← Chapters

အိပ်မက်လေးနိုးလာခြင်း

Vol. 128 Ch. 1791

အိပ်မက်လေးနိုးလာခြင်း

Vol. 128 Ch. 1791

ယွမ်ယွမ်သည် ဓာတ်လိုက်သွားသဖြင့် မဲနက်နေသော လက်မောင်းကို ကြည့်ပြီး ရယ်မောကာ အမြန်ပင် ဆေးထုတ်သောက်လိုက်သည်။

“အားကောင်းလိုက်တဲ့ လျှပ်စီးပဲ” သူ သက်ပြင်းချလိုက်သည် “မိုကျိ ခုနက ဘယ်လိုမရဏာသားရဲမျိုးလဲ”

“ငါလည်း မမြင်ဖူးဘူး စာအုပ်ထဲမှာ မှတ်တမ်းလည်းမရှိဘူး” မိုကျိ ပြော လေသည် “ဒါပေမဲ့ အဲဒါက တစ္ဆေလောကက မရဏာသားရဲမဖြစ်နိုင်ဘူးလို့ ထင်တယ် တစ္ဆေလောကမှာက လျှပ်စီးအရည်အချင်းရှိတဲ့ မရဏာသားရဲဆိုတာ မရှိဘူး”

“တစ္ဆေလောကကမဟုတ်ဘူးလား သူမက အဲလိုစာချုပ်သားရဲကို ဘယ်ကရခဲ့တာလဲ” ယွမ်ယွမ် တအံ့တဩ ပြောလေသည်။

“အပြင်ကဖြစ်လောက်တယ် မဟုတ်ရင် မုရုန်ဟွေ့က သူမအတွက် တစ်နေရာရာရ ယူလာတာဖြစ်မယ်” ရှီမာယူယူသည် လူသားလောကမှ ယူလာ ခြင်းဖြစ်မည်ဟု မိုကျိ သိသည်။ သို့သော် သူမ၏ သရုပ်မှန်ကို မပြောပေ။

“သူမဘေးက မရဏာခွေးကလည်း သာမာန်မရဏာခွေးမဟုတ်ဘူး ကြည့်ရတာ မုရုန်ရှီက လျောင်ချန်မြို့ကနေထွက်သွားတုန်းကို တချို့ကိစ္စ‌တွေ ကြုံခဲ့ရတဲ့ပုံပဲ” ယွမ်ယွမ် ပြောလိုက်သည် “အဲဒီအတွေ့အကြုံတွေက သူမရဲ့ အကျင့်ကိုပြောင်းသွားစေတာလား”

“ဖြစ်နိုင်တယ်” မိုကျိ ပြောလေသည် “အဲလိုဆိုရင် ငါတို့ သူမရဲ့လုံခြုံရေး ကို စိတ်ပူဖို့မလိုတော့ဘူး မင်းကသစ်မှိုနက်ကိုရှာနေတာမလား အခု ငါတို့ ဒီရောက်နေမှတော့ ရှာကြတာပေါ့”

“ဟုတ်ပြီ”

တောင်ကြားမှနေ၍ ဤနေရာအထိ သူတို့လိုက်လာသည်မှာ အတော်အတန်ဝေးနေပြီဖြစ်သည်။ သူတို့သည် မရဏာရင်ဝံပုလွေများကို မြင် လိုက်ချိန်တွင် ထွက်လာလုနီးပါးဖြစ်သွားသည်။ အခု သူမတွင် ထိုမျှ အားကောင်းသော မရဏာသားရဲရှိသည်ကို သိသည်နှင့် သူတို့အလုပ်သူတို့ လုပ်ရန်သာရှိတော့သည်။

ရှီမာယူယူသည် မုရုန်ဟွေ့တို့ကို ယွဲ့ရှီတောင်ကြား အတွင်းပိုင်း၏ အပြင် သို့ခေါ်လာပြီး မထင်မရှားတောင်တစ်လုံးဆီသို့သွားလေသည်။

“အဖေ ဒါပဲ” သူမသည် တောင်ကိုညွှန်ပြပြီး ပြောလေသည်။

“ဒီမှာ သတ္တုကြောရှိတာလား” တစ်လမ်းလုံး လိုက်လာသော ဝိညာဉ် ရှာဖွေသူသခင်သည် မယုံပေ “ဒီတောင်မှာ သတ္တုကြောရဲ့ လက္ခဏာမတွေ့ရ ဘူး ဒီမှာဘယ်လိုလုပ် သတ္တုကြောရှိနိုင်မှာလဲ”

“ဒီကျောက်ရဲ့မျက်နှာပြင်က သာမာန်နဲ့မတူဘူး အဲဒါကြောင့် သတ္တုကြောဆိုတာကို မပြောနိုင်ကြတာ ဒါပေမဲ့ မီတာဆယ်ဂဏန်းလောက် တူးလိုက်ရင် အောက်က သတ္တုကိုရှာတွေ့လိမ့်မယ်” ရှီမာယူယူသည် အခိုင်အမာပင် ပြောလေသည်။

“ဒါက တကယ်သာ သတ္တုကြောဆိုရင် တောင်က ဒီလောက်သေးတာ သတ္တုတွေလည်း အများကြီးမရှိနိုင်ဘူး ဟုတ်တယ်မလား”

“ဒါက ဒီအတိုင်းတောင်မဟုတ်ဘူး ကီလိုမီတာသောင်းဂဏန်းလောက်ရှိ တယ် ဒီအတိုင်း မြေအောက်မှာမြှုပ်နေတာပဲရှိတာ” ရှီမာယူယူ ပြောလိုက် သည် “မယုံရင်လည်း ဒီကနေ ကီလိုမီတာ တစ်သောင်းလောက်သွားပြီး အမှန် ဟုတ်မဟုတ်ကို ကြည့်လိုက်ပါ မဟုတ်ဘူး… ဒါပေမဲ့ အတွင်းပိုင်းဒေသကို ဝင် သွားပြီဆိုတော့ လုံခြုံရေးကိုလည်း ဂရုစိုက်ရဦးမယ်”

အားလုံးမှာ “….”

ဒါက အတွင်းပိုင်းဒေသ ဟိုးအနက်ထဲရောက်သွားမှာကို သိရဲ့သားနဲ့ ဘယ်လိုလုပ် ဝင်ပြီး စစ်ဆေးမလဲ။

“ဘဏ္ဍာထိန်းကို သတင်းပို့လိုက် သတ္တုကြောကိုရှာတွေ့ပြီ လူလွှတ်ပေးပ လို့” မုရုန်ဟွေ့သည် သူ၏လက်ထောက်ကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ နယ်စား” ထိုလူသည် အမိန့်နာခံသည်။ နယ်စားသည် သခင်မလေးကို အလိုလိုက်နေတုန်းပင်။ သူသည် သူမ၏ စကားများကို လုံးဝ သံသယမရှိပေ။ ဤနေရာတွင် သတ္တုကြောမရှိပါက သူတို့ဤအထိ တစ်လမ်း လုံးလာရသည်မှာ အလဟဿမဟုတ်ပါလား။ ထိုသို့ဆိုလျှင် တခြားမိသားစု များကိုပါ အချက်ပြေးသကဲ့သို့ဖြစ်သွားပြီး နယ်စားအိမ်တော်ကို ပြဿနာဖြစ် စေနိုင်သည်။

ရှီမာယူယူသည် ထွက်သွားသောလူကို ကြည်ပြီး မုရုန်ဟွေ့ကို ပြောလိုက် သည် “အဖေ သမီးကအလားအလာကို ဖွင့်မယ်လို့ ကတိပေးထားပြီးသားနော်”

“အဖေ မှတ်မိပါတယ် သွားတော့” မုရုန်ဟွေ့ ပြောလိုက်သည်နှင့် ဘေးမှ ဝိညာဉ်ရှာဖွေသူသခင်များသည် တားလိုက်ချင်သော်လည်း မုရုန်ဟွေ့မှ စိုက် ကြည့်လိုက်လေသည်။

“ကျေးဇူးတင်ပါတယ် အဖေ” ရှီမာယူယူသည် ခရမ်းလေးကိုဖက်ပြီး အမည်းလေး၏ ကျောပေါ်ထိုင်ကာ တောင်ဆီသို့ တစ်ယောက်တည်း ပြေးသွား သည်။

“နယ်စား.. သခင်မလေး.. သူမက အရမ်းငယ်လွန်းတယ် ဝိညာဉ်ရှာဖွေမှု အကြောင်းကိုလည်း သိပ်မသိဘူး သူမကို ဒီအတိုင်းသာ လွှတ်လိုက်ရင် သူမက…” ဝိညာဉ်ရှာဖွေသူသခင်သည် စိုးရိမ်တကြီး ပြောလေသည်။

“ငါလည်း ငါ့ဘာသာအတွေးရှိပါတယ်” မုရုန်ဟွေ့ ပြောလိုက်သည်။

ဝိညာဉ်ရှာဖွေသူသခင်တွေ ဘာပြောနိုင်ဦးမှာလဲ။ သူတို့သည် မုရုန်ဟွေ့ ၏ စကားကြောင့် ချက်ချင်းပင် နှုတ်ဆိတ်သွားကြသည်။

သခင်မလေးသည် နယ်စား၏ ရတနာတစ်ပါးဖြစ်သည်။ သူမကို ဆော့ ကစားရန် သတ္တုကြောပေးသည်ကို မဆိုထားနှင့် နယ်တစ်ခုလုံးကို ဆော့ကစား ချင်သည်ဆိုလျှင်တောင် သူ စိတ်ထဲထားမည်မဟုတ်ပေ။ ရူးမိုက်သော ခေါင်းဆောင်းမှာ နယ်စား၏ခေါင်းပေါ်သို့ ရောက်နေလေပြီ။

ရှီမာယူယူသည် တောင်၏အနောက်ဘက်သို့ လာကာ သူတို့မမြင်နိုင် သည်ကို သေချာအောင်လုပ်ပြီးသည်နှင့် မီအာကိုခေါ်ထုတ်လိုက်သည်။

“စိတ်မပူနဲ့ ငါ အာရုံခံလို့ရတယ်” မီအာသည် သူ၏အသွင်အပြင်အတိုင်း အသွင်ပြောင်းပြီးနောက် သူမကို ဝိညာဉ်စေတီအတွင်းနှင်ထုတ်လိုက်ကာ သူ့ ဘာသာ လှုပ်ရှားတော့သည်။

အလားအလာကိုဖွင့်ရသည်မှာ သူ့အတွက် အလွန်လွယ်ကူသည်ကို ရှီမာယူယူ သိသည်။ ဝိညာဉ်စေတီအတွင်းသို့ ဝင်ပြီးနောက် သူမသည် အပြင်မှ အခြေအနေကို အာရုံမထားတော့ဘဲ သူ၏ အိပ်ပျော်နေသော သားရဲများကို ကြည့်ရန် သွားလိုက်သည်။

ဝိညာဉ်စေတီမှာ ပြင်ဆင်ထားပြီးဖြစ်သဖြင့် သားရဲများသည် ပိုကောင်း လာကာ အရောင်အသွေးတောက်ပြောင်လာသည်။ သူမသည် သူတို့အနား ကပ်သွားရာ သူတို့မကြာခင် ပြန်ကောင်းလာမည်ဟု ခံစားမိသည်။ သူတို့ တစ်ယောက်ပြီးတစ်ယောက် နိုးလာဖို့ သိပ်မကြာလောက်ပါဘူး။

သူမ လျှောက်သွားပြီး အိပ်မက်လေး၏ခေါင်းပေါ် သူမ၏ခေါင်းကို မှီပြီး သူမ၏ မျက်နှာကို နူးညံ့စွာထိတွေ့လိုက်သည် “မင်းတို့အားလုံး ဘယ်တော့မှ နိုးမှာလဲ အဖေက ငါ့အပေါ်အရမ်းကောင်းပြီး အမည်းလေးရှိပေမဲ့ မင်းတို့ အားလုံးမရှိတာကို ခံစားနေရတုန်းပဲ မင်းတို့အားလုံးကို အရမ်းလွမ်းတာပဲ”

“ယူယူ” သိမ်မွေ့သောခေါ်သံသည် သူ၏ ခန္ဓာကိုယ်ကို တုန်ယင်သွားစေ သည်။

“အိပ်မက်လေး နိုးလာပြီလား မင်း တကယ်ပဲနိုးလာပြီ” ရှီမာယူယူသည် အိပ်မက်လေးကို ပျော်ရွှင်စွာဖြင့် ဖက်လေသည်။

အိပ်မက်လေးသည် အရွယ်ရောက်နေပြီဖြစ်ကာ ရှီမာယူယူအား ဖက်ပြီး သူမ၏ ကျောပြင်ကို အသာလေးပုတ်၍ ပြောလေသည် “အင်း ငါနိုးလာပြီ ယူယူ အခုတစ်ယောက်တည်းမဟုတ်တော့ဘူး”

“ငါ တောင်းပန်ပါတယ် မင်းတို့အားလုံးကို အိပ်ပျော်အောင်လုပ်မိတာ ငါပါ” ရှီမာယူယူသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရသည်ကို မထိန်းချုပ်နိုင် တော့ဘဲ အထိန်းအကွပ်မဲ့ စတင်ငိုတော့သည်။

“ဟုတ်ပါပြီ ယူယူ ငါတို့ကယူယူ့ကို အပြစ်မတင်ပါဘူး ယူယူက ဒီလိုဖြစ် နေရင် အကုန်လုံးက အိပ်နေတာတောင် စိတ်ပူနေကြလိမ့်မယ်” အိပ်မက်လေး နှစ်သိမ့်လေသည် “ငါတို့က မနိုးသေးပေမဲ့ အခုတလော မင်းမပျော်တာကို ခံစား လို့ရတယ် ယူယူကပြုံးနေပေမဲ့ စိတ်ထဲမှာတော့မပျော်ဘူး ယူယူက အခုအရမ်း ဝမ်းနည်းနေတာ ယူယူ အိပ်မက်လေးတို့အားလုံးက ယူယူ့ကိုအရမ်းချစ်တယ်”

သူမ မပျော်မရွှင်ဖြစ်နေသည်ကို ရှီမာယူယူလည်း သိသည်။ နိုးလာ ကတည်းကပင် အိပ်ပျော်နေသောသားရဲများကို ကြည့်ပြီး သူမကိုယ်သူမ အပြစ် တင်ခဲ့သည်။ ထို့ကြောင့် သူမသည် ဤနေရာတွင် မမြှုပ်နှံနိုင်ပေ။ ထို့ကြောင့် လည်း စိတ်အားထက်သန်စွာ ကျင့်ကြံနေခြင်းဖြစ်သည်။ သူမ၏ မိခင်ကို ကယ်တင်ချင်ရုံသာမက သားရဲများကိုလည်း စောစီးစွာ နိုးထစေချင်သည်။

ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုကို သူမဘာသာ ချုပ်တည်းခဲ့ သည်။ သို့သော် အခုအိပ်မက်လေး နိုးလောလေပြီ။

“ယူယူ အကုန်လုံးက ယူယူ့ကိုချစ်ကြပါတယ် အိပ်မက်လေးတို့လည်း ယူယူ ပျော်တာကိုပဲမြင်ချင်ကြတာ” အိပ်မက်လေး ပြောလေသည် “အိပ်မက် လေးတို့က ယူယူ အားထုတ်တာကိုမြင်ခဲ့ပြီးပြီ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့ မလိုပါဘူး အိပ်မက်လေးက ယူယူနဲ့အတူရှိနေပေးမယ်”

“အင်း” ရှီမာယူယူသည် သားရဲ၏ နှစ်သိမ့်မှုကိုရသောအခါ မျက်နှာများ နီရဲလာသည်။

“တကယ်တော့ အကုန်လုံးကို အဲလောက်စိတ်ပူဖို့မလိုပါဘူး အိပ်မက် လေး နိုးလာပြီဆိုတော့ သူတို့လည်း မကြာခင်နိုးလာတော့မှာပါ” အိပ်မက်လေး သည် သူမကို ဆက်ပြီးနှစ်သိမ့်လေသည်။

သူတို့သည် နိုးမလာခင်ကပင် သူမ၏ အခြေအနေကို ခံစားမိကြသဖြင့် စိုးရိမ်ခဲ့ကြသည်။ ကံကောင်းစွာပင် သူမ နိုးလာချိန်တွင် သူတို့သူမကိုကူညီနိုင် တော့မည်။

“ပြောရင်းနဲ့ အိပ်မက်လေးက ဘာလို့သူတို့ထက် အရင်နိုးလာတာလား” ရှီမာယူယူသည် မျက်ရည်များကိုသုတ်ပြီး စိတ်ငြိမ်အောင်လုပ်လိုက်သည်။

အိပ်မက်လေးက အသန်မာဆုံးလည်းမဟုတ်ဘူး။ အဲဒါကို ဘာလို့ အရင် ဆုံးနိုးလာတာလဲ။

***

All Chapters