အခန်း ၁၇၁၉
Vol. 116 Ch. 1719
အပိုင်း (၁၇၁၉)
“ဟမ်”
“ဒါက..”
ထူးခြားလှိုဏ်ဂူ၏ အပြင်ဘက်မှာတော့ ကြီးမြတ်သူတုံးကုသည် သူသည် မေးစေ့ကို ပွတ်သပ်ကာဖြင့် အတွေးနက်လျက်ရှိသည်။
ကျွင်းချောင်ရှောင်း ရုတ်တရက် ရောက်ရှိလာခဲ့ခြင်းနှင့် ပတ်သက်၍ သူသည် အမှန်ပဲ အံ့အားသင့်မိနေသည်။ ပိုမို၍ အံ့အားသင့်စေသည်မှာ အထက်နယ်မြေဆီမှ သူ့အား ခေါ်ဆောင်သွားမည်ဆိုခြင်းပင်။
“ကောင်လေး …”
မာဆာတိုကီတာနိုသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည် “ကျုပ်တို့က နတ်ဘုရားလျှို့ဝှက်အဆင့်ကို မတက်ရောက်သေးဘူး။ ဒီတော့ အပြင်ဘက် လောကမှာ အသက်ရှည် ရပ်တည်နိုင်ဖို့ ဆိုတာ အရမ်းခက်ခဲတယ်”
စကြဝဠာကြီးသည် ကြီးမားလွန်းသည်။ သူတို့သည်လည်း အပြင်ဘက်သို့ လှည့်လည်သွားလာချင်သည် ဆိုသည်မှာ အမှန်ပင်ဖြစ်၏။ သို့ပေမဲ့ နတ်ဘုရားလျှို့ဝှက်နယ်မြေသို့ ခြေလှမ်းဝက်ပင် မဝင်ရသေးပါက တည်နေရာအတားအဆီးများကို ဖြတ်သန်းပြီး သွားလာဖို့ မဖြစ်နိုင်ပေ။
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “စီနီယာ စိတ်မပူနဲ့ … အရာအားလုံးကို ကျုပ် လုပ်ပေးပါမယ်”
“ဒါက ….”
မာဆာတို ကီတာနိုသည် သူ၏ ရောင်းရင်းကြီးကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည် “ခင်ဗျား ရဲ့ တပည့်နဲ့ အတူ အပြင်ဘက် လောကဆီ သွားကြည့်မှာလား”
သူသည် ကျေနပ်နှင့်နေပြီဖြစ်သည်။ တစ်နှစ်ပတ်လုံး စစ်တုရင် ကစားနေခဲ့ခြင်းမှာ ကျင့်ကြံခြင်းတစ်မျိုးလည်း ဖြစ်သည်။ အပြင်ဘက်သို့ ထွက်၍ လှည့်လည်သွားလာပြီး တစ်ချို့သော ဉာဏ်အလင်းနှင့် ကံကောင်းခြင်းမျိုးကို ပိုင်ဆိုင်လျှင် နတ်ဘုရားလျှို့ဝှက်နယ်မြေ၏ တတိယအဆင့်သို့ တက်လှမ်းသွားနိုင်လောက်၏။
“……..”
ကြီးမြတ်သူတုံးကုသည် တွေးဝေငေးငိုင်စွာနှင့် စဉ်းစာလျက်ရှိနေတုန်းပင်။
“ကောင်းပြီ”
အဆုံးသတ်မှာတော့ သူသည် သဘာတူညီလိုက်တော့သည်။
“ဆရာ … စီနီယာ .. စိတ်ကိုလျော့ထား။ကျုပ် နေရာတစ်ခုဆီ ခေါ်သွားမယ်”
နေရာတစ်ခုလား။
ကြီးမြတ်သူတုံးကု နှင့် မာဆာတိုကီတာနို တို့သည် ဆွံ့အသွားကြသည်။ သို့ပေမဲ့ ၎င်းတို့သည် ကျွင်းချောင်ရှောင်း ပြောသည့်အတိင်း လိုက်လုပ်ကြ၏။ သူတို့၏ အမြင်များ ဝေဝါးသွားသလို ခံစားလိုက်ရပြီးနောက် သူတို့သည် ရွှမ်ယွမ် နယ်မြေ၌ ပေါ်လာကြသည်။ သူတို့သည် အသစ်ဖန်တီးထားသော မြို့သစ်ကြီးတစ်ခု၏ ရှေ့သို့ ရောက်လာကြ၏။
စီနီယာနှစ်ယောက် ပေါ်လာသည်နှင့် တပြိုင်နက် ရီရှင်းချန်သည် ကြိုဆိုခြင်းတေးသီးချင်းကို ဖွင့်က ကြိုဆိုလိုက်သည်။
ရောင်မုန့်ယဉ်သည် မြို့ရိုးနံရံပေါ်တွင် ထိုင်လျှက်ရှိပြီး လက်ချောင်းလေးများနှင့် အသဲပုံစံပြုလုပ်ကာ ကြိုဆိုခြင်း တေးသီးချင်းကို စတင်သီဆို၏။
သီဆိုသူနှင့် တေးဂီတ ပလဲနံသင့်သလို အကအခုန်ကလည်း မလစ်ဟင်းခဲ့ပေ။
လီချင်းယန် ၊ ရှောင်ကျီ ၊ ရီရှင်းချန် နှင့် တခြားသော လက်ရွေးစင်တပည့်များသည် အလျှိုလျှို ပေါ်လာကြပြီး ၎င်းတို့၏ ဆရာဘိုးဘိုးအား အကဖြင့် ကြိုဆိုကြတော့သည်။
ကျွင်းချောင်ရှောင်းသည် အားလုံး၏ ရှေ့ဆီသို့ ရောက်ရှိသွားပြီး သူ၏ လက်နှစ်ဖက်ကို ဆန့်တန်းကာ တေးသီချင်းကို ဟစ်ကြွေးလိုက်၏ “ရွှမ်ယွမ်မြေကို လာပေါ့ .. တကယ်ပျော်တယ်နော်”
ဘုတ် …. ဘုတ် …။
ကြီးမြတ်သူတုံးကု နှင့် မာဆာတို ကီတာနိုတို့သည် ပြုံးပြုံးကြီးနှင့် မြေပေါ်လဲကျသွားရသည်။
……..
“မယုံနိုင်စရာပဲ”
“မယုံနိုင်စရာပဲ”
ကြီးမြတ်သူတုံးကုသည် မြို့၏ ဂိတ်တံခါး၌ ဆောင့်ကြောင့်ထိုင်လျက်ရှိပြီး သူ၏ မျက်နှာပေါ်တွင်တော့ နှလုံးသားထဲ၌ ဖြစ်ပေါ်နေသော အံ့အားသင့်သည့် အမူအရာများ အတိုင်းသား ထင်ပေါ်နေ၏။
ကြိုဆိုမှုသရုပ်ဖော်ပွဲသည် စိတ်ကျေနပ်စရာဖြစ်သလို ဤတည်နေရာတွင် ရှိနေသော ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် အထက်နယ်မြေထက် အဆ ဒါဇင်ချီ ပိုမိုကာ အားကောင်းနေသည်။
“ရောင်းရင်းကြီး”
မာဆာတို ကီတာနိုသည် အချိန်ကြာမြင့်စွာ ဆွံ့အနေရင်းကနေ ပြောလိုက်မိ၏ “ကျုပ် အိမ်မက် မက်နေတာလား”
“ဖြောင်း”
ကြီးမြတ်သူတုံးကုသည် မာဆာတိုကီတာနို၏ ပါးကို လှမ်းရိုက်လိုက်သည်။ ပြီးနောက် မေးလိုက်သည် “နာလား”
“နာတယ်”
“ဒါဆို အိမ််မက်မဟုတ်ဘူး”
သူတို့နှစ်ယောက်သည် ပိုမို၍ တုန်လှုပ်သွားမိ၏။
“ဆရာ”
ကျွင်းချောင်ရှောင်းသည် အနားသို့လျှောက်လာပြီး ပြောလိုက်သည် “ဒီမြို့က အခုမှစပြီး တည်ဆောက်ကာစ ရှိသေးတယ်။ အသေးစိတ် ပြင်ဆင်မှုတွေ ဘာတစ်ခုမှမလုပ်ရသေးဘူး။ ဒီတော့ ရက်အနည်းငယ်လောက် ဒုက္ခခံပေးပါအုံး”
ကြီးမြတ်သူတုံးကု က မေးလိုက်၏ “ကောင်လေး .. ဒါ ဘယ်နေရာလဲ”
“ထာဝရ လောကကြီးလေ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ကျုပ်ရဲ့ လောကကြီးပဲ”
ဟုတ်ပေသည်။ ရွှမ်ယွမ်နယ်မြေသည်လည်း ထာဝရ လောကကြီးအဖြစ်သို့ နာမည်ပြောင်းခြင်း ခံလိုက်ရ၏။
“မင်းရဲ့ လောကကြီးဟုတ်လား” ကြီးမြတ်သူတုံးကု နှင့် မာဆာတို ကီတာနိုတို့သည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားကြသည်။
ဝှစ် …။
ထိုအချိန်မှာပဲ ၎င်းတို့နှစ်ယောက်သည် မြို့၏ ဂိတ်တံခါးဆီမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ယံအထက်သို့ ရောက်ရှိသွားသည်။ ပြီးနောက် ပြန်လည်ပျောက်ကွယ်သွားပြီး လွင်တီးခေါင်တစ်ခုဆီ ရောက်သွားပြန်၏။
“အခုယုံပြီလား”
ကျွင်းချောင်ရှောင်းသည် ၎င်းတို့ဘေးသို့ ရောက်ရှိလာပြီး ပြုံးကာ မေးမြန်းလိုက်သည်။
ကြီးမြတ်သူတုံးကု နှင့် မာဆာတိုကီတာနိုတို့သည် နတ်ဘုရားအဆင့်သို့ မရောက်ရှိကြသေးသော်လည်း အားကောင်းသူများဖြစ်သည်။ ၎င်းတို့အား အတွေးတစ်ချက်နှင့်ပင် ဟိုဒီ နေရာရွေ့နေသည်ကို သိရှိပြီးနောက် ဤကဲ့သို့သော လုပ်ဆောင်နိုင်မှုသည် လောကကြီးတစ်ခု၏ မူလအရင်းအမြစ်ကို ပိုင်ဆိုင်သူသာ လုပ်နိုင်မည့် အရာဖြစ်ကြောင်း နားလည်လက်ခံလိုက်ရ၏။
နတ်ဘုရား ..။ လောကကြီးတစ်ခု၏ နတ်ဘုရား။
အထက်နယ်မြေဆီမှ ထွက်ခွာသွားသည်မှာ မည်မျှကြာသေးသနည်း။ မည်ကဲ့သို့သော အတွေ့အကြုံများကို ရရှိခဲ့သနည်း။
ကြီးမြတ်သူတုံးကုသည် စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းပြီး ပြောလိုက်သည် “ငါ့ တပည့်မှာ လောကကြီးတစ်ခု ရှိတယ်။ ဒီတော့ သူက နယ်မြေလောကတစ်ခုရဲ့ သခင်ပေါ့”
“သိပ်မှန်တာပေါ့”
ကျွင်းချောင်ရှောင်းသည် ဦးခေါင်းကို အပေါ်သို့ လေးဆယ့်ငါး ဒီဂရီစောင်းကာ ဟန်ထုတ်လျက်ရှိ၏။
…….
မြို့၏ စဦးဆောက်လုပ်ရေးလုပ်ငန်းများ ပြီးစီးသွားခဲ့သည်။ သို့ပေမဲ့ အတွင်းပိုင်းများ တည်ဆောက်ရန် အချိန်ယူရပေဦးမည်။
ကြီးမြတ်သူတုံးကု နှင့် မာဆာတိုကီတာနိုတို့သည် အားကောင်းလွန်းသော ကောင်းကင်နှင့် မြေကြီး ဓာတ်သဘာဝများကို အာရုံခံမိပြီးနောက် မောင်းထုတ်လျှင်တောင် ထွက်သွားတော့မည် မဟုတ်ချေ။
“တပည့် … ထူးခြားလှိုဏ်ဂူကို ဒီနေရာဆီ ရွေ့လို့ရလား”
“မြို့ထဲမှ မနေဘူးလားဆရာ …”
“ငါ လူတွေကြားထဲမနေချင်ဘူး”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် ထူးခြားလှိုဏ်ဂူအား မြို့နှင့် မိုင်ရာချီ အဝေးရှိ တောင်ထွတ်တစ်ခုပေါ်သို့ ရွေ့ပြောင်း ပေးလိုက်သည်။ ပြီးနောက် သူတော်စင် ခုနှစ်ယောက်ကို သွားရောက်ရှာဖွေပြန်သည်။
ပထမတုန်း ငြင်းပယ်ကြသည်ဆိုသော်လည်း ထာဝရလောကထဲရောက်ပြီး စိတ်ဝိညာဉ်စွမ်းအင်များကို အာရုံခံမိချိန်မှာတော့ အားလုံးတို့သည် မငြင်းကြတော့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွှမ်သည် အသာလျှောက်လှမ်းလာပြီး အားပျော့စွာ ပြောလိုက်သည် “ကျွန်မဆရာကိုရော ဒီကို ခေါ်လာလို့ ရလား”
ရွက်သင်္ဘောကြီးနှင့် ခရီးထွက်လာကတည်းက ဤအမျိုးသမီးသည် တစ်ပါတည်း ပါလာပြီးဖြစ်သည်။ သိုသိုသိပ်သိပ်ဖြင့် နေထိုင်တတ်သောကြောင့် တခြားသူများ၏ မြင်ကွင်း၌ ပေါ်မလာတတ်ပေ။
“ကောင်းပြီ”
“ကျေးဇူးပါပဲ”
………..
မာဆာတိုကီတာနို နှင့် တခြားသူများသည် ကျွင်းချောင်ရှောင်းနှင့် ရင်းနီးကြသည်ဆိုသော်လည်း ကြီးမြတ်သူ ကုဟုန်မှာမူ အစိမ်းသက်သက်ပင်ဖြစ်သည်။ ကုန်းရှန့် သွားရောက် ပြောဆိုချိန်မှာတော့ ကုဟုန်သည် စိတ်မရှိသလို အော်ငေါက်ခဲ့သည် “သွားစမ်း။ ငါ အပြင်ကို ထွက်ဖို့ စိတ်မဝင်စားဘူး”
“အင်း”
ကုန်းရှန့်သည် ရှက်ရွံ့သလိုပင် ခံစားလိုက်မိ၏။
ကောင်းပြီ။ မတူညီသည့် စိတ်ထားရှိသူများအား မတူညီစွာ ပြုမူဆက်ဆံမှ ဖြစ်ပေလိမ့်မည်။
“စီနီယာ .. ဟိုမှာဂြိုဟ်ပြာကြီး”
“ဟမ် .. ဘယ်မှာလဲ” ကြီးမြတ်သူကုဟုန်သည် အမှတ်မထင်ဖြင့် ခေါင်းမော့ကာ ကြည့်ရှုလိုက်သည်။
ဒုတ် ….။
ကျွင်းချောင်ရှောင်း၏ လက်ဝါးစောင်းသည် မာကျောလှပါသည်ဆိုသော ကြီးမြတ်သူ ကုဟုန်၏ လည်ကုပ် ပေါ် ကျရောက်သွားသည်။ ပြီးနောက်သူသည် ကြီးမြတ်သူ ကုဟုန်အား ခြေထောက်မှဆွဲကာ ထာဝရ လောကဆီသို့ ပြန်လည် ခေါ်ဆောင်လာခဲ့လိုက်၏။
……….
“မင်း ဒီကို ဘာလာလုပ်တာလဲ”
တောင်ထွတ်ပေါ်မှာတော့ ကြီးမြတ်သူချင်းဝေသည် အေးစက်စက် မျက်နှာဖြင့် မေးလိုက်သည်။
ရောက်ရောက်ချင်းမှာပဲ ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “စီနီယာ … စီနီယာက ပြိုင်စံရှားဂိုဏ်းကို ကလန်ပေါင်းများစွာ လာဝိုင်းခဲ့တုန်းက ကူညီအားဖြည့်ပေးခဲ့တယ်။ ဒီကြင်နာမှုကို အမြဲမှတ်သားထားပါတယ်”
“ဒီတော့ ကြင်နာမှုကို ပေးဆပ်တဲ့အနေနဲ့ ငါ့တပည့်ကို သတ်ပစ်လိုက်တာပေါ့”
“စီနီယာ … စီနီယာက အတွေ့အကြုံရှိပြီးသားလူတစ်ယောက်ပါ။ အဲတုန်းက ဧကရီလင်းရောင် ကိုယ်တိုင် သေချင်နေတာပါ။ စီနီယာလည်း မြင်မှာပါ”
“……..” ကြီးမြတ်သူချင်းဝေသည် တိတ်ဆိတ်ငြိမ်သက်သွားသည်။
အမှန်ပင်ဖြစ်သည်။ သူမ၏တပည့်သည်သာ သေချင်နေခြင်းဖြစ်၏။ မည်သူ့ကိုမှ အပြစ်သွားတင်၍မဖြစ်ချေ။
“ဒီကို ရောက်လာတာ စီနီယာ့ကို နတ်ဘုရားတတိယအဆင့်ဆီရောက်အောင် ကူညီပေးနိုင်တဲ့ နေရာဆီ ခေါ်သွားချင်လို့ပါ” ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်သည်။
အင်မော်တယ်ချင်းဝေနှင့် ဧကရီလင်းရောင်တို့သည် ဆရာ၊တပည့်များ ဖြစ်သည်ဆိုသော်လည်း ကြင်နာမှုသည် ကြင်နာမှုဖြစ်ပြီး အမုန်းတရားသည် အမုန်းတရားသာ။
“ဟမ်” ကြီးမြတ်သူချင်းဝေ သည် နဝေတိမ်တောင် ဖြစ်သွားမိ၏။
ကျွင်းချောင်ရှောင်း၏ လက်ရှိအဆင့်ကို သူမ ကောင်းကောင်းသိသည်။ မကောင်းသည့် ရည်ရွယ်ချက်သာ ရှိပါက အလုပ်ရှုပ်ခံစရာမလိုဘဲ သူမကို သတ်ဖြတ်ပစ်နိုင်စွမ်းရှိသူဖြစ်သည်။ ထို့ကြောင့် သူမသည် သဘောတူညီလိုက်သည်။
………
ဆေးဟောခန်းဌာနချုပ် ….
ဟောခန်းသခင်ပိုင်သည် မျက်လုံးအပြူးသားဖြစ်လို့နေ၏။
“ခင်ဗျားကြားတာ အမှန်ပဲ”
ကျွင်းချောင်ရှောင်းသည် ရေနွေးတစ်ခွက်ကို အသာမှုတ်သောက်ရင်းကနေ ထပ်ပြောလိုက်သည် “ဆေးဟောခန်းဌာနက လူတွေ အကုန်လုံးကို ခေါ်လိုက်။ အားလုံးအတွက် နေရာကောင်းတစ်ခုဆီ ခေါ်သွားပေးမယ်။”
ပိုင်ကျောင်းယန်က မေးလိုက်၏ “ဂိုဏ်းချုပ်ကျွင်း .. စနေတာလား”
အဖွဲ့သားများကို ခေါ်ပြီး ထာဝရလောကကြီးထဲရောက်ရှိချိန်မှာတော့ သူသည် သေချာသွားတော့သည် “ဂိုဏ်းချုပ်ကျွင်း မစဘူးပဲ”
…….
ရက်အနည်းငယ်အတွင်းမှာပဲ
ပြိုင်စံရှားဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေသူ အားလုံးတို့သည် ထာဝရလောကကြီးဆီ ရောက်ရှိသွားကြ၏။
“အဒေါ်ဝမ် … ခေါက်ဆွဲတစ်ပွဲလောက် ပြင်ထားပေတော့”
ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ မည်သည့်အမျိုးအဆွေမှ မရှိချေ။ သို့ပေမဲ့ ဝိညာဉ်ကူးပြောင်း ရောက်ရှိလာပြီးကတည်းက အဒေါ်ဝမ်၏ စောင့်ရှောက်မှုကို ခံယူခဲ့ရသည်။ ထို့ကြောင့် အဒေါ်ဝမ်၌သာ သမီးတစ်ယောက်ရှိမည်ဆိုလျှင် သူ၏ အစ်မအဖြစ် တရားဝင် သတ်မှတ်မိမှာ သေချာသည်။