အခန်း ၁၇၁၄
Vol. 115 Ch. 1714
အပိုင်း (၁၇၁၄)
ကျွင်းချောင်ရှောင်းသည် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီးသည့်နောက် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်မှဖြစ်မည်။ စိတ်လှုပ်ရှားနေ၍ မဖြစ်ချေ။ သူ၏ နှလုံးသားထဲတွင် တောက်လျှောက်ဆိုသလိုပဲ တွေးတောလျက်ရှိ၏။ သို့ပေမဲ့ မျက်နှာပေါ်တွင် ထိန်းချုပ်ရခက်ခဲသည့် အပြုံးတစ်ခုက ပေါ်ပေါက်လို့နေသည်။
သူသည် ရမ်ရှန်ကို ဤလွတ်လပ်သော တိုက်ပွဲနယ်မြေထဲသို့ ခေါ်ဆောင်လာခဲ့ခြင်းဆိုသည်မှာ အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲနှင့်အတူ လက်တွဲ၍ လုပ်ဆောင်နိုင်သည့် ကံကောင်းခြင်းလူသားတစ်ယောက် ခေါ်ဆောင်လာ ခဲ့ခြင်းသာလျှင် ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူသည် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းထက် ပိုမိုကာ အသုံးဝင်သည့် အရာကို ရှာဖွေပေးခဲ့၏။
အချက်အလက်အားဖြင့် သူ၏တောင်းဆုသည် မှန်ကန်လာခဲ့၏။ လဝက်ခန့်ကြာမြင့်ပြီးသည့်နောက်မှာတော့ သန်းဘီလီယံတစ်ရာကျော်ရှိသော ပထမအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများကို ရရှိခဲ့၏။ စနစ်သည် အထက်နယ်မြေဗားရှင်းသို့သာ အဆင့်မြှင့်တင်ခဲ့သည် မဟုတ်ပါက သိုလှောင်လက်စွပ်၏ သိုလှောင်နိုင်မှုသည် တိုးတက်မလာနိုင်ပေ။ ထိုသို့ဆိုလျှင် ပထမအဆင့်စိတ်ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းထားရန်ဆိုသည်မှာ ခက်ခဲပေလိမ့်မည်။ လက်ရှိအခြေအနေမှာတော့ အဆင်ပြေလို့နေသည်။
စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းများကို ရှာဖွေတွေ့ရှိပြီးသည့်နောက် ရမ်ရှန်သည် ကြီးမားလွန်းလှသော ကျောက်တံခါးကြီးတစ်ခုကို အမှတ်မထင် ရှာဖွေတွေ့ရှိလိမ့်မည်ဟု မထင်မိခဲ့ချေ။ ပထမတုန်းက စိတ်ဝိညာဉ် ကျောက်တုံးထက် ပိုမိုကာ တန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခုခု တည်ရှိလိမ့်မည်ဟု သူက စိတ်ကူးယဉ်ခဲ့ မိသေး၏။
လက်ရှိအခြေအနေမှာတော့ စိတ်ဝိညာဉ်ကျောက်တုံးထက် ပိုမိုကောင်းမွန်သည့် တခြားသော အရင်းအမြစ်များ မဟုတ်ခဲ့ချေ။ သို့ပေမဲ့ ဂြိုဟ်တစ်ခု၏ မူလအရင်းအမြစ် တစ်ခုသည် သူ့အား အမွေဆက်ခံရန် စောင့်မျှော်လျက် ရှိနေခဲ့ခြင်းပင်။
ပျော်ရွှင်မှုသည် ချက်ချင်းဆိုသလိုပဲ ဖြစ်တည်လာခဲ့ပြီး သူ့အား အလစ်အငိုက်ပင် ဖြစ်စေခဲ့၏။ နှင်းဆီဧကရီ တည်ရှိနေသည်သာ မဟုတ်ပါက ကျွင်းချောင်ရှောင်း အနေဖြင့် ရမ်ရှန်ဆီသို့ ပြေးသွားပြီး အားရပါးရ နမ်းရှိုက်မိမှာ သေချာသည်။ လွတ်လပ်သော တိုက်ပွဲနယ်မြေဆီသို့ ၎င်းအား ခေါ်ဆောင်လာခဲ့ခြင်းဆိုသည်မှာ အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲကို ခေါ်ဆောင်လာခြင်းထက်ပင် ပိုမိုကာ တန်ဖိုးကြီးမားခဲ့၏။
...........
စနစ်သည် မမြင်ချင်ယောင် ဆောင်ထားခဲ့၏။ တစ်ဖက်လူအား သူပြောဆိုခဲ့ဖူးသည့် အခြေအနေတစ်ခုသည် လက်ရှိအချိန်မှာတော့ ပြောင်းပြန်အဖြစ် ပါးပိတ်ရိုက်ခံနေရပြီ မဟုတ်ပါလား။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် ကောင်းမွန်သည့် အခွင့်အရေးကို ရှာဖွေတွေ့ရှိရုံတင်မကပေ။ အကြီးအကျယ် ကောင်းမွန်လှသည့် အခွင့်အရေးကို ရှာဖွေတွေ့ရှိနေခြင်းပင်။
လဝက်နီးပါးခန့် ကြာမြင့်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အစောင့်အရှောက်သားရဲ၏ အကူအညီဖြင့် စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တော်တော်များများကို တူးထုတ်ခဲ့သည် ဆိုသော်လည်း အချိန်သာ ကုန်ဆုံးခဲ့၏။ သိပ်ပြီးပင်ပင်ပန်းပန်း ပြုလုပ်ရသည်မျိုး မဟုတ်ပေ။ ထိုမျှသက်သာရုံဖြင့်မကသေးပေ .... လက်ရှိအချိန်မှာတော့ ဂြိုဟ်တစ်ခု၏ မူလအရင်းအမြစ်ကို အမွေဆက်ခံပြီးသည့်နောက် ဤဂြိုဟ်ကြီး၏ သခင်အဖြစ် ဖြစ်တည်လာပေလိမ့်မည်။ ၎င်း၏အတွေးတစ်ချက်နှင့် အရာအားလုံးကို ပြောင်းလဲနိုင်သည့် အခြေအနေမျိုးသို့ ရောက်ရှိလာပေလိမ့်မည်။
တွေးကြည့်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ် ထရပ်လိုက်၏။ သူ၏ လှုပ်ရှားလျက် ရှိနေသည့်စိတ်များကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီးသည့်နောက် ရူးကြောင်ကြောင်နှင့် ထကာအော်လိုက်သည် “ကျေးဇူးတင်ပါတယ်”
“......”
ကံကောင်းစွာဖြင့် စနစ်သည် ခန္ဓာကိုယ် မရှိချေ။ မဟုတ်ပါက မျက်ရည်များ တောက်တောက်ကျနေမိမှာ သေချာ၏။
“ယောက်ျား”
နှင်းဆီဧကရီသည် လင်းလက်တောက်ပလျက်ရှိနေသည့် သလင်းအလုံးကြီးကို ကြည့်ရှုကာ ပြောလိုက်၏။ “ဒါ ဂြိုဟ်ရဲ့ မူလအရင်းအမြစ်လား”
ထိုအရာကို မမြင်ဖူးဘူးဆိုသော်လည်း ကြားတော့ ကြားဖူးခဲ့သည်။ ထို့အပြင် သလင်းအမြူတေဆီမှ ထွက်ပေါ်လျက် ရှိနေသည့် ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများ သည် ပြင်ပလောကထက် အဆရာချီ အားကောင်းနေ၏။
မူလအရင်းအမြစ်၊ ဂြိုဟ်တစ်ခု၏ နှလုံးသား၊ ဓာတ်သဘာဝများ၏ အရင်းအမြစ်လည်း ဖြစ်သည်။ စိတ်ဝိညာဉ် ကျောက်တုံးမိုင်းတွင်း သို့မဟုတ် စိတ်ဝိညာဉ်ကျောက်တုံး မိခင် အရာအားလုံးသည် ဤအရာမှ စတင်ကာ မွေးဖွား လာသည့်အရာမျိုးပင်။
“ဒါ ဘိုးဘေး မဟုတ်ဘူးလား။ ငါ မမှားပါဘူး”
“........” စနစ်သည် ပိုမိုကာ တိတ်ဆိတ်ငြိမ်သက်စွာ တည်ရှိနေ၏။
“မဆိုးဘူးပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ဂြိုဟ်တစ်ခုရဲ့ မူလအရင်းအမြစ်ပဲ”
“လွယ်လွယ်ကူကူနဲ့ ရှာဖွေတွေ့ရှိလိမ့်မယ်လို့ မထင်မိဘူး။ ယုံကြည်ဖို့တောင်ခက်တယ်” နှင်းဆီဧကရီသည် သက်ပြင်းချလိုက်မိ၏။
“ဂိုဏ်းချုပ်၊ ဆရာကတော်”
ရမ်ရှန်သည် သူ၏လက်များကို ပွတ်သပ်ကာဖြင့် စပ်ဖြီးဖြီး ပြောလိုက်သည်။ “အရာ အားလုံးက ဒီတပည့်ရဲ့ ကျေးဇူးကြောင့်ပဲနော်။ ဂိုဏ်းအတွက် တကယ့်ကို ကောင်းမွန်လှတဲ့ လုပ်ဆောင်မှုကြီးကို လုပ်ပေးနိုင်ခဲ့ပြီ မဟုတ်လား”
ကျွင်းချောင်ရှောင်း အနေနှင့် ဂိုဏ်းတစ်ခု၏ဂိုဏ်းချုပ်ဖြစ်သည်မို့ ရံဖန်ရံခါတွင် သူ့အား ခေါင်းထဲတွင် မထည့်ခဲ့ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းသည် မိသားစုတစ်ခုကဲ့သို့ ဖြစ်တည်နေသည့် ဂိုဏ်းတစ်ခုဖြစ်ကြောင်းကို ကောင်းကောင်း ခံစားမိမှာ သေချာ၏။
“အင်း ....”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သိပ်မှန်တာပေါ့”
တစ်ဖက်လူသည် ရေတွက်လို့မရအောင် များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းများပါဝင်သည့် ပထမတန်းစားဂြိုဟ်ကြီးတစ်ခုကို ရှာဖွေ တွေ့ရှိနိုင်ရန် ကူညီပေးခဲ့၏။ ထိုအရာသည် တကယ့်ကိုကြီးမားလှသည့် လုပ်ရပ်မျိုး ဖြစ်သည်သာမက တကယ့်ကို ကြီးကြယ်ခမ်းနားစွာ မှတ်သားထားရမည့်အရာလည်း ဖြစ်၏။
ဟား ဟား ဟား ဟား
ရမ်ရှန်က သွားဖြီးလိုက်သည်။
“မင်းတို့ လမ်းဖယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါ ဒီဂြိုဟ်ရဲ့ အရင်းအမြစ်ကို အမွေဆက်ခံလိုက်အုံးမယ်”
နှင်းဆီဧကရီက ပြောလိုက်သည်။ “ဒီအရင်းအမြစ်က ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေနဲ့ ခြားနားတယ်နော်။ အမွေကို ဆက်ခံပြီးတဲ့နောက်မှာ အန္တရာယ်တစ်ခုခု ဖြစ်နေအုံးမယ်။ ယောက်ျား သေသေချာချာ စဉ်းစားအုံး”
ရှေ့တွင်ရှိသော သလင်းအမြူတေသည် မဆိုးလှချေ။ သို့ပေမဲ့ လွယ်လွယ်ကူကူ ရရှိလိမ့်မည်တော့ မဟုတ်ချေ။
“ကျုပ် ဒါကို စဉ်းစားထားပါတယ်”
ကျွင်းချောင်ရှောင်းသည် တိကျခိုင်မာသောအကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “ဒီအရာကို ကျိန်းသေပေါက် အမွေဆက်ခံရမယ်”
ပုံရိပ်ယောင်မြင်ကွင်းထဲ၌ ကုရွှမ်ယွမ် ပြောခဲ့သည့်မှာ ဤဂြိုဟ်ကြီး၏ အမွေဆက်ခံနိုင်သည့်လူသည် ရေစက်ပါသည့်လူဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် သူသည် ဤတည်နေရာသို့ ရောက်ရှိလာသည့်သူ ဖြစ်သောကြောင့် ရေစက်ပါသည့်လူပင်ဖြစ်သည်။
ဆွစ် ...။
သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် သလင်းအမြူတေနှင့် ပေါင်းစပ်လိုက်၏။
ဘုန်း ...။
ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ သိစိတ်ပင်လယ်ကြီး တစ်ခုလုံးသည် ပေါက်ကွဲသွားခဲ့သလိုပင်။ သူသည် အနောက်သို့ ခြေလှမ်းဆယ်လှမ်းလောက် လှမ်းဆုတ်ပြီးမှ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်နိုင်၏။ သူ၏ မျက်နှာတစ်ခုလုံးတွင် နာကျင်သည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့သည်။
ဟား ဟား ဟား
စနစ်သည် ရယ်မောကာ ပြောလိုက်၏။ “ကံကြမ္မာရေစက် မပါဘူးပဲ”
ယခင်တုန်းက ပါးပိတ်ရိုက်ခံရသောကြောင့် ငြိမ်သက်လျက်ရှိသည့် စနစ်သည် အခွင့်အရေးကို အရယူပြီးသည့်နောက်မှာတော့ မလှောင်ပြောင်ဘဲ မနေနိုင်တော့ချေ။
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းသည် သုန်မှုန်စွာဖြင့် ပြောလိုက်၏။ “ငါ ဒီကိုရောက်လာပြီးပြီ။ ဘယ်လိုဖြစ်ပြီး ရေစက် မပါရတာလဲ။ နေအုံး.. ဒီကြီးမားတဲ့ ကျောက်တံခါးကြီးကို ရှာဖွေတွေ့ရှိခဲ့တာ ရမ်ရှန်မဟုတ်လား။ သူနဲ့များ ကံကြမ္မာရေစက်ပါနေတာလား”
“ရမ်ရှန်”
ကျွင်းချောင်ရှောင်းသည် ကြင်နာစွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့ စိတ်ဝိညာဉ်သိစိတ်ကို အသုံးပြုပြီး ဒီသလင်းအမြူတေနဲ့ ဆက်သွယ်ကြည့်လိုက်ကွာ”
သူ့၌ ကံကြမ္မာရေစက် မပါဘူးဆိုလျှင် သူ၏တပည့်သည် အမွေဆက်ခံရန် ကံကြမ္မာရေစက် ပါပေလိမ့်မည်။ မည်သို့ပင်ဆိုစေ မိသားစုအနေနှင့် ကောင်းမွန်သည့်အရာများကို လက်ခံရရှိခြင်းသည် အတူတူပင် မဟုတ်ပါလား။
“ကောင်းပြီ” ရမ်ရှန်သည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်၏။ သို့ပေမဲ့ သလင်းအမြူတေနှင့် ထိတွေ့ လိုက်သည့်အချိန်မှာတော့ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုးနှက်ခံလိုက်ရသလိုပင် အနောက်ဘက်သို့ လွင့်စင်ကာ နံရံနှင့်ပင် တိုက်မိ၏။
“ရမ်ရှန်” ကျွင်းချောင်ရှောင်းသည် ရုတ်တရက် ထအော်လိုက်သည်။
ရမ်ရှန်သည် ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်ဖြင့် မြေပေါ်မှ မတ်တပ်ထရပ်လိုက်၏။ “ဂိုဏ်းချုပ်... ကျုပ် အဆင်ပြေပါတယ်”
ကျွင်းချောင်ရှောင်းသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိ၏။ ရုတ်တရက် ရမ်ရှန်သည် မျက်လုံးများ ချာချာလည်ပြီးသည့်နောက် မြေပေါ်သို့ လဲကျကာ သတိလစ်မေ့မျောသွားသည်။
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။
နှင်းဆီဧကရီသည်လည်း ဆွံ့အသွားမိသည်။
ဤသလင်းအမြူတေသည် အကာအကွယ်စနစ်တစ်ခု ပါဝင်လျက်ရှိ၏။ ထိုအရာကို စိတ်ဝိညာဉ်အာရုံများနှင့် ထိတွေ့မိသူတိုင်းသည် တန်ပြန်မှုကို ခံစားရ၏။
ကျွင်းချောင်ရှောင်းသည် အလွန်အားကောင်းလှ၏။ ထို့ကြောင့် နာကျင်မှုကိုသာ ခံစားရခြင်းဖြစ်ပြီး တခြားတစ်ဖက်မှာ ရှိနေသည့် ရမ်ရှန်မှာတော့ လုံလောက်သည့် အားအင်အဆင့်ကို ပိုင်ဆိုင်သူတစ်ယောက် မဟုတ်ပေ။ ထို့ကြောင့် ချက်ချင်းပဲ သတိလစ်မေ့မျောသွားခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ကြီးကြီးမားမား ပြဿနာမရှိဘဲ သတိလစ်မေ့မျောသွားရုံသာ ဖြစ်ခဲ့ခြင်းပင်။
ဘာလုပ်ရမည်နည်း။ သူ့တပည့် ဘာမှမဖြစ်သည်ကို အတည်ပြုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။
ကျွင်းချောင်ရှောင်းသည် စဉ်းစားလိုက်မိ၏။ ရပြီ... ဒါကို သိုလှောင်လက်စွပ်ထဲမှာ ထည့်ပြီး သိမ်းဆည်းသွားရမယ်။ဒါပေမဲ့ ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံတွေနဲ့ ထိတွေ့လို့မရဘူးဆိုမှတော့ ဒါနဲ့ ဘယ်လိုသိမ်းဆည်းမလဲ။
စနစ်က ပြောလိုက်သည်။ “ဒီဂြိုဟ်ရဲ့ မူလအရင်းအမြစ်က ကုရွှမ်ယွမ်ပြောတဲ့ ရေစက်ပါတဲ့လူအတွက် ချန်ထားတာလေ။ လက်ခံသူက ဒါကို လုပ်လို့မရဘူးဆိုတော့ ဒါကို အမွေဆက်ခံနိုင်မယ့် လူတစ်ယောက်ယောက် ရောက်လာမှာကို စောင့်ဖို့ပဲ ကျန်တော့တယ်”
ငါ လက်မခံနိုင်ဘူး။ ကျွင်းချောင်ရှောင်းသည် စိတ်ထဲမှာ အော်ဟစ်လျက်ရှိ၏။
ထိုအချိန်မှာပဲ နှင်းဆီဧကရီသည် ဘယ်ကကောက်လာမှန်းမသိသည့် သစ်ကိုင်းသေးလေးတစ်ခုကို ကိုင်ပြီး သလင်း အမြူတေဆီသို့ လျှောက်သွား၏။ ပြီးနောက် ပြောလိုက်သည်။ “ကျွန်မ စမ်းကြည့်လိုက်မယ်”
ကျွင်းချောင်ရှောင်းသည် အံ့အားသင့်စွာဖြင့် လှမ်းအော်လိုက်မိသည်။ “ပေါက်ကရတွေ လျှောက်မလုပ် ...”
ဖောက်
ဤသစ်ကိုင်းလေးသည် အလင်းတန်းများနှင့် ထိတွေ့လိုက်သည့်အချိန်မှာတော့ သလင်းအမြူတေ၏ မူလ အသွင်အပြင်သည် အလင်းတန်းများကြားမှ ထင်ထင်ရှားရှား ဖြစ်တည်လာ၏။ ပြီးနောက် သလင်းအမြူတေကို လွှမ်းခြုံထားသော အလင်းတန်းများသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။
“ဒါက” ကျွင်းချောင်ရှောင်းက ဆွံ့အသွားမိသည်။
နှင်းဆီဧကရီက ပြောလိုက်၏။ “အလင်းတန်းတွေ မရှိဘူးဆိုရင် ယောက်ျားအနေနဲ့ ဒါကို အမွေဆက်ခံလို့ ရနိုင်မယ် ထင်တယ်။ ဟုတ်တယ်မလား”
“ငါ စမ်းကြည့်လိုက်မယ်” ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်အာရုံများကို ထပ်မံကာ စေလွှတ်လိုက်ပြီးနောက် သေသေချာချာ ချဉ်းကပ်လိုက်သည်။ ထင်မှတ်ထားသည့်အတိုင်းပင်။ တခြားအတားအဆီး တစ်ခုမှ မရှိပေ။ ကျွင်းချောင်ရှောင်းအနေဖြင့် စိတ်ဝိညာဉ်အာရုံများကို ထိန်းချုပ်ကာ ချက်ချင်းပဲ ထိုအရာဆီသို့ လှမ်းသွားလိုက်သည်။
ဆွစ်
ဂြိုဟ်၏ မူလအရင်းအမြစ်နှင့် ထိတွေ့ပြီးသည့်နောက် သူ၏ ဝိညာဉ်တစ်ခုလုံးသည် ပုံရိပ်ယောင်ထက် ပုံရိပ်ယောင် ပိုဆန်လှသော ဝိညာဉ်နယ်မြေကြီးဆီသို့ ရောက်ရှိသွားခဲ့၏။
“ရေစက်ပါတဲ့လူ... နောက်ဆုံးတော့ ရောက်လာပြီပဲ”
ကုန်းရှန့်အနေနှင့် သတိပြန်မဝင်ခင်မှာပဲ ရင်းနှီးနေသည့်အသံသည် သူ၏နားထဲသို့ ဝင်ရောက်လာသည်။
“သူပဲ.. ကုရွှမ်ယွမ်”
သေချာပေ၏။ ကျွင်းချောင်ရှောင်းသည် အသာလှည့်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ရွက်သင်္ဘော သောင်းချီကို ဖျက်ဆီးလိုက်သည့် ဆန်းကြယ်လှသောသူကို မြင်လိုက်ရသည်။ သူသည် ရုတ်တရက် အံ့အားသင့်စွာဖြင့် ပြောလိုက်မိသည်။ “စီနီယာ... စီနီယာ အသက်ရှင်နေသေးတာလား”
“ဒါက ငါ့ရဲ့ အကြွင်းအကျန် သိစိတ်လေးနဲ့ ဖန်တီးထားတဲ့ ပုံပန်းသွင်ပြင်တစ်ခုပါပဲ”
“အင်း... ကျုပ်သိပါပြီ” ကျွင်းချောင်ရှောင်းသည် ဉာဏ်အလင်းရသွားမိ၏။
ကုရွှမ်ယွမ်က ပြောလိုက်သည်။ “မင်းအနေနဲ့ ကျောက်အခန်းထဲကို ဝင်ပြီးတော့ ငါအရင်တုန်းက ချန်ထားခဲ့တဲ့ အစီအရင်ကို အသက်သွင်းနိုင်ခဲ့တယ်။ ဒီတော့ မင်းက ရေစက်ပါတဲ့ လူတစ်ယောက်မှန်း သိသာနေပြီ။ မင်းက ရွှမ်ယွမ်နယ်မြေရဲ့ မူလအရင်းအမြစ်ကို ယူဆောင်နိုင်ပါပြီ”
“ကျေးဇူးတင်ပါတယ် စီနီယာ” ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။
“ဒါပေမဲ့”
ကုရွှမ်ယွမ်သည် လေးနက်တည်ကြည်သည့်အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ “မင်း.. ဒီဂြိုဟ်ရဲ့ မူလ အရင်းအမြစ် ကို ဆက်ခံလိုက်ပြီဆိုရင် တာဝန်ယူမှုတွေတော့ ရှိလာလိမ့်မယ်။ ပြီးတော့ မိုးကောင်းကင် နတ်ဆိုးအင်ပါယာကို ဖျက်ဆီးပစ်ဖို့ တာဝန်ရလိမ့်မယ်”
“ဒါက”
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာက လူတွေကို သတ်ဖြတ်၊ အရင်းအမြစ်တွေကို လူယူပြီးတော့ အသက်ရှင်နေထိုင်ခဲ့တာပဲ။ ဂြိုဟ်ပေါင်းထောင်ချီ၊ သက်ရှိပေါင်းများစွာတို့က သူ့ရဲ့ သတ်ဖြတ်၊ ဖျက်ဆီးခြင်းကို ခံခဲ့ရတယ်။ မင်းက လူသားတစ်ယောက်ဖြစ်ပြီး ရွှမ်ယွမ် နယ်မြေကြီးကို အမွေဆက်ခံထားပြီဆိုမှတော့ သာမန်လူတွေအတွက် မကောင်းတဲ့လူတွေကို သုတ်သင်ရှင်းလင်းပစ်ရမှာပေါ့”
“သူ့ကို မနိုင်မှာ စိုးရိမ်ရတယ်”
ကျွင်းချောင်ရှောင်းအနေဖြင့် သာမန်လူများအတွက် မကောင်းသည့်မိစ္ဆာလူများကို သုတ်သင်ဖျက်ဆီး ပစ်ချင်မိသည်။ သို့ပေမဲ့ ပုံရိပ်ယောင်အစီအရင်ထဲမှ မြင်ခဲ့ရသမျှဆိုလျှင် ထိုသူတို့အားလုံးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည့် သိုင်းကျင့်ကြံခြင်းအဆင့်ကို ပိုင်ဆိုင်ကြ၏။
“အဆင်ပြေတယ်”
ကုရွှမ်ယွမ်က ပြောလိုက်သည်။ “မင်း သူ့ကို မနိုင်နိုင်ဘူးဆိုရင် ပိုပြီးအားကောင်းအောင် ကြိုးစားပေါ့”
“..........” ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။
ကုရွှမ်ယွမ်က ပြောလိုက်သည်။ “ဒီရွှမ်ယွမ် နယ်မြေကြီးက ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေ အလွန်ကို ပေါများတဲ့ ပထမတန်းစားဂြိုဟ်တစ်ခုပဲ။ ဒါကြီးနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဒီလောကကြီးတစ်ခုလုံးကို သဲမှုန်လို အသွင်ပြောင်းနိုင်စွမ်းရှိတယ်။ ဒါကို မင်း ယူသွား။ ဒါမှမဟုတ် ကျင့်ကြံခြင်းနယ်မြေအဖြစ် အသုံးပြု။ ဘယ်လိုပဲဖြစ်ဖြစ် မင်းက မကြာခင်မှာ မိုးကောင်းကင် နတ်ဆိုးအင်ပါယာနဲ့ တိုက်ခိုက်နိုင်တဲ့အထိ အားကောင်းလာလိမ့်မယ်”
“သဲမှုန်တစ်ခု အရွယ်အစား ဟုတ်လား”
“မင်းသဘောမတူဘူလား”
“သဘောတူပါတယ်” သူသည် ဂြိုဟ်၏ မူလအရင်းအမြစ်ကို ရရှိခဲ့သည်ဆိုမှတော့ ထိုအရာနှင့်ပတ်သက်သည့် တာဝန်၊ ဝတ္တရားများကို ထမ်းဆောင်ရပေလိမ့်မည်။ ဘာပဲဖြစ်ဖြစ် လောကကြီးကို ကယ်တင်ရန်အတွက် များပြား လှသည့်အရာများကို လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်သောကြောင့် သူသည် ထိုအရာကို ရင်းနှီးနေသည်။
ဆွစ်
ရုတ်တရက် သူ၏အရှေ့တွင် အလင်းတန်းတစ်ခု ဖြစ်တည်လာပြီး သွေးများ စွန်းထင်လျက်ရှိသည့် ချပ်ဝတ်တစ်ခု သည် လေထုထဲတွင် ပေါ်ပေါက်လာ၏။
“ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းသောင်းချီကတည်းက ငါနဲ့အတူ နေထိုင်ခဲ့တဲ့ ချပ်ဝတ်ပဲလေ။ ကောင်းကင်နဲ့မြေကြီး၊ နေနဲ့ လတို့ရဲ့ အဆီအနှစ်တွေနဲ့ ဖန်တီးထားတာ၊ အရည်အသွေးက သာမန်ထက်ပိုတယ်။ ဒီနေ့မှာ မင်းကိုမင်း ကာကွယ်နိုင်ဖို့အတွက် ဒါကို ပေးလိုက်မယ်” ကုရွှမ်ယွမ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် အားပျော့စွာဖြင့် ပြောလိုက်၏။ “ဘာလို့ ဓားကိုတော့ ချန်မထားခဲ့တာလဲ”
“မူလအားဖြင့် ငါ့ရဲ့တပည့်ကို ချပ်ဝတ်ပေးဖို့ စီစဉ်ခဲ့တာ။ ဒါပေမဲ့ ငါ့ရဲ့သက်တမ်းက ကုန်ခါနီးပြီ ဖြစ်တာကြောင့် အလောတကြီးနဲ့ သူ့ကို ပို့...”
ကုရွှမ်ယွမ်က ပြောလိုက်သည်။ “ဘယ်ကို ပို့လိုက်လဲ ငါ မေ့သွားပြီပဲ”
“တစ်ခုရှိသေးတယ်”
ကုရွှမ်ယွမ်သည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ဒီချပ်ဝတ်ဆီမှာ မိုးကောင်းကင်နတ်ဆိုးရဲ့ သွေးတွေ စွန်းထင်းနေတယ်လေ။ သေခြင်းရှင်ခြင်း ကိစ္စရပ်တွေ မရှိဘူးဆိုရင် မင်း ဒါကို ထုတ်ပြီးဝတ်ဖို့ မကြိုးစားနဲ့။ မဟုတ်ရင် မင်းရဲ့စိတ်တွေ ဆုံးရှုံးပြီး မင်းရဲ့ ဝိညာဉ် ဖျက်ဆီးခံရလိမ့်မယ်”
“သတိပေးတဲ့အတွက် ကျေးဇူးပါပဲ စီနီယာ”
ကျွင်းချောင်ရှောင်းသည် သွေးများ စွန်းထင်းလျက်ရှိနေသည့် ချပ်ဝတ်ကို အသာလှမ်းကြည့်ပြီးနောက် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ကျုပ်တို့ လူသားမျိုးနွယ်တွေက စကြဝဠာထဲမှာ ရပ်တည်နေတာလေ။ ဒါကို လုံးဝဖျက်ဆီးလို့မရဘူး”
“ကောင်းတယ်။ အရမ်းကောင်းတယ်” ကုရွှမ်ယွမ်သည် ကျယ်လောင်စွာဖြင့် ရယ်မောလိုက်၏။ သူ၏ လက်ကျန် အတွေးများသည် တဖြည်းဖြည်း ယုတ်လျော့သွားခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်းသောင်းချီတုန်းက ထိပ်တန်း ကျွမ်းကျင်သူများသည် ဤတည်နေရာသို့ ရောက်ရှိလာပြီးသည့်နောက် သူ၏တိုက်ခိုက်ခဲ့၏။ လက်ရှိအချိန်မှာတော့ သူသည် မည်သည့်ဝိညာဉ်သိစိတ်မှ မရှိတော့ဘဲ အလုံးစုံပျောက်ကွယ်ကာ သေဆုံးသွားခဲ့ပြီဖြစ်၏။ သို့ပေမဲ့ သူ၏ နောက်ဆုံးဆန္ဒကို ပြည့်စုံအောင် ပြုလုပ်နိုင်မည့် ကံကြမ္မာရေစက်ပါသူနှင့်တော့ နောက်ဆုံး၌ ဆုံတွေ့ခဲ့ရလေသည်။
“စီနီယာ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ငုံ့ကာဖြင့် ချပ်ဝတ်ကို ကြည့်ရှုလိုက်၏။ “ကျုပ်က ဒီနေ့မှာ ဂြိုဟ်ရဲ့ မူလရင်းမြစ်ကို အမွေဆက်ခံခဲ့တယ်။ ဒီနေ့မှာပဲ ခင်ဗျားရဲ့ စိတ်ဆန္ဒကို အမွေဆက်ခံနိုင်ခဲ့တယ်”
ကုန်းရှန့်သည် ပြောင်ပြောင်နောက်နောက်နှင့် နေထိုင်တတ်သူတစ်ယောက်ဖြစ်သော်လည်း လေးနက်သည့် အချိန်မျိုးတွင်တော့ သူ့အား ဟာသလုပ်၍ မရနိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ကုရွှမ်ယွမ်ပြောဆိုခဲ့သည့် စကားများသည် သူ၏နှလုံးသားထဲ၌ တည်ရှိနေ၏။ လူသားမျိုးနွယ်များသည် ကျယ်ပြောလှသည့် စကြဝဠာထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက် ဖျက်ဆီး၍ မရနိုင်သည့် အရာအဖြစ် တည်ရှိနေရမည် မဟုတ်ပါလား။