← Chapters

အခန်း ၁၇၁၀

Vol. 115 Ch. 1710

အခန်း ၁၇၁၀

Vol. 115 Ch. 1710

အပိုင်း (၁၇၁၀)

"ထူးဆန်းလိုက်တာ ….. ဘယ်လိုဖြစ်ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးက တူးထုတ်ခံလိုက် ရတာလဲ"

အင်ပါယာ မိုးကောင်းကင် ခံတပ်ဆီမှ သိုင်းကျင့်ကြံသူများသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းနှင့် ပတ်သက်၍ ဆွေးနွေးလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်နှာေပါ်တွင် နဝေတိမ်တောင် အမူအရာများက တည်ရှိနေခဲ့၏။

အဓိကဟောခန်းအတွင်းမှာတော့ အကြီးအကဲလင်းနှင့် သိုင်းကျင့်ကြံသူများသည် အပြင်းအထန် ဆွေးနွေးလျက် ရှိနေသည်။

"ကျုပ်အထင်အရဆိုရင် "

ဆံပင်တိုတိုနှင့် လူတစ်ယောက်က ခန့်မှန်းလိုက်၏။ "အစောက ဖြတ်သွားတဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့တူးထုတ်သွားတာ ဖြစ်လိမ့်မယ်"

အကြီးအကဲလင်းသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

"လင်းလင်းလက်လက်တွေ ဖြစ်သွားတဲ့ အချိန်မှာ မိုင်းတွင်းထဲကို ဘယ်သူမှ ဝင်သွားတာမျိုး မရှိဘူးလေ။ ပြီးတော့ ဝင်သွားနိုင်တယ် ဆိုရင်တောင် ဒီလောက်ကြီးတဲ့ စိတ်ဝိညဉ်ကျောက်တုံး မိုင်းတွင်းကြီးကို တစ်ရက်နှစ်ရက်အတွင်း တူးထုတ်သွားဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ"

"ဒါလည်း ဟုတ်တာပဲ"

အားလုံးသော သူတို့သည် သဘောတူညီလိုက်၏။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်း မိုင်းတွင်းထဲသို့ ဝင်ရောက်သွားနိုင်ခြင်းမှာ အစောင့်အရှောက် သားရဲကြောင့်ပင် ဖြစ်၏။ လူသားများသည် ထိုအတွင်းသို့ ဝင်ခွင့်မရနိုင်ပေ။ သို့ပေမဲ့ ဤအစောင့်အရှောက် သားရဲကတော့ ဝင်ခွင့်ရနိုင်၏။ ထို့ပြင် ကျွင်းချောင်ရှောင်း၌ ကျွမ်းကျင်လွန်းလှသော မိုင်းတွင်းတူးဖော်စက်လည်း တည်ရှိနေသေး၏။

"ဒါနဲ့"

အကြီးအကဲလင်းက ပြောလိုက်သည်။ "အဲဒီ ယောက်ျားနဲ့ မိန်းမ ဘယ်သူဖြစ်တယ်ဆိုတာ အတည်ပြုပြီးပြီလား"

"ပြုပြီးပါပြီ"

စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်က ပြောလိုက်၏။ "ဒီနှစ်ယောက်က အင်ပါယာ မိုးကောင်းကင်နယ်မြေက သိုင်းကျင့်ကြံသူတွေ မဟုတ်ဘူး။ သူတို့က အပြင်ကနေ ခိုးဝင်လာကြတာလေ။ ပြီးတော့ ကုန်းပိုင်ယု နဲ့ အခြားသောလူတွေကိုတောင် တိုက်ခိုက်ခဲ့သေးတယ်။ သူတို့က ဒီတည်နေရာကို ရောက်ဖို့ အတင်းချိုးဖျက် ဝင်ရောက်လာခဲ့တာ"

"အံ့အားသင့်စရာ မဟုတ်တော့ဘူး"

အကြီးအကဲလင်းသည် စိတ်သက်သာရာရသလို ပြောလိုက်သည်။ "သူတို့ကို အရင်တုန်းက မမြင်ဘူးတာကို ။"

"ဒီအမျိုးသမီးက အင်ပါယာ ဝိညာဉ်နယ်မြေက ဖြစ်လိမ့်မယ်"

“ဟမ် …..” အကြီးအကဲလင်းသည် အံ့အားသင့်မိသွား၏။

စွမ်းအားမြင့်ကျင့်ကြံသူတစ်ယောက်က ပြေလိုက်၏။ "ဒီလိုဆိုရင် အင်ပါယာ မိုးကောင်းကင် နယ်မြေရဲ့ ဝိညာဉ်ဝင်ပေါက်ကနေ အင်ပါယာဝိညဉ်နယ်မြေဆီ သွားဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်"

သူ၏ခန့်မှန်းမှုသည် အမှန်ပင် ဖြစ်သည်။

ဟင်း …..

အကြီးအကဲလင်းသည် သက်ပြင်းချကာ ပြောလိုက်၏။ "ဒါဆို ထောင်ချောက်ထဲကို ဝင်သွားမှာပေါ့။ စောင့်ကြည့်ဖို့ပဲ ကျန်တော့တယ်။ သူတို့အနေနဲ့ ဖြတ်ကျော်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

အင်ပါယာ မိုးကောင်းကင်နယ်မြေဆီမှ အင်ပါယာဝိညာဉ်နယ်မြေဆီသို့ ဝင်ရောက်ရန် ဆိုသည်မှာ လူတစ်ယောက်အနေဖြင့် ခံတပ်များကို ဖြတ်သွားဖို့ လိုအပ်နေသေး၏။ တစ်ဖက်လူသည် သူတို့ကို ကျော်ဖြတ်ပြီးသည့်နောက် ကျိန်းသေပေါက် သူတို့ဆီ ပြန်လာရပေလိမ့်မည်။ ထို့ကြောင့် ဤတည်နေရာတွင် စောင့်ဆိုင်းရန်သာ ပြင်ဆင်ခဲ့မိ၏။ သို့ပေမဲ့ အမျိုးသမီးသည် အင်ပါယာ ဝိညာဉ်နယ်မြေဆီမှ လူတစ်ယောက် ဖြစ်နေသည်မို့ တခြားသော လေဝဲများမှတစ်ဆင့် အင်ပါယာဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်သွားနိုင်စွမ်းလည်း တည်ရှိနေနိုင်သည်။

ဘုန်း ……..။

ရုတ်တရက် အပြင်ဖက်ဆီမှ ထိပ်တိုက်တွေ့ဆုံသည့် နားကွဲလောက်စရာ အသံကြီးက ထွက်ပေါ်လာ၏။ ဟောခန်းကြီး တစ်ခုလုံးကိုပင် တုန်ခါသွား၏။

"ဘာတွေဖြစ်နေတာလဲ" အကြီးအကဲလင်းနှင့် အခြားသူများ၏ မျက်နှာများသည် ပြောင်းလဲသွားကြသည်။

"အကြီးအကဲလင်း"

ထိုအချိန်မှာတော့ အပြင်ဖက်ဆီမှ အော်ဟစ်သံအချို့ကို ကြားလိုက်ရ၏။ "တစ်စုံတစ်ယောက်က ခံတပ်ကို ထပ်ပြီး ကျော်ဖြတ်နေ …."

ဘုန်း ……

သူ၏ အသံ မဆုံးသေးခင်မှာပဲ အခြားသော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာ၏။ အဓိကဟောခန်းနှင့် မြေပြင်တစ်ခုလုံးသည် အချိန်မရွေး ပြိုလဲသွားတော့မလိုပင် တုန်ခါလျက် ရှိနေသည်။

ဝှစ် ဝှစ် …။

အကြီးအကဲလင်းနှင့် အခြားသူများသည် မြန်မြန်ဆန်ဆန်ပဲ ပျံသန်းထွက်ခွာလာခဲ့ကြ၏။ သို့ပေမဲ့ သူတို့၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းချုပ်လိုက်သည့်အခါမှာပဲ ခံတပ်၏ အထက်တွင် ရှိနေသော အကာအကွယ် အတားအဆီးသည် မည်သည့်အခါကမှ မရှိခဲ့သလို ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။

ဆွစ် ……။

အလင်းတန်းတစ်ခုသည် ပျံသန်းလာခဲ့ပြီးသည့်နောက် အကြီးအကဲလင်း၏ အရှေ့၌ ရှိနေသော အမဲရောင် လေဝဲအတွင်းသို့ ဝင်ရောက်သွားသည်။ အားလုံးသောသူများသည် တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ချေ။

ပြီးသည့်နောက် အသံတစ်ခု ထွက်ပေါ်လာ၏။ "အနှောက်အယှက် ပေးမိတဲ့အတွက် အားနာပါတယ်"

"…….." အားလုံးတို့သည် ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

"ဒီကောင်ကိုး"

အကြီးအကဲလင်းသည် ထိုသူ၏ အမြန်နှုန်းကို လိုက်လံကြည့်ရှုနိုင်စွမ်း ရှိ၏။ အစောက သူတတို့ဆွေးနွေးနေသည့် အမျိုးသားနှင့် အမျိုးသမီးဖြစ်ကြောင်း သိရှိရသည့် အချိန်မှာတော့ သူသည် သွေးအန်လုမတတ်ပင် ဖြစ်မိနေ၏။

အစောကပင် တစ်ဖက်လူများသည် အင်ပါယာဝိညာဉ်နယ်မြေဆီသို့သွားပြီးသည့်နောက် သူတို့၏ ခံတပ်ဆီသို့ ပြန်လာနိုင်သည်ဟု စဉ်းစားမိနေသေး၏။ သို့ပေမဲ့ ချက်ချင်းဖြစ်လာခဲ့သည်။

"ချီးတဲ့မှ …. ဒါကို မင်းတို့ရဲ့ အိမ်လို့ ထင်နေလား။ သွားချင်သလိုသွား။ လာချင်သလိုလာ လုပ်နေတာ "

.............

အမဲရောင် လေဝဲကြီးကို ကျော်ဖြတ်ပြီးနောက် ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ချီပိုးကာဖြင့် အင်ပါယာ မိုးကောင်းကင်နယ်မြေအတွင်းသို့ လှမ်းဝင်လိုက်၏။

သူ့၌အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ မရှိသောကြောင့် ရွက်သင်္ဘောကြီးဆီကို ပြန်ရန် လိုအပ်နေသော ကြောင့် ပြန်လာခဲ့ခြင်းဖြစ်သည်။

"ခနလေး တောင့်ခံထားအုန်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ "ကျုပ် အရှိန်မြင့်လိုက်အုန်းမယ်"

အထဲသို့ ဝင်ရောက်ရန် ခက်ခဲလျှင် အပြင်ဖက်သို့ ပြန်ထွက်ရန်လည်း ခက်ခဲပေလိမ့်မည်။ နှင်းဆီဧကရီသည် ကျွင်းချောင်ရှောင်းအား အသာဖက်ထား၏။ သူမ၏ မျက်နှာသည် ရင်ခွင်ထဲတွင် တည်ရှိနေပြီး သူမ ယောက်ျား၏ ရင်ခုန်သံများကိုပင် ကြားနေရသည်။

ဘုန်း …။

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် နောက်ထပ် ဂြိုလ်၏ အတားအဆီးနှင့် ကျော်ဖြတ်ခဲ့ပြီး ဖြစ်၏။ အတိုင်းအဆမဲ့သော အလင်းတန်းများသည် မီးတောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီး လင်းထိန်နေသောကြောင့် ဂြိုလ်တစ်ခုလုံးတွင် ရှိနေသော သိုင်းကျင့်ကြံသူများသည် ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နေရ၏။

"ဒီကောင် …."

ကုန်းပိုင်ယုက ပြောလိုက်၏။ "ဒီကောင် ထွက်သွားပြီလား"

သူသည် အနည်းငယ် စိတ်ဓာတ်ကျလျက် ရှိနေ၏။ ဤကဲ့သို့ အဆင့်မြင့် ဓားကျင့်ကြံသူနှင့် တွေ့ဆုံရန် ဆိုသည်မှာ လွယ်ကူလှသည် မဟုတ်ချေ။

ဆွစ်

အထပ်ထပ် ချိုးဖျက်မှုများ ပြုလုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အင်ပါယာ မိုးကောင်းကင်နယ်မြေ၏ သိုင်းကျင့်ကြံသူများ အကြည့်အောက်မှ ပျောက်ကွယ်သွားခဲ့၏။ ကောင်းကင်ယံတွင် ဖြစ်နေသော လှိုင်းများသည် ပုံမှန်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။

ခံတပ်ဆီသို့ ထိုသတင်း ရောက်ရှိပြီးသည့်နောက် အကြီးအကဲလင်းသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။

"အင်ပါယာ မိုးကောင်းကင် နယ်မြေက တကယ့်ကို ကျက်သရေတုံးသလို ဖြစ်နေပြီပဲ။ သူတို့ အင်ပါယာ ဝိညာဉ် နယ်မြေဆီကို သွားမယ်လို့ ငါထင်ခဲ့တာ။ ကြည့်ရတာ သူတို့က ဒီနေရာကို ဖြတ်သွားပြီး လွတ်လပ်တဲ့ တိုက်ပွဲတည်နေရာထဲကို လျှောက်သွားရုံလောက်ပဲ ထင်တယ်။ ဒီလူက သူ့ကိုယ်သူ အရှေ့ဘက် ထန်ပြည်နယ်ကို သွားမဲ့သူလို့ ပြောခဲ့သေးတယ်။ ပြီးတော့ ဟုန်ထျန်းညိုကို အနိုင်ယူခဲ့တယ်ဆိုတော့ သူရဲ့ အားအင်အဆင့်ကို အထင်သေးလို့ မရဘူး။ သူထွက်သွားပြီ ဆိုမှတော့ သွားပါစေတော့"

ထာဝရရွက်သင်္ဘောကြီးပေါ်မှာတော့ …..

ကျွင်းချောင်ရှောင်းသည် ပြန်လည်ရောက်ရှိလာသည်။ ပထမဆုံး သူလုပ်ခဲ့သည့် အရာသည် အချိန်နှင့်တည်နေရာ လျို့ဝှက်လိုဏ်ဂူထဲသို့ ဝင်ပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူလိုက်ခြင်းပင်။

"စားစား …… မင်းစားနိုင်သလောက် စားတော့"

"ကောင်းပါပြီသခင်"

ဤကောင်လေးသည် တစ်ချက်ကလေးမှ အားမနာခဲ့ချေ။ အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေကို အသုံးပြုပြီးနောက် ရူးရူးမူးမူးနှင့် စားသုံးလျက် ရှိနေ၏။ တွက်ချက်မှုအရဆိုလျှင် ပထမစိတ်ဝိညာဉ်ကျောက်တုံး တစ်သန်းကျော်ကို စားသုံးပြီးနောက် သူ၏အားအင်အဆင့််သည် တိုးတက်လာခဲ့၏။ အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ၏ အစွမ်းနှင့်ဆိုလျှင် သူသည် စားသုံးပြီးနောက် သိပ်ကြာကြာ မနားလိုက်ရချေ။

"ဆက်ပြီးတော့ စားတော့"

ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံကာ ထုတ်ဖော်လိုက်ပြန်သည်။ သူသည် အရင်းအမြစ်များကို ထပ်မံကာ ရှာဖွေနိုင်ရန် ရည်ရွယ်ချက်ဖြင့် စိတ်ဝိညာဉ်သားရဲအား အားရပါးရ အဆင့်မြင့်တင်နေ၏။ အလောင်းအစားပြုလုပ်ခြင်းနှင့် ဆင်တူနေသည် ဆိုလျှင်တောင်မှ သူသည် အကြီးအကျယ် လောင်းကစားပြုလုပ်နေခြင်းပင်။

ဂလု ….။

အချိန်နှင့် တည်နေရာ လျှို့ဝှက်နယ်မြေထဲမှာတော့ အစောင့်အရှောက်ပိုးကောင်သည် ပျော်ရွှင်စွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို စားသုံးလျက် ရှိနေ၏။ သို့ပေမဲ့ အပြင်လောကတွင် နှစ်ရက်သုံးရက်သာ ရှိသေးသည် ဆိုသော်လည်း သူ၏အားအင်အဆင့်သည် တိုးတက်လာခဲ့၏။

"မလုံလောက်သေးဘူး။ ဆက်ပြီးတော့ စားအုံး"

ကျွင်းချောင်ရှောင်းသည် အထဲသို့ ဝင်လာပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးများကို ထပ်မံထုတ်ပေးလိုက်ပြန် သည်။

..................

ပြိုင်စံရှားဂိုဏ်း၏ တပည့်များသည် ဤတည်နေရာဆီသို့ ရံဖန်ရံခါဆိုသလို ရောက်ရှိလာကာ လေ့ကျင့်လျက် ရှိ၏။

ဤကင်းခြေများနှင့် တူသော သတ္တဝါသည် သူ၏ပါးစပ်ကြီးကို ဟကာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အားပါးတရ စားသုံးနေကြောင်း မြင်ရသည့်အခါမှာတော့ သူတို့သည် အော်ငိုလုမတက်ပင် မနာလို ဖြစ်မိနေသည်။

ဆယ်ရက်ခန့် ကြာပြီးသည့် အခါမှာတော့ အချိန်အကန့်အသတ် တည်ရှိနေသောကြောင့် အစောင့်အရှောက်သားရဲ သည် အပြင်ဖက်သို့ တွန်းထုတ်ခြင်းကို ခံလိုက်ရ၏။

"အချိန်နဲ့ တည်နေရာ လျို့ဝှက်နယ်မြေရဲ့ အကျိုးသက်ရောက်မှုက အဆတစ်ထောင်ကျော်လောက် ရှိတယ်။ ဒီကောင်က စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းကျော်ကို စားခဲ့တယ်။ ရက်ပေါင်းတစ်ထောင်ဆိုတော့ …."

ကျွင်းချောင်ရှောင်းသည် သူ၏ရင်ဘတ်ကို လက်ဖြင့်ဆုပ်ကိုင်ကာ ပြောလိုက်သည်။ "ငါ့ရဲ့ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာတောင် ကုန်သွားပြီပဲ"

"သခင်"

အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲက ပြောလိုက်သည်။ "ဆက်ပြီး စားချင်သေးတယ်"

"..."

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ "စား …. ဆက်ပြီးစား"

သူ့အနေဖြင့် လွတ်လပ်သည့် တိုက်ပွဲတည်နေရာသို့ သွားရောက်ရန် အလျင်မလိုလှချေ။ အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ၏ အချိန်ကာလ ကုန်ဆုံးသည်အထိ ခနစောင့်ပြီး အစောင့်အရှောက်သားရဲကို ဆက်လက်ကျွေးရန် စဉ်းစားမိသည်။

အချိန်နှင့် တည်နေရာ လျို့ဝှက်နယ်မြေ ကုန်ဆုံးသွားသည်နှင့် တစ်ပြိုင်နှက် အစောင့်အရှောက်သားရဲသည် ဆက်လက်ကာ ဝင်၍ စားသုံးပြန်သည်။ တစ်နှစ်ပတ်လုံး စားသုံးပြီးနောက် စိတ်ဝိညာဉ်ကျောက်တုံးများသည် ပက်ပက်စက်စက် ကုန်ဆုံးနေ၏။

"ချီးတဲ့မှ"

ကျွင်းချောင်ရှောင်းက အော်ဟစ်လိုက်သည်။ "မင်းဘာလို့ ပုံမပြောင်းသေးတာလဲ"

များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများကို စားသုံးပြီးနောက် အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲ၏ ပုံစံသည် ကင်းခြေများပုံစံပင် တည်ရှိနေသေး၏။ သန္ဓေပြောင်းလဲ တိုးတက်လာသည့် ပုံစံမျိုး မရှိချေ။

"သခင်"

အစောင့်အရှောက် သားရဲက ပြောလိုက်သည်။ "ကျုပ်ရဲ့ မူလပုံစံကိုသာ ပြောင်းလိုက်ရင် ဒီသင်္ဘောကြီးတောင် ဆန့်မှာမဟုတ်ဘူး"

ဟမ်

ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် ဝင်းလက်သွား၏။ သူသည် အင်္ကျီစကို အသာသပ်ရပ်အောင် ပြုပြင်ပြီးနောက် ပြောလိုက်၏။ "အခု တိုက်ပွဲတည်နေရာကြီးထဲကို သွားရအောင်"

"နေအုံး"

ရွက်သင်္ဘောကြီး၏ တံခါးပွင့်သွားပြီးနောက် သူသည် ရုတ်တရက် ထကာ အော်ဟစ်လိုက်သည်။ "ရမ်ရှန် ငါနဲ့လိုက်ခဲ့"

"ကောင်းပါပြီ" ယန်ရှန်သည် အလျှင်အမြန်ပဲ ပြေးလာ၏။

"လွတ်လပ်တဲ့ တိုက်ပွဲတည်နေရာကြီးကတော့ ကုန်ပြီနဲ့တူတယ်"

စိတ်ဝိညာဉ်ကျောက်တုံးများကို ရှာဖွေသည့်နေရာတွင် ကျွမ်းကျင်လှသည့် သားရဲနှင့် ကံကောင်းခြင်းနတ်ဘုရား ရမ်ရှန်ကိုပင် ခေါ်ဆောင်လာခဲ့၏။ ဤအရာသည် ကျိန်းသေပေါက် အရာအားလုံးကို သိမ်းဆည်းတော့မည့် ပုံစံမျိုးပင်။

"သွားကြရအောင်"

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို ကောက်ချီကာဖြင့် အင်ပါယာမိုးကောင်းကင်လောကဆီသို့ ပျံသန်းလိုက်၏။

ရမ်ရှန်ကိုတော့ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ချည်နှောင်ကာ စွန်ကြိုးတစ်ခုကဲ့သို့ ဆွဲခေါ်လာခဲ့သည်။

"ဂိုဏ်း …. ဂိုဏ်းချုပ် အရှိန်လျော့ပါအုံး"

အရှိန်မှာ မြန်ဆန်လွန်းလှသောကြောင့် သူ၏မျက်လုံးများသည် ချာချာလည်လျက်ရှိပြီး ပါးစပ်မှ အမြုပ်များပင် ထွက်နေလေသည်။

..................

လွတ်လပ်သော တိုက်ပွဲတည်နေရာကြီး …

ဤနှစ်တွင် မိုင်းတွင်းများ ပေါ်ပေါက်လာခြင်း မရှိသောကြောင့် ငြိမ်ငြိမ်သက်သက် နေထိုင်လျက် ရှိနေ၏။ အထူးသဖြင့် အင်ပါယာ မိုးကောင်းကင် နယ်မြေဘက်ခြမ်းမှ ဖြစ်သည်။ ၎င်းတို့သည် ကျွင်းချောင်ရှောင်းအနေဖြင့် အတင်းဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်ခဲ့သည်ကိုပင် မေ့လျော့လျက် ရှိနေ၏။

ဘုန်း

ညရောက်သည့် အခါမှာတော့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် ငြိမ်သက်လျက် ရှိနေသော ခံတပ်ဆီမှ ထွက်ပေါ်လာသည်။

အကြီးအကဲလင်းနှင့် အခြားသူများသည် အသက်ဝင် နိုးထလာပြီးသည့်နောက် အပြင်ဖက်ဆီသို့ မြန်မြန်ဆန်ဆန် ပျံသန်းလာကြ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် နှင်းဆီဧကရီကို ပွေ့ကာဖြင့် အကာအကွယ် အတားအဆီးများကို ချိုးဖျက်နေကြောင်း မြင်ရချိန်မှာတော့ အားလုံးတို့သည် ထကာ အော်ဟစ်လိုက်ကြ၏။ "ဘာလို့ ထပ်ပြီးတော့ ရောက်လာပြန်တာလဲ"

တစ်ဖက်လူသည် ဤနေရာအား ၎င်း၏ အိမ်များထင်မှတ်နေသည်လားမသိချေ။ လာချင်သလိုလာ သွားချင်သလိုသွားပင် ပြုလုပ်နေလေသည်။

All Chapters