← Chapters

အခန်း ၁၇၀၄

Vol. 115 Ch. 1704

အခန်း ၁၇၀၄

Vol. 115 Ch. 1704

အပိုင်း (၁၇၀၄)

တာဝန်ပြည့်စုံခြင်းအတွက် ရရှိခဲ့သည့် ဆုလာဘ်သည် ကုထျန်းရှင်းဆီမှ ရရှိထားသော ကောင်းကင်လက်ဝါး ရိုက်ချက်ပင် ဖြစ်တော့သည်။ ထိုအရာသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံး လေ့ကျင့်သည့်အရာဖြစ်ပြီး အားလုံးသောသူတို့၌ မိတ္တူကျမ်းစာများ တည်ရှိလို့နေ၏။ သို့ပေမဲ့ ဤသိုင်းနည်းစနစ်၏ စွမ်းအင်ကို အလုံးစုံ ထုတ်ဖော်အသုံးပြုရန်အလို့ငှာ အဆင့်မြင့်ကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ရန် လိုအပ်၏။

ဥပမာအားဖြင့် နတ်ဘုရား လျှို့ဝှက်နယ်မြေသို့ ခြေတစ်လှမ်းဝင်ရောက်ပြီးပြီဖြစ်သော ကျွင်းချောင်ရှောင်းသည် ကောင်းကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည့်အချိန်မှာတော့ ပြည့်စုံသည့်အဆင့်သို့ ရောက်ရှိနေခဲ့၏။ သူသည် လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် ဒါဇင်နှင့်ချီသော လက်ဝါးရိုက်ချက်များကို ဖန်တီးနိုင်သည်ဆိုခြင်းမှာ ပြဿနာတစ်ခု မဟုတ်ချေ။

တခြားတစ်ဖက်မှာတော့ လီချင်းယန်နှင့် တခြားသောသူများသည် အစစ်အမှန်ရှာဖွေခြင်းအဆင့်၌သာ တည်ရှိနေ ကြ၏။ ထို့ကြောင့် ၎င်းတို့၏ ဒန်ထျန်ထဲတွင်ရှိသော စွမ်းအင်များမှာ အကန့်အသတ်နှင့် တည်ရှိနေခဲ့၏။ ၎င်းတို့၏ စွမ်းအင်များသည် သာမန်ထက်ပိုကာ ကြမ်းတမ်းလှသည်ဆိုသော်လည်း အကန့်အသတ်ဖြင့် တည်ရှိနေသေး၏။

ကောင်းကင်လက်ဝါးရိုက်ချက်သည် ကြမ်းတမ်းလွန်းလှသည့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး လက်ဝါး ရိုက်ချက်၏ အားအင်အဆင့်သည် တစ်စုံတစ်ယောက်၏ ကျင့်ကြံခြင်းအားအင်အဆင့်ပေါ်တွင် မူတည်လျက် ရှိသည်။

ကျွင်းချောင်ရှောင်းအနေနှင့် ဟုန်ထျန်းညိုကဲ့သို့သော အကာအကွယ်အလွန်မြင့်သည့် ကျွမ်းကျင်သူ တစ်ယောက်နှင့် ရင်ဆိုင်သည့်နေရာတွင် ထိုအရာကို ထုတ်ဖော်အသုံးပြုခဲ့၏။ ထိုအရာကို ထုတ်ဖော်အသုံးပြု လိုက်သည့်အချိန်တွင် နတ်ဘုရားပင်လျှင် ခုခံနိုင်လိမ့်မည် မဟုတ်ချေ။

လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် မြေပေါ်သို့ လဲကျလျက်ရှိနေပြီး သွေးများပင် အန်ထွက်နေ၏။ သူသည် အနိုင်ရရှိခဲ့၏။ ထို့ကြောင့် ဝိညာဉ်လက်စွပ်ကို ရယူခဲ့သည်။

ဤအရာသည် လွတ်လပ်သော တိုက်ပွဲနယ်မြေထဲတွင် စိတ်ဝိညာဉ်နယ်မြေဆီမှ ကျွမ်းကျင်သူများ ကို သတ်ဖြတ်ပြီး ရရှိခဲ့သည့် ဟုန်ထျန်းညို၏ တိုက်ပွဲဆုလာဘ် တစ်ခုပင်ဖြစ်သည်။ ပစ္စည်းနှင့် အရည်အသွေးသည် ကောင်းမွန်လှသည် ဆိုသော်လည်း သူ့အနေနှင့် အသုံးပြု၍ မရနိုင်ချေ။ သို့ပေမဲ့ ထိုအရာကို ဆုလာဘ်အဖြစ် ရရှိခြင်းနှင့်ပတ်သက်၍ ဆိုးရွားသည့် ခံစားချက်ကိုတော့ ရရှိခဲ့ခြင်း မရှိချေ။

အချက်အလက်အားဖြင့် နှင်းဆီဧကရီ မနှစ်သက်ဘူးဆိုပါက ကျွင်းချောင်ရှောင်းသည် ဤအရာကို လောင်းကြေး အဖြစ် အသုံးပြုသည်ကို ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ အင်ပါယာဝိညာဉ်နယ်မြေမှ စစ်သည်တော် မဟုတ်လျှင် ဤဝိညာဉ်လက်စွပ်ကို အသုံးပြု၍ မရနိုင်ချေ။ တော်တော်များများသည် အလှဝတ်သည့်အရာအဖြစ်သာ အသုံးပြုကြ၏။ သို့ပေမဲ့ တခြားသူများ အသုံးပြု၍မရနိုင် ဆိုသော်လည်း နှင်းဆီဧကရီက အသုံးပြု၍ ရနိုင်၏။

ဝိညာဉ်လက်စွပ်ကို ထိတွေ့လိုက်သည်နှင့် သူမ၏ ခန္ဓာကိုယ်ကို အလင်းတန်းများ ဖုံးလွှမ်းသွားခဲ့ပြီး သန့်စင်သည့် ဝိညာဉ်စွမ်းအင်များသည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့၏။ သူမ၏ သွေးနှင့် ဝိညာဉ်များသည် ချက်ချင်းပဲ သန့်စင်ခြင်းကို ခံလိုက်ရ၏။ ဤကဲ့သို့ ရောင်စဉ်ရောင်တန်းများ၏အောက်မှာတော့ သူမသည် ပိုမိုကာ လှပလာသည်။

ကျွင်းချောင်ရှောင်း အနေဖြင့် ဤအမျိုးသမီး၏ အသွင်အပြင်၊ အလှအပကို ချီးကျူးရန် စိတ်ခံစားချက် မရှိပေ။ ထိုအစား အဝေးတစ်နေရာတွင် ရှိနေသော သိုင်းကျင့်ကြံသူများကို လှမ်းကာ စူးစိုက်ကြည့်ရှုလိုက်၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် ဝိညာဉ်မျိုးနွယ်ဟု အော်လိုက်သည့်အချိန်မှာတော့ မျက်လုံးများတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်လျက် ရှိနေသောကြောင့်ပင်။

အင်ပါယာ မိုးကောင်းကင် နယ်မြေကြီးနှင့် အင်ပါယာဝိညာဉ်နယ်မြေနယ်မြေကြီးတို့သည် နှစ်ပေါင်းထောင်ချီ တစ်ယောက်နှင့် တစ်ယောက် တိုက်ခိုက်လျက်ရှိသည့် နယ်မြေများဖြစ်၏။ လက်ရှိအချိန်မှာတော့ ဝိညာဉ်နယ်မြေမှ ကျွမ်းကျင်သူ တစ်ယောက်သည် သူတို့ဆီသို့ ရောက်ရှိလာခဲ့သည်။ ထိုအရာကို သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

ဟူး....

လေထုထဲတွင် သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားပြီး အခြေအနေတစ်ခုလုံးသည်လည်း လေးနက် သွားခဲ့သည်။

ဆွစ်

ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရှေ့ဆီသို့ ပျံသန်းသွားပြီးသည့်နောက် ဝိညာဉ်စွမ်းရည်များကို နားလည်လာအောင် ကြိုးစားလျက်ရှိနေသော နှင်းဆီဧကရီ၏ အရှေ့၌ မတ်မတ်ရပ် လိုက်၏။ သူသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ဘာလုပ်ချင်လို့လဲ”

“အမှိုက်လေး”

တာအိုဝတ်စုံနှင့် အကြီးအကဲသည် အေးစက်စက်ဖြင့် ပြောလိုက်သည်။ “မင်းအနေနဲ့ ငါတို့ အင်ပါယာမိုးကောင်းကင် နယ်မြေကို အတင်းချိုးဖြတ်ပြီး ဝင်လာတာ အံ့အားသင့်စရာ မရှိတော့ဘူး။ မင်းတို့က အင်ပါယာဝိညာဉ်နယ်မြေရဲ့ သူလျှိုတစ်ယောက် ဖြစ်နေတာကိုး”

အချက်အလက်အားဖြင့် နှင်းဆီဧကရီသည် ဝိညာဉ်လက်စွပ်ကို အသက်သွင်းလိုက်နိုင်သည် ဖြစ်သောကြောင့် အင်ပါယာဝိညာဉ်နယ်မြေဆီမှ လူတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလှ၏။ ထိုအချင်းအရာနှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည်လည်း နဝေတိမ်တောင် ဖြစ်လျက်ရှိ၏။

“ဒီအမျိုးသမီးကို သတ်ကြ။ ဘယ်လိုဖြစ်ပြီးတော့ အင်ပါယာမိုးကောင်းကင်နယ်မြေကို လာရဲရတာလဲ”

လက်ရှိ ရှိနေကြသည့် ကျွမ်းကျင်သူများ အားလုံးသည် တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်ရှုလိုက်ကြသည်။ အခြေအနေသည် ယခင်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲသုံးခုထက် ပိုမိုကာ လေးနက်လာခဲ့၏။ ထို့အပြင် သတ်ဖြတ်လိုခြင်းဆန္ဒများသည်ပါ ပါဝင်လာခဲ့သည်။

“သူမကို သတ်မယ် ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးမြန်းလိုက်၏။ “ဘယ်သူ လုပ်ရဲလဲ”

သူ့မျက်နှာပေါ်တွင် ရှိနေသော အမူအရာသည် တစ်ချက်ကလေးမှ မပြောင်းလဲခဲ့ချေ။ လေသံသည်လည်း အလွန်တရာ တည်ငြိမ်နေ၏။

“ဒီကောင် တကယ့်ကို လေးနက်တော့မှာပဲ” ကုန်းရှန့်သည် လေးနက်သည့်အချိန်မျိုး တည်ရှိကြောင်း စနစ်က သိရှိ၏။ ကုန်းရှန့်တစ်ယောက် လေးနက်သည့်အချိန်တွင် တည်ငြိမ်သည့် ဟန်ပန်မျိုး ထုတ်ဖော်လျက်ရှိပြီး စကားလည်း နည်းသွားတတ်သည်။

“ထူးဆန်းလိုက်တာ”

စနစ်သည် ဇဝေဇဝါ ဖြစ်သွား၏။ “လက်ခံသူက ထူးထူးခြားခြား လေးနက်တဲ့အချိန်မျိုး ရောက်တဲ့အချိန်တိုင်း မိန်းမတွေနဲ့ ပတ်သက်နေတာပဲ။ လီချင်းယန်၊ ရီရှင်းချန်နဲ့ တခြားအမျိုးသားတပည့်တွေ ကတော့ ဒီလိုဆက်ဆံမှုမျိုးကို မရကြပါလား”

“ကျုပ် ခင်ဗျားတို့ကို အကြံတစ်ခုပေးမယ်”

ကျွင်းချောင်ရှောင်းသည် သူ၏ အင်မော်တယ်ဓားကို ထုတ်ယူကာဖြင့် အရှေ့ဆီကို တစ်ချက်လှမ်းတက်လိုက်၏။ ပြီးနောက် အေးစက်စက်ပြောလိုက်သည်။ “ကြောင်တောင်တောင် အလုပ်တွေကို မလုပ်ကြနဲ့”

ဖြောက် ဖြောက် ဖြောက်

သူ၏ ခန္ဓာကိုယ်တွင် အလင်းတန်းများ ဖြစ်တည်လျက်ရှိပြီး တောက်ပလှသည့် ဝတ်စုံတစ်ခုသည် ဖြစ်တည်လာ ခဲ့၏။ များပြားလွန်းလှသော နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေတစ်လှမ်း ကျင့်ကြံသူများ တည်ရှိနေသည် ဖြစ်သောကြောင့် တကယ်တမ်းတိုက်ခိုက်သည်ဆိုပါက ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် သူသည် သူ၏ဝှက်ဖဲများ အားလုံးကို ထုတ်ဖော်အသုံးပြုရပေလိမ့်မည်။

ဆွစ်

သူ၏နောက်တွင်တော့ နှင်းဆီဧကရီသည် အလင်းတန်းများ ဖုံးလွှမ်းလျက် တည်ရှိနေသေး၏။ သူမ၏ အသွင်အပြင်သည် ပိုမို၍ပင် လှပလာသေး၏။ ဟန်ပန်အမူအရာများသည်လည်း ပိုမိုကာ သန့်စင်လာခဲ့၏။ ၎င်းတို့ နှစ်ယောက်သည် ခြေလှမ်းဝက်လောက်သာ ကွာခြားလှသည်ဆိုသော်လည်း များပြားသည့် ကျွမ်းကျင်သူများနှင့် ရင်ဆိုင်နေသည့်နေရာတွင် တည်ငြိမ်စွာဖြင့် တည်ရှိနေ၏။

လက်ရှိအချိန်၌ လီထျန်းထျန်းသာ ရှိမည်ဆိုပါက ကျိန်းသေပေါက် ဓာတ်ပုံပေါင်းမြောက်များစွာကို ရိုက်နှက်ထားမှာ သေချာသည်။

တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် အေးစက်စက်ဖြင့် အော်ဟစ်လိုက်၏။ “အင်ပါယာ မိုးကောင်းကင်နယ်မြေနဲ့ အင်ပါယာဝိညာဉ်နယ်မြေက တကယ့်ကို ရန်ကြွေးတွေ ကြီးမားလွန်းတယ်။ ငါတို့ရဲ့ ရန်သူက ငါတို့ရဲ့ အိမ်ထဲကို ဝင်လာတယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး။ ဒီတော့ မင်းက အင်ပါယာဝိညာဉ်နယ်မြေကလူ မဟုတ်ဘူးဆိုရင် ဒီကနေ မြန်မြန် ထွက်သွားစမ်း”

ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်အား စောနတုန်းက တိုက်ခိုက်ပွဲများတွင် မြင်ခဲ့ပြီးဖြစ်၏။ ထို့ကြောင့် သူတို့အနေနှင့် မတိုက်ခိုက်ချင်ပေ။

“အားနာပါတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က အင်ပါယာဝိညာဉ်နယ်မြေက မဟုတ်ဘူး ဆိုပေမဲ့ သူတို့ရဲ့ သမက်လေ”

“ဒီလောက် တိုက်ရိုက်ဆန်တာလား” စနစ်သည် အနည်းငယ် အံ့အားသင့်သွား၏။

အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် မျက်မှောင်ကုတ်သွား၏။ အဘယ်ကြောင့် ဆိုသော် တစ်ဖက်လူသည် ဤအမျိုးသမီးနှင့် လင်မယားဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုနေသည် မဟုတ်ပါလား။

သူတို့ ဘာလုပ်ရမည်နည်း။ တိုက်ခိုက်ရမည်လား။ မတိုက်ခိုက်ရဘူးလား။

ထိုကဲ့သို့ တွေဝေလျက် ရှိနေတုန်းမှာပဲ နှင်းဆီဧကရီကို လွှမ်းခြုံထားသည့် အလင်းတန်းများသည် ပျောက်ကွယ် သွား၏။ သူမသည် အရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းတက်ပြီး ကျွင်းချောင်ရှောင်း၏ အနောက်၌ ရပ်တန့်လိုက်၏။ သူမသည် ပြုံးကာပြောလိုက်၏။ “ကျွန်မက အင်ပါယာဝိညာဉ်နယ်မြေက ဆိုတာကို ရှင်တို့ဘယ်လိုသိလဲ”

ကျွင်းချောင်ရှောင်း၏ မျက်နှာပြင်ပေါ်တွင် စိတ်တိုသည့် ဟန်ပန်မျိုး ထုတ်ဖော်နေသည်ဆိုသော်လည်း အချက်အလက်အားဖြင့် သူ၏စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် သူမအနေနှင့် ဘာတွေပြောင်းလဲသွား သည်ဆိုခြင်းကို ဆန်းစစ်လိုက်၏။ ဘာတစ်ခုမှ ပြောင်းလဲသွားသည့်ပုံ မပေါ်ချေ။

နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မက ဝိညာဉ်လက်စွပ်ထဲမှာရှိတဲ့ သန့်စင်တဲ့ ဝိညာဉ်စွမ်းအင် တော်တော် များများကို ရရှိခဲ့တယ်။ ဒါကြောင့် အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖြတ်နိုင်ဖို့ နည်းနည်းလေးပဲ လိုတော့တယ်”

“ပြီးတော့ကော”

“ကျွန်မ အင်ပါယာဝိညာဉ်နယ်မြေကို သွားချင်တယ်”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို အသာလှည့်ကာဖြင့် အင်ပါယာမိုးကောင်းကင်နယ်မြေမှ စွမ်းအားမြင့် ကျင့်ကြံသူ များကို ကြည့်လိုက်၏။ “ဒီလူတွေကို ရင်ဆိုင်ပြီးရင် ကျုပ် ခင်ဗျားကို ခေါ်သွားမယ်”

နှင်းဆီဧကရီက ပြောလိုက်သည်။ “ကျွန်မရဲ့ အကူအညီလိုသေးလား”

“ဒီလောက် လူတွေအများကြီးဆိုမှတော့ လိုတာပေါ့” ကျွင်းချောင်ရှောင်းသည် ယခင်ကလို ရှက်ရွံ့မနေချေ။ များပြားပြီး အားကောင်းလွန်းလှသော ရန်သူများ တည်ရှိနေသည်မို့ ကျိန်းသေပေါက် သူ၏ အားအင်အဆင့်ကို တိုးတက်နိုင်သည့်အရာမျိုးကို ငြင်းပယ်လိမ့်မည် မဟုတ်ချေ။

နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်း၏နောက်ကျောကို မျက်နှာ အသာအပ်လိုက်၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဝေဝါးလာခဲ့သည့်အချိန်မှာတော့ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုဖြစ်တည်လာခဲ့၏။

အစပိုင်းတုန်းက အေးစက်စက် ပြုမူဆောင်ရွက်တတ်သည်ဆိုသော်လည်း လက်ရှိအချိန်မှာတော့ သူမ၏ ယောက်ျားသည် တဖြည်းဖြည်းနှင့် ပိုမိုကာ နွေးထွေးလာခဲ့၏။ သူမကို တဖြည်းဖြည်းချင်း လက်ခံလာသည့် အဓိပ္ပာယ်ပေါ်နေသည် မဟုတ်ပါလား။

လူ၊ အရာဝတ္တု အရာအားလုံးတို့သည် အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပြောင်းလဲသွားနိုင်၏။ အချိန် နှေးကွေးခြင်းနှင့် မြန်ဆန်ခြင်းအပေါ်တွင်သာ မူတည်နေ၏။

အပိုင်း (၂၀၀၀)နား ကပ်လာသည့် အချိန်တွင် အမြဲတန်း တည်တံ့စွာနေထိုင်တတ်ပြီး မိန်းမများကို‌ ရှောင်ရှားတတ်သော ရီရှင်းချန်သည်ပင် မိန်းမတစ်ယောက်နှင့် သံဝါသပြုလုပ်ခဲ့ပြီးပြီ ဖြစ်သည်။

ဝှစ် ဝှစ်

နှင်းဆီဧကရီသည် သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်ပြီးသည့်နောက် သူ့အား အစိမ်းရောင်ဓာတ်သဘာဝများက လွှမ်းခြုံသွား၏။

“ဝိညာဉ်နှစ်ခုက ပေါင်းစပ်တာလား”

အင်ပါယာမိုးကောင်းကင်နယ်မြေမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဝိညာဉ်နယ်မြေမှ လူများနှင့် အချိန်အတော်ကြာ တိုက်ခိုက်ပြီးပြီ ဖြစ်သောကြောင့် ကောင်းကောင်းသိရှိလို့နေသည်။

ဆွစ်

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါလိုက်၏။ အစိမ်းရောင်ဓာတ်သဘာဝများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လျက် ရှိနေပြီး သူ၏ မျက်ခုံး၊ မျက်လုံးများသည် အစိမ်းရောင် အဖြစ်သို့ ပြောင်းလဲ သွား၏။ အဘယ်ကြောင့် ဆံပင်က မပြောင်းလဲသနည်း။ အဘယ်ကြောင့်ဆိုသော် ဆံပင်တု ဝတ်ထားသောကြောင့်ပင်။

ခွိ

ကုန်းစွန်းကျွင်းနှင်းဆီဖြစ်သွားသည့်အချိန်မှာတော့ မျက်နှာချင်းဆိုင်တွင်ရှိသော တစ်စုံတစ်ယောက်သည် မည်သို့မှ မနေနိုင်တော့ဘဲ ထကာ ရယ်မောလိုက်မိ၏။

“ဒါ အစိမ်းရောင်ဝိညာဉ်ပဲ။ နှစ်ပေါင်းတစ်ရာလောက် ဝိညာဉ်မျိုးနွယ် တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ ဒါပေမဲ့ အပြာရောင်ဝိညာဉ်၊ အမဲရောင်ဝိညာဉ်တွေကိုပဲ မြင်ခဲ့တယ်။ အစိမ်းရောင် ဝိညာဉ်ကို တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

အင်ပါယာဝိညာဉ်နယ်မြေတွင် စည်းမျဉ်းတစ်ခု တည်ရှိ၏။ အဆင့်နိမ့် ဝိညာဉ်မျိုးနွယ်သားများသည် တိုက်ပွဲ တည်နေရာကြီးထဲသို့ ဝင်ရောက်ခွင့် မရှိကြချေ။

ခန္ဓာကိုယ်တစ်ခုလုံး အစိမ်းရောင်တောက်နေသည့် ကျွင်းချောင်ရှောင်းကို အားလုံးက ကြည့်ရှုလိုက်၏။ မျက်လုံးထဲတွင်တော့ အထင်အမြင်သေးမှုများနှင့် ပြည့်နှက်လျက် ရှိသည်။ ဤအမျိုးသမီး၏ အဆင့်သည် သာမန်ထက်ပိုကာ အားကောင်းလိမ့်မည်ဟု သူတို့က ထင်မှတ်ခဲ့သည်။ အဆုံးသတ်မှာတော့ အစိမ်းရောင် ဝိညာဉ်တစ်ခု ဖြစ်လို့နေခဲ့၏။ အင်ပါယာဝိညာဉ်နယ်မြေတွင် သူမသည် ကျေးကျွန်သာသာမျှသာ။

ကျွင်းချောင်ရှောင်းအနေဖြင့် ထိုအရာများကို ကောင်းကောင်းမွန်မွန် နားလည်နိုင်ခြင်း မရှိပေ။ သို့ပေမဲ့ တစ်ဖက်လူ များ၏ အမူအရာကို ကြည့်ရှုလိုက်သည်နှင့် သူသည် ဒေါသတရားများ ဖြစ်တည်လာခဲ့၏။ ထို့ကြောင့် ယောက်ျား နှင့် မိန်းမ ရောနှောထားသည့် အသံဖြင့် ပြောလိုက်၏။ “ခင်ဗျားတို့အားလုံး မကြာခင် ရယ်နိုင်တော့မှာ မဟုတ်ဘူး”

ချလွမ်

အင်မော်တယ်ဓားသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာပြီး ဓားချီများသည် မြန်မြန်ဆန်ဆန် ပျံ့နှံ့သွား၏။ တစ်ချိန်တည်းမှာပဲ သူသည် လေထုထဲသို့ ခုန်တက်လိုက်သည်။

ဝှစ် ဝှစ် ဝှစ်

ထက်ရှလွန်းသော ဓားချီများသည် တည်နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ ထိုအရာ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ရှိနေသော ကျောက်တုံး၊ မြေဆီလွှာနှင့် သစ်ပင် အကိုင်းအခက်များ အားလုံးတို့သည် ဓားအလင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

ဆွစ် ဆွစ် ဆွစ်

ခဏအတွင်းမှာပဲ ကျွင်းချောင်ရှောင်း၏ အနောက်တွင် ဓားချီများ စုစည်းလာခဲ့၏။ မြင်ကွင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“ဒါက .......” ကုန်းပိုင်ယု မျက်လုံးများသည် ပြူးကျယ်သွား၏။ ထက်ရှလှသည့် ဓားချီများသည် လေထုထဲတွင် ပျံ့နှံ့လျက် ရှိနေပြီး သူနှင့် တိုက်ခိုက်သည့်အချိန်ထက် အဆပေါင်းများစွာ ပိုမိုအားကောင်းလျက်ရှိ၏။

“ခင်ဗျားတို့အားလုံး ငိုဖို့ပြင်ထားတော့” ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။

ပတ်ဝန်းကျင်တွင် ရှိနေသော ဓားချီများသည် စုဝေးလာခဲ့ပြီးသည့်နောက် ကြီးမားလှသည့် ဓားရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအရာသည် အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ ကျွမ်းကျင်သူများဆီသို့ ကျဆင်းလာသည့် အချိန်မှာတော့ ထိုသူတို့အားလုံး၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးများသည် အေးခဲသွားကြတော့၏။

All Chapters