ပွက်လောရိုက်ခြင်း
Vol. 127 Ch. 1778
သူမ၏ ဇွဲရှိသော မျက်လုံးများကိုကြည့်ပြီး ရှောင်ရော့ပိုင်သည် ရုတ်တရက် ပြုံးပြီး ခေါင်းခါကာ ပြောလိုက်သည် “မင်းကို ဘာမှဖုံးကွယ်ထား လို့ မရဘူးပဲ”
ရှီမာယူယူ မျက်ခုံးများကို ပင့်လိုက်သည်။ အဲတော့ တကယ်ပဲ တစ်ခုခု ဖြစ်နေတာပေါ့။
“အခုတလော လျောင်ချန်မြို့အပြင်ကို လူတွေအများကြီးလာကြတာ မင်း သိလား” ရှောင်ရော့ပိုင် မေးလိုက်သည်။
“မသိဘူး ဒီလျောင်ချန်မြို့က လျောင်ပြည်နယ်ရဲ့နယ်ပဲ မြို့အပြင်ကို လာလည်တဲ့လူများတာ ပုံမှန်ပဲမဟုတ်ဘူးလား” ရှီမာယူယူသည် ပြန်ကန်ထုတ် လေသည်။
“အဲလိုဆိုရင် ငါ့အဘိုးနဲ့တခြားသူတွေ အဲလောက် ပူပန်နေမှာမဟုတ်ဘူး” ရှောင်ရော့ပိုင် သက်ပြင်းချလိုက်သည် “တကယ်တော့ သူတို့ ဒီနေ့ ငါ့ကိုဒီကို လွှတ်လိုက်တာက မင်းဘက်က သတင်းများရလားလို့လေ ဒါပေမဲ့ မင်းက အခု မှပြန်လာတော့ ဘာမှလည်းသိတဲ့ပုံမပေါ်ဘူး အဲဒါကြောင့် ဈေးဝယ်ထွက်ပြီး လမ်းပေါ်ကနေ သတင်းများရမလားလို့ ရှာချင်တာ”
“ငါတို့လည်ရင်းနဲ့ သတင်းရှာမယ်ဆိုရင် သူတို့က သိပြီးသားမဟုတ်ဘူး လား” ရှီမာယူယူ ထောက်ပြသည်။
“အမှန်ပဲ…” ရှောင်ရော့ပိုင် ပြောလေသည် “ဒါပေမဲ့ ငါ ဒီကိုရောက်နေမှ တော့ ဆင်ခြေလို့ပဲမှတ်လိုက်တော့ ဈေးဝယ်ထွက်ရအောင်”
“မင်း လျောင်ချန်မြို့နဲ့မရင်းနှီးသေးဘူးမလား မင်းကိုပတ်ခေါ်သွားမယ် မကြာခင် ရင်းနှီးလာမှာပါ” ရှောင်ရော့ပိုင် အတိအလင်းပြောလေသည်။
ရှီမာယူယူလည်း မငြင်းဆန်ပေ။ အရင်တစ်ခေါက်က သူမ နေရာအများ အပြားမသွားလိုက်ရပေ။ အခု မုရုန်ဟွေ့အိမ်တွင်မရှိသဖြင့် အပြင်ထွက်ပြီး လည်လိုက်လည်း အဆင်ပြေနိုင်သည်။
ထင်စန်းသည် သူမ အပြင်သွားမည်ဟု ကြားလိုက်သည်နှင့် မုရုန်လင်းဆီ သတင်းသွားပို့လေသည်။ သူသည် သူမ အပြင်ထွက်သည်ကို စိုးရိမ်ပူပန်ခြင်း မရှိသော်လည်း သူမ၏ လုံခြုံရေးကိုတော့ အာရုံစိုက်ထားရမည်ဖြစ်သည်။
သူတို့ ထွက်သွားမည်အပြုတွင် အမည်းလေးသည် ပြေးထွက်လာပြီး ရှီမာယူယူအား နှစ်ကြိမ်မျှဟောင်လေသည်။
“လိမ္မာတယ် အိမ်မှာနေပြီး ဆော့နေလိုက်နော်” ရှီမာယူဘူသည် ခေါင်းငုံ့ ပြီးပြောလေသည်။
“ဝူး ဝူး” အမည်းလေးသည် သူမ၏ စကတ်အနားကို ဆွဲပြီး ‘ငါ့ကို ခေါ် မသွားရင် လွှတ်မပေးဘူး’ ဟု ပြောနေသလိုပင်။
“ဒီကောင်လေးကတော့ အမြဲဒီလိုပဲ” ရှောင်ရော့ပိုင်သည် အမည်းလေး၏ မျက်နှာကိုမြင်သောအခါ ဂူလန်တောင်အတွင် အတူနေခဲ့သော ငတုံးခွေးလေး ကို လွမ်းမိသည်။
“မရဘူး” ရှီမာယူယူ ပြောလိုက်သည် “အပြင်သွားလို့ မင်း စကား နားမထောင်ရင် ဘယ်လိုလုပ်မှာလဲ”
“ဝူး ဝူး ဝူး” အဲလိုမလုပ်ပါဘူး
“တကယ်လား”
အမည်းလေးသည် အခိုင်အမာပင် ခေါင်းညိတ်လေသည်။
“ဒါဆိုလည်း ပြီးတာပဲ” ရှီမာယူယူ သဘောတူလိုက်သည်နှင့် အမည်း လေးသည် ချက်ချင်းပင် သူမ၏ စကတ်ကို လွှတ်ပေးသည်။
အမည်းလေးသည် အိမ်တော်ထဲတွင်သာ ပြေးလွှားကစားခဲ့သည်။ သူ ပထမဆုံးအကြိမ် အပြင်သွားရသည်ဖြစ်၍ မြင်သမျှမှာ သူ့အတွက် အသစ် အဆန်းဖြစ်နေသည်။ ထို့ကြောင့် ဟိုဟိုဒီဒီ သုံးလေးကြိမ်ပြေးကြည့်ပြီးနောက် လူ တစ်ယောက်လိုပြုမူနေသည်။
ရှီမာယူယူနှင့် ရှောင်ရော့ပိုင်တို့ နောက်မှလိုက်သွားပြီး ဆွံ့အစွာ ကြည့်နေ မိသည်။ သို့သော် သူသည် ပြေးလွှားနေကာ တခြားသူများကို ထိခိုက်အောင် မလုပ်သဖြင့် သူတို့သည်လည်း ဂရုမစိုက်ကြပေ။
လမ်းပေါ်မှလူများသည် အမည်းလေး ပြဿနာရှာနေသည်ကို မြင်သော အခါ အစတွင် ဒေါသထွက်ကြသည်။ သို့သော် ရှီမာယူယူ နောက်မှလိုက်လာ သည်ကို မြင်သောအခါ စကားပင်မပြောရဲကြပေ။
“ရှီအာ ဒီဝိညာဉ်အဝတ်ဆိုင်က ကောင်းလိုက်တာ ဝင်ကြည့်ရအောင်” ရှောင်ရော့ပိင်သည် သူမကို အဝတ်စများရောင်းသည့်ဆိုင်သို့ ခေါ်သွားသည်။
“အင်း” ရှီမာယူယူသည် အမည်းလေးကိုပြန်ခေါ်ကာ သူမနှင့် ဆိုင်သို့ ခေါ်သွားလိုက်သည်။
အမည်းလေးသည် အမြန်ရောက်လာပြီး ဝင်မည်အပြုတွင် ဆိုင်ပေါက်ဝ တွင်စောင့်ကြပ်နေသည့် လူများကိုမြင်သောအခါ ရပ်လိက်ကြသည်။ ရှီမာယူယူ နှင့် ရှောင်ရော့ပိုင်တို့လည်း ရပ်လိုက်သည်။
“ငါတို့မိသားစုက သခင်မလေးအထဲမှာရှိတယ် ဝင်လို့မရဘူး” တံခါးမှ လူ သည် လက်ဆန့်ထုတ်ကာ အေးစက်သော မျက်နှာပေးဖြင့် ပြောလေသည်။
“ဒီတံခါးက အကျယ်ကြီးဖွင့်ထားတာ ဘာလို့ဝင်လို့မရတာလဲ” ရှောင်ရော့ပိုင်သည် အနည်းငယ်အံ့ဩသွားကာ ဘေးတွင်ရှိသော ဝန်ထမ်းကို ကြည့်လိုက်သည်။
ရှောင်ရော့ပိုင်နှင့် ရှီမာယူယူတို့ကို သိသော ဝန်ထမ်းသည် ရှေ့သို့လာပြီး ပြုံးကာရှင်းပြလေသည် “သခင်မလေးရှောင် တကယ်တောင်းပန်ပါတယ် သုန်းမျိုးနွယ်က သခင်မလေးက ဒီနေ့ရောက်လာပြီး တစ်ဆိုင်လုံးကို ငှားထား တာပါ အဲဒါကြောင့် ဒီနေ့တခြားသူတွေအတွက် ပိတ်ပါတယ်”
“ဒီနေ့ တခြားသူတွေအတွက် ပိတ်တယ်ဟုတ်လား… ရှင်တို့ တိမ်တောက်ဆိုင်က ဒီလိုမျိုး တစ်ဆိုင်လုံးကို ဘယ်တုန်းက ငှားလို့ရသွားတာ လဲ” ရှောင်ရော့ပိုင် မေးလိုက်သည်။
“ဒါက… တစ်ဆိုင်လုံးကို ငှားထားတာတော့ မဟုတ်ဘူး ဒါပေမဲ့ သခင်လေးက သူငယ်ချင်းတွေကို ဧည့်ခံနေလို့ပါ” ဝန်ထမ်းမှ ရှင်းပြလေသည်။
“ခုနတုန်းကပဲ သုန်းမျိုးနွယ်ကသခင်မလေးက တစ်ဆိုင်လုံးကိုငှားထား တာဆို အခုကျ ရှင်တို့သခင်လေးက သူငယ်ချင်းတွေကို ဧည့်ခံတာဖြစ်သွားရော လား စကားကိုအမျိုးမျိုးပြောင်းနေတာပဲ ကျွန်မတို့က အလွယ်တကူအလိမ်ခံ မယ်လို့ထင်နေလား” ရှောင်ရော့ပိုင်သည် အေးစက်သော မျက်နှာဖြင့် ပြောလေ သည်။
“သခင်မလေးရှောင် စိတ်မဆိုးပါနဲ့ ကျွန်တော် အဲလိုဆိုလိုတာမဟုတ်ပါ ဘူး ကျွန်တော်တို့ တိမ်တောက်ဆိုင်က တကယ်ပဲ သူများကို တစ်ဆိုင်လုံး ငှား ခွင့်မပေးထားပါဘူး သခင်မလေးသုန်းက သခင်လေးနဲ့ သူငယ်ချင်းတွေမို့လို့ တစ်ဆိုင်လုံး ငှားခွင့်ပေးထားတာပါ” ဝန်ထမ်းမှ ပြုံးပြလေသည် “ဒီနေ့အတွက် ကတော့ တကယ်တောင်းပန်ပါတယ် နောက်တစ်ခါ သခင်မလေးတို့လာရင် ၂၀ ရာခိုင်နှုန်း ဈေးလျော့ပေးပါမယ်”
“သုန်းမျိုးနွယ်ကသခင်မလေး ဟုတ်လား သုန်းချီရှောင်းလား” ရှီမာယူယူ မေးလိုက်သည်။
“မဟုတ်ဘူး သုန်းချီရှောင်းက အဲလောက် နာမည်မမရှိဘူး ဖြစ်နိုင်တာက တိုက်ပွဲကြီးမှာ စေ့စပ်လိုက်တဲ့ သုန်းချီလျန်ပဲဖြစ်မယ်” ရှောင်ရော့ပိုင်သည် အေးစက်စွာ နှာမှုတ်လေသည် “ဒီလိုအသုံးမဝင်တာတွေမှာ အာရုံအစိုက်ခံရ တာကို ကြိုက်တဲ့မိန်းကလေးပေါ့”
“သုန်းချီလျန်က ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။
“သုန်းမျိုးနွယ်ရဲ့ သခင်မလေး သုန်းချီရှောင်းရဲ့ ဆွေမျိုးဖြစ်သလို သုန်းမျိုးနွယ်ရဲ့ ပါရမီရှင်လေ… သူမက ကြင်ယာတော်နဲ့ ဆက်ဆံရေးကောင်း လို့ တစ်ခါတလေ နန်းတော်မှာတောင် သွားနေရသေးတယ် ငါတို့ ပထမဆုံး ပြန်လာတော့ သူမက နန်းတော်ထဲမှာပဲရှိသေးတယ်လို့ကြားတာ ဟင်း ဒီလောက် စောစောကြီးပြန်လာမယ်လို့ ထင်မထားဘူး” ရှောင်ရော့ပိုင် နှာမှုတ် လေသည်။
“ဒါဆို ငါတို့…”
ရှီမာယူယူ စကားမဆုံးခင်မှာပင် အထဲမှ အော်သံများထွက်လာသည်။
“အာ… ဘယ်ကလာတဲ့ခွေးလဲ သတ်လိုက်”
ထို့နောက်ထွက်လာသော ပွက်လောရိုက်သံများအကြားတွင် အမည်း လေး၏ အော်သံပါ ထွက်လာသည်။
“သတ်လိုက် သတ်လိုက်”
“မင်းတို့တွေ ဘာလုပ်နေတာလဲ ငါ့အစ်မက မရဏာခွေးတွေကို အမုန်း ဆုံးပဲဆိုတာမသိဘူးလား ဘယ်ကလာတဲ့မရဏာခွေးလဲ” သုန်းချီရှောင်း၏ အသံသည် စူးရှနေသည်။
“အကြီးဆုံးသခင်မလေး ဒုသခင်မလေး ဒီကောင် ဘယ်လိုဝင်လာလဲ ကျွန်တော်တို့မသိပါဘူး နှင်ထုတ်လိုက်”
“ဘာတွေရှေ့နေလိုက်ပေးနေတာလဲ နှင်ထုတ်ဖို့ ဘယ်သူပြောလို့လဲ ဒီနေရာတင် သတ်လိုက်” မိန်းကလေးတစ်ယောက်၏ အသံထွက်လာသည်။ သုန်းချီလျန်ဖြစ်ပုံရသည်။
“ဒါက… ဟုတ်ကဲ့ပါ”
ရှီမာယူယူနှင့် ရှောင်ရော့ပိုင်တို့သည် အထဲမှအသံများကိုကြားသောအခါ မတတ်သာစွာဖြင့် မျက်လုံးလှိမ့်လိုက်ကြသည်။
“သုန်းချီလျန် ငယ်ငယ်တုန်းက ခွေးအလိုက်ခံရဖူးတော့ ကလေးကတည်း က ခွေးတွေကိုမုန်းတာ သူမ အမည်းလေးကိုမြင်သွားတော့ ငါ ကြောက်တာက …” ရှောင်ရော့ပိုင်သည် စိုးရိမ်တကြီးပြောလေသည်။
“ဝုတ် ဝုတ် ဝုတ်” အမည်းလေး၏ တက်ကြွသော ဟောင်သံသည် ပြန် ထွက်လာသည်။ ကြားရသည်မှာ ခံစားနေရသည့်အသံမဟုတ်ပေ။
“ဘာတွေ စိတ်ပူနေတာ ထိခိုက်မှာသူမဟုတ်ဘူး” ရှီမာယူယူသည် တည်တည်ငြိမ်ငြိမ်ပင်။
ရှောင်ရော့ပိုင်သည် သူမတွင် ယုံကြည်မှုရှိလွန်းသည်ဟု ပြောချင်သည်။ သို့သော် အထဲမှလှုပ်ရှားသံများကို နားထောင်လိုက်ရာ အမည်းလေးသည် အဆင်ပြေနေသေးသည့်ပုံပင်။
အမည်းလေးက သာမာန်ခွေးပဲမဟုတ်ဘူးလား။ သူက ဒီလောက် စွမ်းအားကောင်းပြီး ဒီလောက်လူတွေအများကြီးလက်ထဲက ထွက်ပြေးနိုင်တာ လား။
“ဘုန်း ဘုန်း”
“အား”
အထဲတွင် ပွက်လောကရိုက်သံများကြောင့် အပြင်မှစောင့်နေသော လူများသည် စိုးရိမ်သွားကာ ကူညီရန်ပြေးဝင်သွားသည်။
“အခု ငါတို့ကိုတားမယ့်သူမရှိတော့ဘူး အထဲဝင်ပြီးကြည့်ရအောင်” ရှီမာယူယူသည် ပြောပြီးဝင်လိုက်သည်။
“ဒါဘယ်လိုခွေးမျိုးလဲ ဘာလို့ ဒီလောက်မြန်နေတာလဲ”
သူ ဖမ်းမည့်အချိန်တိုင်းတွင် ချော်ထွက်သွားသည်။ ဒီလောက်အရှိန်က ခွေးဆိုတာရော သေချာရဲ့လား။
“မင်းတို့တွေက အသုံးမကျတဲ့ကောင်တွေလား လူအများကြီးက ဒီလို ခွေးတစ်ကောင်ကိုတောင် မဖမ်းနိုင်ဘူးလား ငါတို့သုန်းမျိုးနွယ်က ဘယ်တုန်း က ဒီလိုအမှိုက်တွေကို မွေးမိထားတာလဲ”
ရှီမာယူယူ အထဲဝင်သွားရာ သုန်းချီရှောင်ဘေးတွင် သူမနှင့် ရုပ်တူသော မိန်းကလေးတစ်ယောက်နှင့် ရုပ်ရည်သန့်ပြန့်သော အမျိုးသားတစ်ယောက်တို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ဆိုင်ထဲတွင်တော့ လူတစ်စုသည် တွားသွား ကာ အမည်းလေးကို နေရာတိုင်းတွင် လိုက်နေကြသည်…
***