← Chapters

စိတ်ဝင်စားမှုကိုနှိုးဆွခြင်း

Vol. 128 Ch. 1780

စိတ်ဝင်စားမှုကိုနှိုးဆွခြင်း

Vol. 128 Ch. 1780

တစ်ခဏတွင် အခန်းထဲမှလူအားလုံးမှာ မှင်တက်သွားကြသည်။ အမည်းလေးကိုကြည့်သော အကြည့်များမှာလည်း ပြောင်းလဲသွားသည်။

မရဏာခွေးတစ်ကောင်မှာ ဒီလိုအားရှိတာလား။ မရဏာအဆင့်မြင့်သခင် ဖြစ်သော သုန်းချီလျန်၏ ကိုယ်ရံတော်သည်…. ဝိညာဉ်စွမ်းအင်မရှိသည့် မရဏာခွေး၏ ကိုက်သတ်ခြင်းကိုခံလိုက်ရလေပြီ။ သူ ဒီအတိုင်းပဲ သေသွားတာ လား။

အခု သူတို့ မျက်လုံးတွေက လှည့်စားခံလိုက်ရတာလား။

“ဝုတ် ဝုတ်”

အမည်းလေးသည် မြေပေါ်ရှိ လူသေအလောင်းကို နှစ်ကြိမ်မျှဟောင်ကာ အောင်ပွဲခံနေသည်။

ဒီကြောက်စရာကောင်းတဲ့လူ ဟင်း… ဒီဘိုးဘေးကြီးနဲ့ လာပြီးရှုပ်ရဲသေး တယ် ဟင်း… ဘယ်လိုအဆုံးသတ်သွားလဲကြည့်လိုက်…

အမည်းလေးသည် လူတစ်ယောက်ကို ဒီလောက်မြန်မြန် ကိုက်သတ် လိုက်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမသည် ပြဿနာကြီးမည်ကို စိတ်မပူပေ။ သို့သော် အမည်းလေး တခြားသူများရှေ့တွင် ပေါ်သွားပြီး မလိုအပ် သည့် အာရုံစိုက်ခြင်းခံရမည်ကို စိုးရိမ်ခြင်းဖြစ်သည်။

ရှောင်ရော့ပိုင်သည် အမည်းလေးအား မျက်လုံးပြူးကျယ်စွာဖြင့် ကြည့် လေသည် “ရှီအာ မင်းရဲ့ဒီမရဏာခွေးက ဘယ်ကနေလာတာလဲ ဒီလောက် တောင် စွမ်းအားကြီးတယ် ငါ့အတွက်လည်း တစ်ကောင်လောက်ရှာခိုင်းဦးမယ်”

“အမည်းလေးမှာ ဝိညာဉ်စွမ်းအင်မရှိဘူး မြန်ပြီး သွားထက်ရုံတင်ပါ” ရှီမာယူယူသည် အမည်းလေးကို ခေါ်လိုက်ရာ သူပြန်ပြေးလာသည်။

“ဝုတ် ဝုတ်”

အမည်းလေးသည် ရှီမာယူယူအား နှစ်ကြိမ်မျှဟောင်းပြီး ချီးကျူးခိုင်းလေ သည်။

“အင်း တော်တယ် ပြန်ကြမယ် မင်းအတွက် စားကောင်းတာတွေ ချက် ပေးမယ်” ရှီမာယူယူသည် အမည်းလေးကို ဖက်ပြီး ထွက်သွားမည်ပြုသည်။

“ရပ်လိုက်” သုန်းချီရှောင်းနှင့် တခြားသူများသည် နောက်ဆုံးတွင် သတိ ပြန်ဝင်လာသည်။ သူတို့၏ ကိုယ်ရံတော်မှာ အသတ်ခံလိုက်ရသည်။ ဘယ်လို လုပ် ဒီအတိုင်း ထွက်သွားခွင့်ပေးနိုင်မှာလဲ။

“ဘာလဲ သခင်တွေ ဘယ်လောက်ထပ်ပြီး ဆုံးရှုံးချင်လို့လဲ” ရှီမာယူယူ သည် အမည်းလေးကို တင်းကြပ်စွာ ဖက်ထားသည် “မင်း လိုချင်ရင်လည်း အမည်းလေးက လူတွေထပ်သတ်ခိုင်းဖို့ ငါ စိတ်မရှိပါဘူး”

“သုန်းချီရှောင်း ဒီနေ့ကိစ္စက မင်းတို့အမှားဆိုတာ ရှင်းနေတာပဲ အဲဒါကို ငါတို့အပေါ် ပုံချချင်တာလား” ရှောင်ရော့ပိုင် ပြောလိုက်သည် “ဘယ်လိုပဲဖြစ် ဖြစ် ရှီအာက နယ်စားရဲ့သမီးပဲ မင်းတို့သုန်းမျိုးနွယ်က ပုန်ကန်ချင်လို့လား”

“ငါ့အစ်မက ပြည်နယ်ပြိုင်ပွဲတက်ဖို့ အရည်အချင်းမှီပြီးသား သူမလို အမှိုက်က ငါ့အစ်မနဲ့ ယှဉ်နိုင်လို့လား” သုန်းချီရှောင်း အော်လိုက်သည်။

“ငါကလည်း ငါ့ကိုယ်ငါ ကြာပန်းဖြူနဲ့ နှိုင်းပြီး ကိုယ့်ကိုယ်ကိုယ် မနိမ့်ကျ ချင်ပါဘူး” ရှီမာယူယူ ပြောလိုက်သည် “မြေပေါ်က ဒီလူလို မသေချင်ရင် ဒီအတိုင်းနေလိုက်တော အကောင်းဆုံးပဲ ရော့ပိုင် သွားကြမယ်”

ပြောပြီးနောက် သူမသည် အမည်းလေးကိုဖက်ကာ ရှောင်ရော့ပိုင်နှင့် အတူ တိမ်တောက်ဆိုင်မှ ထွက်သွားလိုက်သည်။

သုန်းချီလျန်တို့ သူတို့ကိုမတားသည်ကို သုန်းချီရှောင်းမြင်သောအခါ ခြေဆောင့်ပြီး အော်လေသည် “အစ်မ သူမကို ဒီအတိုင်းထွက်သွားခွင့်ပေးလိုက် မှာလား”

သုန်းချီလျန်၏ မျက်လုံးများသည် မည်းမှောင်သွားတော့သည်။ သူမကို ရန်စပြီးတော့ မထိမခိုက်ဘဲသွားခွင့်ပြုရမှာလား။ သူမ ဘယ်လိုလုပ် အဲလိုမျိုး အဖြစ်ခံရမှာလဲ။ ဒါပေမဲ့ သူမက အခုယွမ်ယွမ်နဲ့အတူရှနေတာလေ။ သူမ ဒေါသကြီးတာကို သွားပြလို့မဖြစ်ဘူး။

“ဒီကိစ္စကို မေ့လိုက်ရအောင်ပါ သူမကို နယ်စားသမီးဖြစ်အောင် ဘယ်သူ လုပ်တာလဲ အလောင်းရှင်းဖို့ပဲ လူခေါ်လိုက်” သူမသည် ယွမ်ယွမ်ဆီမှ ဂရုဏာ ကိုရရန် မျှော်လင့်သည့်သဘောဖြင့် အသနားခံသလို အကြည့်ဖြင့်ကြည့်သည်။

သို့သော် ယွမ်ယွမ်သည် သူမကို လုံးဝအာရုံမရှိဘဲ တံခါးကိုသာ ငေးကြည့် နေလေသည်။

သူမ ဝင်လာကတည်းကပင် သူ့ကို တစ်ချက်မှပင်မကြည့်ခဲ့ပေ။ သူမ ပထမဆုံးဝင်လာစဉ်က အခြေအနေကိုစစ်ဆေးရန် သူ့ကို ကြည့်လိုက်ချိန်မှာပင် သူစိမ်းတစ်ယောက်ကို ကြည့်သကဲ့သို့ သူမ ကြည့်ခဲ့သည်။

သူမက အကျင့်ပြောင်းသွားပြီး လူချောလေးတွေကို မကြိုက်တော့တာ လား။

သုန်းချီလျန်သည် သူမအပေါ် အာရုံမရှိသော ယွမ်ယွမ်ကိုကြည့်ပြီး မေးလိုက်သည် “သခင်လေးယွမ် ဘာတွေကြည့်နေတာလဲ”

ယွမ်ယွမ်သည် သတိပြန်ဝင်လာကာ သုန်းချီလျန်၏ စပ်စုသော မျက်လုံး များကိုမြင်သောအခါ စိတ်တိုသွားသည်။ သူ စိတ်လွတ်သွားတာလား။ သူ့ရဲ့ ဒီ သုံးမရတဲ့ဦးနှောက်ဆဲလ်တွေက အဲလူကို ဘာလို့သွားစဉ်းစားနေတာလဲ။

“ဘာမှမကြည့်ပါဘူး ဒီအတိုင်းစဉ်းစားနေတာ…. မုရုန်ရှီက မတူတော့ ဘူးလို့ ဘယ်လိုလုပ် ခံစားမိနေတာလဲမသိဘူး” သူသည် စိတ်အတွင်းမှ အတွေး ကိုမထုတ်ပြဘဲ တိုးညင်းစွာဖြင့် ပြောလိုက်သည်။

“ဒီနေ့ကိစ္စက တော်တော်လေး ရှက်စရာကောင်းသလို ရှင့်ဆိုင်ကိုလည်း ဖျက်ဆီးလိုက်မိပြီ” သုန်းချီလျန် ပြုံးလိုက်သည် “ဒီပျက်ဆီးသွားတဲ့ ဝိညာဉ် အဝတ်တွေအတွက် ကျသင့်ငွေကိုတွက်ချက်ပြီး ကျွန်မတို့မျိုးနွယ်ကို စာရင်းပို့ ပေးပါ”

“မဟုတ်တာ ဒီအရှုံးကို တိမ်တောက်ဆိုင်က ခံနိုင်ပါတယ် ပြီးတော့ သူမ က ဒီကိစ္စအတွက် မင်းကို အပြစ်တင်တာမှမဟုတ်တာ အဲဒါကြောင့် သုန်းမျိုးနွယ်ကို တာဝန်မယူခိုင်းပါဘူး” ယွမ်ယွမ်သည် အပြုံးမပျက်ပေ။ အဝေးမှကြည့်လျှင် စီးပွားရေးသမား၏ အပြုံးသာဖြစ်သည်။

သို့သော် အနီးကပ်ကြည့်လျှင်တော့ ထိုအပြုံးသည် သူ့မျက်လုံးထဲမှ လှိုက်လှိုက်လှဲလှဲမရှိသည်ကို တွေ့နိုင်သည်။

သုန်းချီလျန်သည် ထိုစကားကို ကြားသောအခါ စိတ်ပါလက်ပါ ပြုံးလိုက် သည် “ဒီကိစ္စက မုရုန်ရှီရဲ့ခွေးကြောင့် ဖြစ်သွားပေမဲ့ ကျွန်မ ကြောက်သွားလို့ပဲ လေ ကျွန်မကြောင့်သာမဟုတ်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး”

ယွမ်ယွမ်သည် သုန်းချီလျန်၏ ကြံဖန်နေသည့် အမူအရာကို ရုတ်တရက် ခံစားမိပြီး အနည်းငယ် နာကျင်သောအကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်လိုက် ည် “သခင်မလေးသုန်းက အဲလိုပြောမှတော့ ဆိုင်တာဝန်ခံ အရှုံးကိုတွက်ပြီး တစ်ဝက်ကို သုန်းအိမ်တော်ကို စာရင်းပို့လိုက်ပါ သခင်မလေးသုန်း ကျွန်‌တော် လုပ်စရာရှိလို့ သွားလိုက်ပါဦးမယ်”

ယွမ်ယွမ် ထိုသို့ပြောလိုက်သောအခါ သုန်းချီလျန်သည် မှင်တက်သွား သည်။ သူမ သူ့ကိုမတားလိုက်ရခင်မှာပင် သူထွက်သွားသည်ကို ငေးငိုင်စွာ ကြည့်နေရတော့သည်။

သူ.. သူ ထွက်သွားတာလား။ ဒီအတိုင်းကြီးလေ။

သူမ တုံ့ပြန်နိုင်ချိန်တွင် သူမ၏ ပြုံးနေသောမျက်နှာမှာ ပြန်တည်သွား သည်။

သူ ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။

“အစ်မ သခင်လေးယွမ်က ဘာလို့ ဒီအတိုင်းထွက်သွားရတာလဲ သူက အစ်မကို တစ်ယောက်တည်းထားသွားတာလား ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရ တာလဲ” သုန်းချီရှောင်းသည် သုန်းချီလျန်၏ စိတ်ထဲမှ စကားများကို ပြောနေ သည်။ သို့သော် ထိုအရာကပင် သူမအစ်မ၏ မျက်နှာကို ပျက်အောင်လုပ်နေ ခြင်းဖြစ်သည်။

“သူ့မှာ လုပ်စရာရှိလို့နေမှာပါ” သူထွက်သွားသည်ကို ကြည့်ရင်းနှင့် သုန်းချီလျန်သည် တိမ်တောက်ဆိုင်ကို အရင်လိုမကြင်နာတော့ဘဲ ဆိုင်တာဝန်ခံကို ပြောလိုက်သည် “ဆိုင်တာဝန်ခံ ဈေးတွက်ပြီး သုန်းမျိုးနွယ်ကို သာပို့လိုက်ပါ သွားလုပ်လိုက်တော့”

တိမ်တောက်ဆိုင်မှ ဆိုင်တာဝန်ခံသည် မြေပေါ်မှ သွေးများကို ကြည့်ပြီး ရှင်းနေချိန်မှာပင် အခုအရှုံးကိုတွက်ခိုင်းနေပြန်သည်။ ‘သခင်လေးက သခင်မလေးသုန်းနဲ့ အဲလောက် အဆင်ပြေတဲ့ပုံလည်းမပေါ်ဘဲနဲ့ ဘာလို့ သူမကို တစ်ဆိုင်လုံးကို ငှားခွင့်ပေးတာလဲမသိဘူး’ ဟုတ် သူ့စိတ်ထဲမှ ရေရွတ်မိသည်။ ထို့အပြင် ကုန်ကျစရိတ်တစ်ဝက်ကိုသာ သုန်းမျိုးနွယ်သို့ပို့ရန် သူပြောသွားခဲ့ သည်။ ကျန်တစ်ဝက်ကို နယ်စားအိမ်တော်သို့ ပို့မည်ဟု ပြောမသွားပေ။ ကျန်တဲ့တစ်ဝက်ကို နယ်စားအိမ်တော်က တောင်းရမှာလား။

သခင်လေး ရှီမာယူယူ၏ ကျောပြင်ကို စိုက်ကြည့်နေသည်ကို ပြန်တွေး ကြည့်လျှင် သခင်လေးသည် သူမကိုစိတ်မဆိုးတော့ခြင်းဖြစ်မည်ဟု ဆိုင်တာဝန်ခံတွေးမိသည်။ ထို့ကြောင့် ကျန်တစ်ဝက်ကို မပို့တော့ပေ။

“ထူးဆန်းလိုက်တာ သခင်လေးက မုရုန်ရှီကို အရမ်းမုန်းတာမလား ဘာလို့ အဲလိုမခံစားမိတာလဲ” သူ ရေရွတ်ပြီးနောက် အတွင်းခန်းသို့ ပြန်ရန် လူများကိုအမိန့်ပေးလိုက်သည်။

ယွမ်ယွမ်သည် ဘာဖြစ်သွားမှန်းကိုမသိပေ။ သူ ဘာလို့ ရှီမာယူယူတို့ သွားတဲ့နောက်ကို လိုက်လာမိတာလဲ။ မျိုးနွယ်က သူ့ကိုပေးတဲ့တာဝန်တစ်ခုက သုန်းချီလျန်နဲ့ ဆက်ဆံရေးကောင်းဖို့ပဲ။ အခုတော့ သူ အမုန်းဆုံးလူနောက်ကို လိုက်လာမိနေပြီ။

သူ ရှီမာယူယူတို့နောက်သို့ အတန်ကြာသည်အထိ လိုက်လာပြီးနောက် သူ၏လုပ်ရပ်ကို သိလိုက်ရသည်။

သူ သူမနောက်ကို ဘာလို့လိုက်နေတာလဲ။ ငါ ထွက်လာတော့ သူမ မျက်နှာမှာ ပျာပြာခတ်သွားတာမျိုးမရှိဘဲ ရှောင်ရော့ပိုင်နဲ့ပဲ စကားပြောပြီး ရယ်မောနေလို့လား။ အဲဒီအပြုံးတွေကြောင့် သူမနောက်ကို ငါလိုက်ခဲ့မိတာ လား။

ဒါပေမဲ့ ဘာလို့လဲ…

“မဟုတ်ဘူး ငါက အဲဒီခွေးကို စိတ်ဝင်စားရုံသက်သက်ပဲ” သူသည် သူ့ကိုယ်သူ ပြောကာ ဆက်လိုက်သွဦးသည်။

အမည်းလေးကို စိတ်ဝင်စားသည်မှာ သူတစ်ယောက်တည်းမဟုတ်ပေ။ သုန်းချီလျန် တိမ်တောက်ဆိုင်မှ ထွက်လာချိန်တွင် သူမအနားမှလူများကို အမိန့်ပေးလိုက်သည် “အဲခွေးစုတ်အကြောင်း စုံစမ်းဖို့လူလွှတ်လိုက် သိပြီးရင် မုရုန်ရှီကိုသတ်လိုက်”

***

All Chapters