အခန်း ၁၇၁၁
Vol. 115 Ch. 1711
အပိုင်း (၁၇၁၁)
အင်ပါယာမိုးကောင်းကင်နယ်မြေမှ ကျွမ်းကျင်သူများသည် လွန်ခဲ့သည့် တစ်နှစ်နီးပါးခန့်က ဖြစ်တည်ခဲ့သည့် ရှက်ရွံ့စရာကိစ္စရပ်အကြောင်းကို မေ့လျော့လို့ နေခဲ့သည်။ ကျွင်းချောင်ရှောင်း ထပ်မံကာ ရောက်ရှိလာမည်ဟု မည်သူက ထင်မှတ်မိနေမည်နည်း။ ထို့အပြင် တစ်ဖက်လူသည် ဤတည်နေရာကြီးအား သူ၏ အိမ်ကဲ့သို့ပင် သဘောထား ဆက်ဆံလျက် ရှိနေသည်။
အဆင်ပြေသည်။ တစ်ဖက်လူအား တားမြစ်ရန် သူတို့အနေနှင့် အရှေ့ကိုတက်မှ ဖြစ်ပေလိမ့်မည်။ သို့သော်ငြား တစ်ဖက်လူအား တားဆီးရန်အတွက် သူတို့သည် အားအင်အဆင့် ကင်းမဲ့သလို ဖြစ်နေသည်ဆိုသည်ကိုတော့ လက်ခံရပေလိမ့်မည်။ ထို့အပြင် -
“အစ်ကိုကြီး... ခင်ဗျား ဒီနေရာက ဖြတ်သွားတိုင်း ဘာလို့ မိန်းမတစ်ယောက်ကို ဖက်ထားရတာလဲ”
ပြောနေစရာပင် မလိုချေ။ ကုန်းရှန့်သည် နှင်းဆီဧကရီကို ဖက်ကာဖြင့် အကြိမ်ပေါင်းများစွာ ဤနေရာမှ ဖြတ်သန်းသွားခဲ့၏။ စော်ရှိကြောင်း ပြသသည့်အနေဖြင့် အခေါက်ခေါက်အခါခါ လာလုပ်ပြနေသည်လားပင် မသိချေ။
“ခင်ဗျားတို့ကို နှောက်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်”
အတားအဆီးအား ချိုးဖြတ်ပြီးသည့်နောက် ခံတပ်ထဲမှ ပျံသန်းထွက်ခွာသွားခဲ့၏။ ကျွင်းချောင်ရှောင်း၏ အသံလည်း ပေါ်ပေါက်လာခဲ့၏။ သို့ပေမဲ့ သူသည်လည်း အကူအညီမဲ့လို့နေသည်။ အင်ပါယာမိုးကောင်းကင် နယ်မြေသည်သာ ပူးပေါင်းဆောင်ရွက်မှုကို ပြုလုပ်ခဲ့မည်ဆိုလျှင် သူသည် ခံတပ်ကြီး၏ အတားအဆီးကို ချိုးဖြတ်ရန် မလိုအပ်ခဲ့ချေ။ ယခုတော့ အလုပ်ရှုပ်ခံကာ ချိုးဖျက်နေရသည်။
“ချီးကို တောင်းပန်ပါလား”
အလွန်ပင် ယဉ်ကျေးသိမ်မွေ့လှသည့် အကြီးအကဲလင်းသည် မနေနိုင်တော့ဘဲ ထကာ ဆဲဆိုလိုက်မိ၏။ ခံတပ်ကြီးအား ချိုးဖြတ်ပြီး ခဏခဏ ဝင်ရောက်နေခြင်းသည် သူ၏ပါးကို ထပ်ကာတလဲလဲ ရိုက်နှက်နေခြင်းနှင့် ဆင်တူ၏။ အင်ပါယာမိုးကောင်းကင်နယ်မြေ၏ ဂုဏ်သိက္ခာကို ထပ်တလဲလဲ နင်းချေနေခြင်းပင်။
သူသည် ဒေါသထွက်သည်သော်လည်း ဘာတစ်ခုမှ မလုပ်နိုင်ချေ။
“ဘာကိုစောင့်နေကြတာလဲ”
အကြီးအကဲလင်း သည် အသာလှည့်ကာဖြင့် အော်ဟစ်လိုက်၏။ “အစီအရင်ကို ထပ်ပြီး ဖန်တီးကြ”
“အကြီးအကဲလင်း... ဒီကောင်လေး ထပ်ပြီးတော့ ချိုးဖြတ်သွားရင် ဘာလုပ်ကြမလဲ” စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် မျက်နှာပျက်ယွင်းစွာဖြင့် မေးလိုက်မိ၏။
ခံတပ်၏ အစီအရင်ကို ပြန်လည်ပြင်ဆင်ရခြင်းသည် အရင်းအမြစ်များ ကုန်ခမ်းလှသည်တော့ မဟုတ်ချေ။ သို့ပေမဲ့ လူအင်အားနှင့် အချိန်မှာတော့ ကျိန်းသေပေါက် ကုန်ခမ်း၏။ မည်သူကသည် ဤအရာကို ထပ်တလဲလဲ ပြန်လည်ကာ ပြင်ဆင်ချင်မည်နည်း။
“.........”
အကြီးအကဲလင်းသည် ခဏလောက် တွေးတောပြီးသည့်နောက် ပြောလိုက်၏။ “ဒါဆိုလည်း ဒါကို မတည်ဆောက်နဲ့အုံး”
ဤခံတပ်၏ အစီအရင်စနစ် ဆိုသည်မှာ အင်ပါယာဝိညာဉ်နယ်မြေဆီမှ လူများကို တိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် အသုံးပြုသည့်အရာလည်း ဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းကြောင့် ထိုအရာသည် ထပ်တလဲလဲ ပျက်စီးလျက် ရှိနေ၏။ ထို့ကြောင့် လတ်တလော လက်လျော့ အရှုံးပေးထားမှ ဖြစ်ပေလိမ့်မည်။
ဝေါင်း
ထိုအချိန်မှာပဲ နားကွဲလောက်စရာ အသံကြီး ထွက်ပေါ်လာခဲ့၏။ ခံတပ်သည် အကာအကွယ် အတားအဆီး မရှိတော့သောကြောင့် အကြီးအကဲလင်းနှင့် တခြားသော သူများသည် ထိုအရာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။ “ဘာတွေဖြစ်နေတာလဲ”
“နတ်ဆိုးမွန်းစတား သားရဲတစ်ကောင် ပေါ်ပေါက်လာတာများလား။ သွားကြည့်ကြရအောင်”
အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ ကျွမ်းကျင်သူများသည် မြန်မြန်ဆန်ဆန်ပဲ ခံတပ်ဆီမှ ပျံသန်း ထွက်ခွာလိုက်၏။ သို့ပေမဲ့ အသံထွက်ပေါ်လာရာ တည်နေရာဆီသို့ ရောက်ရှိသည့်အချိန်မှာတော့ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်သွားကြသည်။
သူတို့၏ မြင်ကွင်းထဲတွင် အလွန်ကြီးမားလွန်းလှသည့် မွန်းစတား သားရဲကြီးတစ်ကောင်သည် တည်နေရာလွတ်ကြီးပေါ်၌ ရပ်တန့်လျက်ရှိ၏။ ၎င်း၏ခန္ဓာကိုယ်သည် ကြီးမားလွန်းလှ၏။ ထို့အပြင် ကင်းခြေများသတ္တဝါကြီးနှင့် ဆင်တူလှသည်။ ခန္ဓာကိုယ်သည် ကြီးမားလွန်းလှသည်သာမက မျက်နှာပေါ်တွင်လည်း ပါးစပ်ကြီးတစ်ခုကလည်း တည်ရှိ၏။
ဝှစ် ဝှစ်
ထိုအကောင်ကြီး၏ရှေ့တွင် မျက်စိနှင့် မြင်နိုင်စွမ်းရှိသည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ဖြစ်တည်နေခဲ့၏။ ထိုအရာသည် အသက်ရှူသွင်း၊ ရှူထုတ်လုပ်ရုံနှင့်တင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ဖြစ်တည်နေသကဲ့သို့ပင်။
“ဒါက”
အကြီးအကဲလင်းသည် အတွေ့အကြုံ ရင့်ကျက်ပြီး ဗဟုသုတလည်း များပြားလှ၏။ ထို့ကြောင့် ထအော်လိုက်သည်။ “အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲပဲ”
“ကောင်းကင်ဘုံ” အားလုံးသောသူတို့သည် တုန်လှုပ်သွားမိ၏။ လွတ်လပ်သော တိုက်ပွဲ တည်နေရာတွင် မွန်းစတားသားရဲများများစားစား မရှိချေ။ မွန်းစတားသားရဲများသည် ဂြိုဟ်နှစ်ခုဆီမှ လူများ သတ်ဖြတ်မှုကြောင့် အလုံးစုံမျိုးတုံးလုနီးပါးပင် ဖြစ်နေ၏။
အစောင့်အရှောက်သားရဲဆိုသည်မှာတော့ သားရဲမျိုးနွယ်များထဲမှ တစ်ခုဖြစ်ပြီး လောက၏ သဘာဝမှ သန့်စင်ခြင်းကို ခံထားရသောကြောင့် မြေအောက်ထဲသို့ ဝင်ရောက်ပြီး နေထိုင်နိုင်စွမ်း ရှိနေကြ၏။ ထို့ကြောင့် ၎င်းတို့သည် သိုင်းကျင့်ကြံသူများကို ဂရုစိုက်စရာမလိုဘဲ လွတ်လွတ်လပ်လပ်နှင့် အသက်ရှင်သန်နိုင်စွမ်းရှိကြ၏။ လက်ရှိအချိန်မှာတော့ ဤအကောင်ကြီးသည် အလွန်တရာပင် ကြီးမားလွန်းနေသည်။
ဝေါင်း ဝေါင်း
ပေတစ်ထောင်လောက် ကြီးမားလွန်းလှသော အစောင့်အရှောက် သားရဲကြီးသည် ရုတ်တရက် ထပ်မံကာ အော်ဟစ်လိုက်၏။ အသံလှိုင်းများပင်လျှင် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့သွားခဲ့၏။ ဤအရာသည် သိုင်းကျင့်ကြံသူများကို ထိခိုက်နာကျင်မှု မဖြစ်စေသော်လည်း လောကတွင် ရှိနေသည့် သဘာဝများကိုတော့ သက်ရောက်မှု ဖြစ်တည်စေခဲ့ပြီး တည်နေရာတစ်ခုလုံးတွင် ဖုန်လုံးများ ဖြစ်တည်လာခဲ့၏။
များပြားလွန်းလှသော ဓာတ်သဘာဝများသည် စုဖွဲ့လာပြီးသည့်နောက် ကြီးမားသည့် မြင်ကွင်းကြီးတစ်ခု ဖြစ်တည်လာခဲ့သည်။
အကြီးအကဲလင်းနှင့် တခြားသောသူများ အားလုံးတို့သည် ဆွံ့အလျက် ရှိနေကြ၏။ အစောင့်အရှောက် သားရဲကြီးနှင့် ၎င်း၏ အကျင့်အကြောင်းကို သူတို့က ကောင်းကောင်း သိရှိ၏။
လက်ရှိအခြေအနေတွင် ကြီးမားသည့်အပေါက်ကြီးကို တွေ့ရှိရသည့်အတွက် သူတို့သည် မည်ကဲ့သို့ နားလည်ရမည်မှန်းပင် မသိရှိတော့ချေ။
“နေပါအုံး”
အကြီးအကဲလင်းက ကြောင်အသွားမိ၏။ သူ၏အကြည့်များသည် အစောင့်အရှောက် သားရဲကြီး၏ ဘေးနားတွင်ရှိနေသော ကျွင်းချောင်ရှောင်းဆီသို့ ရောက်ရှိသွား၏။ “သူပဲ”
တစ်စုံတစ်ယောက်သည် သူ့အား စူးစိုက်ကြည့်နေသည်ကို နားလည်လိုက်သည့်အချိန်မှာတော့ ကုန်းရှန့်သည် အသာလှည့်ကာဖြင့် အပြစ်ကင်းစင်လှသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
အကြီးအကဲလင်းသည် သတိပြန်ဝင်သွား၏။ ပြီးသည့်နောက် ဒေါသတကြီးဖြင့် ထကာ ဆဲဆိုလုမတတ်ပင် ဖြစ်သွားခဲ့မိ၏။
“သခင်”
ထိုအချိန်မှာတော့ အစောင့်အရှောက်သားရဲကြီးသည် ဦးခေါင်းကိုငုံ့ကာဖြင့် ပြောလိုက်သည်။ “ဒါက ကျုပ်ရဲ့ မူလခန္ဓာကိုယ်ပဲ။ စိတ်ကျေနပ်ရဲ့လား”
ဤလူ ကို မည်ကဲ့သို့ ဖမ်းရမည်နည်းဟု တွေးတောလျက် ရှိနေသည့် အကြီးအကဲလင်းသည် အသံကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ ဆွံ့အသွားမိသည်။ “သခင် ဟုတ်လား။ ဒီကောင်ကြီးက သူ့ရဲ့ ပဋိညာဉ်သားရဲလား”
သိုင်းကျင့်ကြံခြင်းလောကတွင် မွန်းစတားသားရဲတစ်ကောင်ကောင်နှင့် ပဋိညာဉ် ရေးထိုးခြင်းဆိုသည်မှာ ဆန်းကြယ်လှသည့်အရာတော့ မဟုတ်ချေ။ ထိုသတ္တဝါနှင့်အတူတူနေထိုင်၊ အတူတူသေဆုံးသွားကြသူများသည် အင်ပါယာမိုးကောင်းကင်နယ်မြေတွင် များပြားစွာ တည်ရှိနေ၏။
သို့ပေမဲ့ အစောင့်အရှောက် ပဋိညာဉ်သားရဲနှင့် အချိန်ကိုက် ပဋိညာဉ်ရေးထိုးခြင်း ဆိုသည်မှာတော့ ....... တစ်ဖက်၏ခေါင်းသည် မြင်းကန်ခြင်းကို ခံထားရသည်လား။
များပြားလှသည့်စိတ်ဝိညာဉ်စွမ်းအင်များကို စားသုံးပြီးသည့်နောက် အစောင့်အရှောက် ပဋိညာဉ်သားရဲ၏ မူလခန္ဓာကိုယ်သည် အလွန်တရာ ကြီးမားပြီး တုန်လှုပ်စရာ ဖြစ်နေသည်ကို အားလုံးက မငြင်းပယ်နိုင်ချေ။ သို့ပေမဲ့ ဤကဲ့သို့သော အကောင်မျိုးကို မွေးဖွားခြင်းဆိုသည်မှာ တိုက်ခိုက်နိုင်သည့်စွမ်းရည်များလည်း မရှိချေ။ အော်သံတစ်ခုသာ ပေးအပ်နိုင်ခြင်းရှိ၏။ ထိုအကောင်သည် အမှိုက်ကဲ့သို့ပင်။
“ရူးနေတာပဲ”
အကြီးအကဲလင်းက တွေးလိုက်သည်။ “ဒီကောင်လေးက ကျိန်းသေပေါက် ရူးနေတာပဲဖြစ်မယ်” လောကကြီးတွင် ရေတွက်လို့မရအောင် များပြားသော မွန်းစတားသားရဲများရှိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် ငကြောက်ကဲ့သို့ ဖြစ်နေသော သားရဲကြီးကို ပဋိညာဉ်ရေးထိုးခဲ့၏။ ဦးနှောက်မကောင်းခြင်း ဖြစ်ပေလိမ့်မည်။
“ကျေနပ်လား။ မကျေနပ်ဘူးလား ဆိုတာက မင်း စိတ်ဝိညာဉ်မိုင်းတွင်းတွေကို ရှာနိုင်လား၊ မရှာနိုင်ဘူးလား အပေါ်မှာပဲ မူတည်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
“သခင်” အစောင့်အရှောက် ပဋိညာဉ်သားရဲသည် လေးနက်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်က ကောင်းကင်နဲ့ မြေကြီးရဲ့ ဓာတ်သဘာဝတွေကို အသက်သွင်းပြီးတော့ မြေအတွင်းဘက်မှာ စုစည်းထားခဲ့တယ်လေ။ ဒီအရာက မိုင်တစ်သောင်းလောက်အတွင်းကို ပျံ့နှံ့သွားဖို့ လုံလောက်ပြီလေ။ တကယ်လို့ စိတ်ဝိညာဉ်မိုင်းတွင်းတွေ ရှိမယ်ဆိုရင် ကျုပ်က ကျိန်းသေပေါက် ...”
ထိုအချိန်မှာပဲ သူသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ရှာတွေ့ပြီ”
“အဲလောက် မြန်တာလား” ကျွင်းချောင်ရှောင်းက ကြောင်အသွား၏။
“သခင် ကျုပ်နောက်ကို လိုက်ခဲ့တော့”
အစောင့်အရှောက်ပဋိညာဉ်သားရဲသည် ပြောပြီးသည့်နောက် သူ၏ခန္ဓာကိုယ်ကို လိမ်ကျစ်ကာဖြင့် မြေတွင်းထဲသို့ တိုးဝင်သွားခဲ့သည်။
“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီကို လှမ်းကြည့်ကာဖြင့် ပါးစပ်ထဲမှ အမြှုပ်များ ထွက်လျက် ရှိနေသည့် ရမ်ရှန်ကို စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဖန်တီးထားသော လက်ကြီးတစ်ဖက်ဖြင့် ဖမ်းချုပ်လိုက်၏။ နှောင့်နှေးခြင်းမရှိဘဲ အစောင့်အရှောက်သားရဲ တူးထုတ်ထားသည့် လှိုဏ်ဂူထဲသို့ ခုန်ဆင်းလိုက်၏။
“လိုက်ကြရအောင်” အကြီးအကဲလင်းသည် အလောတကြီးဖြင့် အရှေ့ဆီသို့ လှမ်းတက်လိုက်၏။ သို့ပေမဲ့ သူတို့သည် ကျွင်းချောင်ရှောင်း ရပ်နေသည့် နေရာသို့ ရောက်ရှိသည့်အချိန်မှာတော့ မြေတွင်းကြီးသည် တဖြည်းဖြည်း ပြန်လည်ကာ ကောင်းမွန်ပြီး မူလအတိုင်း ပြန်လည်ဖြစ်တည်သွားခဲ့သည်။
“ချီးတဲ့မှ... ဒီကောင် လွတ်သွားပြန်ပြီ” အကြီးအကဲလင်းသည် အကြီးအကျယ် ဒေါသထွက်လျက်ရှိ၏။
ကျွင်းချောင်ရှောင်းနှင့် အစောင့်အရှောက်သားရဲတို့သည် အသံပို့လွှတ်ကာ ပြောဆိုနေခြင်းဖြစ်သောကြောင့် အင်ပါယာမိုးကောင်းကင်နယ်မြေဆီမှ ကျွမ်းကျင်သူများသည် တစ်ဖက်လူ ထွက်ပြေးသွားခြင်းမဟုတ်ဘဲ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကြီးကို သွားရောက်ရှာဖွေခြင်းဖြစ်ကြောင်း မသိရှိနိုင်ချေ။
.....
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
ရယ်သံကြီးသည် မြေအောက်မိုင်းတွင်း၏ တည်နေရာတွင် ဖြစ်တည်လာခဲ့၏။ မြင်ကွင်းကို သေသေချာချာ ကြည့်ရှုရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် နံရံပေါ်ကို လက်တင်၍ လက်တစ်ဖက်သည် ဗိုက်ကိုနှိပ်ကာ အားရပါးရ ရယ်မောလျက်ရှိ၏။ အဘယ်ကြောင့် သူသည် ရယ်မောနေရသနည်း။
အဘယ်ကြောင့်ဆိုသော် သူသည် မည်သူမှ ရှာဖွေ မတွေ့ရှိရသေးသော စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းထဲသို့ ရောက်ရှိလျက်ရှိပြီး မြေဆီလွှာများ အားလုံးထဲသို့ နစ်မြှုပ်လျက်ရှိနေသည့် တောက်ပလှသော စိတ်ဝိညာဉ် ကျောက်တုံးများကို မြင်နေရသောကြောင့်ပင်။ သူသည် ထိုအရာကို နှာခေါင်းဖြင့် အနံ့ခံပြီးသည့်နောက် အလွန်ကောင်းမွန်သည့် အနံ့အသက်များကို ရရှိနေ၏။ ထိုအရာသည် မွှေးပျံ့လွန်းလှ၏။
ဝေါ့
ရမ်ရှန်သည် ပျို့အန်လျက် ရှိနေသေး၏။ သူသည် ထာဝရ ရွက်သင်္ဘောကြီးဆီမှ လိုက်ပါလာစဉ်ကတည်းက စွန်ကြိုးတစ်ခုကဲ့သို့ပင် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ချည်နှောင်ပြီး ဆွဲခေါ်ခြင်းကို ခံခဲ့ရ၏။ ထိုအရာသည် ရိုလာကိုစတာ စီးရသလိုပင် ခံစားရစေသည်။
“သိမ်းဆည်းရမယ်။ ဒါတွေကို သိမ်းဆည်းရမယ်”
ခဏလောက် စိတ်တည်ငြိမ်အောင် လုပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မိုင်းတွင်းတူးဖော်သည့် စက်ကြီးကို ထုတ်ယူလိုက်၏။
ဖြောက် ဖြောက် ဖြောက်
စက်ထဲတွင် ရှိနေသည့် စက်သေးသေးလေးများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးသည့်နောက် နံရံတစ်ခုလုံးတွင် ရှိနေသည့် စိတ်ဝိညာဉ်ကျောက်တုံးများကို တူးထုတ်တော့သည်။ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးသည် အလွန်ကြီးမားလှသည်တော့ မဟုတ်ပေ။ ထို့ကြောင့် နာရီဝက်အတွင်း တူးထုတ်ခြင်းကို ခံလိုက်ရ၏။ နှမျောစရာရှိသည်မှာ စိတ်ဝိညာဉ်ကျောက်တုံးများသာရှိပြီး တခြားမည်သည့်အရာမှ မရှိခြင်းပင်။
ကျွင်းချောင်ရှောင်းသည် မိုင်းတွင်းတူးဖော်သည့်စက်အား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည်ထည့်သွင်းကာဖြင့် ပြုံးလိုက်၏။ “ငါ ပိုက်ဆံတွေ ပြန်ရပြီပဲ”
မိုင်းတွင်းသည် ယခင်တစ်ကြိမ်ကထက် သေးငယ်သည်ဆိုသော်လည်း စိတ်ဝိညာဉ်ကျောက်တုံး သန်းနှစ်ရာနီးပါး ခန့် တည်ရှိ၏။ ကောင်းမွန်သည့် အလောင်းအစားတစ်ခုကို သူပြုလုပ်နိုင် ခဲ့ပြီဖြစ်သည်။
“သခင်”
ထိုအချိန်မှာပဲ သေးငယ်လှသည့် အကောင်အဖြစ်သို့ ပြောင်းလဲထားသည့် အစောင့်အရှောက်သားရဲက ပြောလိုက်သည်။ “စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းရဲ့ အော်ရာတွေကို ထပ်ပြီး ရပြန်ပြီ”
“သွားကြရအောင်”
......
ပိုက်ဆံများကို အညစ်အကြေးကဲ့သို့ ဆက်ဆံပြီး စိတ်ဝိညာဉ်ကျောက်တုံးများကို ရတနာအဖြစ် သတ်မှတ်ထားသည့် ကျွင်းချောင်ရှောင်းသည် ထိုအရာကို လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် တစ်ချက်ကလေးမှ နှောင့်နှေးခြင်း မရှိဘဲ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကို သွားရောက်ကာ တူးထုတ်တော့၏။
ဝေါ ဝေါ...
ဒွီ ဒွီ....
မြေအောက်အနက်ပိုင်းအတွင်းမှာတော့ အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲသည် ထွင်းစက်ကြီး တစ်ခုကဲ့သို့ပင် မြေကြီးများကို တူးထုတ်လျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ထိုသတ္တဝါ၏နောက်မှ လိုက်ပါရင်း မျက်နှာတစ်ခုလုံး ပြုံးရွှင်နေသည်။
..........
လဝက်ခန့် ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အသစ်ဖြစ်တည်ထားသည့် တွင်းကြီးထဲ၌ မတ်မတ် ရပ်ပြီး ပျော်ရွှင်စွာ ပြောလိုက်၏။ “ဒီစိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကြီးက မသေးဘူးပဲ။ အရေအတွက် အများကြီး တည်ရှိတာပဲ”
နှင်းဆီဧကရီသည် သူမ၏ စာအုပ်ထဲ၌ စိတ်ဝိညာဉ်ကျောက်တုံးပမာဏကို ရေးမှတ်နေ၏။
“ဘယ်လောက် ရှိနေပြီလဲ”
“အခု တူးထုတ်ထားတဲ့ မိုင်းတွင်းတစ်ခုနဲ့ဆိုရင် သန်းပေါင်း တစ်သန်းလောက် ရှိမယ်နဲ့တူတယ်”
စနစ်က ပြောလိုက်သည်။ “အင်း... အမှန်ပဲ။ အဲလောက် ရောက်နေပြီ။ ရူးသွပ်ချင်စရာပဲ”
“နည်းသေးတယ်” ကျွင်းချောင်ရှောင်းသည် အနည်းငယ် သဘောမတွေ့သလို ပြောလိုက်၏။
နှင်းဆီဧကရီက ပြောလိုက်သည်။ “ယောက်ျား... ဒီ လွတ်လပ်တဲ့ တိုက်ပွဲနယ်မြေထဲမှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတွေအကုန် တူးထုတ်သွားဖို့ ကြံစည်နေတာလား”
“မှန်တာပေါ့”
ကျွင်းချောင်ရှောင်းသည် ရင်ကော့ကာ ပြောလိုက်၏။ “ဒီလိုမျိုး အများပြည်သူ အသုံးပြုနိုင်တဲ့ ဂြိုဟ်ကြီးထဲမှာ ရှိနေတဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေဆိုတာ ဘယ်သူကမှ ပိုင်တာ မဟုတ်ဘူးလေ။ ကျုပ်ဆီမှာ ဒါတွေ တူးထုတ်ဖို့ အရည်အချင်း ရှိတယ်ဆိုရင် ဒါတွေအကုန်လုံးကို ယူသွားရမှာပေါ့”
“ဂိုဏ်းချုပ်”
ရုတ်တရက် ရမ်ရှန်၏ အသံသည် မိုင်းတွင်း၏ အတွင်းဘက်ဆီမှ ထွက်ပေါ်လာသည်။ “ဒီနေရာမှာ တံခါးကြီးတစ်ချပ် ရှိနေတယ်”