← Chapters

အခန်း ၁၆၉၁

Vol. 114 Ch. 1691

အခန်း ၁၆၉၁

Vol. 114 Ch. 1691

အပိုင်း (၁၆၉၁)

ကောင်းကင်စက္ကူစလောကကြီးတွင် ရှိသော များပြားလှသည့် ဂိုဏ်းအသီးသီးရှိ လူပေါင်း တစ်သောင်းကျော် တို့သည် ရတနာရှိရာလမ်းတွင် စုဝေးလျက် ရှိနေကြသည်။ ၎င်းတို့သည် ကျန့်လင်းရောင်တို့ ရောက်ရှိလာမည်ကို စောင့်စားနေခြင်းပင်။ လူတချို့က မေးစရာ ရှိနေသည်မှာ တည်နေရာကို ရှာဖွေတွေ့ရှိသည်ဆိုမှတော့ အဘယ်ကြောင့် သိုးအရေခွံကို လိုချင်နေရသနည်း။ ကိုယ်ဘာကိုယ် ဝင်သွား၍ ရနိုင်သည် မဟုတ်ပါလား။

သို့ပေမဲ့ အစစ်အမှန်တရားမှာတော့ သိုးအရေခွံ မရှိပါက ထိုအထဲသို့ ဝင်ရောက်ခွင့်မရနိုင်သောကြောင့်ပင်။

ဆွစ် ဆွစ်

သိုင်းကျင့်ကြံသူများသည် များပြားလှသည့် လူစာရင်းဖြင့် စုဝေးလျက်ရှိနေပြီး လေထုထဲတွင် သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ပြည့်နှက်နေသည်။ ထိုသူများကို လေးစားသမှု ပြသသည့်အနေဖြင့် ရီရှင်းချန်သည် လင်းရန် ခန်းမဆောင်၏ အကျိုးသက်ရောက်မှုကို အသက်သွင်းခဲ့သည်။ သူသည် အမှန်ပင် ခန့်ညားလွန်းလှသည့် ချပ်ဝတ်ကို ဝတ်ဆင်ပြီး သူ၏ပုဆိန်ကြီးကို ထုတ်ယူလိုက်သည်။

“လူကြီးမင်းဖေး”

ကျန့်လင်းရောင်သည် ကြောင်အသွား၏။ ပြီးနောက် သူမသည် အားပျော့စွာ ပြောလိုက်မိသည်။ “ရှင့်ရဲ့နဖူးပေါ်မှာ ဘာလို့စာတွေ ပေါ်နေတာလဲ”

“..........”

ရီရှင်းချန်သည် သူ၏နဖူးပေါ်တွင်ရှိနေသည့် စာတမ်းကို လက်ဖြင့် ဖုံးကာလိုက်ချင်စိတ်ပင် ပေါက်သွားမိ၏။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် ထိုအရာနှင့်ပတ်သက်၍ စိတ်ဓာတ်လည်း ကျဆင်းနေမိ၏။ နတ်ဆိုး ဘိုးဘေးကြီးဆီမှ ပြည့်စုံလှသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရရှိခဲ့သည်ဆိုသော်လည်း စာတမ်းနှင့်ပတ်သက်သည့် ထူးခြားသော အကျိုးသက်ရောက်မှုကို ဆက်လက် အမွေဆက်ခံရရှိခဲ့သေး၏။ ထို့အပြင် တခြားသောသူများအတွက် စာတမ်းသည် လက်၌ ပေါ်ပေါက်လာခဲ့သည်ဆိုသော်လည်း သူ့မှာတော့ နဖူးပေါ်တွင် ထင်ပေါ်နေခဲ့သည်။

ချီးတဲ့မှ... သောက်ကျိုးနည်းပါလား။ ငါ သူများထက် ဘာတွေများ ထူးခြားနေလို့လဲ။

“လိုရင်းကို ပြောမယ်”

ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏။ “ရှေ့ကနေ ဖယ်ကြစမ်း”

“ဘေးကနေဖယ်”

“ကောင်းပါပြီ” ကျန့်လင်းရောင်သည် အလျင်အမြန်ဖြင့် ခပ်ဝေးဝေးတည်နေရာဆီသို့ နောက်ဆုတ်လိုက်သည်။

ဤ ဇာတ်ထုပ်ရှုပ်နေသော အမျိုးသမီး မရှိသောကြောင့် ရီရှင်းချန်၏ အကြည့်များသည် ပိုမိုကာ အေးစက်လာခဲ့သည်။ သူသည် ပုဆိန်ကြီးကို မြှောက်ကာဖြင့် ပြောလိုက်၏။ “သေချင်တဲ့လူတွေ လာခဲ့စမ်း”

သိုးအရေခွံမြေပုံသည် ရတနာရှိရာသို့ ပို့ဆောင်ပေးနိုင်မှန်း သိရှိပြီးသည့်နောက် သူသည် တခြားသော သူများကို မပေးချင်ပေ။ ထို့ကြောင့် ယနေ့အချိန်တွင် ကြီးမားလှသည့် သတ်ဖြတ်ပွဲကြီးကို စတင်ပြုလုပ်ရပေလိမ့်မည်။

လူတစ်ယောက်နှင့် လူတစ်သောင်း - ထိုအချိန်မှာတော့ ညအင်ပါယာသည် ဂိုဏ်းချုပ်၏ အားအင်များကို အမွေဆက်ခံ ရယူနေပြီ ဖြစ်၏။

“နတ်ဆိုးမအတွက် လောကကြီးတစ်ခုလုံးနဲ့ ရန်သူဖြစ်ရတယ်ဆိုတာ မထိုက်တန်ဘူး” ဂိုဏ်းတစ်ခုဆီမှ ကျွမ်းကျင်သူတစ်ယောက်က ပြောလိုက်သည်။

ကောင်းကင်စက္ကူစလောကကြီးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ကျန့်လင်းရောင်အကြောင်းကို ကောင်းကောင်းသိကြ၏။ သူမ၌ အားကောင်းလှသည့် အကူအညီမျိုး ရှိသည်ဟု ဘယ်တုန်းကမှ မကြားခဲ့ဖူးချေ။ ဤလူသည် ရုတ်တရက် မြူစွယ်သွေးဆောင်ခြင်းကို ခံထားရသည့် လူတစ်ယောက်ဖြစ်မည်ဟု သူတို့က ခန့်မှန်းလိုက်မိ၏။

ဟုတ်ပေသည်။ ရီရှင်းချန်သည် အလှအပကြောင့် သက်ဆင်းပျော့ကျသွားသည့် လူတစ်ယောက်ဖြစ်မည်ဟု အားလုံးက သဘောတူညီလိုက်ကြသည်။ ထို့အပြင် ရတနာကို လိုချင်သည်ဆိုပါက သူတို့သည် တစ်ဖက်လူဆီမှ ဤအတိုင်းတောင်း၍ မရနိုင်တော့ချေ။ တစ်ဖက်လူသည် တဏှာစိတ်ကြောင့် အသက်ပေးကာ ကာကွယ်တော့မည် ဖြစ်ကြောင်း နားလည်လိုက်မိသည်။

ကောင်းကင်စက္ကူစလောကရှိ သိုင်းကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ရီရှင်းချန်ဆိုသည်မှာ အလှအပ၏ သက်ရောက်မှုတွင် ဒူးထောက်ခစားခဲ့ရသည့် တဏှာရူးတစ်ယောက်ထက် မပိုလှချေ။

“ရောင်းရင်း”

တစ်စုံတစ်ယောက်သည် အကြံပြုလိုက်၏။ “တဏှာဆိုတာက ရှုပ်ထွေးလှတဲ့ အရာကြီးပဲလေ။ ဒီတော့ ကိုယ့်ရဲ့ဆန္ဒကို သိက္ခာနဲ့ထိန်းပါ”

“........”

ရီရှင်းချန်၏ သတ်ဖြတ်လိုခြင်းဆန္ဒသည် ပိုမိုကာ တိုးတက်လာခဲ့သည်။ သူသည် အရူးတစ်ယောက် မဟုတ်ချေ။ တစ်ဖက်လူများ သူ့ကို မည်ကဲ့သို့ ထင်နေသည်ကို ကောင်းကောင်းနားလည်နိုင်စွမ်း ရှိနေသည်။ သူ ညအင်ပါယာ သည် ဘယ်လိုလူစားမျိုး ဖြစ်သနည်း။

ဟူး

ရီရှင်းချန်သည် ဆက်လက်ကာ ပြောဆိုမနေချင်တော့ပေ။ ထိုသို့ ပြောဆိုခြင်းကလည်း သူ၏ အမူအကျင့် မဟုတ်ပေ။ ထို့ကြောင့်ပင်လျှင် တိုက်ရိုက်ဆိုသလိုပဲ သူ၏ ပုဆိန်ကြီးကို မြှောက်ကိုင်ကာဖြင့် တိုက်ခိုက်ရန် ခုန်ဝင် သွားခဲ့၏။ သူ့အနေနှင့် ဤလူများအားလုံးကို သတ်ဖြတ်ပစ်ရန်ဆိုသည်မှာ အလွန် လွယ်ကူလွန်းလှသည်။

ဆွစ် ဆွစ်

စိတ်ဝိညာဉ်စွမ်းအင်များ ပေါင်းစပ်လျက်ရှိနေသည့် ပုဆိန်ကြီးသည် ဝှေ့ယမ်းသွားသည့် လမ်းတလျှောက်တွင် များပြားလှသည့်လူများကို သတ်ဖြတ်နိုင်ခဲ့၏။

“နောက်ကိုဆုတ်၊ နောက်ကိုဆုတ်”

ဘုန်း ဘုန်း ဘုန်း

ပြော၍မပြီးခင်မှာပဲ ကြမ်းတမ်းလှသည့် အားလှိုင်းတစ်ခုသည် လူအုပ်ကြားထဲတွင် ပေါက်ကွဲထွက်သွား၏။ သိုင်းကျင့်ကြံသူများအားလုံးသည် အနောက်ဘက်သို့ လွင့်စင်ကုန်ကြသည်။

ရီရှင်းချန် အရင်တုန်းက တိုက်ခိုက်သည်ကို ကျန့်လင်းရောင်က ကောင်းကောင်းမြင်ခဲ့ဖူး၏။ ထို့ကြောင့် ဲ ထူးဆန်းလှသည်မဟုတ်ဟု တွေးထင်ထားမိသည်။ သို့ပေမဲ့ တကယ်တမ်း ဝင်ရောက်ကာ တိုက်ခိုက်နေသည့် အချိန်မှာတော့ လူပေါင်းသောင်းကျော်တို့သည် အောက်စည်းသို့ ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။ သူမသည် အလုံးစုံ ဆွံ့အလို့နေမိ၏။

“အရမ်းအားကောင်းတယ်။ ဒီလူက အရမ်းအားကောင်းတာပဲ”

ရီရှင်းချန်၏ လှုပ်ရှားမှုတိုင်းသည် သူမ၏ နှလုံးသား ထဲတွင် စွဲစွဲမြဲမြဲ ဖြစ်တည်နေသည်။

ဇွိ ဇွိ ....။

အလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက် ခြေပြတ်လက်ပြတ်များသည် တည်နေရာအနှံ့သို့ လွင့်စင်ကုန် သည်။ ခဏလောက်ကြာပြီးသည့်နောက် ကောင်းကင်စက္ကူစလောကကြီး၏ သိုင်းကျင့်ကြံသူ ထောင်ကျော်တို့ သည် မြေပေါ်တွင် လဲလျောင်းနေခဲ့၏။

ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ရာနှင့် သတ်ဖြတ်လိုခြင်း ဆန္ဒ များကို ပိုင်ဆိုင်သည့်လူနှင့် ရင်ဆိုင်ရသည့်အချိန်တွင် ကျန်ရှိနေသည့် သိုင်းကျင့်ကြံသူများမှာတော့ ဒူးများပင် ခွေလျက်ရှိနေကြသည်။ ၎င်းတို့သည် မည်သို့မှ မတတ်နိုင်တော့ဘဲ အနောက်သို့ ဆုတ်ရန် နည်းလမ်းသာ ကျန်ရှိတော့သည်။

ဆွစ် ဆွစ်

ရုတ်တရက် အလင်းတန်းတစ်ခုသည် ရီရှင်းချန်၏ ဘေးတစ်ဖက်ဆီမှ ဖြတ်သန်းပြီး ကျန့်လင်းရောင်ဆီသို့ ရောက်ရှိ လာ၏။ ၎င်းတို့အနေနှင့် ဤတည်နေရာသို့ ရောက်ရှိပြီး လမ်းကို တားဆီးထားရသည့် ရည်ရွယ်ချက်သည် တစ်ဖက်လူ၏ လက်ထဲတွင် ရှိနေသည့် သိုးအရေခွံကို လုယူရန်ပင် ဖြစ်သည်။ ထို့ကြောင့် တစ်ဖက်လူနှင့် တိုက်ခိုက်ရန်ဆိုသည်မှာ ဟန်ပြတစ်ခုသာဖြစ်ပြီး အဓိက ပစ်မှတ်ဖြစ်သော အမျိုးသမီးကို ဖမ်းဆီးနိုင်ရန်ကသာ ပိုမို၍ အရေးကြီး၏။

ဟူး ဟူး

ထိုကျွမ်းကျင်သူ၏ လှုပ်ရှားမှုနည်းစနစ်သည် အလွန်မြန်ဆန်လွန်းလှသည်။ သူသည် ကြီးမားလွန်းလှသော လက်ကြီးတစ်ခုကို စွမ်းအင်များဖြင့် ဖန်တီးကာ အောက်သို့ ရိုက်နှက်လိုက်၏။ သို့ပေမဲ့ သူသည် ကျန့်လင်းရောင် ကို ဖမ်းချုပ်ရန် ပြင်ဆင်လိုက်သည့် အချိန်မှာပဲ ကြောက်မက်ဖွယ်ရာကောင်းသည့် လေလှိုင်းတစ်ခုသည် သူ၏ အနောက်ဘက်ဆီမှ ရုတ်တရက် ပေါ်ပေါက်လာသည်။

“မကောင်းတော့ဘူး” သူ၏ အမူအရာက ပြောင်းလဲသွား၏။

ဇွိ

တုန့်ပြန်ရန်ပင် အချိန်မရလိုက်ချေ။ သူ၏ ခန္ဓာကိုယ်သည် အလင်းတန်းတစ်ခု၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး ကျန့်လင်းရောင်နှင့် ပေတစ်ရာအဝေး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ အလင်းတန်းများ ပျောက်ကွယ်သွား သည့် အချိန်မှာတော့ ပုဆိန်ကြီးသည် ထိုသူ၏ ခန္ဓာကိုယ်၌ စိုက်ဝင်လျက်ရှိသည်။

“အကြီးအကဲကြီး” လူအုပ်ထဲတွင် ရှိနေသော သိုင်းကျင့်ကြံသူတစ်ယောက်က အော်ဟစ်လိုက်၏။

“အားလုံးပဲ... ဒီကောင်လေးက သူရဲ့လက်နက်ကို ဆုံးရှုံးသွားပြီ။ ဒီတော့ တစ်ခါတည်း သူ့ကို ဝင်ပြီး ရှင်းလင်းလိုက် ကြတော့” အဘိုးအိုတစ်ယောက်က အော်ဟစ်လိုက်သည်။

အားလုံးသောသူများသည် တိုက်ခိုက်လိုစိတ်များ ပြန်လည်ဖြစ်တည်လာခဲ့၏။ သူတို့၏ အထင်အရဆိုလျှင် ရီရှင်းချန်တစ်ယောက် ဤမျှ ကြမ်းတမ်းနေခဲ့ခြင်းမှာ ၎င်း၏လက်နက်ကြောင့်သာဖြစ်၏။ ယခု ၎င်း၏ ပုဆိန်ကြီးကို ပစ်လွှတ်ကာ တိုက်ခိုက်လိုက်သည်ဖြစ်သောကြောင့် လက်နက်မရှိတော့ချေ။

“သတ်ကြ၊ သတ်ကြတော့” များပြားလှသော ဂိုဏ်းအသီးသီးမှ ကျင့်ကြံသူများသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပိုမို တိုးတက်လာကြတော့သည်။ အားလုံးတို့သည် စွမ်းအင်လှိုင်းများကို စုစည်းကာဖြင့် ရှေ့သို့ တိုးဝင်ကာ တိုက်ခိုက် ကုန်၏။

“အမှိုက်တွေပဲ”

ရီရှင်းချန်သည် သူ၏လက်ကို အသာမြှောက်ကာ အေးစက်စက် ပြောလိုက်၏။ “မင်းတို့အားလုံး သေရမယ်”

ဘုန်း ဘုန်း ဘုန်း

ချက်ချင်းပဲ ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်လက်ဝါးရိုက်ချက်သည် ကောင်းကင်ယံတစ်ခုလုံးကို လွှမ်းခြုံလျက် ရှိနေတော့၏။ ကြောက်မက်ဖွယ်ရာကောင်းလှသည့် အားအင်များသည် တည်နေရာတစ်ခုလုံးတွင် တဝုန်းဝုန်းနှင့် ဖြစ်တည်နေသည်။

ပုဆိန်ကြီးကို အသုံးပြုရခြင်းသည် တခြားသောသူများကို ခုတ်ပိုင်းသတ်ဖြတ်ရန်အတွက်သာ အသုံးပြုသည့် ရည်ရွယ်ချက်ဖြစ်၏။ လက်နက်မရှိလျှင်လည်း သူသည် တခြားသောနည်းလမ်းများကို အသုံးပြု၍ ပြဿနာကို ဖြေရှင်းနိုင်စွမ်း ရှိနေသေး၏။

..........

ကောင်းကင်စက္ကူစလောကကြီး၏ အပြင်ဘက် တည်နေရာစည်းပေါ်ရှိ ထာဝရရွက်သင်္ဘောကြီး အပေါ်မှာတော့ ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများ အားလုံးသည် ရီရှင်းချန်တစ်ယောက် အားလုံးသော သူများကို သတ်ဖြတ်နေသည့် မြင်ကွင်းကို ကြည့်ရှုလျက်ရှိသည်။

“ဂိုဏ်းချုပ်”

ရှောင်ကျီသည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်တို့ အောက်ကိုဆင်းပြီး ဂျူနီယာညီလေးရီ ကို ကူညီကြမလား”

သူ့အနေနှင့် ရီရှင်းချန်တစ်ယောက် အစွမ်းပြနေသည်ကို ဝင်ရောက်ကာ အစွမ်းပြလိုခြင်း မဟုတ်ချေ။ လူပေါင်းတစ်သောင်းကျော်နှင့် ရင်ဆိုင်နေရသည့်အချိန်တွင် သတိမပြုမိလျှင် အန္တရာယ် ကျရောက်သွားနိုင်သောကြောင့်ပင်။

“မလိုပါဘူး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ ကုန်းရှန့်အနေဖြင့် ရီရှင်းချန်အပေါ်ကို အထင်အမြင် ကြီးပြီးသား ဖြစ်တော့သည်။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ ကိုယ်စားပြုတစ်ယောက် ဖြစ်သည်နှင့်အညီ အမြူတေ ပြောင်းလဲခြင်းအဆင့် ရန်သူများနှင့်ပင် မရင်ဆိုင်နိုင်ဘူးဆိုပါက စိတ်ပျက်စရာ ဖြစ်ပေလိမ့်မည်။

ဟုတ်ပေ၏။ သူသည် ရီရှင်းချန်ကို အထင်အမြင်ကြီးပြီးသား ဖြစ်သည်ဆိုသော်လည်း အကာအကွယ် အစီအရင် များကိုတော့ ကြိုတင်ကာ စီစဉ်ထားပြီးသား ဖြစ်တော့၏။ ရီရှင်းချန်တစ်ယောက် အန္တရာယ်ကျရောက်သည်နှင့် သူသည် ထိုနေရာဆီသို့ ချက်ချင်းရောက်ရှိသွားပေလိမ့်မည်။

သိုးအရေခွံအတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေသည့် သိုင်းကျင့်ကြံသူများသည် စကြဝဠာအထက်တွင် ရွက်သင်္ဘောဆယ့်တစ်စင်း တည်ရှိနေပြီး သူတို့တိုက်ခိုက်နေသည်ကို သေသေချာချာ ကြည့်ရှုနေသည်ကို သိရှိသည် ဆိုပါက ကျိန်းသေပေါက် စိတ်ပျက်လက်ပျက်နှင့် ထိုင်ငိုမိကြမှာ သေချာ၏။

တောနက်ကြီး၏ အပြင်ဘက်မှာတော့ သွေးနံ့များသည် တလှိုင်လှိုင် ဖြစ်တည်နေပြီး အလောင်းများသည် နေရာ အနှံ့ ပြန့်ကျဲလျက်ရှိနေသည်။ သတ်ဖြတ်ပွဲကြီး တစ်ခုလိုပင်။ ရီရှင်းချန်အား လာရောက်ကာ တားဆီးကြသည့် များပြားလှသော ဂိုဏ်းအသီးသီးမှ သိုင်းကျင့်ကြံသူများသည် သေဆုံးသွားခဲ့ကြပြီဖြစ်ပြီး တခြားသော သူများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးသွားခဲ့၏။ အချိန်ကာလသည် တစ်နာရီခန့်သာ ကြာမြင့်သည်။

ကျန့်လင်းရောင်သည် အဝေးတစ်နေရာတွင် မတ်မတ်ရပ်ကာဖြင့် တွေဝေငေးငိုင်လျက် ရှိ၏။ သူမ၏ ရှင်းလင်း နေသည့် မျက်လုံးထဲတွင်တော့ အလောင်းများကြားထဲတွင် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ရပ်လျက်ရှိသည့် လူတစ်ယောက်၏ နောက်ကျောပြင်ကြီး ရှိနေသည်။ သူမသည် အလုံးစုံ တုန်လှုပ်နေမိ၏။ ဤလူသည် လူသားကော ဖြစ်ပေရဲ့လား။

ဆွစ်

ထိုအချိန်မှာပဲ အလောင်းတွင် စိုက်ဝင်လျက်ရှိနေသည့် ပုဆိန်ကြီးသည် သူ၏လက်ထဲသို့ ပြန်လည်ရောက်ရှိ လာခဲ့၏။ သူသည် ပုဆိန်ကြီးကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ ထူးမခြားနားသလို ပြောလိုက်၏။ “ဒီလို စိတ်တိုစရာ ယင်ကောင်တွေနဲ့ ရင်ဆိုင်ရတာ အပျင်းတောင် မပြေဘူး။ သွားကြရအောင်”

“..........”

ကျန့်လင်းရောင်သည် သူမ၏ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် အလောင်းများ ကြားထဲမှ လှမ်းလျှောက်ထွက်လာ၏။ ၎င်းတို့ နှစ်ယောက်သည် တောလမ်း၏ အဝင်ဝဆီသို့ လှမ်းဝင်ပြီးနောက် တစ်ယောက် နှင့်တစ်ယောက် စကား မပြောတော့ချေ။

“ဆရာဖေး”

ခဏလောက်ကြာပြီးသည့်နောက် ကျန့်လင်းရောင်က ပြောလိုက်သည်။ “ဒီလူတွေက လက်လွှတ်ပေးမှာ မဟုတ်ဘူး။ ရတနာ မရှာခင် ခဏလောက်စောင့်တာ မကောင်းဘူးလား”

“မရဘူး”

ရီရှင်းချန်က ပြောလိုက်၏။ “ကျုပ်တို့ ဒါကို အရင်ဆုံး ရှာရမယ်”

ကျန့်လင်းရောင်သည် ခဏလောက် တိတ်ဆိတ်ငြိမ်သက်သွားပြီးသည့်နောက် ပြောလိုက်သည်။ “ကောင်းပါပြီ”

သူမသည် သိုးအရေခွံကို ထုတ်ယူပြီးနောက် ပြသထားသည့် အမှတ်အသား တည်နေရာဆီသို့ ရောက်အောင် တစ်နာရီခန့် လမ်းလျှောက်လိုက်၏။ ပြီးသည့်နောက် ရေညှိများ ဖုံးလွှမ်းပြီး ပျက်စီးနေသည့် ရှေးတည်နေရာ ပျက်ကြီးဆီသို့ ရုတ်တရက် ရောက်ရှိသွားခဲ့၏။

“ဆရာဖေး”

သူမသည် မြေပုံပေါ်တွင် ရှိနေသော အချက်အလက်များနှင့် နှိုင်းယှဉ်ကြည့်ရှုပြီးနောက် ပြောလိုက်သည်။ “ဒါရတနာရဲ့ တည်နေရာပဲ”

ပြောပြီးသည့်နောက် သူမသည် တည်နေရာပျက်ထဲသို့ လှည့်လည်ကာ လျှောက်သွားကြည့်၏။

“ဆရာဖေး”

မကြာခင်မှာပဲ ကျန့်လင်းရောင်က ပြောလိုက်သည်။ “ရတနာတွေရဲ့ ဝင်ပေါက်ကို တွေ့ပြီ”

ရီရှင်းချန်သည် ထိုအရာကို ကြားသည့်အချိန်မှာတော့ အလျင်အမြန်ပဲ လှမ်းလာလိုက်သည်။ သူမသည် ကျောက်နံရံ ကြီးတစ်ခုရှေ့တွင် ရပ်တန့်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ ဆွံ့အသွားမိ၏။ ပျက်စီးလျက် ရှိနေသည့် ကျောက်နံရံကြီးသည် အိုမင်းရင့်ရော်ပုံပေါ်၏။ သို့ပေမဲ့ ထိုနံရံပေါ်တွင် ရေးဆွဲထားသော ပန်းချီပုံနှင့် စာသားများကိုတော့ ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ပုလ္လင်ပေါ်တွင် လူတစ်ယောက်ထိုင်နေပုံဖြစ်ပြီး လူပေါင်းများစွာတို့သည် ထိုသူအား ဦးညွတ်လျက် ရှိနေ၏။ စာလုံးမှာတော့ “ကောင်းကင်ကြီးသည် ဤဘုရင်၏ ပိုင်ဆိုင်မှုအောက်တွင်ရှိပြီး လူပေါင်းများစွာတို့သည်လည်း ဤဘုရင်၏ ပိုင်ဆိုင်မှုပင်”

All Chapters