← Chapters

အခန်း ၁၆၈၉

Vol. 114 Ch. 1689

အခန်း ၁၆၈၉

Vol. 114 Ch. 1689

အပိုင်း(၁၆၈၉)

ကျွင်းချောင်ရှောင်းသည် အလွန်တရာ တည့်တိုးဆန်လှပြီး စိတ်ဓာတ်မာကျောလှသူဟု အားလုံးက ခံစားမိကြ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ ရီရှင်းချန်သည် ပိုမို၍ပင် ဆိုးရွားနေသေးသည်။

အဓိက အားဖြင့် သူသည် ကျင့်ကြံခြင်းအပေါ်တွင်သာ အချိန်မှန်သမျှကို အသုံးပြုခဲ့သူဖြစ်သောကြောင့် တစ်ခြားကိစ္စရပ်များကို စိတ်မဝင်စားမှု မရှိလှချေ။ ယနေ့အချိန်မှာတော့ တခြားသော ဂြိုဟ်တစ်ခုခုဆီသို့ ရောက်ရှိပြီး များပြားလှသည့် သိုင်းကျင့်ကြံသူများသည် ဒဏ်ရာရရှိထားသည့် အမျိုးသမီးတစ်ယောက်ကို စုပေါင်းတိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် အမှန်တကယ်ပဲ မမြင်ချင်ယောင် ဆောင်၍ ထွက်ခွာသွားခဲ့၏။

ကုန်းရှန့်အနေနှင့် သူ့အပေါ် တစ်ခြားသူများ၏ ထင်မြင်မှုကို ဂရုစိုက်ကောင်း စိုက်နိုင်ပေလိမ့်မည်။ သို့ပေမဲ့ ရီရှင်းချန်မှာတော့ မဟုတ်ချေ။ သူသည် ယခင်ဘဝတုန်းက ဧကရီလင်းရောင်၏ နောက်ကျောကို ဓားနှင့်ထိုးခြင်းကို ခံခဲ့ရ၏။ ထို့ကြောင့်ပင်လျှင် အမျိုးသမီးများနှင့် ပတ်သက်လျှင် အလိုလို သတိဝင်လျက်ရှိနေသည်။

သေသေချာချာစဉ်းစားကြည့်မည်ဆိုလျှင် သူသည် ပြိုင်စံရှား ဂိုဏ်းကို အမှန်တကယ်ပဲ အသိအမှတ်ပြုခဲ့ပြီဖြစ်ပြီး ဂိုဏ်းသားတစ်ယောက်အဖြစ် မိမိကိုယ်ကို မှတ်ယူထား ခဲ့၏။ သို့ပေမဲ့ သူသည် လုချင်းချင်း၊ လျှိုဝမ်ရှစ်နှင့် တစ်ခြားသော အမျိုးသမီးတပည့်များနှင့်တော့ ထိတွေ့ ဆက်ဆံမှုဆိုသည်မှာ ရှားရှားပါးပါးပင် ဖြစ်သည်။ သူ၏ အချိန်အများစုသည် အမျိုးသားတပည့်များဖြစ်သော ရှောင်ကျီ၊ လီချင်းယန်၊ သို့မဟုတ် စိတ်ဝိညာဉ်သားရဲဟောခန်း၌သာ ကုန်ဆုံးစေ၏။

ရီရှင်းချန်သည် ထွက်ခွာ သွားချင်မိ၏။ သို့ပေမဲ့ ထွက်မခွာသွားနိုင်ခဲ့ချေ။ ပတ်ဝန်းကျင်တွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် သူ့ကို ပိတ်ဆို့ထားခြင်းမှ မဖယ်ရှားပေးခဲ့ကြချေ။ ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များ ကို ထုတ်ဖော်ကာဖြင့် စူးစိုက် ကြည့်ရှုနေကြသည်။

“ကောင်လေး”

သိုင်းကျင့်ကြံသူတစ်ယောက်သည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဒီ နတ်ဆိုးမိန်းမကို လာပြီးတော့ ကူညီရဲတယ်ဟုတ်လား။ မင်းသေရလိမ့်မယ်။”

“သူ့ကို သတ်လိုက်ကြ။”

အရှေ့တွင် ရပ်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့သည် ပြေးဝင်လာခဲ့ကြ၏။ စွမ်းအင်ပေါင်း များစွာတို့သည် လေထုထဲတွင် ဖြစ်တည်လာခဲ့ပြီး စကားလုံးနှင့် ဖော်ညွှန်း၍ မရနိုင်သည့် ကြမ်းတမ်းသည့် အရှိန်အဟုန်များကိုပင် ထုတ်ဖော်နေသည်။

“အမှိုက်တွေပဲ။”

ရီရှင်းချန်၏ မျက်နှာပေါ်တွင် အထင်အမြင်သေးသည့် အရိပ်အယောင်များနှင့် ပြည့်နှက်နေ၏။ သူသည် အမျိုးသမီးတစ်ယောက်ကို ကူညီသည့် သူရဲကောင်းအဖြစ် မဖြစ်ချင်ပေ။ သို့ပေမဲ့ ထိုကဲ့သို့သော အကြောင်း ပြချက်ဖြင့် ခြင်များ၊ ယင်များ၊ ပိုးမွှားများ လာရောက်ကိုက်ခဲခြင်းကိုတော့ လက်ခံလိမ့်မည်မဟုတ်ချေ။

ဘုန်း …။

ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ရုတ်တရက် ပေါက်ကွဲသွားခဲ့၏။ လေပူများသည် တဟူးဟူးနှင့် တောက် လောင်နေ၏။ တည်နေရာတစ်ခုလုံးတွင် အလောင်းများ၊ သွေးများသည် ပြန့်ကျဲလျက်ရှိနေ၏။ မြင်ကွင်း တစ်ခုလုံးသည် ဖော်ညွှန်းရန်မသင့်သကဲ့သို့ပင် ရက်စက်လွန်းလှချေ၏။

ဘုတ်

နောက်ဆုံးတိုက်ခိုက်ခဲ့သည့် သိုင်းကျင့်ကြံသူသည် မြေပေါ်သို့ လဲကျပြီးသည့်နောက် အသက်မရှိတော့ချေ။ ၎င်း၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်မှုများနှင့် ပြည့်နှက်ကာ ပြူးထွက်နေခဲ့၏။ ဤသာမန်ဆန်လှသော လူတစ်ယောက်သည် သူ့အား သေဆုံးသည်အထိ တိုက်ခိုက်သွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။

ရီရှင်းချန် မှာတော့ သူ၏ မူလတည်နေရာတွင် မတ်မတ်ရပ်လျက်ရှိ၏။ သူ၏ ကြည့်ကောင်းလွန်းလှသော အမဲရောင် ဆံနွယ်များသည် လေထဲတွင် လွင့်လျက်ရှိနေပြီး မျက်နှာတစ်ခုလုံးတွင်လည်း သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေ၏။ သူသည် ငရဲပြည်မှ လျှောက်ထွက်လာခဲ့သည့် ငရဲသားကြီး တစ်ကောင်ကဲ့သို့ပင်။ အလွန် လေးနက်သည့် အရှိန်အဝါများကို ထုတ်ဖော်သည့်နေရာ၌ သူသည် အဓိကဇာတ်ဆောင် ကုန်းရှန့် ထက်ပင် ပိုမိုကာ ခန့်ညားလွန်းနေ၏။

သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်တို့ ချက်ချင်းသတ်ဖြတ်ခံလိုက်ရသည်ကို မြင်ရသည့်အချိန်မှာတော့ ကျန်ရှိ နေသည့် သိုင်းကျင့်ကြံသူများသည် မျက်လုံးပြူးသွားမိကြ၏။ နတ်ဆိုးအမျိုးသမီးကို လာရောက်ကယ်တင် သည့် စစ်ကူသည် မရိုးရှင်းလှချေ။

“သွားကြစမ်း”

ရီရှင်းချန်သည် အေးစက်စက်အော်ဟစ်လိုက်၏။ စကားလုံးတစ်ခွန်းထဲနှင့်ပင် အားကောင်းလွန်းလှသော ဖိအားများ ဖြစ်တည်လာ၏။ ထို့ကြောင့် လက်ရှိ ရှိနေကြသော သိုင်းကျင့်ကြံသူများ အားလုံးတို့သည် ဆံပင်မွှေးများပင် ထောင်ထသွားခဲ့ကြသည်။ သူတို့သည် ဖြစ်နိုင်သမျှ အမြန်ဆုံး ထွက်ခွာသွားခဲ့ကြသည်။

သူတို့ အားလုံးသည် အလွန်ကံကောင်းလှသည်ဟု ဆိုရမည်။ ပြိုင်စံရှားဂိုဏ်းဆီသို့ ဝင်ရောက်ပြီးသည့်နောက် ရီရှင်းချန်သည် အမူအကျင့်များ ပြောင်းလဲသွားခဲ့သည်။ သူ၏ ယခင်ဘဝတုန်းက အေးစက်သည့် အသွင်အပြင်အရသာ ဆိုလျှင် သူ့အား ရန်ပြုနှောက်ယှက်သည့် လူမှန်သမျှကို ချမ်းသာမပေးဘဲ သတ်ဖြတ် မိမှာသေချာ၏။

ဆွစ် ဆွစ်

အလောင်းများဆီမှ သိုလှောင်လက်စွပ်များသည် ညအင်ပါယာ၏ လက်ထဲသို့ သက်ဆင်းကုန်သည်။ သူ့အနေနှင့် အထဲတွင် ဘာတွေရှိသလဲဆိုသည်ကို စစ်ဆေးကြည့်ရန်ပင် ပျင်းရိလို့ နေခဲ့၏။ ထို့ကြောင့် ပြန်လည်ထွက်ခွာသွားခဲ့သည်။

“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကယ်တင်ရှင်”

ဒဏ်ရာရရှိထားသည့် အမျိုးသမီးသည် မနည်းရုန်းကန်ကာဖြင့် မတ်တပ်ထရပ်လိုက်၏။ သူမ၏ မျက်နှာသည် ဖြူရော်လျက်ရှိနေပြီး ဒဏ်ရာမှာ အလွန်ပြင်းထန်ကြောင်း သိသာ၏။

ရီရှင်းချန်သည် ထူးမခြား နားသလို ပြောလိုက်သည် “ကျုပ်က ဒီကောင်တွေရဲ့ နှောက်ယှက်မှုကို မခံချင်လို့ပဲ။ ခင်ဗျားကို ကူညီဖို့ ကြိုးစားခဲ့တာမဟုတ်ဘူး။ ဒီတော့ လွန်လွန်ကြူးကြူးတွေ တွေးမနေနဲ့။”

ရီရှင်းချန်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ကုန်းရှန့်သည် အမှန်ပင် နွေးထွေးသည့် လူတစ်ယောက်ဖြစ်ကြောင်း သိသာသွားခဲ့၏။

ဒဏ်ရာရသည့်အမျိုးသမီးသည် တခြားမည်သည့်အရာကိုမှ မပြောချေ။ သူမ၏ ဒဏ်ရာရထားသည့် ခန္ဓာကိုယ်ကို မနည်းထိန်းကျောင်းကာဖြင့် တော၏ အတွင်းပိုင်းဆီသို့ လှမ်းဝင်ခဲ့၏။ သို့ပေမဲ့ ခြေလှမ်း အနည်းငယ်လောက် လှမ်းပြီးနောက် မည်သို့မှမခံနိုင်တော့ဘဲ မြေပေါ်သို့ လဲကျကာ သတိလစ် မေ့မျောသွားခဲ့သည်။

ဤတည်နေရာ၌ သိုင်းကျင့်ကြံသူ တော်တော်များများက သေဆုံးခဲ့ပြီး သွေးများသည်လည်း ပျံ့နှံ့လျက်ရှိနေ၏။ ထို့ကြောင့် ကြမ်းတမ်းလွန်းလှသော သားရဲရိုင်းများကို ဆွဲဆောင်သလို ဖြစ်ခဲ့၏။ မည်သည့်အန္တရာယ်မှ မရှိတော့ဘူးဆိုတာကို သေချာပြီးသည့်နောက် သားရဲရိုင်းများသည် တစ်ကောင်ပြီး တစ်ကောင် တောထဲမှ ထွက်လာခဲ့ကြ၏။

အစားအစာ ။ ဤအရာများအားလုံးသည် အစားအစာပင်ဖြစ်သည်။

ဝံပုလွေနှင့်တူသော ကြမ်းတမ်းလှသည့် သားရဲရိုင်းများသည် သတိလစ်မေ့မျောနေသည့် အမျိုးသမီး၏ အရှေ့တွင် ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးများသည် နီရဲလျက်ရှိနေပြီး တံတွေးများသည်လည်း တတောက်တောက် ကျဆင်းနေ၏။

သိုင်းကျင့်ကြံသူများသည် သားရဲရိုင်းများကို သတ်ဖြတ်ရသည်ကို နှစ်သက်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ခန္ဓာကိုယ်ထဲတွင် သလင်းအမြုတေများ တည်ရှိနေသောကြောင့်ပင်။ သားရဲရိုင်းများကလည်း လူသားများကို သတ်ဖြတ်ရသည်ကို နှစ်သက်၏။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ အသားနှင့်အသွေးများအားလုံးသည် ဓာတ်သဘာဝများနှင့် သန့်စင်ခြင်းကို ခံထားရသောကြောင့် ထိုအရာများကို စားသုံးလိုက်မည်ဆိုလျှင် ၎င်းတို့၏ အားအင်အဆင့်ကို ပိုမိုကာ တိုးတက်သွားစေနိုင်သောကြောင့်ပင်။

ဝေါင်း …..။

ခဏလောက် တွန့်ဆုတ်ပြီးသည့်နောက် ဝံပုလွေသားရဲအနည်းငယ်တို့သည် ၎င်းတို့၏ သွေးကဲ့သို့ နီရဲလျက်ရှိ နေသည့် ပါးစပ်ကြီးများကို ဟကာဖြင့် ရှေ့ဆီသို့ ခုန်ဝင်လိုက်သည်။

ဘုန်း

ရုတ်တရက် ကြမ်းတမ်းလှသည့် လှိုင်းများသည် ဖြစ်တည်လာခဲ့ပြီး ဖုန်များအလိမ့်လိမ့် တက်သွား၏။

ဖောက်

စောနတုန်းက ထွက်ခွာသွားခဲ့ပြီးဖြစ်သော ရီရှင်းချန်သည် ဒဏ်ရာရရှိထားသည့် အမျိုးသမီး၏ ရှေ့၌ ပေါ်လာ၏။ သူသည် ကျန်းချီများကို စုစည်းကာဖြင့် သူမအား တစ်ချက်ကလေးမှ ညှာတာခြင်းမရှိဘဲ ခပ်ကြမ်းကြမ်းဆွဲမလိုက်၏။ ပြီးနောက် ဖုန်များထဲမှာပဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။ သူသည် အလျင် အမြန်နှင့် ရောက်ရှိလာခဲ့ပြီး အလျင်အမြန်နှင့် ပြန်လည်ထွက်ခွာသွားခဲ့ခြင်းပင်။

…

ညရောက်ချိန်မှာတော့ ကောင်းကင်ယံတွင် တောက်ပသည့် လကြီးတစ်စင်းက ထွန်းလင်းနေခဲ့ပြီး ကောင်းကင်ယံတွင် ကြယ်များနှင့် ပြည့်နှက်နေသည်။

ရီရှင်းချန်သည် လှိုဏ်ဂူ၏ အပြင်ဘက်တွင် ခြေချိတ် ကာထိုင်လျက်ရှိနေပြီး အရိပ်တစ်ထောင်ကိုယ်ပွား သိုင်းကျမ်းကို သေသေချာချာ လေ့ကျင့်လျက်ရှိ၏။ သူ့အနေနှင့် မည်သည့်နေရာတွင်မဆို ကျင့်ကြံခြင်းကို ပြုလုပ်တတ်၏။

ဖူး

၁နာရီခန့်ကြာမြင့်ပြီးသည့်နောက် ရီရှင်းချန်သည် လေပူများကို မှုတ်ထုတ်ပြီးသည့်နောက် တွေးလိုက်မိသည်။ ငါ ဘာလို့ လူစိမ်းတစ်ယောက်ကို ကယ်မိတာလဲ။

ဤအတောအတွင်း သူသည် ဤဂြိုဟ်ထဲသို့ လှည့်လည်သွားလာပြီး အရင်းအမြစ်များကို မည်သို့ ရယူရမည်နည်းဆိုသည်ကို ရှာဖွေရန်သာ လိုအပ်သည်။ သို့ပေမဲ့ ဘာကြောင့်မှန်းမသိဘဲ ဝံပုလွေတို့၏ ပါးစပ်တွင်းသို့ သက်ဆင်းခါနီးဖြစ်နေသော ဒဏ်ရာရသည့် အမျိုးသမီး ကို ကယ်တင်ခဲ့မိ၏။ ထို့အပြင် သူမကို ပြန်လည်ကောင်းမွန်ခြင်းဆေးလုံးများလည်း တိုက်ကျွေးခဲ့မိသေး၏။

“ရှင် ကျွန်မရဲ့ အသက်ကို ထပ်ပြီး ကယ်လိုက်ပြန်ပြီလား။”

ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးသည် လှိုဏ်ဂူထဲမှ ထွက်လျှောက်လာ၏။ သူမသည် ဆေးသောက်ပြီးပြီ ဖြစ်သောကြောင့် မျက်နှာအသားအရေများသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်နေသည်။ ဒဏ်ရာများ သည်လည်း ထိန်းချုပ်နိုင်သည့်အခြေအနေသို့ ရောက်ရှိသွားသည်။

ညအလင်း၏ အကူအညီဖြင့် သူမသည် အသက် ၂၀ နီးပါးခန့် ရှိကြောင်းကို ပေါ်လွင်နေသည်။ အသွင်အပြင်အမူအရာသည် ကြည့်ကောင်းလွန်းလှပြီး အလွန်လှပသည့် အမျိုးသမီးတစ်ယောက်ဟု သုံးသပ်နိုင်စွမ်း ရှိ၏။

“ဒီတော့”

ရီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ခင်ဗျား ကျုပ်ကို ဘာတွေပေးချင်လို့လဲ။”

သူ၏ အမျိုးသမီးများအပေါ် ဆက်ဆံမှုပုံစံသည် ကုန်းရှန့်၏ လွှမ်းမိုးမှု ကျိန်းသေပေါက် မပါဝင်သည်မှာ သေချာ၏။ သို့ပေမဲ့ တစ်စုံတစ်ခုကို ရယူလိုဇောဖြင့် ပြန်လည်ကာ တောင်းဆိုသည့်နေရာတွင်တော့ ကုန်းရှန့် ၏ လွှမ်းမိုးမှုများ ကျိန်းသေပေါက် ပါဝင်လျက်ရှိ၏။ ထိုအရာသည် ပြန်လည်သန့်စင်ဆေးကြော၍ ရနိုင်မည် မဟုတ်သော နှလုံးသားထဲသို့ ရောက်ရှိနေသည့် သန္ဓေပါရမီပင် ဖြစ်နေတော့၏။

“ဘယ်လိုအကျိုးအမြတ်မျိုးကို လိုချင်လို့လဲ။”

ခရမ်းရောင်အမျိုးသမီးက ပြန်လည်မေးမြန်းလိုက်သည်။ ညအင်ပါယာသည် မောက်မာလှသည့် အော်ရာများ နှင့် လွှမ်းခြုံလျက်ရှိနေသည်။ ထို့ကြောင့် သူမအနေနှင့် တည်တည်ငြိမ်ငြိမ် စကားပြောဆိုနိုင်စွမ်းမရှိချေ။

ထို့အတူ သူမကလည်း သာမန်လူတစ်ယောက်မဟုတ်သည်ကို ညအင်ပါယာက ခံစားမိ၏။

“ပိုက်ဆံ၊ အရင်းအမြစ် ကျုပ် အားလုံးလိုချင်တယ်။” ရီရှင်းချန်သည် ယဉ်ကျေးမနေတော့ချေ။

ခရမ်းရောင်အမျိုးသမီးက ပြောလိုက်သည်။

“ကျွန်မနောက်ကို သူတို့တွေအားလုံး လိုက်လာခဲ့တာ ဘာကြောင့်လဲဆိုတော့ ဟိုးတုန်းက စည်းခတ်ခံထားရတဲ့ ရတနာမြေပုံတစ်ခုကို ကျွန်မက ရရှိခဲ့လို့ပဲလေ။ တကယ်လို့ ရှင် အဲဒါကို ရှာနိုင်မယ်ဆိုရင် လိုချင်တာကို ယူလို့ရတယ်။”

“ခင်ဗျားဆိုလိုတာက အခုခင်ဗျားမှာ ဘာမှမရှိဘူးပေါ့။”

“မရှိပါဘူး။”

ဟူး

ရီရှင်းချန်သည် လက်ကိုမြှောက်လိုက်၏။ ထို့နောက် သူ၏ ကျန်းချီများသည် လက်ကြီးတစ်ခုကဲ့သို့ ဖြစ်တည် ပြီး အမျိုးသမီး၏ လည်ပင်းကို ဖမ်းဆုပ်လိုက်၏။

“ရှင် ကျွန်မကို သတ်ချင်လို့လား။”

“မင်းက တန်ဖိုးမရှိဘူးလေ။ ဒီတော့ အသက်ရှင်နေရတာ အလကားပဲ။”

“ဒဏ္ဍာရီထဲမှာ မှတ်တမ်းတင်ခြင်းခံရတဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သိန်းတုန်းက စွမ်းအားမြင့်ကျင့်ကြံသူ တစ်ယောက် ချန်ထားခဲ့တဲ့ ရတနာမြေပုံလေ။ ဒီထဲမှာ သိုင်းပညာနဲ့ အရင်းအမြစ်တွေ အများကြီးရှိနိုင်တယ်။ တကယ်လို့ ရှင်နဲ့ကျွန်မသာ ရှာဖွေတွေ့မယ်ဆိုရင် ကြီးမားတဲ့ တန်ဖိုးအရာကို ရမှာမဟုတ်လား။”

ခရမ်းရောင်အမျိုးသမီးသည် ရှေးကျလွန်းသော သိုးအရေခွံ့တစ်ခုကို ထုတ်ယူလိုက်၏။

“ခင်ဗျားကို သတ်ရမယ်။”

ရီရှင်းချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ကျုပ်ဟာ ကျုပ်လည်း ရှာနိုင်တာပဲ။”

ရတနာရှာဖွေရသည့်အတွေ့အကြုံကို ပြောရမည်ဆိုလျှင် သူသည်လည်း အတွေ့အကြုံပြည့်ဝ၏။ ထို့အပြင် သူသည် ထိုက်ရွှမ်လှိုဏ်ဂူထဲသို့ပင် ရောက်ရှိခဲ့ဖူး၏။ ညအင်ပါယာဆိုသည့် စာတမ်းကို ရေးသားခဲ့ဖူးသူ တစ်ယောက်ဖြစ်၏။

ခရမ်းရောင်အမျိုးသမီးက ပြောလိုက်သည်။ “ကျွန်မရဲ့အကူအညီ မရှိဘဲနဲ့ ရှင် ရတနာကို ရှာနိုင်မှာမဟုတ်ဘူး။”

“……”

ခဏလောက်တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် ရီရှင်းချန်သည် အမျိုးသမီးကို လွှတ်ပေးလိုက်၏။ သူသည် အမျိုးသမီးဆီမှ သိုးအရေခွံ့ကို လှမ်းကာ ယူလိုက်၏။ ထိုအရာသည် အလွန် ဟောင်းနွမ်းလျက်ရှိနေ ပြီး အထဲတွင် ရတနာရှိသည့်တည်နေရာကို ရေးမှတ်ထားသည့် ပုံစံပေါ်၏။

သူသည် ဤဂြိုဟ်ဆီသို့ ရောက်ရှိ လာခဲ့၏။ သိုင်းပညာနှင့်အရင်းအမြစ်များကိုသာ ပမာဏများများ ရှာဖွေနိုင်သည်ဆိုပါက ပြန်ရောက်သည့်အချိန်တွင် ဂိုဏ်းချုပ်အား ပြန်လည်ကာ ပေးအပ်နိုင်ပေလိမ့်မည်။

“ခင်ဗျားရဲ့ နာမည်က ဘာလဲ။”

“ရှင့်ရဲ့ နာမည်က ဘာလဲ။”

…

ရီရှင်းချန်သည် သုန်မှုန်လျက်ရှိ၏။ သူသည် အလွန်ကြမ်းတမ်းလှသည့် ယောကျ်ားတစ်ယောက်အဖြစ် ဟန်ထုတ်လျက်ရှိနေ၏။

သို့ပေမဲ့ ဤအမျိုးသမီးသည် အစကနေ အဆုံးအထိ အလွန်တရာ တည်ငြိမ်လို့ နေ၏။ သူတိတ်ဆိတ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ခရမ်းရောင်အမျိုးသမီးသည် ဉာဏ်ကောင်းလှ စွာဖြင့် ဆက်၍ မပြောတော့ချေ။ သူမကိုယ် သူမသာ မိတ်ဆက်လိုက်တော့၏။

“ကျွန်မက ကျဲ့လင်းရောင်ပါ။”

“ခင်ဗျား”

ရီရှင်းချန်သည် ရုတ်တရက် ခေါင်းကို လှည့်ကာဖြင့် ခြောက်ကပ်ကပ်အသံဖြင့် ပြောလိုက်သည်။ “ခင်ဗျားရဲ့ နာမည်က ဘာ”

သူ၏ ခန္ဓာကိုယ်တွင် သတ်ဖြတ်လိုခြင်းဆန္ဒများ ပြည့်နှက်လာခဲ့၏။ သူသည် ဧကရီလင်းရောင်အား တစ်ခါတည်း သတ်ဖြတ်ပြီး အမှုန့်အဖြစ်သို့ရောင်အောင် ပြုလုပ်ခဲ့သည်ဆိုသော်လည်း လင်းရောင်ဆိုသည့် နာမည်ကို ကြားရသည့်အချိန်မှာတော့ သူ၏ သတ်ဖြတ်လိုစိတ်များသည် ပြန်လည်ကာ ဖြစ်တည်လာခဲ့၏။

“ကျဲ့လင်းရောင်”

ရှလွမ်

သူ၏ သုံးပေခန့်ရှည်သော ဓားရှည်သည် ဓားအိမ်ထဲမှ တဆင့် အမျိုးသမီး၏ လည်ကုပ် ပေါ်သို့ ရောက်ရှိသွားခဲ့သည်။

All Chapters