အခန်း ၁၆၉၇
Vol. 114 Ch. 1697
အပိုင်း (၁၆၉၇)
ကျောက်အခန်းထဲမှာတော့ ….
ရီရှင်းချန်သည် စားပွဲရှေ့၌ စိတ်ပျက်လက်ပျက်နှင့် ထိုင်လျက်ရှိသည်။ သူ၏ နှလုံးသားထဲ၌ အဆုံးမဲ့သော ရှုပ်ထွေးခြင်းများ ပြည့်နှက်နေလေသည်။
“လာစမ်း”
ကျွင်းချောင်ရှောင်းသည် စီးကရက်ကို ကမ်းပေးလိုက်၏။
“……”
ရီရှင်းချန်သည် တွန့်ဆုတ်စွာပြောလိုက်သည် “ဂိုဏ်းချုပ် … ကျုပ် တကယ်မသိခဲ့ဘူး”
သူသည် ထိုက်ရှစ်မူလ ဆေးရည်ကို သောက်သုံးလိုက်သည်သာ မှတ်မိ၏။ ပြီးနောက် ဘာတွေဖြစ်ကုန်သနည်း ဆိုသည်ကို မမှတ်မိချေ။
“အဲတာက အရေးမကြီးဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “အဓိက က မင်းလုပ်ခဲ့တာပဲ”
“…….” ရီရှင်းချန်သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“မိန်းကလေး … စိတ်မပူနဲ့” ကျွင်းချောင်ရှောင်းသည် ငိုယိုလျက်ရှိနေသော မိန်းကလေးကို ကြည့်ကာ ပြောလိုက်သည် “မတရားမှုတိုင်းအတွက် ဥပဒေရှိသလို အကြွေးရှိရင် အကြွေးဆပ်ရတယ်။ သူ မင်းကို တာဝန်ယူလိမ့်မယ်”
“ဂိုဏ်းချုပ်”
“ထပ်ပြောဖို့မလိုဘူး”
ကျွင်းချောင်ရှောင်းက ဖြတ်ပြောလိုက်သည် “ထာဝရ ရွက်သင်္ဘောဆီပြန်မယ်။ မင်းအတွက် မင်္ဂလာပွဲ လုပ်ရမယ်”
သူ၏ တပည့်သည် မဖွယ်မရာပြုလု်ပခဲ့သည်။ တာဝန်မယူပါက တိရိစ္ဆာန်ထက်ပင် ဆိုးရွားသွားပေလိမ့်မည်။ ယောက်ျားကောင်းတစ်ယောက်ဆိုသည်မှာ တာဝန်မယူနိုင်လျှင် မည်သည့် မိန်းကလေးရှေ့မှာမှ ဘောင်းဘီ မချွတ်သင့်ပေ။ အင်း … ချွတ်ပြီးလျှင်လည်း တာဝန်ယူရပေမည်။
ဟမ့် ….။
စနစ်က ဝင်ပြောလိုက်သည် “နှင်းဆီဧကရီ ဂိုဏ်းထဲမှာ ရှိနေတာ ဒီလောက်ကြာနေပြီ။ ဂိုဏ်းကိစ္စတွေ ဒီလောက် ခိုင်းပြီးမှ တာဝန်ယူပါမယ် ဆိုတဲ့ စကားမကြားသေးပါလား”
“တော်စမ်း”
ကျွင်းချောင်ရှောင်းက အော်လိုက်၏ “ဘောင်းဘီချွတ်တာနဲ့ ဂိုဏ်းကိစ္စခိုင်းတာ တူလို့လား”
ထာဝရရွက်သင်္ဘောဆီပြန်ပြီး မင်္ဂလာပွဲပြုလုပ်ရမည်ဆိုသည်ကို ကြားတော့ ရီရှင်းချန်သည် သွေးအန်လုမတတ် ဖြစ်နေသည်။
ဧကရီလင်းရောင်ကြောင့် သူသည် မိန်းမတွေနား ကပ်သူမဟုတ်ပေ။ ဘယ်လိုလုပ် အခြားမိန်းမ တစ်ယောက်ကို လက်ထပ်ရမည်နည်း။ ထို့အပြင် တစ်ဖက်လူသည် သံသယ ရှိစရာလူပင်။
နေဦး..။
ထိုက်ရှစ်ဆေးရည်သည် သူ့အား ကျင့်ကြံခြင်းအဆင့် မြင့်တက်စေခဲ့သည်ဆိုသော်လည်း ယခုကဲသို့ ကိစ္စရပ်မျိုး ပြုလုပ်စေခဲ့သည်။ ထိုအရာသည် ဧကရီလင်းရောင်၏ စနက်များ ဖြစ်နေသည်လား။
“ဖြစ်နိုင်တယ်”
တာဝန်ကိုရှောင်ရှားနိုင်ရန်အတွက် ရီရှင်းချန်သည် လိုရာကိုဆွဲကာ တွေးတောနေလေသည်။
“ဆုံးဖြတ်လိုက်ပြီ”
ကျွင်ချောင်ရှောင်းက ပြောလိုက်သည် “ငါနဲ့ ပြန်လိုက်ခဲ့”
“ဂိုဏ်းချုပ်”
“သူက ပြိုင်စံရှားဂိုဏ်းတပည့်မဟုတ်ဘူးနော်”
ရီရှင်းချန်သည် ဤအမျိုးသမီးကို ပြန်ခေါ်မသွားချင်ပေ။ ထို့အပြင် ဂိုဏ်းတူညီအစ်ကိုများသာ လက်ရှိအဖြစ်အပျက်ကို သိရှိလျှင် တစ်သက်လုံး သူစောင့်ထိန်းခဲ့သမျှ အရာအားလုံး ပျောက်ဆုံးသွားပေလိမ့်မည်။
“ဒါက အဓိပ္ပာယ်ရှိတယ်”
ကျွင်းချောင်ရှောင်းသည် ဝင်ခွင့်ဖောင်ကိုထုတ်ယူပြီး ပြောလိုက်၏ “မင်း အရင်ဆုံး ဂိုဏ်းတပည့်ဖြစ်အောင်လုပ်မှ ဖြစ်မယ်”
“…”
ရီရှင်းချန်သည် သွေးအန်လုမတတ်ဖြစ်သွားမိသည်။
ကျဲ့လင်းရောင်သည် မည်သည့်စကားမှ မဆိုနိုင်ချေ။ ကြုံတွေ့ခဲ့ရသည်မှာ များပြားလွန်းသောကြောင့် ခန္ဓာကိုယ်နှင့် ဝိညာဉ်နှစ်ခုလုံး နာကျင်နေပြီး ငိုသာငိုမိနေ၏။
ထိုအရာကို မြင်တော့ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ပြန်မှ လုပ်ကြတာပေါ့”
ပြီးနောက် သူသည် ရီရှင်းချန်ကို ကြည့်ကာ ပြောလိုက်၏ “ဘာကိုစောင့်နေတာလဲ။ မြန်မြန် သယ်ခဲ့လေ”
ဂိုဏ်းချုပ်၏ အမိန့်ကို လိုက်နာရပေမည်။
ညအင်ပါယာသည် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် သူမကို ကောက်ချီလိုက်သည်။ မျက်နှာတစ်ခုလုံးသည် တည်တင်းလျက်ရှိသည်။ တခြားသောသူများသာ ကြည့်မည်ဆိုလျှင် သူသည် မတရားနစ်နာသူ တစ်ယောက်ကဲ့သို့ပင်။
“နေအုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ငါ အနားလျှောက်ကြည့်လိုက်အုံးမယ်”
“……..”
ရီရှင်းချန်သည် ကျဲ့လင်းရောင်ကို ချီပိုးပြီး ရပ်ကျန်ခဲ့ရ၏။
သို့ပေမဲ့ တသိမ့်သိမ့်လှုပ်ခါ ငိုလျက်ရှိနေသေးသည် မိန်းကလေးကို ချီထားရင်း သူသည် အားနာသလိုခံစားလာမိသည်။
ဟုတ်ပေသည် ။ ထိုခံစားချက်သည် ခဏလေးသာ ဖြစ်၏။
ညအင်ပါယာ၏ နှလုံးသားထဲတွင်တော့ ဤမိန်းမသည် ဧကရီလင်းရောင်နှင့် ပတ်သက်နေရမည်။ မူလစွမ်းအင်ဆိုသည့် အရာကို ရယူပြီး အခုကဲ့သို့ မဖွယ်မရာ ပြုလုပ်မိခြင်းကလည်း သူမတို့ စီစဉ်ထားခြင်းသာလျှင် ဖြစ်ပေလိမ့်မည်။
“သွားကြစို့”
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် လျှောက်ထွက်လာသည်။
အနားပတ်ဝန်းကျင်သို့ လှည့်လည်ကြည့်ရှုပြီး ဘာတစ်ခုမှ မရှိသည်ကို သေချာသွားပြီးနောက် သူသည် ကျောက်စားပွဲပေါ်၌ ရှိနေသော ဆေးရည်ထည့်သည့် သေတ္တာကိုသာ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းလာခဲ့၏။
သူတို့သုံးယောက် ထွက်ခွာလာပြီးနောက် အရာအားလုံးသည် ပုံမှန်အတိုင်းပြန်လည်ဖြစ်ပြီး ပတ်ဝန်းကျင် တစ်ခု လုံးသည်လည်း မဲမှောင်လာခဲ့တော့သည်။
…….
အပျက်အဆီးပုံများကြားရှိ အပေါက်မှ ခုန်ထွက်လာသူသည် ကျွင်းချောင်ရှောင်းဖြစ်သည်။ နောက်မှာတော့ ကျဲ့လင်းရောင်ကို ချီပိုးထားသော ရီရှင်းချန်က လိုက်ပါလာသည်။
ရတနာလာရှာခြင်းဖြစ်သော်လည်း မိန်းမတစ်ယောက်နှင့် သံဝါသ ပြုခဲ့ရသည်။ ထိုအရာသည် လက်သင့်မခံနိုင်စရာပင်။
“သွားစို့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“သွားမယ်ဟုတ်လား”
ရုတ်တရက် ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏ “ဘယ်သူ့ ခွင့်ပြုချက်နဲ့လဲ”
ချက်ချင်းဆိုသလိုပဲ ကျင့်ကြံသူပေါင်းများစွာ ပေါ်လာကြသည်။
ထိုသူတို့သည် တူညီသည့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး အလွန်အားကောင်းသော အော်ရာများကိုလည်း ထုတ်ဖော်ထားကြ၏။ ကျင့်ကြံခြင်းမှာ သာမာန်ထက်ပိုသည့်ပုံပင်။
ခေါင်းဆောင်သည် အသက်လေးဆယ် ၊ ငါးဆယ် နီးပါးရှိသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက် ဖြစ်လေသည်။ ထိုသူက အေးစက်စက် ပြောလိုက်၏ “ဝူတန်လူတွေကို သတ်ပြီးတော့ ဒီတိုင်းထွက်သွားလို့ ရမဘ် ထင်နေတာလား”
ဆွစ် .. ဆွစ် ….။
ပြောပြီးပြီးချင်း နောက်ထပ် သိုင်းကျင့်ကြံသူတွေ ထပ်မံပေါ်လာကြပြန်သည်။
မတူညီသည့် ဝတ်စားဆင်ယင်ပုံကိုကြည့်ရမည်ဆိုလျှင် မတူညီသည့် အဖွဲ့ အသီးသီးမှ ရောက်ရှိလာကြသူများပင်။
စောနတုန်းကဖြစ်ပေါ်ခဲ့သော အဆင့်တက်သည့်အော်ရာများသည် ကြီးမားလွန်းလှပြီး ကောင်းကင်စက္ကူစ လောကကြီးတစ်ခုလုံးကို လွှမ်းခြုံခဲ့သည်။ ထို့ကြောင့် သူတို့သည် ဤနေရာသို့ အပြေးလာကြခြင်း ဖြစ်၏။
ထို့အပြင် လူပေါင်းများစွာတို့သည် ကျဲ့လင်းရောင်၏ လက်ထဲမှ သိုးသားရေကို လိုချင်သောကြောင့် ရောက်လာကြခြင်း ဖြစ်သည်။
ဟုတ်ပေသည်။ လက်ရှိရောက်ရှိလာသူများသည် အားကောင်းကြပြီး ထိုသူများထဲ၌ အစစ်အမှန် ရှာဖွေခြင်း အထက်အဆင့် ကျင့်ကြံသူများလည်း ပါဝင်နေ၏။
“မင်းတို့ ဒီကထွက်လာပြီဆိုမှတော့ ရတနာကို ရှာတွေ့ခဲ့တာပဲ ဖြစ်မယ်”
အဘိုးအိုတစ်ယောက်က ပြောလိုက်သည် “အသက်ရှင်ချင်သေးတယ်ဆိုရင် မင်းတို့လက်ထဲက ရတနာကို ပေးခဲ့”
“မပေးရင် ဘာလုပ်မလို့လဲ”
ကျွင်းချောင်ရှောင်းသည် သိချင်စိတ်ပြင်းစွာနှင့် မေးမြန်းလိုက်၏။
“သေရမယ်” အဘိုးအို၏ အဖြေသည် တည့်တိုးဆန်လှသည်။
“ဟားဟား…” ကျွင်းချောင်ရှောင်းက ရယ်မောလိုက်မိ၏။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည် ကျဲ့လင်းရောင်ကို ချလိုက်ပြီး သတ်ဖြတ်လိုခြင်းအပြည့်နှင့် ပြောလိုက်သည် “သူတို့ကို ရင်ဆိုင်လိုက်မယ်”
သူ၏ စိတ်ကို ထိန်းချုပ်ထားသော မိစ္ဆာအတွေးများမရှိတော့ပေ။ သို့ပေမဲ့ ဒေါသထွက်လာချိန်မှာတော့ သူသည် ဒေါသတရားကို ဖြေလျော့ပစ်ရန် လူများကို ရှာဖွေနိုင်ခဲ့၏။
“မြန်မြန်ရှင်းလိုက်တော့”
“ကောင်းပါပြီ”
“ဘန်း …….”
ရီရှင်းချန်သည် ရှေ့ကို တစ်လှမ်းတိုးပြီးနောက် အမြှောက်ဆံကဲ့သို့ပင် ရှေ့ဆီသို့ တိုးဝင်သွားသည်။ သူသည် ညာလက်ကို အသာမြှောက်လိုက်ချိန်မှာတော့ လေထုထဲ၌ ပုဆိန်ကြီးတစ်လက် ပေါ်လာသည်။
“မင်းတို့အားလုံး . သေစမ်း”
ဝှစ် …။
ကျန်းချီ နှင့် ဒေါသတရားတို့၏ ပေါင်းစပ်မှုအောက်မှာတော့ ပုဆိန်ကြီးသည် ကြောက်စရာ အရှိန်အဟုန်ကို ပိုမို ထုတ်ဖော်လာနိုင်သည်။ ပုဆိန်အလင်းတန်းများသည် ဝူတန် နှင့် တခြားသော သိုင်းကျင့်ကြံသူများအား မြက်ပင်ခုတ်သလို ခုတ်ပိုင်းသွားသည်။
အစစ်အမှန်ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ ချိုးဖျက်ရောက်ရှိပြီးနောက်မှာတော့ ရီရှင်းချန်၏ တိုက်ခိုက်လိုစိတ်များသည် ပိုမိုကာ တိုးတက်လာ၏။
“မကောင်းတော့ဘူး”
“နောက်ဆုတ် …. နောက်ဆုတ်”
ဝူတန်ကို ဦးဆောင်လာသူ သက်လတ်ပိုင်းလူသည် တုန်လှုပ်သွားသည်။
ဇွိ … ဇွိ …။
အလင်းဖြတ်သန်းသွားတိုင်း အကုန်လုံးသေဆုံးကုန်၏။
“သေစမ်း”
ရီရှင်းချန်သည် ပုဆိန်ကြီးကို ဝေ့ယမ်းပြီး သတ်ဖြတ်လျက်ရှိသည်။
ကောင်းကင်စက္ကူစ လောကမှ စွမ်းအားမြင့် ကျင့်ကြံသူ တော်တော်များများသည် အချိန်တိုအတွင်းမှာပဲ သတ်ဖြတ်ခြင်း ခံလိုက်ရ၏။ သူတို့သည် တစ်ဖက်လူ လက်ထဲမှ ရတနာများကို လာလုသည်မဟုတ်ဘဲ လာအသတ်ခံသည့် ယုန်ပေါက်လေးများနှင့်ပင် ဆင်တူနေ၏။
ရီရှင်းချန်သည် အလောင်းများရှေ့၌ ရပ်တန့်နေသော်လည်း မျက်နှာပေါ်ရှိ ဒေါသသည် ပျောက်ကွယ်မသွားသေးချေ။
“ဒီကောင့်ရဲ့ ဒေါသက မသေးပါလား” ရီရှင်းချန်သည် အနည်းငယ်ပင် ဆွံ့အလျက်ရှိသည်။
“ဒင် .. လက်ခံသူသည် ကောင်းကင်စက္ကူစ လောကကို လွှမ်းမိုးနိုင်သည့်အတွက် ဂုဏ်ယူပါသည်။”
“ဒင် ….. အဓိကတာဝန် ပြည်စုံခြင်း ၂%”
“ချီးတဲ့မှ ….”
ကုန်းရှန့်သည် တုန်လှုပ်သွားသည် “ဒီလိုပဲ အလုပ်ဖြစ်သွားတာလား”
ဤဂြိုဟ်ဆီသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်နာရီလောက်သာ ရှိသေးသည်။ ဤလောကကြီး၏ အုပ်စိုးသူ ဖြစ်ခဲ့၏။
စနစ်က ခန့်မှန်းလိုက်သည် “အခု ရီရှင်းချန် သတ်လိုက်တဲ့သူတွေက ဒီလောကကြီးရဲ့ ထိပ်ဆုံးကျင့်ကြံသူတွေ ဖြစ်ရမယ်”
မှန်ပေသည်။ တကယ်တမ်း ရောက်ရှိလာသူများသည် ကောင်းကင်စက္ကူစလောက၏ ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်လေ၏။
အထူးသဖြင့် သက်လတ်ပိုင်းလူသည် ဝူတန်အဖွဲ့အစည်း၏ ခေါင်းဆောင်ဖြစ်ပြီး အားအင်အဆင့်သည်ကလည်း ကြောက်မက်ဖွယ်ရာပင်။
တခြားသော အဘိုးအိုတစ်ယောက်ဆိုလျှင် လောကတစ်ခုလုံး၏ထိပ်တန်း ကျင့်ကြံသူဟု သတ်မှတ်ခံထားရသူ ဖြစ်သည်။
သို့ပေမဲ့ အားလုံးတို့သည် ရီရှင်းချန်၏ သတ်ဖြတ်မှုကို ခံခဲ့ရသည်။
“ဟင်း …”
ကျွင်းချောင်ရှောင်းသည် သက်ပြင်းချလိုက်၏ “ဂြိုဟ်တစ်ခုလုံးကို လွှမ်းမိုးနိုင်ခဲ့တာ ရာခိုင်နှုန်းက တစ် ပဲ တက်လာပါလား။ ၁၀၀ % ရောက်ဖို့ဆို ဘယ်လောက်ကြာမလဲ”
စနစ်က ပြောလိုက်သည် “အခုတွေ့ခဲ့တဲ့ ဂြိုဟ်တွေက အထက်နယ်မြေလောက်တောင် အားမကောင်းဘူးလေ။ အားကောင်းတဲ့ ဂြိုဟ်တွေနဲ့တွေ့ရင် ၁၀ ရာခိုင်နှုန်းလောက်တော့ ရနိုင်ပါတယ်”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းက ထအော်လိုက်၏ “မင်း ပါးစပ်ပုပ်ကြီးကို ပိတ်ထားစမ်း”