ခရမ်းလေး အစွမ်းကိုပြသခြင်း
Vol. 128 Ch. 1790
ရှီမာယူယူသည် ရှောင်ရော့ပိုင်ကိုခေါ်သွားသော အနက်ဝတ်လူများကို ကြည့်နေသည်။ သူမသည် စိုးရိမ်နေသော်လည်း ဤအရာကမှကောင်းသည်ဟု ခံစားရသည်။
သူမသာ ယခုအချိန်တွင် ရှောင်ရော့ပိုင်နှင့် မျက်နှာချင်းဆိုင်လိုက်လျှင် သူမကို သေချာပေါက် လက်ခံမည်မဟုတ်ပေ။ သူမတွင် အကောင်းအဆိုး ရှင်းနိုင်သော စိတ်ရှိသော်လည်း ရှောင်ရော့ပိုင်အတွက် စိတ်မကောင်းဖြစ်တုန်း ပင်ဖြစ်သည်။
ထို့အပြင် သူမကို ခေါ်သွားသူများမှာ အသက်နှင့်ရင်းပြီး လာကယ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ မင်းသား ၇ သည် သူမ၏ အသက်ကိုအလိုမရှိပေ။ သူမမျိုးနွယ်၏ အကာအကွယ်မရှိလျှင် အနည်းဆုံးတော့ သူမဘေးတွင် လူ တစ်ယောက် ထောက်ပံ့မှုလိုသည်။
မိုကျိသည် သူမကို ဆက်ကြည့်နေသည်။ သူမနှင့် ရန်သူဖြစ်လာသော မိန်းကလေးကို စိုးရိမ်နေသည်ကိုမြင်သည်နှင့် သူမသည် အနည်းငယ် တုံးအပြီး ချစ်စရာကောင်းသည်ဟု သူ့စိတ်ထဲတွင် ခံစားရသည်။
“နယ်စား ဒီလူတွေကို ဘယ်လိုဖြေရှင်းမလဲ”
အရင်လေ့ကျင့်ထားသလိုဆိုလျှင် သူတို့သည် မီးလောင်တိုက်သွင်းမည် ဖြစ်သည်။ သို့သော် ရှီမာယူယူနှင့် ရှောင်ရော့ပိုင်တို့အကြားမှ ဆက်ဆံရေးကို ကြည့်ပြီး မသေချာတော့ပေ။
မုရုန်ဟွေ့သည် ကမ်းပါးပေါ်မှ ရှီမာယူယူကို ကြည့်လိုက်သည်။ သူမသည် သူ့ကို ဖုံးကွယ်မရသော မျှော်လင့်ချက်များဖြင့် ကြည့်နေသည်ကို မြင်လိုက်ရာ နောက်ဆုံးတွင် သူ ပြောလိုက်သည် “သူတို့ကို မီးရှို့လိုက်တော့”
“ဟုတ်ကဲ့ပါ”
ရှီမာယူယူသည် ကျေးဇူးတင်စိတ်ဖြင့် ပြုံးလိုက်သည်။
မုရုန်ဟွေ့သည် လျောင်ချန်မြို့မှ အကောင်းဆုံး အင်အားစုများကို တွေဝေခြင်းမရှိ ရှင်းထုတ်လိုက်သည်ကို မြင်သောအခါ အပြင်လူများသည် အလွန်ထိတ်လန့်ကုန်သည်။ သူသည် ထာဝရတောက်ပခြင်းမြို့တော်သို့ သွား သည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်ရာ ဤကဲ့သို့ကိစ္စမျိုးတွင် မထိန်းချုပ်နိုင် တော့ဟု သူတို့ ထင်ထားခဲ့ကြသည်။ သူ ပြန်လာပြီးမကြာမီတွင် ဤကဲ့သို့ ဝင်းဝင်းတောက်သော အပြုအမူဖြင့် ကမ္ဘာကို လှုပ်ခါသွားအောင် ဖြေရှင်းလိမ့် မည်ဟု ထင်မထားကြပေ။
ကြည့်ရသည်မှာ နောင်တွင် နယ်စားကို မျက်နှာချင်းဆိုင်ရာတွင် အကျင့် တွေပြောင်းပစ်ရမည်နှင့်တူသည်။
ရှီမာယူယူသည် ရှောင်မျိုးနွယ်၏ အကြွင်းအကျန်များကို ထိုလူများရှင်း သည်ကို မကြည့်ချင်သဖြင့် မုရုန်ဟွေ့ကို ပြောကာ သူမဘာသာ ကမ်းပါးမှ ထွက်ခဲ့လိုက်ပြီး သတ္တုကြောရှာရန်ပြင်လေသည်။
ဤနေရာရှိ မျက်နှာပြင်သည် သတ္တုကြောရောင်ဝါ ခပ်မှိန်မှိန်ထွက်သည့် နှင်းပြင်နှင့်တူသည်ဟု မီအာပြောသည်။ သူ့ကြောင့်သာမဟုတ်လျှင် တခြား သူများသည် ရှာတွေ့ရန်ခက်နိုင်သည်။
သူ၏ စကားအရ လူတစ်ယောက်သာ တွေ့သွားလျှင် ထိုအရာမှာ သူ၏ ဘိုးဘေးကြီး၏ ကောင်းချီးပေးမှုကြောင့် ကံကောင်းပြီး အော်မှသတ္တုကြောကို မတော်တဆတူးမိသည်ဟု ဆိုသည်။
သူမ တစ်ဦးတည်းထွက်သွားသည်ကို မြင်သောအခါ ယွမ်ယွမ်သည် ခွင့်မပြုစွာဖြင့် မျက်မှောင်ကြုတ်လေသည် “ယွဲ့ရှီတောင်ကြားက ဒီလောက် အန္တရာယ်များတာ သူမက ဘာလို့တစ်ယောက်တည်း ထွက်သွားတာလဲ”
“သူမကို စိတ်ပူနေလို့လား” မိုကျိ မေးလိုက်သည်။
“ငါ…” ယွမ်ယွမ်သည် ငြင်းဆန်ချင်သော်လည်း လက်ရှိသူ၏ အပြုအမူ မှာ စကားနှင့်မလိုက်ပေ “ငါ့ကို ဉာဏ်ပွင့်အောင် သူမ ပြောပေးတဲ့ စကားတွေ ကြောင့် ကျေးဇူးတင်ရုံပါ အဲဒီစကားတွေကြောင့် ငါ အကြာကြီးတန့်နေတဲ့ အဆင့်ကနေ အောင်အောင်မြင်မြင်အဆင့်တက်ခဲ့တယ်လေ”
“မင်း စိတ်ပူနေမှတော့ သွားကြည့်ကြတာပေါ့” မိုကျိ ပြောပြီးနောက် ဘေးဘက်ကို အရင်ပျံသွားလိုက်သည်။
ယွမ်ယွမ်သည် အံ့ဩနေကာ လိုက်ပျံသွားလိုက်သည်။
ရှီမာယူယူသည် အနောက်ဘက်မှ လှုပ်ရှားမှုကိုခံစားမိသဖြင့် ခေါင်းလှည့် ကြည့်လိုက်ရာ ပျံလာသော နှစ်ယောက်ကို မြင်ရလေသည်။
သူမသည် ရပ်တန့်ပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် အကူအညီမဲ့နေသည်။
“ရှင်တို့က ဘယ်သွားမလို့လဲ” သူမထင်သလိုမဟုတ်ရန် မျှော်လင့်မိ သည်။
“ယွမ်ယွမ်က မင်းစကားတွေကျေးဇူးကြောင့် အဆင့်တက်တာ အောင်မြင်သွားတယ်လို့ ပြောတယ် မင်း တစ်ယောက်တည်းထွက်သွားတာကို မြင်တော့ နှစ်ရက်လောက်တော့ မင်းကို ကာကွယ်ချင်လို့တဲ့” မိုကျိ ပြောလေ သည်။
“ကျွန်မကို ကာကွယ်မယ် ဟုတ်လား” ရှီမာယူယူ အံ့ဩသွားသည်။ ထို့နောက် ငြင်းဆန်လိုက်သည် “ကြင်နာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင်တို့ အကာအကွယ်မရှိလည်း ကျွန်မအဖေက လူလွှတ်ပြီးလိုက်ခိုင်းထားပါ တယ် ကျွန်မက သူစိမ်းတွေနဲ့နေရတာ မကြိုက်ဘူး အဲတော့ ဒီမှာပဲ နှုတ်ဆက် ကြတာပေါ့”
သူမ ပြောပြီးနောက်တွင် လှည့်ထွက်ပြီး ချေငံစွာထွက်သွားသော သူမ၏ ပုံရိပ်ကို တောက်လောင်သည့် မျက်နှာထားနှင့် သူတို့နှစ်ယောက်ကို ထားခဲ့ လိုက်သည်။
မိုကျိပေးသော ခံစားချက်မှာ သူမအတွက် အန္တရာယ်ကို ခံစားမိသည်။ ထို့ကြောင့် သူတို့နှင့် မပတ်သက်သည်က ကောင်းသည်။ သူမ လုပ်ရမည့်ကိစ္စ မှာ ထိုအပြင်လူနှစ်ယောက်နှင့် လုပ်ရန်မသင့်တော်လှပေ။
အတန်ကြာပြီးနောက်တွင် မုရုန်ဟွေ့ရောက်လာသည်။ သွားမည့်နေရာ ကို ခရီးရောက်ရန် သူသည် ဒါဇင်မျှသော တပ်သားများကိုခေါ်လာသည်။ ကျန်း လူများကိုတော့ ရှောင်မျိုးနွယ်ကိစ္စကို မုရုန်လင်းအား ကူပြီးဖြေရှင်းရန် ပြန်လွှတ်လိုက်သည်။
ရှီမာယူယူသည် သူတို့ကိုခေါ်ကာ ယွဲ့ရှီတောင်ကြား အနက်ထဲသို့ ဝင်လာ သည်။ လမ်းတွင် သူတို့သည် မရဏာသားရဲများစွာနှင့် ဆေးပင်များကိုတွေ့ကြ သည်။ သားရဲများကိုတော့ တပ်သားများက သတ်လိုက်ကြသည်။
“ရှီအာ ဒီမှာရှိတာ သေချာလား” မုရုန်ဟွေ့သည် အတွင်းသို့ ပိုပိုနက်လာ သည်ကို မြင်သောအခါ မေးလိုက်သည်။
မရဏာသားရဲများသည် ပိုပိုသန်မာလာပြီး သူတို့ စွန့်စားပြီး ဝင်သွားပါက မသိနိုင်သော အန္တရာယ်နှင့် ကြုံတွေ့ရမည်ကို ကြောက်သည်။
ရှီမာယူယူသည် သူ၏အတွေးကို သိသဖြင့် ပြောလေသည် “ဒီကနေ သိပ် မဝေးတော့ဘူး ကီလိုမီတာထောင်ဂဏန်းလောက်ပဲ ဖြစ်ိုင်တယ်”
“ကီလိုမီတာထောင်ဂဏန်းလား ကံကောင်းလို့ အတွင်းပိုင်းရောက်တယ် လို့ပြောမရတာ ကံကောင်းရင်တော့ အားအကောင်းဆုံး သားရဲနဲ့မတွေ့လောက် ပါဘူး” မုရုန်ဟွေ့သည် စိတ်ထဲမှ အကွာအဝေးကို တွက်ချက်ပြီး အနည်းငယ် စိတ်အေးသွားသည်။
သို့သော် သူတို့၏ အပျော်မှာစောလွန်းသည်။ ထိုစကားများပြောပြီး မကြာခင်တွင် သူတို့ကို မရဏာသားရဲတစ်အုပ်မှ ဝိုင်းလိုက်လေသည်။
“မရဏာရင်ဝံပုလွေ ဒီမှာဘာလို့ မရဏာရင်ဝံပုလွေတွေ ဒီလောက်များ နေတာလဲ” တပ်သားများသည် ဒုက္ခကြီးစွာဖြင့် အော်ကြလေသည်။
မုရုန်ဟွေ့၏ မျက်နှာထား ပြောင်းသွားသည်ကို ရှီမာယူယူမြင်သောအခါ မေးလေသည် “ဒီလို မရဏာသားရဲမျိုးက ကိုင်တွယ်ဖို့ခက်တာလား”
“မရဏာရင်ဝံပုလွေ တစ်ကောင်တည်းဆို အဆင်ပြေသေးတယ် ဖြေရှင်း ဖို့လွယ်တယ် ဒါပေမဲ့ သူတို့တွေက အုပ်လိုက်သွားလေ့ရှိကြတာ” မုရုန်ဟွေ့ ရှင်းပြလေသည်။
ရှီမာယူယူသည် ပတ်ပတ်လည်မှ မရဏာရင်ဝံပုလွေများကို ကြည့်လိုက် သည်။ ထိုအုပ်တစ်စုထဲတွင် အကောင်ရေ ငါးဆယ်မှခြောက်ဆယ်ရှိသည်။ သူတို့မှာ လူဒါဇင်မျှသာဖြစ်သည်။ နှစ်ဖက်တိုက်ကြလျှင် အလွန်ခက်မည်။
“နယ်စား ကျွန်တော်တို့ လမ်းဖယ်ပေးမယ် နယ်စားနဲ့သခင်မလေးတို့ အရင်ထွက်သွားကြပါ” တပ်သားခေါင်းဆောင်သည် ညှိုးငယ်သောအသံဖြင့် ပြောလေသည်။
မုရုန်ဟွေ့သည် သဘောမတူပေ။ သို့သော် မငြင်းဆန်ပေ။ သူတစ် ယောက်တည်းသာဆိုလျှင် အားလုံးနှင့်အတူ တိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ယနေ့မှာ ရှီမာယူယူလည်း ပါနေသဖြင့် သူမ၏ လုံခြုံရေးကိုပါ ထည့်စဉ်းစားရ မည်။
ရှီမာယူယူသည် အမည်းလေးကျောပေါ်တွင် ထိုင်နေသည်။ အမည်းလေး သည် မရဏာရင်ဝံပုလွေများကိုမြင်သောအခါ လုံးဝစိတ်မပူပေ။ သူတို့ကို အံကြိတ်ပြီး မာန်ဖီလေသည်။
သူမသည် အမည်းလေး အလောတကြီး မပြုမူရန် သူ၏ကျောကိုပုတ် လိုက်ပြီး ခရမ်းလေးကိုခေါ်ထုတ်လိုက်သည်။
“ဒီကလေးလေး အိပ်နေတာကို ဘာလို့ ဒီကလေးလေးကို ခေါ်ထုတ်ပြန် တာလဲ” ခရမ်းလေးသည် မကျေနပ်ပေ။ သူ ရုတ်တရက် နိုးလာသည်နှင့် ဤ ကလေးလေးသည် စိတ်တိုရပြန်သည်။
“ငါလည်း မနှိုးချင်ပါဘူး ဒါပေမဲ့ ဒါကိုကြည့်ဦး မင်းကို မခေါ်လို့မရတော့ ဘူးလေ” ရှီမာယူယူသည် ခရမ်းလေး၏ ခေါင်းကိုထိပြီး ချိုသာစွာ ပြုံးလိုက် သည်။
“မင်းက အခုအရမ်းအားနည်းနေသေးတယ် မင်းအားကို မြန်မြန်သန်မာ အောင်လုပ်တော့ မဟုတ်လို့ နောင်ဆိုရင် ဒီလိုကိစ္စသေးသေးလေးနဲ့ ငါ့ကိုခေါ် နေရမယ်” ခရမ်းလေးသည် လက်များကိုလျှာနှင့်လျက်ပြီး မရဏာရင်ဝံပုလွေ များဘက်သို့ ရိုက်လိုက်သည်။
“ရွှီး ကျစ်”
သူ၏ လက်သည်းများမှ လျှပ်စီးများအတွဲလိုက်ထွက်လာပြီး မရဏာရင် ဝံပုလွေများဆီသို့ တိုက်ရိုက်ထိမှန်လေသည်။ မရဏာရင်ဝံပုလွေများသည် မရှောင်လိုက်နိုင်သောကြောင့် အားလုံးဓာတ်လိုက်ပြီး မီးသွေးအဖြစ်ပြောင်း သွားလေသည်။
“ဟင်း ပြာဖြစ်သွားလိုက်တော့” ခရမ်းလေးသည် လက်သည်းများကို မှုတ်ပြီး အထင်သေးစွာ ပြောလိုက်သည်။
တပ်သားများသည် ကြက်သေသေသွားကြသည်။ သူမမှာ ဒီလောက် အားကောင်းတဲ့ မရဏာသားရဲရှိနေတာလား။
ကျန်သည့်မရဏာရင်ဝံပုလွေများသည် အသတ်ခံလိုက်ရသော သူတို့၏ အပေါင်းအဖော်များကိုကြည့်ပြီး ချက်ချင်းပင် သူတို့၏မျက်လုးတွင် ကြောက်ရွံ့ မှုများ ကြီးထွားလာသည်။
“ကျန်တဲ့မင်းတို့တွေလည်း သေချင်လို့လား” ခရမ်းလေးသည် မရဏာ ရင်ဝံပုလွေများကို အထင်သေးစွာ မျက်လုံးကျဉ်းမြောင်းကြည့်လေသည်။ သူ့ မျက်လုံးထဲမှ ခြိမ်းခြောက်မှုသည် အလွန်အားကောင်းသည်။
မရဏာရင်ဝံပုလွေများသည် ခရမ်းလေးကို စိုက်ကြည့်နေကာ တဖြည်း ဖြည်း နောက်ဆုတ်သွားပြီး ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြလေသည်။
တပ်သားသည် မှင်တက်သွားကြသည်။ ဒီကိစ္စကို ဒီလောက်လွယ်လွယ် လေး ဖြေရှင်းလိုက်တာလား။
“အားနည်းလိုက်တာ” ခရမ်းလေးသည် ရှီမာယူယူ၏ ရင်ခွင်ထဲသို့ ခုန်ဝင် လိုက်သည်။ အိပ်ရာတွင် အနှောင့်အယှက်မခံရစေရန် အချိန်တစ်ခုလောက် ပြန်မသွားရန် ဆုံးဖြတ်လိုက်သည်။
အရင်ဆုံးသတိဝင်လာသူမှာ မုရုန်ဟွေ့ဖြစ်ပြီး သူ ခရမ်းလေးကို ကြည့် သည့်အကြည့်မှာ ပြောင်းပြီးရင်း ပြောင်းလာသည်။ သူသည် ခရမ်းလေး၏ သရုပ်မှန်ကို အနည်းငယ်သိသည်။ သို့သော် မရဏာသားရဲများနှင့် ဖြေရှင်းပုံကို ပထမဆုံးအကြိမ်မြင်ဖူးခြင်းပင်။ သူသည် ထိုတိုက်ခိုက်မှုစွမ်းအားကိုလည်း ထိတ်လန့်မိသည်။
“အဖေ သွားလို့ရပြီ” ရှီမာယူယူ ပြောလိုက်သည်။
“အင်း သွားကြတာပေါ့” မုရုန်ဟွေ့ ခေါင်းညိတ်လိုက်ပြီး တပ်သားများကို ဦးဆောင်ကာ ရှေ့ဆက်သွားသည်။
သူတို့ ထွက်သွားပြီး ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် မရဏာသားရဲများ ၏ အကောင်သေများဘေးသို့ ရောက်လာသည်။
“သူမဘေးမှာ အဲလောက် အားကောင်းတဲ့မရဏာသားရဲရှိလိမ့်မယ်လို့ ထင်မထားဘူး အဲဒါကြောင့် သူမက ယွဲ့ရှီတောင်ကို လာရဲတာကိုး” ယွမ်ယွမ် သည် မရဏာရင်ဝံပုလွေများကို စစ်ဆေးပြီး သူတို့၏ခန္ဓာကိုယ်များကို ထိလိုက် ချိန်တွင် ကျန်နေသည့် လျှပ်စီး စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။ သူ တုံ့ပြန်သည်မှာ မြန်ဆန်ခြင်းကြောင့်သာ မဟုတ်လျှင် သူ၏လက်တစ်ဖက်လုံး မှာ သုံးရတော့မည်မဟုတ်ပေ။
***