ဒဏ်ရာကြောင့် ပြန်လာခြင်း
Vol. 128 Ch. 1783
ရှီမာယူယူသည် ဘေးအခန်းသို့သွားပြီး အတားအဆီးတည်ဆောက်ကာ အဆိပ်ကိုလေ့လောရန် ဝိညာဉ်စေတီအတွင်းသို့ ဝင်ခဲ့လိုက်သည်။
သူမ၏ အမေဖြစ်သူကြောင့် တစ္ဆေလောကအကြောင်းကို များစွာ လေ့လာခဲ့မိသည်ကို ကျေးဇူးတင်မိသည်။
သူမ ဝိညာဉ်စေတီအတွင်း အဆိပ်အကြောင်းလေ့လာစဉ်တွင် မုရုန်လင်း သည် မုရုန်ဟွေ့ကို စောင့်ကြည့်ပေးနေသည်။ သူ့ခန္ဓာကိုယ်မှ ငွေအပ်များကို ကြည့်လိုက် သူမ စီမံသည့်တည်ဆောက်မှုကိုကြည့်လိုက်နှင့် ခံစားချက်များစွာ ပြည့်နှက်နေသည်။
“သခင် သခင်မလေးရဲ့ ဝိညာဉ်စွမ်းအားကို အထင်မသေးနဲ့ သူမ စီမံထား တဲ့ တည်ဆောက်မှုက ကျွန်တော်တောင် ဖျက်ဆီးဖို့မလွယ်ဘူး တကယ် မိုက် တယ်” သူရေရွတ်လိုက်သည် “သခင်မလေးက ငယ်ငယ်လေးနဲ့ ဒီလောက် အများကြီးလုပ်နိုင်တယ် မင်းသမီးလော့က တကယ်ပဲ တော်တဲ့သမီးမွေးထား တာပဲ”
နာရီအနည်းငယ်အကြာတွင် ရှီမာယူယူသည် ဆေးပစ္စည်းစာရင်းတစ်ခု ယူကာ ထွက်လာပြီး မုရုန်လင်းကိုပေးကာ ပြောလိုက်သည် “ဒီဟာတွေကို ရှာပေးပါ မနက်ဖြန်မနက်ထက် နောက်မကျပါစေနဲ့”
မုရုန်လင်းသည် တစ်ချက်ကြည့်ပြီး ပြောလိုက်သည် “ဒီဆေးပစ္စည်းတွေ ကအရမ်းမရှားပါဘူး အများစုကရနိုင်တယ် တခြားဟာတွေက အပြင်မှာရှာလို့ရ တယ် အဲဒါကြောင့် နည်းနည်းတော့ ကြာမယ် ဒါပေမဲ့ ဒီနေ့ညပဲရနိုင်ပါတယ်”
“ဟုတ်ပြီ ကျွန်မ ဒီမှာပဲစောင့်နေလိုက်မယ် အဲဒါရှာဖို့ လူလွှတ်လိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။
မုရုန်လင်းသည် အရိုအသေပြုပြီး နောက်ပြန်ဆုတ်သွားသည်။ မကြာမီ တွင် ထိုဆေးပစ္စည်းများရောက်လာသည်နှင့် မုရုန်လင်း၏ အဆိပ်ကိုလည်း ဖြေရှင်းနိုင်တော့မည်။
ရှီမာယူယူသည် အိပ်ရာပေါ်တွင် မှီပြီးအနားယူလိုက်သည်။ ဝိညာဉ်စေတီ အတွင်းတွင် ရက်အနည်းငယ်နေပြီးနောက်တွင် သူမ ပင်ပန်းသည်ဟု ခံစားလာ ရသည်။ ဆေးပစ္စည်းများအားလုံး စုံသောအခါ သူမသည် သန့်စင်ရဦးမည်ဖြစ် သဖြင့် စိတ်စွမ်းအားကို သန်မာအောင် ထိန်းသိမ်းရမည်။
မုရုန်လင်း အဆင်သင့်ဖြစ်သည်နှင့် သူသည် ဆေးပစ္စည်းများနှင့် ရောက် လာရာ သူမ ခေါင်းအုံးကိုမှီကာ မျက်လုံးမှိတ်နေသည်ကို မြင်လိုက်ရသည်။ သူ သည် သူမကို စိတ်မကောင်းစွာကြည့်လိုက်သည်။ သူမ အရမ်းပင်ပန်းနေမှာပဲ ဟုတ်တယ်မလား။
ရှီမာယူယူသည် တစ်ယောက်ယောက် ဝင်လာသည်ကို ခံစားမိပြီး မျက်လုံးဖွင့်ကာ မေးလိုက်သည် “အကုန်အဆင်ပြေတယ်မလား”
“အင်း”
ရှီမာယူယူသည် မုရုန်ဟွေ့၏ သွေးခုန်နှုန်းကို စမ်းကြည့်ပြီး အခြေအနေ တည်ငြိမ်သည်ကို သေချာအောင်လုပ်ပြီးနောက် ထကာ မုရုန်လင်းကို ပြော လိုက်သည် “ဒီမှာ ရာနှုန်းပြည့် ယုံရတဲ့လူရှိလား”
“ရာနှုန်းပြည့်ယုံရတဲ့လူလား” မုရုန်လင်းသည် ထိတ်လန့်သွားသည်။ သူမ ဘာကြောင့် ထိုသို့ပြောသည်ကို သိချင်နေသည်။
“ဒီတစ်ခေါက် ကိစ္စက ရိုးရှင်းမယ်လို့ ထင်မထားဘူး အိမ်တော်ထဲကလူ တွေကိုလည်း ကျွန်မမယုံဘူး ပြီးတော့ စောင့်ကြည့်ဖို့အတွက် ရာနှုန်းပြည့် ယုံရတဲ့လူရှာဖို့လိုတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ကျုပ် သခင့်ကိုစောင့်ရှောက်လိုက်ပါမယ်” မုရုန်လင်း ပြောလေသည်။
ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ကျွန်မ ခဏနေလုပ်မယ့်အလုပ်မှာ ဦးလေးအကူအညီလိုတယ်”
“ရာနှုန်းပြည့်ယုံရတဲ့လူကလည်း အားကောင်းမှဖြစ်မယ် ဒီအချိန်မှာ အတည်ပြုဖို့ကလည်း မလွယ်ဘူး” ရှီမာယူယူ၏ အလွန်သိက္ခာရှိသော မျက်နှာ ထားကိုမြင်သောအခါ မူရုန်လင်းလည်း ထူးဆန်းသည်ကို သတိထားမိသည်။ မုရုန်ဟွေ့၏ လုံခြုံရေးကို သေချာအောင်လုပ်ရမည်ဆိုလျှင် သာမာန်လူကို ရှာခြင်းမှာ အလုပ်မဖြစ်ပေ။
“ကျုုပ်စောင့်မယ်” တံခါးမှ အရပ်ပုပုပုံရိပ်တစ်ခုထွက်လာသည်။ ရှီမာယူယူ စီမံထားသော အတားအဆီးမှာ သူ့အပေါ်အသုံးမဝင်ပေ။
သူမသည် အလွန်အားနည်းနေသေးတုန်းပင်။
ရှီမာယူယူသည် ထိုအဘိုးအိုကို မြင်လိုက်သည်… သူက စာကြည့်ဆောင် မှာတုန်းက သူမနဲ့တွေ့ခဲ့တဲ့ အဘိုးမလား။
“ဘိုးဘေးကြီး” မုရုန်လင်းသည် သူ့ကိုအရိုအသေပေးသည်။
ရှီမာယူယူ မအံ့ဩပေ။ ထိုစဉ်က သူမသည် သူ၏ သရုပ်မှန်ကို ခန့်မှန်းမိ ပြီးသားဖြစ်သည်။
“မင်းတို့လုပ်စရာရှိတာသာ သွားလုပ်ချေ ဒီကကိစ္စကို ငါ့ကိုအပ်ထားလိုက်” အဘိုးအိုသည် သူတို့နှစ်ယောက်ကို ပြောလေသည်။
“ဒါဆို ဘိုးဘေးကြီးကိုပဲ ဒုက္ခပေးရတော့မယ် ဒီနားကို ဘယ်သူမှ မလာ စေပါနဲ့ ဦးလေးလင်း ကျွန်မနဲ့လိုက်ခဲ့ပါ”
ရှီမာယူယူသည် မုရုန်လင်းကို ဘေးအခန်းဆီသို့ခေါ်သွားပြီး ဆေးဖိုထုတ် ပြီး ပြောလိုက်သည် “ခဏနေရင် ကျွန်မ အဆိပ်ဖြေဆေးသန့်စင်ရမယ် ဦးလေး က စောင့်ကြပ်ပေးပါ ဝိညာဉ်စွမ်းအင်ထည့်ဖို့အချိန်ကျရင် ကျွန်မနဲ့လိုက်ခဲ့ပေး ပါ.. ကျွန်မပြောသလိုလုပ်ပေးပါ ကျွန်မစွမ်းအားက အဆင့်မြင့်ဆေးသန့်စင်ဖို့ဆို အားနည်းနေသေးတယ်”
ထိုကိစ္စအတွက် သူ့ကိုခေါ်လိမ့်မည်ဟု မုရုန်လင်း ထင်မထားပေ။ ထို့ကြောင့် သူ ပြန်ဖြေလိုက်သည် “ဟုတ်ပြီ”
ရှီမာယူယူသည် စကားအပိုများမပြောတော့ဘဲ ဆေးဖိုထုတ်ကာ ပြင်ဆင် ထားသော ဆေးပစ္စည်းများကို ထည့်ပြီး ကျွမ်းကျင်စွာ သန့်စင်သည်။
မုရုန်လင်းသည်လည်း အချိန်တစ်ခုကြာအောင် အဂ္ဂိရတ်ပညာကို လေ့လာဖူးသည်။ တစ်ချက်ကြည့်လိုက်သည်နှင့် ရှီမာယူယူ၏ လှုပ်ရှားမှုများ သည် အလွန်ယုံကြည်ချက်ရှိကာ သခင်တစ်ယောက် အဆင့်ရှိသည်ဟုပင် ပြော ၍ရသည်။
ဆေးပစ္စည်းများကို သန့်စင်ပြီးသောအခါ ကြားအဆင့်များတွင် ရှီမာယူယူ အမှားများလုပ်မိသည်။ သို့သော် ကံကောင်းစွာပင် အရာအားလုံးမှာ ချောချော မွေ့မွေ့ပြီးသွားသည်။
“တစ္ဆေလောက ဆေးပစ္စည်းတွေနဲ့ သန့်စင်တာ ဒါပထမဆုံးပဲ ကျွန်မ ကျွမ်းတော့မကျွမ်းသေးဘူး” ရှီမာယူယူ ပြောလိုက်သည် “နောက်တစ်ဆင့်က ဆေးကိုခဲမယ်”
သူမတွင် ကိုယ်ပိုင်မီးတောက်မရှိသေးပေ။ အရင်ကမီးတောက်ကိုလည်း သုံး၍မရတော့ပေ။ ထို့ကြောင့် သူမသည် အပြင်မီးတောက်ကိုသာ သုံးရသည်။ လုပ်ငန်းစဉ်မှာ ကျေနပ်စရာမရှိပေ။ သူမသည် သုံးကြိမ်ဆက်တိုက် ကျရှုံးသည်။
သူမသည် အသက်ပြင်းပြင်းရှုကာ စိတ်မပူရန် သူမကိုယ်သူမ ပြောပြီး နောက်ဆုံးကျန်သော သန့်စင်ထားသည့် အဆီအနှစ်များကို ကောက်ပြီး စတင် သန့်စင်တော့သည်။
သူမ စိတ်ကိုပြင်ဆင်နေသည်ကို မြင်သောအခါ မုရုန်လင်း တိတ်တိတ် လေးအံ့ဩမိသည်။
သူသည် သူမကို အဆက်မပြတ်ကြည့်နေသည်။ သူမသည် တစ္ဆေမျိုးနွယ် ၏ ဆေးများနှင့် မရင်းနှီးသောကြောင့် ကောင်းစွာမလုပ်နိုင်ဘဲ အကြိမ်ပေါင်း များစွာ ကျရှုံးသွားသဖြင့် သူမ၏ စိတ်မှာလည်း အနည်းငယ်လောနေမည်မှာ မလွဲပေ။ သို့သော် သူမသည် တစ်မိနစ်မပြည့်လိုက်သော အချိန်မှာပင် သူမ ကိုယ်သူမ စိတ်ငြိမ်အောင်လုပ်နိုင်သည်။ ထိုအကျင့်စရိုက်မှာ အမှန်တကယ်ပင် သာမာန်လူတွင် မရှိနိုင်ပေ။
ခဏကြာပြီးနောက် သူသည် သူမ၏ ရုတ်တရက်ညွှန်ကြားချက်ကို ကြား လိုက်ရကာ သူ့ကို ဝိညာဉ်စွမ်းအင်ထည့်ရန် ပြောလေသည်။ သူသည် ချက်ချင်း ပင် ဆေးဖိုဆီသို့လျှောက်သွားပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။
ရှီမာယူယူသည် ဆေးဖိုထဲမှ အခြေအနေကိုထိန်းချုပ်ပြီးနောက် မည်သို့ ဆက်လုပ်ရမည်ကို မုရုန်လင်းကို ပြောပြသည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ ခက်ခဲ သော်လည်း အောင်မြင်သည်ဟု တွေး၍ရသည်။
သူမ လာပြီး ဆေးဖိုကိုဖွင့်လိုက်ရာ ထူးဆန်းသောပုံသဏ္ဍာန်ရှိသော ဆေး ကိုမြင်သောအခါ စိတ်သက်သာရာရသွားသည်။
“ဒီဆေးရဲ့ သက်ရောက်မှုကို စမ်းရအောင်”
သူတိုနှစ်ယောက် ပြန်သွားသောအခါ အဘိုးအို၏ စူးစမ်းသော အကြည့် ကိုမြင်သည်နှင့် ခေါင်းညိတ်ကာ မုရုန်ဟွေ့၏ အိပ်ရာဆီသို့သွားကာ ဆေးတိုက် လိုက်သည်။
ဆေးသက်ရောက်မှုရှိရန် နာရီဝက်ကြာမြင့်သည်။ မိနစ်တိုင်း စက္ကန့်တိုင်း မှာ ၁ နှစ်ကြာသလိုမျိုး မုရုန်လင်း ခံစားရသည်။ နာရီဝက်မပြည့်ခင်တွင် ရှီမာယူယူ ထပြီး မုရုန်လင်း၏ သွေးခုန်နှုန်းကို စမ်းပြီးနောက် အဆိပ်ပြေသွား ပြီဟု ပြောလိုက်မှပင် သူ၏ စိတ်များသက်သာသွားတော့သည်။
“နောက်ဆုံးတော့ သခင် သက်သာသွားပြီ” သူမသည် အရာအားလုံးကို နားလည်လွန်းသည်ဟု တွေးကာ သူ ရှီမာယူယူကို ပျော်ရွှင်စွာ ပြောလိုက်သည်။
“အဲလောက်ကြီး အပျော်မစောသေးနဲ့ဦး” ရှီမာယူယူသည် ငွေအပ်ကို ဆွဲထုတ်ပြီး ပြောလိုက်သည် “အခု သူက အဆိပ်ဖြေရုံတင်ရှိသေးတာ သူ့ ဒဏ်ရာက ပြင်းထန်နေတုန်းပဲ ဂရုမစိုက်လိုက်ရင် နိုးမလာနိုင်တာဖြစ်နိုင်တယ်”
“ဒါပေမဲ့ အနည်းဆုံးတော့ အဆိပ်ပြေသွားပြီမလား ဒါဆိုရင်ကို အဆင့် ကြီးတစ်ခုကျော်သွားနိုင်တာပဲ” မုရနု်လင်းသည် သူမ၏ ဆေးပညာကို ယုံ ကြည့်သည်။
“အခုအဖေ့အဆိပ်ပြေသွားတာကို သတင်းမပျံ့စေနဲ့ဦး” ရှီမာယူယူ တိုက်တွန်းလိုက်သည် “အပြင်သွားရင် ပျော်တဲ့ပုံမပြနဲ့”
“ကောင်မလေး မင်းဘာလုပ်ချင်နေတာလဲ” အဘိုးအို မေးလိုက်သည်။
“အဖေ ဒီတစ်ခေါက်ဖြစ်တဲ့ကိစ္စက နယ်စားအိမ်တော်ထဲက အတွင်းလူ လက်ချက်ဖြစ်မယ်လို့ သံသယရှိတယ် ဘာလုပ်ရမလဲဆိုတာမသိသေးဘူး အဲဒါ ကြောင့် မပြောတာကောင်းမယ် အဖေ့အခြေအနေကို အပြင်ကလူသိတာနဲ့ လှုပ်မရဘဲဖြစ်သွားလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
“အင်း.. ရှီအာ ပြောသလိုဆို နယ်စားရဲ့အခြေအနေက ဆိုးတယ် ဘယ်သူ့ ကိုမှ နှောင့်ယှက်ခွင့်မပေးနဲ့လို့ ပြောလိုက်” အဘိုးအို အမိန့်ထုတ်သည်။
“ဘာသံသယရှိတာလဲ”
ရှီမာယူယူသည် သူ့ကို စိုက်ကြည့်ပြီး တိုးညင်းစွာ ပြောလိုက်သည် “ကျွန်မ စိတ်ထဲမှာ သံသယရှိတဲ့လူရှိနေရင် လျှို့ဝှက်ခိုင်းမှာမဟုတ်ဘူး ဖမ်းခိုင်း လိုက်မှာပဲ ဒါပေမဲ့ အဲလူတွေ သူ့ဘာသာဝင်လာမှာ မကြာပါဘူး…”
***