← Chapters

အဲဒါအကုန် မင်းအမှားပဲ ငါ့ကိုအပြစ်မတင်နဲ့

Vol. 128 Ch. 1779

အဲဒါအကုန် မင်းအမှားပဲ ငါ့ကိုအပြစ်မတင်နဲ့

Vol. 128 Ch. 1779

ရှောင်ရော့ပိုင်သည် ထိုနေရာရှိပွဲကို ပျော်ရွှင်စွာ ကြည့်နေသည်။ အထူး သဖြင့် သုန်းမျိုးနွယ်၏ အစောင့်များသည် နေရာတိုင်းတွင်ရှိကာ သုန်းချီလျန်၏ ထိတ်လန့်နေသော အကြည့်ကိုကြည့်ရသည်မှာ မတ်မတ်မရပ်နိုင်လောက် အောင် ရယ်မိသည်။

ယွမ်ယွမ်သည် ရှီမာယူယူကိုမြင်သောအခါ မျက်မှောင်ကြုတ်မိသည်။ သူ၏ မျက်လုံးထဲမှ ရွံရှာမှုကို ဖုံးကွယ်မရပေ။

သုန်းချီရှောင်းသည် ရှီမာယူယူနှင့် ရှောင်ရော့ပိုင်ကို မြင်သောအခါ အော် လေသည် “မုရုန်ရှီ နင် ဒီကိုဘာလာလုပ်တာလဲ”

ရှီမာယူယူသည် ဤကဲ့သို့ငတုံးမျိုးကို အာရုံမစိုက်ချင်ပေ။ အမည်းလေး ကစားပြီးတော့မည်ကို ကြည့်ပြီး သူမ ခေါ်လိုက်သည် “အမည်းလေး ပြန်လာ”

အမည်းလေးသည် နောက်မှလိုက်သော လူများနှင့် တူတူပုန်းတန်းကစား နေသည်။ ရှီမာယူယူ၏ ခေါ်သံကိုကြားပြီးနောက် သူသည် အလင်း၏အရှိန်နှုန်း နှင့် ပြေးလာပြီး သူမရင်ခွင်ထဲသို့ ခုန်တက်လိုက်သည်။

“နာသွားသေးလား” ရှီမာယူယူသည် သူတို့ကိုလျစ်လျူရှုပြီး အမည်းလေး ၏ ခန္ဓာကိုယ်ကို ဒဏ်ရာရှိလိုရှိငြား စစ်ဆေးလေသည်။

“ဒီမရဏာခွေးက မင်းဟာလား” ရှီမာယူယူ၏ တုံ့ပြန်မှုကိုကြည့်ပြီး သုန်းချီရှောင်းသည် သူမကိုကြည့်ပြီး မေးလေသည်။

“ဟုတ်တယ် မင်းတို့လူတွေ အများကြီးက ငါ့ခွေးလေးကို သတ်ဖို့ကြိုးစား နေတာ ဒီကိစ္စကို ငါ့အဖေ့ကိုပြန်ပြောမယ်… ဒီခွေးလေးက ရှားပါးမျိုးစိတ်ဖြစ် လို့ တော်တော်ရှာလိုက်ရတာ… အခုတော့ အသတ်ခံရလုနီးပါးဖြစ်သွားမယ် မင်းတို့ သုန်းမျိုးနွယ်က ဒီအတွက် ဘယ်လိုတာဝန်ယူမလဲမသိဘူး” ရှီမာယူယူ သည် အေးစက်စွာ သက်ပြင်းချလေသည်။

“မင်းက ငါတို့ကို တာဝန်ယူစေချင်သေးတယ် ဟုတ်လား မင်းကြောင့် ငါ့ အစ်မ ဒီလောက်လန့်သွားတာ မင်းခွေးကို ထိုးမပေးတဲ့အပြင် ယုံကြည်မှု လွန်ကဲနေတဲ့ စကားတွေကိုတောင် လာပြောရဲသေးတယ် ဟုတ်လား ငါ ဒီလို အရှက်မရှိတဲ့လူကို မြင်တောင်မမြင်ဖူးဘူး”

“မင်းက ငါ့ခွေးကိုသတ်ချင်နေတာလေ အဲအတွက် တာဝန်မယူသင့်ဘူး လား” ရှီမာယူယူသည် ချက်ချင်းပင် ခွန်းတုံ့ပြန်သည်။

“ငါတို့ကို ပြန်အကြောင်းပြချင်နေတာလား မင်းရဲ့မရဏာခွေးက ရုတ်တရက် ပေါ်လာပြီး ငါ့အစ်မကိုလန့်အောင်လုပ်တာလေ ငါတို့ သတ်ချင်တာ မဆန်းပါဘူး” သုန်းချီရှောင်း ပြန်ချေပသည်။

“ငါ့ခွေးလေး ပေါ်လာပြီး မင်းအစ်မကိုလန့်အောင်လုပ်လို့ မင်းတို့ သတ် ချင်တာ… ဒါဆိုရင် မင်းရုပ်က ငါ့ကိုလန့်စေတယ် ငါ မင်းကိုသတ်လို့ရလား” ရှီမာယူယူ ပြန်ပြောလေသည်။

“အဲဒါနဲ့တူမလား” သုန်းချီရှောင်း အော်လိုက်သည် “မရဏာခွေးရဲ့အဆင့် နဲ့ ငါ့အဆင့်ကို ဘယ်ကိုလာပြီးယှဉ်ရဲတာလဲ”

“အိုး” ရှီမာယူယူ ရုတ်တရက် သိသွားလေသည် “မင်းပြောတာမှန်တယ် ယှဉ်လို့မရပါဘူး မင်းက ငါ့ခွေးလေးထက်တောင် ပိုဆိုးသေးတယ် သူနဲ့ယှဉ် မယ်ဆိုရင် သူ့အဆင့်တောင်နိမ့်သွားတာမဟုတ်ဘူးလား”

“ဟား…” ရှောင်ရော့ပိုင်သည် ရယ်ကွဲလေသည်။ ဒေါသထွက်နေသော သုန်းချီရှောင်ကို မြင်သောအခါ သူမသည် လက်ကိုယမ်းကာ အားတုံ့အားနာဖြင့် ပြောလေသည် “တောင်းပန်ပါတယ် ငါမအောင့်နိုင်တော့လို့”

သူမ ရှင်းမပြလျှင်တော်သေးသည်။ သို့သော် သူမ ရှင်းပြလိုက်သည်နှင့် သုန်းချီရှောင်းသည် ပို၍ပင် ဒေါသထွက်လာသည်။

“မုရုန်ရှီ မင်းကို ဒီလိုမျိုး နှစ်နည်းနည်းလောက် မတွေ့လိုက်ရတာနဲ့ လျှာစောင်းတွေ ထက်လာမယ်လို့ ထင်မထားဘူး” သုန်းချီလျန်သည် ရှီမာယူယူ လုံးဝ ပြောင်းလဲသွားသည်ကို မြင်ရသည်။ သူမသည် သုန်းချီကို မဆူမငေါက်ဘဲ ပြောလိုက်သည်။

“ရှင်က ဘယ်သူလဲ တောင်းပန်ပါတယ် ကျွန်မက တော်တော်များများကို မသိလို့” ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ သို့သော် သုန်းချီလျန်ကို သူမ မျက်လုံးထဲတွင် မထည့်ပေ။

“မုရုန်ရှီ မင်းအတိတ်မေ့နေတာ ငါ သိတယ် ဒါပေမဲ့ ဟန်ဆောင်နေဖို့ မလို ပါဘူး ဒီနေ့ကိစ္စက မင်းရဲ့မရဏာသားရဲကြောင့် ဖြစ်တာလေ ဒီနေ့ မင်း ငါတို့ကို ရှင်းပြချက် တစ်ခုတော့ပေးရမယ်” သုန်းချီလျန် ပြောလေသည် “မဟတု်ရင် ငါတို့ နယ်စားဆီသွားပြီး တာဝန်ယူခိုင်းမယ်”

“ရတယ်လေ သွားပါ မင်းတို့က ငါ့ခွေးကို ရှေ့နောက်မစဉ်းစားဘဲ သတ်ချင်နေတာ ငါ့အဖေဘယ်လိုပြောမလဲကြည့်ကြတာပေါ့” ရှီမာယူယူသည် စိုးရိမ်ခြင်းအလျင်းမရှိဘဲ အမည်းလေးကို ညင်သာစွာချလိုက်သည် “ဒီကိစ္စကို နယ်စားရှေ့ထိယူသွားရင်တောင် မင်းတို့ပဲရှုံးမှာပဲ”

“ဘယ်မှာ ရှေ့နောက်မစဉ်းစားလို့လဲ မင်းရဲ့ခွေးက ငါ့အစ်မကို လန့်အောင်လုပ်တာ ထင်ရှားနေတာပဲ” သုန်းချီရှောင်း အော်လိုက်သည်။

“ဒါပေမဲ့ ငါ့ခွေးလေးက သူမကိုမှ မတိုက်ခိုက်တာ ဒီအတိုင်း ဆိုင်ထဲမှာ ပတ်သွားတာပဲရှိတာ မင်းအစ်မရဲ့ အင်္ကျီအစွန်းကိုတောင် မထိဘူးမလား ဒါက ကြောက်ဖို့ကောင်းနေတယ်ဆိုရင် အကြောင်းအရင်းကို မင်းအစ်မဆီကပဲ တောင်းရလိမ့်မယ် ဒါကသူမဘာသာ ကြောက်တာပဲမဟုတ်ဘူးလား အဲဒီတော့ အကြောင်းအရင်းက မင်းဘာသာဖြစ်နေတာ” ရှီမာယူယူသည် တည်ငြိမ်စွာပင် ပြန်ချေပလေသည်။

“ငါတို့က တစ်နေရာလုံးကို ငှားပြီးသွားပြီ အဲဒီတော့ ဘယ်သူမှ ဝင်လာလို့ မရဘူး ခွေးက ရုတ်တရက်ပေါ်လာတာကြောင့်သာမဟုတ်ရင် ဘာဖြစ်ဦးမှာလဲ”

“ဒါဆိုရင် ဒီကိစ္စအတွက် ငါ့ကိုလာအပြစ်မတင်နဲ့လေ” ရှီမာယူယူသည် အပြစ်ကင်းစွာပြောလေသည် “ဒီနေရာကို လူတွေဝင်လာလို့မရဘူးလို့ မင်းပဲ ပြောတာနော် ဒီနေ့ဖြစ်တဲ့ကိစ္စက လူတွေပဲဝင်လို့မရတာ သားရဲတွေဝင်လို့ မရဘူးလို့ မပြောဘူးလေ အဲလိုဆိုရင် ခွေးလေးလည်း ဝင်လာလို့ရတာပဲ”

“ဟား အဟွတ်” ရှောင်ရော့ပိုင်သည် မရယ်မိအောင် အောင့်ထား သော်လည်း သူမ၏ ခန္ဓာကိုယ်သည် စိတ်ကိုသစ္စာဖောက်လေသည်။

ရှီမာယူယူသည် သူမကို ကြည့်ပြီး ဆက်ပြောလေသည် “မင်းတို့သာ ငါနဲ့ ရော့ပိုင်ကို အပြင်မှာမတားဘူးဆိုရင် ငါ့ခွေးလေးကိုပိုက်ပြီး ဒီမှာပေါ်မလာ သလို မင်းအစ်မကိုလည်း ကြောက်အောင်လုပ်မိမှာမဟုတ်ဘူး အဲဒီတော့ မင်း အပြစ်တင်ချင်တယ်ဆိုရင် တံခါးပေါက်က အစောင့်တွေကိုပဲ အပြစ်တင်လို့ရ မယ် ဟုတ်တယ်မလား”

“မင်း ထောင်လွှားလှချည်လား” သုန်းချီရှောင်းသည် မည်သို့ တုံ့ပြန်ရ တော့မည်ကို မသိသဖြင့် ခြေဆောင့်ကာ ဒေါသတကြီးအော်လေသည်။

“ငါက ဘယ်မှာ ထောင်လွှားလို့လဲ ငါပြောတာ အဓိပ္ပာယ်ရှိနေတာပဲ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “မင်းတို့သာ ငါ့ကိုမတားရင် ငါ့ ခွေးလေးက ပြေးလာပါ့မလား… မင်းအစ်မသာ အကြောက်မလွန်ရင် ငါ့ ခွေးလေးကလည်း သူမကိုတိုက်ခိုက်မှာမဟုတ်ဘူး သူမက သူမဘာသာ ကြောက်နေတာမဟုတ်ဘူးလား… သူ့ကိုသတ်ချင်မှတော့ သူလည်း ပြေးမှာပဲ လေအဲဒါကို အပြစ်တင်စရာလား”

“သေချာတာပေါ့ အဲဒါက…”

“ဟုတ်တယ် ဒါက သာမာန်ခွေးပဲ ပိုင်ရှင်က သာမာန်လူသာဆိုရင် မင်းတို့ သုန်းမျိုးနွယ်ရဲ့ အင်အားနဲ့ရင်ဆိုင်ရရင် ဒါအပြစ်ကြီးပဲ ဒါပေမဲ့ လက်တွေ့ကျ တော့ ကံမကောင်းစွာနဲ့ပဲ ဒီခွေးရဲ့ပိုင်ရှင်က ငါဖြစ်နေတယ်” ရှီမာယူယူ ပြော လေသည် “ဘာလုပ်ကြမလဲ မင်းတို့က ငါ့ကိုသတ်ချင်တယ် ဒါပေမဲ့ သတ်လည်း မသတ်ရဲကြဘူး ပြီးတော့ ဒီလိုနေ့ခင်းကြောင်တောင်ကြီး လူတွေရဲ့အကြည့် တွေလည်းရှိသေးတယ် ငါတို့နယ်စားအိမ်တော်က ရန်စဖို့အဲလောက်မလွယ်ဘူး”

“ငါတို့ ဒီနေ့ မင်းကိုဘာမှမလုပ်နိုင်ဘူးဆိုပြီး အရမ်းကို ယုံကြည်မှုတွေ ရှိနေတာပါလား” သုန်းချီလျန် ပြောလိုက်သည် “ဒီနေ့ မင်းငါနဲ့တွေ့တာတော့ နှမြောစရာပဲ သွား…. အဲဒီမျိုးမစစ်မကို သတ်လိုက်”

သုန်းချီလျန်သည် သူမ၏ ကိုယ်ရံတော်များကို အမိန့်ပေးလိုက်သည်နှင့် ကိုယ်ရံတော်များသည် အသင့်အနေအထားဖြင့် လှုပ်ရှားရန်ပြင်ဆင်လေသည်။

“ဟင်း မင်းကိုပြောပြလိုက်မယ် ငါ့အစ်မက မင်းသားချီးကျူးတာကိုခံရပြီး ပြည်နယ်ပြိုင်ပွဲကို တိုက်ရိုက်တက်သွားရတဲ့လူပဲ မင်း.. နယ်စားသမီးလောက် က ငါ့အစ်မကိုယှဉ်နိုင်မှာလား သွား အဲဒီမျိုးမစစ်မကိုသတ်လိုက် သူမ မခံနိုင် ရင်လည်း ဒီအတိုင်းတိုက်ရိုက်သာ သတ်ပစ်လိုက်”

အမိန့်ရသည်နှင့် ကိုယ်ရံတော်များ၏ မျက်လုံးများသည် ရှီမာယူယူအား လူသတ်တော့မည့်အကြည့်များဖြင့် ကြည့်လေသည်။

ရှီမာယူယူသည် အမည်းလေးကို ထိကိုင်လိုက်ကာ ပြောလေသည် “အိုး နယ်စားရဲ့သမီးက အဲလောက်တောင် ငြိုငြင်စရာလား ငါတို့ ဘာလုပ်ရမလဲ ငါတို့နှစ်ယောက်က ဒီနေ့အသတ်ခံရတော့မှာလား”

“ဝုတ် ဝုတ်”

အမည်းလေးသည် သူမအား နှစ်ကြိမ်မျှဟောင်လေသည်။

ရှီမာယူယူ ပြုံးပြီး ပြောလိုက်သည် “ငါတို့ အမည်းလေးက အခုကြီးလာပြီ ငါ့ကို ဘယ်လိုကာကွယ်ရမလဲဆိုတာ သိနေပြီ လိမ္မာလိုက်တဲ့ကလေး သွား လုပ်ချင်တာသာသွားလုပ်ချေ”

“သွား သူတို့ကိုသတ်လိုက်” သုန်းချီရှောင်းသည် ရှီမာယူယူ ကြောက်ရွံ့ ခြင်းမရှိသည်ကို မြင်သည်။ ရှီမာယူယူ၏ အေးအေးလူလူရှိလှသော ပုံစံသည် သူမကို လူပြက်သဖွယ်ဖြစ်စေသဖြင့် ပို၍ဒေါသထွက်လာသည်။

“သွားတော့” ရှီမာယူယူသည် အမည်းလေးကို ပုတ်လိုက်သည်။ အားလုံး ရှေ့တွင် အရိပ်မည်းတစ်ခုကိုသာ မြင်လိုက်ရပြီး နောက်တွင် အော်သံများ ထွက် လာတော့သည်။ အစောင့်များသည် ခြေနှစ်လှမ်းမျှသာ ရှေ့တိုးလိုက်ရပြီး လဲကျ သွားလေသည်။ သွေးများထွက်လာပြီး သုန်းညီအစ်မရှေ့တွင် ပေစင်သွားတော့ သည်။

***

All Chapters