အခန်း ၁၇၀၇
Vol. 115 Ch. 1707
အပိုင်း (၁၇၀၇)
အင်ပါယာမိုးကောင်ကင်နယ်မြေနှင့် အင်ပါယာဝိညာဉ်လောက နှစ်ခုလုံးတွင် နက်မှောင်သည့် လေဝဲကြီး တည်ရှိ နေ၏။ ထိုအရာသည် လွတ်လပ်သော တိုက်ပွဲနယ်မြေနှင့် ချိတ်ဆက်နေသည်။ ပြောရမည်ဆိုလျှင် ဤအရာသည် ဂြိုဟ်ကြီးတစ်ခု သက်သက်မျှသာဖြစ်သည်။
ဆန်းကြယ်လွန်းလှသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပြည့်နှက်လျက် ရှိနေပြီး လောကကြီးတစ်ခုလုံးတွင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်ဝနေခဲ့၏။ ချိတ်ဆက်လျက်ရှိနေသည့် ဂြိုဟ်နှစ်ခုထက် အဆပေါင်းများစွာ အားကောင်းလွန်းလှသော ဓာတ်သဘာဝများ တည်ရှိနေခြင်းပင်။
သို့ပေမဲ့ တူညီသည့်အရာတစ်ခုသည် အလွန်တရာ ထူးဆန်းလှချေသည်။ သိုင်းကျင့်ကြံသူများသည် အထဲတွင် ရှိနေသော ဓာတ်သဘာဝများနှင့် ဖြစ်တည်လာသော စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြု၍ ရသည်ဆိုသော်လည်း အထဲရှိ ကြီးကြီးမားမား ပျံ့နှံ့နေသည့် စိတ်ဝိညာဉ်စွမ်းအင်များကိုတော့ စုပ်ယူအသုံးပြု၍မရချေ။ ဤအရာမှာ ထူးဆန်းလွန်းလှသည်။
အင်ပါယာမိုးကောင်းကင်နယ်မြေနှင့် အင်ပါယာဝိညာဉ်နယ်မြေမှ လူများသည် ထိုအရာကို တောက်လျှောက် ဆိုသလိုပဲ လေ့လာလျက်ရှိ၏။ သို့ပေမဲ့ မည်သည့်အကြောင်းအရာကြောင့် ထိုသို့ဖြစ်မှန်း နားမလည်နိုင်ခဲ့ကြချေ။ ကောင်းကင်နှင့် မြေကြီး၏ဓာတ်သဘာဝများကို စုပ်ယူနိုင်စွမ်း မရှိသည့် ပြဿနာကို မဖြေရှင်းနိုင်ဘူး ဆိုသော်လည်း မျိုးနွယ်ကြီးနှစ်ခုကြားတွင် ဖြစ်ပေါ်နေသည့် စစ်ပွဲကြီးမှာတော့ ရပ်တန့်၍ မသွားခဲ့ကြချေ။
ဤတည်နေရာကို ရယူနိုင်ရန်အတွက် တစ်ဖက်နှင့်တစ်ဖက် အပြင်းအထန် တိုက်ခိုက်လျက် ရှိနေကြသည်။ ဤအရာသည် အရင်းအမြစ်နှင့် လောက၏ ဓာတ်သဘာဝများ ဖြစ်နေသည် မဟုတ်ပါလား။ မည်သူသည် ဤကဲ့သို့ ကောင်းမွန်လှသည့်အရာကြီးတစ်ခုကို လက်လွှတ်ဆုံးရှုံးခံနိုင်မည်နည်း။
သူတို့ကို မပြောနှင့်။ ဤနေရာ၏ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် အင်ပါယာမိုးကောင်းကင် နယ်မြေထက် ပိုမို၍ အားကောင်းကြောင်း ခံစားမိသော ကျွင်းချောင်ရှောင်းပင်လျှင် သက်ပြင်းချကာ ပြောလိုက်မိ၏။ “အထက် နယ်မြေက ဒီအရာနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ဘာမှမဟုတ်တော့ဘူး”
ကံဆိုးစွာဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်မှုသည် မိုင်တစ်ထောင်အကွာအဝေးအတွင်းသာ ရှိနေသည်။
“ဒါက ပြဿနာကြီးတစ်ခု မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းက တွေးလိုက်၏။ “ဒါတွေအကုန်လုံးကို ရယူသွားဖို့ ကြိုးစား ရမှာပဲ”
“လက်ခံသူအနေနဲ့ စကြဝဠာတစ်ခုလုံးကို ခရီးသွားလာဖို့ အစီအစဉ် မရှိဘဲ ဒီမှာ အခြေချတော့မလို့လား”
“အင်း... ငါ ဒါကို တွေးနေတုန်း”
လွတ်လပ်သော တိုက်ပွဲနယ်မြေကြီးသည် အလွန် ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤနေရာတွင် နေထိုင်ရန်အတွက်တော့ မစဉ်းစားထားချေ။ ဤနေရာသို့ ရောက်ရှိ လာခဲ့ခြင်းမှာ ရည်ရွယ်ချက် နှစ်ခုရှိ၏။ တစ်ခုသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများကို ရှာဖွေရန်ဖြစ်ပြီး တခြားသောတစ်ခုမှာတော့ ဤတည်နေရာသည် အင်ပါယာဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်နိုင်သောကြောင့်ပင်။
အချက်အလက်အားဖြင့် အင်ပါယာမိုးကောင်းကင်နယ်မြေ နှင့် အင်ပါယာဝိညာဉ်နယ်မြေတို့သည် တူညီသည့် နာမည်ပုံစံမျိုး တည်ရှိနေသည်ဆိုသော်လည်း အိမ်နီးချင်းများတော့ မဟုတ်ကြချေ။ တိုက်ပွဲတည်နေရာကြီးနှင့် ချိတ်ဆက်ထားသောကြောင့် နီးစပ်နေခြင်းသာဖြစ်သည်။
“ယောက်ျား”
နှင်းဆီဧကရီက ပြောလိုက်၏။ “ကျွန်မတို့ ဘာလုပ်ကြမလဲ”
“တခြား ဘာလုပ်ကြမလဲ”
ကျွင်းချောင်ရှောင်းသည် ပခုံးကို တွန့်လိုက်၏။ ပြီးနောက် သူမကို အသာလှမ်းဆွဲကာ ကောင်းကင်ပေါ်သို့ ပျံတက်လိုက်၏။ “ပြေးရတော့မှာပေါ့”
အချက်အလက်အားဖြင့် ၎င်းတို့နှစ်ယောက်သည် နက်မှောင်နေသော လေဝဲကြီးအတွင်းမှ လွတ်လပ်သော တိုက်ပွဲ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့၏။ တည်နေရာတစ်ခုလုံးတွင် အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ ဆောက်လုပ်ထားသည့် ခံတပ်များ တည်ရှိနေ၏။ ထို့အပြင် များပြားလှသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း ဤနေရာတွင် တည်ရှိလို့နေခဲ့သည်။ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် အသစ်ရောက်ရှိလာသူ များသည် ခွင့်ပြုချက်ကို ရယူရမှာဖြစ်သည်။
“ဘာကိုစောင့်နေတာလဲ။ ပြေးကြမယ်လေ”
များပြားလွန်းကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့ နှစ်ယောက်အား ဝန်းရံလိုက်ပြီးသည့်နောက် အခြေအနေတစ်ခုလုံးသည် တင်းမာသွားခဲ့၏။
“ရော့” ကျွင်းချောင်ရှောင်းသည် စာရွက်တစ်ရွက်ကို လှမ်းကာပစ်ပေးလိုက်၏။ ဤနေရာကို တာဝန်ယူထားလျက် ရှိသော သိုင်းကျင့်ကြံသူများသည် လူချော ဟူသောစာတမ်းပါသည့် စာရွက်ကို ဖတ်ရှုလိုက်သည့် အချိန်မှာတော့ ကြောင်အသွားခဲ့သည်။ ၎င်းတို့ သတိဝင်လာသည့်အချိန်မှာတော့ ကုန်းရှန့်သည် ခပ်ဝေးဝေး တည်နေရာဆီသို့ပင် ရောက်ရှိနေပြီဖြစ်သည်။
“သူတို့နောက်ကို လိုက်ကြ၊ မလွတ်သွားစေနဲ့”
ဝှစ် ဝှစ်
ချက်ချင်းပဲ သိုင်းကျင့်ကြံသူတစ်သောင်းကျော်တို့သည် ခံတပ်ထဲမှ ထွက်ပေါ်လာခဲ့ကြ၏။ အရှိန်အဟုန်နှင့် အခြေအနေတစ်ခုလုံးသည် တကယ်ကို တင်းမာပြီး ကြမ်းတမ်းလို့ လာခဲ့သည်။ လူပေါင်းများစွာတို့ ၎င်းတို့ဆီ ပြေးလာသည်ကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိသည်။
“အဲလောက်ကြီး လုပ်ဖို့ လိုလို့လားကွာ”
အင်ပါယာမိုးကောင်းကင်နယ်မြေတွင် တိကျရှင်းလင်းသော စည်းမျဉ်းတစ်ခုက တည်ရှိလို့နေခဲ့၏။ ဤလွတ်လပ်သောနယ်မြေဆီသို့ ရောက်ရှိလာသည့် လူတစ်ယောက်အနေဖြင့် သတင်း ပေးပို့ရန် လိုအပ်နေ၏။ ဤတည်နေရာသို့ ရုတ်တရက်ဝင်ရောက်လာသည့်လူများသည် ကျိန်းသေပေါက် အပြစ်ပေး ခံရမည့်လူများပင် ဖြစ်၏။
သို့ပေမဲ့ ကုန်းရှန့်၏ လက်ရှိအားအင်အဆင့်သည် အထက်နယ်မြေတစ်ခုလုံးတွင် အားကောင်းလှသည် မဟုတ်သော်လည်း ပြေးလွှားသည့်နေရာတွင်တော့ တကယ်ပင် အားကောင်းလွန်းလှ၏။ သူ၏ တစ်ဒဿမ သုံးမီတာ ရှည်လျားလွန်းသော ခြေတံရှည်များသည် ဤနေရာတွင် အသုံးဝင်လွန်းလှသည်။
ဆွစ် ဆွစ်
သူသည် အားကုန်ထုတ်ကာ ပြေးလွှားလျက်ရှိ၏။ ချက်ချင်းဆိုသလိုပဲ အင်ပါယာမိုးကောင်ကင်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် လေထုထဲတွင် ကြောင်အအနှင့် ရပ်နေကြ၏။ အဘယ်ကြောင့်ဆိုသော် ကုန်းရှန့်သည် ပျောက်ကွယ်သွားပြီ ဖြစ်သောကြောင့်ပင်။ သူ့အနေနှင့် အမြီးကို မမြင်ရလောက်သည်အထိ မြန်ဆန်စွာ ပြေးလွှားသွားခဲ့ခြင်းဖြစ်ပြီး မည်သည့်နေရာသို့ ရောက်ရှိသွားမှန်း တွေးကြည့်၍ပင်မရကြချေ။
ကုန်းရှန့်၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ် မရှိသည်က ၎င်းတို့အတွက် ကံကောင်းခြင်းတစ်ခုဖြစ်ခဲ့၏။ အကယ်၍ ကုန်းရှန့်သာ ဓားကိုထုတ်၍ တိုက်ခိုက်မည်ဆိုပါက အားလုံးသောသူတို့သည် ငရဲပြည်သို့ ရောက်ရှိပြီး ငရဲမင်းကြီးနှင့် ထိပ်တိုက်တွေ့ဆုံနေရမှာ သေချာ၏။
.........
ဆွစ်
အလင်းတန်းနှစ်ခုသည် ကောင်းကင်ယံကို ဖြတ်သန်းသွားခဲ့၏။ အားလုံးသောသူများသည် ပါးစပ်အဟောင်းသား ကျန်ရစ်ခဲ့ကြသည်။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လုံခြုံသောတည်နေရာသို့ ရောက်ရှိလာပြီး ရပ်တန့်လိုက်၏။
သူသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။ “ကျုပ်နောက်ကိုလိုက်မယ်ဟုတ်လား။ ငယ်သေးတယ်”
“ယောက်ျား”
ရင်ခွင်ထဲတွင် တည်ရှိနေသည့် နှင်းဆီဧကရီသည် သူ၏ခေါင်းကိုမော့ကာဖြင့် တောက်ပသည့် မျက်လုံးအစုံဖြင့် ပြောလိုက်၏။ “ရှင့်ရဲ့ဆံပင်တွေက ကျွတ်ကျခဲ့ပြန်ပြီ”
ကျွင်းချောင်ရှောင်းသည် သူ၏ဦးခေါင်းကိုထိကာ ကိုင်လိုက်သည့်အချိန်မှာတော့ သူ၏ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဆံပင်တုကြီးက မရှိတော့ချေ။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်သည်။ “လေတိုက်လို့ ကျခဲ့တာပဲဖြစ်မယ်။ ကျုပ် အရမ်းအရမ်းကို ပြေးလိုက်လို့လေ။ နောက်တစ်ကြိမ်ကျရင်တော့ ဒါကို ကွာကျမသွားအောင် စူပါဂလူးနဲ့ ကပ်မှဖြစ်မယ်”
ဟား ဟား ဟား ဟား
စနစ်သည် မနေနိုင်ဘဲ ရယ်မောလိုက်မိတော့၏။ ခဏတာ ပျံသန်းပြီးသည့်နောက် လက်ခံသူသည် ရုတ်တရက် ခေါင်းတုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ ဤမြင်ကွင်းသည် အလွန်ပင် ရယ်ချင်စရာ ကောင်းလှ၏။
“မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာဖြင့် ပြောလိုက်သည်။ “ဒါကို ပြန်လှည့်ပြီး ပြန်ရှာမှဖြစ်မယ်”
စနစ်က ပြောလိုက်၏။ “ဒါက အရေးမကြီးပါဘူး။ ပြီးတော့ ဝယ်ဖို့အတွက် ကန့်သတ်ချက် ရှိနေတာလဲ မဟုတ်ဘူး။ ဘာလို့ ပြန်ရှာရမှာလဲ”
“မင်းဘာမှ မသိပါဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ခံစားချက်တစ်မျိုးပဲ”
“.........”
စနစ်သည် ဆွံ့အသွားမိ၏။ “မင်းဘာသာ ကပ်စေးနည်းတာကို အကြောင်းပြချက် ရှာမနေနဲ့တော့”
ဝှစ်
ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ထမ်းပိုးကာဖြင့် လာရာလမ်းအတိုင်း လှည့်ပြန်လိုက်၏။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ပြီးနောက် ကျွတ်ကျကျန်ခဲ့သော မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆံပင်တုကြီးကို လိုက်လံရှာဖွေနေမိသည်။
အဝေးတစ်နေရာသို့ ရောက်ရှိပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကြည့်ရှုလိုက်သည်။ ဆံပင်တုပြုတ်ကျခဲ့သော တည်နေရာကို ရှာတွေ့လိုက်၏။ သူသည် ချက်ချင်းပဲ ထိုနေရာဆီသို့ ရောက်ရှိလာပြီး အသာလှမ်းဆွဲရန် ပြင်လိုက်၏။
ဘုန်း
ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံး တုန်ခါသွားသည်။
ဝေါင်း
မြေဆီလွှာထဲမှ ကြီးမားလှသည့် ပါးစပ်ကြီးတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ ထိုအရာကို သဲမြေများကိုတင် စားသုံးခြင်းမဟုတ်ဘဲ ဆံပင်တုကြီးကို တစ်ခါတည်း မျိုချလိုက်လေ၏။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ရပ်တန့်ကာဖြင့် နှမျောတသစွာဖြင့် ပြောလိုက်သည်။ “ငါ့ …. ငါ့ရဲ့ဆံပင်တု”
ဂွပ် ဂွပ်
မွန်းစတားသားရဲကြီးသည် ပျော်ရွှင်စွာဖြင့် ထိုအရာကို တစ်ကိုက်တည်းကိုက်ကာ ဝါးမြိုလျက်ရှိသည်။ အရသာသည် ကောင်းမွန်သည့်အရာမဟုတ်ကြောင်း ခံစားမိပြီးနောက် ချက်ချင်းပဲ ပြန်လည် ထွေးထုတ်လိုက်၏။
တံတွေးများနှင့် ပြည့်နှက်လျက်ရှိနေသည့် သူ၏ဆံပင်တုကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင် ဒေါသထွက်သွားမိသည်။ “ငါ မင်းကို သတ်ပစ်မယ်”
ဝှစ်
နှင်းဆီဧကရီသည် ရုတ်တရက် ရောက်ရှိလာခဲ့သည်။ ကုန်းရှန့်သည် ဒေါသတကြီးဖြင့် ပခုံးထက်သို့ ၎င်း၏ RBG လောင်ချာကြီးကို တင်ကာ ကြီးမားလှသည့် ပါးစပ်ကြီးနှင့် သားရဲကြီးအား တဘုန်းဘုန်း ပစ်ခတ်လျက်ရှိ၏။
ဒုန်း ဒုန်း ဒုန်း
ခဏလောက်ကြာပြီးသည့်နောက် ကောင်းကင်ယံထက်တွင် လက်နက်ပစ်ခတ်ခြင်း၏ အငွေ့အသက်များ ပြည့်နှက်နေတော့သည်။
“……..”
စနစ်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။ “ဘယ်လိုဖြစ်ပြီးတော့ ဂိုဏ်းစုဆောင်းမှတ် တစ်ထောင်ကျော်လောက် အသုံးပြုရတဲ့ ဆံပင်တုအတွက် လက်နက်ကြီးကို ထုတ်ပစ်နေရတာလဲ”
RBG လောင်ချာကြီးသည် ပစ်ခတ်၍ ရနိုင်သည့်အရာ ဖြစ်သည်ဆိုသော်လည်း အဆင့်မြှင့်သလင်းအမြူတေများနှင့် ကျည်ဆံထည့်သွင်းရသည့်အရာလည်းဖြစ်၏။ အားအင်အဆင့်သည် အလွန်ပင် ကောင်းမွန်လွန်းလှသည်။ အချိန်ခဏတာ ကြာပြီးသည့်နောက် မြေပြင်တွင် ကြီးမားသည့်တွင်းကြီးတစ်ခုက ဖြစ်တည်လာခဲ့၏။
လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်းအတွက် သလင်းအမြူတေဆိုသောအရာသည် အသုံးဝင်သည့်အရာ မဟုတ်တော့ချေ။ သို့ပေမဲ့ သူသည် ပါးစပ်အကြီးကြီးနှင့် အကောင်ကြီးအား ဆံပင်တုတစ်ခုအတွက်နှင့် ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်လျက် ရှိနေသည်။
ဆွစ်
တဘုန်းဘုန်းနှင့် ပစ်ခတ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် RBG လောင်ချာကြီးကို ပြန်လည်ကာ သိမ်းဆည်းလိုက်၏။ ပြီးနောက် ချက်ချင်းပဲ ဘယ်လက်တွင် နဂါးစိမ်းလခြမ်းဓားမော့ကြီးကိုကိုင် ညာလက်တွင် အင်မော်တယ်ဓားကို ကိုင်ကာဖြင့် တစ်ဖက်သတ္တဝါကြီးဆီသို့ ခုန်ဝင်သွားပြီး အားရပါးရ ခုတ်ပိုင်းရန် ပြင်ဆင်တော့၏။
“ရူးနေပြီပဲ”
စနစ်သည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိသည်။ “လက်ခံသူက ရူးနေပြီပဲ”
“ချီးတဲ့မှ”
ကျွင်းချောင်ရှောင်းသည် အထဲသို့ ခုန်ဝင်ပြီးသည့်နောက်မှာ မြေပြင်တစ်ခုလုံးသည် ကြီးမားလှသည့်တွင်းကြီးတစ်ခု ဖြစ်တည်နေသည်ကို မြင်ရ၏။ ထိုအထဲတွင်လည်း နောက်ထပ်တွင်းကြီးတစ်ခုက တည်ရှိလို့နေခဲ့ပြီး ကြီးမားလှသည့် ပါးစပ်ကြီးနှင့် သားရဲသည် ထိုအထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားခဲ့၏။
“အား………”
သူသည် ရုတ်တရက် အော်ဟစ်လိုက်၏။ “မင်း ထွက်ပြေးလို့ မရဘူး။ မင်း ငါနဲ့ တွေ့ပြီပဲ”
ပြောပြီးသည့်နောက်မှာတော့ သူသည် ထိုတွင်းကြီးထဲသို့ ခုန်ဝင်ကာဖြင့် အနောက်မှ လိုက်ပါသွားခဲ့သည်။ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆံပင်တုသည် သူ့အား ကောင်းမွန်လွန်းသည့် ခံစားချက်ကို ပေးစွမ်း၏။ ထို့ကြောင့် သူသည် ထိုဆံပင်တုအတွက် တောက်လျှောက် တိုက်ခိုက်သတ်ဖြတ်ရန် စဉ်းစားထားခဲ့သည်။
……….
တွင်းကြီးသည် အလွန်ပင် နက်နဲပြီး မှောင်မဲလွန်းလှ၏။ ဒေါသတရားများနှင့် ပြည့်နှက်လျက် ရှိနေသည့် ကျွင်းချောင်ရှောင်းသည် တခြား ဘာကိုမှ ဂရုမစိုက်တော့ချေ။ အနောက်သို့လိုက်ပြီး တစ်ဖက်သတ္တဝါအား ပြင်းပြင်းထန်ထန် တိုက်ခိုက်သတ်ဖြတ်ရန် စိတ်ဆန္ဒများ ပြည့်နှက်လို့ နေခဲ့သည်။ သို့ပေမဲ့ အကွာအဝေးအနည်းငယ် လှမ်းလျှောက်လာပြီးသည့်နောက် လှိုဏ်ခေါင်းကြီးသည် တဖြည်းဖြည်း ကျဉ်းမြောင်းလာကြောင်းကို နားလည်လိုက်မိ၏။
ဆိုလိုသည်မှာ ပါးစပ်အကြီးကြီးနှင့် မွန်းစတားသားရဲကြီးသည် သူ၏ခန္ဓာကိုယ်ကို ကျုံ့ကာ အမြန်ဆန်ဆုံးနည်းဖြင့် အရှိန်တိုးကာ ထွက်ပြေးသွားခြင်းပင်။
ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် သူ၏ဓားမော့နှင့် ဓားကြီးကို အသာဝှေ့ယမ်းကာဖြင့် တွင်းများကို တူးဖော်၍ ချက်ချင်းနောက်မှ လိုက်ပါသွားခဲ့သည်။
ဒိန်း ဒိန်း ဒိန်း ဒိန်း
များပြားလှသော ကျောက်ရိုင်းတုံးများသည် မြေကြီးဆီမှ တူးထုတ်ပြီးသား ဖြစ်နေ၏။ လက်နက်နှင့် ထိုအရာများ ထိတွေ့သံသည် တောက်လျှောက်ဆိုသလိုပဲ ပေါ်ပေါက်နေ၏။ မီးပွင့်များပင် ထွက်ပေါ်လျက်ရှိ၏။
မကြာခင်မှာပဲ ကျွင်းချောင်ရှောင်းသည် လှိုဏ်ဂူတစ်ခုနှင့် တူညီသော တည်နေရာထဲသို့ လှမ်းဝင်လိုက်ပြီးသည့်နောက် အဆုံးတစ်နေရာတွင် ထွက်ပြေး၍ မရနိုင်သော ပါးစပ်ကြီးကြီးနှင့် သားရဲတစ်ကောင် ကို မြင်လိုက်ရသည်။
“စောက်ရူး … မင်းပြေးအုံးမှာလား” ပြောပြီးပြီးချင်းမှာပဲ ကုန်းရှန့်သည် ကြောင်အသွား၏။
အဘယ်ကြောင့်ဆိုသော် လှိုဏ်ခေါင်း၏အတွင်းဘက်နံရံတစ်ခုလုံးတွင် များပြားလွန်းလှသော စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိနေသောကြောင့်ပင်။ ပတ်ဝန်းကျင်တည်နေရာတစ်ခုလုံးသည် စိတ်ဝိညာဉ်ကျောက်တုံးများ တည်ရှိနေသောကြောင့် တောက်ပသည့်အလင်းတန်းများပင် ထွက်ပေါ်လျက် ရှိနေသည်။
“သောက်ကျိုးနည်း”