← Chapters

အခန်း ၁၆၉၈

Vol. 114 Ch. 1698

အခန်း ၁၆၉၈

Vol. 114 Ch. 1698

အပိုင်း (၁၆၉၈)

ထာဝရရွက်သင်္ဘောကြီးပေါ်မှာတော့ ကျွင်းချောင်ရှောင်း ရီရှင်းချန်နှင့်အတူ ပြန်လည်ရောက်ရှိလာသည့် အချိန်မှာတော့ ရွက်သင်္ဘောကြီးတစ်စင်းလုံး အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့၏။

“မင်းတို့ကြားခဲ့လား။ ဂျူနီယာညီလေးရီက ကောင်းကင်စက္ကူစလောကကြီးထဲကို သွားခဲ့တဲ့အချိန်မှာ ဘာသိုင်းပညာ အရင်းအမြစ်ကိုမှ ပြန်ပြီး ယူမလာခဲ့ဘူး။ မိန်းမတစ်ယောက်ကို ခေါ်လာခဲ့တယ်တဲ့”

စုရှောင်မိုသည် စားသောက်ခန်း၏ စားပွဲပေါ်တွင် ထိုင်လျက်ရှိပြီး ဇဝေဇဝါဖြင့် ပြောဆိုလျက် ရှိသည်။ ထင်မှတ်ထားသည့် အတိုင်းပင်။ တစ်စုံတစ်ခုကို သူသိရှိသည်ဆိုလျှင် တစ်ဂိုဏ်းလုံး ထိုအရာကို သိရှိရပေလိမ့်မည်။ စုရှောင်မိုသည် ပြိုင်စံရှားဂိုဏ်းတစ်ခုလုံး၏ BBC ပင် ဖြစ်တော့သည်။

“အဲအမျိုးသမီးက ဘယ်သူလဲ” တပည့်တစ်ယောက်က မေးမြန်းလိုက်၏။

“တကယ်ကောင်းတဲ့ မေးခွန်းပဲ”

စုရှောင်မိုသည် သူ၏ပေါင်ကို အသာရိုက်ကာဖြင့် တီးတိုး ပြောလိုက်သည်။ “ငါ ကြားသလောက်ဆိုရင် ဒီအမျိုးသမီးက ဂျူနီယာညီလေးရီနဲ့ ဟိုလိုဖြစ်ပြီးပြီတဲ့။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက သူတို့ရဲ့ လက်ထပ်ပွဲ အတွက်တောင် စီစဉ်နေကြပြီ”

“မဖြစ်နိုင်ဘူး။ ဂျူနီယာညီလေးရီက လက်ထပ်တော့မှာလား”

“စီနီယာအစ်ကိုရီက လက်ထပ်တော့မှာလား”

အားလုံးသောသူများ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့၏။ အကြီးဆုံးစီနီယာအစ်မကြီးမှလွဲလျှင် ရီရှင်းချန်သည် လက်ရွေးစင်တပည့်များထဲတွင် အမောက်မာဆုံး လူတစ်ယောက်ပင်ဖြစ်၏။ အမျိုးသမီးတပည့်များနှင့် ထိတွေ့ဆက်ဆံမှု အနည်းဆုံး လူတစ်ယောက်ဟုလည်း ပြောဆိုနိုင်သည်။ ယခု ရုတ်တရက်ကြီး လက်ထပ်မည်ဟု ပြောဆိုခြင်းသည် ၎င်းတို့အား မယုံကြည်နိုင်မှုများ ဖြစ်ပေါ်စေ၏။

စုရှောင်မိုသည် မလိမ်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲ များနှင့်အတူ ထိုကိစ္စကို ဆွေးနွေးနေခြင်း ဖြစ်သောကြောင့်ပင်။

“အားလုံးပဲ။ ဘယ်လိုထင်ကြလဲ”

“..........”

အကြီးအကဲဝေသည် စားပွဲပေါ်သို့ လက်ဖက်ရည်ခွက်ကို အသာတင်လိုက်၏။ သူ၏ ပါးစပ်ထဲတွင် ရှိနေသော လက်ဖက်ရည်များ ပြန်လည် မထွက်သွားစေရန် မနည်းပင် ကြိုးစားနေခဲ့ရသည်။

ပတ်သက်ဆက်နွယ်မှုအရ ပြောဆိုရမည်ဆိုလျှင် တစ်ဂိုဏ်းလုံးတွင် သူ့အား ခေါင်းကိုက်စေသည့်လူ နှစ်ယောက် ရှိ၏။ တစ်ယောက်သည် ရီရှင်းချန်ဖြစ်ပြီး တစ်ယောက်သည် ကုန်းရှန့်ဖြစ်၏။ သို့ပေမဲ့ သူ မည်သို့မှ မထင်မှတ်ထားခဲ့သော ရီရှင်းချန်သည် ကောင်းကင်စက္ကူစလောကကြီးထဲသို့ သွားရောက်ပြီးသည့်နောက် ဤကဲ့သို့သော ကိစ္စရပ်မျိုးကို ပြုလုပ်လာခဲ့သည်။ လူငယ်မျိုးဆက်များသည် လူကြီးမျိုးဆက်များအား ကျော်လွန်သွားခဲ့ပြီဖြစ်၏။

“ဂိုဏ်းချုပ်”

ယုစီနန်က ပြောလိုက်သည်။ “ယောက်ျားတစ်ယောက်အနေနဲ့ တာဝန်ယူမှုဆိုတာက ရှိတယ်လေ။ သူတို့ရဲ့ လက်ထပ်ပွဲကို ကျုပ်သဘောတူတယ်”

“ကျုပ်လည်းသဘောတူတယ်” ကုန်းစွန်းဟုန့်က ပြောလိုက်သည်။ တခြားသောသူများသည်လည်း ခြွင်းချက်မရှိ မငြင်းပယ်ကြချေ။

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် နေ့ကောင်းတစ်ရက် ရွေးပြီးတော့ လက်ထပ်ပွဲ ကျင်းပကြရအောင်”

“ကျုပ် ငြင်းတယ်”

ရီရှင်းချန်သည် အပြင်ဘက်ဆီမှ လှမ်းဝင်လာခဲ့၏။ သူ၏နဖူးပေါ်တွင် ရှိနေသော သွေးကြော များသည် ဖောင်းကြွလျက်ရှိ၏။ သူသည် ထိုက်ရှစ်ဆေးရည်ကြောင့် မှားယွင်းသည့်အရာများကို ပြုလုပ်ခဲ့သည် ဆိုလျှင်တောင်မှ သူမကို လက်မထပ်ချင်ပေ။

“ငြင်းပယ်မှုကို ပြန်ငြင်းတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လက်ထပ်ပွဲကို သုံးရက်အတွင်း ကျင်းပမယ်”

“..........”

ရီရှင်းချန်သည် အလွန်တရာ ဒေါသထွက်လျက်ရှိ၏။ ထို့ကြောင့် သူသည် အလျင်အမြန် ပြေးထွက်သွား ပြီးသည့်နောက် သူ၏အခန်းထဲတွင် တံခါးသော့ခတ်ကာ နေထိုင်လျက်ရှိ၏။ သူသည် ပိုမိုတွေးတောလေ ပိုမိုကာ စိတ်မချမ်းမြေ့လေပင်။

.....

အမျိုးသမီးတပည့်များ နေထိုင်ရာ အခန်းတွင်းမှာတော့ ရောင်မုန့်ယဉ်သည် မွှေးပျံ့လွန်းလှသော ဟင်းပွဲများကို ကိုင်ဆောင်ကာဖြင့် လျှောက်ဝင်လာခဲ့၏။ စားပွဲပေါ်တွင် ရှိနေသော ဟင်းပွဲများသည် မတို့၊ မထိဘဲ တည်ရှိ နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူမက ပြောလိုက်သည်။

“အစ်မကျန့်... ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် အရေး မကြီးပါဘူး။ အရင်ဆုံး စားကြရအောင်”

ကျန့်လင်းရောင်သည် သူမ၏ ဒူးခေါင်းပေါ် လက်တင်ကာဖြင့် အိပ်ယာပေါ်မှီလျက်ရှိနေ၏။ သူမ၏ မျက်နှာပေါ်တွင်တော့ မျက်ရည်စီးကြောင်းနှစ်ခုက ကျန်ရှိနေသေးသည်။ သူမသည် အသက်ဝိညာဉ်တစ်ခုလုံး ဆုံးရှုံးသွားသလိုပင် ခံစားနေမိ၏။ သူမသည် ရီရှင်းချန်နှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းသာ ဖြစ်သေး၏။ သူမ၏ လည်ပင်းပေါ် ဓားတင်ထားသည်ဆိုလျှင်တောင်မှ သူမသည် အတည်ငြိမ်ဆုံး အခြေအနေတစ်ခုကို ထိန်းသိမ်းထားနိုင်စွမ်းရှိသည်။ သို့ပေမဲ့ သူမ လက်သင့်မခံနိုင်ဆုံးသော အရာတစ်ခုသည် ကျောက်အခန်းထဲ၌ ဖြစ်သွားခဲ့၏။

“ငါ့ရဲ့... ငါ့ရဲ့ ဖြူစင်မှုတွေ အကုန်လုံးကသွားပြီ”

သူမသည် ခေါင်းကို အသာမော့လိုက်၏။ မျက်လုံးထဲမှ မျက်ရည်များသည် ထိန်းချုပ်၍ မနိုင်လောက်အောင် ကျဆင်းလျက် ရှိနေသည် “ငါ့ရဲ့ အပြစ်ကင်းစင်မှု၊ ဖြူစင်မှုတွေ အကုန်လုံးက မရှိတော့ဘူး”

ရောင်မုန့်ယဉ်သည် တိတ်ဆိတ်ငြိမ်သက်နေမိသည်။ ဟုတ်ပေသည်။ အမျိုးသမီးတစ်ယောက် အနေနှင့် အပျိုစင် ဘဝသည် မည်မျှ အရေးကြီးသည်ဖြစ်ကြောင်းကို သူမက ကောင်းကောင်းသိ၏။

“စီနီယာအစ်ကိုရီက တာဝန်ယူတတ်တဲ့ လူတစ်ယောက်ပါ။ ကျိန်းသေပေါက် တာဝန်ယူပေးပါလိမ့်မယ်” ရောင်မုန့်ယဉ်က နှစ်သိမ့်လိုက်သည်။

ကျွီ

ရုတ်တရက် အခန်းတံခါး ပွင့်သွားပြီးသည့်နောက် မဲမှောင်လျက် ရှိနေသည့် မျက်နှာနှင့် ရီရှင်းချန်က လျှောက်ဝင် လာ၏။

“စီနီယာအစ်ကိုရီ”

“ထွက်သွားစမ်း”

“အင်း” ရောင်မုန့်ယဉ်သည် အေးစက်သည့် ဟင်းပွဲများကို အသာချကာဖြင့် ပြန်လည်ထွက်ခွာသွားသည်။

ချလွမ်

သူမထွက်သွားသွားချင်းမှာပဲ ရီရှင်းချန်သည် ဓားကို ဆွဲထုတ်ပြီးသည့်နောက် ကျန့်လင်းရောင်၏ လည်ပင်းပေါ်သို့ တင်လိုက်၏။ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်နေသည်။ သူမကို သတ်ဖြတ်လိုက် မည်ဆိုလျှင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။

ကျန့်လင်းရောင်၏ မျက်လုံးထဲတွင်တော့ အမုန်းတရားများနှင့် ပြည့်နှက်လျက် ရှိနေ၏။ “ရှင် ကျွန်မကို အနိုင်ကျင့် ခဲ့တဲ့အပြင် အခု သတ်ချင်နေပြန်ပြီလား”

“ဟန်ဆောင်နေတာကို ရပ်စမ်း”

ရီရှင်းချန်က ပြောလိုက်သည်။ “မင်းက ဧကရီလင်းရောင်ပဲ။ ဒီတော့ အဲဒီ ထိုက်ရှစ် စွမ်းအင် နဲ့ ထိုက်ရှစ်ဆေးရည် ဆိုတာက မင်းအစီအစဉ်ထဲက တစ်စုံတစ်ခု မဟုတ်လား”

ဓားသည် သူမ၏ အသားထဲ အနည်းငယ် နစ်ဝင်သွားခဲ့၏။ သွေးများသည် တစိမ့်စိမ့်နှင့် ထွက်ပေါ်လာ၏။

နာနေသည်လား။ ကျန့်လင်းရောင်အတွက် ဤကဲ့သို့သော နာကျင်မှုများသည် သူမ တွေ့ကြုံခဲ့ရသည့် နာကျင်မှု များနှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။

“ကျွန်မ နာမည်က ကျန့်လင်းရောင်၊ ဧကရီလင်းရောင် မဟုတ်ဘူး”

“သေခါနီးအချိန်မှာတောင် သရုပ်ဆောင်နေသေးတယ်” ရီရှင်းချန်သည် ဤအမျိုးသမီးမှာ ဧကရီလင်းရောင် ဖြစ်ကြောင်း သေသေချာချာ ယုံကြည်မိ၏။ ထို့ကြောင့်ပင်လျှင် သူမကို သတ်ချင်နေခြင်းဖြစ်သည်။

“ကျွန်မကို အနိုင်ကျင့်ဖို့အတွက် ဇာတ်လမ်း လာဆင်နေတာလား”

ကျန့်လင်းရောင်၏ မျက်လုံးထဲတွင်တော့ မည်သည့်ကြောက်လန့်မှုမှ မရှိချေ။ အမုန်းတရားများသည်သာ ပိုမို တိုးပွားလာခဲ့၏။

“.........”

ရီရှင်းချန်သည် ဆွံ့အသွားမိ၏။ အစစ်အမှန် ဖြစ်တော့သည်။ ဧကရီလင်းရောင်သည် အစီအစဉ် ချမှတ်ရာတွင် တော်လွန်းလှသူတစ်ယောက်ဖြစ်၏။ လွယ်လွယ်ကူကူနှင့် ပေါ်ပေါက်သွားမည်ဆိုလျှင် ညံ့ဖျင်းလွန်းရာ ကျပေလိမ့်မည်။

“ကျွန်မကို သတ်ချင်တာက လုပ်ခဲ့တာတွေ အားလုံးကို ရှောင်ဖယ်ချင်လို့ မဟုတ်လား”

ကျန့်လင်းရောင်သည် အံကို ကြိတ်လိုက်မိ၏။ “ကောင်းပြီ။ ရှင် တာဝန်ယူတာ၊ မယူတာက ကိစ္စမရှိဘူး။ ဒီနေရာကနေ အခု ထွက်သွားမယ်”

သူမ ထွက်ခွာသွားချင်နေသည်လား။ ဤအရာသည် သူလိုချင်နေသည့်အရာပင် ဖြစ်တော့၏။ ဟုတ်ပေသည်။ ရီရှင်းချန်သည် ဆုံးဖြတ်ချက်ပင် မချနိုင်ချေ။ ထို့အပြင် ဤအရာသည် ထာဝရရွက်သင်္ဘောကြီးပင်ဖြစ်ပြီး စကြဝဠာထဲ ဖြတ်သန်းကာ သွားလာနေသည့် အရာပင်ဖြစ်၏။ သူမကို ကောင်းကင်စက္ကူစလောကထဲသို့ ပြန်လည်ကာ မပို့ဆောင်နိုင်ချေ။

..............

“မိန်းကလေးကျန့်... ထွက်ခွာသွားချင်တာ သေချာလို့လား” ကျွင်းချောင်ရှောင်းသည် ထိုင်ခုံပေါ်တွင် ထိုင်လျက် ရှိပြီး သေသေချာချာ မေးမြန်းလျက်ရှိ၏။

“ဟုတ်ပါတယ်” ကျန့်လင်းရောင်က ခေါင်းညိတ်လိုက်သည်။ စွန်းပုကုံး ပေးထားသောဆေးကို သောက်ပြီးသည့် နောက် သူမ၏ အခြေအနေသည် မနေ့ကထက် ပိုမိုကာ ကောင်းမွန်လာခဲ့သည်။

“ဒါက”

ကျွင်းချောင်ရှောင်းသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်၏။ “ကောင်းပြီ။ ကျုပ် မင်းကို ကောင်းကင် စက္ကူစလောကဆီ ပြန်ပို့မယ်”

သူမအနေနှင့် ရီရှင်းချန်ကို တာဝန်မယူစေချင်ဘူးဆိုမှတော့ သူ့အနေနှင့် အတင်းတွန်းအားပေး၍ မဖြစ်ချေ။ တစ်ရက်အတွင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ကျန့်လင်းရောင်ကို ခေါ်ဆောင်ကာဖြင့် ကောင်းကင်စက္ကူစ လောကထဲသို့ ရောက်ရှိလာခဲ့၏။ မထွက်သွားခင်မှာပဲ သူသည် သူမအား သိုလှောင်လက်စွပ်တစ်ကွင်း ပေးအပ်ခဲ့သည်။

“မိန်းကလေးကျန့်... ငါ့တပည့်က မင်းကို နစ်နာအောင် ပြုလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒီတော့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်” ကုန်းရှန့်သည် အခြေအနေနှင့်ပတ်သက်၍ အခြေခံ နားလည်မှုတော့ တည်ရှိ၏။ ထိုက်ရှစ် မူလစွမ်းရည်ကို ထိန်းချုပ်ပြီးနောက် ရီရှင်းချန်သည် ရုတ်တရက် စိတ်တစ်ခုလုံး ပျောက်ဆုံးသွားခဲ့၏။ ထို့ကြောင့် ရီရှင်းချန်အား အပြစ်တင်၍ မရချေ။ ထို့အပြင် သူမသည်လည်း ထိုအချိန်၌ ရွေးချယ်၍ မရှိခဲ့ချေ။

ကျန့်လင်းရောင်၏ မျက်လုံးထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်လျက် ရှိသည်။ “ကျွန်မ သူ့ကို ဘယ်တော့မှ ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး”

“အင်း” ကျွင်းချောင်ရှောင်းသည် အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ ထို့ကြောင့် အသာလှည့်ကာဖြင့် ပျံသန်းထွက်ခွာ သွားခဲ၏။

စနစ်က ပြောလိုက်သည်။ “သူ ခွင့်လွှတ်လွှတ်၊ ခွင့်မလွှတ်လွှတ် ကိစ္စမရှိဘူး။ ကောင်းကင်စက္ကူစလောကကြီးက ရီရှင်းချန်အတွက် ခဏတာ နားခိုရာ တစ်ခုပဲလေ။ အချိန်ရောက်လို့ ထွက်ခွာသွားပြီဆိုရင် ထပ်မံ တွေ့ဆုံဖို့ ဆိုတာ လွယ်တာ မဟုတ်ဘူး”

........

“ပြန်ပြီးထွက်သွားကြမယ်” ထာဝရရွက်သင်္ဘောကြီးဆီ ရောက်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းက အမိန့်ပေး လိုက်သည်။

ဆွစ် ဆွစ်

ကောင်းကင်စက္ကူစလောကကြီး အပြင်ဘက်ရှိ ရွက်သင်္ဘော ဆယ့်တစ်စင်းတို့သည် အဆုံးမဲ့စကြဝဠာအတွင်းသို့ ု ရွက်လွှင့်လျက် ရှိနေတော့သည်။

ရီရှင်းချန်သည် ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေပြီး အပြင်ဘက်တွင် ရှိသည့်အရာများကို ပြတင်းပေါက်မှတဆင့် ကြည့်ရှုလျက် ရှိ၏။

လက်ရှိအခြေအနေမှာတော့ သူ၏ ခံစားချက်များသည် အလွန်ရှုပ်ထွေးလျက်ရှိ၏။ အထူးသဖြင့် ကျောက်အခန်း ထဲတွင် မြင်ခဲ့ရသည့် အရာများကို ပြန်လည်စဉ်းစားပြီးသည့်နောက် ပိုပို၍ ဇဝေဇဝါ ဖြစ်မိလာသည်။ ဤအရာသည် အတိတ်တွင် ဖြစ်ခဲ့သည့်အရာများလား။ သို့မဟုတ် အနာဂတ်တွင် ဖြစ်ခဲ့သည့် အရာများလား။ သူသည် ပြိုင်စံရှားဂိုဏ်းထဲမှ အစစ်အမှန် ထွက်ခွာခဲ့လေသည်လား။ ထို့အပြင် လက်ထပ်ပြီး မိန်းမနှင့် ကလေးတစ်ယောက်ပင် ရရှိခဲ့လေသည်လား။

“မဖြစ်နိုင်ဘူး”

ရီရှင်းချန်က ပြောလိုက်၏။ “ဒါ အကြံအဖန် လုပ်ထားတာပဲဖြစ်ရမယ်”

....

ကောင်းကင်စက္ကူစလောက

ကျန့်လင်းရောင်သည် တောင်၏ထိပ်တစ်ခုတွင် ထိုင်လျက်ရှိပြီး မုန်းတီးစွာဖြင့် ပြောလိုက်သည်။ “ရီရှင်းချန်... ကျွန်မ ရှင့်ကို မှတ်ထားမယ်”

ထာဝရရွက်သင်္ဘောကြီးနှင့် ပြန်လည်ခေါ်ဆောင်လာပြီးသည့်နောက် သူမသည် ဖေးအားညိုဆိုသည်မှာ နာမည်တု တစ်ခုသာဖြစ်ပြီး နာမည်အစစ်အမှန်သည် ရီရှင်းချန်ဖြစ်ကြောင်း သိရှိလိုက်ရ၏။

“ကျွန်မ ပြင်းပြင်းထန်ထန် ကျင့်ကြံမယ်”

ကျန့်လင်းရောင်က ပြောလိုက်သည်။ “ရှင့်ကို ရှာပြီးတော့ လက်စားချေနိုင်တဲ့အထိ”

.....

အပျက်အစီးပုံထဲမှာတော့ အမဲရောင်ဝတ်စုံနှင့် လူတစ်ယောက်သည် ဖြည်းညှင်းစွာ ပေါ်ပေါက်လာခဲ့၏။ သူသည် ပြိုကျလျက်ရှိနေသည့် ကျောက်နံရံကြီးရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးသည့်နောက် တီးတိုးပြောလိုက်သည်။ “အတိတ်နဲ့ အနာဂတ်မှာ ကွဲပြားမှုတွေ အများကြီး ရှိနေတယ်။ တကယ်လို့ ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့တပည့်က ပြောင်းလဲနိုင်တယ်ဆိုရင် အထက်စကြဝဠာကြီးတစ်ခုလုံးကို ပြောင်းလဲနိုင်တဲ့ စွမ်းရည်တွေ သူတို့မှာ ရှိရလိမ့်မယ်”

ကျွင်းချောင်ရှောင်းသာ ရှိသည်ဆိုပါက ဤအသံကို ကျိန်းသေပေါက် သိရှိပေလိမ့်မည်။ ထိုသူသည် ထာဝရ ရွက်သင်္ဘောကြီးဆီသို့ ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် ဆန်းကြယ်စွာ ပျောက်ဆုံးခဲ့သူတစ်ယောက်လည်း ဖြစ်သည်။

ထိုသူ မည်သူဖြစ်သနည်း။

All Chapters