ကိုယ့်ကိုယ်ကို ကာကွယ်ဖို့သိတယ်
Vol. 128 Ch. 1788
ရှီမာယူယူ သက်ပြင်းချမိသည်။ ဘာလို့ ဒီလိုဖြစ်ရတာလဲ။
ရှောင်းမျိုးနွယ်သည် မင်းသား ၇ ၏ လှုံ့ဆော်ချက်ကြောင့် လုပ်ခဲ့သည်။ ဖြစ်ချင်တော့ ရှောင်ရော့ပိုင် အိမ်တွင်မရှိသည့်အချိန်တွင် ဖြစ်ခဲ့သည်။ ပြီးနောက် သူတို့ သစ္စာစောင့်သိမှုကို ပြောင်းလဲလိုက်ကြောင်းကို ရှောင်ရော့ပိုင် မသိသည်မှာ သေချာသည်။
သူမ၏ အကျင့်နှင့်ဆိုလျှင် ထိုကိစ္စများကို သိပါက လွယ်လင့်တကူ လက်ခံလိမ့်မည် မဟုတ်ပေ။
“အဘိုး ပြောပါဦး… နယ်စားဒဏ်ရာရတာက အဘိုးနဲ့ဘာမှမဆိုင်ဘူး မလား” ရှောင်ရော့ပိုင်သည် ရှောင်မိသားစုခေါင်းဆောင်ကို ကြည့်ရာ သူ မငြင်း ဆန်သည်ကို မြင်သောအခါ သူမ၏ မျက်လုံးထဲတွင် နာကျင်မှုများဖြစ်ပေါ်သွား ပြီး ရေရွတ်လိုက်သည် “ဘာလို့လဲ… ဘာလို့လဲ…”
“ရော့ပိုင် ဘာမှမမေးပါနဲ့ အဖေတို့ ဒါလုပ်တာက ကိုယ့်အကြောင်းပြချက် နဲ့ကိုယ်ရှိတယ်” ရှောင်မိသားစုခေါင်းဆောင် ပြောလိုက်သည်။
“ဟုတ်ပြီ ဒီအကြောင်းကို မမေးတော့ဘူး သမီး မေးခွန်းတစ်ခုပဲ မေးမယ် သမီးကို နယ်စားအိမ်တော်ကိုသွားပြီး ရှီအာကိုရှာခိုင်းတာက… သတင်း သွား စုံစမ်းခိုင်းတာလား အဘိုးက သမီးကိုအသုံးချလိုက်တာပဲ” ရှောင်ရော့ပိုင်သည် မျက်လုံးထဲတွင် မျက်ရည်များအပြည့်ဖြင့် ပြောလေသည် “အဘိုးက သမီးကို ဘယ်တော့မှအသုံးမချဘူး ရှောင်မျိုးနွယ်က မင်းသမီးလေးလို ပူပင်ကြောင့်ကြ မဲ့စွာနဲ့ နေခိုင်းမယ်လို့ တစ်ခါကပြောဖူးတယ် အဘိုး ရော့ပိုင်က မိသားစုရဲ့ အကျိုးစီးပွားကို ဆုံးရှုံးစေသွားတာလား”
“ရော့ပိုင်…” သူမ၏ တုံ့ပြန်မှုမှာ ခက်ထန်လှသည်ကို ကြည့်ပြီး ရှောင် မိသားစုခေါင်းဆောင်သည် အလွန်စိတ်မကောင်းပေ။ ထို့အအပြင် သူသည် သူမ ကလေးဘဝကတည်းက ချစ်ခဲ့သည်။
သူမ နောက်ပြန်ုတ်လိုက်ပြီး မျက်လုံးများမှာလည်း အေးစက်လာသည် “အဘိုး မင်းသား ၇ ကဒီမှာရှိတယ် မင်းသား ၇ နဲ့အရင်စကားပြောလိုက်ပါ သူသာ သမီးတို့ကို အပြစ်တင်ရင် ရှောင်မျိုးနွယ်က ခံနိုင်ရည်ရှိမှာမဟုတ်ဘူး”
“မင်းသား ၇…” ရှောင်မိသားစု ခေါင်းဆောင်နှင့် တခြားသူများသည် ခေါင်းမော့လိုက်သည်။ မင်းသား ၇ ရဲ့ ပုံရိပ်က ဘယ်ရောက်သွားတာလဲ။
“ခေါင်းဆေင် မင်းသား ၇ မရှိတော့ဘူးလား”
ရှောင်မိသားစုခေါင်းဆောင်သည် တစ်ခုခုလွဲမှားနေသည်ကို သိလိုက်၏။ အခုလေးတင် ရှေ့တွင်ရှိနေသည့် မင်းသား ၇ သည် ရုတ်တရက် ပျောက်သွား သည်။
“ငါတို့တွေ ထင်ယောင်ထင်မှားဝင်္ကပါထဲရောက်နေပြီထင်တယ်” သူ လှည့်ပတ်ကြည့်လိုက်ရာ ပတ်ပတ်လည်မှ မြင်ကွင်းများ ပြောင်းမသွားသည်ကို မြင်လိုက်ရသည်။ သို့သော် သေချာဂရုစိုက်ကြည့်လျှင် ထိုနေရာတွင် တစ်ခုခု လွဲနေသည်ကို တွေ့နိုင်သည်။
“ဘယ်လိုဖြစ်လို့ ထင်ယောင်ထင်မှားဝင်္ကပါထဲဝင်လာတာလဲ ဒီမှာ ဘယ်သူက ထင်ယောင်ထင်မှားဝင်္ကပါလို့ စီမံခဲ့တာလဲ” အားလုံး အော်လိုက်ကြ သည်။ သူတို့သည် မသိလိုက်ဘဲနှင့် ဝင်လာမိသွားသည်။ ဤထင်ယောင် ထင်မှားဝင်္ကပါသည် အလွန်ပင် အားကောင်းလှသည်။
“ငါတို့တွေ အရူးလုပ်ခံလိုက်ရတဲ့ပုံပဲ” ရှောင်မိသားစုခေါင်းဆောင် ပြော လိုက်သည် “ဒါက ငါတို့ထွက်လာဖို့စီမံထားတာလား မဟုတ်ရင် ငါတို့အတွက် အထူးစီမံထားတာလား မသိတာ”
“ဟင် မင်းးက ဘာလို့ဒီရောက်နေတာလဲ” သုန်းမျိုးနွယ်ခေါင်းဆောင် သည် သုန်းမျိုးနွယ်ဝင်များနှင့်ရောက်လာရာ တောင်ကြားမှလူများ အံ့ဩသွား လေသည်။
အခုလေးတင် ဘယ်သူမှမရှိပါဘူး။
“ဒီမှာ ထင်ယောင်ထင်မှားဝင်္ကပါရှိနေတယ် ကျုပ်တို့ ဒီဝင်္ကပါထဲမှာ ပိတ်မိနေတယ်” ရှောင်မိသားစုခေါင်းဆောင် ပြောလိုက်သည်။
“ထင်ယောင်ထင်မှားဝင်္ကပါလား” ထိုအခါမှ သုန်းမျိုးနွယ်သည် ဤနေရာ မှ ပတ်ဝန်းကျင်သည် အနည်းငယ်လွဲနေသည်ကို သိလိုက်ရသည်။
သို့သော် သူတို့ ဝင်္ကပါကို မဖကျ်ရသေးခင်မှာပင် လူတစ်ယောက် လျှောက်ဝင်လာသည်။ တဖြည်းဖြည်းနှင့် ယွဲ့ရှီတောင်ကြားတွင် လူများ ပိုပိုစုဝေးလာသည်။
ကမ်းပါးပေါ်တွင် မိုကျိသည် အောက်မှအခြေအနေကိုကြည်ပြီး လေးစား သွားသည် “ဒီဝင်္ကပါက ငါထင်ထားတာထက်ကို ပိုတာပဲ ငါဆိုရင်တောင် ဒီလို ဝင်္ကပါစီမံနိုင်မှာမဟုတ်ဘူး သူမက အလွယ်တကူငါ့ကိုနိုင်သွားတာပဲ”
“ဒီဝင်္ကပါက အရမ်းအားကောင်းတာလား” ယွမ်ယွမ်သည် ဝင်္ကပါများကို နားမလည်ပေ။ သို့သော် သူ့ဘေးတွင်ရှိသော လူမှာ မည်မျှအားကောင်းကြောင်း ကို သိသဖြင့် ချီးမွမ်းချက်ကို ကြားလိုက်ရသည်။ ထို့ကြောင့် ဤတည်ဆောက်မှု မှာ အလွန်ပင်အားကောင်းသည်ဟု ဆိုလိုခြင်းဖြစ်မည်။
“ဒီဝင်္ကပါက ပထမဆုံးကြည့်ရင်တော့ အရမ်းရိုးရှင်းတယ် ဒါပေမဲ့ သာမာန်ထင်ယောင်ထင်မှား ဝင်္ကပါထက် ပိုပြီးကြီးတယ် ဒီလောက်လူတွေ အများကြီးဝင်လာတာကို ယိမ်းယိုင်လဲကျသွားတာမျိုးမရှိဘူး တခြားသူရဲ့ ထင်ယောင်ထင်မှားဝင်္ကပါသာဆိုရင် ဒီအချိန်လောက်မှာ ပြိုသွားလောက်ပြီ” မိုကျိရှင်းပြလေသည် “ပြီးတော့ ဒီဝင်္ကပါက ဒီလောက်မရိုးရှင်းဘူး အထဲမှာ နောက်ထပ်ဆန်းကြယ်မှုရှိသေးတယ်”
“ဘာရှိသေးတာလဲ”
“အောက်ကိုကြည့်လိုက်ရင် သိလိမ့်မယ်” မိုကျိသည် ရှင်းရှင်းလင်းလင်း မပြောဘဲ တစ်ဖက်တွင်ရှိနေသော ရှီမာယူယူကို စိတ်ဝင်တစားကြည့်လိုက်၏။
အဲဒါကြောင့် ဒီကိစ္စကို တာဝန်ယူလိုက်ရင် ပျင်းစရာကောင်းမှာမဟုတ် ဘူးလို့ ဘိုးဘေးကြီးပြောတာကိုး။ တကယ်ပါပဲလား။ ဒါပေမဲ့ ဒီမိန်းကလေးက အရမ်းခုခံတတ်တယ် သူမရဲ့ယုံကြည်မှုရဖို့က မလွယ်လောက်ဘူး။
“ဒါပေမဲ့ အဲလိုမှလည်းစိတ်ဝင်စားဖို့ကောင်းတာပဲလေ ဟုတ်တယ်မလား” သူ ရေရွတ်လိုက်သည်။
တောင်ကြားတွင် ထိုလူများသည် မိန်းမောသော မျက်နှာများဖြင့် တစ် ယောက်နှင့် တစ်ယောက်ကြည့်နေကြသည်။
“ဒီထင်ယောင်ထင်မှားဝင်္ကပါကို ဘယ်သူစီမံတာလဲ”
“ဒီထင်ယောင်ထင်မှားဝင်္ကပါက ငါတို့အားလုံးကို ဒီမှာပိတ်ထားနိုင်တယ် ငါတို့ကိုသတ်ဖို့ ကြိုးစားနေတာလား”
“ဒီအတိုင်း ထင်ယောင်ထင်မှား ဝင်္ကပါလေးပဲမလား ဘာတွေများ စိတ်ပူ နေတာလဲ”
“ရှောင်မိသားစုခေါင်းဆောင် သုန်းမိသားစုခေါင်းဆောင် ခင်ဗျားကိုက အရင်ရောက်ကြတဲ့လူတွေပဲ ဒီဝင်္ကပါကို ဖျက်ဆီးဖို့ နည်းလမ်းရှာတွေ့ပြီလား”
“မတွေ့သေးဘူး ကျုပ်တို့လည်း ရောက်တာမကြာသေးဘူး” သုန်းမိသားစုခေါင်းဆောင် ပြန်ပြောလိုက်သည်။
“အတူတိုက်ခိုက်ကြတာပေါ့ ဒီထင်ယောင်ထင်မှားဝင်္ကပါက ကျုပ်တို့ အားကို အဲလောက်တောင့်ခံနိုင်မှာမဟုတ်ပါဘူး” ရှောင်မိသားစုခေါင်းဆောင် ပြောလိုက်သည်။
“ဟုတ်တယ် ထင်ယောင်ထင်မှားဝင်္ကပါရဲ့ ခံနိုင်ရည်ကျော်သွားရင်တော့ သူ့အလိုလို ပျက်သွားလိမ့်မယ်”
သို့သော် သူတို့ဝိညာဉ်စွမ်းအင်သုံးလိုက်ချိန်တွင် သူတို့၏ မျက်နှာထားမှာ ပြောင်းသွားလေသည်။
“ဘာလို့ ဝိညာဉ်စွမ်းအင်သုံးမရတာလဲ”
“ဒါက ထင်ယောင်ထင်မှားပဲလား တချို့ထင်ယောင်ထင်မှားတွေက ဝိညာဉ်စွမ်းအားကိုပါ ဆုံးရှုံးစေတာလား”
“မဖြစ်နိုင်တာ” ရှောင်မိသားစုခေါင်းဆောင်သည် ဝိညာဉ်စွမ်းအင် စုစည်း ကြည့်သည်။ အနည်းငယ်နှေးနေသော်လည်း သူ လှုပ်ရှား၍ရသည် “ကျုပ်တို့ အဆိပ်မိနေတာဖြစ်မယ်”
“အဆိပ်လား”
“ဟုတ်တယ် အဆိပ်ပဲ” သုန်းမိသားစုခေါင်းဆောင်လည်း သံယောင် လိုက်ပြောလေသည်။
“ထင်ယောင်ထင်မှားထဲမှာ အဆိပ်ထည့်နိုင်တာ ဒါက…” ယွမ်ယွမ်သည် ရှီမာယူယူအားကြည့်လိုက်သည်။ သူမသည် သူမ မစီမံထားသကဲ့သို့ မာန သို့မဟုတ် ကျေနပ်နေခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် ရှိနေသည်။
သူမသာ ဝင်္ကပါ ပွင့်သောနေရာတွင် မရပ်နေပါက အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်သူမှာ သူမဖြစ်သည်ကို ယုံရခက်လှသည်။
“ရှီအာ ရပြီ အချိန်ကျတော့မယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
“ဟုတ်ကဲ့ အဖေ”
ရှီမာယူယူသည် ဝင်္ကပါကိုပိတ်လိုက်သည်။ ပတ်ဝန်းကျင်မြင်ကွင်းမှာ မပြောင်းသော်လည်း ဝင်္ကပါထဲမှလူများသည် ဝိညာဉ်စွမ်းအင် အတက်အကျကို မခံစားရတော့ပေ။ သူတို့သည် ဘေးနှစ်ဖက်တွင်ရပ်နေသော လူလေးယောက် ကို ကြည့်လိုက်သည်။
“နယ်စားလား”
ထိုလူများသည် မုရုန်ဟွေ့ကို မြင်လိုက်ချိန်တွင် အံ့ဩသွားကြသည်။
ဘယ်လိုလုပ် သူဖြစ်နေတာလဲ။
သူက လျောင်ချန်မြို့က အင်အားစုတွေကို ရှင်းလင်းမယ်လို့ကြားတာ။ အကုန်လုံးကို တစ်ခါတည်း သတ်လိုက်မှာတော့ မဟုတ်ဘူးမလား။
“ရှောင်မျိုးနွယ် နေခဲ့ ကျန်တဲ့လူတွေ ချက်ချင်းထွက်သွားကြပါ” မုရုန်ဟွေ့ ပြောလိုက်သည်။
သူ့အသံကြားရသည်နှင့် တောင်ကြားအထဲနှင့်အပြင်မှ ရာချီသော အစောင့်များထွက်လာပြီး လမ်း၏အရှေ့နှင့်အနောက်များကို ပိတ်လိုက်သည်။
“ကျန်တဲ့လူတွေ သွားတော့ ရှောင်မျိုးနွယ်နေခဲ့” အစောင့်များသည် တစ်ပြိုင်နက်ပြောလိုက်ရာ သူတို့၏ ကျယ်လောင်သောအသံသည် တောင်ကြားတွင် ပဲ့တင်ထပ်သွားပြီးနောက်ဆုံးတွင် ပျောက်သွားလေသည်။
အားလုံးသည် မှင်တက်သွားကြကာ တစ်ယောက်နှင့်တစ်ယောက်ကြည့် ကာ သူတို့၏စိတ်ထဲတွင် မေးခွန်းများဖြင့် ပြည့်နှက်သွားတော့သည်။
နယ်စားက ရှောင်မျိုးနွယ်နဲ့ ရှင်းချင်နေတာလား။ ဒါပေမဲ့ ရှောင်မျိုးနွယ် က သူ့ဘက်က မဟုတ်ဘူးလား။ သစ္စာဖောက်သွားတာလား။
သို့သော် သံသယက သံသယပင်။ သူတို့သည် အစောင့်များ ပြပေးသည့် လမ်းအတိုင်း တောင်ကြားမှထွက်သွားလေသည်။
ရှောင်မျိုးနွယ်သည်လည်း ထွက်သွားချင်သည်။ သို့သော် အစောင့်များ သည် သူတို့ကိုစိုက်ကြည့်နေရာ ခြေတစ်လှမ်းတိုး၍ပင် မရပေ။
လူများထွက်သွားပြီးနောက်တွင် ဝေးဝေးမသွားဘဲ ကျယ်ပြန့်သောနေရာ တွင်ရပ်ကာ ထိုနေရာမှ အခြေအနေကို အာရုံစိုက်ထားသည်။
တောင်ကြားတွင် မုရုန်ဟွေ့နှင့် ရှောင်မျိုးနွယ်ခေါင်းဆောင်တို့သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသည်။ မုရုန်ဟွေ့သည် အရင်က ယုံကြည်မှုများပျောက်သွားကာ ရှောင်မိသားစုခေါင်းဆောင်မှာ အရင်က လေးစားမှုများ ပျောက်သွားပြီဖြစ်သည်။
“ရှောင်မိသားစုခေါင်းဆောင် ဒီနယ်စားက ခင်ဗျားကို ဆိုးဆိုးဝါးဝါး ဆက်ဆံမိလို့လား” နောက်ဆုံးတော့ မုရုန်ဟွေ့ အရင်ပြောလိုက်သည်။
“ငှက်တစ်ကောင်ကတော့ အသိုက်ဆောက်ဖို့ သစ်ပင်ကောင်းကိုရွေးမှာပဲ ကျုပ်က ကျုပ်အတွက် ထွက်ပေါက်ကိုရှာရံဒပဲ နယ်စားက ကျုပ်ကို ဆိုးဆိုးဝါးဝါးမဆက်ဆံပေမဲ့ လျောင်ချန်ပြည်နယ်က တော်တော်ဆိုးဆိုးပဲ ကျုပ်တို့ လိုချင်တာကို မပေးနိုင်ဘူး” ရှောင်မိသားစုခေါင်းဆောင်ပြောလိုက် သည်။ သူ့မျက်နှာတွင် နောင်တတရားရှိမနေပေ။
ရှီမာယူယူ သူ့စကားကို ကြားသောအခါ သူသည် သူ့ကိုယ်သူ ကာကွယ်ရန် ဉာဏ်များကာ သူသည် သားရဲတစ်ကောင်ဖြစ်သည်ဟု ပြောချင် မိသည်။ သို့သော် သူ့ဘေးမှ ရှောင်ရော့ပိုင်ကို တွေ့လိုက်သောအခါ ထိုစကား များကို မျိုသိပ်လိုက်သည်။
***