ဗွမ်း
Vol. 129 Ch. 1794
သူတို့ကို ပထမဆုံးသတိထားမိသူများမှာ အရှေ့တွင် ပြေးနေသော မရဏာရင်ဝံပုလွေများဖြစ်ကြသည်။ သူတို့သည် ရုတ်တရက်ရပ်လိုက်ရာ အနောက်မှပြေးလာသူများသည် တုံ့ပြန်ချိန်မရလိုက်ဘဲ သူတို့နှင့် ဝင်တိုက်မိလေသည်။
သုန်းချီလျန်နှင့် တခြားသူများသည် အနောက်မှအခြေအနေကို အာရုံ စိုက်ထားရာ မရဏာရင်ဝံပုလွေများ ရပ်လိုက်သည်ကို အနည်းငယ်ထူးဆန်းနေ သည်။ ခဏအကြာမှာပင် အရှေ့တွင်ရပ်နေသော ရှီမာယူယူကို မြင်လိုက်ရလေ သည်။
“မင်း ဘာလို့ဒီရောက်နေတာလဲ ဘာလို့အသက်ရှင်နေသေးတာလဲ” သုန်းချီရှောင်းသည် စူးရှစွာအော်လေသည်။
ရှီမာယူယူ ပခုံးတွန့်လိုက်သည် “ငါ့ကို မြင်ရတာ အံ့ဩသွားတာလား ဒီအတိုင်းလူလွှတ်လိုက်တာနဲ့ ငါ့ကိုသတ်နိုင်မယ်ထင်နေတာလား”
“အခုက ဒီအကြောင်းတွေ ပြောနေရမယ့်အချိန်မဟုတ်ဘူး” သုန်းချီလျန် သည် သုန်းချီရှောင်းကို တားလိုက်သည်။ အရှေ့တွင်ရပ်နေသော ရှီမာယူယူ သည် သူတို့ပြေးလမ်းကိုပိတ်နေသည်။
မရဏာရင်ဝံပုလွေများကို မည်သည့်အရာက ရပ်တန့်စေသည်ကို မသိ သလို ရှီမာယူယူ မည်သို့ အသက်ရှင်နိုင်သည်ကို မသိသော်လည်း လက်ရှိ အခြေအနေကို အကောင်းကောင်းအသုံးချနိုင်သည်။ သူမသည် မရဏာရင် ဝံပုလွေများ နောက်မှလိုက်ခြင်းကို တားရန် ရှီမာယူယူကို အသုံးချပြီး တစ်ချိန် တည်းမှာပင် သူမကို ရှင်းပစ်ရန် အခွင့်အရေးယူရမည်။
“အ ဝူး….” အမှောင်မရဏာရင်ဝံပုလွေများ အူလိုက်ကြရာ သူတို့အားလုံး နောက်ဆုတ်သွားကြသည်။
ရှီမာယူယူသည် သူတို့၏ အပြုအမူကိုမြင်သောအခါ ပြောလိုက်သည် “ဒီမှာ မိတ်ဆွေတော့ ငါက သူတို့နဲ့မရင်းနှီးဘူး ငါ့ကိုဂရုစိုက်ဖို့မလိုဘူး”
ချက်ချင်းဆိုသလိုပင် သူတို့သည် နောက်ဆုတ်သည်ကို ရပ်တန့်လိုက်ကာ သူမအား မသင်္ကာသလို ကြည့်လေသည်။
ရှီမာယူယူ သူတို့ကိုပြုံးပြပြီး ပြောလိုက်သည် “စိတ်မပူပါနဲ့ ငါက သူတို့နဲ့ တစ်ဖွဲ့တည်းမဟုတ်ဘူး မင်းတို့လုပ်ချင်တာ လုပ်ကြပါ ငါ့ကိုလျစ်လျူရှုလိုက် မင်းတို့လုပ်လက်စတွေ ဆက်လုပ်ကြပါ ငါ ဘာမှမလုပ်ဘူး”
“မုရုန်ရှီ မင်း ဒါဘာအဓိပ္ပာယ်လဲ မင်းက ငါတို့ကိုသတ်ဖို့ မရဏာရင် ဝံပုလွေတွေကို ပြောနေတာလား” သုန်းချီရှောင်း အော်လိုက်သည်။
“ဟုတ်တယ်လေ” ရှီမာယူယူ အလေးအနက်ထားပြီး ခေါင်းညိတ်လိုက် သည် “အဲတော့ မင်းတို့ သတိထားမိကြတာလား ကြည့်ရတာ ငါ အရမ်းကို သိသာအောင် လုပ်လိုက်မိပြီထင်တယ်”
“မင်း…”
“ဘာလို့လဲ မင်းတို့ကပဲ ငါ့ကိုလူလွှတ်ပြီး သတ်ခိုင်းလို့ရတယ်ဆိုတဲ့ စည်းမျဉ်းရှိလို့လား ပြီးတော့ ငါကကျ ဘာမှမလုပ်နိုင်ဘူးလား” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “ပြီးတော့ ငါက ဘာမှမလုပ်ဘူးလေ မရဏာ ရင်ဝံပုလွေကိစ္စက ငါနဲ့ဘာမှမဆိုင်ဘူး ငါက မဆိုင်တဲ့ကိစ္စတွေကို ဖယ်ထုတ်ရုံ ပဲရှိတယ်”
“ဘာများကွာလို့လား”
“အများကြီးကိုကွာတာပေါ့” ရှီမာယူယူသည် နှုတ်ခမ်းကိုကွေးတွန့်လိုက် သည် “မရဏာရင်ဝံပုလွေသာ ဒီနေ့ဒီအတိုင်း ထွက်သွားရင် ငါ မင်းကို ကယ် သလိုဖြစ်သွားမှာပေါ့… ဒီမှာ စဉ်းစားကြည့်လိုက်တာနဲ့ စိတ်မသက်မသာဖြစ် စေတယ်”
မရဏာရင်ဝံပုလွေတွေက အစကတည်းက သူတို့ကိုသတ်ချင်နေတာ လေ။ သူမကို မြင်ပြီးတော့ နောက်ဆုတ်သွားရင် သူမ ကြောင့်ဆိုပြီး ဖြစ်မသွား ပေဘူးလား။
“မိတ်ဆွေတို့ ဆက်လုပ်ကြပါ ဆက်လုပ်ကြ” သူမ ပြောပြီးသည်နှင့် ခရမ်းလေးကို ပိုက်ထားရင်း နောက်သို့ခြေလှမ်းများကိုဆုတ်လိုက်သည်။
မရဏာရင်ဝံပုလွေများသည် ရှီမာယူယူကို ခေတ္တမျှ နားမလည်နိုင်သော အကြည့်ဖြင့် ကြည့်ပြီးနောက် အရှိန်ပြန်တင်ကာ သုန်းမျိုးနွယ်ကို ဝိုင်းလိုက်ကြ သည်။
“မုရုန်ရှီ မင်းက ငါတို့ကိုသတ်ဖို့ မရဏာသားရဲတွေကို စည်းရုံးရဲတယ် ဟုတ်လား အဲဒီအကျိုးဆက်က ဘာလဲဆိုတာသိလား” သုန်းချီလျန်နှင့် တခြား သူများသည် မရဏာရင်ဝံပုလွေများ ရုတ်တရက်တိုက်ခိုက်လာမည်ကို တားရန် သတိရှိရှိကြည့်နေကြသည်။
သူတို့နားမလည်ပေ။ မရဏာရင်ဝံပုလွေတွေက ရုတ်တရက်ကြီး ဘာလို့ ရှီမာယူယူရဲ့ စကားတွေကိုနားထောင်တာလဲ။ သူတို့မျက်လုံးထဲက အကြောက် တရားကလည်း တကယ်ကြီး။ ရှီမာယူယူက သူတို့ကြောက်အောင် တစ်ခုခုများ လုပ်ထားတာလား။
“ငါက မင်းတို့ကိုလိုက်ဖို့ မရဏာရင်ဝံပုလွေတွေကို စည်းရုံးတာမဟုတ် သလို မင်းတို့ကိုရန်တိုက်ပေးတာလည်းမဟုတ်ဘူး… အများဆုံးမှ ငါက ဘေးကနေရပ်ကြည့်ပြီး မင်းတို့ကိုမကယ်တာပဲရှိတယ်… ကိုယ့်ရှေ့မှာ မတရား တာတွေ့ရင် ဓားဆွဲပြီး ကူညီကိုကူညီရမယ်လို့မှ စည်းမျဉ်းမရှိတာ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မင်းတို့တွေက ငါ့ကိုလူလွှတ်ပြီး သတ်ခိုင်းတယ် အဲဒါကို ငါက မင်းတို့ကိုကူညီရမှာလား… မင်းတို့က တုံးတာလား ရိုးစင်းတာ လား မဟုတ်ရင် ငါ့ဦးနှောက်ကပျက်လို့ စော်ကားခံရမှာလား”
မရဏာရင်ဝံပုလွေများသည် သူမ ငြင်းဆန်နေသည်ကို မြင်သောအခါ ထိုလူများသည် သူမနှင့် မပတ်သက်သည်မှာသေချာသွားသဖြင့် စတင် တိုက်ခိုက်တော့သည်။
သုန်းချီလျန်၏ လူများသည် အားမနည်းကြပေ။ သို့သော် အရေအတွက် များပြီး အားမနိမ့်လှသောမရဏာရင်ဝံပုလွေများနှင့် တွေ့ရချိန်တွင် သူတို့၏ ပြိုင်ဘက်မဖြစ်နိုင်ကြပေ။
မကြာမီတွင် သုန်းမျိုးနွယ်သည် အဘက်ဘက်မှ တိုက်ခိုက်ခံရကာ သုန်းချီလျန်ပင်လျှင် ထွက်ပြေးချင်၍ လှည့်စားရန်ကြိုးစားသည်။
ရှီမာယူယူသည် ဘေးမှကြည့်နေကြသည်။ သူတို့၏ အမြန်နှုန်းကိုကြည့် ပြီး နှုတ်ခမ်းတွန့်မိသည်။
မိနစ်အနည်းငယ်ကြာပြီးနောက်တွင် အလောင်းများပင် မကျန်တော့ပေ။ သူတို့က တကယ်ကိုရန်ငြိုးထားတာပဲ။ ရက်စက်လိုက်တဲ့ လက်စားချေမှုကြီးပဲ။
ဝံပုလွေဘုရင်ရောက်လာပြီး ရှီမာယူယူအားကြည့်ပြီး သူမကိုကျေးဇူးတင် စကားပြောလေသည်။
“ကျေးဇူးတင်ပါတယ်” သူမသာ အခွင့်မပေးလျှင် သူတို့ လက်စားချေနိုင် မည်မဟုတ်ပေ။
“ဘာဖြစ်ခဲ့တာလဲ” ရှီမာယူယူ သိချင်စိတ်ဖြင့် မေးလိုက်သည်။
“သူတို့က ကျုပ်တို့ ဝံပုလွေပေါက်လေးတွေကို လုသွားတာလေ ပြီးတော့ သူတို့ထွက်ပြေးတဲ့အချိန် ပြဿနာဖြစ်မှာစိုးလို့ အကုန်လုံးကိုသတ်ခဲ့တာ” ဝံပုလွေဘုရင်သည် စိတ်ပျက်စွာဖြင့် ပြောလေသည်။
…..
သူတို့သည် တုံးလွန်းသည်ဟု ရှီမာယူယူ ခံစားမိသည်။ ကိုယ့်ကလေးကို ဂရုမစိုက်တဲ့ ဝိညာဉ်သားရဲ ဘယ်မှာရှိလို့လဲ။ သူတို့ကို ဖမ်းပြီးတာတောင် လမ်း မှာသတ်လိုက်သေးတာလား။ မင်းတို့ မသေတာကမှ ထူးဆန်းဦးမယ်။
သူမသည်လည်း သူတို့၏လူများကို သတ်ခဲ့သည်။ သို့သော် သူမတွင် အင်အားရှိသည်။ သူတို့သည် ထိုကိစ္စကို လုံးဝပင်လျစ်လျူရှုထားသည်။
မရဏာရင်ဝံပုလွေများသည် လှည့်ထွက်ကာ ယွဲ့ရှီတောင်ကြားအတွင်း နက်ပိုင်းသို့ ပြန်သွားလေသည်။ အိပ်မက်လေးသည် ခဏပတ်ကြည့်ပြီးနောက် ပြန်လာကာ ပြောလေသည် “ယူယူ ခုနက ဒီနားမှာ လူရှိတယ်”
“ဟင် ငါရော မင်းပါ မသိလိုက်ဘူးပဲ” ရှီမာယူယူသည် အနည်းငယ် အံ့ဩ သွားသည်။
“တစ်ဖက်က သူတို့ရောင်ဝါကို ကောင်းကောင်းဖုံးနိုင်တယ်” အိပ်မက် လေး ပြောလိုက်သည်။ “အဲလူက မရဏာရင်ဝံပုလွေတွေ ဒီလူတွေကိုသတ်တာ တွေ့လိုက်မှာပဲ သူတို့သာပြောရင်တော့ အိပ်မက်လေးတို့ ပြဿနာတက်လိမ့် မယ်”
“အဲဒါတော့ မတတ်နိုင်တော့ဘူး” ရှီမာယူယူသည် စိတ်ထဲတွင် အရေး မထားတော့ပေ။
သုန်းမျိုးနွယ်သိလျှင်တောင် သူတို့သည် တိုက်ရိုက်မပါဝင်သဖြင့် သူမကို သတ်နိုင်ဦးမည်လား။ သူတို့ ကောက်ကျစ်လျှင်တောင် သူမ သူတို့ကိုမကြောက် ပေ။
သူတို့သည် မြေပေါ်မှအလောင်းများကို ဂရုမစိုက်ဘဲ အတွင်းထဲသို့ ဆက်သွားကြသည်။ လမ်းတွင် မရဏာသားရဲတချို့ကိုတွေ့ကြသည်။ သို့သော် သူတို့ကို အိပ်မက်လေးမှ ရိုက်လိုက်သဖြင့် မကြာမီတွင် သူတို့အဖွဲ့သည် ပြစ်မှားရန်မသင့်တော်သည့် စာရင်းဝင်သွားလေသည်။
“ဝုတ် ဝုတ်” အမည်းလေးသည် ရုတ်တရက်ဟောင်ပြီး ရှေ့သို့ပြေးသွား ရာ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားလေသည်။
“အမည်းလေး” ရှီမာယူယူနှင့် အိပ်မက်လေးတို့ လိုက်သွားရာ ကမ်းပါး အောက်ခြေသို့ရောက်သွားလေသည်။
ကမ်းပါးအောက်ခြေတွင် အေးစိမ့်သောကန်တစ်ကန်ရှိသည်။ လှပသော လူတစ်ယောက်သည် ရေကန်ထဲမှ ရေချိုးပြီးထွက်လာသည်။
ဟင်… သူမ ဒီလူကိုသိပါတယ်။
“အဟွတ်”
အရာအားလုံးမှာ စက္ကန့်ပိုင်းအတွင်းဖြစ်သွားသဖြင့် သူမ သတိလက်လွတ် ဖြစ်သွားသည်။ ရှီမာယူယူသည် အမြန်ပင် မျက်လုံးမှိတ်ပြီး အိပ်မက်လေးနှင့် အတူ လှည့်လိုက်ကြသည်။
“အင်း… ရှင်တို့ ဒီမှာရေချိုးနေတာကို မသိလိုက်လို့ ကြည့်ဖို့မရည်ရွယ်ပါ ဘူး” သူမ တောင်းပန်လိုက်သည်။
“ဗွမ်း…”
နောက်ထပ် ရေသံထပ်ထွက်လာပြီး ယွမ်ယွမ်သည် တအံ့တဩ ပြောလေ သည် “မုရုန်ရှီ မင်းက ဘယ်လိုလုပ် ဒီရောက်နေတာလဲ”
ရှီမာယူယူ ရှက်သွားသည်။ ရေအေးကန်ထဲမှာ ယောက်ျားလေးနှစ် ယောက်… သူမရဲ့ မဟုတ်မဟတ်အတွေးတွေကို ခွင့်လွှတ်ကြပါ…
မိုကျိသည် ရှီမာယူယူ၏ ကျောပြင်ကိုကြည့်ပြီး နှုတ်ခမ်းများတွန့်တက် သွားကာ ပြောလေသည် “ငါတို့က အင်္ကျီတွေတောင်မချွတ်ရသေးဘူး ဘာလို့ ရှက်နေတာလဲ”
“ဘာ” ရှီမာယူယူ ခေါင်းလှည့်ကြည့်ရာ သူတို့ အဝတ်များဝတ်ထားကြ သည်ကို တွေ့လိုက်ရသည်။ မိုကျိ၏ အဝတ်များ ပြေလျော့နေရုံသာရှိသည်။ သူ ရေထဲမှ ထွက်စဉ်က ပခုံးပေါ်နေသဖြင့် သူတို့ ရေချိုးနေသည်ဟု ထင်သွားခြင်း ဖြစ်သည်။
သူမ အမှားလုပ်မိသွားတာကိုး။ ခုနက အတွေးကို ပြန်စဉ်းစားမိသည်နှင့် အနည်းငယ်ရှက်နေတုန်းပင်။
“အဟမ်း ရှင်တို့က ရေအေးကန်ထဲမှာ ဘာလုပ်နေကြတာလဲ”
“ငါတို့ ပစ္စည်းရှာနေတာ ဒီအောက်ခြေမှာရှိလို့” ယွမ်ယွမ် ရှင်းပြလေ၏။
“ဝုတ် ဝုတ်” အမည်းလေးသည် သူ့ကိုနှစ်ကြိမ်မျှဟောင်လေသည်။
ယွမ်ယွမ်သည် ထိုအဓိပ္ပာယ်ကိုမသိသော်လည်း ရှီမာယူယူ သိသည်။ သူမသည် လျှောက်သွားပြီး သူ၏လည်ပင်းကို သိုင်းဖက်ပြီး ပြောလိုက်သည် “အဲဒါက သူများရဲရတနာလေ အဲဒါကြောင့် ယူလို့မရဘူး ငါ မင်းအတွက် တခြား တစ်ခုခုရှာပေးရမလား”
ယွမ်ယွမ်သည် အမည်းလေးသူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သေမင်းမှ စိုက်ကြည့်နေသလို ခံစားရကာ အေးစိမ့်သွားလေသည်။
***