အမည်းလေး၏ကစားစရာ
Vol. 127 Ch. 1777
ရှီမာယူယူသည် သူမ၏ ခြံဝန်းဆီသို့ပြန်လာသည်။ သူမ၏ လက်ရှိ အခြေအနေတွင် ဤကဲ့သို့တည်ဆောက်မှုကြီးကို စီမံရသည်မှာ ခက်ခဲလွန်း သည်။
ကံကောင်းစွာပင် သူမ၏ စိတ်စွမ်းအားခမ်းသွားရုံသာဖြစ်သဖြင့် နားလိုက် သည်နှင့် ပြန်ကောင်းလာသည်။
“အရင်ကျင့်စဉ်နည်းလမ်းတွေက အသုံးဝင်မလား မဝင်ဘူးလား မသိဘူး” သူမသည် သူမဘာသာရေရွတ်လိုက်သည် “ကံကောင်းလို့ ငါ့စိတ်စွမ်းအားက တခြားလူတွေထက် သန်မာနေလို့ မဟုတ်ရင် ငါ တကယ် အသက်မရှင်နိုင်ဘူး ငါ စွမ်းအားခမ်းပြီး ပြန်ကောင်းလာတိုင်း ငါ့ရဲ့စိတ်စွမ်းအားက ပိုတိုးလာတယ် အခုလောက်ဆို သုံးလို့ရနိုင်ပြီလားမသိဘူး”
“ဟေး ငါ့အားတွေ ပြန်ရလာဖို့ သတ္တုကြောကို ဘယ်တော့ရှာမှာလဲ” မီအာ ထွက်လာပြီး သူမ၏အိပ်ရာရှေ့တွင်ရပ်ပြီး လက်ပိုက်ကာ သူမကို မကျေမနပ်ဖြင့် ကြည့်လေသည်။
“ငါ့အားက နည်းနေသေးတယ် ငါက အခုမှအဆင့်ထဲဝင်ခါစရှိသေးတယ် ဘာမှလည်းမလုပ်နိုင်သေးဘူး” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ အဲဒီ သတ္တုကြောက လမ်းဘေးမှာပေါက်တဲ့ တရုတ်ဂေါ်ဖီထုပ်မဟုတ်ဘူး လိုချင် တိုင်း ရိုးရိုးရှင်းရှင်းရနိုင်တာမဟုတ်ဘူး… ဖွံ့ဖြိုးပြီးသား သတ္တုကြောတွေ အကုန်လုံးကို ဖော်ထုတ်လိုက်တာက အသုံးမဝင်ဘူး”
“အဲဒါကိုငါသိပါတယ် ငါက ငတုံးမဟုတ်ဘူး” မီအာသည် သူမကို စိုက် ကြည့်သည်။
“မင်းက ငတုံးမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “မင်း အရင်က ဒီအကြောင်းကို မတွေးမိပါဘူး အခုမှ ရုတ်တရက်ကြီး ဘာလို့ပြောတာလဲ”
“ဟင်း” မီအာသည် အေးစက်စွာနှာမှုတ်လိုက်ကာ လှည့်သွားပြီး သူမကို လျစ်လျူရှုလေသည်။
ဒီကောင်မလေးက သူ့အားတိုးလာဖို့ ကူညီဖို့ကို တစ်ခါမှကိုမတွေးတာ။
ရှီမာယူယူသည် သူ့ကို ထိုပုံစံအတိုင်းမြင်သောအခါ ရုတ်တရက်ထပြီး သူ့ကို ပြုံးနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည် “မဖွံ့ဖြိုးသေးတဲ့ သတ္တု ကြောတွေ ဘယ်မှာရှိလဲဆိုတာ မင်းသိလား”
“ဟင်း မင်းက နည်းနည်းတော့ ပါးနပ်သေးသားပဲ” မီအာသည် ပျော်ရွှင် သွားကာ သူမကို လှည့်ကြည့်လေသည်။
“ဒါဆိုရင် ဘယ်မှာလဲဆိုတာ သိလား သတင်းရှိတယ်ဆို အခုပဲသွားရ အောင်လေ” ရှီမာယူယူ ပျော်သွားသည်။ မီအာသာ သူ၏စွမ်းအားပြန်ရမည်ဆို လျှင် သူမ တစ္ဆေလောကတွင် မည်သူကိုကြောက်ရတော့မည်နည်း။
“မသိဘူး” သူမ၏ စိတ်ပျက်လက်ပျက်မျက်လုံးများကို မြင်ပြီးနောက် သူ ထပ်ပေါင်းပြောလိုက်သည် “ဒါပေမဲ့ ငါ ခံစားလို့ရနေတယ်”
“မင်း ဂူလန်တောင်မှာတုန်းက မခံစားမိဘူး ဒါပေမဲ့ အခုအာရုံခံကြည့်လို့ ရနေတာဆိုတော့ ဒီနားမှာပဲရှိတာလား”
“သိပ်မဝေးဘူး” မီအာ ပြောလိုက်သည် “ဒါပေမဲ့ အဲဒီနေရာကို လူတွေ အများကြီးသွားနေတယ်လို့ ခံစားမိတယ် မင်းအဖေလည်း ပါတယ်ထင်တယ်”
“အဖေက အခုတလော အဲဒါနဲ့အလုပ်များနေတာလား” ရှီမာယူယူသည် လက်တစ်ဖက်ဖြင့် မေးထောက်လိုက်သည် “တကယ်ပဲ သတ္တုကြောဆိုရင် သူ အလောတကြီးပြန်လာရကျိုးနပ်တာပေါ့”
“အရင်ဆုံး မင်းအဖေကို သတ္တုကြောရှာဖို့ကူညီပေးရမယ် ပြီးရင် အကြောင်းအရင်းရှာပြီး ဝင်သွားရမယ်” မီအာ ပြောလေသည် “တကယ်တော့ ငါ့ အလိုအတိုင်းသာဆိုရင် အကောင်းဆုံးက အဲဒီကိုတိုက်ရိုက်သွားပြီး အကုန် လုံး ဝါးမျိုလိုက်တာပဲ ဘယ်လောက်တောင် ကောင်းလိုက်မလဲ”
“အဲလိုဆိုရင် မင်းကို အကုန်သိသွားကြမှာပေါ့” ရှီမာယူယူ သက်ပြင်းချ သည်။
“ငါ့ အားသာပြန်ရရင် မင်းအမေကို ငါသွားကယ်မယ်လေ ဘယ်လိုလဲ အဲဒါဆိုရင် မင်း အဲကိစ္စကို တစ်ချိန်လုံး စိတ်ပူစရာမလိုတော့ဘူး”
“ငါ့အမေ ဘယ်မှာအချုပ်ခံထားရလဲ ငါတို့မသိသေးဘူးလေ အဲဒါကြောင့် ငါတို့တစ္ဆေဘုရင်ကို သွားရှာရမယ် ဒါပေမဲ့ အချိန်မတန်သေးဘူး” ရှီမာယူယူ ပြန်ချေပသည် “ပြီးတော့ ငါတစ်ယောက်တည်းကပဲ အမေ့ကိုကယ်နိုင်မယ်လို့ သခင်ကြီးရင်လင်းပြောခဲ့တာ”
“အိုး အဲလိုဆိုရင်တော့ ခက်တာပဲ” မီအာသည် သူမကို ဆွံ့အစွာ ကြည့် လိုက်သည် “ဘယ်လိုပဲဖြစ်ဖြစ် ငါ့အားကို အရင်ပြန်ကောင်းအောင်လုပ်ရမယ်”
“ဟုတ်ပါပြီ” ရှီမာယူယူသည် မျက်လုံးမှိတ်လိုက်သည် “ငါ နိုးလာတာနဲ့ ဒီအကြောင်းကို အဖေ့ကို ပြောလိုက်မယ်…”
သူမ စကားမဆုံးခင်မှာပင် အိပ်ပျော်သွားလေသည်။
မီအာသည် မျက်လုံးကိုလှိမ့်လိုက်သည်။ သူ ပြန်သွားမည်အပြုတွင် အမည်းလေးသည် တံခါးတွန်းဖွင့်လာပြီး ပါးစပ်တွင် အရိုးပုလွေကိုက်ပြီး တံခါး ဝတွင် သူ၏ ခန္ဓာကိုယ်သေးသေးလေး ပေါ်လာသည်။
“အမည်းလေး မင်း ဒီပစ္စည်းနဲ့ထပ်ဆော့ပြန်ပြီလား အဲဒါပျောက်သွားရင် ယူယူက မင်းကိုခရမ်းလေးနဲ့ မိုးကြိုးပစ်ခိုင်းလိမ့်မယ်” မီအာ ခြိမ်းခြောက်လေ သည်။
အမည်းလေးသည် အရိုးခေါင်းပုလွေကို မြေပေါ်သို့ ချလိုက်သည်။ မီအာ နှစ်ကြိမ်မျှခေါ်လိုက်သောအခါ ပုလွေကိုကောက်ပြီးနောက် အပြင်ထွက်ပြီး သွားကစားလေသည်။
သူ ကစားနေရာမှ ပင်ပန်းလာသေသာအခါ ပုလွေကို ဗိုက်ထဲထည့်လိုက် ရာ ပုလွေမှာ ပျောက်သွားလေသည်။
သူသည် ကျေနပ်အားရစွာဖြင့် ဗိုက်ကိုပုတ်လိုက်သည်။ သူ၏ အရုပ်များ အားလုံးသည် အထဲတွင်ရှိနေသည်။
သူ ထိုသို့ထည့်ထားသောကြောင့်သာမဟုတ်လျှင် ယူယူ၏ ပစ္စည်းများ သည် ချိပ်ပိတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် သူမသည် သူ့ကိုအပြစ်မတင်ပေ။
မီအာသည် ခေါင်းမော့လာသည် “ငါက မင်းနဲ့ ဘာလို့သခင်တစ်ယောက် တည်း မျှသုံးနေရတာလဲ တကယ်ပဲ ဝမ်းနည်းဖို့ကောင်းလိုက်တာ”
အမည်းလေးသည် ရှီမာယူယူ၏ အိပ်ရာပေါ်သို့ ခုန်တက်ပြီး သူ့ကို ဖင်ပေး ကာ နေရာရှာပြီးသည်နှင့် ဝမ်းဗိုက်ပေါ်မှောက်ပြီးအိပ်လေသည်။
မီအာ သက်ပြင်းချလိုက်ပြီးနောက် ရှီမာယူယူ၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင် လိုက်သည်။
ရှီမာယူယူသည် နှစ်ရက်ကြာအောင် အိပ်သည်။ ထင်စန်းနှင့် ထင်ရွှေတို့ သည် မနှောင့်ယှက်ရဲပေ။ နှစ်ရက်အကြာတွင် သူမ နိုးလာသည်။ သို့သော် အိပ်ရေးဝ၍ကြောင့်မဟုတ်ဘဲ ဗိုက်ဆာ၍နိုးလာခြင်းဖြစ်သည်။
သူမသည် တဂွီဂွီမြည်နေသော ဝမ်းဗိုက်ကိုကိုင်ပြီး နောင်တကြီးစွာဖြင့် ပြောလိုက်သည် “ဒီလိုမှန်းသိရင် ဝအောင်စားပြီးမှ အိပ်ပါတယ်”
ဝိညာဉ်စေတီမရှိသဖြင့် အခုသူမ စားနေရသည်မှာ အရသာမရှိပေ။ အထူးသဖြင့် စားဖိုမှူးများသည် အပြင်မှစားဖိုမှူးများထက် လက်ရာကောင်း သော်လည်း သူတို့ချက်သမျှကို ခံတွင်းမတွေ့လှပေ။
သို့သော် ခံတွင်းမတွေ့လျှင်တောင် သူမ စားရသည်။
သူမသည် လှုပ်ရှားသံကြားသောအခါ အမြန်ထလိုက်သည်။
“ထင်စန်း ငါ ရေချိုးတာစောင့်ပေး ထင်ရွှေ စားဖိုဆောင်မှာ စားစရာရှိ လား သွားကြည့်ပြီး ငါ့အတွက်ယူလာခဲ့ပေး ဗိုက်ဆာလို့သေတော့မယ်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်မလေး” ပြီးနောက်တွင် ထင်ရွှေသည် အရိုအသေပေး ပြီးလှည့်ထွက်သွားလေသည်။
ထင်စန်းသည် သူမ ရေချိုးသည်ကို စောင့်ပေးကာ ထင်ရွှေသည် အစား အသောက်များ ယူပြီးပြန်လာသည်။
“အဖေရော”
“သခင်က ဒီနေ့မနက်ပဲထွက်သွားပါတယ် သူ နောက်ရက်ပိုင်းလောက် တော့ ပြန်မလာဘူးလို့ သခင်မလေးမေးရင် ဖြေဖို့ ထွက်မသွားခင် မှာသွားပါ တယ်” ထင်စန်း ပြန်ဖြေသည်။
“တခြားရော ပြောသွားသေးလား”
“မပြောပါဘူး”
ရှီမာယူယူ သိပြီဆိုသော အဓိပ္ပာယ်နှင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထိုင်ကာ စားသောက်တော့သည်။
မုရုန်ဟွေ့၏ ထွက်ခွာမှုသည် သတ္တုကြောနှင့် ပတ်သက်နေလား မသိပေ။ နယ်စားတစ်ယောက်အနေနှင့် သူသည် ကိစ္စများစွာ ကိုင်တယ်ရသည်။ သူသည် နောက်ရက်အနည်းငယ်လောက် အပြင်ထွက်သွားသဖြင့် သူမသည် အိမ်တော် တွင်သာ စောင့်ရတော့မည်။
ထင်ရွှေသည် အပြင်မှအသံကြားသည်နှင့် ခေတ္တမျှထွက်သွားပြီး ပြန်လာ ကာ ပြောလေသည် “သခင်မလေး သခင်မလေးရှောင်လာပါတယ်”
“ရော့ပိုင်လာတာလား သူမကို ဧည့်ခန်းကိုခေါ်ခဲ့” ရှီမာယူယူသည် စားနေ သည်ကို အမြန်လက်စသတ်ပြီး ရှေ့မှပစ္စည်းများကို ရှင်းလိုက်သည်။
ဤအချိန်တွင် ဗိုက်ဆာနေသဖြင့် အရသာရှိသည် မရှိသည်ကိုပင် မခွဲခြား တော့ပေ။
သူမ စားပြီးသည်နှင့် ရှောင်ရော့ပိုင်ဆီသွားလိုက်သည်။ ရှောင်ရော့ပိုင် သည် သူမ၏ ဧည့်ခန်းကိုလှည့်ပတ်ကြည့်နေရာမှ သူမဝင်လာသည်ကိုမြင်သော အခါ ပြောလေသည် “ပြောရဦးမယ် နယ်စားအိမ်တော်ကို ဝင်လာတာ ငါ့ အတွက် ပထမဆုံးအကြိမ်ပဲ”
“နောက်ဆိုရင်လည်း လာဖို့ ကြိုဆိုပါတယ်” ရှီမာယူယူ လျှောက်လာကာ သူမဘေးတွင် ဝင်ထိုင်ပြီး မေးလိုက်သည် “မင်း အလုပ်များနေတဲ့ကိစ္စတွေ အကုန် ဖြေရှင်းပြီးပြီလား”
“အင်း နောက်ဆုံးတော့ ဖြေရှင်းပြီးသွားပြီ အဲဒီကိစ္စတွေလုပ်ဖို့ကို အချိန် တော်တော်ကြာသွားတယ်” ရှောင်ရော့ပိုင် ပြောလေသည် “မင်း သုန်းချီရှောင်း နဲ့ တစ်ပွဲနွှဲသေးတယ်ဆို”
“ရက်တွေတောင် ကြာသွားပြီ” ရှီမာယူယူ မငြင်းဆန်ပေ။
“ငါ ကြားတုန်းကဆို မင်းကိုမိုက်လိုက်တာလို့ ထင်နေတာ… မင်းက ညစ်ပတ်တဲ့ စကားလုံးတွေမပါဘဲနဲ့တောင် ကျိန်ဆဲတတ်တယ် သူမတောင် မငြင်းနိုင်ဘူးဆို ‘လူတစ်ယောက်က အမြင့်ဆုံးရောက်သွားရင် သူ့ ကြက်တွေ ခွေးတွေတောင် ကောင်းကင်ထိတက်တယ်’ တကယ်ပဲ သုန်းမျိုးနွယ်ကို ဖော်ပြ နိုင်တာပဲ”
“ငါ ကျိန်ဆဲတတ်တာကို ချီးကျူးဖို့ ဒီနေ့လာတာလား”
“မဟုတ်ဘူးလေ မင်းကိုခေါ်ပြီး ဈေးဝယ်ထွက်မလို့” ရှောင်ရော့ပိုင် ပြော လိုက်သည်။
ရှီမာယူယူသည် သူမကိုကြည့်ပြီး ပြုံးကာ ပြောလိုက်သည် “ဒီတစ်ခါက ရိုးရိုးတန်းတန်း ဈေးဝယ်ထွက်မှာမဟုတ်ဘူးမလား ပြော… တခြား ရည်ရွယ် ချက်ရှိနေတာလား”
***