အခန်း ၁၇၁၂
Vol. 115 Ch. 1712
အပိုင်း (၁၇၁၂)
လွန်ခဲ့သည့်လဝက်ကတည်းက ရမ်ရှန်သည် ဂိုဏ်းချုပ်နှင့်အတူ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများ ဆီသို့ လိုက်ပါခဲ့ရ၏။ ကံဆိုးစွာဖြင့် သူသည် ပြိုင်စံရှားဂိုဏ်း၏ ကံကောင်းခြင်းလူသားတစ်ယောက်ဖြစ်သည် ဆိုသော်လည်း အစောင့်အရှောက်သားရဲသည် အလွန်အမင်း အစွမ်းထက်လျက်ရှိသောကြောင့် ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။
အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် သူ့ကို ခေါ်ဆောင်လာခဲ့သည်ဆိုခြင်းမှာ ပိုမိုစိတ်ချစေချင် သောကြောင့်ပင်။ ယခု သူ၏ပဋိညာဉ်သားရဲသည် အရာအားလုံးကို ဖြေရှင်းပြီးပြီ ဖြစ်သောကြောင့် ရမ်ရှန်အား သိပ်၍ မလိုအပ်တော့ပေ။
သို့ပေမဲ့ ကံကောင်းခြင်းလူသားသည် ကံကောင်းခြင်းလူသားသာလျှင်ဖြစ်၏။ စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများကို တူးထုတ်ပြီးသည့်နောက်မှာတော့ အဆုံးသတ်တွင် ကျောက်တံခါးကြီးတစ်ချပ် တည်ရှိနေကြောင်းကို သိရှိလိုက်ရ၏။
“မင်းထပ်ပြီးတော့ သေးသွားပေါက်ပြန်ပြီလား”
ရမ်ရှန်သည် သေးသွားပေါက်၊ အိမ်သာတက်သည့် အချိန်မျိုးတွင် ဤကဲ့သို့ ထူးခြားသည့် အရာမျိုးကို တွေ့ရှိတတ်ကြောင်း ကျွင်းချောင်ရှောင်းက အကြမ်းဖျင်း နားလည်ထားသည်။
“မဟုတ်ပါဘူး” ရမ်ရှန်သည် အမူအရာသည် အနည်းငယ် ပြောင်းလဲသွား၏။
အချက်အလက်အားဖြင့် သူသည် သေးပေါက်ရန်သွားခဲ့ခြင်းဖြစ်၏။ သို့ပေမဲ့ ဤတည်နေရာသို့ ရောက်ရှိလာသည့်အချိန်တွင် ဘောင်းဘီကို ကိုင်လိုက်ရုံသာ ရှိသေး၏။ သူ၏ရှေ့တွင်ရှိနေသော ရွံ့အလွှာများသည် ကွာကျသွားခဲ့၏။ ပြီးသည့်နောက် သူသည် သေးပေါက်ချင်စိတ် ပျောက်သည်အထိ ထိတ်လန့်သွားခဲ့မိ၏။
အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းထဲတွင် ရွံ့များကွာကျခြင်း ဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှ၏။ မြေပြိုခြင်းများ ဖြစ်နိုင်သည်။ သို့ပေမဲ့ တိုက်ဆိုင်စွာဖြင့် ရမ်ရှန်သည် အန္တရာယ်မဖြစ်ခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် သူ့အား အသာပုတ်ကာဖြင့် ပြောလိုက်၏။ “လောကကြီးက အရမ်းကြီးတယ်။ အားရင် အပြင်ကို ထွက်ပြီးတော့ လျှောက်သွားလျှောက်လာလုပ်အုံး၊ တစ်ချိန်လုံး ဂိုဏ်းထဲမှာချည်း နေမနေနဲ့”
ဤမျှ ကောင်းကင်က ငြင်းပယ်ရလောက်သည့် ကံတရားကို ပိုင်ဆိုင်သူတစ်ယောက်အနေနှင့် ဂိုဏ်းထဲတွင် ငုတ်တုပ်ထိုင်နေခြင်းသည် အရည်အချင်း ပါရမီကို ဖြုန်းတီးခြင်းပင်ဖြစ်သည်။
ပေါ်ပေါက်လာခဲ့သော ကြီးမားလှသည့် ကျောက်တံခါးကြီးဆီသို့ ပြန်လည်ကာ ကြည့်ရှုရမည်ဆိုလျှင် ရွံ့များ ကွာကျနေသောကြောင့် ၎င်း၏ မူလအရောင် အနက်ရောင်ကြီးက ထင်ပေါ်လျက်ရှိ၏။ ဆိုလိုသည်မှာ အချိန် အတော်ကြာသည်အထိ ထိုနေရာတွင် ဖုံးအုပ်ခံထားရပုံပင်။ မျက်နှာပြင်ပေါ်တွင် မျဉ်းကြောင်းများ ရေးဆွဲထားသော်လည်း သာမန်ဆန်လှသည့် တံခါးတစ်ချပ်ကဲ့သို့ပင်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သာမန်ဆန်သည်ဟု မထင်ပေ။ သူ၏အထင်အရဆိုလျှင် ဤလွတ်လပ်သော ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ဖုံးကွယ်ထားသည့်အရာတစ်ခုဖြစ်သောကြောင့် ကျွမ်းကျင်သူတစ်ယောက် ချန်ထားခဲ့သည့် လှိုဏ်ဂူတစ်ခုခုသာ ဖြစ်ရပေလိမ့်မည်။
ကျွီ
သူသည် ကျောက်တံခါးကြီးကို အသာလက်ဖြင့် တွန်းလိုက်ပြီးသည့်နောက် ထိုအရာသည် ပွင့်သွားခဲ့သည်။
“ဒီလိုမျိုး ရိုးရှင်းတာလား”
ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်သွားလိုက်၏။ သို့ပေမဲ့ သူသည် သတိအပြည့်နှင့် ဖြစ်လို့နေခဲ့၏။ ထို့အပြင် အထဲတွင် ထောင်ချောက်များ ရှိနေမည်လားဆိုသည်ကို မည်သူက သိနိုင်မည်နည်း။
ဖောက်
အထဲသို့ လျှောက်ဝင်ဝင်ခြင်းမှာပဲ ကျွင်းချောင်ရှောင်းသည် ရပ်တန့်လိုက်၏။ သူ၏ အမူအရာတစ်ခုလုံးသည် တုန်ယင်သွားခဲ့သည်။ သူ၏ မြင်ကွင်းတစ်ခုလုံးတွင် ကြီးမားလှသည့် စိတ်ဝိညာဉ်ကျောက်တုံးများက ပေါ်ပေါက်လာခဲ့သည်။ ထိုအရာသည် သေးငယ်လှသည့် ကြိုးနွယ်များဖြင့် ချိတ်ဆက်နေပြီး ပင်ကူမျှင်များကဲ့သို့ပင်။
စနစ်က ပြောလိုက်သည်။ “ဒါ စိတ်ဝိညာဉ်ကျောက်တုံး ဘိုးဘေးကြီးပဲ။ မိခင် အစစ်အမှန် စိတ်ဝိညာဉ်ကျောက်တုံး ဆိုတာ သူ့ထက် အများကြီး မျိုးဆက်နိမ့်တာပေါ့”
ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ သူ၏မျက်နှာကို ဖုံးကာကာဖြင့် ရယ်မောလိုက်သည်။
မိခင် စိတ်ဝိညာဉ်ကျောက်တုံး ဆိုသည်မှာ ရေတွက်လို့မရအောင် များပြားသော မျိုးဆက်များကို ထုတ်ဖော်နိုင်စွမ်း ရှိသည်။ ထို့အပြင် ယခု မိခင်ထက်ပို၍ အဆင့်မြင့်မားလှသော စိတ်ဝိညာဉ်ကျောက်တုံးဘိုးဘေးကြီး တည်ရှိနေသည် ဆိုလျှင် သူသည် အလွန်အမင်းချမ်းသာသည်ဆိုသည့် အဓိပ္ပာယ်ပင် မဟုတ်ပါလား။
“ဂိုဏ်းချုပ်.. အဆင်ပြေရဲ့လား”
အားရပါးရ ရယ်မောလျက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် သတိပြန်ဝင်သွားခဲ့၏။ သူသည် ကျောက်တံခါး၏ အရှေ့တွင် ရပ်လျက်ရှိနေတုန်းပင်ဖြစ်ပြီး စောနက မြင်မိခဲ့ခြင်းများသည် စိတ်ကူးယဉ်မိနေခြင်းပင်။
စနစ်သည် သူ့အတွေးကို ကောင်းကောင်းဖတ်နိုင်သောကြောင့် လှောင်ပြောင်လိုက်မိ၏။ “မင်းကိုမင်း ကံကောင်းခြင်းလူသားလို့များ ထင်နေလား။ ကျောက်တံခါးထဲကို ဝင်သွားလိုက်တာနဲ့ အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့ အခွင့်အရေးတွေ တွေ့ရလိမ့်မယ်လို့ ထင်နေတာလား။ ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံး ဘိုးဘေးလို့တောင် ပြောလိုက်သေးတယ်။ ချီးတဲ့မှ”
............
စနစ်၏ လှောင်ပြောင်မှုကို ခံရပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ အမူအရာသည် အနည်းငယ် စိတ်ဝင်တစားနှင့် ဖြစ်သွား၏။ သို့ပေမဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးသည့်နောက် ရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ “နောက်ကိုဆုတ်။ ဒီတံခါးကြီးကို ဖွင့်လိုက်မယ်”
ရမ်ရှန်သည် အလျင်အမြန်ပဲ ရှောင်ရှားလိုက်သည်။
ဟူး …..။
ကျွင်းချောင်ရှောင်းသည် အသက်ကို ပြင်းပြင်းရှူလိုက်၏။ ပြီးနောက် လက်သီးထဲသို့ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်သည်။ သူသည် ဤအရာကြီးကို ချိုးဖြတ်၍ ဝင်ချင်ကြောင်း သိသာရှင်းလင်းလှ၏။
ကျွီ
ထိုအချိန်မှာပဲ ကြီးမားလှသည့် ကျောက်တံခါးကြီးက ပွင့်သွား၏။ ကျွင်းချောင်ရှောင်းသည် ကြောင်အသွား၏။ အမှတ်မထင်နှင့် သူ၏မျက်နှာကို ပုတ်ကြည့်လိုက်သည့်အချိန်မှာတော့ နာကျင်မှုကို ခံစားလိုက်ရသည်။ ဤအရာသည် ပုံရိပ်ယောင် သို့မဟုတ် အိမ်မက်တစ်ခု မဟုတ်ပေ။ ထို့ကြောင့် ဇဝေဇဝါဖြင့် မေးလိုက်မိသည်။ “ဒါက ဘယ်လိုဖြစ်ပြီး သူ့ဘာသူ ပွင့်သွားရတာလဲ”
“ကျောက်တံခါးကြီးက သာမန်ပဲလေ။ ဒါပေမဲ့ သာမန်ထက်ပိုတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ပုံ ပေါ်တယ်။ နှစ်ပေါင်းများစွာ တည်ရှိပြီးတဲ့နောက်မှာ သူက အသိစိတ်ကို ရရှိနေတဲ့ပုံပဲ။ လက်ခံသူ ဖျက်ဆီးလိုက်မှာကြောက်လို့ သူ့ဘာသူ အရှုံးပေးပြီးတော့ ဖွင့်ပေးလိုက်တာပဲ နေမယ်” စနစ်က သုံးသပ်လိုက်၏။
..........
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျောက်တံခါးက အသိဉာဏ်ရှိတယ်။ ဟုတ်လား။ အဓိပ္ပာယ်မရှိတာ”
ဟူး ….။
ရုတ်တရက် အတွင်းဘက်ဆီမှ လေအေးများ တိုက်ခတ်လာ၏။
ကျွင်းချောင်ရှောင်းသည် ဂိုဏ်းချုပ်တစ်ယောက်တွင်ရှိသည့် ရင့်ကျက်မှုမျိုးကို ထုတ်ဖော်ပြသလိုက်သည်။ သူသည် ချက်ချင်းပဲ အကာအကွယ် နံရံတစ်ခုကို ဖန်တီးပြီး ရှေ့ဆီမှ ဝင်ရောက်လာနိုင်သည့် အဆိပ်ဖြစ်ဖွယ်အရာမျိုးကို တားဆီးလိုက်သည်။ နှင်းဆီဧကရီနှင့် ရမ်ရှန်တို့အတွက်လည်း ကာကွယ်လိုက်ခြင်းပင်ဖြစ်သည်။ ကံဆိုးစွာဖြင့် လေများ တိုက်ခတ်လာသည်ဆိုသော်လည်း ထိုလေများသည် မည်သည့် အန္တရာယ်မှ မရှိချေ။
“သွားကြရအောင်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဝင်ကြမယ်”
အစအဆုံး သူသည် ဟိတ်ဟန်ကို လုံးဝမလျော့ခဲ့ချေ။ သူသည် အလွန်အားကောင်းလှသည့် လူတစ်ယောက် ဖြစ်သည်ဆိုသော်လည်း သတိအပြည့်တော့ တည်ရှိနေသေး၏။
ဖောက် …..။
ရှေ့ဆီသို့ ခြေတစ်လှမ်း လှမ်းတက်လိုက်ပြီးသည့်နောက် ပတ်ဝန်းကျင် တည်နေရာကြီး တစ်ခုလုံးသည် လင်းထိန်သွားခဲ့သည်။ ဤအရာသည် သာမာန်အခန်းတစ်ခု၏ အကျယ်အဝန်းလောက် တည်ရှိသော ကျောက်အခန်းကြီးတစ်ခုသာလျှင် ဖြစ်၏။ မည်သည့် ဘိုးဘေးစိတ်ဝိညာဉ်ကျောက်တုံးမှ မရှိသလို တခြား ဘေးအခန်းများလည်း မရှိချေ။ သီးခြားအိမ်ကလေးတစ်လုံး ကဲ့သို့ပင်။
“မဖြစ်နိုင်ဘူး”
ကျွင်းချောင်ရှောင်းသည် ပြိုလဲလုမတ် ဖြစ်နေ၏။ “ဘာမှ မရှိဘူးလား”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒီအထဲမှာ လျှို့ဝှက်အခန်းတစ်ခုခု ရှိနိုင်တယ်လေ”
“ဒါကတော့ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် စိတ်ဓာတ်ပြန်လည် တက်ကြွလာခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “သေသေချာချာ ကြည့်ထား။ နည်းနည်းရှာဖွေကြည့်ရမယ်”
ပြီးသည့်နောက် သူသည် ကျောက်အခန်းထဲသို့ စတင်ကာ လှည့်လည်ကြည့်ရှုလိုက်တော့သည်။
ဒွီ
အလယ်ဗဟိုတည်နေရာဆီသို့ လျှောက်လိုက်သည့် အချိန်မှာတော့ သူ၏ခြေထောက်အောက် ကြမ်းပြင်တွင် ထူးဆန်းလှသည့် အရေးအကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ တည်နေရာတစ်ခုလုံးသည် တွန့်လိမ်သွားခဲ့ပြီး သူသည် ချက်ချင်းပဲ စကြဝဠာတည်နေရာထဲသို့ ရောက်ရှိသွား၏။
“ဒါပုံရိပ်ယောင်တစ်ခုလား”
ကျွင်းချောင်ရှောင်းသည် အလွန် တည်ငြိမ်လျက် ရှိနေ၏။ သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ယခင်တုန်းကလည်း ကြုံတွေ့ခဲ့ဖူးသား ဖြစ်သောကြောင့် ကြောင်အအ အမူအရာမျိုးတော့ မရှိလှချေ။
ဟမ်
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် သူရှိနေရာ စကြဝဠာ၏ရှေ့တွင် တောက်ပသည့် ဂြိုဟ်ကြီးတစ်ခုတည်ရှိကြောင်း ရှာဖွေတွေ့ရှိလိုက်၏။ ဤနေရာတွင် မည်သည့်ကြယ်နှင့် ဥက္ကာခဲမှ မရှိလှချေ။ ရှင်းလင်းလှ၏။ တစ်စုံတစ်ယောက်သည် တံမြက်စည်းနှင့်ယူကာ ရှင်းလင်းထားသကဲ့သို့ပင် ရှင်းလင်းနေ၏။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ သူ၏နားထဲတွင် လေတိုက်သံများ ဖြစ်တည်လာ၏။ ကျွင်းချောင်ရှောင်းသည် အလောတကြီးဖြင့် အနောက်သို့လှည့်ကာ ကြည့်ရှုလိုက်သည့် အချိန်မှာတော့ နက်မှောင်လျက်ရှိနေသည့် စကြဝဠာ ကောင်းကင်ကြီးတွင် အလင်းတန်းများ ဖြစ်တည်လာခဲ့ပြီး အလွန်ကို သုန်မှုန်သည့် အော်ရာများ ဖြစ်တည်လာခဲ့၏။ ဤအလင်းတန်းများသည် သူ့အား ဖြတ်သွားသည့်အချိန်မှာတော့ သူ၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ကာ ဖြတ်သန်းသွားသကဲ့သို့ပင်။ သူသည် အမှန်တကယ် ပုံရိပ်ယောင်တစ်ခုကဲ့သို့ ကြည့်မြင်နေရခြင်းပင်။
ဝှစ် ဝှစ်
များပြားလွန်းသော အလင်းတန်းများသည် ပျံသန်းလာခဲ့ပြီးသည့်နောက် တောက်ပသည့် ဂြိုဟ်ကြီး အနီးအနားတွင် ဝိုင်းရံထားခဲ့၏။
အလင်းတန်းများ ပျောက်ကွယ်သွားသည့် အချိန်တွင် ကျွင်းချောင်ရှောင်းက မျက်လုံးပြူးမိသွား၏။ အဘယ်ကြောင့်ဆိုသော် ကြီးမားလွန်းလှသော ထောင်နှင့်ချီသည့် ရွက်သင်္ဘောများ ဖြစ်နေသောကြောင့်ပင်။ ထိုအရာများ အားလုံးသည် တူညီသည့် အမဲရောင်ရွက်သင်္ဘောများ ဖြစ်ကြပြီး ရွက်သင်္ဘောများ၏ မျက်နှာပေါ်တွင်လည်း ထူးဆန်းလှသည့် အရေးအကြောင်းများအား ရေးဆွဲထားသည်။ “
“ချီးတဲ့မှ များလိုက်တာ”
သူ့အနေနှင့် ရွက်သင်္ဘောဆယ့်တစ်စင်းကို ပိုင်ဆိုင်သည့်အတွက် အလွန်တရာ အားကောင်းလှသည်ဟု ခံစားနေမိ၏။ သို့ပေမဲ့ ဤအမဲရောင်ရွက်သင်္ဘော တစ်သောင်းနီးပါးနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင်တော့ ကလေးသာသာ ကဲ့သို့ပင်။
“သူတို့က ကျူးကျော်ချင်တာလား”
ကုန်းရှန့်သည် တွေးတောလျက် ရှိနေတုန်းမှာပဲ အလင်းတန်းတစ်ခုသည် ထိုတည်နေရာကြီးဆီမှ ပျံသန်းထွက်ခွာလာပြီးသည့်နောက် များပြားလှသည့် ရွက်သင်္ဘောများရှေ့တွင် မတ်မတ်ရပ်လိုက်သည်။ ၎င်းသည် တိုက်ပွဲဝင် ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ဖြစ်ပြီး အလွန်တရာ ခန့်ညားလှသည့် ဟန်ပန်မျိုးကို ထုတ်ဖော်နေ၏။
ဤလူ - ဤလူသည် အလွန်အားကောင်းလွန်းသည်။
ကျွင်းချောင်ရှောင်းသည် တစ်ချက်သာ လှမ်း၍ ကြည့်ရှုပြီးသည့်နောက် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။ အထက်နယ်မြေတွင် ကုထျန်းရှင်းသည် ကြယ်တာရာစိတ်ဝိညာဉ်လောကမှ ရွက်သင်္ဘောများကို ခုတ်ပိုင်းပြီး အလွန် အားကောင်းလှသည်ဆိုသော ခံစားချက်အား သူ့ကို ပေးစွမ်းခဲ့၏။
“ကုရွှမ်ယွမ်”
အဓိက ရွက်သင်္ဘောဆီမှ သုန်မှုန်နေသည့် အသံက ထွက်ပေါ်လာသည်။ “မင်းရဲ့အားအင်အဆင့်တစ်ခုတည်းနဲ့ စကြဝဠာတစ်ခုလုံးကို အုပ်စိုးနေတဲ့ မိုးကောင်းကင်နတ်ဆိုးအင်ပါယာကို တိုက်ခိုက်ဖို့အတွက် စီစဉ်နေတာလား”
“ဒါ ကျုပ်ရဲ့အိမ်ပဲ”
သက်လတ်ပိုင်းလူသည် သူ၏လက်ကို မြှောက်လိုက်၏။ ထက်ရှလှသော ဓားတစ်စင်းသည် လက်၌ ထွက်ပေါ်လာ၏။ “ဒီဂြိုဟ်ကို အနိုင်ကျင့်တာဘယ်တော့မှ ခွင့်ပြုပေးမှာ မဟုတ်ဘူး”
“ဟမ့်”
သုန်မှုန်နေသည့် အသံပိုင်ရှင်က ထပ်ကာ ပြောလိုက်သည်။ “ဒါက ပထမတန်းစား ဂြိုဟ်တစ်ခုထက် ဘယ်လိုမှ မပိုဘူးလေ။ ဒီအတွက်နဲ့ မင်းက မိုးကောင်းကင်နတ်ဆိုးအင်ပါယာကိုတောင်မှ ရန်ပြုချင်နေတာလား။ မင်းရဲ့ နှစ်သောင်းနဲ့ချီပြီး ကျင့်ကြံခဲ့တဲ့အရာတွေ ပျက်စီးသွားလိမ့်မယ်။ ဒါက ထိုက်တန်ရဲ့လား”
“တခြားသူတွေရဲ့ လောကကြီးကို လိုက်ပြီး သိမ်းပိုက်တတ်တဲ့ ခင်ဗျားတို့ မိစ္ဆာလို လူတွေက လူသားတွေအတွက် အိမ်တစ်အိမ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို နားလည်မှာ မဟုတ်ဘူး” ကုရွှမ်ယွမ်က ပြောလိုက်၏။
ဟား ဟား ဟား ဟား
ထူးဆန်းလှသည့် ရယ်မောသံက ထွက်ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည်လည်း ထိုကဲ့သို့ ရယ်မောရသည်ကို နှစ်သက်၏။ သို့ပေမဲ့ တစ်ဖက်လူနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် လေသံနှင့် ဟိတ်ဟန်သည် အလုံးစုံ ကွာခြားလျက် ရှိနေသည်။
“မင်းတို့လူသားတွေက ခံစားချက်တွေ အရမ်းများတယ်။ နေရာတိုင်းမှာ ထိန်းသိမ်း စောင့်ရှောက်ချင်တဲ့ အကြောင်းအရာတွေက များနေတယ်။ ဒါကြောင့်မို့လဲ ကောင်းကင်ရဲ့ အဆင့်မြင့်တဲ့ အဆင့်တွေဆီကို မရောက်ရှိနိုင်တာပေါ့။ မင်းတို့ဆီမှာ အန္တိမလမ်းစဉ်ကို ထိတွေ့ကိုင်တွယ်နိုင်တဲ့ အရည်အချင်းမျိုး လုံးဝရှိမှာ မဟုတ်ဘူး”
ကုရွှမ်ယွမ်က ပြောလိုက်သည်။ “လူသားတွေလို့ခေါ်တဲ့ ကျုပ်တို့က ခံစားချက်တွေရှိတယ်။ ထိတွေ့ခံစားနိုင်တယ်။ ဒါပေမဲ့ ခင်ဗျားတို့လို သွေးအေးပြီးတော့ အကြင်နာတရားကင်းမဲ့လှတဲ့ မိစ္ဆာတွေတောင်မှ အန္တိမလမ်းစဉ်ကို တက်လှမ်းနိုင်တယ်ဆိုရင် ကျုပ်တို့ကလည်း တက်လှမ်းနိုင်ရမှာပေါ့”