← Chapters

အခန်း ၁၇၀၉

Vol. 115 Ch. 1709

အခန်း ၁၇၀၉

Vol. 115 Ch. 1709

အပိုင်း (၁၇၀၉)

မှန်ပေ၏။ လောကနှစ်ခုဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် ခန့်မှန်းခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများအား တစ်စုံတစ်ယောက် ယူဆောင်သွားခဲ့၏။ ဘာတစ်ခုမှပင် မကျန်ခဲ့ချေ။

အချက်အလက်အရများအရ ပြောရမည်ဆိုလျင် ဤကဲ့သို့ ရုတ်တရက် မိုင်းတွင်းကြီး ပေါ်ပေါက်လာခြင်းသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်ဆက်နွယ်နေ၏။ အဘယ့်ကြောင့်ဆိုသော် ကြီးမားလွန်းလှသည့် ပါးစပ်ကြီးနှင့်သားရဲသည် အမှတ်မထင်ဆိုသလိုပဲ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်း၏ အတားအစည်းကို ချိုးဖျက်ကာဖြင့် အထဲသို့ ဝင်ရောက်ခဲ့၏။ ထို့ကြောင့်ပင်လျှင် အလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားခဲ့ခြင်းဖြစ်သည်။ ဤအရာမှာ ကံတရားပင်။

“ချီးတဲ့မှ.. ဘယ်လိုဖြစ်ပြီး ဒီထဲမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိရတာလဲ”

လောကနှစ်ခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် လေထုထဲတွင် ရပ်တန့်လျှက်ရှိပြီး ၎င်းတို့၏ အမူအယာများသည်လည်း နားဝေတိမ်တောင်ဖြစ်လျက်ရှိ၏။

အရင်တုန်းက ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို အခြေခံရမည်ဆိုလျှင် ဤကဲ့သို့သော သဘာဝ ပတ်ဝန်ကျင်ပြောင်းလဲမှု ဖြစ်နေသည်ဆိုပါက ကျိန်းသေပေါက် အထဲ၌ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းက တည်ရှိရပေလိမ့်မည်။ သို့ပေမဲ့ ယခုအချိန်မှာတော့ မိုင်းတွင်းအလွတ်ကြီးသာလျှင် ရှိသည်။

မည်သည့် စိတ်ဝိညာဉ်ကျောက်တုံးမှ မရှိသည်ကို အတည်ပြုပြီးသည့်နောက် သက်လတ်ပိုင်းလူသည် ဒေါသတကြီးပြောလိုက်၏။ “သွားကြမယ်.. သွားကြမယ်”

ဝှစ်...ဝှစ်...

အင်ပါယာဝိညာဉ်နယ်မြေမှ သိုင်းကျင့်ကြံသူ တစ်သောင်းကျော်တို့သည် ပျံသန်းထွက်ခွာသွားခဲ့ကြ၏။ အင်ပါယာမိုးကောင်ကင်နယ်မြေဆီမှ လူများသည် သူတို့အား မတားဆီးခဲ့ကြချေ။ သူတို့သည် လစ်လပ်လျက် ရှိနေသည့် မိုင်းတွင်းလွတ်ကြီးထဲတွင် မတ်မတ်ရပ်ပြီး သေသေချာချာ ကြည့်ရှု့နေကြ၏။ ပြီးသည့်နောက် စိတ်ပျက်လက်ပျက်နှင့် ထွက်ခွာသွားခဲ့ကြသည်။

မိုင်းတွင်းအတွက် နယ်မြေကြီးနှစ်ခုမှ လူများသည် တိုက်ခိုက်ခြင်းကို မပြုလုပ်လိုက်ရပေ။ မပြုလိုက်သည်ကမှ ကံကောင်းသေး၏။ အဘယ့်ကြောင့်ဆိုသော် အထဲမှာ ဘာမှ မရှိသောကြောင့်ပင်။

ထို့ကြောင့်ပင်လျှင် ကျွင်းချောင်ရှောင်းအနေနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိခဲ့သည်သာမက နယ်မြေကြီးနှစ်ခုကြား ဖြစ်ပွားမည့် တိုက်ပွဲကို ရပ်တန့်စေခဲ့ပြီး များပြားလှသော အသက်များကို ကယ်တင်ခဲ့သည်ဟု ဆိုရမည်။ ဤအရာသည် သူ၏ ကုသိုလ်တရားပင်ဖြစ်၏။

..........

ဟား ဟား ဟား, ဟား ဟား ဟား

တောင်ထွတ်တည်နေရာတစ်ခုပေါ်မှာတော့ ကုန်းရှန့်သည် သူ၏ မျက်နှာကို လက်ဖြင့် ဖုံးကာ ကာဖြင့် အားရပါးရ ရယ်မောနေ၏။ သူသည် သူ၏ ဆံပင်တုကြီးကို ဝတ်ဆင် မထားခဲ့ချေ။ ထို့ကြောင့် ဉီးခေါင်းသည် တောက်ပြောင်လျက်ရှိနေသည်။

ပျော်ရွှင်စွာနှင့် ရယ်မောနေခြင်းကို ကြည့်ရှုရမည်ဆိုလျှင် သူသည် ကျိန်းသေပေါက် အကျိုးအမြတ်များကို ရရှိပေလိမ့်မည်။ မိုင်းတွင်းတူးရသည့် လုပ်ငန်းစဉ်သည် အသေးစိတ်ဖော်ညွန်းစရာမလိုအပ်ဘူးဆိုသော်လည်း အချက်အလက်အားဖြင့် ကြီးမားလှသည့် မိုင်းတွင်းကြီးကို တူးထုတ်ပြီးသည့်နောက် ပထမအဆင့်စိတ်ဝိညာဉ် ကျောက်တုံးသန်းထောင်နှင့်ချီ၍ ရရှိခဲ့၏။

ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံး၏ မိခင်လည်း ပါဝင်လျက် ရှိနေသေး၏။ စိတ်ဝိညာဉ်ကျောက်တုံး မိခင်အကြောင်းကို ပြောရမည်ဆိုလျှင် ရွှမ်အဆင့် စိတ်ဝိညာဉ်ကျောက်တုံးနှင့် တာအိုအဆင့်စိတ်ဝိညာဉ် ကျောက်တုံးတို့၏ မိခင်ကျောက်တုံးအကြောင်းကိုလည်း ထပ်မံကာ ပြောရပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီမှ ထွက်ခွာလာခြင်း မတိုင်ခင် ဤနှစ်ခုအား ရွက်သင်္ဘောကြီး ပေါ်သို့ ယူဆောင်လာခဲ့၏။ အဓိကအားဖြင့် ဂိုဏ်းထဲမှာ ထားခဲ့သည်ဆိုပါက ခိုးခံရမည် စိုးရိမ်သော ကြောင့်ပင်။

“စနစ်”

ရယ်ပြီးသည့်နောက်မှတော့ ကျွင်းချောင်ရှောင်းသည် ခေါင်းကိုမော့ ရင်ကိုကော့ ကာဖြင့် ပြောလိုက်၏။ “ဒါကထိုက်တန်လား မထိုက်တန်ဖူးလား”

.............

စနစ်သည် ငြိမ်သက်သွားမိ၏။ လက်ရှိအခြေအနေမှာတော့ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသည့် ဆံပင်တုကြီးကို လိုက်လံရှာဖွေပြီးသည့်နောက် လက်ခံသူသည် ကြီးမားလှသည့် ပါးစပ်ကြီးနှင့် သားရဲကြီးကို အားရပါးရ ရိုက်နှက်ခဲ့၏။ သူသည် ထိုတုန်းကပင် ဘေးနားကနေ ပွစိ ပွစိနှင့် အပြစ်တင်ခဲ့ဖူး၏။ သို့ပေမဲ့ နောက်ဆုံးအချိန်မှာတော့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးတစ်ခုကို မထင်မှတ်ပဲရရှိခဲ့၏။ သေချာ ပေသည်။ စနစ်သည် ကျိန်းသေပေါက် ပါးပိတ်ရိုက်ခံရသည့် စနစ်ပင်ဖြစ်သည်။

“ဟင့်..ဒါက ကံတရားသက်သက်ပါ။ လက်ခံသူအနေနှင့် တခြား စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိလိမ့်မယ်လို့ ငါမထင်ဘူး”

“ကျေးဇူးပါပဲ”

ကျွင်းချောင်ရှောင်းသည် ချက်ချင်းစိတ်လှုပ်ရှားသွားမိ၏။ စနစ်က ထိုသို့ပြောသည်ဆိုလျှင် သူသည် ကျိန်သေပေါက် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

ဤခရီးစဉ်သည် စင်္ကြာဝဠာထဲတွင် လှည့်ပတ်သွားလာနေရသည် ဖြစ်သောကြောင့် ဂိုဏ်းတစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှုကို ပြုလုပ်ရန် လိုအပ်ပြီး တပည့်များအနေနှင့် ပိုမို အားကောင်းလာရန်လည်း လိုအပ်နေ၏။ ထို့ကြောင့် သိုင်းပညာအရင်းအမြစ်များသည် ပိုမိုကာ လိုအပ်လာခဲ့၏။ များများရလေ ပိုမိုကောင်းမွန်လေ ဖြစ်သည်။

“ဒီကောင်လေးက ဘာလေးလဲ”

ကျွင်းချောင်ရှောင်းသည် သူ၏ ဘယ်ဘက်လက်ကို အသာဆန့်ထုတ် လိုက်၏။ သူ၏ လက်ဝါးထဲတွင်တော့ ကင်းခြေများကဲ့သို့သော အကောင်တစ်ကောင်တည်ရှိနေ၏။ ထိုအရာသည် အထဲသို့ ကြောက်လန့်တကြားဖြင့် ပြေးဝင်သွားခဲ့သည့် ပါးစပ်ကြီးနှင့်သားရဲပင်ဖြစ်သည်။ ထိတ်လန့်ကြောင့်ရွံ့မှုကြောင့် ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျုံ့ဝင်သွားပြီး မြေပဲခွံတစ်ခုကဲ့သို့ အရွယ်အစားသို့ပင် ရောက်ရှိသွားခဲ့၏။

…………

လက်ရှိအခြေအနေမှာတော့ ထိုအကောင်လေးသည် တုန်ယင်လျက်ရှိ၏။ အဘယ့်ကြောင့်ဆိုသော် သူသည် ကုန်းရှန့်၏ ဆံပင်တုကို စားသုံးခဲ့၏။ ထို့ကြောင့် အားရပါးရ ရိုက်နှက်ခံခဲ့ရပြီး စိတ်ထဲ၌လည်း အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားနေရသည်။

ကျွင်းချောင်ရှောင်းသည် ထိုအရာကို ကောက်ယူပြီးသည့်နောက် ပြောလိုက်၏။ “မင်းဆီမှာ အသိဉာဏ် တစ်ခုခုရှိရလိမ့်မယ်။ ဒီတော့ လူသားစကားကို နားလည်နိုင်တယ်လေ။ ငါ မင်းကို မိတ်ဆက်ဖို့ တစ်ကနေ သုံးထိ ရေပြီး အခွင့်အရေးပေးမယ် မဟုတ်ရင်..”

“ကျုပ်က အစောင့်အရှောက်သားရဲပါ”

စကားပြော၍ ပြီးဆုံးသည်ကိုပင် မစောင့်တော့ချေ။ ဤကောင်လေးသည် စတင်ကာဖြင့် ပူးပေါင်းလိုက်ပြီဖြစ်၏။ သူ၏အလိုလိုအသိစိတ်နှင့် တုံ့ပြန်ပုံသည် လျှင်မြန်လွန်းလှသည်။

“ကောင်းပြီ”

“စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ကာကွယ်ရတာ”

“ဟမ်” ကျွင်းချောင်ရှောင်းသည် မျက်လုံးများ လင်းလက်သွားခဲ့တော့၏။ သူ့အနေနှင့် စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်းကို လွယ်ကူစွာဖြင့် ရှာဖွေတွေ့ရှိရသည်ဆိုသည့် အကြောင်းအရင်းသည် ဤအရာပင် ဖြစ်ပေလိမ့်မည်။

သို့ပေမဲ့ ကြောက်လန့်လွန်းလှသော ဤကောင်လေးသည် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်ကို မည်ကဲ့သို့ ကာကွယ်ရမည်ဆိုသည် ကို တကယ်တမ်းသိသည်ဆိုပါက အဓိပ္ပာယ်မရှိသလိုပင်။

အစောင့်အရှောက်သားရဲက ပြောလိုက်၏။ “ကျုပ်ရဲ့တခြားတာဝန်ကတော့ စိတ်ဝိညာဉ်ကျောက်တုံးတွေကို စားသုံးရတာပဲ”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ချာချာလည်သွား၏။ “ငါ့အထင်အရဆိုလျှင် မင်းက စားတာကိုပဲ တာဝန်ယူပြီးတော့ ကာကွယ်တာကိုတော့ တာဝန်ယူမထားတဲ့ပုံပဲ”

“အင်း” အချက်ကျကျ ပြောဆိုခြင်းကို ခံလိုက်ရသည့်အချိန်မှာတော့ ဤအကောင်လေးသည် ဘာတစ်ခွန်းမှ ပြန်မငြင်းနိုင်ခဲ့ချေ။

ကျွင်းချောင်ရှောင်းကမေးလိုက်သည် “မင်း တခြားစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေကို ရှာဖွေနိုင်လား”

“မရှာနိုင်ပါဘူး”

လူသား၏ မျက်လုံးများသည် ရုတ်တရက်အေးစက်သွားသည်ကို မြင်ရသည့်အချိန်မှာတော့ အစောင့်အရှောက် သားရဲသည် အလျင်အမြန်ဖြင့် ပြောင်းလိုက်၏။ “ရှာ.. ရှာနိုင်ပါတယ်”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် အကောင်လေးအား လက်ဝါးပေါ်သို့ အသာပစ်တင်လိုက်၏။ ပြီးနောက် လက်ညှိုး လက်မတို့နှင့် ညှပ်ကာ ကျီစယ်လိုက်ပြန်သည်။ “စိတ်ကို အေးအေးထား။ ငါနဲ့ ပဋိညာဉ်စာချုပ် ချုပ်ဆိုမယ်”

“ဟမ်” ဤကောင်လေးသည် ဆွံ့အသွား၏။

“အချိန်ဖြုန်းမနေနဲ့”

“ကောင်းပါပြီ” အစောင့်အရှောက်သားရဲသည် အမှန်ပင် ကြောက်လန့်လျက်ရှိ၏။ ထို့ကြောင့် ချက်ချင်း ဆိုသလိုပင် သူ၏ စိတ်ကိုဖြေလျော့ကာဖြင့် တဖက်လူနှင့် ပဋိညာဉ်ရေးထိုးခြင်းကို ပြုလုပ်လိုက်သည်။

လက်ရှိအချိန်မှာတော့ ကျွင်းချောင်ရှောင်း၏ သားရဲပြတိုက်ထဲတွင် တခြားအဖွဲ့ဝင်တစ်ယောက် တိုးလာခဲ့ပြီဖြစ်သည်။ အနာဂတ်တွင် ထူးထူးခြားခြား ထွက်ပေါ်လာရမည့် သားရဲမျိုးမဟုတ်သော်လည်း လက်ရှိအခြေအနေမှာတော့ အသုံးဝင်လျက်ရှိသည့် သားရဲမျိုးပင်ဖြစ်၏။

“ချီးတဲ့မှ...”

စနစ်ကပြောလိုက်သည်။ “ငါထပ်ပြီးတော့ ပါးပိတ်ရိုက်ခံရပြန်ပြီလား။

ကောင်းကင်က ငြင်းပယ်လောက်သည့် ကံကောင်းခြင်းဆိုသည်မှာ ခဏခဏ မလာနိုင်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို ရှာဖွေနိုင်သည့် အစောင့်အရှောက် စိတ်ဝိညာဉ် သားရဲတည်ရှိနေပြီ ဖြစ်သောကြောင့် ပိုမိုကာလွယ်ကူလာပေလိမ့်မည်။

နှစ်သုံးဆယ်အတွင်း ကျွမ်းကျင်လှသည့် ပါးရိုက်ခံစနစ် သည် တဖြည်းဖြည်းနှင့် ပိုမိုကာ အစွမ်းပြလာခဲ့၏။

“အနီးအနားမှာ တခြားစိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေရှိသေးလား”

“ကျုပ်မထင်ဘူး”

“တကယ်လို့ ရှိရင်လည်းရှိတယ်ပေါ့၊ မရှိရင်လည်း မရှိဘူး။ ဘာလို့ ကြောင်တောင်တောင်တွေ ဖြေနေရတာလဲ”

ဤကောင်လေးသည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ကျုပ်က စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေရဲ့ အော်ရာကို ပေတစ်ရာပတ်လည်အတွင်းမှာပဲ အာရုံခံနိုင်တယ်လေ”

ကျွင်းချောင်ရှောင်းသည် ထိုအကောင်လေးအား အသာကောက်ယူကာဖြင့် ပြောလိုက်သည်။ “ဒါဆိုရင် ငါ မင်းကို ဘာအတွက် လိုအပ်မှာလဲ”

လွတ်လပ်သော တိုက်ပွဲတည်နေရာကြီးသည် သေးငယ်လှသည့်အရာမျိုးမဟုတ်ပေ။ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းဆိုသည်မှာ မြေအောက်တည်နေရာ အနက်ပိုင်းတွင် တည်ရှိနိုင်၏။ တစ်ဖက်လူသည် ပေတစ်ရာပတ်လည်အတွင်းသာ အာရုံခံနိုင်သည်ဆိုမှတော့ ကျိန်းသေပေါက်အသုံးမဝင်နိုင်ချေ။

“သခင်”

အစောင့်အရှောက်သားရဲက ပြောလိုက်၏။ “ကျုပ်က ပိုပြီးအားကောင်းလာလေ အာရုံခံနိုင်တဲ့ အကွာအဝေးက ပိုပြီးတော့ကြီးလာလေပဲလေ”

“မင်းက ဘယ်လို အားကောင်းလာမှာလဲ”

“စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေကို စားပြီးတော့ပေါ့”

“ငါ့ဆီမှာ အခု တစ်ခုမှမရှိသေးဘူး။ ဒီတော့ မင်းကို ငါ ဘယ်လိုမျိုးမွေးရမှာလဲ”

“ကောင်းပါပြီ”

“ဒါဆိုရင် နှုတ်ဆက်တယ်” ကျွင်းချောင်ရှောင်းသည် ထိုအကောင်လေးအား လက်ညှိုးဖြင့်တောက်ကာ ထုတ်လိုက်တော့၏။

...........

ညသို့ ရောက်လာခဲ့၏။

တောနက်ထဲရှိ လှိုဏ်ဂူအတွင်းမှာတော့ နှင်းဆီဧကရီသည် ပြင်ဆင်ထားပြီးသား အစားအစာများကို စားသုံးပြီးသည့်နောက် တစ်ခုခုကို တွေးတောလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းကို ကြည့်ရှုလိုက်၏။ သူမ၏ မျက်နှာပေါ်တွင် ချိုသာသောအပြုံးတစ်ခုတည်ရှိနေ၏။

ပြိုင်စံရှားဂိုဏ်းတွင် သူမသည် အတွင်းရေး ကိစ္စရပ်များကို ကိုင်တွယ်ရသည့် အိမ်ထောင်ရှင်မကောင်း တစ်ယောက်အဖြစ် ဖြစ်တည်ခဲ့သည်ဆိုသော်လည်း အပြင်ဘက်လောကထဲကို ရောက်ရှိပြီး မည်သည့် ဂိုဏ်းအကြီးအကဲနှင့် တပည့်များ မရှိသည့်အချိန်မျိုးမှာတော့ ကျိန်းသေပေါက် နှစ်ယောက်တည်း ကမ္ဘာကို တည်ထောင်ရင်း ပျော်ရွှင်လျက်ရှိနေ၏။ အထူးသဖြင့် သူမယောကျ်ား၏ ခေါင်းတစ်ခုလုံးသည် တောက်ပြောင်လျက် ရှိနေခြင်းပင်။

ရွှီး

ခဏလောက်တွေးတောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးတစ်ခုကို ထုတ်ယူကာဖြင့် ပြောလိုက်၏။

“စားစမ်း”

ဤအတောအတွင်း သူသည် မိုင်ပေါင်းထောင်ချီအောင် လမ်းလျှောက်လာခဲ့၏။ ဤတည်နေရာ သည် အလွန်တရာ ကျယ်ပြောလှသည်ဟု အတည်ပြုခဲ့ပြီးပြီဖြစ်၏။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကိုလည်း ရှာဖွေမတွေ့ရှိခဲ့သေးပေ။ သူ့အနေနှင့် အင်ပါယာဝိညာဉ်နယ်မြေထဲသို့ သွားရောက်ရန် လိုအပ်နေသေးသည်ဖြစ်သောကြောင့် ဤတည်နေရာကို သေသေချာချာအနှံ့ ရှာဖွေရန် အချိန်မရသေးချေ။ ထို့ကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ကျွေးမွေးပြီး အစောင့်အရှောက်သားရဲအား ပိုမိုကာ အားကောင်း လာစေရန် မျှော်လင့်ချက်ထားမိသည်။

“ကျေးဇူးပါပဲ သခင်”

ဤကောင်လေးသည် အားနာမနေတော့ချေ။ ခန္ဓာကိုယ်တစ်ခုလုံးသည် မူလအတိုင်း ပြန်လည် ကျယ်ပြန့်လာခဲ့ပြီးသည့်နောက် ကြီးမားလှသည့်ပါးစပ်ကြီးကို ဟကာ စိတ်ဝိညာဉ်ကျောက်တုံးကို စားလိုက်၏။ သို့ပေမယ့် သူသည် ဝါးလိုက်သည်ဟုပင် မထင်လိုက်ချေ။

“စားပြီးသွားပြီလား”

“ပြီးသွားပါပြီ”

“............”

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားခဲ့၏။ သူသည် ဤအကောင်ကို အသုံးပြု၌ စိတ်ဝိညာဉ်ကျောက်တုံးများကို ရယူနိုင်သည်ဆိုပြန်သော်လည်း ဤအကောင်သည် စိတ်ဝိညာဉ် ကျောက်တုံးများကို စားသုံးသည့်နေရာတွင် တစ်ချက်ကလေးတောင် မဝါးခဲ့ချေ။ အနည်းငယ် လွန်လွန်းလှ၏။

ဤအရာမှာ သာမန်ပင်ဖြစ်ပေလိမ့်မည်။ ထူခြားလှသည့် သားရဲများသည် ထူးခြားသည့် စွမ်းရည်များကို ပိုင်ဆိုင်ပေလိမ့်မည်။

“မင်းက အားအင်အဆင့်က တိုးတက်လာပြီလား”

“မတိုးတက်ပါဘူး”

ချလွမ်

အင်မော်တယ်ဓားသည် ဓားအိမ်ထဲမှ ထွက်လာပြီးသည့်နောက် ၎င်း၏ ပါးစပ်ပေါ်သို့ ရောက်ရှိသွား၏။

ဟိုကောင်လေးသည် ကြောက်ရွံ့စွာဖြင့် ပြောလိုက်မိ၏။ “သခင်... စိတ်ဝိညာဉ်ကျောက်တုံး တစ်တုံးက ကျုပ်ကို ဘာစွမ်းအင်တွေများ ပေးနိုင်မှာမို့လို့လဲ”

“အဲတာဆိုရင် မင်းစားဖို့အတွက် မင်းဘယ်လောက်တောင် လိုလို့လဲ”

“အနည်းဆုံး တစ်သိန်းလောက်ပေါ့”

ဘန်း

ထိုအကောင်လေးသည် ကျောက်နံရံနှင့် သွားရောက်တိုက်မိကာဖြင့် အောက်သို့ပြုတ်ကျသွားသည်။

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်၏။ “ မင်းက သောက်ရမ်း စားလွန်းအားကြီးတယ်ကွ။ ချီးပဲစားတော့”

.........

အစောင့်အရှောက်သားရဲကို ပိုမို အားကောင်းချင်သည်ဆိုလျှင် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံး သို့မဟုတ် ဆယ်တုံးလောက်နှင့် လုံးဝလုံလောက်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူ၏ စားချင်သောက်ချင်စိတ်သည် ကြီးမားလွန်းလှ၏။

ဟင်း...

တစ်ညလုံးတွေးတောပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးကြီးကို ထုတ်ယူကာ ပြောလိုက်၏။ “မြန်မြန် ပိုပြီးအားကောင်းလာအောင် စားစမ်း”

၎င်းတို့နှစ်ယောက်သည် ပဋိညာဉ်ရေးထိုးမှုကို ပြုလုပ်ထားသည် ဖြစ်သောကြောင့် ဤကောင်လေးသည် သူ့အား လိမ်ညာ၍မရတော့ချေ။ အချက်အလက်အားဖြင့် ဖြစ်နိုင်သမျှအမြန်ဆုံး စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို ရှာဖွေတွေ့ရှိရန်အလို့ငှာ သူသည် အလောင်းအစားပြုလုပ်ရတော့မည်။

ဝမ့် ဝမ့် ဝမ့်

အစောင့်အရှောက်သားရဲသည် ပါးစပ်ကြီးကို ဟကာဖြင့် နှောင့်နှေးခြင်းတစ်ချက်မရှိဘဲ ဝါးမျိုလိုက်သည်။

...........

ကျွင်းချောင်ရှောင်းသည် သူ၏အသား၊ ခန္ဓာကိုယ်တစ်ခုလုံး နာကျင်သလို ကြည့်ရှု့လျက်ရှိနေ၏။ သို့ပေမဲ့ တခြားသောပြဿနာတစ်ခုက ပေါ်ပေါက်လာခဲ့သည်။ အစောင့်အရှောက်သားရဲကြီး၏ စိတ်ဝိညာဉ် ကျောက်တုံးများကို မြန်မြန်ဆန်ဆန်စားသုံးခဲ့သည် ဆိုသော်လည်း တစ်ရက်လျှင် စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကိုသာလျှင် စား၏။ ဆက်လက်ကာ စားသည်ဆိုပါက စိတ်ဝိညာဉ်စွမ်းအင်များကို မစုပ်ယူနိုင်ခဲ့ တော့ချေ။

“ချီးတဲ့မှ...”

ကျွင်းချောင်ရှောင်းသည် ထိုအကောင်ကို ကောက်ယူကာဖြင့် အော်ဟစ်လိုက်၏။ “မင်းဘာလို့ စောစောထဲက မပြောတာလဲ။ ပြီးတော့ ဘာလို့အဲလောက် ကန့်သတ်ချက်တွေများရတာလဲကွ”

“ယောကျ်ား”

နှင်းဆီဧကရီက ဝင်ပြောလိုက်၏။ “သူ့အနေနဲ့ တစ်ရက်ကို စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲ စားနိုင်တယ်ဆိုတော့ အချိန်နဲ့တည်နေရာ လျှို့ဝှက်နယ်မြေထဲကို ခေါ်သွားမယ်ဆိုရင်ကော”

ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်မိသည်။ “ဟုတ်တာပဲ”

All Chapters