← Chapters

အကြီးအကဲဖု

Vol. 128 Ch. 1785

အကြီးအကဲဖု

Vol. 128 Ch. 1785

နယ်စားအိမ်တော်၏ ဒုဘဏ္ဍာထိန်းဖြစ်လာရခြင်းမှာ အရင်က မုရုန်ဟွေ့ ၏ ယုံကြည်မှုကိုခံခဲ့ရသည်ကို ပြသနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် သူ ထာဝရ တောက်ပခြင်းမြို့သို့သွားခဲ့သည့် ဆယ်စုနှစ်များတွင် တခြားသူ၏ သွေးထိုးမှုကို ခံရသည်မှာ တစ်ဖက်လူသည် အစွမ်းအစရှိသည်ကို ပြသနေသည်။

“နည်းနည်းပါ” မုရုန်ဟွေ့သည် ချဲ့ကားရန် ရည်ရွယ်ချက်မရှိသည့်ပုံပင်။ ထိုကဲ့သို့ ပူးပေါင်းကြံစည်မှုမျိုးကို သူမ မသိလေ ကောင်းလေဖြစ်သည်။

သူ ထိုသို့ပြောသည်ကို ရှီမာယူယူ မြင်သောအခါ သူ့စိတ်ထဲတွင် ခံစားနေ ရမည်ကို သူမ သိသဖြင့် မေးခွန်းမမေးတော့ဘဲ ရှေ့တွင်ရှိသော ဆေးပစ္စည်းများ ကို ဆက်လေ့လာနေလိုက်သည်။

“ဝုတ် ဝုတ်”

အမည်းလေးသည် မြေပေါ်မှထကာ သူမ၏ စကတ်အစွန်းကိုကိုက်လေ သည်။

“မရဘူး အပြင်မှာ အန္တရာယ်များတယ် မင်း ထွက်သွားလို့မရဘူး လိမ္မာ တယ် ဒါလာစားလိုက်”

“ဝုတ် ဝုတ်”

အမည်းလေးသည် စိတ်ထဲတွင် တိတ်တဆိတ် ငိုမိသည်။

မုရုန်ဟွေ့ စစ်တုရင်ကစားပြီးသည်အထိ စောင့်ရင်းနှင့် ရှီမာယူယူရှေ့မှ ဆေးပစ္စည်းများအားလုံး သန့်စင်ပြီး အမည်းလေးပါးစပ်ထဲသို့ ရောက်သွားချိန် တွင် အပြင်မှတိုက်ပွဲပြီးသွားလေသည်။

သူမ ထပြီး အမည်းလေး၏ ခေါင်းကိုပုတ်လိုက်ရာ အမည်းလေးသည် ချင်ချင်းပင် အားပြည့်သွားလေသည်။

“အဖေ ကျန်တဲ့ကိစ္စကိုတော့ သမီးဝင်မပါပါဘူး သတ္တုတွင်း သွားရှာမယ် ဆိုရင်တော့ သမီးကို သတိပေးဖို့မမေ့ပါနဲ့”

“ဟုတ်ပြီ ဒီတစ်ခါအတွက် ကျေးဇူးတင်ပါတယ်” မုရုန်ဟွေ့သည် ဝမ်းပန်း တသသာပြောလေသည်။

သူမ မရှိလျှင် သူသည် သွေးထွက်လွန်၍ သေသွားနိုင်သည်။

ရှီမာယူယူ ပြုံးလိုက်ပြီး အမည်းလေးနှင့်အတူ ထွက်သွားသည်။ အပြင် ဘက်နေရာတိုင်းတွင် သွေးမည်းများပြည့်ကာ နံဟောင်နေသည်။

“ဝုတ် ဝုတ်”

“တကယ်ကို အနံ့ဆိုးတာပဲ”

“ဝုတ် ဝုတ်”

“အင်း… နောက်ဆိုရင် မင်းကို ဆေးပင်တွေ ဒီလောက်အများကြီး မစား ခိုင်းတော့ဘူး”

“ဝုတ် ဝုတ်”

“ငါသိပါတယ် နောက်တစ်ခါဆိုရင် မင်းကို ဆေးပင်တွေ ဒီလောက် အများကြီး မစားခိုင်းဘူး ပြီးတော့ ရှောင်ချီသာရှိရင် မကြိုက်ဘူးဆိုတာမရှိဘူး”

“ဝုတ် ဝုတ်”

ခြံထဲမှ အစောင့်များသည် ပေကျံနေသည်များကို ရှင်းလင်းနေသည်။ လူ နှင့် ခွေးတစ်ကောင်ကြားမှ ပြောနေသံများကို ကြားသောအခါ သူမဆီသို့ အလိုလိုပင် အကြည့်များရောက်လာကြသည်။

သူတို့သည် မုရုန်လင်းနှင့် ဒုဘဏ္ဍာထိန်းတို့အကြားမှ စကားများကို ကြား ဖူးသည်။ သည်တစ်ကြိမ်တွင် သူမ၏ ဆေးပညာနှင့် ဗျူဟာကြောင့်သာမဟုတ် လျှင် မတွေးရဲစရာပင်။ ယခုအချိန်၌ သခင်မလေးကို မည်သူမှ မစက်ဆုပ်ရဲကြ တော့ပေ။

ရက်အနည်းငယ်ကြာပြီးနောက် မုရုန်ဟွေ့သည် နောက်ပိုင်းကိစ္စများကို ဖြေရှင်းရန် အားလုံးရှေ့တွင် မထိမခိုက်ဘဲပေါ်လာသည်။ နယ်စားအိမ်တော် အပေါ်တွင် လွှမ်းခြုံနေသော တိမ်တိုက်မည်းများမှာ ပျောက်ကွယ်သွားလေပြီ။

မုရုန်ဟွေ့၏ စီမံချက်ကြောင့် နယ်စားအိမ်တော်တွင် ဤကဲ့သို့ အန္တရာယ် များသော ကိစ္စဖြစ်သွားသည်ကို နယ်စားအိမ်တော်မှ လူများမှလွဲပြီး မည်သူမှ မသိကြပေ။ သူမသည် ထိုအကျပ်အတည်းကို ဖြေရှင်းခဲ့သည်ကိုတော့ ထည့် မပြောပေ။

တစ်နေ့တွင် အစကတည်းက မမြင်ခဲ့ရသည့် အဘိုးအိုတစ်ယောက်သည် နယ်စားအိမ်တော်ရောက်လာသည်။

အကြီးအကဲဖုသည် မုရုန်ဟွေ့ကိုမြင်သောအခါ အရင် လျှောက်လဲလေ သည် “နယ်စား ကျုပ်က မြို့ကနေထွက်သွားလိုက်တာ ခင်ဗျားအလိုအပ်ဆုံး အချိန်မှာ ကျုပ်မြို့ထဲမှာမရှိလိုက်ဘူး ခင်ဗျားကိုစိတ်ညစ်စေမိပြီ တောင်းပန်ပါ တယ် နယ်စား”

မုရုန်ဟွေ့သည် သူ့ကို ထူကာ ပြောလိုက်သည် “ဒီကိစ္စအတွက်ကတော့ အကြီးအကဲဖုကို အပြစ်မတင်ပါဘူး ပြီးတော့ ကိုယ့်ဘာသာလည်း အပြစ်တင် ဖို့မလိုပါဘူး”

“အဲနေ့က ခင်ဗျားအဆိပ်မိပြီး သမားတော်တွေလည်း ဘာမှမတတ်သာ ဘူးလို့ကြားတယ် နောက်ကျ ဘယ်သူကယ်လိုက်လဲ မသိဘူး” အကြီးအကဲဖု မေးလိုက်သည်။

မုရုန်ဟွေ့၏ မျက်နှာမှအပြုံးသည် တစ်ခဏမျှတန့်သွားသည်။ သို့သော် မြန်ဆန်လှသဖြင့် အကြီးအကဲဖုန် မမြင်လိုက်ရပေ။ သူ ပြုံးပြီး ပြောလိုက်သည် “တကယ်တော့ ကျုပ် အဆိပ်မမိပါဘူး သူများတွေက မှားသိတာနေမှာပါ”

“ခင်ဗျားက အဆိပ်မမိဘူးလား” အကြီးအကဲဖု မှင်တက်နေသည် “ဒါဖြင့် ဘာလို့လူလွှတ်ပြီး ကျုပ်ကိုရှာတာလဲ”

“အဲတုန်းက ဒဏ်ရာပြင်းတယ်ထင်လို့ အကြီးအကဲဖုကို ကြည့်ခိုင်းချင်လို့ ပါ” မုရုန်ဟွေ့ ရှင်းပြလေသည် “အဲလူတွေ ပြောတာလွဲလို့နေပါလိမ့်မယ် မဟုတ်ရင် အကြီးအကဲဖုတ်မရှိရင် ကျုပ် ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”

“တကယ်လား အဆိပ်မမိဘူးပေါ့” အကြီးအကဲဖုသည် မယုံနိုင်သေးပေ။

“ဟုတ်ပါတယ်” မုရုန်ဟွေ့သည် အခိုင်အမာပင် ခေါင်းညိတ်လေသည် “ဘာလို့လဲ အကြီးအကဲဖုက ကျုပ်အဆိပ်မိတာကို အရမ်းစိတ်ပူနေတဲ့ပုံပဲ”

“ကျုပ် အရမ်းစိတ်ပူနေတာပါ” အကြီးအကဲဖု ဝန်ခံသည် “ကျုပ် မြို့ကို ပြန်လာတော့ ဒီသတင်းကြားလိုက်တာ ပြီးတော့ ကျုပ်တို့နယ်စားကို မကူညီ နိုင်လိုက်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာ အခု ခင်ဗျားအဆိပ်မမိဘူး ဆိုတာ သိရတော့ စိတ်အေးပါပြီ”

“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် အကြီးအကဲဖု” မုရုန်ဟွေ့ ပြုံးလိုက် သည်။

“နယ်စားပြောမှတော့ ကျုပ်စိတ်ညစ်မနေတော့ပါဘူး” အကြီးအကဲဖုနှင့် စကားအနည်းငယ်ပြောပြီးနောက် အစောင့်များကို လိုက်ပို့ခိုင်းလိုက်သည်။

မုရုန်ဟွေ့သည် အကြီးအကဲဖု၏ မျက်လုံးများ အေးစက်သွားသည်ကို ကြည့်ပြီး ဘေးရှိမုရုန်လင်းကို ပြောလိုက်သည် “မင်းလူလွှတ်ပြီး စုံစမ်းလိုက် အခုတလော သူ ဘယ်သူနဲ့အဆက်အသွယ်ရှီလဲ ပြီးတော့ သူ့နောက်လိုက်ပြီး လှုပ်ရှားမှုတွေကို စောင့်ကြည့်ထားလိုက်”

“ဟုတ်ကဲ့ပါ သခင်” မုရုန်လင်းသည် အမိန့်ရပြီးနောက် ထွက်သွားသည်။

“အဖေ ဒီအဘိုးကြီးရဲ့ ဇာစ်မြစ်ကဘာလဲ” ရှီမာယူယူသည် နောက်တံခါး တစ်ပေါက်မှ ဝင်လာပြီး မေးသည်။

အကြီးအကဲဖုမလာခင်တွင် ရှီမာယူယူသည် မုရုန်ဟွေ့နှင့် သတ္တုကြော များအကြောင်း ဆွေးနွေးနေခဲ့သည်။ အကြီးအကဲဖု လာသည်ဟု ကြားသော အခါ သူမ နေရာမှယာယီရှောင်ပေးခဲ့သည်။ သို့သော် ဤကဲ့သို့ စကားများ ကြားလိုက်ရမည်ဟု ထင်မထားပေ။

အခုအကြီးအကဲဖု ပြောသမျှကို အကဲဖြတ်ကြည့်လျှင် မုရုန်ဟွေ့ အဆိပ် မမိဟူသော အချက်တွင် တုံ့ပြန်ချက်မှာ အလွန်ထူးဆန်းပြီး ပုံမှန်မဟုတ်သည် ကို အနံ့ခံမိစေသည်။

“အကြီးအကဲဖုက တော်ဝင်နန်းတော်မှာ သမားတော်အဖြစ်လုပ်ခဲ့တာ အကြောင်းအရင်းတချို့ကြောင့် သူ နန်းတော်ကထွက်ပြီး လျောင်ချန်မြို့ကို ရောက်လာတာ သူက မင်းသားလေးရဲ့ဆရာပဲ အဲဒါကြောင့် ရာထူးမြင့်တယ် မင်းသားတောင်မှ သူ့ရဲ့ဆေးပညာကိုချီးကျူးရတယ် သူများတွေဆို သူ့ကို ပိုပြီး လေးစားကြတယ်” မုရုန်ဟွေ့သည်သူမကို ရှင်းပြသည်။

“မင်းသားလေးက အဖေ့ကိုသတ်ချင်နေတာလား” ရှီမာယူယူ မေးလိုက် သည်။

“မဟုတ်ဘူး” မုရုန်ဟွေ့ ခေါင်းခါသည် “မင်းသားလေးက မင်းသားအချစ် ဆုံးကလေးပဲ သူ့ကို နောက်တက်မယ့်မင်းသားအဖြစ် လျာထားတာ အဖေက မင်းသားကိုသစ္စာရှိတယ် အဲဒါကြောင့် သူနဲ့ အဖေ့ကြားမှာ ပဋိပက္ခဖြစ်စရာ အကြောင်းမရှိဘူး”

“အဲဒီတော့ တခြားလူတွေက အဖေ့ကိုသတ်ဖို့ ဒီအဘိုးကြီးကိုခေါ်လာတာ လက်ရှိကိစ္စတွေကို မသိတဲ့လူပေါ့” ရှီမာယူယူ ခန့်မှန်းလိုက်သည် “ဒီလိုမျိုး သားတွေအများကြီးရှိနိုင်တာ ဘယ်သူလဲ”

“ဖြစ်နိုင်ချေကတော့ အများကြီးပဲ” မုရုန်ဟွေ့ ပြောလေသည် “သံသယ ဖြစ်စရာအကောင်းဆုံးကတော့ ပုလ္လင်ကို မနာလိုတဲ့လူက မသင်္ကာစရာ အကောင်းဆုံးပဲ”

ရှီမာယူယူ သဘောတူသည်။ တချို့လူမှာ နိမ့်ချနေတတ်သည်။ သို့သော် ဟောင်တတ်သည့်ခွေးသည် မကိုက်တတ်ဟု အဆိုရှိပြန်သည်။ သူတို့ လျှို့ဝှက် လုပ်ဆောင်နေသည့်အရာကို မည်သူသိနိုင်မည်နည်း။

“အဖေ အကြီးအကဲဖုက မင်းသားလေးရဲ့ ဆရာဆိုတော့ သူ့ကို တိုက်ရိုက် သတ်လို့မရဘူး မဟုတ်ရင် သူလျှိုက မင်းသားလေးရဲ့ စိတ်ကို သွေးထိုးလိမ့် မယ် တိကျတဲ့သက်သေရှိရင်တော့ မင်းသားလေးကို ပြောကြတာပေါ့” ရှီမာယူယူသည် အကြံပြုသည်။ သူသည် သစ္စာအဖောက်ခံရသဖြင့် ဤကိစ္စကို သူကိုယ်တိုင် ဖြေရှင်းသည်က ပိုကောင်းသည်။

မုရုန်ဟွေ့ ခေါင်းညိတ်လိုက်သည် “အဖေလည်း အဲလိုလုပ်ဖို့ စီစဉ်ထား တယ်”

“ဒါဆိုရင် သတ္တုကြောကို ဘယ်တော့သွားရှာမှာလဲ” သူမ မေးလိုက် သည်။

“သန်ဘက်ခါ”

“အဖေ သတ္တုကြောရှာမယ်ဆိုရင် အလားအလာကို သမီးဖွင့်မယ်”

“သမီးကလား”

“ဟုတ်တယ် တစ္ဆေလောကက သတ္တုကြောကို မမြင်ဖူးသေးလို့ လေ့လာ ချင်လို့ပါ သမီးမလုပ်နိုင်ရင်လည်း ဝိညာဉ်ရှာသခင်ကိုလုပ်ခိုင်းလိုက်ပေါ့ ရလား”

မုရုန်ဟွေ့သည် သူမ အခြေအနေကိုရှုပ်အောင်လုပ်ပြီး သတ္တုကြောကို ဖျက်ဆီးလိုက်မည်ကို အနည်းငယ်စိုးရိမ်မိသည်။ သို့သော် သူ စက္ကန့်အနည်း ငယ် တွေဝေပြီးနောက် သဘောတူလိုက်သည်။

“သမီးသွားချင်ရင် သွားပါ ဒါပေမဲ့ သတ္တုကြောကိုတော့ ဖျက်ဆီးလို့မရ ဘူး” သူ တိုက်တွန်းလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဖေ ဒါဆို သမီးသွားပြင်ဆင်လိုက်ဦးမယ်” ရှီမာယူယူ ပြောပြီးသည်နှင့် ပျော်ရွှင်စွာ ထွက်သွားလေသည်။

မုရုန်ဟွေ့သည် သူမ၏ တက်ကြွမှုကိုကြည့်ပြီး ရယ်မောလိုက်သည် “ကြည့်ရတာ တကယ်ပဲသတ္တုကြောကိုရှာနိုင်မယ့်ပုံပဲ” ဒါပေမဲ့ သူ သူမကို ဘာလို့ အဲလောက်ယုံနေတာလဲ။

***

All Chapters