← Chapters

သတင်းအတုများ

Vol. 128 Ch. 1784

သတင်းအတုများ

Vol. 128 Ch. 1784

မုရုန်ဟွေ့အဆိပ်မိပြီး သွေးထွက်မရပ်သည့် သတင်းမှာ လျောင်ချန်မြို့ တွင် ပျံ့သွားသည်။ နယ်စားအိမ်တော်တစ်ခုလုံးတွင် မှောင်မိုက်မှုများ လွှမ်းမိုး နေလေပြီ။

ထိုနှစ်ရက်အတွင်းတွင် သွေးအားပြည့်ဆေးများ အဆက်မပြတ် ပို့ရပြီး သွေးအိုးများလည်း ထွက်လာသည်။ အပြင်မှလူများ ဝင်ခွင့်မရှိသဖြင့် အထဲမှ အခြေအနေကို စိတ်ပူရုံသာရှိသည်။

သို့သော် ရှီမာယူယူသည် မည်သူကိုမှ မဝင်ရအမိန့်ထုတ်ထားသဖြင့် အထဲ မှအခြေအနေကို အတိအကျမသိရပေ။

ပြီးခဲ့သည့် အခြေအနေကို အခြေခံရလျှင် မုရုန်ဟွေ့၏ အချစ်ခံရသော မုရုန်ရှီဖြစ်စေကာမူ နယ်စားအိမ်တော်အတွင်း ရာထူးမမြင့်လှသဖြင့် သူမ၏ စကားများကို အလေးအနက်မထားခဲ့ပေ။ သို့သော် သည်တစ်ကြိမ်မှာ မတူပေ။ ဘဏ္ဍာထိန်းမူရုန်လင်းပင်လျှင် အမိန့်ကိုလိုက်နာပြီး မျိုးနွယ်အကြီးအကဲမှ ကိုယ်တိုင်နေရာပေးထားသဖြင့် သူမ၏ အမိန့်ကိုမည်သူမှ မလွန်ဆန်ရဲပေ။

သို့သော် မုရုန်ဟွေ့၏ အခန်းထဲတွင် အပြင်ကလောက် ယောက်ယက် ခတ်ခြင်းမရှိပေ။ တည်ငြိမ်ပြီး သက်တောင့်သက်သာရှိလှသည်။

မုရုန်ဟွေ့နှင့် အဘိုးအိုတို့သည် အိပ်ရာပေါ်တွင် စစ်တုရင်ကစားနေကာ မုရုန်လင်းနှင့် ရှီမာယူယူတို့သည် ဆေးပစ္စည်းများနှင့် ကစားရင်း သူတို့ကို ကြည့်နေသည်။ သူမသည် အပြင်မှပို့လာသော ဆေးပစ္စည်းများကို ခုတ်ထစ်ပြီး အဆီအနှစ်များထုတ်၍ ပန်းကန်လုံးတွင်ထည့်ကာ မြေပေါ်ချလိုက်သည်။

အမည်းလေးသည် မြေပြင်ပေါ်တွင် နမ်းရှုတ်ကာ ပျင်းရိစွာဖြင့် မျက်လုံး မှိတ်ထားသည်။

“မင်း မသောက်ရင်လည်း ပြန်တော့” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည်။

အမည်းလေးသည် နှစ်ကြိမ်မျှ ဆန့်ကျင်သော်လည်း ကျိုးနွံစွာပင် အကုန် သောက်လိုက်လေသည်။ သူ၏ လက်ရှိခံစားချက်ကို ဖော်ပြရန် ပန်းကန်လုံးကို ပါ စားလိုက်ချင်သဖြင့် ကြမ်းကြမ်းလေးကိုက်လိုက်သည်။

ထိုနေရာမှ လှုပ်ရှားမှုများသည် တခြားသုံးယောက်၏ အာရုံကိုပါ ဆွဲဆောင်လေသည်။ အမည်းလေး၏ နစ်နာမှုကိုကြည့်ပြီး အားလုံးသည် ပြုံး လိုက်ကြပြီး ခေါင်းခါလေသည်။

“သူ မသောက်ချင်ရင်လည်း အတင်းမတိုက်ပါနဲ့” အဘိုးအိုသည် အနည်း ငယ် ကသိကအောက်နှင့်ပြောသည်။

ရှီမာယူယူသည် ဆေးပစ္စည်းများကို ဆက်ခုတ်ထစ်ရင်း ခေါင်းမမော့ဘဲ ပြောလိုက်သည် “ဒီဆေးတွေကို စားကြည့်သင့်တဘ် မဟုတ်ရင်လည်း ဘိုးဘေး ကြီး လာစားကြည့်မလား”

အဘိုးအိုသည် သူမ လက်ထဲမှ ဆေးပစ္စည်းများကိုကြည့်ပြီး ခေါင်းခါလိုက် သည် “မင်းရဲ့ ခွေးလေးကိုပဲ စားခိုင်းလိုက်ပါ”

အမည်းလေး မျက်လုံးပွင့်လာပြီး သူ့ကိုစိုက်ကြည့်ပြီးမှ စိတ်မပါလက်မပါ ဖြင့် ပြန်ပိတ်သွားသည်။

မုရုန်ဟွေ့သည် စစ်တုရင်ကစားနေရာမှ သူမ ဆေးပစ္စည်းများကို လေ့လာရဦးမည်ဟု ကြားသောအခါ ပြောလိုက်သည် “ရှီအာ အဖေ ဒီမှာ ဘယ်လောက်ကြာအောင်နေရဦးမှာလဲ”

“အဖေ အဖေ့ဒဏ်ရာကအခုထိ မသက်သာသေးဘူး အနည်းဆုံး သုံးရက် ကနေ ငါးရက်တော့နေရမယ်” ရှီမာယူယူ ပြောလိုက်သည် “အဲအချိန်ကျရင် ဦးလေးလင်းလည်း သူလျှိုကိုဖမ်းပြီးလောက်ပြီ”

“အဲဒီ သူလျှိုက တစ်ခုခုလုပ်နေပြီလို့ တကယ်ထင်တာလား” အဘိုးအို မေးလေသည်။

“ကျွန်မက တိုက်ဆိုင်တယ်ဆိုတာကို မယုံဘူး… တိုက်ဆိုင်တာတွေ များ လာရင် ရည်ရွယ်ချက်ရှိရှိလုပ်တာပဲ” ရှီမာယူယူ ပြောလိုက်သည် “အဖေ ပြန်လာတဲ့လမ်းမှာ ဘာလို့ အထွတ်အထိပ်သားရဲတွေ အများကြီးနဲ့တွေ့တာလဲ အဖေပြန်လာပြီးတော့ ဆေးကုနိုင်တဲ့ အကြီးအကဲဖုက ဘာလို့ပျောက်သွားတာ လဲ ဒီလိုအဆိပ်က သွေးမထွက်ဘဲ ရှာမတွေ့နိုင်တာလဲ ပြီးတော့ အဆိပ်ကို နားလည်တဲ့သူက အဖေ့ကိုချဉ်းကပ်တာပဲဖြစ်မယ် ဒါတွေအကုန်လုံးကို ပေါင်း ကြည့်လိုက်ရင် သံသယမဝင်ဖို့ဆိုတာ ခက်တယ်”

အကြီးအကဲဖု ဤနေရာတွင် မရှိသည်ကို သိကတည်းကပင် သူမ ထိုသို့ ခံစားရသည်။ အရာအားလုံးသည် တိုက်ဆိုင်လွန်းသည်။ ထိုတိုက်ဆိုင်မှုသည် တိုက်ဆိုင်မှုမဟုတ်သလို ခံစားရသည်။

“ဒါဆိုရင် သူလျှိုက ဘယ်သူဖြစ်မယ်လို့ထင်လဲ” မုရုန်ဟွေ့ မေးလိုက် သည်။

“အဖေ အဖေတို့အားလုံး သံသယရှိပြီးပြီမဟုတ်ဘူးလား သမီးကို ဘာလို့ မေးနေသေးတာလဲ” ရှီမာယူယူ နှုတ်ခမ်းဆူသည် “သမီး အဲဒီကိစ္စတွေ ဂရုမစိုက် ဘူး အဖေ့ကိုကုဖို့ပဲလိုတယ်”

“ငါ တကယ်သိချင်လို့ပါ မင်း ဘယ်လောက်တောင် သိထားတာလဲ” အဘိုးအို ပြောလိုက်သည် “ဆေးပညာ အဂ္ဂိရတ်ပညာ တည်ဆောက်မှု မင်း ဘာလုပ်နိုင်သေးလဲ”

“အဲဒါအကုန်ပါပဲ” ရှီမာယူယူ ပြောလိုက်သည် “အရင်တုန်းက နည်းနည်း သင်ဖူးတာပါ”

သူတို့သုံးယောက် သူမကို ကြည့်လိုက်သည်။ မည်သူမှ မယုံကြည်ပေ။

“ဒနဲ့ အဖေ ဒီတစ်ခေါက် သတ္တုကြောကို ကိုင်တွယ်ဖို့သွားမှာလား အဖေ သတ္တုကြောကို စိတ်ဝင်စားလို့လား” ရှီမာယူယူ မေးလိုက်သည်။

“အစတုန်းကတော့ သွားကြည့်ချင်နေတာ ဒါပေမဲ့ အခုတော့ ဒီကိစ္စက သူများတွေလွှင့်တဲ့ သတင်းအတုပဲဖြစ်မယ်ထင်တယ်” မုရုန်ဟွေ့ ပြောလိုက် သည်။

“သတင်းအတုဟုတ်လား” ရှီမာယူယူ မယုံကြည်သလိုပင်။

“ပြီးတော့ ဒါ အဖေတစ်ယောက်တည်းမဟုတ်ဘူး မိသားစုတွေအများကြီး ဒီကိစ္စမှာ ပါနေတယ် ဒါပေမဲ့ ဘယ်သူမှ သတ္တုကြောကိုရှာမတွေ့ကြဘူး” မုရုန်ဟွေ့ ရှင်းပြသည် “အဖေတို့ တောင်ပတ်ပတ်လည်ကို ရှာပြီးပြီ ဘာမှ ရှာမတွေ့ဘူး ပြီးတော့ အဖေတွက်ချက်ပြီးပြီ ဒီသတင်းကအတုလို့ခံစားရတယ် အဖေတို့ကို ထောင်ချောက်ထဲဆွဲသွင်းမယ့် သတင်းပဲ”

“သတင်းက အမှန်ဆိုရင်ရော” ရှီမာယူယူ မေးလိုက်သည်။

“တကယ်လား ဘာလို့အဲလိုတွေးတာလဲ” မုရုန်ဟွေ့ မေးလိုက်သည်။

“ဘာလို့လဲဆိုတော့… ထောင်ချောက်ဆင်တဲ့လူက ဒီသတင်းကို မရှိဘဲနဲ့ တော့မထုတ်ဘူး တကယ်သာ သတင်းကအတုဆန်လွန်းရင် အကုန်လုံးက ယုံမှာမဟုတ်ဘူးလေ” ရှီမာယူယူသည် မီအာအကြောင်းမပြောဘဲ ဆင်ခြေ တစ်ခုပေးလိုက်သည်။ ထိုအရာကလည်း ဆင်ခြေဟုပင် မှတ်ယူ၍ရသည်။

“ဟုတ်တယ်” မုရုန်ဟွေ့လည်း ထိုသို့ခံစားရသည်။ “အရင်က အဖေတို့ ရတဲ့ သတင်းကအမှန်ဖြစ်မယ် မဟုတ်ရင် အဲလိုမျိုးအလောတကြီးမသွားဘူး ဒါပေမဲ့ အဲဒီကိုရောက်တော့ အကြာကြီးရှာတာတောင် မတွေ့လို့ သတင်းအတု ဖြစ်မယ်လို့ တွေးလိုက်တာ ဒါပေမဲ့ သမီးပြောတာကို သုံးသပ်ကြည့်တော့ အဓိပ္ပာယ်ရှိတယ်”

“အဖေ သမီး သတ္တုကြောရှာတာနဲ့ ပတ်သက်ပြီး နည်းနည်းလေ့လာထား တယ် ဒီကိစ္စပြီးတဲ့အထိ ဘာလို့မစောင့်တာလဲ သမီး အဖေနဲ့ လိုက်ခဲ့မယ်” ရှီမာယူယူ ပြောပြီးသည်နှင့် သူတို့ အားလုံး သူမကို စိုက်ကြည့်နေသည်ကို တွေ့ ရာ မေးလိုက်သည် “ဘာဖြစ်လို့လဲ”

“သခင်မလေးက သတ္တုကြောကို ဘယ်လိုရှာရမလဲဆိုတာ သိသေးတာ လား” မုရုန်လင်းသည် တအံ့တဩမေးသည်။

“နည်းနည်းပါ” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မ အရမ်းကြီးနားမလည် ပေမဲ့ စွမ်းအားရှိတဲ့လူရှိရင်တော့ ကျွန်မ ကူညီပေးနိုင်ပါတယ်”

“သမီးအဲလိုပြောမှတော့ အတူသွားကြတာပေါ့” မုရုန်ဟွေ့ သဘောတူ လိုက်သည်။ သူ ရှီမာယူယူနှင့် အတူရှိလေလေ သူမတွင် စွမ်းဆောင်ရည်ရှိသည် ဟု ခံစားရလေလေဖြစ်ရာ သူမည် သတ္တုကြောရှာရာတွင် ကူညီပေးနိုင်လောက် သည်။

လျောင်ပြည်နယ်မှ အခြေအနေသည် လတ်တလောတွင် ပို၍ပြင်းထန် လာသည်။ သူသည် မင်းသားကို သံယောဇဉ်နက်ရှိုင်းသော်လည်း လျောင် ပြည်နယ်၏ ခက်ခဲသောအခြေအနေမှာ မလုံလောက်သေးပေ။ လျောင်ပြည်နယ်မှ သတ္တုကြောရှာတွေ့ခြင်း မတွေ့ခြင်းမှာ မင်းသားအတွက် အရေးပါလှသည်။

“လူလာနေပြီ” အဘိုးအိုသည် လက်ထဲမှ နယ်ရုပ်ကို စစ်တုရင် သေတ္တာ ထဲသို့ ထည့်လိုက်သည် “တကယ်ပဲ ဒီလောက်လူတွေအများကြီးလာတာ ငါ့ အချိန်တွေ ကုန်သွားတာပဲရှိတယ်”

“သခင်မလေး သခင်နဲ့နေနေပါ အဲလူတွေ ဖောက်မလာနိုင်ပါဘူး” မုရုန်လင်း ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမ၏ အားနှင့်ဆိုလျှင် အလောတကြီးလုပ်၍မရပေ။

မုရုန်လင်းနှင့် အဘိုးအိုတို့ ထွက်သွားကြသည်။ သူမသည် အခန်းအပြင်မှ မေးခွန်းထုတ်သည့်အသံများနှင့် ရန်ဖြစ်နေသည့် အသံများကိုကြားရသောအခါ မုရုန်ဟွေ့ကို လှည့်ကြည့်လိုက်သည်။

မုရုန်ဟွေ့သည် စားပွဲပေါ်မှ စစ်တုရင်ကို လေ့လာနေဆဲဖြစ်ကာ အပြင်မှ အခြေအနေကို လုံးဝစိတ်မပူပေ။ ယနေ့ကိစ္စမှာ မျှော်မှန်းထားသည့် ကိစ္စပင် ဖြစ်နိုင်သည်။

သူမ နှုတ်ခမ်းဆူလိုက်သည်။ သူတို့ ဒီလိုမျိုး စီစဉ်ထားတာ သေချာနေတာ ပဲ။ အဲဒါကို သူမကိုမေးနေသေးတယ်။ သူတို့က သူမကို စမ်းသပ်ချင်နေတာ မဟုတ်ဘူးလား။

အပြင်တွင် ဒုဘဏ္ဍာထိန်းသည် လူများကိုဦးဆောင်လာကာ ခြံဝန်းတစ်ခု လုံးကို ဝိုင်းလိုက်သည်။ မုရုန်လင်းတို့သည် သူတို့၏ ပုံစံကြောင့် အံ့ဩသွား သည်။ သူတို့သည် မေးခွန်းမထုတ်ရသေးခင်မှာပင် နှစ်ဖက်လုံးသည် တိုက်ခိုက် ကြလေသည်။

“အဖေ ဒုဘဏ္ဍာထိန်းလက်ချက်ဆိုတာကို သိထားတာလား” ရှီမာယူယူ မေးလိုက်သည်။

“သိတယ် အဖေရှိတဲ့နေရာကို သိတဲ့လူက နည်းနည်းပဲရှိတယ် ကျန်တဲ့လူ က အဖေထာဝရတောက်ပခြင်းမြို့ကိုသွားပြီးမှ ပြန်လာကြတာ သူပဲ သစ္စာ ဖောက်တာပဲ”

“ဒါဆိုရင် သူ့နောက်ကွယ်ကလူကို သိလား” ရှီမာယူယူ မေးပြန်သည်။

***

All Chapters