အခန်း ၁၇၀၂
Vol. 114 Ch. 1702
အပိုင်း (၁၇၀၂)
ကျွင်းချောင်ရှောင်း အနေနှင့် ရောက်ရှိလာသည့် လူများအားလုံးကို တိုက်ခိုက်ရင်း ကိုယ်ရောစိတ်ပါ ပင်ပန်းမည့်ကိစ္စရပ်များကို မပြုလုပ်ချင်ပေ။ ထို့ကြောင့် သူသည် ပိုက်ဆံရမည့်နည်းလမ်းကို စဉ်းစားလိုက်ခြင်း ဖြစ်၏။
ဆိုရိုးစကားတစ်ခုရှိသည်။ ပိုက်ဆံသာရှိရင် ဘာမဆိုပြုလုပ်၍ရ၏။ ပိုက်ဆံမရှိပါက Only fan ပင် ဝင်ကြည့်၍မရချေ။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းအနေနှင့် ပိုက်ဆံကို အလွန်အကျွံ ရယူလိုနေခြင်းမဟုတ်ပေ။ သို့ပေမဲ့ တစ်စုံတစ်ယောက်သည် သူနှင့်လက်ရည် စမ်းချင်သည်ဆိုမှတော့ ကျိန်းသေပေါက် ပိုက်ဆံနှင့်ငွေကြေးများ ကျသင့်မည် မဟုတ်ပါလား။
“ဟင်း... ဘယ်လောက် လောင်းကြေးထပ်ချင်တာလဲ” ကုန်းပိုင်ယု ကမေးမြန်းလိုက်၏။
“ရှုံးတဲ့လူက ငွေကြေး တစ်ခုခု ပေးရမယ်”
“ကျုပ်ဆီမှာ ပိုက်ဆံမရှိဘူး”
ကုန်းပိုင်ယုအား ဓားမိစ္ဆာဟု ခေါ်ဆိုသည်ကို သုံးသပ်ရမည် ဆိုလျှင် တစ်ဖက်လူသည် ကျိုးဟုန် ကဲ့သို့သော လူတစ်ယောက်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ပိုက်ဆံများများစားစား မရှိနိုင်ပေ။
“ခင်ဗျားက ပိုက်ဆံမရှိဘူး ဆိုရင် သိုင်းပညာရဲ့အရင်းအမြစ် တစ်ခုခုကိုပေးလို့ရတယ်” ကျွင်းချောင်ရှောင်း သည် ပိုက်ဆံကို အညစ်အကြေးကဲ့သို့သာ သဘောထားသော လူတစ်ယောက်ဖြစ်၏။ သူ့အတွက် စိတ်ဝိညာဉ် ကျောက်တုံးများသည်ကသာ ရတနာဖြစ်၏။
စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ “ဒီတော့ ကျုပ်တို့က ခင်ဗျားနဲ့ တိုက်ခိုက်မယ်ဆိုရင် ကျိန်းသေပေါက် ရှုံးမယ်လို့ ပြောချင်နေတာလား”
“မဟုတ်ပါဘူး”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါကာဖြင့် သူ၏ သိုလှောက်လက်စွပ်ထဲမှ အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူလိုက်၏။ “ဒါ လောင်းကြေးပဲ။ နိုင်တဲ့သူ ဘယ်သူမဆို ယူသွားလို့ရတယ်။
ကုန်းရှန့်သည် အမှန်ပင် အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကို ထုတ်ယူလိုက်ခြင်း ဖြစ်၏။ ကြည့်ရှုရသည်မှာ ယနေ့အချိန်တွင် သူသည် အကောင်းမွန်ဆုံးသော လက်ရည်စမ်းမည့်လူများကို လိုအပ်နေသည့်ပုံပင်။
“ဟမ့်”
စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်သည် အထင်အမြင်သေးစွာပြောလိုက်၏။ “ခင်ဗျားက ဒီဒုတိယတန်းစား စိတ်ဝိညာဉ်ကျောက်တုံးတွေကို လောင်းကြေးအဖြစ် အသုံးပြုရဲသေးတယ်ပေါ့”
“…….”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ သို့ပေမဲ့ စိတ်ထဲတွင်တော့ ပျော်ရွှင်သွားမိ၏။ အထက်နယ်မြေ၏ အဆင့်မြင့်ဆုံးသော အင်မော်တယ်အဆင့်စိတ်ဝိညာဉ်ကျောက်တုံးများသည် ဤနေရာတွင် ဒုတိယတန်းစား အဖြစ်သာ ဖြစ်နေ၏။ ဆိုလိုသည်မှာ ပထမအဆင့်၊ ထူးခြားသည့်အဆင့်၊ သူတော်စင်အဆင့်၊ နတ်ဘုရားအဆင့် စသည့်အရာများပင် ရှိနေသည်ဟု ဆိုလိုသည်လား။
..............
စနစ်ကပြောလိုက်၏။ “မင်းက အတွေးလွန်နေပြီ”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားကို မြှောက်ကာဖြင့် ပြောလိုက်သည်။ “ကျုပ်ကို နိုင်တဲ့လူ ဘယ်သူမဆို ဒီဓားကို ယူလို့ရတယ်”
လီရန်ချန်းကို အနိုင်ယူပြီးသည့်နောက် အားလုံးသောသူများသည် ဤအင်မော်တယ်ဓားကို မျက်စိကျနေသည် ဖြစ်ကြောင်းကို နားလည်မိ၏။ ထို့ကြောင့် ဤအရာကို လောင်းကြေးအဖြစ် သူအသုံးပြုရန် ဆုံးဖြတ်လိုက်၏။
သေချာပေသည်။ အားလုံးသော သူ၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။ တိုက်ပွဲကျားလှံသည် သူတို့၏ အင်ပါယာမိုးကောင်းကင်နယ်မြေကြီးထဲ၌ ထိပ်တန်းလက်နက်များထဲမှ တစ်ခုအဖြစ် သတ်မှတ်သည်။ သို့ပေမဲ့ ဤလက်နက်သည် လွယ်လွယ်ကူကူဖြင့် ချိုးဖျက်ခဲ့သည်ဆိုမှတော့ အဆင့်မြင့်လက်နက်တစ်ခုဖြစ်မှာ သေချာသည်။
ထိုအရာကိုသာ ရရှိသည်ဆိုပါက ကျားကို အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ပင်ဖြစ်မည်။ စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်အတွက် သိုင်းပညာ၏ အရင်းအမြစ်များကဲ့သို့ပင် သိုင်းနည်းစနစ်နှင့် လက်နက်ပစ္စည်းများကလလည်း အရေးကြီးလို့နေပြန်၏။
“ခင်ဗျား သေချာရဲ့လား” ကုန်းပိုင်ယုက မေးလိုက်၏။ အခြားသောသူများသည် ဤကဲ့သို့ အင်မော်တယ်ဓားကို လိုချင်သည် ဆိုသော်လည်း သူကတော့ ဤဓားအတွင်းတွင် ရှိနေသည့် ဝိညာဉ်ကိုသာ လိုချင်လှသည်။
“သေချာတာပေါ့”
ကျွင်းချောင်ရှောင်းက လေးလေးနက်နက်ပြောလိုက်၏။ “ဒါပေမဲ့”
သူသည် အလောတကြီးဖြင့် ထပ်ပြောလိုက်သည်။ “ဆရာကြီး ... ဒီဓားနဲ့ တူညီတဲ့တန်ဖိုးတစ်ခုခုကို လောင်းကြေးထပ်မှ ဖြစ်လိမ့်မယ်”
သူသည် နတ်ဘုရားအဆင့် အင်မော်တယ်လက်နက်မျိုးကို ထုတ်ဖော်ကာ ပြသခဲ့သည်ဆိုလျှင် တစ်ဖက်လူ အနေနှင့် အုတ်ခဲကို ထုတ်ပေး၍ မဖြစ်နိုင်ပေ။
...............
ကုန်းပိုင်ယုသည် အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်သွား၏။ ပြီးသည့်နောက် သူသည် သိုလှောင် လက်စွပ်တစ်ကွင်းကို အသာပစ်ပေးကာ ပြောလိုက်၏။ “ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီပြီး ရှိတယ်။ ကျုပ်ကို အနိုင်ယူနိုင်တယ်ဆိုရင် ဒါခင်ဗျားယူလိုက်တော့”
ဓားကျင့်ကြံသူများအတွက် သိုင်းပညာ အရင်းအမြစ်များ မလိုအပ်ချေ။ ထို့ကြောင့် သူသည် နှစ်ပေါင်းတစ်ထောင်ကျော်အတွင်း ထိုအရာများကို ဖြည်းဖြည်းချင်း စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။
“နေအုံး” ကျွင်းချောင်ရှောင်း သည် စိတ်ဝိညာဉ်အာရုံများကို သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းကာ ကြည့်ရှုလိုက်၏။ သူသည် တောင်လောက်နီးပါး တည်ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို မြင်ရပြီး သည့်နောက် ထိုအရာများသည် အလွန်အားကောင်းလှသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ တည်ရှိနေသည်ကိုလည်း ခံစားလိုက်မိ၏။
“အင်း ... အင်မော်တယ်စိတ်ဝိညာဉ်ကျောက်တုံးတွေထက်တောင် ပိုပြီးတော့ အဆပေါင်း ဒါဇင်ချီ အားကောင်းတာပဲ” ကျွင်းချောင်ရှောင်းက ပျော်ရွှင်သွားမိသည်။
ဤသို့ အားကောင်းလှသည့် သိုင်းပညာ၏ အရင်းအမြစ်များနှင့်ဆိုလျှင် သူ၏တပည့်များသည် ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ သူအနေနှင့် တည်နေရာအမှန်ကို ရောက်ရှိလာခဲ့ခြင်းပင်။
“ကောင်းပြီ စကြရအောင်” ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကိုငုံ့ထား၏။ ခေါင်းကို ပြန်လည်မော့လိုက် သည့်အချိန်မှာတော့ သူ၏ နဖူးပေါ်တွင် မာဖလာတစ်ခုတည်ရှိနေပြီး ထိုအပေါ်တွင် သမိုင်း၏ အချောမောဆုံးသောလူသား ဆိုသည့် စာတန်းကို ရေးထား၏။
သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အသွားခဲ့သည်။
စနစ်က အော်ဟစ်လိုက်၏။ “ဒီအချိန်တိုအတွင်းမှာ မြန်မြန်ဆန်ဆန် ရေးပြီးတော့ ကပ်လိုက်နိုင် သေးတယ်ပေါ့”
………..
လေများသည် တဝှီးဝှီးနှင့် တိုက်ခိုက်လျက်ရှိနေ၏။ လူနှစ်ယောက်သည် ကွင်ပြင်တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိနေ၏။ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် မီတာသုံးဆယ် အကွာအဝေးတွင် တည်ရှိနေကြ၏။ တစ်ယောက်နှင့်တစ်ယောက် စကားမဆိုကြချေ။ သို့ပေမယ့် အခြေအနေ တစ်ခုလုံးသည် အေးစက်ကာဖြင့် လေးနက်လျက်ရှိသည်။
“ဝှါး” သိုင်းကျင့်ကြံသူတစ်ယောက်က သမ်းဝေလိုက်၏။
တခြားသောကျင့်ကြံသူများအားလုံးသည်လည်း ပျင်းရိလေးလံစွာဖြင့် လက်သည်းကိုက်သည့်သူကကိုက်၊ စကားထိုင်၍ ပြောသူကပြောနှင့် အလုပ်များလျက် ရှိနေသည်။
ဤကဲ့သို့ လေးနက်လှသည့် အခြေအနေတွင် ကျွင်းချောင်ရှောင်းနှင့် ကုန်းပိုင်ယု တို့မှာတော့ တည်နေရာ ကွင်းပြင်ကြီးထဲ၌ လေးနာရီတိတိ မတ်တပ်ရပ်လျက်ရှိ၏။ တစ်ယောက်ကမှ မလှုပ်ရှားကြချေ။
“အရင်တုန်းက”
သိုင်းကျင့်ကြံသူတစ်ယောက်သည် အတိတ်ကဖြစ်ရပ်များကို ပြန်လည်စဉ်းစားကာဖြင့် ပြောလိုက်၏။ “ငါ့ကို သိုင်းကျင့်မလား၊ ဓားကျင့်မလားဆိုပြီး ဆရာက မေးမြန်းခဲ့ဖူးတယ်။ ငါ ဆုံးဖြတ်ချက် ကောင်းစွာနဲ့ သိုင်းကျင့်ကြံခြင်း လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဓားကျင့်ကြံသူတွေရဲ့ကြားမှာရှိတဲ့ တိုက်ပွဲက သောက်ရမ်းပျင်းဖို့ကောင်းလို့ပေါ့”
“အင်း”
တစ်စုံတစ်ယောက်က ပြောလိုက်သည်။ “ငါ ဒီလိုမှန်းသိတယ်ဆိုရင် အရင်ဆုံးစပြီး စိန်ခေါ်ခဲ့ပါတယ်”
“ဓားကျင့်ကြံသူတွေက စိတ်ဝိညာဉ်စွမ်းအင်တွေကို အရမ်းကြီး အသုံးပြုကြတာ မဟုတ်ဘူး”
တာအိုဝတ်စုံနှင့်အဘိုးအိုက တီးတိုးပြောလိုက်၏။ “ကျုပ်အထင် မမှားဘူးဆိုရင် သူတို့ရဲ့ ဓားဆန္ဒတွေက လေထုထဲမှာ အကြိမ်ပေါင်းသောင်းချီ တိုက်ခိုက်ပြီးနေနှင့်ပြီ”
အားလုံးသော သူများသည် လေးနက်သွားကြသည်။
ခူး ခူး...
ခလူး ခလူး…
ဟောက်သံနှင့်အတူ ကျွင်းချောင်ရှောင်း၏ ဦးခေါင်းသည် တဖြည်းဖြည်းခြင်း ဘေးတစ်ဖက်ဆီသို့ ကျဆင်း လာ၏။ သူ၏ ပါးစပ်ဆီမှ ပူစီပေါင်းလေးများပင် ထလျက်ရှိ၏။
အင်ပါယာ မိုးကောင်းကင်နယ်မြေမှ သိုင်းကျင့်ကြံသူများသည် ရုတ်တရက် ထကာ အော်လိုက်ကြသည်။ “လခွမ်း .... သူ အိပ်ပျော်နေတာပဲ”
ချလွမ်
ထိုအချိန်မှာတော့ ကုန်းပိုင်ယုသည် လက်တစ်ဖက်ဖြင့် သူ၏ဓားအိမ်ကို လှမ်းကာပုတ်လိုက်၏။
ရွှီး....
ကြီးမားလှသည့် ဓားကြီးသည် ဓားအိမ်ထဲမှထွက်ခွာလာခဲ့ပြီးသည့်နောက် ချက်ချင်းပဲ အားကောင်းလွန်း လှသည့် အော်ရာများမှာ တည်နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
ဖောက် ဖောက် ဖောက်
ရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် ဓားလက်ကိုင်ကို လက်မှဆွဲကာ ပြောလိုက်တော့၏။ “ဓားကြီးတွေက ထက်ရှမှု မရှိဘူးဆိုပေမဲ့ ကြီးမားတဲ့ အားအဟုန်တွေ ပါဝင်တယ်”
ဝှစ် ဝှစ်
ချက်ချင်းပဲ ၎င်း၏ ခြေထောက်အောက်တွင်ရှိနေသော ဖုန်များသည် ကောင်းကင်ပေါ်သို့ ပျံတက်လာ၏။ အနောက်ဘက်တွင် ရှိနေသော တည်နေရာကြီးတစ်ခုလုံးသည်လည်း လေဝဲကဲ့သို့ပင် တွန့်လိမ်နေခဲ့၏။ အားကောင်းလှသည့် ဓား၏အော်ရာများသည် လေဟာနယ်၏ထိပ်ဆီမှ ဖြစ်တည်လာခဲ့ပြီး အလွန် အားကောင်းလှသည့် ဓားကြီးတစ်ခု၏ လှိုင်းများသည် တည်နေရာတစ်ခုလုံးကို ဖိနှိပ်လာခဲ့သည်။
ကြည့်ရသည်မှာ အလွန်ပင်ဆန်းကြယ်လွန်းလှ၏။ ဓားဆိုသည်မှာ အဓိကအားဖြင့် ထက်ရှမှုကို ဦးစားပေးသည်။ သို့ပေမယ့် ကုန်းပိုင်ယု ထုတ်ဖော်လိုက်သော ဓား၏လှုပ်ရှားမှုမှာတော့ တည်ငြိမ်မှု နှင့် လေးလံမှုကို ဦးစားပေး၏။
ဓားတစ်စင်း၏ ထက်ရှသည့် အရှိန်အဝါမျိုး မပါဝင်သော်လည်း လောကကြီးတစ်ခုလုံးကို ဖျက်ဆီးနိုင်သည့် ဓားမော့ကြီး တစ်ခုဖြစ်ကြောင်း သိရှိနိုင်သည်။
ဆွစ် ...။
ကြီးမားလွန်းလှသည့် ဓားကြီးသည် အလွန်လေးလံလွန်းသည့် အော်ရာများကို ထုတ်ဖော်နေ၏။ ထိုအရာသည် မြေပြင် နှင့် နီးကပ်လာသည့်အချိန်မှာတော့ အောက်တွင်ရှိနေသော မြက်ပြင်နှင့်ဖုန်များအားလုံးသည် တလိပ်လိပ်နှင့် လိပ်ကာ တက်လာ၏။
အဝေးက ကြည့်ရှု့မည်ဆိုလျင် ဓား၏ အရိပ်အယောင်များသည် ကောင်ကင်တစ်ခုလုံးကို ဖုံးလွှမ်းကာဖြင့် နေ၏အလင်းရောင်ကိုပင် အုပ်ကာလျက် ရှိနေသည်။
“သူတကယ့်ကို တိုက်ခိုက်ပြီပဲ။”
“ထင်ထားတဲ့အတိုင်းပဲ။ တကယ့်ကို ဓားမိစ္ဆာပီသပါပေတယ်” အားလုံးသော သူတို့သည် အံ့အားသင့်သွား၏။
သို့ပေမယ့် ကျွင်းချောင်ရှောင်းကို ကြည့်လိုက်သည့်အချိန်မှာတော့ တဖက်လူသည် ခေါင်းကိုငဲ့စောင်းကာ အိပ်ပျော်လျက်ရှိသည့်ပုံပင်။
“အစ်ကိုကြီး အိပ်ပြီးတော့ တိုက်ခိုက်မှာလား”
ဆွစ် ဆွစ်
ကြီးမားလှသည် ဓားကြီးသည် အောက်သို့ ကျဆင်းလာသည့်အချိန်မှာတော့ မြေပြင်တစ်ခုလုံးသည် အက်ကွဲကြောင်းကြီးများပင် ဖြစ်တည်လာခဲ့၏။
ကျွင်းချောင်ရှောင်းမှာတော့ အိပ်လျက်ရှိနေတုန်းပင်။ သို့ပေမဲ့ ကြမ်းတမ်းပြီးလေးလံလှသည့် ဓား၏ အော်ရာများ ကျဆင်းလာချိန်မှာတော့ သူသည် ချက်ချင်းပင် နိုးထလာခဲ့၏။ သူ၏ခြေထောက်အောက်တွင် စိုက်လျက်ထားခဲ့သော အင်မော်တယ်ဓားသည် ရုတ်တရက် သူ၏ ရှေ့ လေထုဆီသို့ တက်လာခဲ့သည်။
သူ၏ မျက်လုံးထဲတွင်တော့ ရှားပါးလွန်းလှသည့် လေးနက်တည်ကြည်မှုများက ဖြစ်ပေါ်လာ၏။
ဒင်
တချိန်တည်းမှာပဲ ကြီးမားလှသည့် ဓား၏ ဓားဦးသည် အင်မော်တယ်ဓားနှင့် ထိပ်တိုက်ထိတွေ့ပြီး မီးပွင့်များပင် ဖြစ်တည်လာခဲ့သည်။
ဖောက် ဖောက် ဖောက်
ကျွင်းချောင်ရှောင်းအနေနှင့် အလွန်ပြင်းထန်လှသည့် အားလှိုင်းကြောင့်အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့၏။ သို့ပေမယ့် သူ၏လေးနက်သည့် မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုနှင့် ပြည့်နှက်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးများအားလုံးသည် ပွက်ပွက်ဆူလာခဲ့၏။
ဤလူ .... ဤလူသည် အရင် တစ်ယောက်ထက် ပိုကာ အားကောင်းနေသည်။
ချလွမ်
သူသည် ရုတ်တရက် အင်မော်တယ်ဓားကို ဝှေ့ယမ်းလိုက်၏။ ပြီးနောက် ကြီးမားလှသည့် ဓားကြီးကို ခုတ်ပိုင်း လိုက်၏။
ဇွိ ဇွိ ဇွိ
ကျွင်းချောင်ရှောင်းသည် ထိပ်တိုက်ရင်ဆိုင်ပြီးသည့်နောက် အနောက်ဘက် ပေအနည်းငယ်ဆီသို့ ဆုတ်ခွာ သွားရ၏။ သူ့ကိုယ်သူ တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ ခြေထောက်များဆီသို့ အားထည့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် ရှေ့ဆီသို့ ပြန်လည်ကာ တိုးသွားပြန်သည်၊
ဖြစ်စဉ်တစ်ခုလုံးသည် ပျံသန်းလာသည့် နဂါးကြီးတစ်ကောင်ကဲ့သို့ပင်။ တိုက်ခိုက်ခြင်း၊ ရပ်တန့်ခြင်း၊ ထို့အပြင် မိုးကြိုးလှိုင်းများကဲ့သို့ ပြင်းထန်သည့် တိုက်ခိုက်မှုများကို ထုတ်ဖော်ခြင်း၊ ထိုအရာများသည် အလှည့်ကျ ဖြစ်တည်နေ၏။
ဆွစ် ဆွစ်
ကျွင်းချောင်ရှောင်းသည် ကုန်းပိုင်ယု၏ ရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် လေထုထဲသို့ ခုန်တက်လိုက်သည်။
“ဓားတစ်သောင်းမှသည် တစ်ခုတည်းအဖြစ်သို့”
ဟူး ဟူး
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဓားချီများနှင့် ဖုံးလွှမ်းလျက် ရှိနေပြီး အဖြူရောင် အလင်းတန်းများသည် လောကကြီး တစ်ခုလုံးကိုပင် ထွင်းဖောက်နိုင်တော့မည့်ပုံစံပင်။
“တိုက်ခိုက်မယ်။ တိုက်ခိုက်မယ်”
တိုက်ခိုက်ချက်များ အားလုံးသည် ချောမွေ့စွာဖြင့် တစ်သားတည်း ဖြစ်တည်လို့နေသည်။
ဆွစ်
မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်းပိုင်ယု ရပ်တန့်လျက်ရှိနေသည့် တည်နေရာကြီးတစ်ခုလုံးတွင် လေများ၊ လှိုင်းများနှင့် ပြည့်နှက်သွား၏။ အရာအားလုံးပြန်လည် တည်ငြိမ်သွားသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်း သည် ကုန်းပိုင်ယု၏ အနောက်ဘက် ဆယ်ပေအကွာတွင် ရပ်လျက်ရှိနေပြီး သူ၏လက်ထဲတွင် အင်မော်တယ်ဓားမှာ တည်ရှိလို့နေ၏။
အင်ပါယာ မိုးကောင်းကင်နယ်မြေကြီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ဆွံ့အလျက်ရှိသည်။
ဖြစ်စဉ်တစ်ခုလုံးသည် ဖော်ပြရန် အချိန်အတော်ကြာ ကြာမြင့်ခဲ့သည့်ပုံပေါ်သည်။ သို့ပေမဲ့ တကယ်တမ်း ဖြစ်ပျက်သွားခဲ့သောအချိန်သည် မျက်စိတစ်မှိတ်အတွင်းသာ ကြာမြင့်၏။
“မြန်လိုက်တာ၊ သေချာတောင် မမြင်လိုက်ရဘူး”
ထိုအချိန်မှာတော့ အမြင်စူးရှလှသော လူများသည် ကုန်းပိုင်ယု၏ နဖူးစပ်မှာရှိနေသော ဆံပင်မွှေး အနည်းငယ်တို့ အောက်သို့ ကြွေကျနေသည်ကို မြင်လိုက်ရသည်။
ကုန်းပိုင်ယုသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်မိ၏။ “ကျုပ်ရှုံးသွားပြီ”
“ကျုပ်ကိုအနိုင်ပေးတဲ့အတွက် ကျေးဇူးပါပဲ” ကျွင်းချောင်ရှောင်းသည် လေးနက်တည်ကြည်သည့် အမူအယာဖြင့် သူ၏ဓားကို သိမ်းဆည်းလိုက်၏။ ကုန်းပိုင်ယုဆီမှ ရရှိထားသည့် သိုလှောင်လက်စွပ်များ ကိုတော့ သူသည် ကျိန်းသေပေါက်သိမ်းဆည်းလိုက်ပြီးဖြစ်သည်။
ဆွစ်
တိုက်ပွဲပြီးပြီးချင်းမှာပဲ ခန္ဓာကိုယ်တောင့်တင်းသည့် သက်လတ်ပိုင်းလူတစ်ယောက်သည် ထွက်ပေါ်လာပြန်၏။ ၎င်းသည် ပန်းပုံသဏ္ဍာန် လက်စွပ်ကွင်းတစ်ခုကို လှမ်းကာ ပစ်ပေးရင်းပြောလိုက်၏။ “ဒါက အင်ပါယာဝိညာဉ်လောကရဲ့ ဝိညာဉ်လက်စွပ်ကွင်းပဲ။ ဒါက ပထမတန်းစား စိတ်ဝိညာဉ်ကျောက်တုံး သန်းနဲ့ချီပြီးတန်တယ်။ ဒါကို လောင်းကြေးအဖြစ် အသုံးပြုလို့ရလား”
“...........”
ကျွင်းချောင်ရှောင်းက ဆွံ့အသွားသည်။ တစ်ဖက်လူ ထုတ်ဖော်လိုက်သည့်အရာသည် သာမန်သာ ဖြစ်သည် ဆိုသော်လည်း ပထမတန်းစား စိတ်ဝိညာဉ်ကျောက်တုံးနှင့် နှိုင်းယှဉ်၍ ရသည်ဟု ပြောဆိုနေသည်။
“နေအုံး... ဒီအမျိုးသမီးဘာဖြစ်နေတာလဲ”
“ယောက်ျား”
နှင်းဆီဧကရီသည် ခံစားချက်အပြည့်နှင့် ပြောလိုက်၏။ “ဒီဝိညာဉ်လက်စွပ်ကွင်းရဲ့အော်ရာတွေက ဝိညာဉ်မျိုးနွယ်ရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ တူညီနေတယ်”