံစားလိုက်ရသည်။ သူတို့သိခဲ့သမျှမှာ ကောလာဟလသာဖြစ်သည့်ပုံပင်။

ရှီမာယူယူသည် တည်ဆောက်မှုများကို စီမံရာ စွမ်းအားများ ကုန်ခမ်းသွား သလိုပင်။ မကြာမီတွင် သူမ၏ မျက်နှာသေးသေးလေးမှာ အလွန်ဖြူဖျော့လာ ပြီးနောက် အသားအရေမှာလည်း ဆိုးလာသည်။ ထိုအရာကို ကြည့်ရသည်မှာ မုရုန်ဟွေ့ စိတ်ပူလာသည်။

“အဖေ ဟိုဘက်မှာ ဝိညာဉ်စွမ်းအင်တချို့ထည့်ပေးပါ” ရှီမာယူယူသည် နေရာတစ်ခုကိုညွှန်ပြပြီး ပြောလိုက်သည်။

သူမ၏ လက်ရှိအားမှာ အလွန်နည်းနေပြီး ထိုသနားစရာကောင်းလှသော ဝိညာဉ်စွမ်းအားသည် ထိုမျှကြီးမားသော တည်ဆောက်မှုကို အသက်သွင်းရန် မတတ်နိုင်ပေ။

မုရုန်ဟွေ့သည် ရှီမာယူယူ ညွှန်ပြသည့်နေရာသို့လာပြီး ဝိညာဉ်စွမ်းအင် ထည့်လိုက်ကာ တည်ဆောက်မှုကို အသက်သွင်းလိုက်သည်။ တည်ဆောက်မှု သည် ချက်ချင်းပင် နေရာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ထို့နောက် ရှီမာယူယူသည် ကျန်တည်ဆောက်မှုနှစ်ခုကိုလည်း အသက် သွင်းခိုင်းလိုက်သည်။

“ဒီအိမ်ထဲမှာ အခန်းသုံးခန်းရှိတယ် တစ်ခန်းကိုတစ်ယောက်နေပါ” ရှီမာယူယူ ပြောလိုက်သည် “နောက်ပိုင်း ကျွန်မစွမ်းအား တိုးလာရင် ရှင်တို့ တည်ဆောက်မှုကို အဆင့်မြှင့်ပေးမယ်”

“ကျေးဇူးတင်ပါတယ် သခင်မလေး” ရှီမာယူယူသည် သူတို့ကို ရှက်မနေ တော့ပေ။

မုရုန်ဟွေ့သည် သူမတွင် စွမ်းအားမရှိတော့သည်ကို မြင်သောအခါ ပြောလိုက်သည် “အရင်ဆုံး ဆေးသောက်လိုက်ဦး ပြီးရင် သွားနားလိုက်ဦး ဒီ တည်ဆောက်မှဒကိုတော့ ၁၀ ရက်လောက်ကြာပြီးမှ ထပ်စမ်းကြည့်ပေါ့”

ရှီမာယူယူသည် ဆေးစားပြီးနောက် အနည်းငယ် စိတ်အားလျော့စွာ ပြောလေသည် “ဒါကလည်း အခုအားကအရမ်းနည်းနေလို့ပါ အားသာများလာ ရင် ဒီတည်ဆောက်မှုလောက်ကို တစ်နာရီ နှစ်နာရီနဲ့ပြီးတယ်”

အရင်က စွမ်းအားရှိခဲ့တဲ့နေ့တွေကို လွမ်းလိုက်တာ။

***

All Chapters