အနက်ဝတ်လူများ
Vol. 129 Ch. 1793
အမှောင်ထဲတွင် ပုန်းနေသော အနက်ဝတ်လူများအားလုံး အံ့အားသင့် သွားကြသည်။ သူတို့သည် အပုန်းကောင်းလှသည်ဟု သူတို့ကိုယ်သူတို့ ထင်ထားကြရာ ပေါ်သွားလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူတို့သည် ရှီမာယူယူ ရှိနေသောနေရာကို ကြည့်လိုက်သည်။ ကျောက်ဆောင်များမှာ ကျယ်ဝန်းသဖြင့် တိုက်ခိုက်ရန် သင့်တော်သည်။ သူမက ဒီနေရာကို အထူးတလည်များ ရွေးထားသလား။
“မင်းတို့အားလုံး ထွက်မလာသေးဘူးလား” ရှီမာယူယူ အသံဆုံးသည်နှင့် ဝိညာဉ်စွမ်းအားနှင့် ပုန်းနေရာသို့ တိုက်ခိုက်လေသည်။
သူမ၏ စွမ်းအားမှာ အားနည်းသော်လည်း တိုက်ကွက်များမှာ နာကျင်ဆဲ ဖြစ်သည်။ ထို့ကြောင့် သူတို့သည် ပုန်းနေရာမှထွက်လာကြသည်။
ရှီမာယူယူသည် ထွက်လာသော လူများကိုကြည်ပြီးမေးလိုက်သည် “သုန်းမျိုးနွယ်လား သုန်းချီလျန်နဲ့ သုန်းချီရှောင်းတို့ကို ငါ့ကို သတ်ခိုင်းလိုက်တာ လား”
သူမ ဤနေရာကို ရောက်ပြီးနောက်တွင် သူမသည် အပတ်အသက်ရှိ သည့် လူများများစားစားမရှိပေ။ သုန်းညီအစ်မကသာ သူမကို သတ်ချင်နေခြင်း ဖြစ်သည်။
“အခုသိမှတော့ လိမ်လိမ်မာမာနဲ့ အသေခံလိုက်တော့”
ထိုအနက်ဝတ်လူများသည် ဘာမှထပ်မပြောတော့ဘဲ နှစ်ယောက်သည် အမြန်ထွက်လာကာ သူမကို တိုက်ခိုက်လေသည်။
“သေချင်နေကြတာပဲ” အိပ်မက်လေးသည် ရှေ့ကိုထွက်ကာ သူမ၏ ဝိညာဉ်စွမ်းအားကို စုစည်းပြီးနောက် ကြာပွတ်နှစ်ချောင်းအသွင်ပြောင်းကာ ထို နှစ်ယောက်ကို ရစ်ပတ်လိုက်ပြီး ခပ်ပြင်းပြင်းအဝေးသို့ ပစ်လိုက်သည်။
“အာ…”
သူတို့နှစ်ယောက်သည် ပါးစပ်အပြည့်သွေးအန်ပြီးနောက် မြေပေါ်လဲကျ သွားကာ အသက်မရှုတော့ပေ။
အားကောင်းလိုက်တာ….
ကျန်အနက်ဝတ်လူများသည် အိပ်မက်လေးကို နိုးနိုးကြားကြားကြည့်လေ သည်။ မထင်မှတ်စွာပင် သူမ၏ ဘေးတွင် ထူးဆန်းသောခွေးနှင့် ဤမျှ အားကောင်းသော လူတစ်ယောက်လည်းရှိနေသည်။
သူတို့သည် စိတ်ထဲမှ စွမ်းအားများကို ခန့်မှန်းတွက်ချက်ပြီး သူမကို မနိုင် တော့သည်ကို သိသည်နှင့် နောက်ဆုတ်ရန် ကြံလေသည်။
“ထွက်ပြေးချင်တာလား” အိပ်မက်လေးသည် အေးစက်စွာ နှာမှုတ်ပြီး တိုးညင်းစွာ ရေရွတ်လိုက်သည်။
သူမ၏ ပါးစပ်မှ အသံလှိုင်းထွက်လာရာ အနက်ဝတ်လူများသည် ရပ်တန့် သွားကြပြီး တစ်ယောက်ချင်းစီသည် ခေါင်းများကိုကိုင်ကာ မြေပေါ်တွင် နာကျင်စွာ လူးလှိမ့်ကြလေသည်။
အိပ်မက်လေးသည် ညည်းညူခြင်းကိုရပ်လိုက်ပြီး မြေပေါ်တွင် လူးလှိမ့် နေသောလူများကို အေးစက်စွာကြည့်လိုက်၏။
“မင်းတို့ရဲ့ အားလောက်နဲ့ ငါ့မိသားစု ယူယူကိုသတ်ဖို့လာရဲတယ် ဟုတ်လား” သူမသည် ဝိညာဉ်စွမ်းအားကို စုစည်းပြီး ဓားရှည်အသွင်ပြောင်းကာ ထိုလူများဆီသို့ ပြေးသွားပြီး အပိုင်းပိုင်းဖြတ်လေသည်။
သေဆုံးရသည့်အချိန်တွင် သူတို့မျက်နှာမှ အမူအရာများသည် အလွန် နာကျင်ပုံပေါက်သည်။ သေဆုံးခြင်းကပင် သူတို့ကို သက်သာရာမရစေသည့် ပုံပင်။
ရှီမာယူယူသည် အိပ်မက်လေး ပြဿနာရှင်းသည်ကို စောင့်ကြည့်ပြီး အော်လေသည် “ငါတို့အိပ်မက်လေးက အရမ်းတော်တာပဲ”
“အိပ်မက်လေးက တော်တာမဟုတ်ဘူး ယူယူက အရမ်းအားနည်းနေတာ လေ ယူယူ့ကိုသတ်ဖို့အတွက် အမှိုက်သရိုက်တွေ လွှတ်လိုက်ရုံပဲ…” အိပ်မက် လေးသည် စိတ်ရင်းနှင့်ပြောလိုက်သည်။
ရှီမာယူယူ “….”
အရင်က သံယောဇာဉ်တွေရော… ဘယ်လိုဖြစ်လို့ အရှိုက်ကို ဓားနဲ့ထိုးရ တာလဲ။
“သူတို့ မျက်နှာတွေက အရမ်းကိုခံစားနေရတဲ့ပုံပဲ သူတို့ကိုဘာလုပ်လိုက် တာလဲ” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ဘာမှတော့မဟုတ်ပါဘူး သူတို့ဦးနှောက်ကို ချောက်ချားသွားစေရုံတင် ပါ” အိပ်မက်လေးပြောသည်။ ချေက်ချားစေခြင်းမှာ သူမအတွက် ဘာမှမဟုတ် သော်လည်း မည်သို့အရာဖြစ်သည်ကို ရှီမာယူယူ မှန်း၍ရသည်။
သေချာတာတော့ ကောင်းတဲ့အရာမဟုတဘူး…
ထိုလူများ၏ အမူအရာကိုကြည့်ပြီး သူမ လည်ပင်းပုလိုက်ကာ အိပ်မက် လေးကို ရန်စသူများသည် ဖယောင်းသွင်းခံရမည်ဟု တိတ်တိတ်လေး တွေး လိုက်သည်။
အိပ်မက်လေးသည် ရှောင်ချီနှင့် ပန်းလေးတို့ထက် အေးဆေးသည်ဟု မထင်လိုက်လေနှင့်။ အခြေအနေပြင်းထန်သည့်အချိန်တွင် သူမ၏ ပေါက်ကွဲ သည့် စွမ်းအားသည် ရှောင်ချီထက်မနှိမ့်ပေ။
“ယူယူ ဟင်းတွေ အသင့်ဖြစ်ပြီလား ပျစ်နေပြီထင်တယ်” အိပ်မက်လေး သည် အိုးဆီသို့လာချိန်တွင်ပင် သူမ ထိုနေရာတွင် ရပ်နေသေးသည်ကိုမြင် သောအခါ အော်လေသည်။
“ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ကြီး ပျစ်မှာလဲ” ရှီမာယူယူ လျှောက် လာသည် “ကျက်တောင်မကျက်သေးဘူး မင်းလှုပ်ရှားတာ ဒီလောက်မြန်တာ သူတို့အကုန်လုံးကို အကွက်နည်းနည်းလောက်နဲ့ ရှင်းလိုက်တာ ကျက်ဖို့ နည်းနည်းလိုသေးတယ်”
“ယူယူချက်တာကို မစားရတာတောင် တော်တော်ကြာပြီ” အိပ်မက်လေး နှုတ်ခမ်းဆူလေသည်။
“အင်း… ဒီနေ့ ငါ ပိုချက်ပေးမယ်” ရှီမာယူယူ ပြုံးလိုက်သည်။ ပြီးနောက် ပါဝင်ပစ္စည်းတချို့ကိုထုတ်ပြီး အိပ်မက်လေး၏ အကြိုက်ဆုံးဟင်းလျာများကို စတင်ချက်ပြုတ်တော့သည်။
“ဝုတ် ဝုတ်” အမည်းလေးသည် ဘေးမှဟောင်ကာ သူ့ကိုမမေ့ရန် သတိ ပေးသည်။
“မင်းက သွား ဆေးပင်တွေစားလိုက်” အိပ်မက်လေးသည် အမည်းလေး ကို ဂုတ်မှကိုင်ကာ ပစ်လိုက်သည်။
အမည်းလေးသည် နာကျင်စွာဖြင့် ပြန်ပြေးလာပြီး အိပ်မက်လေးကို အကြိမ်အနည်းငယ်ဟောင်ပြီး မရဏာသားရဲများသည် သူတို့ဘာသာ ပြန်လာ တတ်သည်ကို ပြသနေသည်။
“ဟားဟား” ရှီမာယူယူသည် အမည်းလေးနှင့် အိပ်မက်လေးတို့ကို ကြည့်ပြီး ရယ်မောမိတော့သည်။
မည်သို့ပင်ဖြစ်စေကာမူ သူတို့အတူတကွရှိနေသည်ကို ကြည့်ရသည်မှာ သူမအတွက် ပျော်ရွှင်စေသည်။
ခရမ်းလေးသည် မျက်စိစောင်းကာ အိပ်မက်လေးတို့ကိုကြည့်ပြီး စက်ဆုတ်စွာပြောလေသည် “ကလေးဆန်လိုက်တာ”
“အဲဒါ ကလေးဆန်တာမဟုတ်ဘူး သူတို့ပေါင်းတဲ့ပုံစံလေ” ရှီမာယူယူ ရှင်းပြလေသည် “မင်းက သူတို့နဲ့အရင်က မပေါင်းဖူးသေးလို့လေ နောက်ကျရင် သိလာလိမ့်မယ်”
“ငါက တော်ဝင်ထိပ်တန်းခရမ်းရောင်လျှပ်စီးလေ အဲလိုမျိုး ကလေးဆန် တာတွေမလုပ်ဘူး” ခရမ်းလေးသည် ဂုဏ်မောက်စွာဖြင့် မေးမော့ပြီး ရွံရှာသော အကြည့်ဖြင့် ကြည့်လေသည်။
“တကယ်လား” ရှီမာယူယူသည် သူ၏နားရွက်မှ ဆုပ်ကိုင်ပြီး တွဲလျောင်း ထားလိုက်သည် “တော်ဝင် ထိပ်တန်းလျှပ်စီး ဘာလို့များ ငါ့ခန္ဓာကိုယ်ထဲဝင် သွားတာလဲ အင်း… မင်းက အခုလည်း ငါ့ကိုချုပ်ထားချင်လို့လား”
“ဟင်း ကြက်သွေးရောင်မီးတောက်သာ အကျင့်ပုတ်တဲ့နည်းလမ်းမသုံး ရင် ငါက ဘယ်လိုလုပ် မင်းဖမ်းတာခံရမှာလဲ” ခရမ်းလေး၏ အမှောင်ဖုံးသော သမိုင်းကြောင်းသည် သူ့စိတ်တွင် လွှမ်းမိုးနေသည်။
“ငါတို့တွေ ဘယ်လိုပဲလုပ်ခဲ့လုပ်ခဲ့ အခု မင်းငါတို့ဖမ်းတာခံနေရပြီပဲ” ရှီမာယူယူသည် လက်ချောင်းများဖြင့် သူ၏ခေါင်းကိုလှန်လိုက်သည်။
“ဟင်း” ခရမ်းလေးသည် လက်လေးထုတ်ကာ သူမကို ဆုပ်ကိုင်ချင်သည်။ သို့သော် သူမသည် ပါးနပ်စွာရှောင်လိုက်သည်။
“ဟေး ငါ မင်းအတွက် စားကောင်းတာလုပ်ကျွေးမယ်” ရှီမာယူယူ ချလိုက်ပြီး သူ၏ခေါင်းကိုထိကာ ပြောလိုက်သည်။
အင်း…. စားကောင်းသောက်ဖွယ်ဆိုရင်တော့ သူမကို အခုတော့ လွှတ် ထားပေးလိုက်ဦးမယ်။
ရှီမာယူယူသည် သူ တည်ငြိမ်ချင်ယောင်ဆောင်နေသည်ကို ကြည့်ပြီး နှုတ်ခမ်းတွန့်လိုက်သည်။ သို့သော် သူသည် သွားရည်ကျနေလောက်ပြီဖြစ် သည်။
မကြာမီတွင် သူမသည် အစားအသောက်များကို စားပွဲအပြည့်ပြင်ဆင်ပြီး လေသည်။ ခရမ်းလေးသည် စားပွဲပေါ်အရင်တက်လာပြီး စတင်စားလေသည်။ အမည်းလေးနှင့် ကစားနေသော အိပ်မက်လေးသည် အမည်းလေးကို ပစ်ချထားခဲ့ကာ စားပွဲတွင်ထိုင်ပြီး စတင်စားတော့သည်။
အမည်းလေးသည် ပစ်ချခံရသော်လည်း မျက်စိတစ်မှိတ်အတွင်းတွင် ပြန်ပြေးလာပြီး ရှီမာယူယူဘေးတွင် ဝင်ထိုင်လေသည်။
မီအာသည် သူမ၏လက်မှထွက်လာပြီး အိပ်မက်လေးဘေးထိုင်ကာ စားလေသည်။
ရှီမာယူယူသည် သိပ်မစားပေ။ သူမသည် အိပ်မက်လေးစားသည်ကိုသာ ကြည့်နေခဲ့သည်။ သူမ၏ သားရဲများ အိပ်မောကျကတည်းကပင် ကျန်ခဲ့သူများ ကို စားကောင်းသောက်ဖွယ်များ ချက်ကျွေးဖြစ်သည်။
သူမ၏ သားရဲများ လုယက်စားသောက်ပြီးနောက် ရှီမာယူယူသည် သူတို့ ကိုခေါ်ကာ ခရီးဆက်ခဲ့သည်။ သူမသည် ခရမ်းလေးကို အမည်းလေးကျောပေါ် တင်လာရာ လမ်းတစ်လျှောက် သူတို့နှစ်ယောက် ရန်ဖြစ်သည်ကို ကြည့်ရ သည်မှာ အသက်ဝင်သောအခြေအနေပင်ဖြစ်နေခဲ့သည်။
“ယူယူ အရှေ့မှာ တိုက်ခိုက်သံတွေကြားရတယ်” အိပ်မက်လေးသည် စိတ်စွမ်းအင် အားကောင်းသော ဝိညာဉ်သားရဲဖြစ်သဖြင့် ပတ်ဝန်းကျင် အခြေအနေကို အာရုံခံပါးသည်။
ရှီမာယူယူ သွားရန်တွေဝေနေစဉ်မှာပင် ထိုလူများသည် သူမကို စဉ်းစား ချိန်ပင်မပေးပေ။ မရဏာရင်ဝံပုလွေများ လူတစ်စုကိုလိုက်နေသည်ကို သူမ မြင်လိုက်သည်။
အရှေ့မှပြေးလာသောလူမှာ သုန်းမျိုးနွယ်မှ မိန်းမငယ်လေးနှစ်ယောက် ဖြစ်ကာ အနောက်တွင် တပ်သားဒါဇင်မျှလိုက်လာသည်။ ဒါက ခရမ်းလေး ခြောက်လိုက်လို့ နောက်ဆုတ်ပြေးသွားကြတဲ့ မရဏာရင်ဝံပုလွေတွေမဟုတ် ဘူးလား။
“အစ်မ ငါ မပြေးနိုင်တော့ဘူး ဒီမရဏာရင်ဝံပုလွေတွေက ဘာလို့ ငါတို့ နောက်ပဲလိုက်နေတာလဲ” သုန်းချီရှောင်းသည် အသက်ရှုကြပ်နေပြီဖြစ်ကာ ပြေးနှုန်းမှာလည်း ပိုပိုနှေးလာသည်။ အနောက်မှလိုက်လာသော မရဏာရင် သားရဲများကြောင့်သာမဟုတ်လျှင် သူမသည် မြေပေါ်လှဲချပြီး ဆက်သွားတော့ မည်မဟုတ်ပေ။
“ဒီမှာမသေချင်ရင် မရပ်နဲ့” သုန်းချီလျန်သည် ခေါင်းလှည့်ပြီးအော်လေ သည်။ သူမသည် မရဏာရင်ဝံပုလွေများ နောက်မှလိုက်လာသည်ကို မြင်သောအခါ မျက်နှာတင်းသွားသည်။
ရှီမာယူယူသည် ထိုလူများနှင့် နောက်မှလိုက်လာသော မရဏာရင် ဝံပုလွေများကိုကြည့်ပြီး သဘောကျနေသည်။
ဝါး… သူတို့အကုန်လုံးက အသိအကျွမ်းတွေပဲ သူမ နှုတ်ဆက်လိုက်ရ မလား။
***