အခန်း ၁၇၀၅
Vol. 115 Ch. 1705
အပိုင်း (၁၇၀၅)
ကျွင်းချောင်ရှောင်းသည် ကုန်းပိုင်ယုနှင့် တိုက်ခိုက်သည့် တိုက်ပွဲ၌ ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ တိုက်ကွက်၏ ပထမဆုံးတိုက်ကွက်ကို ထုတ်ဖော်အသုံးပြုခဲ့ရုံသာဖြစ်၏။ သို့ပေမဲ့ လက်ရှိအချိန်မှာတော့ ဒုတိယ တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုခဲ့၏။
ဝှစ်
တောင်ကြီးတစ်ခုနီးပါးခန့် ကြီးမားလှသော ဓားကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့၏။ လက်ရှိအခြေအနေ မှာတော့ ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးသည် အမဲရောင်အရိပ်ကြီး၏ လွှမ်းမိုးခြင်းကို ခံလိုက်ရသည်။
တောင်များ၊ ချောင်းများ အားလုံးတို့သည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်လုနီးပါးပင်။ ဤကဲ့သို့သော အကျိုး သက်ရောက်မှုသည် တုန်လှုပ်ဖွယ်ရာပင် ကောင်းလွန်းလှ၏။
အင်ပါယာမိုးကောင်းကင်နယ်မြေတွင် ရှိနေသည့် သိုင်းကျင့်ကြံသူအားလုံးတို့၏ စိတ်ထဲတွ် ကြောက်ရွံ့ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာခဲ့၏။ ၎င်းတို့၏ ကျောရိုးမကြီး တစ်ခုလုံးသည် စိမ့်တက်လျက် ရှိနေကြပြီး ဓား၏ အရှိန်အဟုန်သည် ရုတ်တရက် သူတို့၏ခန္ဓာကိုယ်ပေါ် ကျဆင်းပြီး ပေါက်ကွဲသွားလုမတတ်ပင် ခံစားနေမိသည်။
ကျွင်းချောင်ရှောင်း အနေဖြင့် ထူးဆန်းလှသည့် လက်နက်၏ အကူအညီဖြင့် ကုန်းပိုင်ယုအား အနိုင်ယူတိုက်ခိုက် ခဲ့သည်ဟု သူတို့အနေဖြင့် ထင်မြင်ခဲ့၏။ အချက်အလက်အားဖြင့် လက်နက်မရှိလျှင်တောင်မှ တစ်ဖက်လူသည် သိုင်းကျင့်ကြံခြင်း နည်းစနစ်တော့ တည်ရှိလို့နေခဲ့၏။ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သိုင်းကျင့်ကြံခြင်း နည်းစနစ်များသည် တဖြည်းဖြည်း ပိုမိုကာ များပြားလာခဲ့၏။ အချက်အလက်အားဖြင့် ၎င်းတို့အားလုံးသည် လက်ရှိအခြေအနေမှာတော့ ဓားတစ်သောင်းမှသည် တစ်ခုတည်း အဖြစ်သို့ သိုင်းနည်းစနစ်၏ တိုက်ခိုက်မှုကို ခံယူနေရပြီ ဖြစ်၏။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်း အနေနှင့် ဤအရာနှင့်ပတ်သက်၍ နှမျောတသတော့ ရှိနေ၏။ သူသည် သေမျိုး လောကတွင် ဤဓားနည်းစနစ်ကို စတင်ကာ ကျင့်ကြံခဲ့၏။ သို့ပေမဲ့ ပထမတိုက်ကွက်နှစ်ခုကိုသာ ကျွမ်းကျင်ခဲ့ သေး၏။ တတိယမြောက်တိုက်ကွက်ဖြစ်သော ငါသည်သာ ဓားဖြစ်လျှင် လောကကြီးတွင် ဓားတစ်စင်းမှမရှိ ဟူသော တိုက်ကွက်ကို တစ်ချက်ကလေးမှ နားမလည်နိုင်ခဲ့ချေ။ နာမည်ကို ကြားသိရုံနှင့်တင် ထိုအရာသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဓားတိုက်ကွက်တစ်ခုဖြစ်မှန်း သိရှိနိုင်သည်။
ဆွစ် ဆွစ် ဆွစ်
ကြီးမားလှသည့် ဓားကြီးသည် ဖြည်းဖြည်းချင်း ကျဆင်းလာပြီး ၎င်း၏ အရှိန်အဟုန်သည် တဖြည်းဖြည်း တိုးတက်လာခဲ့၏။
ပုံမှန်အရဆိုလျှင် အင်ပါယာမိုးကောင်းကင်နယ်မြေမှ သိုင်းကျင့်ကြံသူများသည် အခွင့်အရေးကို အရယူ၍ ရှောင်တိမ်းရန် ကြိုးစားမိပေလိမ့်မည်။ သို့ပေမဲ့ ဤတည်နေရာတွင် မြဲမြဲသာရပ်လျက်ရှိ၏။ အချက်အလက်အားဖြင့် သူတို့သည် မရှောင်တိမ်းချင်သောကြောင့် မဟုတ်ပေ။ ကြီးမားလှသော ဓားကြီးသည် ကြမ်းတမ်းလွန်းသော အားအင်ကို ဖြစ်တည်စေခဲ့ပြီး တည်နေရာပတ်ဝန်းကျင်တစ်ခုလုံးကို ဖိနှိပ်ထားခဲ့၏။ သူတို့အနေနှင့် ထွက်ပြေးရန် ကြိုးစားမည် ဆိုလျှင်ပင် အသုံးမဝင်လှချေ။
“ကိုယ့်လူတို့”
တာအိုဝတ်စုံနှင့် အဘိုးအိုက အော်ဟစ်လိုက်၏။ “အတူတူ တိုက်ခိုက်ကြရအောင်”
“ကောင်းပြီ”
ချက်ချင်းပဲ ဒါဇင်နှင့်ချီသော သိုင်းကျင့်ကြံသူများသည် ရုတ်တရက် စုစည်းလိုက်ကြသည်။ ပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ကာ ကြမ်းတမ်းလွန်းလှသော အကာအကွယ် အတားအဆီး အစီအရင်ကြီးကို လေထုထဲတွင် ထုတ်ဖော်လိုက်သည်။
“အရိပ်မဲ့တာအို” တာအိုဝတ်စုံကို ဝတ်ဆင်ထားသည့် အဘိုးအိုသည် သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်၏။ ပြီးနောက် မြင်းမှီးနှင့်တူသော အရာတစ်ခုသည် သူ၏အင်္ကျီလက်အတွင်းမှ ထွက်ပေါ်လာ၏။
ဒွီ ....။
တည်နေရာတစ်ခုလုံး တုန်ခါသွားပြီး ကြီးမားလှသည့် တောင်တစ်ခုပုံစံ ပုံရိပ်ယောင်ကြီးသည် ပေါ်ပေါက်လာသည်။ ထိုပုံရိပ်ယောင်ကြီးသည် အလွန်ခိုင်ခံလွန်းသည်။ ဤအရာသည် တိုက်ပွဲကျားလှံထက် ပိုမိုကာ အားကောင်းလွန်း သည့် အကာအကွယ် ရတနာ တစ်ခုလည်း ဖြစ်သည်။
တာအိုဝတ်စုံ နှင့် အဘိုးအိုသည် သူ၏ ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုလိုက်သည်ကို မြင်သည့်အချိန်မှာတော့ တခြားသော ကျင့်ကြံသူများအားလုံးသည်လည်း ငြိမ်ငြိမ်သက်သက် မနေခဲ့ကြချေ။ ၎င်းတို့၏ လက်နက်နှင့် ရတနာ ပစ္စည်းများအားလုံးကို ထုတ်ဖော်ကာ အသက်သွင်းလိုက်ကြ၏။ အချိန်တိုအတွင်းပဲ ကြီးမားလှသည့် ဓားကြီး ကျဆင်းလာရာ လမ်းတစ်လျှောက်တွင် အတားအဆီးအစီအရင်များ တစ်ခုပြီးတစ်ခု ဖြစ်တည်လာခဲ့၏။
ထူးခြားလွန်းလှသည့် ရတနာများသည် ပတ်ဝန်းကျင် တည်နေရာထဲတွင် လွင့်မျောလျက် ရှိနေပြီး ဖောက်ထွင်း မရနိုင်သည့် အကာအကွယ် အတားအဆီးကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
ဒါဇင်နှင့်ချီသော နတ်ဘုရားလျှို့ဝှက် နယ်မြေခြေလှမ်းဝက် ကျွမ်းကျင်သူများ အားလုံးတို့သည် လူတစ်ယောက်တည်း နှင့် ယှဉ်ပြိုင်ကာ တိုက်ခိုက်နေကြ၏။
၎င်းတို့အားလုံးသည် ခန့်မှန်းလို့မရအောင် အားကောင်းလွန်းသည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ကို သိရှိနားလည်သောကြောင့် ရှိရှိသမျှသော ဝှက်ဖဲများအားလုံးကို ထုတ်ဖော်အသုံးပြုခဲ့ကြ၏။ ဤအရာသည် မျက်နှာသာပေးခြင်းပင်ဖြစ်သည်။
“ဟမ့်”
နှင်းဆီဧကရီသည် သက်ရှိသတ္တဝါအားလုံးတို့၏ အုပ်စိုးသူဟန်ပန်မျိုးဖြင့် သူမ၏လက်ကို မြှောက်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ပိုးစုန်းကြူးလေးက ဘယ်လိုလုပ် လအလင်းရောင်ရဲ့ တောက်ပမှုကို ယှဉ်နိုင် မှာလဲ။ ဖိနှိပ်စမ်း”
ဟူး ဟူး
လောကကြီးတစ်ခုလုံးကို လှုပ်ခါနိုင်စွမ်းရှိသည့် စွမ်းအင်များ ပါဝင်လျက်ရှိနေသည့် ကြီးမားသည့်ဓားကြီးသည် ရတနာပေါင်းစုံ၊ နည်းစနစ်ပေါင်းစုံတို့ဖြင့် ဖန်တီးထားသည့် အကာအကွယ်၊ အတားအဆီးပေါ်သို့ ဖိနှိပ်လိုက်သည်။
အရှိန်အဟုန်သည် ကြီးမားပြင်းထန်လွန်းလှပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးတွင် နက်ရှိုင်းလှသည့် တွင်းကြီးသည် တဖြည်းဖြည်း ဖြစ်တည်လာခဲ့၏။ ဤတိုက်ပွဲသည် မည်သည့်ရလဒ်မျိုးဖြစ်ဖြစ် ကိစ္စမရှိချေ။ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး၏ ပျက်စီးမှုမှာတော့ ရှောင်လွှဲ၍ မရနိုင်ခဲ့ချေ။
စနစ်သည် မနေနိုင်ဘဲ ဝင်ကာ ပြောလိုက်၏။ “ဒီတိုက်ပွဲကို ဘယ်သူကာတွန်းဆွဲမှာလဲ”
ဘုန်း
ကြီးမားလွန်းလှသော ဓားနှင့် အရှိန်အဟုန်သည် ရတနာမျိုးစုံနှင့် ထိမှန်သည့်အချိန်မှာတော့ ပတ်ဝန်းကျင် တစ်ခုလုံးကွဲအက်ပြီး မြေပြင်တစ်ခုလုံး တုန်ခါသွားခဲ့၏။ လောကကြီးတစ်ခု၏ အဆုံးသတ်သို့ ရောက်ရှိလုနီးပါးပင်။
ဝုန်း
ထိုအချိန်မှာတော့ အရိပ်မဲ့တာအိုဟု ခေါ်ဆိုသော မြင်းမှီးသည် အတားအဆီးကို မကာကွယ်နိုင်တော့ဘဲ တည်နေရာမှာတင် ချက်ချင်းပျောက်ကွယ်သွား၏။ တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုသည် သူ၏ ရတနာ ပျက်စီးသွားခြင်းနှင့်ပတ်သက်၍ စိတ်ထိခိုက်မှုကို ခံစားရန် အချိန်မရှိချေ။ အဘယ်ကြောင့်ဆိုသော် တန်ပြန်မှုကို ခံစားရပြီးသည့်နောက် သူ၏ သွေးနှင့် စိတ်တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။ သူသည် ချက်ချင်းပဲ အနောက်ဘက်သို့ လွင့်စင်သွားခဲ့ပြီး သွေးများ အန်ထွက်လေသည်။
ဝုန်း ဝုန်း ဝုန်း
အရိပ်မဲ့တာအို ပျက်စီးသွားပြီးသည့်နောက် ဆက်တိုက်ဆိုသလိုပဲ ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့၏။ ပတ်ဝန်းကျင် တည်နေရာထဲတွင် ရှိနေသော ရတနာနှင့် လက်နက်များ အားလုံးသည် ပျက်စီးပျောက်ကွယ်ကုန်၏။
ထိုအရာကို ပိုင်ဆိုင်သည့်လူများအားလုံးသည် သွေးများအန်ထွက်လျက် ရှိနေ၏။ ပုံပန်းသွင်ပြင်အမျိုးမျိုးဖြင့် အနောက်ဘက်သို့ လွင့်စင်ကုန်သည်။ အကာအကွယ် အတားအဆီးသည် ခဏတာလျှင် တောင့်ခံထားနိုင်၏။ လူပေါင်းများစွာတို့သည် လက်ရှိအချိန် မှာတော့ အနောက်ဘက်သို့ လွင့်စင်သွားကြသောကြောင့် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
ဘုန်း ....။
ဝေါ့ ဝေါ့ ....။
အတားအဆီး အကာအကွယ်များသည် ကြမ်းကြမ်းတမ်းတမ်းဖြင့် ဖျက်ဆီးခြင်းကို ခံလိုက်ရပြီးသည့်နောက် သိုင်းကျင့်ကြံသူ အားလုံးတို့သည် အနောက်ဘက်သို့ လွင်စင်ကုန်၏။ တစ်ချိန်တည်းမှာပဲ ကြီးမားလှသော ဓားကြီးမှာတော့ ၎င်း၏ အားအင်အဆင့်ကို မယုတ်လျော့ခဲ့ချေ။ မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ကျဆင်းလာခဲ့၏။
ဒုတိယ ‘ဘုန်း’ ဟူသော အသံကြီး ထွက်ပေါ်လာပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် ဖုန်များ ပြည့်နှက်သွားခဲ့၏။ အနီးအနားတွင် ကြီးမားသည့်တွင်းကြီးသည် ဆက်လက်ကာ ပြန့်ကျဲလာခဲ့ပြီး ချိုင့်ဝှမ်းကြီး တစ်ခုကဲ့သို့ပင် ပြောင်းလဲသွားသည်။
ကျွင်းချောင်ရှောင်းသည် သူ၏တိုက်ကွက်ကို ထုတ်ဖော်လိုက်ပြီးသည့်နောက် မြင်ကွင်းကို စကြဝဠာဆီသို့ ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ...........
ရီရှင်းချန်သည် သူ၏ကျင့်ကြံခြင်းကို ပြီးစီးပြီးသည့်နောက် ပြတင်းပေါက် ရှေ့တွင် ရပ်ကာဖြင့် အပြင်ဘက်သို့ ကြည့်ရှုနေ၏။ ကောင်းကင်စက္ကူစလောကကြီးတွင် ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများသည် အချိန်အတော် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ သို့ပေမဲ့ သူသည် မေ့ပျောက်၍ မရနိုင်ခဲ့ချေ။
အထူးသဖြင့် ကျောက်အခန်းထဲတွင် ဖြစ်ပျက်ခဲ့သည့် အရာများအားလုံးကို ပြန်လည်မစဉ်းစားဘဲ မနေနိုင်ချေ။ အဆိုးရွားဆုံးအရာမှာ သူသည် အရေးကြီးသော သံဝါသပြုသည့် ကိစ္စရပ်ကို ပြုလုပ်ခဲ့သော်လည်း တစ်ချက်ကလေးမှ မမှတ်မိခဲ့ခြင်းပင်။ သူသည် ကြိတ်ကာစဉ်းစားနေမိ၏။ “ငါတကယ် လုပ်ခဲ့တာလား၊ မလုပ်ခဲ့ဘူးလား”
“အမ်”
ရုတ်တရက် ရီရှင်းချန်သည် အင်ပါယာမိုးကောင်းကင်လောကဆီမှ လှိုင်းများဖြစ်တည်လာခဲ့သည်ကို သတိပြုလိုက်မိ၏။ ထိုအချိန်မှာပဲ ကြီးမားလှသည့်ဓားကြီးသည် စကြဝဠာအတားအဆီးကို ပိုင်းဖြတ်လိုက်သလိုပင် ထင်ပေါ်လာသည်။
ကျွင်းချောင်ရှောင်း ထုတ်ဖော်လိုက်သည့် တိုက်ကွက်သည် ဂြိုဟ်တစ်ခုလုံး မြင်ရသည်သာမက စကြဝဠာထဲကပါ မြင်နိုင်စွမ်း ရှိနေ၏။ အလွန်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။
“ချီးတဲ့မှ”
စားသောက်ခန်းထဲတွင် ရှိနေပြီး ပြတင်းပေါက်နားတွင် စုဝေးလျက်ရှိနေသော တပည့်များ အားလုံးသည် ဓား၏ ပိုင်းဖြတ်မှု အသွင်သဏ္ဌာန် ပေါ်ပေါက်လာသည်ကို ကြည့်ရှုလျက်ရှိ၏။ ၎င်းတို့သည် မျက်လုံးများ ပြူးသွားမိသည်။ “ဘာတွေ ဖြစ်နေတာလဲ”
“လမ်းကဖယ်။ လမ်းကဖယ်”
စုရှောင်မိုက ပြောလိုက်သည်။ “ငါ ကြည့်ပါရစေအုံး”
သူသည် ရီရှင်းချန်၏ ရိုက်နှက်မှုကို ခံခဲ့ရ၏။ သို့ပေမဲ့ အတွင်းဒဏ်ရာ ကြီးကြီးမားမား ဖြစ်တည်ခဲ့သည်မဟုတ်ဘဲ မျက်နှာနှင့် ဦးခေါင်း တို့တွင် ဖူးယောင်၊ ဘုထွက်ခြင်းသာ ဖြစ်၏။ ထို့ကြောင့် လူများကြားထဲမှ တိုးထွက်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ၎င်း၏ပုံပန်းသွင်ပြင်သည် ရယ်မောချင်နေစရာပင် ကောင်းနေ၏။
တိုက်တိုက်ဆိုင်ဆိုင် ဆိုသလိုပဲ ကျိုးဟုန်သည်လည်း စားသောက်ခန်းထဲတွင် စားသောက်လျက်ရှိ၏။ သူသည် တူတစ်စုံကို စားပွဲပေါ်တွင် သေသေချာချာတင်ပြီးသည့်နောက် မျက်လုံးကိုမှိတ်ကာ အနားပတ်ဝန်းကျင်တွင် ရှိသည့်အရာများအားလုံးကို အာရုံခံလျက်ရှိ၏။ တဖြည်းဖြည်းနှင့် အားနည်းသွားခဲ့ပြီဖြစ်သော ဓားဆန္ဒ၏ လှိုင်းများကို အာရုံခံ ထိတွေ့ပြီးသည့်နောက် သူက ပြောလိုက်သည်။ “ဒါက ဂိုဏ်းချုပ်ပဲ”
“ဟုတ်ပါ့မလား”
စုရှောင်မိုက မေးလိုက်၏။ “မကြည့်ဘဲနဲ့လည်း မြင်နိုင်တာလား”
.............
မြင်ကွင်းအား အင်ပါယာမိုးကောင်းကင်လောက၏ တိုက်ပွဲဆီသို့ ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ဖုန်များ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားပြီးသည့်နောက် လေထုထဲတွင် အက်ကွဲကြောင်းကြီးတစ်ခုက ဖြစ်တည်နေ၏။ ကောင်းကင်ယံတစ်ခုလုံးသည် ဆွဲခွဲခံထားရသလိုပင်။
ပိုမို၍ ထိတ်လန့်စရာကောင်းသည်မှာ မြေပြင်တစ်ခုလုံးပင် ဖြစ်၏။ ကြီးမားလှသော ဓားကြီးသည် မြေပြင်၏ အတွင်းပိုင်းတွင် အဆုံးအစမဲ့ နက်ရှိုင်းသည့် အက်ကွဲကြောင်းကြီးအဖြစ် ဖြစ်တည်ခဲ့၏။ ဒါဇင်နှင့်ချီသော သိုင်းကျင့်ကြံသူများသည် ထိုတွင်း၏ တစ်ဖက်တစ်ချက်တွင် အသီးသီး လဲလျောင်းနေ၏။ ၎င်းတို့၏ အသက်များ သည် ရှင်သန်လျက် ရှိနေသေးသည် ဆိုသော်လည်း မျက်နှာများမှာ ဖြူလျော်လျက်ရှိနေပြီး ခန္ဓာကိုယ်များသည် လည်း အားနည်းနေ၏။ ခြွင်းချက်မရှိပေ။ အားလုံးသောသူများသည် ဒဏ်ရာရရှိသွားသည်။
ကျွင်းချောင်ရှောင်းသည် တာအိုဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအို၏ရှေ့တွင် ဆင်းသက်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “ကြောင်တောင်တောင်အလုပ်တွေကို မလုပ်ဖို့ အစောကြီးကတည်းက ပြောထားတယ်လေ”
“မင်း...”
တာအိုဝတ်စုံနှင့် အဘိုးအိုသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိနေပြီဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကာဖြင့် လေထုထဲသို့ အသာဆွဲမလိုက်သည်။ ပြီးနောက် ထိုသူ၏ လည်ပင်းကို အသာညှစ်ကာ ပြောလိုက်၏။ “ဒါက လက်ရည်စမ်းပွဲတစ်ခုလို့ သုံးသပ်လို့ရတယ်ဆိုရင် ခင်ဗျားတို့ ကျုပ်ကို လောင်းကြေးပေးရမယ်။ မဟုတ်ဘူးဆိုရင်”
သူသည် ခဏလောက် ရပ်တန့်ကာ ပြောလိုက်သည်။ “အားလုံး သေရမယ်”
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ခင်ဗျားတို့အားလုံးက အင်ပါယာမိုးကောင်းကင်နယ်မြေရဲ့ ထိပ်တန်းစွမ်းအားမြင့် ကျင့်ကြံသူတွေပဲ။ အားလုံးသေပြီဆိုရင် အင်ပါယာဝိညာဉ်နယ်မြေနဲ့ ဘယ်သူ သွားပြီး ယှဉ်ပြိုင်နိုင်တော့မှာလဲ”
“ဒီမှာ ..... ရော့” တာအိုဝတ်စုံနှင့် အဘိုးအိုသည် စိတ်ဓာတ်မာကျောလှပုံပေါ်၏။ သို့ပေမဲ့ တစ်ဖက်လူပြောသည့် စကားများကို ကြားရသည့်အချိန်မှာတော့ ချက်ချင်းပဲ ပူးပေါင်းဆောင်ရွက်ရန် ရွေးချယ်လိုက်တော့၏။ အဘယ်ကြောင့်ဆိုသော် အမှန်ပင်ဖြစ်သည်။
ဟုတ်ပေသည်။ တစ်ဖက်လူဆီမှ ရရှိသည့်အရာသည် သိပ်တော့ မများလှချေ။ အစောတုန်းက ကုန်းပိုင်ယု ပေးခဲ့သလိုပင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းနီးပါးခန့်ရှိ၏။ သို့ပေမဲ့ လက်ရှိတည်ရှိနေသည့် နေရာတွင် လူပေါင်း ငါးဆယ်နီးပါးခန့်ရှိ၏။ တစ်ယောက်သည် စိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းပေးသည်ဆိုပါက စိတ်ဝိညာဉ်ကျောက်တုံး သန်းငါးဆယ်ရမှာဖြစ်၏။
“မဆိုးဘူးပဲ”
သိုလှောင်လက်စွပ်ထဲတွင် ရှိနေသည့် တောင်လောက်ကြီးမားသည့် ကျင့်ကြံခြင်းအရင်းအမြစ်များကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်၏။ ပြီးနောက် သူသည် ဟုန်ထျန်းညိုဆီသို့ လှမ်းလျှောက်လာကာ ပြောလိုက်သည်။ “စောနကပြောတဲ့ တိုက်ခိုက်ရေးတည်နေရာဆိုတာက ဘယ်နေရာမှာလဲ။ ကျုပ်တို့ ဝိညာဉ်နယ်မြေထဲကို ဝင်လို့ရနိုင်လား”