အခန်း ၁၇၁၆
Vol. 115 Ch. 1716
အပိုင်း (၁၇၁၆)
ကျွင်းရှောင်ချောင်း၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာခဲ့သည့် မိုးကောင်ကင်နတ်ဆိုးသွေးများသည် ကျောက်ရုပ်ထု မျိုးနွယ်ကလန် သွေးမျိုးဆက်၏ သွေးဝါးမြိုခြင်းကို ခံလိုက်ရ၏။ ထိုတင်မကသေးပေ။ တစ်ခုနှင့်တစ်ခု ပိုမိုကာ အကူအညီ ဖြစ်စေခဲ့သည်ကိုလည်း သုံးသပ်၍ရ၏။ ထိုအရာသည် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ မည်သည့် ထိခိုက်မှုကိုမျှမဖြစ်ပေါ်ခဲ့သည့်အပြင် ပိုမို၍ပင် အားကောင်းလာခဲ့သည်။ ကုန်းရှန့်အနေနှင့် အဆင်ပြေလို့နေ၏။
ထို့ကြောင့် သူသည် ချပ်ဝတ်ကိုပင်ဝတ်ဆင်၍ရခဲ့၏။ မထွက်ခွာခင်က သေသေချာချာသတိပေးခဲ့သော ကုရွှမ်ယွမ်သည်သာ ထိုအချင်းအရာကို သိမည်ဆိုပါက ကျန်းသေပေါက် အံ့အားသင့်ပေလိမ့်မည်။ “ချီးတဲ့မှ...ဒီကောင် ဘယ်လိုကောင်ပါလိမ့်”
ဝှစ်
ထိုအရာကို ဝတ်ဆင်လိုက်သည့်အချိန်မှာတော့ သွေးကဲ့သို့ နီရဲလှသည့်အလင်းတန်းများသည် ပေါ်ပေါက်လာခဲ့၏။
ပြီးသည့်နောက် ကျွင်းချောင်ရှောင်၏ မျက်ခုံးနှင့် မျက်လုံးများအားလုံးသည် နီရဲသွားခဲ့၏။
“အားအင်၊ စွမ်းအင်၊ အသွေး၊ အသား”
သူသည် တုန်လှုပ်စွာဖြင့် ပြောလိုက်မိ၏။ “အားလုံးက ကြီးကြီးမားမား တိုးတက်သွားခဲ့တာပဲ။”
“ဒီသွေးနှင့် အလုံးစုံပေါင်းစပ်ပြီးတဲ့အတွက်ကြောင့် ကျောက်ရုပ်ထုမျိုးနွယ်ကလန်ကလည်း ဗားရှင်း ၂.၀ ဖြင့် တိုးတက်သွားသလိုပဲ”
၂.၀ ဆိုတာ ဘာကိုဆိုလိုသနည်းဆိုသည်ကို အထူးပြောစရာ မလိုအပ်ပေ။ ကျွင်းချောင်ရှောင်းအနေနှင့် သေသေချာချာ အာရုံခံကာ ကြည့်ရှု့လိုက်သည့် အချိန်မှာတော့ သူ၏ သွေးထဲတွင် မတူညီသည့် စွမ်းအင်နှစ်ခုသည် စီးဆင်းလျက် ရှိနေသည်ကို သိရှိလိုက်ရ၏။ ထိုအရာနှစ်ခုထဲတွင် ကျောက်ရုပ်ထုမျိုးနွယ်၏ သွေးမျိုးဆက်သည် အလွန်ပင် ပိုမိုကာအားကောင်းနေခဲ့၏။ သူ့၏ အသားအရေသည် ကျောက်ရုပ်ထုကဲ့သို့ ပြောင်းလဲသွားခဲ့ခြင်း မရှိလျှင်တောင်မှ သံမဏိကဲ့သို့ပင် မာကျောလျက် ရှိနေ၏။
“အံ့အားသင့်စရာပဲ”
သူသည် ကျောကို ခပ်မတ်မတ် ဆန့်လိုက်ပြီးသည့်နောက် မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ “နေအုံး ...... ဂြိုလ်ရဲ့ မူလစွမ်းအင်တည်ရှိနေသေးတယ်”
ကျွင်းချောင်ရှောင်းသည် သလင်းအမြူတေဆီသို့ အသာလျှောက်သွားပြီးသည့်နောက် လက်တစ်ဖက်နှင့် လှမ်ကိုင်လိုက်၏။ ပြီးနောက်ပြောလိုက်၏။ “ဒီနေ့ကစပြီး ငါကမင်းက သခင်ပဲ”
ဆွစ်
သလင်းအမြူတေသည် ချက်ချင်းပဲ ကျုံ့ဝင်သွားခဲ့ပြီးသည့်နောက် သူ၏ လက်ဝါးပေါ်သို့ ဆင်းသက်လာခဲ့၏။ သူ၏ ဝိညာဉ်သည် ထိုအရာထဲသို့ ဝင်လိုက်သည့်အချိန်မှာတော့ မူလအရင်းအမြစ်နှင့် သူသည် တစ်ခုတည်း အဖြစ်သို့ ပေါင်းစပ်နှင့်နေပြီဖြစ်သည်။
ဂုဏ်ပြုပါ၏။ ကုန်းရှန့်သည် ဤဂြိုလ်၏ သခင်ဖြစ်လို့သွားခဲ့၏။ ရှစ်ကျန်းရွမ်သည် ဂြိုဟ်တစ်ခု၏ လောကလေးငယ်ဟု သတ်မှတ်ခံထားရကြောင်း သတိပင်ရလိုက်မိသေးသည်။ လက်ရှိအခြေအနေမှာတော့ သူမ နှင့်နှိုင်းယှဉ်ရမည်ဆိုလျှင် သူသည်ပိုမိုကာ မျိုးဆက်မြင့်မားသည့် လူတစ်ယောက်ဖြစ်လာခဲ့၏။
မူလအရင်းအမြစ်ကို သိမ်းဆည်းပြီးသည့်နောက်မှတော့ ကျွင်းချောင်ရှောင်းသည် ကျောက်ခန်းမမှ လှမ်းလျှောက်လိုက်၏။ သူသည် ချပ်ဝတ်ကြီးကို ကိုဝတ်ဆင်ထားလျက်ရှိနေသောကြောင့် ငရဲခန်းမှ ပြန်လည် ရောက်ရှိလာခဲ့သည့် နတ်ဆိုးကြီးတစ်ပါးနှင့်ဆင်တူနေသည်။
………..
“ကောင်းကင်ဘုံ”
ရမ်ရှန် သည် သူ၏ ရင်ဘတ်ကို အသာပုတ်ကာပြောလိုက်၏။ “ကြောက်လို့ သေမတတ်ပဲ”
ဂိုဏ်းချုပ်အနေနှင့် စိတ်များလွတ်မသွားသည်ကို အတည်ပြုပြီးသည့် နောက်မှာတော့ သူသည် ချက်ချင်းပဲ စိတ်သက်သာရာရသလို ခံစားလိုက်ရမိသည်။
နှင်းဆီဧကရီသည် စိတ်သက်သာရရသလို သက်ပြင်းချကာဖြင့် မေးလိုက်၏။ “မူလအရင်းအမြစ်ကို ရခဲ့လား”
“အင်း” ကျွင်းချောင်ရှောင်းက ခေါင်းညိတ်လိုက်သည်။
နှင်းဆီဧကရီသည် ပြုံးကာပြောလိုက်၏။ “ဒီကို လာရတဲ့ခရီးက တကယ့်ကို ကောင်းမွန်တဲ့ အကျိုးအမြတ်တွေ ရတာပဲ”
စိတ်ဝိညာဉ်ကျောက်တုံးပေါင်း ဘီလီယံပေါင်းတစ်ရာကျော် ရရှိခဲ့ပြီး ဂြိုလ်တစ်ခု၏ မူလအရင်းအမြစ်ကို ရရှိခဲ့၏။ ထို့အပြင် သွေးချပ်ဝတ်ကိုလည်း ရရှိခဲ့သေး၏။ ဤအရာသုံးခုသည် ကြီးမားလှသည့် အခွင့်အရေးကြီးတစ်ခုဟု သုံးသပ်နိုင်သည်။
“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်၏။
ဝှစ်.. ဝှစ်
သူနှင့်အတူ နှင်းဆီဧကရီ၊ ရမ်ရှန်နှင့် အစောင့်အရှောက် စိတ်ဝိညာဉ်သားရဲတို့သည် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီးသည့်နောက် တိုက်ပွဲနယ်မြေ၏အထက် လေထုထဲတွင် ပေါ်လာသည်။
“အံ့အားသင့်စရာပဲ” ရမ်ချန်သည် မျက်လုံးပြူးသွားမိ၏။ စောနတုန်းက သူတို့သည် မိုင်းတွင်း၏ အတွင်းဘက်တွင် တည်ရှိနေသေး၏။ သို့ပေမယ့် ဂိုဏ်းချုပ်သည် လက်ဖျောက်တစ်ချက်တီးရုံဖြင့် သူတို့ ပြင်ပသို့ ရောက်ရှိလာခဲ့၏။ အတွေးတစ်ချက်နှင့်ပင် မိုင်းပေါင်းသောင်းချီကို ခရီးသွားလာနိုင်စွမ်းရှိ၏။ လှုပ်ရှားမှုတစ်ခုတည်းနှင့်တင် အရာအားလုံးကို ထိန်းချုပ်နိုင်စွမ်းရှိနေ၏။ ဤအရာသည် ဂြိုလ်တစ်ခု၏ သခင်ပင် ဖြစ်တော့၏။
အချက်အလက်အားဖြင့် သိုင်းကျင့်ကြံသူများ၏ နယ်မြေသည် ကောင်းကင်တာအို၏ နိယာမများ၏ ထိန်းချုပ်မှု အောက်တွင် တည်ရှိလို့နေသေး၏။ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ပေါ်တွင် မတ်မတ်ရပ်လျှက်ရှိပြီး ညာဘက်လက်ကို နားနားသို့ကပ်ကာ လောကကြီး၏ အသံကို နားထောင်လိုက်သည်။ သူကပြောလိုက်၏။ “ဒီထဲမှာ ကျောက်တုံးတွေ၊ သဲတွေ အရာအားလုံးရဲ့အသံတွေကို ကြားနေရတယ်။ သူတို့က ငါချောနေတယ်လို့ ပြောနေတယ်ပဲဖြစ်ရမယ်”
“……”
စနစ်သည် စိတ်ဓာတ်ကျသွားမိ၏။ “ဒီကောင်က ရှားရှားပါးပါး လေးနက်တယ်ဆိုပေမဲ့ အများဆုံး သုံးစက္ကန့် လောက်ပဲ ကြာတာကိုး”
ကျွင်းချောင်ရှောင်းအနေနှင့် အရာအားလုံးကို နားထောင်နေခြင်းမဟုတ်ပေ။ သူ့အနေနှင့် မြေအောက်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး သွေးကြောများကိုလည်း မြင်နေရ၏။ ထိုအရာများကို သူလိုချင်သည်ဆိုပါက ချက်ချင်းပဲ လက်တစ်ချက်ဝှေ့ယမ်းရုံနှင့် သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းနိုင်စွမ်း ရှိနေ၏။ ဟုတ်ပေသည်။ သူသည် ထိုအရာများကို ထပ်မံကာ ယူရန် အစီအစဉ်မရှိတော့ချေ။
“စီနီယာကု”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါ ခင်ဗျားရဲ့အိမ်တင်မဟုတ်တော့ဘူး။ ဒီနေ့ကစပြီးကျုပ်ရဲ့ အိမ်လည်းဖြစ်သွားပြီ။ ကျုပ်က ခင်ဗျားရဲ့ စိတ်ဆန္ဒကို အမွေဆက်ဆံပြီးတဲ့နောက်မှာတော့ ဒီဂြိုဟ်ကြီးကို ပိုပြီးကောင်းမွန်တဲ့ ဂြိုဟ်တစ်ခုအဖြစ် ဖြစ်တည်အောင်ကြိုးစားမယ်”
ရွှမ်ယွမ်နယ်မြေကို အပိုင်ရရှိခဲ့ပြီ ဖြစ်သောကြောင့် သူသည် ဤတည်နေရာတွင် အခြေချရန် ကြိုးစားရပေလိမ့်မည်။
…….
ထာဝရရွက်သင်္ဘောကြီးပေါ်မှာတော့ .....
လီချင်းယန်သည် လေးလေးနက်နက်ဖြင့် ဒီဇိုင်းပုံကြမ်းများကို ရေးဆွဲလျက် ရှိနေ၏။ သူ၏ နောက်ဘက်နံရံတစ်ခုလုံးတွင် ရှုပ်ထွေးလှသည့် ဒီဇိုင်းပုံစံများဖြင့် ပြည့်နှက်လျက် ရှိနေ၏။ ဆောက်လုပ်ရေးလုပ်ငန်းများကို တာဝန်ယူထားသည့် ပြိုင်စံရှားဂိုဏ်း၏ ဒုတိယ တပည့်ကြီး တစ်ယောက်အနေနှင့် သူသည် အလွန်ပင် ဆန်းကြယ်လွန်းလှသော အဆောက်အဦ ဒီဇိုင်းပုံစံများကို ရေးဆွဲနေခြင်းပင်။
ဟုတ်ပေ၏။ သူနှင့်အတူ တစ်ချိန်လုံးအိပ်လျက်ရှိနေသည့် တောဝက်ရိုင်းလေးကလည်း တည်ရှိနေသေး၏။ ဤတည်နေရာတွင် မည်သည့် မြေဆီလွှာများ မရှိသောကြောင့် ကျင့်ကြံရန် ကုန်းမြေလည်းမရှိပေ။ ထို့ကြောင့် တောဝက်ရိုင်းလေးသည် တစ်နေကုန် တစ်နေခမ်း အိပ်လျက်နေ၏။
……..
“တိုက်ကြ.. တိုက်ကြ”
လွတ်လပ်သောတိုက်ပွဲနယ်မြေကြီးပေါ်မှာတော့ သတ်ဖြတ်ခြင်း အသံများသည် ကောင်းကင်ယံတစ်ခုလုံးကို ပြန့်နှံ့နေခဲ့၏။ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း တည်ရှိသည်ဟု သံသယရှိသော တည်နေရာတွင် နှစ်ဘက် လောကဆီမှ သိုင်းကျင့်ကြံသူ တစ်ထောင်ကျော်တို့ ရောက်ရှိလာခဲ့ပြီး တစ်ယောက်နှင့်တစ်ယောက် အပြင်းအထန် သတ်ဖြတ်နေကြ၏။ အသက်များသည် ဤသည်နေရာတွင် တန်ဖိုးမရှိလှချေ။ သိုင်းကျင့်ကြံခြင်း အရင်းအမြစ် အတွက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်ကြသည်ဆိုသည်မှာ သာမာန်ပင် ဖြစ်သည်။
ရွှီး..
နယ်မြေနှစ်ခုဆီမှ သိုင်းကျင့်ကြံသူများသည် သေဆုံးလုမတတ်တိုက်ခိုက်လျက်ရှိနေတုန်းမှာပဲ ကျွင်းချောင်ရှောင်း သည် ကောင်းကင်ယံတွင် ပေါ်ပေါက်လာခဲ့၏။ ထိုအချိန်မှာပဲ သူသည် အလွန်ကြီးကျယ်ခမ်းနားလှသည် အော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။ လူပေါင်းနှစ်ထောင်ကျော်တို့သည် ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး သည့်နောက် ရုတ်တရက် ရပ်တန့်သွားခဲ့ကြ၏။
“သိုင်းပညာဆိုတာ အရမ်းကို တန်ဖိုးကြီးမားတယ်။ ဒါပေမယ့် လူ့အသက်က ပိုပြီးတော့ တန်ဖိုးကြီးမားတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့အနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေအတွက် တစ်ယောက်နှင့်တစ်ယောက် ထပ်ပြီး တိုက်ခိုက်နေစရာမလိုတော့ဘူး”
သူ၏ အသံသည် တည်ငြိမ်လျက်ရှိ၏။ သို့ပေမဲ့ ချုပ်နှောင်ခြင်းကို ခံထားရသည့် သိုင်းကျင့်ကြံသူများ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့သွားခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူမှ ထုတ်ဖော်လိုက်သည့် အလွန်အားကောင်းလှသည့် စွမ်းအင်များအားလုံးသည် သူတို့ကို မည်သူမှ မလိုက်နာပဲ မနေနိုင်သည့် စွမ်းအင်များပင် ဖြစ်တည်လို့နေသောကြောင့်ပင်။
ရွှီး.. ရွှီး..
ထိုအချိန်မှာဘဲ နှစ်ဘက်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် လေထုထဲမှာပဲ ပျောက်ကွယ်သွားခဲ့ကြ၏။ သူတို့သတိပြန်ဝင်လာသည့်အချိန်တွင် တချို့သည် အင်ပါယာဝိညာဉ်နယ်မြေဆီသို့ ရောက်ရှိသွားခဲ့ပြီး တချို့မှာတော့ အင်ပါယာမိုးကောင်းကင်နယ်မြေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။
၎င်းတို့သည် တစ်ယောက်နှင့်တစ်ယောက် ဇဝေဇဝါဖြင့် ကြည့်ရှု့လိုက်မိ၏။
“ဘာတွေဖြစ်ကုန်တာလဲ ငါတို့က လွတ်လပ်တဲ့ တိုက်ပွဲနယ်မြေထဲမှာ မဟုတ်ဘူးလား”
နှစ်ဘက်နယ်မြေရှိ သိုင်းကျင့်ကြံသူများသည် ကျွင်းချောင်ရှောင်းတစ်ယောက် ၎င်းတို့အား အိမ်ဆီသို့ ပြန်လည်ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း မသိရှိခဲ့ကြချေ။
………
လွတ်လပ်သောတိုက်ပွဲနယ်မြေကြီးရှိ အင်ပါယာ မိုးကောင်းကင်နယ်မြေ၏ ခံတပ် .....
အကြီးအကဲလင်းနှင့် အခြားသောသူအားလုံးသည် အဓိက ဟောခန်း၏ရှေ့တွင် မတ်တပ်ရပ်လျှက် ရှိနေပြီး ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အံ့အားသင့်သည့်အရိပ်အယောင်များ ပြည့်နှက်နေ၏။
အကြောင်းအရင်းမှာ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံထက်တွင် လွင့်မျောလျက်ရှိနေသောကြောင့်ပင်။ အင်ပါယာမိုးကောင်းကင်နယ်မြေသည် ကျွင်းချောင်ရှောင်းနှင့် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ဖူး၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ အကြောင်းကို အနည်းငယ်သိရှိနေကြပြီဖြစ်သည်။
လက်ရှိအချိန်တွင် ထပ်မံတွေ့ဆုံလိုက်သည့်အချိန်မှာတော့ အသွင်အပြင်နှင့်အော်ရာများ အားလုံးသည် အလုံးစုံ ခြားနားလျက်ရှိနေပြီး ဤတည်နေရာကြီးတစ်ခုလုံး၏ အုပ်စိုးသူ တစ်ပါးကဲ့သို့ပင်ဖြစ်နေ၏။
ဤတည်နေရာ - ကျွင်းချောင်ရှောင်းသည် ဤတည်နေရာ၏သခင်ဖြစ်သောကြောင့် ဤနေရာတွင် နတ်ဘုရား တစ်ပါးသာ ဖြစ်သည်။
“ခင်ဗျားတို့အားလုံး”
ကုန်းရှန့်သည် လက်ကို ယမ်းခါကာပြောလိုက်၏။ “ပြန်ကြတော့”
ရွှီး ရွှီး
အကြီးအကဲလင်းနှင့် အခြားသောသူများအားလုံးသည် ထိတ်လန့်ကြောက်ရွံ့လျက် ရှိနေတုန်းမှာပဲ အင်ပါယာ မိုးကောင်ကင်လောကဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့၏။ တိုက်ပွဲနယ်မြေကြီးထဲတွင် တည်ဆောက်ထားခဲ့သည့် ခံတပ်ကြီးမှာလဲ ချက်ချင်းပဲပျောက်ကွယ်သွားခဲ့၏။ ဤတည်နေရာ၌ နေရာလွတ်ကြီး တစ်ခုသာလျှင် ကျန်ရှိခဲ့သည်။
ဒွီး
တစ်ချိန်တည်းမှာပင် အင်ပါယာမိုးကောင်းကင်နယ်မြေနှင့် လွတ်လပ်သည့်တိုက်ပွဲနယ်မြေကြီး၏ကြား ချိတ်ဆက် လျက်ရှိနေသည့် အမဲရောင်လေဝဲကြီးသည် စတင်ကာဖြင့် လည်ပတ်လာခဲ့၏။ ပြီးနောက် တဖြည်းဖြည်း သေးသေး …. သေးကွေးပြီး ပျောက်ကွယ်သွားခဲ့၏။
“သွားပြီပဲ။ နယ်မြေထဲသို့ ဝင်လို့ရတဲ့ နေရာကြီးက ပျောက်သွားပြီ”
ဤလေဝဲကြီးသည် အချိန်ကြာမြင့်စွာ တည်ရှိခဲ့သည့် အရာဖြစ်၏။ လက်ရှိအခြေအနေမှာတော့ သူတို့သည် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့သည် ကိုသာ အကြောင်သားဖြင့် ကြည့်ရှု့နေရသည်။
ဤကဲ့သို့သော ရုတ်တရက်ပြောင်းလဲမှုသည် အကြီးအကဲလင်းနှင့် တခြားသောသူများအားလုံးကို အချိန်အတော်ကြာသည်အထိ ဆွံ့အနေစေခဲ့၏။ အင်ပါယာဝိညာဉ်နယ်မြေဆီမှ ကျွမ်းကျင်သူများအားလုံး သည်လည်း အပြင်ဘက်သို့ ပြန်လည်စေလွှတ်ခြင်းကို ခံခဲ့ရ၏။ ၎င်းတို့၏ ခံတပ်ကြီးသည်လည်း ဖျက်ဆီးခံ လိုက်ရ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ဤလောကနှင့် ချိတ်ဆက်ထားသည့် အမည်းရောင်လေဝဲကြီးကိုတော့ ဆက်လက်ကာ ထားနေသေး၏။ အဘယ်ကြောင့်ဆိုသော် ဂိုဏ်းဆီသို့ ပြန်ရောက်ပြီးသည့်နောက်မှာတော့ သူသည် နှင်းဆီဧကရီကို ခေါ်ဆောင်ကာဖြင့် အင်ပါယာဝိညာဉ်နယ်မြေထဲ့သို့ဝင်ရောက်ကာ သူမ၏ မိသားစုများနှင့် ပြန်လည်ပေါင်းစုံနိုင်ရန် ကြိုးစားစေချင်သောကြောင့်ပင်။
……..
ရွှီး..
ရွက်သင်္ဘောကြီးကျောက်ချထားရာ စကြဝဠာတည်နေရာကြီးထဲမှာတော့ သဲမှုန့်လေးတစ်ခုသည် ရုတ်တရက် တုန်ခါလာခဲ့၏။ ပြီးနောက် ကျွင်းချောင်ရှောင်းနှင့် တခြားသောသူများသည် လေထုထဲတွင် ပေါ်ပေါက်လာ၏။
“ချီးတဲ့မှ”
ကုန်းရှန့်သည် အံ့အားသင့်သွားမိသည်။ “ဒါတကယ့်ကို သဲမှုန့်လေးတစ်ခုပါပဲလား”
စနစ်ကပြောလိုက်၏။ “လက်ခံသူအနေနဲ့ အနာဂတ်မှာ အန္တရာယ် ရှိပြီ ဆိုတာနဲ့ ဒီထဲကိုဝင်ပြီးပုန်းလို့ရသွားတာပေါ့”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာပြောလိုက်၏။ “ဂြိုဟ်ကြီးတစ်ခုလောက်ကြီးမားတဲ့အရာကြီးထဲမှာ ဝင်ပြီး ပုန်းရတယ်ဆိုတာ ပျင်းစရာကြီးလေ။ အသွင်ပြောင်းပြီးတဲ့အချိန်မှာ မူလအသွင်အဖြစ် ထားနိုင်အောင် ကြိုးစားရမယ်။ ပုန်းလျှိုးကွယ်လျှိုးနဲ့ နေထိုင်ရတဲ့ဘဝမျိုးမဖြစ်ရဘူး။ ဒါမှ နောင်လာနောက်သားတွေက ခန့်ခန့်ညားညားနဲ့ နေထိုင်နိုင်မှာပေါ့”