← Chapters

အခန်း ၁၇၁၇

Vol. 115 Ch. 1717

အခန်း ၁၇၁၇

Vol. 115 Ch. 1717

အပိုင်း (၁၇၁၇)

ရွှမ်ယွမ်နယ်မြေ - ပြိုင်စံရှားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲနှင့်တပည့်များအားလုံးသည် အဝါရောင် သဲပြင်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းတို့၏ အမူအယာများသည် အံ့အားသင့်လို့နေခဲ့၏။

ကျွင်းချောင်ရှောင်းသည် ရမ်ရှန်အား တိုက်ပွဲနယ်မြေသို့ ခေါ်ဆောင်သွားခဲ့၏။ အထဲတွင် ဘာတွေ ကြုံဆုံခဲ့ရသည်ကို သူတို့ကောင်းကောင်း မသိရှိခဲ့ပေ။ သို့ပေမဲ့ ရုတ်တရက် ဤနေရာသို့ ရောက်ရှိလာချိန် မှာတော့ အားလုံးသောသူများသည် ဆွံ့အသွားခဲ့သည်။

“ဘယ်လိုလဲ”

ကုန်းရှန်က ပြုံးလိုက်၏။ “ငါတို့အိမ်က မဆိုးဘူးမလား”

“............”

အားလုံးသောသူတို့သည် တွေဝေလျက်ရှိနေသည်။

“ဂိုဏ်းချုပ်”

စုရှောင်မိုကပြောလိုက်၏။ “ဒီမှာရှိတဲ့ကောင်းကင်နဲ့မြေကြီးရဲ့ ဓာတ်သဘာဝတွေက အရမ်းကို ပေါများတယ်ဆိုပေမဲ့ ဒါတွေကို စုပ်ယူလို့ မရဘူးလေ”

ဖျောက် ...။

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးလိုက်ချိန်မှာတော့ မူလအားဖြင့် သိုင်းကျင့်ကြံသူများနှင့် သိုင်းကျင့်ကြံသူများ စုပ်ယူ၍မရနိုင်သည့် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများအားလုံးသည် ပြန်လည်ကာ အသက်ဝင်သွားခဲ့သည်။ “အခု မင်းတို့ ဒါတွေကို စုပ်ယူလို့ရပြီ”

စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်၏။ “ဒီလောက်အားကောင်းလှတဲ့ ဓာတ်သဘာဝတွေက တာအိုအဆင့်ကျောက်တုံးတွေကို စုပ်ယူတာထက်တောင် ပိုပြီးအားကောင်းနေတယ်”

“တာအိုအဆင့်ကျောက်တုံးဟုတ်လား”

ကျွင်းချောင်ရှောင်းသည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏၊ “ဒါ.. သမိုင်းထဲမှာကျန်ခဲ့ပြီ”

မှန်ပေ၏။ အထက်နယ်မြေ၏ တာအိုအဆင့် စိတ်ဝိညာဉ်ကျောက်တုံးများသည် ရွှမ်ယွမ်နယ်မြေ၏ ကောင်းကင်နှင့်မြေကြီး ဓာတ်သဘာဝများနှင့် အဘယ်သို့ နှိုင်းယှဉ်၍ရမည်နည်း။ အရာအားလုံးတို့သည် ကုရွှမ်ယွမ်၏ ကျေးဇူးဟု ပြောဆိုရပေသည်။ မသေခင်တွင် ၎င်းသည် ကောင်းကင်နှင့်မြေကြီး တွင် ရှိနေသည့် ဓာတ်သဘာဝများအားလုံးကို တခြားသော ပြင်ပလူများ မစုပ်ယူနိုင်စေရန်ဖန်တီးခဲ့သည်။

ထို့ကြောင့် ဤကဲ့သို့ ကြီးကျယ်ခမ်းနားလှသော ဂြိုလ်ကြီးတစ်ခုသည် သဲသောင်ပြင်ကြီး တစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့သည်။ ဤအရာမှာ အမှန်ပင် နှမြောဖွယ်ရာကောင်းလွန်လှ၏။ သို့ပေမဲ့ သက်ရှိများအားလုံး ရောက်ရှိလာခဲ့ပြီဖြစ်သောကြောင့် နှစ်ပေါင်းများစွာအတွင်း ပြန်လည်ကာ ဖွံ့ဖြိုးတိုးတက် လာပေလိမ့်မည်။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် လက်ကို‌ဝှေ့ယမ်းကာဖြင့် တည်နေရာတစ်ခုစီသို့ လက်ညှိုးညွှန်လိုက်၏။ “ဒီလောက်ကြီးမားသည့် နေရာကြီးမှာ မင်းအနေနဲ့ ဆောက်ချင်တဲ့အရာကိုဆောက်တော့”

လီချင်းယန်သည် လက်ချောင်းများတုန်ယင်နေသည်အထိ စိတ်လှုပ်ရှားလျက်ရှိ၏။ သိုင်းပညာကို လေ့လာ ရခြင်းအပြင် သူ၏ တခြားသောဝါသနာသည် အဆောက်အဦများကို တည်ဆောက်ရခြင်းပင်။ ယနေ့ အချိန်မှာတော့ သူ၏ ဝါသနာသည် အသုံးဝင်လာပေတော့မည်။

“တောဝက်ရိုင်းလေး”

ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ဒီမှာ မြေဆီလွှာတွေအများကြီးပဲ မင်းအနေနဲ့ ကြိုက်သ‌လောက်စားတော့”

ဝူး.....

တောဝက်ရိုင်းလေးသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်၏။ ရွှမ်ယွမ်နယ်မြေကြီးသည် စွန့်ပစ်မြေ တည်နေရာနှင့် ဆင်တူလှသည်ဆိုသော်လည်း ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများ ပါဝင်လျက် ရှိနေသည့် မြေဆီလွှာများဖြစ်သောကြောင့် အလွန်ပင်အရသာကောင်းမွန်လှ၏။ ထိုအရာကိုစားလျှင် ပိုမိုကာ အားကောင်းလာမည် ဖြစ်လာပြီး တစ်ချိန်တည်းမှာပဲ လွင်တီးခေါင်ကဲ့သို့ တည်နေရာများတွင် ဆောက်လုပ်ရေးများကို စတင်ကာ ပြုလုပ်ခြင်းအားဖြင့် ခဲတစ်လုံးထဲနှင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လီချင်းယန်က မေးလိုက်၏။ “ဒီမှာ ဂိုဏ်းတစ်ခု ထပ်တည်ဆောက်မှာလား”

“အဲလောက်ကြီး ဒုက္ခခံစရာမလိုဘူး”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ငါတို့ အထက်နယ်မြေဆီကို ပြန်ပြီးရင် သံမဏိအရိုးတောင်ကြီးကို ဒီကိုရွှေ့လိုက်မယ်”

ပြိုင်စံရှားဂိုဏ်းသည် အစောကြီးထဲက ကောင်းကောင်းမွန်မွန် တည်ဆောက်နှင့်ပြီးသားဖြစ်၏။ ထို့ကြောင့် ထပ်မံတည်ဆောက်နေစရာမလိုအပ်ချေ။

ဟုတ်ပေ၏ ကျွင်းချောင်ရှောင်းအနေဖြင့် အထက်နယ်မြေဆီ ပြန်သည့်နေရာတွင် အလဟဿမဖြစ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အရေးကြီးသည့်ကိစ္စရပ် တချို့ကို ပြုလုပ်စရာရှိသေး၏။ ထို့ပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ သိုင်းကျင့်ကြံသူများအားလုံးကို ရွှမ်ယွမ်နယ်မြေဆီသို့ ခေါ်ဆောင်ရန် စဉ်းစားထားသည်။

ရွှမ်ယွမ်နယ်မြေသည် အလွန်ကျယ်ဝန်းလှ၏။ ဂိုဏ်းပေါင်းတစ်သိန်းလောက် တည်ရှိနေသည်ဆိုလျှင်တောင်မှ အထီးကျန်သည့် ခံစားချက်မျိုးကို ခံစားရနိုင်သေးသည်အထိ ကျယ်ဝန်း၏။

ကြယ်ကြွေကုန်းမြေတိုက်ကြီး - ထိုအရာသည် ကျွင်းချောင်ရှောင်း၏ နှလုံးသားထဲတွင် အလွန်မြင့်မားသည့် အခြေအနေတစ်ခု၌ တည်ရှိနေသည့်အရာဖြစ်၏။ ထိုအရာသည် ဂြိုလ်တစ်ခုသာမဟုတ်။ သူ၏ နှလုံးသားလည်း ဖြစ်စည်။

လက်ရှိ သူ့၌ ဂြိုလ်တစ်ခုတည်ရှိနေပြီဖြစ်သောကြောင့် ပထမဦးဆုံး သူလုပ်ချင်သည့် အရာသည် သက်ရှိးအားလုံးကို ဤနေရာသို့ရွှေ့ပြောင်းချင်နေခြင်းပင်။

ဟုတ်ပေ၏။ ကုန်းရှန့်နှင့် အထက်နယ်မြေ၌ ဂရုစိုက်ရမည့်လူများလည်း တည်ရှိနေသေး၏။ ကြီးမြတ်သူ တုံးကု၊ မာဆာတိုကီတာနိုနှင့် အခြားသောလွတ်လပ်သောကျင့်ကြံသူများဖြစ်၏။ သဘာဝအားဖြင့် ထိုသူများအားလုံးကို ရွှေ့ပြောင်းချင်သည့်စိတ်ရှိလား သွားရောက်မေးမြန်းရပေလိမ့်မည်။

“ကောင်းပြီ”

ဂိုဏ်းချုပ်၏ အကြံအစည်ကို သိရှိပြီးသည့်နောက် စုရှောင်မိုသည် စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ် လိုက်၏။ သူနှင့်စေ့စပ်ထားသည့်မိန်းကလေး ရှရွှေယွင်သည် ပြိုင်စံရှားဂိုဏ်းထဲသို့ ဝင်ရောက်ပြီး သူ၏ ဘေးနားတွင် တည်ရှိနေသည်ဆိုသော်လည်း သူမ၏မိဘများမှာတော့ သံမဏိအရိုး‌တောင်တွင် ကျန်ရှိနေသေး၏။ ထိုသူတို့အားလုံးနှင့် ခေါ်ဆောင်နိုင်မည်ဆိုလျှင် ကျိန်းသေပေါက် သူသည် သားသမီး ကျင့်ဝတ်ကို ဖြည့်စည်းပေးနိုင်လိမ့်မည်။

လီချင်းယန်နှင့် အခြားသောသူများအားလုံးသည်လည်း ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ အမျိုးအဆွေများ တည်ရှိနေ၏။ ထို့ကြောင့် ဂိုဏ်းချုပ်၏အကြံအစည်ကို သဘောတူနေလိုက်ကြ၏။

သို့ပေမဲ့ ရှောင်ကျီမှာတော့ စိတ်ဓာတ်ကျမိနေ၏။ လင်းရန်မြို့တွင်တည်ရှိနေသော ရှောင်မိသားစုသည် ကြီးမားလှသည့် အခက်အခဲများ ကြားတွင် မနည်းရုန်းကန်ကာ အသက်ရှင်နေရ၏။ ၎င်းတို့၏ နေထိုင်ရသည့် အခြေအနေသည် တစ်နေ့ထက် တစ်နေ့ ပိုမိုကာဆိုးရွားလာခဲ့၏။ ထို့အပြင် ရှောင်မိသားစုဆိုသည်မှာ သူ၏ မိသားစုမဟုတ်တော့ချေ။

သို့ပေမဲ့ မုယုံရှင်း ကတော့တည်ရှိနေပေ၏။ သုံးနှစ်တာ ကတိစကားတိုက်ခိုက်မှု ပြီးသည့်နောက်မှာတော့ ၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ထိတွေ့ဆက်ဆံမှု မရှိတော့ချေ။ သေသေချာချာ ပြန်လည် စဉ်းစားမိသည့်နောက်မှာတော့ ရှောင်ကျီသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ အမျိုးအဆွေနှင့် သူငယ်ချင်းရောင်းရင်းများမရှိကြောင်းကို နားလည်လိုက်မိ၏။ ထို့နောက် သူသည် စိတ်ဓာတ်ကျနေသည်မှာ မဆန်းတော့ပေ။

“မင်းစိတ်ထဲမှာ ဘာတွေဖြစ်နေတာလဲ” ကျွင်းချောင်ရှောင်းက မေးမြန်းလိုက်သည်။

“ဘာမှမဟုတ်ပါဘူး”

ရှောင်ကျီက ပြောလိုက်၏။ “ဘာမှမဟုတ်ပါဘူး”

ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ ပခုံးကို အသာပုတ်ပြီးသည့်နောက် ပြောလိုက်၏။ “ချင်းယန်နဲ့ ရှောင်မိုတို့က ချစ်သူရည်းစားတွေရှိနေကြတယ်။ ပြီးတော့ ရှင်းချန်ကလည်း အရင်တုန်းက ရှင်းချန် မဟုတ်တော့ဘူး။ မင်းအနေနဲ့ ကြိုးစားဖို့လိုအပ်ပြီ”

တိုက်ဆိုင်စွာဖြင့် အနားက ဖြတ်လျှောက်သွားခဲ့သော အကြီးအကဲ‌ဝေသည် ဂိုဏ်းချုပ်၏စကားကို ကြားသည့် အခါမှာတော့ နဝေတိမ်တောင်နှင့် ဖြစ်မိနေ၏။ သူနားကြားများလွဲလေသည်လား။ ဂိုဏ်းချုပ်ကဲ့သို့ ခံစား သက်ဝင်မှုတွေ အားနည်းသောသူ တစ်ယောက်သည် တပည့်တစ်ယောက်အား ချစ်ရေးချစ်ရာကိစ္စများအား လမ်းညွှန်နေခြင်းမှာ ........

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းက မေးလိုက်၏။ “ဘာကိစ္စရှိလို့လဲ”

“ဂိုဏ်းချုပ်... ဒီမှာရှိတဲ့ ဓာတ်သဘာဝတွေက အရမ်းအားကောင်းတယ်ဆိုပေမဲ့ ဒါကြီးက တောရိုင်းကြီးပဲလေ။ ဒါကြီးကို အသွင်ပြောင်းဖို့ လိုအပ်နေသေးတယ်”

“အင်း….. တကယ့်ကို လိုတာပေါ့”

လှပသည့်တောင်တန်းများ၊ ကြည်လင်ရှင်းလင်းသည့်ရေများနှင့် အဝါရောင်သဲကန္တရထက် ပိုမိုကောင်းမွန်သည်ဆိုသည်မှာ လူတိုင်းသိရှိ၏ ထို့ကြောင့် ရွှမ်ယွမ်နယ်မြေကြီး တစ်ခုလုံးကို ကောင်းမွန်လှသည့် ပတ်ဝန်းကျင်တည်နေရာကြီးအဖြစ် အသွင်ပြောင်းရန်ဆိုသည်မှာ မဖြစ်မနေ လိုအပ်သည့် အရာပင်။

“အကြီးအကဲဝေ”

ကျွင်းချောင်ရှောင်းကပြောလိုက်သည်။ “ဒီကိစ္စတွေအားလုံးကို ဆေးဟောခန်းမရဲ့ တာဝန်လို့ ထားလိုက်မယ်။ အကြောင်းအရာပြည့်စုံပြီဆိုတာနဲ့ ဒီနေရာမှာ ဆေးပင်တွေ ကြိုက်သလောက်စိုက်တော့”

“..........”

အကြီးအကဲဝေ၏နှုတ်ခမ်းများသည် တုန်ယင်နေလျက်ရှိနေ၏ ဤကဲ့သို့ ကြီးမားလှသည့်လောကကြီးတွင် ဆေးပင်များ စိုက်ပျိုးရသည်ဆိုသည်မှာ ကြီးမားလှသည့် လုပ်ငန်းစဉ်ကြီး ဖြစ်ပေလိမ့်မည်။ သို့ပေမဲ့ နေရာ အနှံ့တွင် ဆေးပင်များတည်ရှိနေပြီး ဆေးနံ့များ လေထဲတွင်လှိုင်ထနေသည့် အခြေအနေတစ်ခုကို ပြန်လည် မြင်ယောင်ပြီးသည့်နောက်မှာတော့သူသည် ချက်ခြင်းပြောလိုက်၏။ “ပြဿနာမရှိဘူး”

.......

ဝုန်း ဝုန်း ဝုန်း

တည်နေရာလွတ်ကြီးထဲမှာတော့ တောဝက်ရိုင်းလေးသည် ၎င်း၏ ဦးခေါင်းကို မြေပြင်ထဲသို့ ထိုးစိုက်ကာဖြင့် မြေဆီများကို အားရပါးရ ဝါးမျိုလျက်ရှိသည်။

လီချင်းယန်သည် ၎င်း၏ ဆောက်လုပ်ရေးပုံစံများကို စတင်ကာ စီစဉ်ရေးဆွဲတော့၏။ စည်းခတ်ခံထားရသည့် ရွှမ်ယွမ်နယ်မြေကြီး ပြန်လည်ပေါ်ပေါက်လာပြီးနောက် ပထမဦးဆုံးမြို့သည် ဤတည်နေရာတွင် တည်ဆောက်မည် ဖြစ်၏။

ကျွင်းချောင်ရှောင်းသည် ထိုနေရာကို သေသေချာချာဖြင့် ရွေးချယ်ထားသည်။

ဘုန်း ဘုန်း ဘုန်း

ရီရှင်းချန်၊ ရှောင်ကျီနှင့် အခြားသောသူများအားလုံးသည်လည်း အလကားမနေကြချေ။ ၎င်းတို့သည် လတ်တလောမှာတော့ ဆောက်လုပ်ရေးလုပ်သားများအဖြစ် သစ်သားတိုင်များကို စိုက်ထူလျက်ရှိသည်။ ပြောနေစရာပင် မလိုချေ။ အားလုံးတို့သည် အလွန်ကောင်းမွန်စွာ အလုပ်ကြိုးစားလျက်ရှိကြ၏။

လီချင်းယန်သည် ၎င်းတို့အား ရံဖန်ရံခါ ခေါ်ဆောင်၍ ဂိုဏ်းပြင်ဆင်ခြင်းကိစ္စရပ်များ၌ ခိုင်းစေခဲ့သည် ဆိုသောကြောင့် ၎င်းတို့သည် သစ်သားစိုက်ခြင်း၊ အဆောက်အဦ ဆောက်လုပ်သည့်ကိစ္စရပ်များတွင် အတွေ့အကြုံကောင်းကောင်း ပိုင်ဆိုင်နေကြသည်။

ဝှစ်

ထိုအချိန်မှာတော့ ကောင်းကင်ရှိ တည်နေရာကြီးတစ်ခုလုံးသည် တွန့်လိမ်သွား၏။ ပြီးသည့်နောက် ရွက်သင်္ဘောကြီးဆယ်စီးသည် အထဲသို့ဝင်ရောက်လာခဲ့ပြီး လေထုထဲတွင်ရပ်တန့်နေခဲ့သည်။ ရွှမ်ယွမ် နယ်မြေသည် ပြိုင်စံရှားဂိုဏ်း၏ အိမ်အသစ် ဖြစ်နေသည်သာမက ရွက်သင်္ဘောများ၏ ကျောက်ချရာ နေရာလည်းဖြစ်လေ၏။

.......

ပထမဦးဆုံးမြို့၏ အဆောက်အဦများကို စတင်ကာ ဆောက်လုပ်နေပြီဖြစ်၏။ ကျွင်းချောင်ရှောင်းသည်လည်း ဖြစ်စဉ်တစ်ခုလုံးကို သေသေချာချာ စောင့်ကြည့် အကဲခတ်ခြင်း မလုပ်ခဲ့ချေ။ သူသည် ရွက်သင်္ဘောကြီး နှင့်အတူ လာရာလမ်းဆီသို့ ပြန်လှည့်ခဲ့၏။ တပည့်များအတွက်မှာတော့ ရွှမ်ယွမ်နယ်မြေထဲတွင်နေထိုင်ပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို တိုးတက်အောင်ပြုလုပ်နေကြသည်။

“ယောက်ျား”

နှင်းဆီဧကရီသည် ပဲ့ခန်းထဲသို့ဝင်လာပြီးသည်နောက် ပြောလိုက်၏။ “ကြယ်ကြွေကုန်းမြေ တိုက်ကြီးကိုသွားပြီး လူတွေကိုခေါ်မယ်ဆိုမှတော့ ဝိညာဉ်မျိုးနွယ်တွေကော တစ်ခါတည်း ခေါ်ခဲ့လို့ရလား”

“ပြဿနာမရှိဘူး” ကျွင်းချောင်ရှောင်းသည် ထိုအရာကို တွေးတောနှင့်ပြီးသားဖြစ်၏။

သို့ပေမဲ့ သူပြောပြောပြီး ချင်းမှာပဲ နှင်းဆီဧကရီသည် သူ၏မျက်နှာကို အသာလာရောက်ကာနမ်း၏။ ရုတ်တရက်အနမ်းခံလိုက်ရသည့် ဖြစ်သောကြောင့် ကုန်းရှန့်သည် အလစ်အငိုက်မိသွားခဲ့၏။ သူသည် ကြောင်တောင်တောင်အမူအယာဖြင့် ထိုင်ခုံပေါ်မှခုန်ချပြီး ဒေါသတကြီး အော်လိုက်သည်။ “ခင်ဗျား ဘာလုပ်တာလဲ”

“အင်း.... ကျေးဇူးတင်တဲ့လက်ဆောင်”

နှင်းဆီဧကရီသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ အပြစ်ကင်းစင် လှသည့် မိန်းကလေးတစ်ယောက်ကဲ့သို့ပင် လှည့်ကာထွက်သွားတော့၏။

ကျွင်းချောင်ရှောင်းသည် အနမ်းခံလိုက်ရသည့် သူ၏ပါးကိုအသာပွတ်ကာ အော်ဟစ်လိုက်သည်။ “နှင်းဆီဧကရီ.. ကျုပ်က ဂိုဏ်းချုပ်၊ နည်းနည်းလေးလောက် လေးစားမှု ပြသလို့မရဘူးလား။ ကိုယ့် ဂိုဏ်းချုပ်ကို လစ်ရင်လစ်သလို နမ်းနေတာ အဓိပ္ပာယ်ရှိလား”

All Chapters