← Chapters

သူမနောက်ကို ဒီအတိုင်းလိုက်ချင်နေတာ

Vol. 128 Ch. 1781

သူမနောက်ကို ဒီအတိုင်းလိုက်ချင်နေတာ

Vol. 128 Ch. 1781

ရှီမာယူယူသည် ရှောင်ရော့ပိုင်ကို လမ်းကြားလေးသို့ ခေါ်သွားရာ ယွမ်ယွမ်သည် ခေတ္တမျှ တုံ့ဆိုင်းသွားသော်လည်း နောက်မှလိုက်ဆဲပင်။ မထင်မှတ်စွာပင် သူ ဝင်လိုက်သည်နှင့် သူတို့နှစ်ယောက်သည် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။

“သူငယ်ချင်းလေ ရှင်က တစ်လမ်းလုံး ကျွန်မတို့နောက်လိုက်လာတာ တိမ်တောက်ဆိုင်က ပျက်စီးသွားတာတွေကို တောင်းချင်လို့လား” ရှီမာယူယူ မေးလိုက်သည်။

“ငါ….” ယွမ်ယွမ်သည် ပါးစပ်ဟကာ ထိုကဲ့သို့မဟုတ်ပါဟု ပြောချင် သည်။ သို့သော် သူတို့နောက်လိုက်ရခြင်းအကြောင်းကို မည်သို့ရှင်းပြရပါမည် နည်း။ “မင်း ငါ့ကိုမမှတ်မိဘူးလား”

“ကျွန်မက ရှင့်ကိုသိရမှာလား” ရှီမာယူယူသည် မျက်လုံးထဲတွင် သံသယ အပြည့်ဖြင့် သူ့ကိုကြည့်လိုက်သည်။ သို့သော် သူမ၏ မျက်လုံးများမှာ ကြည်လင်သည်။

“ငါကယွမ်ယွမ်လေ” သူ ပြောလိုက်သည်။

“သခင်လေးယွမ်” ရှီမာယူယူသည် ယဉ်ကျေးစွာ ခေါင်းညိတ်လိုက်သည်။ တစ်ဖက်လူမှာ ယဉ်ကျေးနေသဖြင့် သူမ ရိုင်းစရာမလိုပေ။

ရှောင်ရော့ပိုင်သည် တစ်ခုခုကိုစဉ်းစားသွားမိကာ လေသံဖြင့် ပြောလိုက် သည် “ဒီမှာ… ရှင်က ယွမ်ယွမ်လား ရှင်က အဲဒီယွမ်ယွမ်လား”

“မင်းသိလို့လား” ရှီမာယူယူသည် သူမကိုကြည့်လိုက်သည်။ အဲဒီယွမ်ယွမ် ဆိုတာ ဘာအဓိပ္ပာယ်လဲ။ တခြားယွမ်ယွမ်ရှိသေးလို့လား။

ရှောင်ရော့ပိုင်၏ နှုတ်ခမ်းမှာ တွန့်သွားပြီး ပြောလေသည် “သူက မင်း နှောင့်ယှက်တာခံရလို့ မင်းကို ယွမ်ကျီလက်ဖက်ရည်ဆိုင်ကို မဝင်ရအောင် တားထားတဲ့လူလေ”

“သူလား” ရှီမာယူယူသည် ယွမ်ယွမ်ကို စိုက်ကြည့်လိုက်သည် “အင်း ကျွန်မက ငယ်ပြီး ဘဝင်မြင့်လွန်းခဲ့တယ် အဲဒါကြောင့် ရှင့်ကိုပြစ်မှားမိသွား တယ် ဒါပေမဲ့ ဒီလောက်ကြာခဲ့ပြီကို ဒီမှာအကြွေးလာတောင်းတယ်လို့တော့ မပြောနဲ့နော်”

ယွမ်ယွမ်သည် သူမကို ကြည့်လိုက်ရာ သူမမျက်လုံးထဲမှ အံ့ဩမှုသည် အမှန်တကယ်ဖြစ်နေသည်ကို မြင်သောအခါ ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ ထိုအကြည့်မှာ သူမ မျက်နှာသည် မကြုံဖူးလောက်အောင် မျက်စိပဒသဖြစ်စေ သည်ဟု ထင်မိသည်။

“အရင်တုန်းက ကိစ္စတွေရှင်းဖို့အတွက် ဒီကိုလာတာမဟုတ်ပါဘူး” သူ ပြောလိုက်ရာ သူမ စိတ်သက်သာရာရသွားသည်ကို ကြည့်ပြီး နှုတ်ခမ်းထောင့် မှာ အသာတွန့်တက်သွားသည်။

“ဒါဆိုရင် ဘာလို့ ကျွန်မနောက်ကို တောက်လျှောက်လိုက်တာလာလဲ ရှင် တို့ဆုံးရှုံးမှုကို ပြန်လျော်ခိုင်းဖို့ဆိုရင် သုန်းမျိုးနွယ်က သခင်မလေးဆီကို သွားရှာ လိုက်ပါ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ ဆက်ဆံရေးကောင်းကြတာပဲ” ရှီမာယူယူ ထုတ်ပြောလေသည်။

“ငါက သူမနဲ့ ဆက်ဆံရေးမကောင်းပါဘူး” ယွမ်ယွမ်သည် မသိလိုက်ခင် မှာပင် ချက်ချင်းဖြေရှင်းပြီးဖြစ်လေသည်။ သူ ပြောလိုက်လျှင် မသင့်တော်သည် ကို ခံစားမိသော်လည်း ဘာကြောင့်မှန်းမသိ သူမကို အထင်မလွဲစေချင်ပေ “ဒီအတိုင်း ငါတို့က သရဖူမြို့တော်မှာတွေ့ခဲ့ရုံတင် သူမက ငါ့မျိုးနွယ်နဲ့ ပတ်သက်မှုရှိတယ် အဲဒါကြောင့် သူမကို ဧည့်ခံရုံတင်ပါ”

“ဒါဆိုရင် ရှင်တို့ဆုံးရှုံးမှုကို ပြန်လျော်ခိုင်းဖို့ ကျွန်မကိုလာရှာတာလား ကျွန်မက ဆင်းရဲတယ် ရှင့်ကိုပေးဖို့ ပိုက်ဆံမရှိဘူး” ရှီမာယူယူသည် သူမ၏ ပိုင်ဆိုင်မှုများကို တွေးလိုက်သည်။ မုရုန်ဟွေ့ပေးသော ပိုက်ဆံမှလွဲပြီး သူမ ပိုင်ဆိုင်မှုဟူ၍ မရှိပေ။

သို့သော် သူမသည် အမည်းလေး၏ ရတနာသိုက်ကိုသိလျှင် ဤသို့ တွေး မည်မဟုတ်ပေ။

“ပျက်စီးမှုအတွက် လျော်ခိုင်းဖို့လည်းမဟုတ်ပါဘူး” ယွမ်ယွမ်သည် ပြုံးပြီးပြောလိုက်သည်။

“ဒါဆိုရင် ဘာလို့ ကျွန်မတို့နောက်လိုက်လာတာလဲ” ရှီမာယူယူသည် အံ့ဩနေသည်။

“အင်း…”

ယွမ်ယွမ်သည် သူမနောက်လိုက်လာရခြင်း အကြောင်းအရင်းကို မည်သို့ ပြောရမည်ကို မသိပေ။ အကြောင်းမှာ သူသည်သူမကို အရင်က အလွန်မုန်းတီး ခဲ့သည်။ သူမလက်ထဲမှ လူးလွန့်နေသော အမည်းလေးကို မြင်သောအခါ သူ အကြောင်းအရင်းကို စဉ်းစားလိုက်သည်။

“မင်းရဲ့ စာချုပ်သားရဲက အရမ်းအားကောင်းတာကို မြင်လိုက်တယ် အဲဒါ က သာမာန်ခွေးနဲ့မတူဘူး အဲဒါကြောင့် ကြည့်ချင်လို့ပါ” သူ ပြောလိုက်သည်။

ရှီမာယူယူသည် အမည်းလေးကို တင်းကြပ်စွာ ဖက်ထားပြီး မသိစိတ်မှ နောက်ပြန်ဆုတ်ကာ ပြောလိုက်သည် “ကျွန်မခွေးလေးကို ရှင်တို့ လုချင်လို့ လား”

“ငါ လုချင်လို့မဟုတ်ပါဘူး ငါသာ တကယ်လုချင်ရင် မင်းရှေ့ကိုတောင် ပေါ်မလာဘူး” ယွမ်ယွမ် ရှင်းပြသည် “ငါ ဒီအတိုင်းသိချင်လို့ပါ”

ဝိညာဉ်စွမ်းအင်မရှိသော မရဏာခွေးသည် သခင်တစ်ယောက်ကို တစ်ချက်တည်းကိုက်ကာ သတ်ပစ်ခဲ့သည်။ ထိုကိစ္စသည် အလွန်ထူးခြားကာ သူ၏ သိချင်စိတ်ကို လှုံ့ဆော်ခဲ့သည်။

“တကယ်လား” ရှီမာယူယူသည် မျက်လုံးများကို ကျဉ်းမြောင်းကာ သူ့ကို ကြည့်လိုက်သည်။ သူမ၏ အကြည့်သည် သူသာ ခွေးကိုတစ်ခုခုလုပ်လိုက်ပါက တွေဝေခြင်းမရှိ သတ်ပစ်မည်ဟု ခံစားရစေသည်။

“တကယ်ပြောတာ ငါ ဒီအတိုင်းသိချင်လို့ပါ အနီးကပ် တစ်ခါလောက် ကြည့်ချင်လို့ပါ” သူ ကတိပေးလေသည်။

ရှီမာယူယူသည် သူ့ကို အတန်ကြာအောင် စိုက်ကြည့်နေကာ ပြောလိုက် သည် “ဟုတ်ပြီ ရှင့်ကိုပြပေးမယ် ဒီကိုလာခဲ့”

အစက သူသည် ဤကဲ့သို့လူမျိုးကို အာရုံစိုက်လေ့မရှိပေ။ သို့သော် မုရုန်ရှီသည် အရင်က တခြားလူများကို စောက်ကားခဲ့ရာ သူ၏ နာမည်ကိုရှင်း ရန် ပြီးခဲ့သည့်နစ်နာချက်များကို ဖြေရှင်းရန်လုပ်ရမည်။

ယွမ်ယွမ်သည် သူမ လက်ယက်ခေါ်သည်ကို မြင်သည်နှင့် အချုပ်အနှောင်မှ လွှတ်လိုက်သလို အမြန်ပင်ရောက်လာသည်။

“ကြည့် ကျွန်မခွေးလေးက ဘာမှထူးခြားတာမဟုတ်ဘူး ဒီအတိုင်း မြန် ပြီးတော့ သွားထက်တာပဲရှိတာ” ရှီမာယူယူသည် ယွမ်ယွမ်၏ လက်ထဲသို့ အမည်းလေးကို ထည့်လိုက်သည်။ အမည်းလေးသည် ဆန့်ကျင်ချင်သော်လည်း သူမ စိုက်ကြည့်လိုက်သည်။

ယွမ်ယွမ်သည် အမည်းလေးကို ဖက်ပြီး စိုက်ကြည့်လေသည်။ အမည်း လေးသည် နှစ်ကြိမ်မျှ ဟောင်လေသည်။

“ဒါက တကယ်ပဲ မထူးခြားဘူးလား မြန်ရုံပဲမြန်တာလား” သူသည် အမည်းလေးကို စစ်ကြည့်သည်။ သူ့အတွင် အမှန်တကယ်ပင် ဝိညာဉ်စွမ်းအင် မရှိပေ။

ရှီမာယူယူသည် သူ့လက်ထဲမှ အမည်းလေးကို ပြန်ယူပြီး ပြောလိုက် သည် “ရှင် ဒီလိုပြောကြတာ မကြားဖူးဘူးလား ‘အနိုင်မယူနိုင်တဲ့ သိုင်းလောက မှာ ကြမ်းတမ်းတယ်ဆိုတာမရှိဘူး အရှိန်နှုန်းကပဲ အရှုံးမပေးနိုင်တဲ့ အရာပဲ’ တဲ့ အမည်းလေးမှာသာ အဲလိုမျိုး အရှိန်မရှိရင် သူ့သွားတွေ ထက်ရင်တောင် သခင်တစ်ယောက်ကို သတ်နိုင်မှာမဟုတ်ဘူး ကျွန်မလည်း အနားမရောက်ခင် အသတ်ခံရလိုက်နိုင်တယ် ကဲ ဟုတ်ပြီ ရှင် ကြည့်ချင်တာကြည့်ပြီးသွားပြီ နောက်ဆိုရင် ရှီအာကို မမုန်းနဲ့တော့ နှုတ်ဆက်ပါတယ်”

သူမသည် ရှီအာအကြောင်း ပြောခြင်းဖြစ်သည်။ သူမကိုယ်သူမ ပြောနေ ခြင်းမဟုတ်ပေ။ ထိုစကားသည် မုရုန်ရှီအတွက် ပြောခြင်းဖြစ်သည်။

ယွမ်ယွမ်သည် ထိုအချိန်တွင် မလိုက်တော့ဘဲ သူတို့ထွက်သွားသည်ကို ငေးငိုင်စွာ ကြည့်နေခဲ့သည်။

‘အနိုင်မယူနိုင်တဲ့ သိုင်းလောကမှာ ကြမ်းတမ်းတယ်ဆိုတာမရှိဘူး အရှိန် နှုန်းကပဲ အရှုံးမပေးနိုင်တဲ့…’ သူသည် သူမ၏ စကားလုံးများကို ပြန်ရေရွတ် လိုက်သည်။ ရုတ်တရက် သူ့တွင် အချိန်ကြာရှည်စွာ ရင်တွင်ခံနေသော အလုံး ကြီးတစ်ခု လျော့ကျသွားသကဲ့သို့ ခံစားရကာ ချက်ချင်းပင် ပြန်သွားလိုက် သည်။

ရှောင်ရော့ပိုင်သည် လမ်းကြားမှထွက်လာပြီးနောက် ရှီမာယူယူ ပြောခဲ့ သည့်စကားကို တွေးနေတုန်းပင်။

“မင်းပြောတာမှန်တယ် အနိုင်မယူနိုင်တဲ့ သိုင်းလောကမှာ ကြမ်းတမ်း တယ်ဆိုတာမရှိဘူး အရှိန်နှုန်းကပဲ အရှုံးမပေးနိုင်တဲ့အရာပဲ… ငါတို့သာ တခြား သူတွေထက် မြန်ပြီး အခွင့်အရေးယူ အရင်ဆုံးအနိုင်ရနိုင်ရမယ်” သူမ ပြောလိုက်သည် “အဲဒါကြောင့် ငါတို့ကျင့်ကြံနေရင် လူတစ်ယောက်ရဲ့ အဆင့်ကို တက်စေမှာတင်မကဘူး အရှိန်ကိုလည်း မြန်စေလိမ့်မယ် ဟားဟား ရှီအာ ငါ အဓိပ္ပာယ်ကိုနားလည်သွားပြီထင်တယ်”

“တကယ်တော့ ဒီအမှန်တရားကို အကုန်လုံး နားလည်ပြီးသားပါ မေ့ထား ကြလို့သာရယ်” ရှီမာယူယူ ပြောလိုက်သည်။

ရှောင်ရော့ပိုင်သည် ရုတ်တရက် ရပ်သွားပြီး ပြောလိုက်သည် “ရှီအာ ကြည့်ရတာ ငါ အဆင့်တက်တော့မယ်ထင်တယ်”

“ရုတ်တရက်ကြီး ဘာလို့ အဆင့်တက်မယ်လို့ပြောတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ အရင်က အဆင့်တက်တော့မလို့ပဲ ဒါပေမဲ့ ဈာန်မလုံလောက်သေးလို့ အခု ငါ မင်းစကားတွေကြောင့် တက်ကြွသွားပြီ…”

“ဒါဆိုလည်း မြန်မြန်ပြန်လေ အခွင့်အရေးကို လက်လွှတ်မခံနဲ့ ငါ ငါ့ဘာသာ ပြန်သွားလို့ရတယ် အမည်းလေးရှိရင် ဘာမှမဖြစ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။

ရှောင်ရော့ပိုင်သည် စဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည် “ငါ ပြီးတာနဲ့ ပြန်လာမယ်” သူမသည် အမြန်ပင် ထွက်သွားသည်။

ရှီမာယူယူသည် လူနှစ်ယောက်ကို အဆင့်တက်ရန် အောင်မြင်စေလိုက် ကြောင်းကို မသိပေ။

သူမသည် အမည်းလေးကို မြေပေါ်သို့ချပြီး ပြောလိုက်သည် “ငါတို့လည်း ပြန်ကြတော့မလား”

“ဝုတ် ဝုတ်”

အမည်းလေးသည် နှစ်ကြိမ်မျှဝမ်းပမ်းတသာ ဟောင်ရာ ရှီမာယူယူသည် သူမကို ကြည့်နေသော အမျိုးသားတစ်ယောက်ကို တွေ့လိုက်သည်။

ထိုလူသည် သူမနှင့် မရင်းနှီးပေ။ သူမသည် ထိုလူကို သုန်းချီရှောင်းနဲ့ စကားများခဲ့သည့်နေ့က တွေ့ခဲ့သည်။ ထိုစဉ်ကလည်း သူ သူမကို အခုလိုပင် ကြည့်နေခဲ့သည်။

“နယ်စားရဲ့သမီးက အမှန်တရားကိုပြောလိုက်တာ လူတွေ နားလည်သွား ပြီးအဆင့်တက်စေလိမ့်မယ်လို့ ထင်မထားဘူးပဲ” မိုကျိ ပြောလိုက်သည်။

“ရှင်က ဘယ်သူလဲ” ရှီမာယူယူသည် အမည်းလေးကို စိုးရိမ်တကြီး ကောက်ပွေ့လိုက်သည် “ရှင် ကျွန်မကို ဒီမှာစောင့်နေတာလား ဘာကိစ္စရှိလို့လဲ”

“ဟုတ်တယ် ငါက မင်းကိုသိချင်ရုံတင်ပါ ငါ မင်းအကြောင်းပြောနေတာ နယ်စားသမီးအကြောင်း ပြောနေတာမဟုတ်ဘူး” ဒိကျဲ့ ပြုံးလိုက်သည်။

ရှီမာယူယူ သူမကို ကြည့်လိုက်သည်။ သူမ၏ ရင်များ ခုန်ပေါက်သွား သည်။

သူက ဘယ်သူလဲ… သူမ သရုပ်မှန်ကို သူ သိနေတာလား။

***

All Chapters