အခန်း ၁၇၁၅
Vol. 115 Ch. 1715
အပိုင်း (၁၇၁၅)
ကျွင်းချောင်ရှောင်းသည် ရေတွက်၍ မရအောင်များပြားလွန်းလှသော လိမ်ညာခြင်းများကို ပြောဆိုခဲ့ဖူး၏။ ဘဝတသက်တာတွင် ဂိုဏ်းပေါင်းများစွာကို အမြစ်ပြတ် သုတ်သင်ပစ်သည့် လုပ်ရပ်မျိုးကိုလည်း ပြုလုပ်ခဲ့ဖူး၏။ သို့ပေမယ့် ဤတစ်ကြိမ်မှာတော့ သူသည် လူသားတစ်ယောက်ဟု ပြောဆိုနေပြီ ဖြစ်သောကြောင့် လေးလေးနက်နက်ဖြင့် ထူးထူးခြားခြား လေးနက်လို့နေခဲ့၏။
“မိုးကောင်းကင်နတ်ဆိုးအင်ပါယာ ..... ခင်ဗျား စောင့်နေလိုက်”
“အား...” ရုတ်တရက် ကျွင်းချောင်ရှောင်းသည် နာကျင်စွာဖြင့် အော်ဟစ်လိုက်၏။ သူပြောပြောပြီးချင်းမှာဘဲ အလွန်တရာ ဆန်းကျယ်လွန်းလှသည့် ဓာတ်ဘဘာဝများသည် သူ၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်လာခဲ့ပြီး သူ၏ သိစိတ်ပင်လယ်တစ်ခုလုံးကို ကြမ်းကြမ်းတမ်းတမ်းနှင့်တိုက်ခိုက်လျက်ရှိသည်။
ရှောင်ဟော့နှင့် ရှောင်ရှစ် တို့သည် ရုတ်တရက် ချက်ချင်းပဲ တုန့်ပြန်လိုက်ကြသည်ဆိုသော်လည်း ရုတ်တရက် ပေါ်ပေါက်လာသည့် ဓာတ်သဘာဝများသည် အလွန်တရာ ကြမ်းရမ်းလှသောကြောင့် ၎င်းတို့၏ ခုခံခြင်းအလွှာများအား ချက်ခြင်းပဲ ချိုးဖျက်လိုက်၏။
ဖြစ်စဉ်တစ်ခုလုံးသည် အချိန်ခဏလေးအတွင်း ဖြစ်ပေါ်ခဲ့သည်ဆိုသော်လည်း နာကျင်မှုမှာတော့ အလွန် ပြင်းထန်လွန်းလှသည်။
ဘုတ်
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်ပြီးသည့်နောက်မှာတော့ သူ၏မျက်နှာသွင်ပြင် တစ်ခုလုံးသည်လည်း ရှုံ့မဲ့လျက်ရှိ၏။
“မြန်မြန်”
စနစ်သည် အလောသုံးဆယ်နှင့် သတိပေးလိုက်သည်။ “ ဒီ ချပ်ဝတ်ကို မြန်မြန်လွှင့်ပစ်လိုက်”
ဓာတ်သဘာဝများသည် ချပ်ဝတ်ဆီမှ ဗိုင်းရပ်တစ်ခုကဲ့သို့ပင် ရုတ်တရက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုအရာသည် မိုးကောင်းကင်နတ်ဆိုးအင်ပါယာ၏သွေးများဆီမှ ဖြစ်သည်။
ကုရွှမ်ယွမ်သည် သေခြင်းရှင်ခြင်း ကိစ္စရပ်များမှလွဲလျှင် ဤအရာကို ထုတ်ဖော်အသုံးမပြုရန် ပြောဆိုခဲ့၏။ သို့ပေမယ့် ဤအရာကို ထိတွေ့ကိုင်တွယ်ခြင်း မပြုလုပ်ရန်တော့ သတိပေးခြင်း မရှိခဲ့ချေ။ သတိမေ့လို့နေ၏။
ကုန်းရှန့်သည် လေးလေးနက်နက် ဖြစ်တည်နေခြင်းမှာ ရှားပါလွန်းလှ၏။ ယခုလေးလေးနက်နက်နှင့် ချပ်ဝတ်ကို ကောက်ကာကိုင်လိုက်သည့်အချိန်မှာတော့ မိမိကိုယ်ကို သေလမ်းရှာ သကဲ့သို့ပင် ဖြစ်သွားခဲ့သည်။
ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ဆန်းကြယ်သော ဓာတ်သဘာဝများသည် ထောပတ်ကို ဓားပူပူနှင့် လှီးဖြတ်လိုက်သကဲ့သို့ပင် အထဲသို့ ဝင်ရောက်လာခဲ့၏။ ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် အားကုန်ရှိသမျှ ခုခံကြသည်ဆိုသော်လည်း အလုပ်မဖြစ်တော့ပေ။
“အား” အော်ဟစ်သံသည် ကျောက်အခန်းတစ်ခုလုံးတွင် လွင့်ပျံလျက်ရှိ၏။
“ယောကျ်ား ဘာတွေဖြစ်နေတာလဲ”
ကျွင်းချောင်ရှောင်း၏ နာကျင်နေသည့် အမူအယာကို မြင်ရသည့် အချိန်မှာတော့ နှင်းဆီဧကရီ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများနှင့် ပြည့်နက်သွားသည်။
“မြန်မြန် မြန်မြန်.. သွားတော့၊ သွားတော့” ကျွင်းချောင်ရှောင်းသည် ခက်ခက်ခဲခဲနှင့်ပြောဆိုလိုက်သည်။ သူ၏မျက်လုံးများသည် တဖြည်းဖြည်းနှင့် နီမြန်းလာခဲ့၏။ အသွင်အပြင်အမူအယာသည် ရီရှင်းချန်နှင့် တူညီလာသကဲ့သို့ပင်။
မိုးကောင်းကင်နတ်ဆိုးသွေးများ ပါဝင်လျက်ရှိနေသည့် ချပ်ဝတ်သည် လွန်ခဲ့သည့် နှစ်ပေါင်းတစ်သောင်း ကတည်းက တည်ရှိခဲ့သည်အရာဖြစ်သော်လည်း အလွန်အမင်း ကြမ်းတမ်းလွန်းလှ၏။ သူ၏ စိတ်တစ်ခုလုံး သည် ပျောက်ကွယ်ပြီး ရူးသွပ်သည့်လုပ်ရပ်မျိုးကို ပြုလုပ်လာနိုင်သည့်အခြေအနေမျိုးသို့ ရောက်ရှိလာနိုင် သည်။ လက်ရှိအခြေအနေမှာတော့ သူ၏ တစ်ကိုယ်တည်း (single) ဘဝသည် တစ်ခါ ပျောက်ဆုံးသွားနိုင်သည့် အခြေအနေမျိုး ဖြစ်သည်။
သို့ပေမဲ့ ဤသို့ဖြစ်၍မရချေ။ ရမ်ရှန်တစ်ယောက် ဘေး၌ ရှိနေသေး၏။
“သွားကြရအောင်” နှင်းဆီဧကရီသည် တိကျခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်၏။ လက်ရှိ အခြေအနေမှာတော့ သူမသည် အမှန်ပဲ စိတ်ဆုံးဖြတ်ပြီးသား ဖြစ်လို့နေခဲ့၏။ အခြားသောသူ တစ်ယောက် ယောက်သာ ဆိုပါက လက်ရှိအခြေအနေတွင် ဘာလုပ်ရမှန်းသိလိမ့်မည်မဟုတ်ချေ။ သူမမှာတော့ အတွေ့အကြုံများစွာ ပိုင်ဆိုင်သည့်လူတစ်ယောက်ဖြစ်သည်မို့ ဘာလုပ်ရမည်ဆိုသည်ကို ချက်ချင်း နားလည်လိုက်မိသည်။
“ဂိုဏ်းချုပ်” ရမ်ရှန်သည် မူလအားဖြင့် ဤနေရာတွင် နေချင်၏။ သို့ပေမဲ့ ဂိုဏ်းချုပ်၏ မိန်းမသည် စကား နားထောင်ပြီး ချက်ချင်း ထွက်ခွာသွားသည်ကို မြင်ရသည့် အချိန်မှာတော့ သူလည်း လိုက်ပါ ထွက်ခွာသွားခဲ့၏။ ကျောက်အခန်းထဲအတွင်းမှာတော့ ကျွင်းချောင်ရှောင်း တစ်ယောက်တည်းသာလျှင် ကျန်ရှိတော့၏။
အား......။
ကြောက်မက်ဖွယ်ရာကောင်းလှသည့် အော်ဟစ်သံကြီးသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လျှက်ရှိနေ၏။ အသံကုန် ဟစ်အော်နေခြင်းပင်။
ကျွင်းချောင်ရှောင်း၏ မျက်နှာအမူအရာများ အားလုံးသည်လည်း တွန့်လိမ် ရှုံ့တွလျက် ရှိနေပြီး သူ၏အသိစိတ်ပင်လယ်တစ်ခုလုံးကို ဓာတ်သဘာဝများသည် ပြင်းပြင်းထန်ထန်တိုက်ခိုက် နေ၏။ ပြီးသည့်နောက် သူသည် ကျောက်ရုပ်ထုမျိုးနွယ်သွေးမျိုးဆက် အသက်ဝင်သည့်အခြေအနေ တစ်ခုဆီသို့ ရောက်ရှိသွားခဲ့၏။
ကုန်းရှန့်အနေနှင့် ထိုအရာကို အသက်သွင်းလိုက်ခြင်းမဟုတ်ချေ။ ထိုအစား မိုးကောင်းကင်နတ်ဆိုးသွေးဆီမှ ဆန်းကြယ်လွန်းလှသည့် ဓာတ်သဘာဝများသည် သိစိတ်ပင်လယ်ကို တိုက်ခိုက်နေသည့် အချိန်မှာတော့ သူ၏သွေးမျိုးဆက်သည် အလိုလို အသက်ဝင်နိုးထလာခဲ့သည်။ တိတိကျကျ ပြောရမည်ဆိုလျှင် ခန္ဓာကိုယ်မှ ဖြစ်တည်လာသည့် အလိုလိုကာကွယ်မှုစနစ်ပုံစံကဲ့သို့ပင်။
ဟူး ဟူး ဟူး
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် အသက်ဝင်ပြီးသည့်နောက်မှတော့ သိစိတ်ပင်လယ်ထဲသို့ ဝင်ရောက်လာသည့် စွမ်းအင်များအား ရူးရူးမူးမူးနှင့် ခုခံလျက်ရှိနေတော့၏။ နှစ်ဘက်သည် အချင်းချင်း စိတ်လိုလက်ရ တိုက်ခိုက်နေသကဲ့သို့ပင်။
အား အူး
ကျွင်းချောင်ရှောင်းသည် ဓာတ်သဘာဝနှစ်ခု တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေသည့်အချိန်မှာတော့ အလွန် နာကျင်သည့် ခံစားချက်ကို ရရှိနေခဲ့၏။ ထို့ကြောင့် သူသည် ပြင်းပြင်းထန်ထန်နှင့် အော်ဟစ်လျှက် ရှိနေတော့၏။
ခဏလောက် ကြာပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကျောက်ရုပ်ထုအဖြစ်သို့ ပြောင်းလဲသွား၏။ သို့ပေမယ့် ပြင်ပမှရှိသည့် ဓာတ်သဘာဝများ၏ ကျူးကျော်မှုကိုခံရသည်ဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပူလောင်လျက်ရှိနေပြီး အသားအရည်တစ်ခုလုံးသည်လည်း သွေးနီရောင် ကဲ့သို့နီရဲနေ၏။ အခြေအနေသည် ရီရှင်းချန်တစ်ယောက် စိတ်လွတ်သွားခဲ့သည့်အခြေအနေမျိုးနှင့်မတူညီ လှချေ။ ထိုထက်ပင် ပိုမိုကာ ဆိုးရွားနေသည်။
“ငါတို့တော့ ဒုက္ခပဲ”
စနစ်က ပြောလိုက်၏။ “ဖြစ်နိုင်ရင် ရမ်ရှန်ကို မြန်မြန်လာဖို့ လှမ်းခေါ်သင့်တယ်”
“မလိုဘူး”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် စိတ်ထဲမှ အော်ဟစ် လိုက်၏။ “ငါ့ဘာသာ ကိုင်တွယ်နိုင်တယ်”
ဟူး.... ဟူး.... ဟူး.....
ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်သည် အပြည့်အဝ အသက်ဝင်သွားခဲ့၏။ ၎င်းသွေးမျိုးဆက်သည် စစ်ကူတစ်ခုကဲ့သို့ပင် ခန္ဓာကိုယ်၏ တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့၏။ ထိုအချိန်မှာတော့ ကုန်းရှန့်ကို ကယ်တင်မည့်သူဟူ၍ မည်သူမျှမရှိချေ။ လက်ရှိ ဘေးအန္တရာယ်ကြီးကို ဖြေရှင်းမည်ဆိုပါက မိမိကိုယ်သာ အားကိုးရန်ရှိတော့သည်။
“သွားပြီ သွားပြီ”
စနစ်က ပြောလိုက်၏။ “လက်ခံသူက ရူးတော့မှာပဲ။ .... နေအုံး .... ထပ်ပြီး ဆိုတဲ့ စကားကို ဘာလို့ ပြောမိတာလဲ။”
အကြောင်းအရာသည် ရိုးရှင်းလှချေ၏။ အောက်နယ်မြေတွင် နေထိုင်ခဲ့စဉ်တစ်လျှောက်လုံး ကျွင်းချောင်ရှောင်း သည် အကြိမ်ပေါင်းများစွာ ရူးသွပ်ခဲ့ဖူး၏။ အထူးသဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး ထဲတွင် ရရှိခဲ့သော ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ ရုပ်ထုကို ရရှိခဲ့သည့်အချိန်တုန်းကဖြစ်သည်။ လက်ခံသူသည် ထိုအရာကို အသုံးပြုလိုက်သည် ဆိုသည်နှင့်တပြိုင်နက် ရူးသွပ်သွားတတ်သည်။
ဟူး...ဟူး....
ဓာတ်သဘာဝနှစ်ခုသည် အပြင်းအထန်နှင့် တိုက်ခိုက်လျက်ရှိနေ၏။
စနစ်၏ ပြောဆိုမှုသည် အလုပ်ဖြစ်ခဲ့သည့် ပုံပင်။ မူလအားဖြင့် အလွန်လေးနက်လျက် ရှိနေသည့်အခြေအနေသည် ရုတ်တရက်ပြောင်းလဲသွားခဲ့၏။ သုန်မှုန်လျက်ရှိနေသည့် ဆန်းကြယ်သော ဓာတ်သဘာဝများအားလုံးသည် တဖြည်းဖြည်းနှင့် အားနည်းလာခဲ့ပြီး ကျွင်းချောင်ရှောင်း၏ နာကျင်နေသည့် အရိပ်အယောင်များသည် တဖြည်းဖြည်းနှင့် လျော့ပါးလာသည်။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မတ်တပ်ထရပ်ပြီးသည့်နောက် သူ၏ပျက်ယွင်းလျက်ရှိနေသည့် မျက်နှာပြင်တစ်ခုလုံးသည် သက်သောင့်သက်သာနှင့်ဖြစ်တည်လာခဲ့၏။ ကျောက်ရုပ်ထုမျိုးနွယ်ကလန်နှင့် ဆန်ကြယ်လှသော ဓာတ်သဘာဝများသည် တစ်ခုနှင့်တစ်ခု တိုက်ခိုက်ပြီးသည့်နောက်မှာတော့ အချင်းချင်း ပေါင်းစပ်သည့်အခြေအနေဆီသို့ ရောက်ရှိသွားလေ၏။
“ဘာတွေဖြစ်နေတာလဲ” ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဇဝေဇဝါဖြစ်လို့နေသည်။
စနစ်က ပြောလိုက်၏။ “ဒီနှစ်ခုက အချင်းချင်းချိတ်ဆက်ပြီးတော့ ပေါင်းစပ်နေတာ တိတိကျကျ ပြောရမယ်ဆိုရင် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ရဲ့ သွေးအမျိုးအစားက ဒီဓာတ်သဘာဝတွေရဲ့ သွေးတွေကို ဝါးမျိုနေတာမျိုးပေါ့”
မှန်ပေ၏။ ကုန်းရှန့်ခန္ဓာကိုယ်နှင့် ပေါင်းစပ်လျက်ရှိနေသည့်မှာ ဓာတ်သဘာဝများမဟုတ်ပေ။ ချပ်ဝတ်ပေါ်တွင် ရှိနေသည့် မိုးကောင်းကင်နတ်ဆိုးသွေးလက်ကျန်များပင်ဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှောင်ဟော့နှင့် ရှောင်ရှစ်တို့သည် အကူအညီမဲ့စွာ ခံစားနေရခြင်းဖြစ်ပြီး ခန္ဓာကိုယ်ထဲရှိ ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်သည် သူအလိုလို အသက်ဝင်သွားခဲ့ခြင်းပင်။
“ဝါးမျိုတယ် ဟုတ်လား” ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားခဲ့၏။
စနစ်က ပြောလိုက်သည်။ “ကျောက်ရုပ်ထု မျိုးနွယ်ရဲ့သွေးမျိုးဆက်က ဒီသွေးတွေကို ဝါးမြိုပစ်တဲ့ စွမ်းရည်မျိုးရှိနေလိမ့်မယ်လို့ ငါမထင်ခဲ့ မိဘူး”
ကျွင်းချောင်ရှောင်းအနေနှင့် ထိုအရာကို စိတ်မဝင်စားတော့ချေ။ သူ့၏ခန္ဓာကိုယ်ထဲကို ဝင်ရောက် ကြည့်ရှု့ လိုက်၏။ ကျောက်ရုပ်ထု သွေးမျိုးဆက်၏ ပေါင်းစပ်ခြင်း အမြန်နှုန်းသည် မလျင်မြန်လှချေ။ သို့ပေမဲ့ ဆက်တိုက်ဝါးမျို လျက်ရှိနေ၏။ တဖြည်းဖြည်း ဝါးမျိုခြင်းလုပ်ငန်းစဉ်ကို ရင်းနှီးလာသည့်ပုံပေါက်သည့် အချိန်မှာတော့ အမြန်နှုန်းသည် ပိုမိုကာ တိုးလာခဲ့၏။
“အိုက်ယား... နေလို့ထိုင်လို့ကောင်းလိုက်တာ”
ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်နှင့် မိုးကောင်ကင်နတ်ဆိုးသွေးတို့ ပေါင်းစပ်လိုက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် သက်သောင့်သက်သာ ခံစားချက်မျိုးကို ရရှိလာခဲ့၏။ သူသည် မျက်လုံးကို အသာမှိတ်ထားပြီး မျက်နှာပေါ်တွင် တောက်ပသည့်အပြုံးတစ်ခုက တည်ရှိနေသည်။
စောနတုန်းက သေချင်သည်အထိ ဖြစ်တည်နေခဲ့သည့် ခံစားချက်မျိုးသည် လက်ရှိအခြေအနေမှာတော့ အလွန် စိတ်ကျေနပ်ရသည့် အခြေအနေမျိုးကို ရောက်ရှိစေခဲ့၏။
…….
“ဆရာကတော်... ဂိုဏ်းချုပ်က ထပ်ပြီးတော့ မအော်တော့ပါလား” ကျောက်အခန်း၏ အပြင်ဘက်မှာတော့ ရမ်ရှန်သည် စိုးရိမ်ပူပန်စွာဖြင့် ပြောလိုက်၏။
စောနတုန်းက ကျွင်းချောင်ရှောင်း၏ အော်ဟစ်သံသည် အလွန်တရာ ကျယ်လောင်လွန်းလှ၏။ ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ သို့ပေမဲ့ အသက်ရှင်နေသေးသည်ဆိုသော အမှတ်သညာအဖြစ် အတည်ပြုနိုင်သေးသည်။ လက်ရှိအခြေအနေမှာတော့ အသံမထွက်တော့ချေ။ ဖြစ်နိုင်သည်မှာ...
“မဟုတ်သေးဘူး”
ရမ်ရှန်သည် လေးလေးနက်နက်အကြည့်ဖြင့် ပြောလိုက်၏။ “အထဲကိုဝင်ပြီး သွားကြည့်မှဖြစ်မယ်”
နှင်းဆီဧကရီကပြောလိုက်သည်။ “ငါ့ယောကျ်ားရဲ့ ခန္ဓာကိုယ်က တခြားဓာတ်သဘာဝ တစ်ခုခုရဲ့ ကျူးကျော်ခြင်းကို ခံရတယ်လေ။ သူ့ရဲ့အတွေးတွေကို သူမထိန်းချုပ်နိုင်ဘူးဆိုတော့ ရူးသွပ်တဲ့အရာတွေကို လုပ်မိမှာစိုးရိမ်တယ်။ ဒါကြောင့် မင်းဝင်သွားပြီဆိုရင် သေလမ်းရှာတာနဲ့ အတူတူပဲဖြစ်လိမ့်မယ်”
“……….”
ရမ်ရှန်သည် စိတ်ဓာတ်ကျသွားမိ၏။ “ဒါဆို ကျုပ်တို့ ဘာလုပ်ကြမလဲ”
“ဒီမှာစောင့်ရမှာပေါ့” နှင်းဆီဧကရီက ပြောလိုက်သည်။ သို့ပေမဲ့ သူမသည် တကယ်တမ်း စိုးရိမ်ပူပန်လျက် ရှိနေ၏။ ကျွင်းချောင်ရှောင်းတစ်ယောက် အန္တရာယ်ကြားထဲမှ လုံခြုံသည့်အခြေအနေသို့ ရောက်ရှိသွားစေရန် ကြိတ်ကာ ဆုတောင်းနေမိသည်။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ ကျောက်ရုပ်ထုအခန်းဆီမှ ဆန်းကြယ်ပြီး သုန်မှုန်လှသည့် အော်သံများသည် အပြင်ဘက်သို့ ထွက်ခွာလာခဲ့၏။ နှင်းဆီဧကရီနှင့် ရမ်ရှန်တို့သည် အလျင်အမြန်ဖြင့် နောက်သို့ ဆုတ်ခွာလိုက်၏။
ဘုတ်
ကျောက်အခန်းထဲမှ ခြေသံတစ်ခုထွက်ပေါ်လာ၏။ ၎င်းတို့နှစ်ယောက်သည် အမှတ်မထင်နှင့် လှည့်ကာ ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ သွေးနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည့် ကျွင်းချောင်ရှောင်းကို မြင်လိုက်၏။ ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုငုံ့ကာလမ်းလျှောက်လာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် သုန်မှုန်ပြီး ကြောက်မက်ဖွယ်ရာ ကောင်းလွန်းသည့်အော်ရာများ ထွက်ပေါ်နေ၏။ ကျောက်အခန်းကြီးသည် ငရဲခန်းနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် နတ်ဆိုးအသစ်တစ်ပါး ထွက်ပေါ်လာသကဲ့သို့ပင်။
ဂလု
ရမ်ရှန်သည် တံတွေးကို မြိုချပြီးသည့်နောက် တုန်ရင်နေသည့်အသံဖြင့်မေးလိုက်၏။ “ဂိုဏ်း... ဂိုဏ်းချုပ်”
နှင်းဆီဧကရီကလည်း မျက်မှောင်ကုတ်လိုက်မိသည်။ လက်ရှိခြေအနေမှာတော့ သူမ၏ယောက်ျားသည် စိတ်ကိုတည်ငြိမ်အောင် မထိန်းချုပ်နိုင်သေးပဲ အလုံးစုံစိတ်ပျောက်လျက်ရှိနေသည်ဟု သူမက ထင်မှတ်ထားသည်။
ဆွစ်
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကိုမော့လိုက်၏။ သူ၏ မျက်ခုံးနှင့်မျက်လုံးများ အားလုံးသည် သွေးကဲ့သို့ နီရဲလျက်ရှိနေပြီး မျက်နှာပြင်တစ်ခုလုံးသည်လည်း အလွန်အမင်း အေးစက်နေ၏။ အကြင်နာတရားကင်းမဲ့ပြီး သွေးအေးရက်စက်လွန်းလှသည့် လူတစ်ယောက်နှင့်ပင်ဆင်တူ၏။
ရမ်ရှန်သည် ဂိုဏ်းချုပ််နှင့် အကြည့်ချင်းဆုံမိသည့် အချိန်မှာတော့ ကြောက်လန့်စွာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်မိသည်။ “သူ ….သူ့ကို တစ်စုံတစ်ခုက ဝင်ပြီး စီးထားတာလားမသိဘူး”
ရမ်ရှန်၏ စိတ်တစ်ခုလုံးသည် စိုးရိမ်ပူပန်လျက်ရှိ၏။ နှင်းဆီဧကရီသည်လည်း လက်ရှိအခြေအနေ၌ ဘာလုပ်ရမှန်းမသိချေ။
ဆွစ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ရမ်ရှန်ဆီသို့ လက်ညှိုးထိုးလိုက်၏။ ၎င်း၏ သုန်မှုန်တင်းမာလျက် ရှိနေသည့် မျက်နှာပြင်သည် ပြောင်စပ်စပ်အမူအရာဖြင့် ပြောင်းလဲသွားခဲ့၏။ “ငါ ချောလား”