← Chapters

အခန်း ၁၆၉၉

Vol. 114 Ch. 1699

အခန်း ၁၆၉၉

Vol. 114 Ch. 1699

အပိုင်း (၁၆၉၉)

ကောင်းကင်စက္ကူစလောကကြီး၏ ကိစ္စရပ်သည် ပြီးဆုံးသွားခဲ့၏။ ရီရှင်းချန်၏ ခရီးစဉ်ကို ကြည့်ရှုရမည်ဆိုလျှင် ဂိုဏ်းအတွက် များပြားလှသည့် သိုင်းပညာအရင်းအမြစ်များကို ယူဆောင်မလာနိုင်ခဲ့သည်မှာ နှမျောစရာပင် ဖြစ်သည်။

အချက်အလက်အားဖြင့် ကိစ္စတော့မရှိချေ။ အဘယ်ကြောင့်ဆိုသော် အထက်နယ်မြေနှင့်ပင် နှိုင်းယှဉ်၍ မရနိုင်သော နယ်မြေတစ်ခုသည် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံး၊ အင်မော်တယ်အဆင့် စိတ်ဝိညာဉ် ကျောက်တုံးများ တည်ရှိနေမည် မဟုတ်မှာ သေချာ၏။ ထို့အပြင် ကြက်သွေးရောင်ငရဲလောကဆီမှ ပထမတန်းစား မီးကျောက်များကို လုံလုံလောက်လောက် ရရှိခဲ့သည်ဖြစ်သောကြောင့် လောင်စာအဖြစ် အချိန်အတော်ကြာ အသုံးပြုနိုင်စွမ်း ရှိနေ၏။

ဟုတ်ပေသည်။ သူတို့အနေနှင့် ထပ်မံ၍ ဘာတစ်ခုမှ မရတော့ချေ။ အနည်းဆုံး ရီရှင်းချန်အနေနှင့် အစစ်အမှန် ရှာဖွေခြင်းထိပ်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ဂိုဏ်းအတွက် အားအင်အဆင့်သည် တိုးတက်စေခဲ့၏။ ထို့အပြင် ကောင်းကင်စက္ကူစလောကကြီးကို လွှမ်းမိုးပြီးသည့်နောက် တာဝန်ပြည့်စုံမှုနှုန်းသည် တစ်ရာခိုင်နှုန်းမှသည် နှစ်ရာခိုင်နှုန်းဆီသို့ တိုးမြင့်ခဲ့၏။ တစ်ရာ ရာခိုင်နှုန်း ပြည့်ရန်အတွက် ကိုးဆယ့်ရှစ်ရာခိုင်နှုန်းသာလျှင် ကျန်ရှိ တော့သည်။

“ဟင်း”

ကျွင်းချောင်ရှောင်းသည် လက်ဖက်ရည်ခွက်ကို အသာမော့ကာဖြင့် စဉ်းစားတွေးတောလျက် ရှိသည်။ အဓိက တာဝန်သည် အချိန်အကန့်အသတ် မရှိဘူးဆိုသော်လည်း ဂြိုဟ်တစ်ခုကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်းသည် တစ်ရာခိုင်နှုန်းသာလျှင် ရရှိ၏။ ထို့ကြောင့် အနည်းဆုံး နောက်ထပ် ဂြိုဟ်ပေါင်း ကိုးဆယ့်ရှစ်ခုကို လွှမ်းမိုးနိုင်ရန် လိုအပ်နေသေး၏။

“မဆိုးဘူးပဲ”

စနစ်က ပြောလိုက်သည်။ “အနည်းဆုံးတော့ မင်းရဲ့တပည့်တွေကိုသုံးပြီး ဂြိုဟ်တွေကို လွှမ်းမိုးနိုင်စွမ်း ရှိတယ်ဆိုတာ သတ်မှတ်လို့ရတာပေါ့”

ယုဖေးရ အား တော်ဝင်မိသားစု၏ အခွင့်အာဏာကို ပြန်လည် ရရှိအောင် ကူညီပေးပြီးသည့်နောက် ကြက်သွေးရောင်ငရဲလောကကြီးအား လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့၏။ ယခုလည်း ကောင်းကင်စက္ကူစလောကကြီးကို လွှမ်းမိုး ချုပ်ကိုင်နိုင်ခဲ့သည်။ ထိုအချက်ကို ကြည့်ရှုမည်ဆိုရင် အခြေအနေပြည့်စုံရန် ဆိုသည်မှာ လွယ်ကူသည်ဟု သုံးသပ်ရ၏။

“အင်း”

ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “အရှေ့မှာ သွားရမယ့်လမ်းက အရှည်ကြီး ရှိသေးတာပဲ”

“ဂိုဏ်းချုပ်”

လီချင်းယန်သည် ပဲ့ခန်းထဲကို လျှောက်ဝင်လာပြီးနောက် ပြောလိုက်၏။ “ဂျူနီယာညီလေးရီ အခန်းထဲကနေ မထွက်ဘူး။ သုံးရက်ရှိပြီ ထွက်မလာတာ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ စိတ်တည်ငြိမ်ဖို့ အချိန် လိုအပ်နေသေးတယ်”

......

အခန်းထဲမှာတော့ ရီရှင်းချန်သည် ပြတင်းပေါက်၏ရှေ့တွင် ရှိနေသော မြင်ကွင်းများကို လှမ်းကာ ကြည့်ရှုနေ၏။ သူ၏ မျက်လုံးများထဲတွင်တော့ နာကျင်မှု၊ ဇဝေဇဝါဖြစ်မှုများ အတိုင်းသား ထင်ပေါ်နေသည်။ ကျန့်လင်းရောင် သည် သူ့အား တစ်ချက်ကလေးမှ ဂရုမစိုက်ခဲ့ချေ။ ထို့ကြောင့် အရာအားလုံး အဆင်ပြေခဲ့သည်။ သို့ပေမဲ့ ဤရက်ပိုင်းအတွင်း သူ၏စိတ်များသည် ပိုမို၍ ရှုပ်ထွေးလာခဲ့၏။

ထိုက်ရှစ်ဆေးရည်ကို သောက်သုံးပြီးသည့်နောက် ဖြစ်ပေါ်ခဲ့သည့်အရာများကို စဉ်းစားလိုက်သည့် အချိန်တိုင်းမှာ “ငါ ဒီအမျိုးသမီးကို အသက်ရှင်ရက် မလွှတ်လိုက်သင့်ဘူး” ဟု အထပ်ထပ် တွေးတောနေမိသည်။

ရီရှင်းချန်သည် သူ၏ စိတ်နှလုံးသား နူးညံ့မိသည့် အဖြစ်အပျက်များအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လျက် ရှိနေ၏။ သို့ပေမဲ့ အချက်အလက်အားဖြင့် ပြဿနာဖြစ်ခဲ့ပြီးနောက် ဂိုဏ်းချုပ်သာ ပေါ်ပေါက်မလာပါက သူသည် ကျန့်လင်းရောင်ကို လွယ်လွယ်ကူကူ သတ်ပစ်နိုင်လိမ့်မည်လား။ သူ လုပ်နိုင်လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဂိုဏ်းချုပ် ရောက်ရှိလာခြင်း အတွက် သူသည် အနည်းငယ်တော့ အူလည်လည် ခံစားခဲ့ရ၏။

အချက်အလက်အားဖြင့် ဂိုဏ်းချုပ်သည် သူ၏ ဂိုဏ်းချုပ်ဖြစ်၏။ ဒုတိယအားဖြင့် ဂိုဏ်းအား သူ၏ အိမ်တစ်ခုကဲ့သို့ သဘောထားသူဖြစ်ပြီး မိဘတစ်ယောက်ကဲ့သို့ ဂိုဏ်းသားများအပေါ် ဆက်ဆံတတ်သည်။ သူ၏ကလေးသည် အပြစ် ပြုလုပ်ခဲ့ကြောင်း သိရှိပြီးသည့်နောက် ဂိုဏ်းချုပ်သည် အမှန်ပင် တာဝန်ယူစိတ်ဖြင့် ဝင်ရောက် ပြောဆိုခဲ့ခြင်းသာ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် သူမအား လျော်ကြေးပေးအပ်ပြီးသည့်နောက် ကောင်းကင်စက္ကူစလောကကြီးသို့ပင် ပြန်လည်ပို့ဆောင်ပေးခဲ့၏။ သိုလှောင်လက်စွပ်ထဲတွင် တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်း တည်ရှိပြီး အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းနှင့် များပြားလှသော ဆေးလုံးများ တည်ရှိ၏။ ဤ သိုင်းပညာအရင်းအမြစ်များသည် ဂိုဏ်းတစ်ခုအတွက် ဘာမှမဟုတ်သည်ဆိုသော်လည်း လူတစ်ဦးတစ်ယောက် တည်းအတွက်ဆိုလျှင် အလွန်ကြီးမားသည့် ပမာဏဖြစ်၏။

ကျန့်လင်းရောင်၏ ပါရမီသည် မဆိုးရွားပါက ဤအရင်းအမြစ်များ၏ အကူအညီဖြင့် သူမ၏ ကျင့်ကြံခြင်းအဆင့်သည် ကျိန်းသေပေါက် တိုးတက်သွားပေလိမ့်မည်။ ကံကောင်းသည်ဆိုပါက နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းပင် ရောက်ရှိသွားနိုင်သည့် အခြေအနေမျိုးရှိသည်။

ရီရှင်းချန်သည် အမှားအယွင်း လုပ်ခဲ့၏။ ထို့ကြောင့် ဂိုဏ်းချုပ်တစ်ယောက် အနေနှင့် ကျွင်းချောင်ရှောင်းသည် ထို့အတွက် ပေးဆပ်ရပေလိမ့်မည်။

ဒုန်း ဒုန်း ....။

ရှောင်ကျီသည် တံခါး၏ရှေ့တွင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။ “ညီလေးရီ... သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေ ကို တူတူသွားချင်လား”

ဟူး....

ရီရှင်းချန်သည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် တံခါးကို ဖွင့်ကာဖြင့် ထွက်လျှောက်လာခဲ့သည်။ သူ့အနေနှင့် စိတ်ရှုပ်ထွေးစရာများ ရှိနေသည်ဆိုသော်လည်း ကျင့်ကြံခြင်းကိုတော့ ဆက်လက်ပြုလုပ်ရပေ လိမ့်မည်။ ဤကိစ္စနှင့်ပတ်သက်၍ တခြားသောအရာများအား လျစ်လျှူရှုထား၍ မဖြစ်ချေ။

သိုင်းတာအို - ညအင်ပါယာ၏ နှလုံးသားထဲတွင် ထိုအရာသည် အစဉ်အမြဲ နေရာယူထား၏။ အမျိုးသမီး တစ်ယောက်ကို လက်ထပ်ပြီး ကလေးရရှိသည့်ပုံရိပ်ယောင်ကို ပြန်လည်မြင်ယောင်ပြီးသည့်နောက် သူသည် ကြက်သီးများပင် ထလာခဲ့၏။ “ဒါအဓိပ္ပာယ်မရှိဘူး”

ဘုန်း ဘုန်း

သေခြင်းရှင်ခြင်း လျှို့ဝှက်နယ်မြေထဲမှာတော့ ရီရှင်းချန်သည် သူ၏ဒေါသတရားများအား နတ်ဆိုးသားရဲများ ပေါ်သို့ ပုံချလျက်ရှိနေ၏။ သူသည် တိုက်ခိုက်လေ ပိုမို၍ ရူးသွပ်လာလေပင်ဖြစ်၏။ တစ်နာရီခန့်ကြာပြီး သည့်နောက် တည်နေရာတွင် မတ်မတ်ရပ်နေသည်ဆိုသော်လည်း ချွေးများတပြိုက်ပြိုင်နှင့် ကျဆင်းနေသည်။

ရှောင်ကျီသည် မျက်နှာသုတ်ပုဝါတစ်ခုကို ကမ်းပေးကာ ပြောလိုက်၏။ “ညီလေးရီ... အဆင်ပြေရဲ့လား”

“ကျုပ် အဆင်ပြေပါတယ်”

ရီရှင်းချန်သည် မျက်နှာသုတ်ပုဝါအား အသာယူပြီးသည့်နောက် ခေါင်းပေါ်သို့ တင်လိုက်သည်။ “ကျုပ်ရဲ့ဂိုဏ်းတူရောင်းရင်းတွေက ကျုပ်ကိစ္စနဲ့ပတ်သက်ပြီး သိသွားပြီပေါ့”

“အင်း.... သိတာပေါ့”

ရှောင်ကျီက ပြောလိုက်၏။ “အားလုံး သိတယ်”

ဂျွတ်

ရီရှင်းချန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာဖြင့် ဒေါသတကြီး ပြောလိုက်သည်။ “ဒီသတင်းကို ဘယ်သူ ဖြန့်လိုက်တာလဲ”

..........

စားသောက်ခန်းအတွင်းမှာတော့ စားဖို့အချိန်မကျခင်မှာပဲ တပည့်များသည် စောစောစီးစီး ရောက်ရှိလာပြီး စုရှောင်မိုကို ဝန်းရံ၍ အစ်ကိုရီအကြောင်းကို မေးမြန်းလျက်ရှိ၏။

“မပူနဲ့။ မပူနဲ့”

စုရှောင်မိုက ပြောလိုက်သည်။ “မင်းတို့ တစ်ယောက်ချင်းစီမေး။ ငါတစ်ယောက်ချင်းစီ ဖြေလိုက်မယ်”

“အစ်ကို”

လီထျန်းထျန်းသည် လူအုပ်ကြားထဲမှ အတင်းထိုးထွက်လာပြီးနောက် လက်ကိုမြှောက်ကာ မေးလိုက်၏။ “အဲမိန်းကလေးနဲ့ အစ်ကိုရီက ဟိုဟာ လုပ်ခဲ့သေးလား”

“အင်း... မေးခွန်းကောင်းပဲ”

စုရှောင်မိုသည် ထိုင်ခုံပေါ်သို့ ခြေတစ်ဖက်တင်ကာ ပြောလိုက်သည်။ “ငါ သိသလောက် ဆိုရင် ရီ..”

ဘုန်း ဘုန်း

သူပါးစပ်ဟလိုက်သည့်အချိန်မှာပဲ ပတ်ဝန်းကျင်တွင် ရှိနေသော တပည့်များသည် အဝေးသို့ လွင့်စင်သွားသည်။ ပြီးနောက် သူ့ဆီသို့ ဒေါသတကြီးဖြင့် လျှောက်လှမ်းလာသည့် ရီရှင်းချန်ကို မြင်လိုက်ရသည်။

ဂလု

လီထျန်းထျန်းသည် တံတွေးကို မျိုချလိုက်ပြီးသည့်နောက် သူ၏မျက်နှာကို အုပ်ကာကာဖြင့် အနောက်ဘက်သို့ ခုန်ဆုတ်လိုက်တော့သည်။ ပြီးသည့်နောက် မြေပေါ်သို့ လဲကျကာ နာကျင်နေသယောင် ဟန်ဆောင်လိုက်၏။

........

စုရှောင်မိုသည် မျက်နှာပျက်သွား၏။ ပြီးနောက် စပ်ဖြီးဖြီးဖြင့် ပြောလိုက်သည်။ “ညီလေးရီ ...... ဘယ်လိုဖြစ်ပြီးတော့ ရောက်လာတာလဲ”

ရွှီး ....။

ရီရှင်းချန်သည် စုရှောင်မို၏ အင်္ကျီစကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ကာ တိုက်ခိုက်ရေးအခန်းဆီသို့ ဆွဲခေါ်လာခဲ့ တော့သည်။ စကြဝဠာထဲသို့ ခရီးသွားလာရခြင်းသည် အလွန် ရှည်လျားလှ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် တပည့်များ လက်ရည်စမ်းနိုင်ရန်အတွက် တိုက်ခိုက်ရေးအခန်းတစ်ခုကိုပါ ဖန်တီးထားသေး၏။ ယနေ့အချိန် မှာတော့ ထိုအရာသည် အသုံးဝင်လာခဲ့လေ၏။

ဘုန်း ဘုန်း

ဘုန်း ဘုန်း ဘုန်း

တိုက်ခိုက်ရေးအခန်း၏ အပြင်ဘက်မှာတော့ လီထျန်းထျန်းနှင့် တခြားသူအားလုံးတို့သည် နားစွင့်ကာ ထောင်လျက်ရှိ၏။ ရုတ်တရက် နံရံနှင့် ဦးခေါင်း ထိတွေ့သံများသည် တရစပ်ဆိုသလိုပဲ ထွက်ပေါ်လျက်ရှိ၏။ သူတို့သည် ကြောက်ရွံ့ထိတ်လန့်စွာဖြင့် အနောက်သို့ပင် ဆုတ်ခွာလိုက်မိကြသည်။

ကျွီ

ခဏလောက် ကြာပြီးသည့်နောက် အခန်းတံခါး ပွင့်လာခဲ့သည်။ ရီရှင်းချန်သည် မှုန်ကုတ်ကုတ်မျက်နှာဖြင့် လျှောက်ထွက်သွားခဲ့သည်။ အားလုံးတို့သည် အခန်းထဲသို့ ပြေးဝင်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြေပေါ်တွင် ကွေးကွေးလေး ဖြစ်နေသည့် အစ်ကိုစုအား မြင်လိုက်ရ၏။ အစ်ကိုစု ၏ ခေါင်းပေါ်တွင် ဘုကြီးတစ်ဘုက တည်ရှိလို့နေခဲ့၏။ မျက်လုံးများသည်လည်း ဖူးယောင်ကာ ကျဉ်းမြောင်းနေ၏။

ဤအရာသည် သတင်းစကားဖြန့်ခြင်းအတွက် ရရှိလာခဲ့သည့် ရလဒ်ပင်ဖြစ်၏။ တစ်ချိန်တည်းမှာပဲ တခြားသော တပည့်များကိုလည်း သင်ခန်းစာပေးခဲ့ပြီး ဖြစ်၏။ ထို့ကြောင့် မည်သူမှသည် ညအင်ပါယာနှင့် ကျန့်လင်းရောင် တို့အကြောင်းကို ဆက်လက်ကာ မပြောရဲကြတော့ချေ။

.........

ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည် စကြဝဠာထဲတွင် ခရီးသွားလာနေခဲ့၏။ သူတို့သည် လဝက်နီးပါးခန့် ပျံသန်းခဲ့ သည်ဆိုသော်လည်း မည်သည့်ဂြိုဟ်ကိုမှ ရှာဖွေမတွေ့ရှိခဲ့ချေ။ ပဲ့ခန်းထဲတွင် ထိုင်လျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေခဲ့၏။ “ဒီတည်နေရာအနီးတဝိုက်မှာ ဂြိုဟ်မရှိပါလား”

ဒွီ... ဒွီ.. ဒွီ..

ရုတ်တရက် ကြယ်မြေပုံမှ အသံတစ်ခု ထွက်ပေါ်လာ၏။ ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် လှမ်းကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အရှေ့တွင် အလင်းစက်လေးတစ်ခု ဖြစ်တည်နေ၏။ ထိုအလင်းစက်လေးသည် တဖြည်းဖြည်းနှင့် လက်သည်းခွံအရွယ်အစားခန့် ဖြစ်တည်လာခဲ့သည်။

“ဂိုဏ်းချုပ်”

ရှန့်ကွမ်းရှင်းရောင်က ပြောလိုက်၏။ “ဒါ ဂြိုဟ်အသစ်ကို ရှာဖွေတွေ့ရှိတာပဲ”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွားသည်။ “နောက်ဆုံးတော့ တစ်ခုတွေ့ပြီပဲ”

သို့ပေမဲ့ သူတို့ ချဉ်းကပ်ရန် ပြင်လိုက်သည့်အချိန်မှာတော့ သူနှင့် သူ၏တပည့်များသည် ပါးစပ်အဟောင်းသားဖြစ်သွား၏။ အဘယ်ကြောင့် ဆိုသော် သူတို့၏ မြင်ကွင်းတွင် ပေါ်လာသည့် ဂြိုဟ်ကြီးသည် အလွန်ကြီးမား၏။ အနည်းဆုံး အထက်နယ်မြေ ထက်ပင် ဆယ်ဆလောက် ကြီးမားသေး၏။

ဆွစ် ဆွစ်

ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည် အရှိန်ကို လျော့လိုက်၏။ အလင်းတန်း ဒါဇင်ကျော်တို့သည် အထဲဆီမှ ပျံသန်း လာခဲ့ပြီး စကြဝဠာ၏ အပြင်ဘက်တွင် ရပ်လျက်ရှိ၏။ ခေါင်းဆောင်လာသည့် တာအိုဝတ်စုံနှင့် အဘိုးအိုသည် အေးစက်စက် အော်ဟစ်လိုက်သည်။ “မင်းတို့ ဘယ်သူတွေလဲ”

“ချီးတဲ့မှ” ကျွင်းချောင်ရှောင်းက တုန်လှုပ်သွားမိတော့၏။ မည့်သည့်ရတနာ၊ မည်သည့်ပစ္စည်းကိုမှ အသုံးမပြုဘဲ ဤစကြဝဠာပတ်လမ်းကြောင်းထဲသို့ ရောက်ရှိလာနိုင်သည့်လူသည် နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်း လှမ်းပြီးသားလူပင် ဖြစ်ပေလိမ့်မည်။ ပြောရမည်ဆိုလျှင် ယခုရောက်ရှိလာသည့် လူများအားလုံးသည် သူနှင့် လက်ရည်ချင်းယှဉ်နိုင်သည့် လူများပင် ဖြစ်နေတော့၏။

စနစ်က ပြောလိုက်သည်။ “မင်း ဒီဂြိုဟ်ကိုသာ လွှမ်းမိုးနိုင်မယ်ဆိုရင် အနည်းဆုံး ဆယ်ရာခိုင်နှုန်းလောက် ရနိုင် လိမ့်မယ်”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွား၏။ သူသည် ထိုင်ခုံပေါ်မှ ရုတ်တရက် မတ်တပ် ထရပ် လိုက်ပြီးသည့်နောက် ပြောလိုက်သည်။ “ကျုပ်က အရှေ့ဘက် ထန်အင်ပါယာကပါ။ အနောက်ဘက်ကို သွားပြီးတော့ ဗုဒ္ဓကျမ်းစာ သွားရှာတာပါ”

“သွားစမ်း”

“ကောင်းပြီ။ နှုတ်ဆက်ပါတယ်”

ဆွစ် ဆွစ်

ရွက်သင်္ဘောဆယ့်တစ်စင်းတို့သည့် အသာလှည့်ကာဖြင့် အဆုံးအစမဲ့ စကြဝဠာထဲတွင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားခဲ့၏။

All Chapters