← Chapters

အခန်း ၁၇၀၃

Vol. 114 Ch. 1703

အခန်း ၁၇၀၃

Vol. 114 Ch. 1703

အပိုင်း (၁၇၀၃)

ကုန်းပိုင်ယုနှင့် ရင်ဆိုင်ပြီးသည့်နောက် တစ်စုံတစ်ယောက်သည် မည်သို့မှ မနေနိုင်တော့ဘဲ ခုန်ထွက်လာခဲ့၏။ သို့ပေမဲ့ ၎င်းထုတ်ဖော်လိုက်သည့် ဆုလာဘ်သည် စိတ်ဝိညာဉ်ကျောက်တုံးများ မဟုတ်ချေ။ ပန်းပုံသဏ္ဍာန် ရှိနေသော လက်စွပ်တစ်ကွင်းပင် ဖြစ်သည်။ လက်စွပ်ပေါ်တွင် ရှုပ်ထွေးလှသည့် မျဉ်းကြောင်းများ ရေးဆွဲထား၏။

ဤအရာသည် ကျွင်းချောင်ရှောင်းကို စိတ်ဝင်စားမှု မဖြစ်စေခဲ့ချေ။ သို့ပေမဲ့ နှင်းဆီဧကရီသည် အလွန်တရာ စိတ်ဝင်စားလျက် ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာဆီမှ ထွက်ပေါ်နေသည့် အော်ရာများသည် ဝိညာဉ် စွမ်းရည်များနှင့် တူညီလျက် ရှိနေသောကြောင့်ပင်။ ထိုဝိညာဉ်စွမ်းအင်သည် ပိုမို၍ ဆန်းကြယ်ကာ သန့်စင်လွန်းလှ သည်။

“ဒီလိုဆိုရင်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ကျုပ် ဒါကိုရဖို့ အနိုင်ယူပေးမယ်”

“ကျေးဇူးပါပဲ”

နှင်းဆီဧကရီသည် ဝိညာဉ်လက်စွပ်ဟု ခေါ်သည့်အရာအား တကယ်တမ်း ဂရုစိုက်လှသည် မဟုတ်ချေ။ သူက ဂရုစိုက်သည်မှာ အထက်စကြဝဠာထဲတွင် ဝိညာဉ်မျိုးနွယ်များနှင့် တူညီသည့် ဓာတ်သဘာဝ အဘယ်ကြောင့် တည်ရှိနေခြင်းဆိုသည်ကို သိချင်မိခြင်းပင်။

အထူးသဖြင့် ထိုအရာကို ထုတ်ဖော်ပြီးသည့်နောက် တစ်ဖက်လူသည် အင်ပါယာဝိညာဉ်နယ်မြေဟု ပြောဆိုခဲ့သေသည်။ ဝိညာဉ်မျိုးနွယ် ကုန်းမြေတိုက်ကြီးနှင့် ဆက်စပ်မှု ရှိနေမလားဟု သူမ သိချင်နေမိသည်။

ကျွင်းချောင်ရှောင်းသည်လည်း ထိုအချက်ကို တွေးတောမိ၏။ ထို့ကြောင့် ကြိတ်ကာ ပြောလိုက်မိ၏။ “ဒီလောကကြီးထဲမှာ ဂြိုဟ်တစ်ခုနဲ့ ဆက်စပ်နေတဲ့ တခြားဂြိုဟ်တွေရှိနေသေးတာလား”

လက်ရှိရောက်ရှိနေသော ဂြိုဟ်သည် အင်ပါယာမိုးကောင်းကင်နယ်မြေဟု ခေါ်ဆိုပြီး နောက်တစ်ခုမှတော့ အင်ပါယာ ဝိညာဉ်နယ်မြေဟု ခေါ်ဆို၏။ နာမည်သည် ခပ်ဆင်ဆင် တူညီနေသောကြောင့် ဝေးကွာမည့်ပုံမရှိချေ။

“ဘာလဲ”

တစ်ဖက်လူသည် ဘာမှ မပြောသည့်အပြင် တိုက်ခိုက်ရန် အစီအစဉ်လည်း မရှိသည်ကို မြင်ရသည့်အချိန်မှာတော့ ခပ်တောင့်တောင့်နှင့်လူသည် အေးစက်စက် မျက်နှာဖြင့် ကြည့်ကာ ပြောလိုက်၏။ “ကျုပ်ပစ္စည်းကို ခင်ဗျားတို့က မကြိုက်လို့လား”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က စိတ်ဝင်စားရုံ သက်သက်ပါပဲ။ အင်ပါယာမိုးကောင်းကင် နယ်မြေက ဖြစ်တယ်ဆိုပြီး ဘာလို့ ခင်ဗျားဆီမှာ အင်ပါယာဝိညာဉ်နယ်မြေကပစ္စည်း ရှိနေရတာလဲ”

“ဟမ့်”

ခပ်တောင့်တောင့်နှင့်လူသည် နှာခေါင်းရှုံ့ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “ကျုပ်တို့ အင်ပါယာ မိုးကောင်းကင်နယ်မြေ နဲ့ အင်ပါယာဝိညာဉ်နယ်မြေတို့က လွတ်လပ်တဲ့ တိုက်ခိုက်ရေးနယ်မြေကြီးထဲမှာ တောက်လျှောက် တိုက်ခိုက်နေကြတာလေ။ ဒီတော့ သူတို့ဆီက ပစ္စည်းတစ်ခုခုကို ရတယ်ဆိုတာက သဘာဝပဲ”

“လွတ်လပ်တဲ့ တိုက်ခိုက်ရေးနယ်မြေ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ ကြိတ်ကာ ရေရွတ်လိုက်မိ၏။ ဒါဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးနဲ့ တူညီတဲ့အရာလား။

“ကောင်လေး”

ခပ်တောင့်တောင့်နှင့်လူက အော်ဟစ်လိုက်သည်။ “မင်း တိုက်မှာလား၊ မတိုက်ဘူးလား”

“တိုက်မယ်”

“ဒါဆိုရင် မြန်မြန်ထွက်ခဲ့တော့။ ငါ့ရဲ့လက်သီးတွေက သွေးဆာနေပြီ”

“လက်နက် မပါဘူးလား”

“ငါ့ရဲ့လက်သီးတစ်ခုတည်းနဲ့တင် မင်းကို ချိုးဖြတ်ပစ်ဖို့ လုံလောက်နေပြီ”

“ကောင်းပြီ။ ဒါဆိုရင် မျှမျှတတ ရင်ဆိုင်တဲ့အနေနဲ့ ကျုပ်ကလည်း လက်နက်ကို သုံးမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် သူ၏ အင်မော်တယ်ဓားအား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်သိမ်းဆည်းကာဖြင့် ရှေ့ဆီသို့ လှမ်းလျှောက် လိုက်၏။

“ဟုန်ထျန်းညိုက နှစ်ပေါင်းများစွာ ခန္ဓာကိုယ်ကျင့်ကြံခြင်း တစ်ခုတည်းကိုပဲ ပြုလုပ်ခဲ့တာ။ သူ့ရဲ့ခန္ဓာကိုယ်က အရမ်း အားကောင်းနေတယ်။ သူ့ရဲ့လက်သီးက တောင်တွေ၊ ချောင်းတွေကိုတောင် ဖျက်ဆီးပစ်နိုင်လောက်တယ်။ သူ့ကို လက်ဗလာနဲ့ သွားပြီးတိုက်ခိုက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ တူတူပဲ” အင်ပါယာ မိုးကောင်းကင် နယ်မြေမှ သိုင်းကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။

တခြားသောသူများ အားလုံးသည်လည်း ခေါင်းကို အသီးသီး ခါယမ်းလိုက်မိ၏။ သူတို့၏ အထင်အရဆိုလျှင် ကျွင်းချောင်ရှောင်းအနေဖြင့် လက်နက်များကို အသုံးပြု၍ တိုက်ခိုက်မှသာလျှင် အနိုင်ရရှိမှာဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ လက်နက်ကို ပြန်လည်သိမ်းဆည်းပြီး လက်ဗလာနှင့် တိုက်ခိုက်ရန် စဉ်းစားလိုက်သည် ဆိုမှတော့ အနိုင်ရရှိရန် မည်သို့မှ မဖြစ်နိုင်တော့ချေ။

“ရောင်းရင်း”

ကျွမ်းကျင်သူများထဲမှ တစ်ယောက်သည် ခပ်တည်တည်နှင့် ပြောလိုက်၏။ “လက်နက်ကို အသုံးပြုဖို့ ကျုပ်အကြံပေးချင်တယ်”

ဤအရာသည် ကြင်နာမှုကြောင့် အကြံပေးခဲ့ခြင်း မဟုတ်ပေ။ တစ်ဖက်လူသည်သာ ဟုန်ထျန်းညိုကို ရှုံးနိမ့်ခဲ့မည်ဆိုပါက သူတို့အနေနှင့် ဓားကိုရယူနိုင်သည့်အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။

“ကျုပ်က အမြဲတမ်း မျှမျှတတနဲ့ပဲ တိုက်ခိုက်တတ်တယ်။ တခြားသူကို အခွင့်အရေးယူမှာ မဟုတ်ဘူး” ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။

ဟား ဟား ဟား ဟား

ဟုန်ထျန်းညိုသည် ရယ်မောကာဖြင့် ပြောလိုက်၏။ “ငါ့ကို လက်ဗလာနဲ့ တိုက်ခိုက်ရဲတဲ့လူကို မတွေ့ရတာ အချိန် အတော်ကြာမြင့်ခဲ့ပြီ။ လာခဲ့... ဒီနေ့မှာတော့ စိတ်လိုလက်ရ တိုက်ခိုက်ကြတာပေါ့”

“ကျေးဇူးပြုပြီး လုပ်ပါ” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်ပြီးသည့်နောက် လက်သီးကို ဆုပ်လိုက်သည်။

ဝုန်း ဝုန်း

ဟူထျန်းညိုသည် သူ၏ ညာဘက်လက်သီးကို လေထဲတွင် ဝှေ့ယမ်းလိုက်၏။ ရုတ်တရက် မျက်လုံးနှင့် မြင်နိုင်စွမ်း ရှိသည့် လက်သီးရိပ်ကြီးသည် ဖြစ်လာခဲ့၏။ ထိုအရာသည် ကြမ်းတမ်းလွန်းလှသည့် ကျားရဲကြီးတစ်ကောင်း ခုန်ဝင်လာသည့် ပုံစံပင်။

သန့်စင်လွန်းလှသည့် ခန္ဓာကိုယ်အားအင်သီးသန့်သာ ဖြစ်သည်။ လှုပ်ရှားမှုသည် ရိုးရှင်းလှသော်လည်း ဖြစ်ပေါ်လာသည့် ပုံရိပ်ယောင်နှင့် အခြေအနေတစ်ခုသည် ကြောက်ခမန်းလိလိပင် ဖြစ်၏။

ကျွင်းချောင်ရှောင်းအနေဖြင့် ထိုသူ့ကို အထင်မသေးရဲချေ။ ထို့ကြောင့် အနောက်သို့ ခြေတစ်လှမ်း လှမ်းဆုတ်လိုက် ၏။ သူ၏လက်တစ်ခုလုံးသည် လေဟာနယ်ထဲသို့ ဝှေ့ယမ်းပြီး တောင့်တင်းခိုင်မာလှသည့် အကာအကွယ် အတားအဆီးကြီး တစ်ခုကို ဖန်တီးလိုက်သည်။

ကြည့်လိုက်မည်ဆိုလျှင် သိုင်းဘုရင်တစ်ယောက် ဖန်တီးထားသည့် စိတ်ဝိညာဉ် အကာအကွယ် နံရံကြီးတစ်ခုနှင့် ဆင်တူလှသည်။ သို့ပေမဲ့ ဆန်းကြယ်လှသော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်လျက် ရှိနေပြီး အလွန်နက်နဲသည့် နိယာမများလည်း ပါဝင်နေ၏။ ထို့ကြောင့် အကာအကွယ် အားအင်အဆင့်သည် သိုင်းဘုရင်တစ်ယောက် ဖန်တီးထားသည့် အကာအကွယ်ထက် အဆပေါင်း တစ်သိန်းရှစ်ထောင်ဆလောက် ပိုမိုကာ အားကောင်း၏။

ဘုန်း ...။

သန့်စင်သည့် ခန္ဓာကိုယ်အားအင်သက်သက်ဖြင့် ဖြစ်တည်လာခဲ့သည့် လက်သီးချက်ကြီးသည် အတားအဆီး နံရံကို ထိမှန်သွား၏။ ပြင်းထန်လွန်းသော လေလှိုင်းအဟုန်များသည် ပတ်ဝန်းကျင် တည်နေရာကိုပင် သက်ရောက်ကုန် ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တစ်ချက်ကလေးပင် မလှုပ်ခဲ့ချေ။

ဟုန်ထျန်းညို၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွား၏။ သူသည် စိတ်လှုပ်ရှားစွာဖြင့် လက်သီးဖြင့် အကြိမ်အနည်းငယ် ထပ်မံကာ ထိုးနှက်ပြန်သည်။

ကျွင်းချောင်ရှောင်း၏ အတားအဆီး သည် ပိုမိုကာ အားကောင်းလာလေ သူ၏ သွေးများသည် ပိုမိုကာ ဆူပွက်လာလေဖြစ်၏။ ထိုအရာကို ချိုးဖြတ်ချင်သည့်စိတ်ဖြင့် အရှေ့ဆီသို့ တိုးကာ အားကုန်ထိုးနှက်၏။

ဘုန်း ဘုန်း ဘုန်း

အလွန်အားကောင်းလှသည့် လက်သီးချက်များသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့ပြီး ဖြစ်ပေါ်လာခဲ့သည့် လှိုင်းအဟုန်၏ စွမ်းအင်များသည် အနီးအနားတွင်ရှိသော မြေပြင်များကိုပင် အောက်သို့ နစ်ဝင်သွားစေ၏။ ကြီးမားလှသည့် တွင်းကြီးတစ်ခုသည် တဖြည်းဖြည်းနှင့် ဖြစ်တည်လာခဲ့သည်။

“............”

အားလုံးသောသူတို့သည် မျက်မှောင်ကုတ်လျက်ရှိ၏။ ဟုန်ထျန်းညိုသည် ရိုးရှင်းသည့် တိုက်ခိုက်ချက်ကိုသာ ပြုလုပ်လျက်ရှိ၏။ သို့ပေမဲ့ ထိုအရာကို သူတို့သာ ထိပ်တိုက်ရင်ဆိုင်ရသည်ဆိုပါက ကျိန်းသေပေါက် အခြေအနေ ဆိုးရွားနိုင်၏။

“ကျုပ်မေးချင်တယ်”

ရုတ်တရက် အသံတစ်ခုကို ကြားလိုက်သည်။ “ခင်ဗျား... ထမင်းကောင်းကောင်း မစားခဲ့ရဘူးလား”

အားလုံးသောသူများသည် လှမ်းကာကြည့်ရှုလိုက်သည့် အချိန်မှာတော့ အတားအဆီးနံရံ၏ တစ်ဖက်ခြမ်းတွင် ရပ်တန့်လျက်ရှိသည့်လူကို မြင်လိုက်ရ၏။ တစ်ဖက်လူသည် တစ်ချက်ကလေးမှ ထိခိုက်မှု မဖြစ်ပေါ်သည့်အပြင် အင်္ကျီစများပင်လျှင် လှုပ်ခါခြင်းမရှိပေ။

“မယုံကြည်နိုင်စရာပဲ။ ဒီအတားအဆီးက ရတနာတစ်ခုခုများလား”

အားနာပါသည်။ ဤအရာသည် ရတနာတစ်ခု မဟုတ်ပေ။ အတားအဆီးတစ်ခုသာ ဖြစ်၏။ ကျွင်းချောင်ရှောင်း အနေနှင့် နှစ်ပွဲဆက်တိုက် အနိုင်ယူခဲ့ခြင်းမှာ အင်မော်တယ်ဓားကို အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အားလုံးက ထင်မှတ်ခဲ့၏။ သို့ပေမဲ့ သူတို့ မထင်မှတ်ခဲ့ခြင်းမှာ ထိုလက်နက်များ၏ ထောက်ပံ့မှု မရှိလျှင်တောင်မှ ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းသည့် လူတစ်ယောက် ဖြစ်နေခြင်းပင်။

“ချီးတဲ့မှ”

ဟုန့်ထျန်းညိုသည် ဒေါသထွက်သွား၏။ “ကျား...”

ကျယ်လောင်လှသည့် အော်ဟစ်ကြိမ်းမောင်းသံနှင့်အတူ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းရှိ အဝတ်များအားလုံးသည် ပေါက်ထွက်ကုန်၏။ အားကောင်းလွန်းလှသော ကြွက်သား အမြောင်းမြောင်းများသည် အားလုံ မြင်ကွင်း၌ ပေါ်ပေါက်လာခဲ့၏။ ၎င်းသည် ရုတ်တရက် လက်နှစ်ဖက်ဖြင့် သူ၏ ရင်ဘတ်ကြီးကို တဘုန်းဘုန်းထုကာ အော်ဟစ်လိုက်သည်။

“နတ်ဘုရားစွမ်းရည်တွေ ကျုပ်ရဲ့ ခန္ဓာကိုယ်ထဲကိုဝင်”

“သူ နောက်ဆုံးတော့ သူ့ရဲ့ဝှက်ဖဲကို သုံးလိုက်ပြီကိုး” အားလုံးသောသူတို့သည် ကြောင်အသွားခဲ့၏။ လက်သီးချက် အနည်းငယ် တိုက်ခိုက်ရုံသာ ရှိသေးသည်။ သို့ပေမဲ့ ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုနှင့်နေပြီဖြစ်၏။ ထိုအရာသည် အလျင်စလို နိုင်လွန်းမနေဘူးလား။

အချက်အလက်အားဖြင့် သူ၏ အရင်တိုက်ခိုက်ချက်များသည် အတားအဆီးကို ထိမှန်လိုက်သည့်အချိန်တိုင်း ဝါဂွမ်းကို ထိုးနှက်လိုက်သလို အားအင်တစ်ခုလုံး ပျောက်ကွယ်သွားကြောင်း ဟုန်ထျန်းညိုက ခံစားမိ၏။ ထို့ကြောင့် ထိုအရာကို ချိုးဖြတ်ချင်သည်ဆိုမှတော့ ၎င်း၏ဝှက်ဖဲကို ထုတ်ဖော်ကာ အသုံးပြုရန်သာ ရှိတော့သည်။

ဟူး...

ဟုန်ထျန်းညို၏ ခြေထောက်များသည် မြေပြင်သို့ ကျွံဝင်သွားခဲ့၏။ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် ကောင်းသည့် အရှိန်အဟုန်မျိုး ဖြစ်တည်လာ၏။

“..........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အလျက်ရှိ၏။ ဤအပြုအမူ၊ ဤအရာ - မည်သို့ပင်ကြည့်ကြည့် ဤအရာသည် ရူးသွပ်သွားသော နွားရိုင်းကြီးတစ်ကောင်ကဲ့သို့ပင်။

ဆိုးတာက ချင်းရှန် ပါမလာတာပဲ။ မဟုတ်ရင် သူတို့နှစ်ယောက်က ကျိန်းသေပေါက် တိုက်ခိုက်နိုင်တဲ့ နွားတွေ ဖြစ်လိမ့်မယ်။ ကျွင်းချောင်ရှောင်းက တွေးတောလိုက်မိ၏။

ဘုန်း

ထိုအချိန်မှာပဲ ဟုန်ထျန်းညိုသည် သူ၏အားအင်များကို စုစည်းပြီးဖြစ်ပုံရ၏။ နွားရိုင်းကြီးတစ်ကောင်နှင့် တူညီ လှသည့်အော်သံကို ထုတ်ဖော်ပြီးသည့်နောက် ခြေထောက်တွင် အားများကို စိုက်ကာဖြင့် ရှေ့ဆီသို့ ထိုးထွက်လာခဲ့ သည်။

အူး....

၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် ကြမ်းတမ်းလွန်းလှသော စွမ်းအင်လှိုင်းများ ဖြစ်တည်လျက်ရှိနေသည်။ ထိုမျှမကသေးပေ။ ရှေ့သို့ ထိုးထွက်ပြေးလွှားလာရင်းမှ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြီးမားလွန်းသော နွားသားရဲကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွား၏။

“ချီးတဲ့မှ..”

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထကာ အော်လိုက်မိသည်။ “ဒါ တကယ့်နွားကြီးပဲ”

ဖောက် ဖောက် ဖောက်

ဟုန်ထျန်းညိုသည် နွားကြီးတစ်ကောင်ကဲ့သို့ အသွင်ပြောင်းလဲခဲ့၏။ ပြေးလွှားနေသည့် အမြန်နှုန်းသည် တိုးတက် လာခဲ့၏။ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အားအင်နှင့် အမြန်နှုန်းသည် ဤကဲ့သို့ ပြောင်းလဲပြီးသည့်နောက် ပိုမို၍ ကြမ်းတမ်းလာခဲ့၏။

ဘုန်း ...။

အားလုံးသောသူတို့သည် အံ့အားမသင့်နိုင်ခင်မှာဘဲ ကြီးမားလှသည့် နွားသားရဲကြီးသည် အတားအဆီးကို ဝင်ရောက်ကာ ဆောင့်ခဲ့ပြီးဖြစ်၏။ အက်ကွဲသည့်အသံကြီးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာသည်။

“ကျိုးပြတ်သွားပြီ။ သူကံဆိုးတာပဲ”

အတားအဆီး ကျိုးပြတ်ခြင်းကြောင့် ဖြစ်တည်လာခဲ့သည့် တန်ပြန်မှုကို မပြောနှင့် နွားရိုင်းကြီး၏ တိုက်ခိုက်မှုကို ခုခံရန်ပင် ခက်ခဲလွန်း၏။

“ကောင်းကင်လက်ဝါးရိုက်ချက်”

ထိုအချိန်မှာပဲ အထက်ဆီမှ အသံတစ်ခု ထွက်ပေါ်လာသည်။ အားလုံးသော သူတို့သည် မော့ကာကြည့်ရှုလိုက်သည်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လေထုထဲသို့ ရောက်ရှိလျက်ရှိ၏။ ၎င်း၏ လက်များသည် စည်းသင်္ကေတများကို ဖန်တီးပြုလုပ်ပြီးသည့်နောက် လက်ဝါးရိုက်ချက်များသည် ကောင်းကင်ယံဆီမှ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့သည်။

တစ်ခု၊ နှစ်ခု၊ သုံးခု ဆက်တိုက်ဆိုသလိုပဲ လက်ဝါးရိုက်ချက် တစ်ဒါဇင်ကျော်တို့သည် အောက်ဘက်သို့ ကျဆင်း လာ၏။ ထိုအချိန်မှာတော့ အားလုံးသောသူတို့၏ မြင်ကွင်းထဲတွင် လက်ဝါးရိုက်ချက်ကြီးများသာ ပြည့်နှက်နေ တော့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း

လက်ဝါးချက်များ ကျဆင်းလာပြီး ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး တုန်ခါလျက် ရှိနေ၏။ သေချာပေသည်။

“အဆင့်မြင့်လာလေ။ တိုက်ခိုက်နိုင်စွမ်းက ပိုပြီးမြင့်လာလေပဲ” နှင်းဆီဧကရီက ဝင်ရောက်ကာ ပြောလိုက်သည်။ သူမသည်လည်း နေ့စဉ်နေ့တိုင်းဆိုသလို ကောင်းကင်လက်ဝါးရိုက်ချက်ကို လေ့ကျင့်ခဲ့၏။ သို့ပေမဲ့ သူမ၏ ယောက်ကျားနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် ထုတ်ဖော်ပြောဆိုရန်ပင် မထိုက်တန်လှချေ။ ကွာခြားချက်မှာ အဆင့် ကွာခြားချက်ကြောင့် ဖြစ်တည်လာခဲ့ခြင်းသာ ဖြစ်မည်။

........

ကြမ်းတမ်းလှသော တိုက်ခိုက်ချက်ကြောင့် မြေပြင်တစ်ခုလုံးသည် တုန်ခါလျက်ရှိပြီး ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့၏။

ဟူး...

လက်ဝါးရိုက်ချက်များကြောင့် ဖြစ်တည်လာခဲ့သည့် တွင်းကြီးထဲတွင် လဲလျောင်းလျက်ရှိနေသည့် ဟုန်ထျန်းညို သည် သွေးများအန်ထွက်လျက်ရှိနေပြီး ၎င်းသည် ခက်ခက်ခဲခဲဖြင့် သူ၏ဝိညာဉ်လက်စွပ်ကို အသာမြှောက် လိုက်သည်။

သူရှုံးနိမ့်ခဲ့လေပြီ။ ထို့ကြောင့် ရှုံးနိမ့်ခြင်းကို လိုလိုချင်ချင်ဖြင့် ဝန်ခံရပေလိမ့်မည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ထိုအရာကို လှမ်းယူပြီးသည့်နောက် နှင်းဆီဧကရီဆီသို့ လှမ်းပစ်ပေးလိုက်၏။ နှင်းဆီ ဧကရီသည် ထိုအရာကို လှမ်းယူပြီးသည့်နောက်မှာတော့ ဝိညာဉ်လက်စွပ်ပေါ်တွင် ရှိနေသည့် ရေးဆွဲထားသည့် အရေးအကြောင်းများသည် ရုတ်တရက် တောက်ပလာခဲ့၏။ ပြီးသည့်နောက် တောက်ပသည့်အလင်းတန်းများ သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

ထိုအရာကို မြင်သည့်အချိန်မှာတော့ အင်ပါယာ မိုးကောင်းကင်လောကဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် သံပြိုင်ဆိုသလို ထအော်လိုက်၏။ “ဒီအမျိုးသမီးက အင်ပါယာဝိညာဉ် နယ်မြေကပဲ”

All Chapters