← Chapters

လျှို့ဝှက်ဆန်းကြယ်သောလက်ဆောင်

Vol. 128 Ch. 1782

လျှို့ဝှက်ဆန်းကြယ်သောလက်ဆောင်

Vol. 128 Ch. 1782

ရှီမာယူယူသည် မိုကျိကို သတိရှိရှိထားကာ ကြည့်နေသည်။ စိတ်ထဲတွင် တော့ သူကို တိတ်တဆိတ် မည်သို့သတ်ရင်ကောင်းမည်ဟု တွေးနေသည်။

“မင်းက မုရုန်ရှီမဟုတ်ဘူး” မိုကျိသည် သူမ၏ မေးခွန်းကိုမဖြေပေ။ သူသည် သူမ မျက်လုံးထဲမှ လူသတ်မည့်အကြည့်များကို စိတ်မပူပေ။ သူမသည် အလွန်တည်ငြိမ်ကာ ပါးစပ်ထောင့်မှ အပြုံးသည် ပြောင်းလဲခြင်းမရှိပေ။

“ကျွန်မက မုရုန်ရှီမဟုတ်ဘူးဆိုရင် ကျွန်မက ဘယ်သူလဲ” ရှီမာယူယူ သည် ဝန်မခံပေ‌။ “ကျွန်မတို့က အရင်ကသိကြလို့လား”

“မင်း ဘယ်သူလဲတော့ ငါမသိဘူး ဒါပေမဲ့ မင်းက မုရုန်ရှီတော့မဟုတ်ဘူး လူတစ်ယောက်က အတိတ်မေ့သွားရင်တောင် အကျင့်ကပြောင်းမှာမဟုတ်ဘူး” မိုကျိသည် အခိုင်အမာပင် ပြောလေသည်။ “မဟုတ်ရင် မင်း ဘယ်သူလဲဆိုတာ ငါ့ကိုပြောလို့ရတာပဲ”

“ကျွန်မက မုရုန်ရှီပဲ” သူမ ပြောလိုက်သည်။

“မင်း အဲလိုပြောမယ်ဆိုရင်တော့” မိုကျိသည် သူမ၏ အဖြေကို ဂရုမစိုက် ပေ “ဘယ်လိုပဲဖြစ်ဖြစ် ငါ့စိတ်ထဲမှာသိနေတာပဲ”

“…” ဒါဆိုရင် ဘာတွေပြောစရာလိုသေးလို့လဲ။

ထိုလူသည် အနည်းငယ် မရှင်းမလင်းဖြစ်နေသည်ဟု သူမ ခံစားရသည်။ သူ၏ အားသည် နိမ့်ပုံမပေါ်ပေ။ သူ့ကို လူမသိသူမသိ သတ်ပစ်ရန်အနည်းငယ် ခက်ခဲနိုင်သည်။ သူသည် သူမ၏ သရုပ်မှန်ကိုမသိသဖြင့် မေ့ထားပြီး အသက် ရှင်လျက်ထားပေးလိုက်မည်။

သူမသည် အမည်းလေးကို ပိုက်ကာ သူ့နားသို့ ပတ်လျှောက်လိုက်သည်။

“ငါတို့ ထပ်တွေ့ကြတာပေါ့”

သူမ သူ့နားသို့ ဖြတ်သွားချိန်တွင် သူသည် အဓိပ္ပာယ်ပါပါပြောလိုက် သည်။

ရှီမာယူယူသည် သူ့ကိုပြုံးပြပြီး နှုတ်ပင်မဆက်ပေ။

မိုကျိသည် သူမ၏ ဝေးသွားသော ကျောပြင်ကိုကြည့်ပြီး နှုတ်ခမ်းထောင့် တွင် အပြုံးဖြစ်လာသည် “အဲတော့ သူမက တကယ်ပဲ… ဘိုးဘေးကြီး ငါ့ကို တကယ်သိချင်လိမ့်မယ်…”

ရှီမာယူယူ ထွက်သွားပြီဖြစ်ရာ သူ တိတ်တဆိတ်ထွက်သွားသည်ကို မမြင်လိုက်ရပေ။

သူမသည် အမည်းလေးကို ခေါ်ပြီး ထွက်လာသည်။ ယနေ့ဖြစ်ခဲ့သော ကိစ္စကြောင့် သူမသည် အမည်းလေးကို ဝိညာဉ်စေတီအတွင်းသို့ ပစ်ထည့်လိုက် ချင်သည်။ သို့သော် အမည်းလေးသည် ကစားနေချင်သေးသဖြင့် ဝင်ရန်ငြင်းဆန်လေသည်။

သူမကို ပို၍ပြိုလဲကျစေသည်မှာ ဝိညာဉ်စေတီသည် ပျက်ဆီးနေပြီး သူမ တွင် အားမရှိသဖြင့် အမည်းလေးကို ဝင်ရန်ဖိအားမပေးတော့ပေ။

ထို့ကြောင့် အမည်းလးသည် ဝင်မသွားရပေ။ သူမသည် တစ်စုံတစ် ယောက်၏ ပစ်မှတ်ဖြစ်နေသည်ကိုပင် မသိဘဲ အမည်းလေး‌ လမ်းပေါ်တွင် ဟိုနေရာသည်နေရာတွင် စပ်စုစွာဖြင့် ပြေးလွှားနေသည်ကိုပင် သူမ စောင့်ကြည့်နေခဲ့သည်။

နောက်ဆုံး သူမ၏ ခြိမ်းခြောက်မှုအောက်တွင် အမည်းလေးသည် သူမ နောက်သို့ စိတ်မပါလက်မပါဖြင့် ပြန်ပါလာသည်။ မကြာခင်တွင် မှောင်စပျိုး တော့မည်ဖြစ်သည်။

သူမ အိမ်ရောက်သည်နှင့် ဘဏ္ဍာထိန်း မုရုန်လင်းသည် လျှောက်လာပြီး စိုးရိမ်တကြီးပြောလေသည် “သခင်မလေး နောက်ဆုံးတော့ ပြန်လာပြီပဲ”

ရှီမာယူယူသည် သူ့ကို ထိုပုံစံအတိုင်းမြင်ရခဲသည်။ မုရုန်ဟွေ့ မတော်တဆမှု တစ်ခုခုဖြစ်နေပြီဟု ထင်လိုက်ကာ ပျာသွားပြီး မေးလိုက်သည် “ဘာဖြစ်လို့လဲ အဖေလား”

“သခင်မဟုတ်ဘူး အဲဒါက…” မုရုန်လင်းသည် ရှီမာယူယူကို စိုက်ကြည့် လေသည် “သခင်မလေးကို လက်ဆောင်ပို့ပေးလိုက်တဲ့လူရှိတယ်”

“ကျွန်မကို လက်ဆောင်ပေးတယ် ဟုတ်လား” ရှီမာယူယူသည် သူ့ကို တအံ့တဩကြည့်သည် “ကျွန်မအတွက်ဆိုတာ သေချာရဲ့လား”

“ဟုတ်ပါတယ်” မုရုန်ဟွေ့သည် ရှီမာယူယူ၏ ပုံစံကိုမြင်သောအခါ မသိ သည်ကို သဘောပေါက်သွားသဖြင့် ပြောလေသည် “နေ့လည်က လူတစ်ယောက်က လက်ဆောင်ပို့လာပြီး သခင်မလေးအတွက်လို့ ပြောသွား တယ် ကျုပ်ဖွင့်ကြည့်လိုက်တော့… သခင်မလေး ကိုယ့်ဘာသာ ကြည့်လိုက်ပါ”

ရှီမာယူယူသည် ဘဏ္ဍာထိန်းကိုကြည့်နေသည်။သူမ စိတ်ထဲတွင် မကောင်းသောခံစားချက်ရနေပြီး သူ့နောက်သို့လိုက်ကာ ခန်းမဆီသို့သွားလိုက် သည်။

ဘဏ္ဍာထိန်းသည် အားလုံးကို နှင်ထုတ်လိုက်ပြီးနောက် အနက်ရောင် သစ်သားသေတ္တာလေးကိုထုတ်ပြီး ရှီမာယူယူကို ပေးသည်။

ရှီမာယူယူသည် သေတ္တာထုတ်ပြီး ဖွင့်ကြည့်လိုက်သည်။ အထဲမှ ပစ္စည်း ကို မြင်လိုက်သည်နှင့် သူမ၏မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်စွာနှင့် ပြောလိုက်မိသည် “ဘယ်လိုဖြစ်ပြီး…”

မုရုန်လင်းသည် ရှီမာယူယူကို မျက်ခြည်မပြတ်ကြည့်နေရာ သူမ မျက်လုံး ထဲမှ တုံ့ပြန်မှုအားလုံးကို မြင်နေရသည်။ သူမ၏ အံ့ဩမှုသည် စက်ဆုပ်မှု မဟုတ်သည်ကို ကြည့်ပြီး ပြောလိုက်သည် “ကျုပ်လည်း စစချင်းမြင်တော့ အံ့ဩသွားတာ သခင်မလေးကတော့ ဒီလက်ဆောင်ပေးတဲ့လူကိုသိမှာပဲ ဘယ်သူဖြစ်မလဲ”

“ကျွန်မက အခုမှ လျောင်ချန်မြို့တော်ကိုလာတာလေ လူနည်းနည်းပဲ သိသေးတယ်” ရှီမာယူယူသည် ခေါင်းခါလိုက်သည်။

“သခင်နှစ်ယောက်များလား” မုရုန်လင်း ခန့်မှန်းလိုက်သည်။

“မဟုတ်ဘူး” ရှီမာယူယူ ငြင်းဆန်သည် “သူတို့က ထွက်သွားလိုက်ပြီ သူတို့က ကျွန်မတို့ကိုစောင့်ကြည့်ဖို့ လျှို့ဝှက်စီစဉ်ထားရင်တောင် ဝိညာဉ်စု တည်ဆောက်မှုကို စီမံမယ့် ကျွန်မတို့အစီအစဉ်က သူတို့ဆီ ဒီလောက် မြန်မြန် ရောက်သွားမှာမဟုတ်ဘူး… ပြီးတော့ ဝိညာဉ်စုပုတီးစေ့ကိုလည်း ဒီလောက် မြန်မြန်ရှာနိုင်မှာမဟုတ်ဘူး”

ဟုတ်သည်… အနက်ရောင်သေတ္တာထဲတွင် သူတို့ရှာနေသည့် ဝိညာဉ်စု ပုတီးစေ့များရှိနေသည်။ ဒါပေမဲ့ သူတို့ ဝိညာဉ်စုတည်ဆောက်မှုသုံးနေပြီး ဝိညာဉ်စုပုတီးစေ့တွေလိုနေတယ်ဆိုတာကို ဘယ်သူကများသိနေတာလဲ။

သေချာစဉ်းစားစမ်း။

ထို့ကြောင့် မုရုန်လင်း၏ အမူအရာမှာပြောင်းလဲသွားခြင်းဖြစ်မည်။ ထိုကိစ္စသည် သူတို့၏ လျှို့ဝှက်ချက်ဖြစ်သည်။ အခု တခြားသူများ သိနေပြီး သူမကို ပေးခဲ့သည်။ ထိုအရာမှာပို၍ထူးဆန်းသည်။ ဤနေရာတွင် သူမ၏ သူငယ်ချင်းမှာ ရှောင်ရော့ပိုင် တစ်ယောက်သာရှိသည်။ သို့သော် သူမဆီမှ ရခြင်းမဟုတ်သည်မှာ သေချာသည်။

မိုကျိ၏ ပုံရိပ်သည် ရှီမာယူယူ၏ စိတ်ထဲတွင် ပေါ်လာသည်။ သူမ ဘာကြောင့်မှန်းမသိသော်လည်း သူပေးခြင်းဖြစ်မည်ဟု ခံစားရသည်။

“သခင်မလေး ဒီဟာကို ပေးတဲ့လူက…” မုရုန်လင်းသည် စိုးရိမ်လျက်ရှိ သည်။

ရှီမာယူယူသည် ပစ္စည်းများကိုချပြီး ပြောလိုက်သည် “ဒီပစ္စည်းတွေကို ပို့လိုက်တယ်ဆိုတော့ အဲလူက ဝိညာဉ်စုတည်ဆောက်မှုအကြောင်း သိနေပြီဆို တဲ့သဘောပဲ၊ ဒါပေမဲ့ ဒီလိုနည်းလမ်းကိုသုံးတာက တစ်ဖက်လူက လူသိရှင်ကြား မဖြစ်စေချင်ဘူးလို့ ဆိုလိုတာပဲ အဲဒါကြောင့် အဲလူမှာ မကောင်း တဲ့ရည်ရွယ်ချက်တော့ မရှိတဲ့ပုံပဲ”

“ဒါဆိုရင် ဒီပစ္စည်းက…”

“ဒီကိုရောက်လာမှတော့ အလဟဿအဖြစ်မခံတော့ဘူးလေ” ရှီမာယူယူ ပြောလိုက်သည်။ “ခဏနေရင် ကျွန်မ ဝိညာဉ်စုတည်ဆောက်မှုကို အဆင့်မြှင့် လိုက်မယ်”

တစ်ဖက်လူ၏ သရုပ်မှန်မှာ မရှင်းလင်းကြောင်း၊ ဤကဲ့သို့ ပစ္စည်းမျိုးကို ချင့်ချင့်ချိန်ချိန် ယူသင့်ကြောင်း ပြောချင်သည်။ သို့သော် ရှီမာယူယူ ဂရုမစိုက် ပေ။ သူမ ပြန်ယူသွားသည်။

“ဘဏ္ဍာထိန်း ရှင်သိ…” ရှီမာယူယူသည် မိုကျိ၏ သရုပ်မှန်ကို ဘဏ္ဍာ ထိန်းဆီမှ သိချင်သည်။ သူမသည် မိုကျိ၏ နာမည်ကိုမသိသဖြင့် သူ၏ ပုံပန်း သဏ္ဍာန်ကိုသာ ပြောပြရသည်။

“အဲလိုလူ လျောင်ချန်မြို့မှာရှိလားတော့ မသိဘူး” မုရုန်လင်းသည် ခေတ္တ မျှ စဉ်းစားလိုက်ပြီး လျောင်ချန်မြို့တွင် ထိုကဲ့သို့လူကို စဉ်းစားမရပေ‌။ “အဲလူ ကများ ဒီလက်ဆောင်ကိုပေးတာလား”

“အမှန်တရားကတော့ ပေါ်လာမှာပါ” ရှီမာယူယူ ပြောလိုက်သည် “ရှင် မသိဘူးဆိုမှတော့ အဲအကြောင်းကို စိတ်မပူပါနဲ့တော့ ဒီကိစ္စကို ကျွန်မ ရှင်းလိုက်ပါမယ် လုပ်စရာရှိတာ သွားလုပ်လိုက်ပါ”

“ဟုတ်ပါပြီ” မုရုန်လင်းသည် ဖြေပြီးသည်နှင့် ထွက်သွားသည်။

ရှီမာယူယူသည် သေတ္တာဖွင့်ပြီး အထဲမှ ဝိညာဉ်စုပုတီးများကို ကြည့် လိုက်ရာ စိတ်ထဲတွင်တော့ အပြင်ပန်းမှာကဲ့သို့ မတည်ငြိမ်နိုင်ပေ။

“ဒီလူက သူများတွေထက် ပိုပြီးလျှို့ဝှက်ဆန်းကြယ်တဲ့ ရောင်ဝါရှိတယ် ဒါပေမဲ့ သူက ရင်းနှီးသလိုမျိုးရှိတယ် ငါ ဝိညာဉ်စုပုတီးစေ့တွေ လိုနေတယ် ဆိုတာကို သိနေတယ်ဆိုတော့ သူက နယ်စားအိမ်တော်အကြောင်း တော်တော် သိနေတာပဲ” သူမသည် ဝိညာဉ်စုပုတီးစေ့များကို ကြည့်လိုက်သည် “ဒီနေ့ တွေ့ တာကို အကဲခတ်ရရင် အဲလူက ကိုင်တွယ်ဖို့ မလွယ်ဘူး ဒီလိုမျိုး မသေချာတဲ့ ဟာတွေရှိနေတာ တကယ်ကို အဆင်မပြေတာပဲ”

နောက်တစ်ခါ… နောက်တစ်ခါ တွေ့ရင်တော့ သူမ သူ့သရုပ်မှန်ကို သိအောင်လုပ်ရမည်။ စွန့်စားရလျှင်တောင် ဖြစ်နိုင်လောက် ဆွဲထုတ်ရမည်။ သို့သော် မီအာ၏ လက်ရှိအခြေအနေနှင့် ကိုင်တွယ်နိုင်မလားမသိပေ။

“အခုအရေးကြီးတာက သတ္တုကြောကို ရှာပြီး သူ့အားကိုပြန်ရအောင်လုပ် ရမယ် ပြီးရင် ငါ့ဝိညာဉ်ခန္ဓာကိုယ်ကို ကျင့်ကြံပြီးတော့ ငါ့ခန္ဓာကိုယ်ထဲက ချိပ်ကို ဖြေရှင်းရမယ်” သူမသည် သေတ္တာကို အသံမြည်အောင် ပိတ်လိုက်သည် “အခု ဒီပစ္စည်းကို သွားသုံးရမယ် ဒီကိုရောက်နေပြီဆိုမှတော့ မသုံးစရာအကြောင်း မရှိဘူး”

သူမသည် ဖုရုန်ဥယျာဉ်သို့သွားပြီးနောက် ဝိညာဉ်စုတည်ဆောက်မှုထဲသို့ ဝိညာဉ်စုပုတီးစေ့များထည့်လိုက်သည်။ ထိုပုတီးစေ့များနှင့် တစ်သားတည်း ဖြစ်စေရန် သူမသသည် တည်ဆောက်မှုကို ပြောင်းလဲမှုအနည်းငယ်လုပ်လိုက် သည်။ သည်လိုနှင့် ဝိညာဉ်စု၏သက်ရောက်မှုသည် အရင်ကထက်ပင် အဆ ပေါင်းများစွာ မြန်လာသည်။

နောက်ရက်အနည်းငယ်တွင် သူမသည် ကျင့်ကြံသည်။ နောက်တွင် ရှောင်ရော့ပိုင်သည် သူမဆီလာပြီး ကျေးဇူးတင်စကားပြောသည်။ သို့သော် ကြာကြာမနေပေ။

သူမ ဝိညာဉ်ခဲခြင်းအဆင့်အလယ်ရောက်ချိန်တွင် မုရုန်ဟွေ့လည်း ပြန်လာသည်။

“သခင်မလေး သခင်မလေး” ထင်စန်းသည် အပြင်မှ ခြံဝန်းထဲသို့ပြေး လာပြီး ထင်ရွှေသည် အိမ်ထဲမှထွက်လာသည်။ သူမ အလျင်စလိုပြေးဝင်လာ သည်ကိုမြင်သောအခါ ထင်ရွှေသတိပေးလိုက်သည် “အေးအေးဆေးဆေး လုပ်ပါဟ သခင်မလေးကို မလန့်စေနဲ့”

“မဟုတ်ဘူး အဲဒါ အဲဒါ တစ်ခုခုတော့လွဲနေပြီ” ထင်ရွှေသည် စိုးရိမ်တကြီး ပြေးလာပြီး စိတ်အိုက်နေရာ သူမ၏ အစကားများသည် ဗလုံးဗထွေးဖြစ်နေ သည်။

“ဘာလွဲတာလဲ နင်လုပ်လိုက်ရင် အလန့်တကြားချည်းပဲ”

“ဟုတ်တယ် သခင်လေ သခင်…”

“အဖေ ဘာဖြစ်လို့လဲ” ရှီမာယူယူ တံခါးဖွင့်ပြီး ထင်ရွှေကိုကြည့်ကာ လေးနက်သောအသံဖြင့် မေးလိုက်သည်။

“သခင် ဒဏ်ရာရလာတယ် သမားတော်လည်း ခေါ်ထားတယ် အရမ်း ပြင်းတဲ့ပုံပဲ.. ကျွန်မမသိတာ… သခင်မလေး သခင်က သူ့ခြံဝန်းထဲမှာပါ”

ထင်ရွှေ စကားမဆုံးခင်မှာပင် ရှီမာယူယူ၏ ပုံရိပ်မှာမရှိတော့ပေ။

ရှီမာယူယူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် မုရုန်ဟွေ့၏ ခြံဝန်းဆီသို့ ပြေးသွားသည်။ သူမ ပထမဆုံးမြင်လိုက်ရသည်မှာ စိုးရိမ်တကြီးပုံစံဖြင့် ပေါ် လာသော မုရုန်လင်းပင်ဖြစ်သည်။

“ဦးလေးလင်း အ‌ဖေ ဘယ်လိုနေလဲ”

“သခင်မလေး သခင်က အရမ်းကိုဆိုးဆိုးဝါးဝါးဒဏ်ရာရလာတယ် အိမ်တော်က သမားတော်တွေက သူ့ကိုကယ်ပါတယ် ဒါပေမဲ့…. ကျုပ်တို့လည်း မြို့မှာ အတော်ဆုံးဖြစ်တဲ့အကြီးအကဲဖုကို ပင့်ဖို့ လူလွှတ်ထားတယ် သူတို့ အရင်က မိတ်ဆွေသံယောဇဉ်ကိုထောက်ပြီး ကုပေးဖို့ မျှော်လင့်ပါတယ်” မုရုန်လင်းသည် ရှီမာယူယူကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူမသည် မုရုန်ရှီကဲ့သို့ အထိန်းအကွပ်မဲ့ခြင်းမရှိသည်ကို သူ သိသည်။

“အိမ်တော်က သမားတော်တွေတောင် သုံးမရဘူးလား အဖေ့ဒဏ်ရာက ပြင်းလား” ရှီမာယူယူ လေသံဖြင့် ပြောလိုက်သည် “ကျွန်မ ကြည့်မယ်”

“သခင်မလေး အဲဒီမှာ သမားတော်တွေ အများကြီးရှိပါတယ် သခင်မလေး ဝင်သွားလည်း အသုံးမဝင်ပါဘူး” မုရုန်လင်းသည် သူမကိုဆွဲထားပြီး ပြဿနာ ရှာမည်စိုးသဖြင့် လွှတ်မပေးပေ။

“ဘဏ္ဍာထိန်း ဘဏ္ဍာထိန်း” အစောင့်တစ်ယောက်သည် အပြင်မှ‌ပြေးလာ ပြီး မုရုန်လင်းကို မြင်သောအခါ မောဟိုက်စွာဖြင့် ပြောလေသည် “အကြီးအကဲ ဖု အကြီးအကဲဖုက မြို့ထဲမှာမရှိဘူး”

“ဘာ သူ ဘယ်သွားလိုက်တာလဲ” မုရုန်လင်း အော်လိုက်သည်။ အကြီးအကဲဖုက မရှိဘူး။ အထဲကသမားတော်တွေလည်း မစွမ်းသာဘူး။ ဒါဆိုရင် သခင့်ကို ဘယ်သူကယ်မှာလဲ။

“အကြီးအကဲဖုက မြို့ကနေထွက်သွားတာ နှစ်ရက်ရှီပြီ အခု သူ ဘယ်သွားလဲဆိုတာ မသိဘူး” အစောင့်မှ ပြောလိုက်သည်။

“ဘာတွေပြောနေတာလဲ အကြီးအကဲဖုမရှိဘူးလား ဘယ်လိုလုပ် ဒီလို ဖြစ်ရတာလဲ” ဒုဘဏ္ဍာထိန်းသည် အိမ်ထဲမှထွက်လာသည် “မင်းက နယ်စား အိမ်တော်ကဆိုတာ အစောင့်တွေသိလား”

“သိတာပေါ့” အစောင့်သည် မဟုတ်သည့်မေးခွန်းမေးနေသည်ဟု ထင်မိ သည်။ သူတို့သည် နယ်စားအိမ်တော်၏ အစောင့်ဝတ်စုံများ ဝတ်ထားကြသည်။ သူတို့က နယ်စားအိမ်တော်က ဆိုတာ လျောင်ချန်မြို့မှာ မသိတဲ့လူ ဘယ်မှာရှိ မှာလဲ။

“မြို့ထဲက အကောင်းဆုံးသမားတော်တွေက အထဲမှာရှိတယ် ပြီးတော့ အခု အကြီးအကဲဖုကို ရှာမတွေ့ဘူး သခင့်ကို ဘယ်သူကယ်မျာလဲ”

“ဘယ်လိုဖြစ်လို့ ဒီအချိန်ကျမှ အကြီးအကဲဖုကလည်း မြို့ကထွက်သွားရ တာလဲ သေချာများ စီစဉ်ထားသလားအောက်မေ့ရတယ်” ဒုဘဏ္ဍာထိန်း မေး လိုက်သည်။

“အဲဒါတွေကို ဂရုမစိုက်နိုင်တော့ဘူး မင်း သူ့ကိုရှာဖို့ လူလွှတ်လိုက် အကြီးအကဲဖုကို သေချာပေါက် ရှာတွေ့ရမယ် သူ့ကိုရှာတွေ့တာနဲ့ ဖမ်းပြီး ငါ့ ဆီခေါ်လာခဲ့ သွားတော့”

ရှီမာယူယူသည် စိုးရိမ်နေရာ ထိုစကားများကိုပင် နားမထောင်နိုင်တော့ ဘဲ သူတို့ကိုဖြတ်ကာ မုရုန်ဟွေ့၏ အခန်းထဲသို့ ဝင်သွားလိုက်သည်

သူမ ဝင်သွားသည်နှင့် မုရုန်ဟွေ့ကိုမမြင်ရဘဲ သူ့အိပ်ရာဘေးတွင် ဝိုင်း နေသော သမားတော် ခုနစ်ယောက် ရှစ်ယောက်ကိုသာတွေ့ရပြီး အထဲမှ အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

သို့သော် သမားတော်များသည် ဤနေရာတွင် အရေးကြီးသော လုပ်ရပ် လုပ်နေခြင်းမဟုတ်ပေ။ သူတို့၏ ခန့်မှန်းချက်များကိုသာ ပြောနေခြင်းဖြစ် သည်။

တချို့လူများသည် မုရုန်ဟွေ့၏ လက်ဒဏ်ရာအကြောင်း ပြောနေပြီး တချို့မှာ သူ၏ အသည်းကို မည်သို့ပြန်ကုရမည်ကို ပြောနေကြသည်။ သို့သော် သူတို့သည် အခြေခံအကျဆုံးဖြစ်သည့် သွေးတိတ်အောင်ပင် မလုပ်ကြပေ။

မုရုန်လင်းလည်း နောက်မှလိုက်ဝင်လာသည်။ သူတို့ကို ထိုပုံစံအတိုင်း မြင်နေရပြီး အခန်းထဲမှ သွေးနံ့ပြင်းပြင်းကို ရသောအခါ အော်လိုက်သည် “ခင်ဗျားတို့ ဒဏ်ရာကိုမကုနိုင်ရင်ထားတော့ အခြေခံအကျဆုံးဖြစ်တဲ့ သွေးတိတ်အောင်တောင် မလုပ်နိုင်ဘူးလား”

“ဘဏ္ဍာထိန်းလင်း ကျုပ်တို့က မလုပ်တတ်တာမဟုတ်ဘူး နယ်စားက အဆိပ်မိထားတာလေ သူ့သွေးကိုလည်း တိတ်အောင်လုပ်မရဘူး” သမားတော် တစ်ယောက်မှ ပြောလိုက်သည်။

“အဆိပ်ဟုတ်လား”

“ဟုတ်တယ် ဒီအဆိပ်ရဲ့ အဆိပ်ဖြေဆေးမရှိရင် သွေးတိတ်အောင်လုပ်ဖို့ နည်းလမ်းလည်းမရှိဘူး”

“ဒါပေမဲ့ ကျုပ်တို့လည်း နယ်စားကြီး သွေးတိတ်အောင်လို့ နည်းလမ်း အမျိုးမျိုးကိုသုံးပြီးပြီ”

“ဒီအသုံးမကျတဲ့လူတွေကို နှင်ထုတ်လိုက်တော့” ရှီမာယူယူသည် ဆန်ဖက်ထုပ်ကဲ့သို့ အထုပ်ခံထားရသည့် မုရုန်ဟွေ့ကိုမြင်သောအခါ အခန်းထဲ မှ သမားတော်များကို အော်လိုက်သည်။

သူမ၏ အော်သံနှင့်အတူ အခန်းမှာ ငြိမ်ကျသွားသည်။

“ဦးလေးလင်း အဲဒီအသုံးမကျတဲ့လူတွေကို ရှင်းလိုက်ပါ” ရှီမာယူယူသည် မုရုန်လင်းကို ညွှန်ကြားလိုက်သည်။

“သခင်မလေး မင်း မင်း…” ထိုသမားတော်များသည် အမြဲတစေ အလေး စားခံခဲ့ရသည်။ သို့သော် ရှီမာယူယူသည် သူတို့ကိုလက်ညှိုးထိုးကာ ကျိန်ဆဲခဲ့ သည်။ ထို့ကြောင့် သူမသည် ဒေါသထွက်ကာ ဘာမှမပြောနိုင်ပေ။

“သခင်မလေး” မုရုန်လင်းလည်း အံ့ဩသွားသည်။ သူတို့သာမရှိရင် သခင် ဘယ်လိုလုပ်တော့မလဲ။

“ဦးလေးလင်း” ရှီမာယူယူသည် မုရုန်လင်းကို ကြည့်လိုက်သည်။ နောက် မြင်လိုက်ရသည်မှာ သူမ၏ စူးရှလှသော မျက်လုံးများဖြစ်သည်။ ထို့နောက် သူ တခြားသော သမားတော်များကို ပြောလိုက်သည် “ကျုပ်တို့ သခင်မလေး ပြော မှတော့ ခင်ဗျားတို့အားလုံး ထွက်သွားလိုက်ကြပါ”

“မုရုန်လင်း သူမက ဒီအတိုင်း လိုက်ရှုပ်ရုံပဲ ဘာတွေကွာခြားနေလဲ မသိ ဘူးလား ခင်ဗျား ကျုပ်တို့ကိုနှင်ထုတ်ရင် နယ်စားဘယ်လိုလုပ်မလဲ”

“အဖေပြန်လာတာ နာရီဝက်ကျော်နေပြီ ရှင်တို့ ဘာများသုံးလို့ရလို့လဲ ဒီကနေ ထွက်သွားကြပါ” ရှီမာယူယူသည် ထိုသမားတော်များကို အားနာမှု တစိုးတစိမှမရှိပေ။ ထို့ကြောင့် သူ့ကိုမကယ်နိုင်လျှင်တောင် အဆိပ်ဖြေဆေး နည်းလမ်းစဉ်းစားနိုင်ရမည်။ သူတို့သည် အိပ်ရာဘေးတွင် ကျယ်လောင်စွာ စကားပြောနေကြပြီး တော်လှတတ်လှပြီဟု ပြောနေပြန်သည်။

ထိုကဲ့သို့လူမျိုးများသည် ကြည့်လိုက်လျှင်တောင် မျက်လုံးနာလာသည်။

မုရုန်လင်းသည် သူမ ထိုသို့ပြောသည်ကို ကြားသောအခါ စဉ်းစား ပြီးနောက် ထိုလူများအားလုံးကို နှင်ထုတ်လိုက်သည်။

သမားတော်များသည် ဒေါသထွက်ကြသည်။ သို့သော် အားလုံးမှာ နှင်ထုတ်ခံလိုက်ရသည်သာ။

မုရုန်လင်းသည် တံခါးပိတ်ပြီး လှည့်လိုက်ရာ ရှီမာယူယူ အိပ်ရာဘေးတွင် ထိုင်နေကာ ကတ်ကြေးထုတ်ပြီး မုရုန်ဟွေ့အား စည်းထားသည့် ပတ်တီးများ ကို ညှပ်နေသည်ကို မြင်သောအခါ အော်လိုက်သည် “သခင်မလေး ဘာလုပ် တာလဲ”

“ဒါတွေ အကုန်သုံးမရဘူး” ရှီမာယူယူ၏ လက်လှုပ်ရှားမှုမှာ အလွန်မြန် ဆန်သည်။ အနည်းငယ်ညှပ်လိုက်သော်လည်း ပတ်တီးများအားလုံး ကုန်သွား သည်။

မုရုန်လင်းသည် သူမကို ကြည့်ပြီး တားသင့် မတားသင့်ကို တွေးတောနေ သည်။

“ဒီကိုလာပြီး ကျွန်မကို ကူညီပါဦး အရင်ဆုံးခုံတွေကို ရွေ့လာပေး” ရှီမာယူယူသည် သူ ဘေးတွင်ရှိနေသည်ကိုမြင်သောအခါ နောက်ဆုတ်ပေးပြီး အမိန့်ပေးလိုက်သသည်။

မုရုန်လင်းသည် အကြောင်းအရင်းကို မသိပေ။ သို့သော် သူ လက်ဝေ့ လိုက်သည်နှင့် ခုံများကိုသူမဘေးသို့ ရွေ့ပေးလိုက်သသည်။

ရှီမာယူယူသည် ငွေအပ်များထည့်ထားသည့် သေတ္တာကို ထုတ်ပြီး ဖွင့် လိုက်ရာ ငွေအပ်များပေါ်လာတော့သည်။ မုရုန်လင်းသည် ငွေအပ်များကို မြင် သောအခါ သွေးတိတ်အောင် သူမ လုပ်တော့မည်ဟု နားလည်လိုက်သည်။

ရှီမာယူယူသည် မုရုန်ဟွေ့၏ အပ်စိုက်မည့် သွေးကြောများကို ငွေအပ် တစ်ချောင်းချင်းစီ စိုက်လိုက်ရာ သူ၏ဒဏ်ရာသည် သွေးတဖြည်းဖြည်းရပ်သွား လေသည်။

ထိုအချိန်တွင် သူမ လွန်ခဲ့သည့် ရက်အနည်းငယ်က အဆင့်တက်သွား သည်ကိုပင် ကျေးဇူးတင်ရမည်။ သူမ၏ စွမ်းအားတစ်ပိုင်းသည် အလိုလိုပင် ပွင့် သွားကာ ဝိညာဉ်စွမ်အားလည်း တိုးလာသည်။ သူမ၏ စွမ်းအားတိုးလာသဖြင့် ဝိညာဉ်စေတီမှာလည်း ပွင့်လာကာ တစ်ခုပြီးတစ်ခုပေါ်လာသည်။ ငွေအပ်များ သည် ထိုထဲမှတစ်ခုပင်ဖြစ်သည်။

ခဏအကြာတွင် မုရုန်လင်း၏ ခန္ဓာကိုယ်မှသွေးသည် လုံးဝရပ်တန့်သွား သည်။ မုရုန်လင်းမှာ အလွန်ပျော်ရွှင်သွားသည်။

“သခင်မလေး သခင်ရဲ့ အဆိပ်က ပြေသွားပြီလား” သူသည် ငွေအပ်စိုက် နည်းပညာကိုသိသဖြင့် ငွေအပ်များ၏ လုပ်ဆောင်ချက်ကို နားမလည်ပေ။ ထို သမားတော်များသည် အဆိပ်ဖြေဆေးမရှိလျှင် သွေးမရပ်နိုင်ဟု ပြောခဲ့သည်ကို တွေးပြီး ငွေအပ်များသည် စွမ်းလှသည်ဟု ထင်နေသည်။

ရှီမာယူယူသည် ငွေအပ်ကိုဆွဲမထုတ်ဘဲ လက်ကိုင်ပုဝါထုတ်ကာ မုရုန်ဟွေ့၏ မျက်နှာမှ သွေးများကို သုတ်ပေးလိုက်သည်။

“အဆိပ်ကတော့ မရှင်းသေးဘူး ငွေအပ်နဲ့ ပိတ်လိုက်လို့ သွေးထွက်တာ ယာယီပဲရပ်သွားတာ ဦးလေးလင်း ဒီမှာနေပေးပါ အဖေ့ခန္ဓာကိုယ်ထဲက အဆိပ် ကိုလေ့လာဖို့ အချိန်လိုတယ်” ပြောပြီးနောက် သူမ ယူသွားသည်။ သူသည် သွေးပေနေသော လက်ကိုင်ပုဝါနှင့်ထွက်သွားပြီးနောက် မည်သူမှဝင်ခွင့်မရှိ ကြောင်း အမိန့်ပေးသည်။ အမိန့်မနာခံသူမှာ အသတ်ခံရမည်။

***

All Chapters