အခန်း ၁၇၀၆
Vol. 115 Ch. 1706
အပိုင်း (၁၇၀၆)
အင်ပါယာ မိုးကောင်းကင်နယ်မြေတွင် လူသူကင်းရှင်းလွန်းလှသော လွင်တီးခေါင်ကဲ့သို့ တည်နေရာကြီး တစ်ခုတည်ရှိနေခဲ့၏။ လွန်ခဲ့သည့် အချိန်အနည်းငယ်တုန်းက ဤတည်နေရာကြီးသည် အမဲရောင် အလင်းတန်းများနှင့် ထွန်းတောက်လျက်ရှိနေပြီး တခြားသောတည်နေရာများဆီသို့ သွားလာနိုင်သည့် တည်နေရာ လေဝဲကြီးတစ်ခုက ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။
ပထမတုန်းက များပြားစွာသော ကျင့်ကြံသူများသည် ရတနာတစ်ခုခုဖြစ်တည်လာသည်ဟု တွေးထင်လိုက်မိ၏။ ထိုနေရာဆီသို့ သွားရောက်ကာ ရှာဖွေသည့်အချိန်မှာတော့ ဆန်းကြယ်လွန်းလှသည့် အင်ပါယာ ဝိညာဉ်မျိုးနွယ်များနှင့်တွေ့ဆုံခဲ့ရသည်။
နှစ်ဘက်သားသည် အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်တည်ခဲ့၏။ ဤအရာသည် မျိုးနွယ်စုနှစ်ခုအကြား နှစ်ပေါင်းများစွာ ကြာအောင် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲကြီးတစ်ခုဟုလည်း သတ်မှတ်နိုင်၏။
ထိုတည်နေရာကြီးသည် အသက်ရှင်လျက်နှင့် ထွက်ခွာသွားနိုင်စွမ်း မရှိသည့် အလွန်ကြီးမားလှသည့် တိုက်ပွဲတည်နေရာကြီးတစ်ခုကို ဖန်တီးပြုလုပ်နိုင်သည့် တည်နေရာဟုလည်း ပြောဆိုနိုင်သည်။ ဂြိုဟ်နှစ်ခုကြားသည် ဤတည်နေရာတွင် ငြိမ်ငြိမ်သက်သက်နှင့် မနေနိုင်ကြချေ။ ငြိမ်ငြိမ်သက်သက်နှင့် စကားပြောဆို၍လည်း မရနိုင်ကြချေ။
အကြောင်းအရာသည် ရိုးရှင်းလွန်းလှ၏။ ပတ်ဝန်းကျင်တည်နေရာကြီးသည် လွတ်လပ်သောတိုက်ပွဲ တည်နေရာကြီးတစ်ခု ဖြစ်သည်ဆိုသော်လည်း များပြားလှသည့် သိုင်းပညာအရင်းအမြစ်များ တည်ရှိနေသော ကြောင့်ပင်။ အထူးသဖြင့် ပထမတန်းစား စိတ်ဝိညာဉ်ကျောက်တုံးများသည် အလွန်ပေါကြွယ်စွာ တည်ရှိနေသည်။
မှန်ပေသည်။ ကျွင်းချောင်ရှောင်းသည် ကုန်းပိုင်ယု နှင့် တခြားသောသူများဆီမှ ရရှိခဲ့သည့် အရင်းအမြစ် တော်တော်များများသည် ဤလွတ်လပ်သော တိုက်ပွဲတည်နေရာနယ်မြေဆီမှ ရရှိလာခဲ့ခြင်းပင်။
ဤတိုက်ပွဲတည်နေရာဆီသို့ သွားရောက်ရာ လမ်းပေါ်ပေါက်လာခြင်းသည် အင်ပါယာ မိုးကောင်းကင်နယ်မြေ အတွက် ကောင်းချီတစ်ခုဟုလည်း သတ်မှတ်နိုင်သည်။ သူတို့၏ နယ်မြေသည် ကြီးမားသည် ဆိုသော်လည်း ယခင်က ယခုလောက် စိတ်ဝိညာဉ်စွမ်းအင်နှင့် ဓာတ်သဘာဝများ ပြည့်နှက်သည် မဟုတ်ပေ။ တည်နေရာလေဝဲကြီး စတင်ဖြစ်ပေါ်လာပြီးသည့်နောက် ဆန်းကြယ်လှသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် တစ်ဖက်ခြမ်းဆီမှ တစ်ဖြည်းဖြည်း ဝင်ရောက်လာခဲ့သောကြောင့်ပင်။
ထို့အပြင် အားကောင်းလွန်းသော စိတ်ဝိညာဉ်စွမ်းအင်များ ပေါများစွာတည်ရှိနေသောကြောင့် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများသည် စတင်ကာ ဖြစ်တည်လာခဲ့သည်။ ပြီးနောက် မိုင်းတွင်းများ တစ်ခုပြီးတစ်ခု ပေါ်ပေါ်လာခဲ့သည်။
ဂြိုဟ်ထဲတွင် ဖြစ်တည်လာခဲ့သည့် စိတ်ဝိညာဉ်ကျောက်တုံးများသည် မတူညီသည့် အရည်အသွေးဖြင့် တည်ရှိနေ၏။
တစ်စုံတစ်ယောက်သည် များပြားပြီး အရည်အသွေး မြင့်မားသော စိတ်ဝိညာဉ်ကျောက်တုံးများကို ပိုင်ဆိုင်ချင်သည်ဆိုပါက လွတ်လပ်သော တိုက်ပွဲနယ်မြေထဲသို့ သွားရောက်ရမှာဖြစ်ပြီး ထိုတည်နေရာကို ဝင်ရောက်ပြီးနောက် အလုံးစုံသော စွမ်းအင်ကိုထုတ်ဖော်ပြသကာ ထိုအရာများကို ရယူရပေမည်။
ဂြိုဟ်နှစ်ခုသည် ပြင်းပြင်းထန်ထန်နှင့် တိုက်ခိုက်လျက်ရှိနေသည်ဆိုသော်လည်း တစ်ချိန်တည်းမှာပင် မိုင်းတွင်းများကို တူးထုတ်လျက်ရှိ၏။ သို့ပေမဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများကို အလုံးစုံ တူးမထုတ်နိုင်ခဲ့ချေ။ လာရောက်သည့်သူများ အားလုံးပင် တူးထုတ်ရင်း မောပန်းနွမ်းနယ်သည့် ခံစားချက်ကို ရရှိစေသည်အထိ အရင်းအမြစ်များသည် ပေါကြွယ်လွန်းလှ၏။
သိုင်းကျင့်ကြံသူများအတွက် တန်ဖိုးထားရသည့်အရာများသည် အရင်းအမြစ်ဟုပင် သတ်မှတ်နိုင်သည်။
အင်ပါယာမိုးကောင်းကင်နယ်မြေနှင့် အင်ပါယာဝိညာဉ်နယ်မြေတို့သည် အဘယ့်ကြောင့် ထိုသို့သောအရာကို လက်လွှတ်အရှုံးပေးရမည်နည်း။ သူတို့သည် လုံးဝအရှုံးပေးလိမ့်မည် မဟုတ်ချေ။ လိုချင်သည်ထက် ထမ်မံကာ လိုချင်လာခဲ့ကြ၏။ ရလေလိုလေ အို တစ္ဆေဟုပင် ဆိုရိုးရှိသည်မဟုတ်လား။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ အရင်းအမြစ်များအတွက် တစ်ဖက် နှင့်တစ်ဖက် တိုက်ခိုက်ကြလေ၏။
…….
ကျွင်းချောင်ရှောင်းသည် လွတ်လပ်သော တိုက်ပွဲနယ်မြေအကြောင်းကို ကုန်းပိုင်ယုဆီမှ သိရှိပြီးသည့် နောက်မှာတော့ နှင်းဆီဧကရီကို ခေါ်ဆောင်ကာဖြင့် ဤလွင်တီးခေါင် နယ်မြေဆီသို့ လှမ်းလာခဲ့၏။ ပြီးနောက် သူသည် အံ့အားသင့်စွာဖြင့်မေးလိုက်မိသည်။ “အဲလောက်တောင် မှော်ဆန်လွန်းတာလား”
ဂြိုဟ်နှစ်ခုသည် နှစ်ပေါင်းများစွာကြာအောင် တိုက်ခိုက်နေသည် ဆိုသည့်အကြောင်းအရာကို သူ ဂရုမစိုက်ချေ။ ထို့အတူ လူပေါင်းဘယ်လောက်များများ သေဆုံးခဲ့သည်ဆိုသည့်အကြောင်းကိုလည်း ဂရုမစိုက်ပေ။
သူဂရုစိုက်သည်မှာ လွတ်လပ်သော တိုက်ပွဲနယ်မြေကြီးတွင် လုံလောက်သည့် စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေပြီး အဆုံးမဲ့သည့် စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုအောက်တွင် ဆန်းကြယ်လွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများ တည်ရှိနေသည်ဆိုခြင်းပင်။ အထက်နယ်မြေတွင် ထိုကဲ့သို့သော အရာများ မရှိချေ။ ထိုအတူ သူ၏ ကိုယ်ပိုင်ဂိုဏ်းတွင်လည်း ထိုကဲ့သို့သော အရာမျိုးမရှိချေ။
စနစ်ကပြောလိုက်၏။ “လောကကြီးကအရမ်းကို ကြီးမားလွန်းလှတယ်လေ၊ ဆန်းကြယ်တဲ့အရာတွေဆိုတာ နေရာအနှံ့ပဲ၊ လက်ခံသူတွေနဲ့ အရမ်းကြီး အံ့အားသင့်စရာ မလိုဘူးလို့ထင်တယ်”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ပွက်သပ်ကာ ပြောလိုက်သည်။ “ဒီနေရာက လွတ်လပ်တဲ့ တိုက်ပွဲနယ်မြေလို့ ခေါ်တယ်ဆိုတော့ အင်ပါယာမိုးကောင်းကင် နယ်မြေ နဲ့ အင်ပါယာဝိညာဉ်နယ်မြေတို့ ပိုင်ဆိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဒီတော့ ငါ့အနေနဲ့ အထဲမှာ ရှိတဲ့ မိုင်းတွင်းတွေကို ရှာဖွေ ရယူနိုင်တယ်”
ပထမအဆင့်မီးကျောက်၏ ဓာတ်သဘာဝများသည် အလွန်တရာ ရိုးရှင်းလွန်းလှ၏။ ထိုအရာသည် လောင်စာအဖြစ်သာ အသုံးပြုရန် သင့်တော်သည်။ ပထမအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများမှာတော့ အထက်နယ်မြေ၏ အင်မော်တယ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးထက်ပင် ပိုမို၍ အားကောင်းလျက်ရှိ၏။ ထို့ကြောင့် ကျင့်ကြံရာတွင် အလွန်သင့်တော်လွန်းလှ၏။ သူ့အနေနှင့် ပိုမိုကာ လိုချင်မိ၏။
“အင်း”
စနစ်သည် သက်ပြင်းချလိုက်သည်။ “လွတ်လပ်တဲ့တိုက်ပွဲနယ်မြေဆိုတာကတော့ ဒုက္ခရောက်တော့မှာပဲ”
လမ်းတစ်လျောက်မှာတော့ နှင်းဆီဧကရီသည် မည်သည့်စကားတစ်ခုကိုမှ မဆိုချေ။ သူမသည် တိုက်ပွဲနယ်မြေ ဆိုသည်ကို ဂရုမစိုက်သလို၊ မိုင်းတွင်းကိုလည်း ဂရုမစိုက်ချေ။ သူမ ဂရုစိုက်သည်မှာ အင်ပါယာဝိညာဉ်နယ်မြေနှင့် သူတို့၏ ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးတို့သည် တူညီသည့် မူလအရင်းအမြစ် ဆီမှ ဖြစ်တည်လာခဲ့သည်လားဆိုသည့် အကြောင်းအရာပင်။
ဆိုလိုသည်မှာ သူမတို့၏ နယ်မြေရှိ ရှေးဘိုးဘေးများသည် အင်ပါယာဝိညာဉ်နယ်မြေဆီမှ ရွေ့ပြောင်းကာ ရောက်ရှိလာခဲ့သည့်လူများ ဖြစ်နေသည်လား။ ထို့အပြင် အပြာရောင်ဝိညာဉ်၊ အမည်းရောင်ဝိညာဉ်တို့ အပြင် တဖက်လူများ ပြောဆိုခဲ့သည့် အကြောင်းအရာများ တည်ရှိနေသေး၏။ ထိုအရာသည် သွေးအမျိုးအစား၏ သန့်စင်မှုကို ကိုယ်စားပြုနေသည်လား မသိချေ။
ထိုအရာကို တွေးကြည့်ပြီးသည့်နောက် နှင်းဆီဧကရီ၏ မျက်နှာသည် စိုးရိမ်ပူပန်မှုများနှင့် ဖြစ်တည်လာခဲ့၏။ သူတို့သည် သူမအား အစိမ်းရောင်ဝိညာဉ်ဟု ခေါ်ဆိုခဲ့၏။ ဤအရာသည် သာမန်ကျေးကျွန်အဆင့်ဝိညာဉ်ဟု ပြောဆိုခဲ့သေးသည်။
နှင်းဆီဧကရီ၏ မျက်နှာပေါ်ရှိ အမူအယာများသည် ထူးဆန်းလျက်ရှိနေသည်ကို ကျွင်းချောင်ရှောင်းက သိရှိ၏။ ထို့ကြောင့် မေးလိုက်၏။ “ခင်ဗျားဘာတွေ တွေးနေတာလဲ”
“အင်ပါယာဝိညာဉ်နယ်မြေထဲကို သွားသင့်ရဲ့လားဆိုတာကို စဉ်းစားနေတာလေ”
“ဘာတွေစဉ်းစားစရာ လိုအပ်နေလို့လဲ၊ မဖြစ်မနေသွားရမှာပေါ့”
ကျွင်းချောင်ရှောင်၏ အထင်အမြင်အရဆိုလျင် အင်ပါယာဝိညာဉ်နယ်မြေဆိုသည်မှာ ဝိညာဉ်မျိုးနွယ်ကုန်းမြေ တိုက်ကြီးနှင့် ပတ်သက်ဆက်နွယ်နေသည့် အရာပင်ဖြစ်ရပေလိမ့်မည်။ ထို့အပြင် ဝိညာဉ်လက်စွပ် ဆိုသည်ကလည်း သူမကို ကောင်းကောင်းကြီး ကူညီပေးနိုင်ခဲ့၏။ ထို့ကြောင့် ဤဂြိုဟ်ဆီသို့သာ သွားမည်ဆိုပါက ကျိန်းသေပေါက် အကျိုးကျေးဇူးကိုရရှိမှာ သေချာ၏။ တချို့သော သွေးမျိုးဆက်များ နိုးထသည့်အကြောင်းအရာမျိုးသည် ဖြစ်လာနိုင်သည်။
“ကျွန်မစိုးရိမ်နေတာက”
နှင်းဆီဧကရီသည် ခဏရပ်တန့်ကာဖြင့် ပြောလိုက်၏။ “အဲကိုရောက်သွားတဲ့ အချိန်မှာ ခွဲခြား ဆက်ဆံခံရမှာကို စိုးရိမ်တာပဲ”
အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် သူမ၏အစိမ်းရောင်ဝိညာဉ်ကို မြင်ရသည့်အချိန်မှာတော့ လှောင်ပြောင်ခဲ့၏။ ထို့ကြောင့် အင်ပါယာဝိညာဉ်နယ်မြေထဲသို့ ရောက်ရှိသွားသည့် အချိန်တွင် သူမသည် ပြင်းပြင်းထန်ထန်နှင့် ခွဲခြားဆက်ဆံခံရမည်ကို စိုးရွံ့နေမိသည်။
“ခင်ဗျားအနေနှင့် ပိုပြီးအားကောင်းလာစေဖို့အတွက်ဆိုရင် တခြားသူတွေရဲ့အထင်အမြင်တွေကို ဂရုစိုက်စရာ မလိုဘူး။ ကျုပ်တို့ အဲဒီကိုရောက်ပြီးတော့မှ ပြောကြတာပေါ့။ ကျုပ်သံမဏိအရိုးဂိုဏ်းကို တာဝန်ယူခဲ့တဲ့ အချိန်တုန်းက ကျုပ်ရဲ့အောက်မှာ တပည့်တစ်ယောက်တည်းရှိတယ်။ ဒါပေမဲ့ ကျုပ်က အားလုံးသောလူတို့ရဲ့ လှောင်ပြောင်ရှုံ့ချမှုတွေအောက်မှာ မားမားမတ်မတ်ရပ်ပြီး တဖြည်းဖြည်းခြင်း ပိုမိုအားကောင်းအောင် ကြိုးစားခဲ့ရတယ်”
ကျွင်းချောင်ရှောင်းသည် လုချင်းချင်းကို ခေါ်ဆောင်ကာဖြင့် ချင်းယန်မြို့တွင်ရှိနေသော ဂိုဏ်းတစ်ရာ လူသစ်စုဆောင်းပွဲသို့ ခေါ်ဆောင်သွားသည့် အဖြစ်အပျက်များကို ပြန်လည်ကာ စဉ်းစားနေမိ၏။ သို့ပေမဲ့ သူသည် အရေထူလွန်းလှ၏။ တခြားသောသူများ၏ လှောင်ပြောင်ကဲ့ရဲ့ ပြောဆိုနေသည့် အကြောင်းအရာများကို တစ်ချက်ကလေးမျှ လေးနက်သည်ဟု မစဉ်းစားခဲ့ချေ။
“လူတစ်ယောက်အနေနှင့် ချောမွေ့တဲ့လမ်းစဉ်တစ်ခုကို လျှောက်လှမ်းနိုင်ဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ။ ပြဿနာတွေကို ကြုံလာရတဲ့အချိန်မှာ ကျုပ်တို့က ထိပ်တိုက်ရင်ဆိုင်သင့်တယ်”
“...........”
နှင်းဆီဧကရီသည် စိတ်ထဲမှ ရေရွက်လိုက်၏။ ဘာလို့ သူအဲလောက်စကားတွေ အများကြီးပြောနေရတာလဲ။
“ဟုတ်ပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တကယ်လို့ တစ်စုံတစ်ယောက်က ခင်ဗျားကို ခွဲခြား ဆက်ဆံရဲတယ်ဆိုရင် ကျုပ် အဲဒီလူကို သတ်ပစ်မယ်”
နှင်းဆီဧကရီက ရပ်တန့်သွားမိ၏။ သူမသည် သူမယောကျ်ား၏ နောက်ကျောဘက်ကိုကြည့်ပြီး လုံခြုံသည်ဆိုသော စိတ်ခံစားချက်ကိုရရှိနေ၏။ နှလုံးသားတစ်ခုလုံးတွင် နွေးထွေးသွားခဲ့၏။ ပြီးနောက် သူမသည် နဖူးစပ်တွင်ရှိနေသော ဆံပင်များကို အသာသပ်တင်ကာဖြင့် ချိုသာစွာပြုံးလိုက်၏။ “ကျေးဇူးတင်ပါတယ်”
“နားလည်မှု မလွဲနဲ့”
ကျွင်းချောင်ရှောင်း၏ အမူအယာသည် အေးစက်သွားခဲ့၏။ ပြီးနောက် ပြောလိုက်၏။ “ကျုပ်က ခင်ဗျားကိုကူညီတာ ဂိုဏ်းအတွက်ပဲ”
“.........”
နှင်းဆီဧကရီသည် စိတ်ထဲမှ ရေရွက်လိုက်မိ၏။ “ဘယ်အချိန်ထိ ထွက်ပြေးနေဦးမှာလဲ။
“ကြောင်တောင်တောင် လုပ်မနေနဲ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သွားကြရအောင်”
“အင်း”
သူတို့နှစ်ယောက်သည် လမ်းတလျောက်မှာတော့ မည်သည့်စကားကိုမျှမဆိုကြချေ။ နှစ်နာရီလောက် ကြာမြင့်ပြီးနောက်မှာတော့ လွင်တီးခေါင်တည်နေရာကြီးဆီသို့ ရောက်ရှိလာ၏။ ထိုနေရာ၏ ကောင်းကင်ယံ အထက်တွင်တော့ အမဲရောင်လေဝဲကြီးတစ်ခု ဖြစ်တည်နေသည်ကို မြင်လိုက်ရ၏။
ဝှစ်... ဝှစ်.... ဝှစ်
ခဏလောက်ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ပျံသန်းသွားခဲ့၏။ ထိုလေဝဲကြီးသည် လွတ်လပ်သောတိုက်ပွဲနယ်မြေဆီသို့ ခေါ်ဆောင်သွားနိုင်သည့်အရာတစ်ခုဖြစ်ပြီး ထိုနေရာနှင့်အနီးအနားမှာတော့ အလယ်အလတ်အဆင့် ခံတပ်ကြီးတစ်ခုက တည်ရှိနေ၏။ အထဲသို့ဝင်ကြည့်သည့် မည်သူမဆိုသည် ထိုနေရာသို့သွားရောက်ကာ သတင်းပေးပို့ရပေလိမ့်မည်။
“ဘယ်သူလဲ”
ဂိတ်မျှော်စင်ကြီးရှေ့မှာတော့ သိုင်းကျင့်ကြံသူတစ်ယောက်သည် အလင်းတန်းတစ်ခု ပျံသန်းလာသည်ကို မြင်ရသည့်အချိန်မှာတော့ အသံကုန်ဟစ်ကာ အော်ဟစ်လိုက်၏။
“အရှေ့ဘက် ထန်ပြည်နယ်သို့သွားပြီး ကျမ်းစာ ပင့်တဲ့သူတွေပဲ”
အစောင့်အကြပ်များသည် တစ်ယောက်နှင့်တစ်ယောက်ကြည့်ရှု့လိုက်၏။ သူတို့သည် ထိုအရာကို မကြားဖူးခဲ့ကြချေ။
ဝှစ်...
ထိုအချိန်မှာတော့ ကျွင်းရှောင်ချောင်းနှင့် နှင်းဆီဧကရီတို့သည် ပျံသန်းလာပြီးသည့်နောက် ခံတပ်ဆီသို့ ဝင်ရန် ရည်ရွယ်ချက် မရှိကြချေ။ အစောကြီးထဲက သူတို့သည် ဤဂြိုဟ်ကြီး၏ ဓလေ့ထုံးစံကို နားလည်နေပြီးပြီ ဖြစ်၏။ ထို့ကြောင့် သူတို့သည် လွတ်လပ်သောတိုက်ပွဲနေရာကြီးသို့ သွားရန်သာ အာရုံစိုက်ခဲ့ကြ၏။
“မဟုတ်တော့ဘူး သူတို့က ခံတပ်ကို ချိုးဖြတ်ပြီးသွားတော့မှာပဲ။ မြန်မြန်..မြန်မြန်.. သူတို့ကို တားကြတော့၊ တားကြတော့”
ဝှစ် ဝှစ်
ချက်ချင်းပဲ ချပ်ဝတ်များ ဝတ်ဆင်ထားခဲ့သည့် စစ်သည်များသည် ခံတပ်ထဲမှ ပျံသန်းထွက်လာကြ၏။ ၎င်းတို့အားလုံးသည် အရှေ့ဆီသို့ လျင်မြန်စွာတိုးလာခဲ့သည့် လူစိမ်းနှစ်ယောက်ကို တားမြစ်ရန် ကြိုးစားကြသည်။
“ထွက်သွားစမ်း”
ကျွင်းချောင်ရှောင်းသည် လက်ကို အသာယမ်းခါလိုက်ပြီးသည့်နောက် ကောင်းကင်ယံအထက်တွင် ကောင်းကင်လက်ဝါးရိုက်ချက်က ဖြစ်တည်လာခဲ့၏။ ချက်ချင်းပင်ဆိုသလိုပင် လမ်းတစ်လျောက်တွင် ရှိနေသည့် စစ်သည်ပေါင်းရာချီတို့သည် နောက်ဘက်သို့ လွင့်စဉ်ကုန်၏။
ဘုန်း..ဘုန်း..ဘုန်း..
လက်ဝါးရိုက်ချက်ကြီးသည် ကျဆင်းလာပြီးသည့်နောက်မှာတော့ မြေပြင်တည်နေရာကြီးတစ်ခုလုံးသည် လက်ငါးချောင်းရာကြီးပင်ထင်ကျန်နေခဲ့၏။ ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ခံတပ်ထဲတွင် ရှိနေသည့် စစ်သည်များသည် ထပ်မံကာမတိုက်ခိုက်ရဲကြတော့ချေ။ ၎င်းတို့သည် ကြက်သီးမွှေးညင်းများပင် ထလျက်ရှိသည်။
ဤလူ - ဤလူသည် အလွန်ပင်အားကောင်းလွန်း၏။
ကျွင်းချောင်ရှောင်း အနေဖြင့် မည်သူကိုမျှမသတ်ဖြတ်ဘဲ လွတ်လပ်သောတိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်ရန်ဆန္ဒရှိ၏။ မဟုတ်ပါက လမ်းတစ်လျောက်တွင်ရှိနေသော စစ်သည်တော်များအားလုံးသည် သေဆုံးခြင်းကိုရောက်ရှိရုံသာမက ထားရှိခဲ့သော ခံတပ်ကြီးတစ်ခုလုံးပင်လျှင် ဖျက်ဆီးခံရမှာသေချာသည်။
သူသည် အတားအဆီးအကာအကွယ်များကို ချိုးဖျက်ပြီးသည့်နောက်မှာတော့ လေဝဲကြီးနားဆီသို့ ရောက်ရှိလာ၏။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို အသာလှမ်းဆွဲကာဖြင့် ချက်ချင်းပဲ နက်မှောင်လျက်ရှိနေသည့် လေဝဲကြီးထဲသို့ ဝင်ရောက်လိုက်သည်။
ဖြစ်စဉ်တစ်ခုလုံးသည် လျှပ်ပျက်သလို မြန်ဆန်လွန်းလှ၏။ အနောက်ဘက်သို့ လွှင့်စင်သွားခဲ့သော စစ်သည်များအားလုံးသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည့် အချိန်မှာတော့ ထိုနှစ်ယောက်တို့သည် လေဝဲထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့တော့၏။
“ချီးထဲမှ..... အဲလူတွေက ဘယ်သူတွေလဲ”
စစ်သည်များသည် အံ့အားသင့်လို့နေခဲ့၏။ အားလုံးသော သူတို့သည် မြေပြင်ပေါ်သို့ ငုံ့ကာကြည့်လိုက်သည့် အချိန်မှာတော့ လက်ငါးချောင်းရာကြီးနှင့်အတူ ‘လူချော’ ဟူသော စာတန်းကိုရေးထိုးထားသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုက တည်ရှိနေသည်။
၎င်းတို့အားလုံးသည် စိတ်ထဲမှာ ရေရွတ်လိုက်၏။ “ဒီလူက ကြောင်တောင်တောင်ကောင်ပဲနေလိမ့်မယ်”