ထွက်လာခြင်း
Vol. 128 Ch. 1792
“အိပ်မက်လေး နှလုံးထဲက အဲဒီပစ္စည်းက တစ်ခုခုလုပ်စရာရှိလို့နေမှာပေါ့” အိပ်မက်လေးသည် မသေချာစွာြဖင့် ပြောလေသည် “အဲဒီပစ္စည်းက အိပ်မက် လေးကို မသေအောင်လုပ်ပေးနိုင်မှတော့ တခြားသက်ရောက်မှုလည်းရှိလို့နေ မှာ”
သူမသည် လက်ဆန့်ထုတ်ကာ ရှုပ်ထွေးသော မျက်နှာထားဖြင့် သူမ၏ ရင်ဘတ်ကိုထိလိုက်သည်။
“အကြောင်းအရင်းက ဘာပဲဖြစ်ဖြစ် မင်းနိုးလာတာကောင်းတယ်” ရှီမာယူယူသည် သူမ၏ ပခုံးကိုပုတ်လိုက်သည်။
“အင်း စိတ်မပူပါနဲ့ သူတို့လည်း မကြာခင်နိုးလာမှာပါ” အိပ်မက်လေး ပြုံးလိုက်သည်။ “ယူယူနဲ့ ပထမဆုံးနိုးလာတာ အိပ်မက်လေးဆိုတာကို သူတို့ကို ပြောလိုက်ရင်တော့ သူတို့ အိပ်မက်လေးကိုအားကျနေတော့မှာပဲ”
“အမည်းလေးနဲ့ မီအာလည်းရှိတယ်လေ”
“အဲနှစ်ယောက်ကို ထည့်မတွက်ဘူး” အိပ်မက်လေးသည် နှုတ်ခမ်းဆူလေ သည် “တစ်ယောက်က ရောက်တာမကြာသေးဘူး တစ်ယောက်ရူးနေတာ အဲဒါကြောင့် ထည့်မတွက်ဘူး ဘယ်လိုပဲဖြစ်ဖြစ် အိပ်မက်လေးက ပထမပဲ”
“ဟိန်းသံထောင်ချီနဲ့ ဟိန်းသံလေးတို့မရှိတာ နှမြောစရာပဲ သူတို့ အခု ဘယ်လိုနေလဲမသိဘူး” ရှီမာယူယူသည် သူတို့နှစ်ကောင်ကိုတွေးမိသည်နှင့် အနည်းငယ်စိုးရိမ်သွားသည်။
“သူတို့က ယူယူ့ခန္ဓာကိုယ်ထဲမှာနေပြီး အိပ်မက်လေးတို့နဲ့ တစ္ဆေလောက ကို လိုက်မလာဘူး အိပ်မက်လေးတို့ လူသားလောကကိုပြန်ရင်တော့ သူတို့နဲ့ တွေ့ရမှာပါ” အိပ်မက်လေးသည် ဟိန်းသံလေးကို အလွန်လွမ်းမိသည်။ သို့သော် ရှီမာယူယူ ယခုလိုဖြစ်နေသည်ကိုမြင်သောအခါ နှစ်သိမ့်ပေးလိုက်၏။
“အင်း ငါ ကြိုးစးရမယ် အဲဒါမှ အကုန်လုံးစောစောနိုးလာပြီး ပြန်ဆုံရမှာ” ရှီမာယူယူသည် လူနေထိုင်သည့်နေရာကို ကြည့်လိုက်သည်။ အဖေ၊ အန်းလေ နှင့် ငှက်မျိုးနွယ်အကြီးအကဲများသည် ထိုနေရာတွင်ရှိနေသေးသည်။
“ယူယူ အိပ်မက်လေးလည်း အပြင်ထွက်ပြီးအဖော်ပြုပေးမယ်” အိပ်မက် လေးသည် ရှီမာယူယူ၏ လက်ကိုဆွဲယူလိုက်သည်။
“ဟုတ်ပြီ” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း အခု အချိန်တွင် အဖော်လိုနေသည်။
အိပ်မက်လေး၏ သရုပ်မှန်ကိုသိချင်သည့် တခြားသူများအတွက်ကိုတော့ သူမ အတွေးထဲထည့်မနေတော့ပေ။
မီအာ အပြင်မှကိစ္စများ ဖြေရှင်းပြီးနောက် ရှီမာယူယူ အားထွက်လာရန် ခေါ်လိုက်သည်။ အိပ်မက်လေးနှင့် သူမတို့သည် အတန်ကြာအောင် စကားပြော ပြီးသွားသဖြင့် ခံစားချက်မှာတည်ငြိမ်သွားခဲ့လေပြီ။
မီအာသည် သူမနှင့် တခြားဝိညာဉ်ကိုမြင်သောအခါ နှုတ်ခမ်းဆူသည်။ သူမကို ပျော်ရွှင်အောင် မလုပ်ပေးနိုင်သည့်အတွက် သူ မပျော်ပေ။
ရှီမာယူယူသည် သူ၏ပခုံးကိုထိပြီး ပြောလေသည် “မင်းနဲ့ အမည်းလေး က အရမ်းအရေးကြီးပါတယ် ဒါပေမဲ့ တချို့စိတ်ပြဿနာလေးတွေက သင့်တော် တဲ့ဆေးလိုတယ်”
“ထားလိုက်ပါတော့ ငါဂရုမစိုက်ပါဘူး အိပ်မက်လေးနိုးလာပြီဆိုတော့ မင်း ဘေးမှာ ကာကွယ်ပေးဖို့ လူတစ်ယောက်ရှိလာတာပေါ့”
“မင်းရဲ့ အားရော ဘယ်လိုလဲ”
“၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ပဲ အခွင့်အရေးရှိရင်တော့ ထပ်ရလာမှာပါ” မီအာ ဆိုလေသည်။
“ကောင်းတယ်”
“ယူယူ လူလာနေပြီ” အိပ်မက်လေး သူမကို သတိပေးလေသည်။
ရှီမာယူယူသည် မီအာကို ပြန်ခေါ်ပြီး မီအာသည် သူ၏လက်ဆီသို့ပြန်ကာ နီရဲနေသောပန်းပွင့်အသွင်ပြောင်းလိုက်ရာ ဆွဲဆောင်မှုရှိပြီး ချစ်စရာကောင်းလှ သည်။
မုရုန်ဟွေ့နှင့် ကျန်လူများသည် တောင်ကိုတက်လာရာ ရှီမာယူယူသည် ခရမ်းလေးကို ဖက်ထားပြီး ဘေးတစ်ဖက်တွင် အမည်းလေးရှိကာ တခြား တစ်ဖက်တွင်တော့ မိန်းမငယ်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။
“အဖေ” ရှီမာယူယူသည် ခရမ်းလေးကို ဖက်ပြီး လျှောက်လာသည် “ဘယ်လိုလုပ် ဒီရောက်လာတာလဲ”
“သမီးပဲပြီးပြီလို့ မပြောလိုက်တာမဟုတ်ဘူးလား” မုရုန်ဟွေ့သည် မသိစိတ်မှ မေးလိုက်သည်။
ရှီမာယူယူ အံ့ဩသွားပြီးနောက် ပြုံးလိုက်သည် “တကယ်ပဲ ပြီးသွားပါပြီ အခု ဖောက်ခွဲလိုက်လို့ရပြီ”
မုရုန်ဟွေ့သည် ထိုလူများကို အောက်တွင် သတ္တုကြောရှိမရှိကို စစ်ဆေး ခိုင်းလိုက်သည်။ ထိုလူများထွက်သွားသည်နှင့် သူ မေးလိုက်သည် “ရှီအာ ဒါက…”
“ဒါက အိပ်မက်လေးပါ သမီးရဲ့စာချုပ်သားရဲထဲက တစ်ယောက်ပဲ” ရှီမာယူယူ ပြောလေသည် “သူမက အမှောင်အရည်အချင်းရှိတဲ့ ဝိညာဉ်သားရ်ပဲ အဲဒါကြောင့် မြန်မြန်နိုးလာခဲ့တာ”
မုရုန်ဟွေ့သည် အိပ်မက်လေးကိုကြည့်ပြီး မည်သည့်သားရဲအမျိုးအစား ဖြစ်သည်ကို သုံးသပ်ကြည့်လိုက်သော်လည်း မပြောနိုင်ပေ။
သူ အံ့ဩသွားသည်။ သူ ဝိညာဉ်သားရဲတစ်ကောင်ကို အတည်မပြုနိုင် သည်မှာ သူမသည် အလွန်အားကောင်းပြီး မျိုးစိတ်မှာလည်း အလွန်ရှားပါး သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အနည်းဆုံးတော့ သူ အရင်ကမမြင်ဖူးပေ။
“ယူယူကို ကာကွယ်ပေးလို့ ကျေးဇူးတင်ပါတယ်” အိပ်မက်လေးသည် သူ့ အား အသာအယာခေါင်းညိတ်ပြကာ ကျေးဇူးတင်ကြောင်း ဖော်ပြလေသည်။
သူမ မှတ်ဉာဏ်ပြန်ရပြီးကတည်းကပင် အေးစက်ခဲ့သည်။ ဟိန်းသံလေး နှင့် ရှီမာယူယူမှလွဲပြီး သူမ အပြုံးကိုမြင်ရခဲပြီး နူးညံ့စွာ ဆက်ဆံခံရသူမှာ လူနည်းစုသာဖြစ်သည်။
“သူမကပဲ ငါ့ကိုကူညီတာပါ” မုရုန်ဟွေ့သည် ယဉ်ကျေးစွာဖြင့် ပြန်ပြော သည်။
“နယ်စား နယ်စား တကယ်ပဲသတ္တုကြောကို တူးမိတယ်” ဝိညာဉ်ရှာဖွေ သူသခင်၏ မြူးတူးသောအသံထွက်လာသည်။
မုရုန်ဟွေ့သည် ပျော်သွားပြီး အမြန်ပင်ပြေးသွားလိုက်ရာ သတ္တုကြောကို မြင်သည်နှင့် အားလုံးနှင့်အတူ လိုက်ပျော်လေသည်။
ထိုအရာနှင့်ဆိုလျှင် နယ်စားအိမ်တော်၏ အင်အားမှာ များစွာတိုးလာနိုင် သည်။
“နယ်စား ဒီသတ္တုကြောရဲ့ ကျောက်အလွှာကိုကြည့်ရတာ အကုန်လုံးက ရှေးဟောင်းသတ္တုကြောကြီးပဲ အထဲကပစ္စည်းတွေလည်း တန်ဖိုးကြီးတာဖြစ်ရ မယ်… သခင်မလေးပြောတာသာ မှန်ရင် ဒါက ကီလိုမီတာသောင်းချီရှီတာပဲ ဒါဆိုရင် ရတနာကြီးပဲ” ဝိညာဉ်ရှာဖွေသူသခင်သည် တူးပြီးသားသတ္တုတုံးကို ကိုင်ပြီး ပျော်ရွှင်စွာပြောလေသည်။
“နယ်စား ဖောက်ခွဲလိုက်ပြီ” ဖောက်ခွဲသူများသည် သတ္တုရိုင်းတချို့ကို ကိုင်ပြီး ပြေးလာကြသည် “နယ်စား တူးလို့ရတဲ့ သတ္တုရိုင်းတွေက အကုန်လုံး အလယ်အလတ်အဆင့်နဲ့ အဆင့်မြင့်ဟာတွေတောင်ပါတယ် ဒီသတ္တုကြော အဆင့်က တကယ်ကောင်းတာပဲ”
“ဒါက သတ္တုကြောရဲ့အစပဲရှိသေးတာ အဆင့်မြင့်သတ္တုရိုင်းတွေလည်း ရှိမှာပဲ နောက်နှစ်တွေမှာ လျောင်ချန်ပြည်နယ်အတွက် စိတ်ပူဖို့မလိုတော့ဘူး” မုရုန်လင်းသည် ခံစားချက်ပါပါပြောလေသည်။
မထင်မှတ်စွာပင် လျောင်မြို့နှင့် အနီးကပ်ဆုံးနေရာတွင် ဤကဲ့သို့ ကောင်းလှသော သတ္တုကြောရှိနေသည်။ ရှီမာယူယူကြောင့်သာမဟုတ်လျှင် သူတို့ ရှာတွေ့မည်မဟုတ်ပေ။
“နယ်စား အခုတော့ ဆက်တူးလို့မရဘူး သတ္တုတွေများလာရင် ဝိညာဉ် စွမ်းအားက သူများတွေကို ဆွဲဆောင်သွားလိမ့်မယ်” ဝိညာဉ်ရှာဖွေသူသခင် ပြောလေသည်။
“ကျန်တဲ့လူလာတာကို စောင့်ပြီးမှ ဆက်တူးမယ် အခုတော့ အားလုံးပဲ ဒီမှာနားလိုက်ကြဦး” မုရုန်ဟွေ့ အမိန့်ပေးလိုက်သည်။
ရှီမာယူယူသည် သူတို့ ပျော်ရွှင်စွာ မြေများကို ပြန်ဖို့နေသည်ကို ကြည့်နေ သည်။ သူတို့အားလုံးမှာ ပြုံးပြီးရင်းပြုံးနေကြသည်။
မုရုန်ဟွေ့သည် ခေါင်းလှည့်ပြီး သူမကိုကြည့်ရာ သူမခန္ဓာကိုယ်မှ ရောင်ဝါ သည် အနည်းငယ်ကွာခြားသွားသလို ခံစားရသည်။ သူမသည် အရင်က ပိတ်လှောင်ခံထားရပုံပေါက်ခဲ့သည်။ သို့သော အခုချိန်တွင် သူမသည်လွတ်လပ် သွားသလိုပင်။
ရှီမာယူယူလျှောက်သွားပြီး ပြောလိုက်သည် “အဖေ ဒီမှာနေပြီး ကြည့်နေ ပါ သမီးဒီနားလေး ပတ်ကြည့်လိုက်ဦးမယ် ဒီသတ္တုကြောကို အဲလူတွေ သေချာ ပေါက်မတွေ့နိုင်ဘူး ဒွပေမဲ့ သူတို့က ဒီလိုသတင်းထုတ်နိုင်တယ်ဆိုတော့ တခြား သတ္တုကြောရှိရင်လည်းရှိမှာ”
“အဖေလည်းလိုက်မယ်” မုရုန်ဟွေ့ ပြောလိုက်သည်။
“မလိုတော့ပါဘူး အဖေက ဒီကအခြေအနေတစ်ခုလုံးကို တာဝန်ယူထား ရတာလေ သမီးမှာ ခရမ်းလေးနဲ့အိပ်မက်လေးရှိပါတယ် ဘာမှမဖြစ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
မုရုန်ဟွေ့သည် သူမရင်ခွင်ထဲမှ တွန်းလှန်ခြင်းမရှိသည့် ခရမ်းလေးကို ကြည့်လိုက်သည်။ သူသည် ခရမ်းလေး၏စွမ်းအားကို မြင်ဖူးသဖြင့် အထဲတွင် မရဏာသားရဲများနှင့် တွေ့လျှင်တောင် သူတို့အနားကိုအကပ်ခံမည်မဟုတ် ပေ။
ရှီမာယူယူ ထွက်သွားပြီးနောက် ယွဲ့ရှီတောင်ကြားအတွင်းပိုင်းသို့ လျှောက်လာလိုက်သည်။
တကယ်တော့ ဤနေရာတွင် မည်သည့်သတ္တုကြောမှရှိမနေပေ။ မဟုတ်လျှင် မီအာ အရင်အာရုံခံမိမည်ဖြစ်သည်။ ဤနေရာတွင် အမည်းလေး အတွက် ‘မုန့်’ အဖြစ်သုံးရန် ဆေးပင်ကောင်းကောင်း ရှိလိုရှိငြား ကြည့်ချင်၍ ဖြစ်သည်။
သူကတော့ မထားချင်ပေမဲ့ပေါ့လေ။
ထို့အပြင် တစ်ခါတည်းမလိုအပ်သည့် နောက်ဆက်တွဲများကို ဖြေရှင်းနိုင် မည်။
အတန်ကြာအောင် လျှောက်ပြီးနောက် သူမ ရပ်ပြီးပြောလိုက်သည် “ငါ ဗိုက်ဆာနေပြီ တစ်ခုခုစားရအောင် အမည်းလေး မရဏာသားရဲသွားဖမ်းပြီး ပြန်လာခဲ့”
အမည်းလေးသည် စားရမည်ကို သိသည်နှင့် လျှပ်စီးသဖွယ်ပြေးသွားပြီး ခဏအကြာတွင် ပါးစပ်၌မရဏာသားရဲတစ်ကောင်ကိုက်ကာ ပြေးလာ၍ မြေပေါ်ချလိုက်သည်။ သူသည် ရှီမာယူယူကို နှစ်ကြိမ်မျှဟောင်ပြီး ချီးကျူးခိုင်း လေသည်။
ရှီမာယူယူသည် သူ့ခေါင်းကိုထိပြီး အလွန်ပင် ချဲ့ကားသောအမူအရာဖြင့် ပြောလိုက်သည် “အမည်းလေက အရမ်းကိုတော်တာပဲ” သူသည် ပျော်ရွှင်စွာ ပြေးသွားလေသည်။ ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် သူပြန်လာကာ သူမ ဘေးတွင်နေကာ မရဏာသားရဲကို ခုတ်ထစ်ပြီး အိုးထဲသို့ထည့်သည့် လုပ်ငန်း စဉ်ကို ကြည့်နေသည်။
“အင်းငါ အခုအလုပ်စလုပ်တော့မယ် ပြီးတော့ ကိစ္စဖြေရှင်းပြီးရင်တော့ ဟင်းလည်းကျက်လောက်ပါပြီ” ရှီမာယူယူသည် အဖုံးအုပ်လိုက်သည် “ငါ ပြောတာက မင်းက တစ်လမ်းလုံး ငါ့နောက်ကနေလိုက်လာတာ ထွက်လာဖို့ အစီအစဉ်မရှိသေးဘူးလား”
***