အခန်း ၁၆၉၅
Vol. 114 Ch. 1695
အပိုင်း (၁၆၉၅)
“ရတနာတွေလား”
ရီရှင်းချန်၏ မျက်လုံးများသည် တောက်ပသွားသည်။ သူသည် ရှေ့သို့ ခပ်မြန်မြန်ပဲ လှမ်းတက်လိုက်၏။
အနီးသို့ ကပ်သွားချိန်မှာတော့ သပ်ရပ်လှသော သေတ္တာလေးတစ်ခုဖြစ်ပြီး “ကောင်းကင်အောက်ရှိ အရာအားလုံးက ဒီဘုရင်ရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သက်ရှိများအားလုံးသည် ဒီဘုရင်ကို ခံစားရသည်” ဆိုသော စာလုံးများသည် ထင်ရှားစွာ ရေးသားထားသည်။
စကားလုံးထားသိုပုံသည် ဧကရီလင်းရောင်ရေးသားခဲ့သော စာလုံးများနှင့် အနည်းငယ်ခြားနားသည် ဆိုသော်လည်း အဓိပ္ပာယ်မှာတော့ အတူတူပင် ဖြစ်၏။
“ဒါ ရတနာတစ်ခုလား”
ကျဲ့လင်းရောင်သည် ရှေ့သို့လျှောက်လာပြီး သေတ္တာကို စိတ်ဝင်တစားကြည့်လိုက်သည်။
“သွားစမ်း”
ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏။ သေတ္တာထဲတွင် ဘာပဲရှိရှိ သူသာ ယူရမည်။ သူသည် လမ်းတလျှောက်လုံး ဤမိန်းမကို ကာကွယ်ပေးခဲ့ခြင်းမှာ သူ၏ ရယူလိုစိတ်ကြောင့်သာ ဖြစ်၏။
“အွန်း”
ကျဲ့လင်းရောင်သည် နာခံစွာဖြင့် နောက်သို့ဆုတ်သွားသည်။ သူမ၏ မျက်လုံးထဲမှာတော့ နာကျဉ်းမှုများနှင့် ပြည့်နှက်နေသည်။
ဤလူသည် တခြားသူများကဲ့သို့ပင် သိုးသားရေ နှင့် ရတနာများကိုသာ စိတ်ဝင်စားသူ ဖြစ်လို့နေ၏။
ရီရှင်းချန်သည် လက်ကို မြှောက်ပြီး ကျန်းချီများကို စုစည်းကာ သေတ္တာကို ဖွင့်လိုက်သည်။ သေတ္တာပွင့်သွားပြီးနောက် အချိန်အတော်ကြာ စည်းခတ်ခံထားရသော ထူးခြားသည့် အော်ရာများ ထွက်ပေါ်လာသည်။
ထိုအော်ရာသည် အဆိပ်များဖြစ်နိုင်သောကြောင့် နောက်သို့ လှမ်းဆုတ်ကာ အသက်ရှုအောင့်ထားလိုက်မိ၏။
မည်သည့်အန္တရာယ်မှ မရှိကြောင်း သေချာပြီးသည့်နောက် ရီရှင်းချန်သည် ရှေ့ကို တိုးကာ အတွင်းသို့ လှမ်းကြည့်လိုက်သည်။ သေတ္တာထဲမှာတော့ စာရွက်တစ်ခုမှလွဲလျှင် ဘာဆိုဘာမှ မရှိချေ။
ဒါ ရတနာလား။
ညအင်ပါယာသည် မျက်မှောင်ကုတ်သွားသည်။
သူ၏ အထင်အရဆိုလျှင် များပြားလှသည့် သိုင်းအရင်းအမြစ်များတည်ရှိမည်ဟူ၍ပင်။
လက်ကို တစ်ချက်ဝေ့ယမ်းလိုက်ပြီးနောက် ကျောက်စိမ်းပုလင်းတစ်လုံး နှင့် စာရွက်တစ်ရွက် ပျံထွက်လာသည်။
ရီရှင်းချန်သည် သတိအပြည့်နှင့် လှမ်းယူလိုက်သည်။ သို့ပေမဲ့ ဘာအန္တရာယ်မှမရှိချေ။
စာရွက်အား အသာချလိုက်ချိန်မှာတော့ အလွန်အားကောင်းလှသည့် အော်ရာများ ထွက်ပေါ်လျက်ရှိသည့် စာသားများ တည်ရှိနေလေ၏။ ပါဝင်သည့်အကြောင်းအရာမှာ - ထိုက်ရှစ်ဖန်တီးခြင်းဆေးရည် ။ သောက်သုံးပြီးပါက တစ်စုံတစ်ယောက်၏ ဒန်ထျန်ကို ပြန်လည် ပြင်ဆင်လိုက်မည်ဖြစ်ပြီး ထိုက်ရှစ်မူလ စွမ်းအင်ကို ပိုင်ဆိုင်လိမ့်မည်။
“ထိုက်ရှစ်ဖန်တီးခြင်းဆေးရည်”
“ထိုက်ရှစ် မူလ စွမ်းအင် ဟုတ်လား”
ရီရှင်းချန်၏ မျက်နှာတစ်ခုလုံးသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားသည်။
“ဒါက အရမ်းကို ထူးခြားတဲ့ ဓာတ်သဘာဝမျိုးပဲ။ ဂြိုဟ်တစ်ခုကိုတောင်မှ ဖန်တီးနိုင်တယ်လို့ ပြောကြတယ်” ကျဲ့လင်းရောင် က ပြောလိုက်၏။
ရီရှင်းချန်သည် တုန်လှုပ်သွားသည်။
ဂြိုဟ်တစ်ခုကို ဖန်တီးခြင်းဆိုသည်မှာ မည်မျှ အံ့အားသင့်ဖို့ကောင်းသနည်း။
“ဒဏ္ဌာရီ”
ကျဲ့လင်းရောင်က ပြောလိုက်သည် “ဟိုးတုန်းက ကျွမ်းကျင်သူ တစ်ယောက် ရောက်လာတယ်။ ထိုက်ရှစ်မူလစွမ်းအင်တွေကို အသုံးပြုပြီး ကောင်းကင်စက္ကူစလောကကြီးကို ဖန်တီးခဲ့တယ်။ သူ့ကို နောက်မျိုးဆက်တွေက ဖန်ဆင်းရှင်လို့ ခေါ်ဝေါ်ဂုဏ်ပြုကြတယ်”
“……”
ရီရှင်းချန်သည် မျက်နှာပေါ်တွင် တည်ငြိမ်နေပုံပေါ်သော်လည်း စိတ်ထဲမှာတော့ အမှန်ပင် အံ့အားသင့်မိနေသည်။
ကုထျန်းရှင်းတစ်ယောက် ရွက်သင်္ဘောကြီးကို ပုဆိန်ဖြင့် ခုတ်ပိုင်း ဖျက်ဆီးသည်ကို မြင်ရချိန်၌ အလွန်ပဲ အံ့အားသင့်မိခဲ့သည်။ ယခု လောကကြီးတစ်ခုကို ဖန်တီးနိုင်သော စွမ်းအင်ဆိုလျှင် မည်သို့ ခေါ်ဆိုရမည်နည်း။ နတ်ဘုရားလေလား။
ကျဲ့လင်းရောင်က ပြောလိုက်သည် “ထိုက်ရှစ် မူလ စွမ်းအင်က ဒီမှာရှိနေမယ်လို့မထင်မိဘူး။ ဒီသတင်းသာ အပြင်ကို ပြန့်သွားရင် ကျိန်းသေပေါက် အုတ်အော်သောင်းနင်း ဖြစ်ပြီပဲ”
ဖောက် …
ရီရှင်းချန်သည် ပုလင်းကို ဖွင့်လိုက်သည်။ ထိုက်ရှစ်မူလ စွမ်းအင် … နာမည်နားထောင်ရသည်နှင့်ပင် အံ့အားသင့်စရာ ဖြစ်ပေမည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးကို ရနေမှတော့ ဘာကို စောင့်နေရမည်နည်း။
“ကျွန်မဖို့ ချန်ထားနိုင်မလား” ကျဲ့လင်းရောင်သည် တောင်းပန်သည့်အသံဖြင့် မေးမြန်းလိုက်သည်။
“မရဘူး”
ရီရှင်းချန်သည် အေးစက်စက် ပြောလိုက်၏။
ပြော၍မဆုံးခင်မှာပဲ အထဲ၌ ရှိသော ဆေးရည်များကို တစ်ခါတည်း မော့သောက်လိုက်သည်။ ပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်းဆေးရည်နှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ပိုမိုချိုသည်။
ဝှစ် …။
ဆေးရည်ချိုမြမြသည် သူ၏ ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီးနောက် ဒန်ထျန်ထဲ၌ ထူးခြားသော စွမ်းအင်များစုဝေးလာ၏။
ရီရှင်းချန်၏ ဝိညာဉ်နှင့် ခန္ဓာကိုယ်သည် ကွဲလွဲသွားပြီး အဆုံးမဲ့မှောင်မဲနေသော စကြဝဠာထဲတွင် တစ္ဆေတစ်ကောင်လိုပင် လွင့်မျောနေသည်။ ကြယ်စင်စုတွေ၊ ဥက္ကာခဲတွေ၊ ဂြိုဟ်တွေသည် သူ၏ မျက်စိရှေ့၌ တည်ရှိနေသည်။သူသည် လောကဘုံသုံးပါးမှ ခုန်ထွက်ပြီး ဓာတ်ငါးပါး၏ တည်ရှိမှုထဲတွင် မရှိတော့သလိုပင်။
“ထိုက်ရှစ်မူလစွမ်းအင်”
“ကောင်းကင်နှင့် မြေကြီးဖန်တီးခြင်း”
ရီရှင်းချန်၏ ဝိညာဉ်သည် စကြဝဠာအနှံ့လှည်လည်သွားလာနေရင်း သူ၏ ဒန်ထျန်ထဲတွင်လည်း ထူးခြားလွန်းသော စွမ်းအင်များနှင့် ပြည့်နှက်လာသည်။
………..
ကောင်းကင်စက္ကူလောက၏ အပြင်မှာတော့ ….
ကျွင်းချောင်ရှောင်းသည် ရွက်သင်္ဘောကြီး၏ပေါ်၌ ထိုင်ရင်း မျက်မှောက်ကုတ်လိုက်မိ၏ “ရှင်းချန်ရဲ့ အော်ရာတွေကို အာရုံခံမရဘူးလား”
“မရဘူး”
ရှန့်ကွမ်းရှင်းရောင်သည် အကူအညီမဲ့စွာ ပြောလိုက်သည်။
ရီရှင်းချန်၏ အော်ရာ နှင့် ရွက်သင်္ဘောကြီးတို့ကြား ချိတ်ဆက်မှု ပြတ်တောက်သွားပြီးကတည်းက သူမ အပြင်းအထန် ရှာဖွေခဲ့သည်။ သို့ပေမဲ့ ရှာမတွေ့ခဲ့ချေ။ လောကကြီးမှ ပျောက်ကွယ်သွားသလိုပင်။
ရှောင်ကျီက ပြောလိုက်သည် “ဂျူနီယာညီလေးရီ အန္တရာယ်တော့မရှိနိုင်ပါဘူးနော်”
“အကြီးအကဲယု .. အကြီးအကဲစွန်း … အကြီးအကဲပိုင်လီတို့ ….”
ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်၏ “အမြန် အထဲဝင်ပြီး ရှာကြ”
“ကောင်းပါပြီ”
“ဂိုဏ်းချုပ်”
ရုတ်တရက် ရှန့်ကွမ်းရှင်းရောင်၏ အသံပေါ်ပေါက်လာသည် “ဆန်းကြယ်တဲ့စွမ်းအင်တစ်ခု ဖြစ်တည်လာပြီး ဒီဂြိုဟ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတယ်”
သူမ မည်ကဲသို့ သိသနည်း။
ကြယ်တာရာမြေပုံရှိ အလင်းတန်းများက ပြသနေသောကြောင့်ပင်။
ပထမတုန်းက သာမာန်ပင် ဖြစ်သည်ဆိုသော်လည်း ရုတ်တရက် ဆိုသလိုပဲ အနီရောင်အလင်းတန်းများသည် တည်နေရာအနှံ့ဆီသို့ မြန်မြန်ပဲ ပျံ့နှံ့သွားသည်။
“ထူးဆန်းလိုက်တာ”
မြေပုံပေါ်ရှိ အခြေအနေကို ကြည့်ရှုပြီးနောက် ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီး မှ ပျံသန်းထွက်ခွာလိုက်ပြီး ကောင်းကင်စက္ကူစလောက ကို သူ၏ နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေလှမ်းဝက်အဆင့်ဖြင့် အတင်းပေါင်းစပ်ကြည့်လိုက်၏။ ဆန်းကြယ်လှသော အော်ရာများကို အာရုံခံမိပြီးနောက် သူသည် တိကျခိုင်မာစွာ ပြောလိုက်မိ၏ “တစ်စုံတစ်ယောက်က အဆင့်ချိုးဖျက်တော့မယ်”
ဆန်းကြယ်လွန်းသော အော်ရာများ ဂြိုဟ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခြင်းသည် အဆင့်ချိုးဖျက်သည့် သင်္ကေတပင် ဖြစ်တော့သည်။ နက်နဲလွန်းသော နိယာမများပါဝင်နေသည်ကို ကြည့်ရှုလျှင် အစစ်အမှန် ရှာဖွေခြင်း အထက်အဆင့် မှသည် ထိပ်ဆုံးအဆင့်သို့ ရောက်ရှိသွားခြင်းသာ ဖြစ်ပေလိမ့်မည်။
ဝှစ် …။
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာဖြင့် အော်ရာများ ထွက်ပေါ်နေရာ ဆီ လှမ်းကာ ကြည့်ရှုလိုက်သည်။ မကြာမီမှာပဲ တောနက်ကြီးတစ်ခုထဲမှ ဖြစ်ကြောင်း နားလည်လိုက်မိ၏ “မြေအောက်ထဲက ထွက်လာတာလား”
………
ကျောက်အခန်းထဲမှာတော့ ……
ရီရှင်းချန်သည် မြေပေါ်တွင် ခြေချိတ်ကာ ထိုင်နေပြီး ဆန်းကြယ်လွန်းသော အော်ရာများကို ထုတ်ဖော်လျက်ရှိသည်။ ထိုအော်ရာများသည် မြေဆီလွှာများမှ စိမ့်ထွက်ပြီး ကောင်းကင်စက္ကူစ လောက တစ်ခုလုံးဆီ ပြန့်နှံ့လျက်ရှိသည်။
ထိုအချက်ကို ကြည့်လိုက်သည်နှင့် အဆင့်တက်သည့် အော်ရာများ နှင့် နိယာမများသည် သူ့ဆီမှ ထွက်ပေါ်လာကြောင်း သိသာနိုင်၏။
ဆေးရည်ကို သောက်ပြီးသည့်နောက် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်ကို ချိုးဖျက်ခါနီးသို့ ရောက်ရှိသွားသည်။
ဝှစ် .. ဝှစ် …။
ပိုပို၍ သန့်စင်လာသော ဓာတ်သဘာဝများ ထုတ်ဖော်နေပြီး ခန္ဓာကိုယ်ထဲရှိ ချီ နှင့် သွေးများ၊ ကျန်းချီများကို လှည့်ပတ်လျက်ရှိနေသော ရီရှင်းချန်သည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသည်။ အသားအရေ တစ်ခုလုံးသည် နီမြန်းလာ၏။
ပူလောင်ခြင်း ။
အလွန်တရာ ပူလောင်ခြင်း ။
ဝှစ် ..။
တစ်ချိန်တည်းမှာပဲ သူ၏ ဒန်ထျန်ဆီမှ မိစ္ဆာအတွေးတစ်ခု ထွက်ပေါ်လာပြီး သူ၏ သိစိတ်ကို ဖုံးလွှမ်းလာသည်။ သူ မျက်လုံးကို ဖွင့်လိုက်ချိန်မှာတော့ သားရဲရိုင်းကြီးတစ်ကောင်ကဲ့သို့ပင် သဏ္ဌာန်တူလာသည်။
“ဆရာဖေး .. ရှင်ဘာဖြစ်တာလဲ”
ကျဲ့လင်းရောင်သည် အလျှင်အမြန်နှင့် နောက်သို့ ဆုတ်လိုက်သည်။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ၏ မျက်လုံးအကြည့်များသည် သူမ အား အမှန်ပင် ထိတ်လန့်စေမိ၏။
ဆွစ် …။
ရီရှင်းချန်သည် မတ်တပ်ထရပ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးနှင့် မျက်လုံးများသည် နီရဲလာသည်။ သူ၏ သိစိတ်ကို ဖုံးလွှမ်းနေသော မိစ္ဆာအတွေး သည် အလုံးစုံ နေရာယူသွားပြီ ဖြစ်၏။
ကျဲ့လင်းရောင်သည် ပိုမို၍ ထိတ်လန့်လာသည်။ အလောတကြီးနှင့် လှိုဏ်ခေါင်းအတိုင်း လှည့်ကာ ပြေးလေသည်။ သို့ပေမဲ့ သူမသည် တစ်လှမ်းတည်းသာ လှမ်းလိုက်ရသည်။ အလွန်အားကောင်းလွန်းသည့် စွမ်းအင်များသည် သူမကို ဖမ်းဆွဲလိုက်ပြီး သားရဲကြီးတစ်ကောင် ကဲ့သို့ အသွင်ပြောင်းနေပြီ ဖြစ်သော ရီရှင်းချန်၏ ရှေ့သို့ ရောက်ရှိစေသည်။
“ဆရာဖေး … ရှင် … ရှင် … မဟုတ်တာ မလုပ်နဲ့နော်”
ဇွိ ….။
ကျောက်အခန်းနံရံတွေ ထင်ပေါ်နေသော အရိပ်များကို ကြည့်ရှုရမည်ဆိုလျှင် အဝတ်အပိုင်းအစ များသည် မြေပေါ်သို့ ပျံ့ကျဲကုန်၏။
ဆွတ်ပျံ့ဖွယ်ရာ ကိစ္စရပ်မျိုးသည် အကြမ်းပတမ်းကိစ္စရပ်မျိုးအဖြစ် ပြီးစီးခဲ့ရသည်။
………
အပြင်ဘက်မှာတော့ ……
ကျွင်းချောင်ရှောင်းသည် စွမ်းအင်များထွက်ပေါ်နေသော တောနက်နေရာဆီသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အပျက်အဆီး တည်နေရာတစ်ခုလုံးသည် ခြုံနွယ်ပိတ်ပေါင်းများနှင့် ရေညှိများနှင့် ပြည့်နှက်နေသည်။ သူသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည် “ရှင်းချန် ဒီမှာ ပျောက်သွားတာပဲ”
စနစ် က ပြောလိုက်၏ “ဒီနေရာက နည်းနည်း ထူးဆန်းတယ်။ ရတနာတစ်ခုခု ရှိနေနိုင်တယ်”