← Chapters

အခန်း ၁၇၂၀

Vol. 116 Ch. 1720

အခန်း ၁၇၂၀

Vol. 116 Ch. 1720

အပိုင်း (၁၇၂၀)

ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေသို့ ပြန်လာပြီးသည့်နောက် ထိုကဲ့သို့ပင် ဟိုနေရာသွားလိုက်၊ ဒီနေရာသွားလိုက်ဖြင့် သူနှင့်ပတ်သက်ရာ ပတ်သက်ကြောင်းများကို ခေါ်ယူခဲ့သည်။ ထိုထဲတွင် အခြားသော ကလန်များလည်း ပါဝင်၏။ နဂါးကလန်၊ ကျောက်ရုပ်ထု မျိုးနွယ်ကလန်တို့သည် ကုန်းရှန့်နှင့် ပတ်သက်ဆက်နွယ်နေသော ကလန်များဖြစ်၏။ နတ်ဘုရား လှမ်းလျှောက်သူကလန်၊ ရေခဲဖီးနစ်ကလန်တို့လည်း ပါဝင်၏။ ထာဝရလောကကြီးသည် အလွန်ကြီးမားလွန်းလှ၏။ ထို့ကြောင့် အထက်နယ်မြေရှိ လူများကို ခေါ်ဆောင်သွားရန်မှာ ပြဿနာကြီးတစ်ခု မဟုတ်ချေ။

ပြိုင်စံရှားဂိုဏ်းသည် အစပိုင်းက လွင်တီးခေါင်နေရာကြီးတွင် နေထိုင်ရန် စဉ်းစားခဲ့ပြီး ဖြစ်၏။ ပြီးနောက် အခြားသော ဂိုဏ်းများသည်လည်း ရောက်ရှိလာကြပြီး ကောင်းမွန်ရာ တည်နေရာများကို ရွေးချယ်ကြတော့၏။ ၎င်းတို့သည် လူသားများနှင့် မနေထိုင်ချင်ကြချေ။

အရှေ့ပိုင်း နဂါးကလန်၊

အနောက်ပိုင်း ကျောက်ရုပ်ထု မျိုးနွယ်ကလန်၊

တောင်ပိုင်း လိပ်မဲကလန်၊

မြောက်ပိုင်း ရေခဲဖီးနစ်ကလန်။

ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီး၏ မြေပုံရှေ့တွင် မတ်တပ်ရပ်လျက် ရှိနေ၏။ သူ၏လက်ကို ယမ်းခါပြီး တည်နေရာများကို ခွဲဝေပေးလျက် ရှိနေတော့၏။ ထို့ပြင် ၎င်းတို့နေထိုင်ရန် ကိုယ်ပိုင်မြို့များ တည်ဆောက်ခြင်းအတွက်လည်း အလုံးစုံ ကူညီခြင်းမျိုးကို ပြုလုပ်ပေးသေးသည်။

"ကျေးဇူးပါပဲ ဂိုဏ်းချုပ်ကျွင်း"

ကလန်အသီးသီးမှ ခေါင်းဆောင်များသည် အလွန်ပင် စိတ်လှုပ်ရှားလျက် ရှိနေကြ၏။ အားလုံးသောသူတို့သည် အထက်နယ်မြေတွင် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများကို လုံလုံလောက်လောက် မစုပ်ယူနိုင်ကြရချေ။

အဘယ့်ကြောင့်ဆိုသော် အခြားသော အင်မော်တယ်အဆင့် ဂိုဏ်းများသည် အပြင်ထွက်လာခြင်းကို ကန့်သတ်ထားပြီး ၎င်းတို့အနေဖြင့် အသက်ရှင်ရန် သင့်တော်သော လွတ်လပ်သော တည်နေရာ နယ်မြေများကိုသာ ဖန်တီးနေထိုင်နေကြရသည်။

သို့ပေမဲ့ ထာဝရလောကကြီးမှာတော့ ခြားနားလွန်းလျက် ရှိ၏။ ကောင်းကင်နှင့် မြေကြီး၏ ဓာတ်သဘာဝများသည် အားကောင်းရုံသာမက အလွန်လည်း လိုက်ဖက်ညီလွန်းလှ၏။ ၎င်းတို့အနေဖြင့် လိုချင်သလောက် စုပ်ယူနိုင်စွမ်း ရှိနေ၏။

"အားလုံးပဲ"

မဖွံ့ဖြိုးသေးသည်နယ်မြေများကို ကြည့်ရှုပြီးနောက် နတ်ဘုရား လှမ်းလျှောက်သူမျိုးနွယ်ကလန်သည် ၎င်း၏ စိတ်လှုပ်ရှားမှုများကို မည်သို့မျှ မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။ "ငါတို့ကလန်အနေနဲ့ ထာဝရလောကကြီးထဲကို ဝင်လာနိုင်တာ တစ်ကယ့်ကို ကြီးမားတဲ့ အခွင့်အရေးပဲ"

အထက်ပိုင်း အကြီးအကဲများသည်လည်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။ ဤကဲ့သို့ ဆန်းကြယ်လှသော ဓာတ်သဘာဝများကို စုစည်းပြီးနောက် ၎င်းတို့၏ကလန်သည် အနာဂတ်တွင် ပိုမိုကာ အားကောင်းလာတော့မှာ သေချာ၏။

နတ်ဘုရားလှမ်းလျှောက်သူကလန်တင် မကသေးချေ။ အားလုံးသောကလန်များသည်လည်း အနာဂတ်တွင် ပိုမိုကာ တိုးတက်လာရန် မျှော်မှန်းလျက် ရှိနေ၏။ ၎င်းတို့သည် ဤလွင်တီးခေါင်ဒေသတွင် သေသေချာချာ အခြေချပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်မျိုးနွယ်နှင့် ကလန်ကို တည်ဆောက်ရန် စဉ်းစားထားကြသည်။

...........

ထူးခြားလိုဏ်ဂူအတွင်းမှာတော့ ကြီးမြတ်သူတုံးကု၏ အမူအရာသည် ပျက်ယွင်းလျက် ရှိနေ၏။

အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ၎င်းနေထိုင်ရာ အနီးအနားတို့ ကြီးမြတ်သူချင်းဝေနှင့် ကြီးမြတ်သူကုဟုန်တို့ကို ခေါ်ဆောင်လာခဲ့၏။ ထို့ကြောင့် ၎င်းအနေဖြင့် အပြင်ကို ထွက်လိုက်တိုင်း ထိုမျက်နှာများကို မတွေ့ချင်ဘဲနှင့် တွေ့နေရသည်။

မာဆာတိုကီတာနိုက ပြောလိုက်၏။ "အနာဂတ်မှာ တစ်ယောက်တည်း စစ်တုရင်ကစားစရာ မလိုတော့ဘူးပေါ့"

ဟမ့်

ကြီးမြတ်သူကုဟုန် သည် နှာခေါင်းရှုံ့လိုက်ပြီးနောက် ၎င်း၏နေထိုင်ရာ လိုဏ်ဂူဆီသို့ ပြန်လှည့်သွားသည်။

ကြီးမြတ်သူတုံးကုသည် ရုတ်တရက် ဒေါသထွက်သွားပြီးနောက် အော်ဟစ်လိုက်၏။ "ခင်ဗျားက ထာဝရလောကကြီးထဲကို ရောက်ရှိလာတာ ကျုပ်တပည့်ကြောင့်လေ။ ဘာတွေမောက်မာနေတာလဲ"

"ချီးတဲ့မှ"

ကြီးမြတ်သူကုဟုန်သည် ရုတ်တရက် ပြေးထွက်လာပြီးနောက် အသံကုန် အော်ဟစ်လိုက်သည်။ "ဒါ ကျုပ်တပည့်ရဲ့ ကျေးဇူးကြောင့်လေ။ ခင်ဗျားတပည့်နဲ့ ဘာမှမဆိုင်ဘူး။"

" ဒါ ကျုပ်တပည့်ရဲ့ ဂြိုလ်လေ။ ဘယ်လိုလုပ်ပြီးတော့ ဘာမှမဆိုင်ရမှာလဲ "

၎င်းတို့နှစ်ယောက်သည် ပြောပြီးသည့်နောက် ဒေါသများပင် ပိုမိုထွက်လာကြ၏။ ထို့ကြောင့် အင်္ကျီလက်များကို ခေါက်တင်ကာဖြင့် တစ်ယောက်နှင့်တစ်ယောက် ဦးခေါင်းတိုက်ကာ ခွေ့လျက် ရှိ၏။ သို့ပေမဲ့ တိုက်ခိုက်ခြင်းကိုတော့ မပြုလုပ်ကြချေ။

............

ကြယ်ကြွေကုန်းမြေတိုက် …..

ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ကျူးကျော်မှုကြောင့် ရရှိလာသော အက်ကွဲကြောင်းကြီးသည် အနည်းငယ် ပြန်လည်ကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိလာ၏။ အချက်အလက်အားဖြင့် ကျွင်းချောင်ရှောင်းသည် ဤတည်နေရာဆီသို့ မြန်မြန်ဆန်ဆန် ရောက်ရှိလာပြီး တည်နေရာပြန်လည်ရှာဖွေသည့် ပစ္စည်းကို အသက်မသွင်းခဲ့ပါက ဤဂြိုလ်ကြီးသည် အလုံးစုံ ပျက်ဆီးသွားမှာ သေချာသည်။

............

သံမဏိအရိုးတောင်

မြို့တော်ဝန်ရှဲ့သည် မျက်မှောင်ကုတ်ကာဖြင့် သူ၏ခွက်လေးကို အသာမြောက်၍ သက်ပြင်းချလျက်ရှိသည်။

ထိုင်ခုံပေါ်တွင်ထိုင်ကာ စာရင်းများပြုလုပ်နေသည့် အဒေါ်ဝမ်သည် ထိုအရာကို မြင်သည့်အခါမှာတော့ ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ "ဒီနေရာမှာ စိတ်ဝိညာဉ်စွမ်းအင်တွေ နည်းပါးသွားရုံပဲမလား။ ဘယ်လိုဖြစ်ပြီးတော့ မြို့တော်ဝန်ရှဲ့က တနေ့လုံး သက်ပြင်းတွေ ချနေရတာလဲ"

မြို့တော်ဝန်ရှဲ့သည် သူ၏ဝိုင်ခွက်ကို အသာချကာ ပြောလိုက်သည်။ "ဆိုင်ရှင်ဝမ်က သိုင်းကျင့်ကြံခြင်း နည်းစနစ်တွေကို မလေ့လာဘူးလို့လေ"

ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ထွက်သွားကတည်းက ဂြိုလ်ကြီးတစ်ခုလုံး သည် ဖျက်စီးခံရလုနီးပါး ဖြစ်သွားခဲ့၏။ တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းအောင် ပြင်ဆင်လျက် ရှိနေသည် ဆိုသော်လည်း မနေ့တုန်းက သိုင်းမဟာမိတ်အဖွဲ့သည် ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်၏။ အထဲတွင် ရှိနေသော စိတ်ဝိညာဥ်စွမ်းအင်များသည် တစ်ဖြည်းဖြည်း ခမ်းခြောက်လာပြီး နှစ်နှစ်မျှသာခံနိုင်သည်ဟူသော အကြောင်းအရာပင်။

သိုင်းကျင့်ကြံခြင်း လောကတွင် ကောင်းကင်နှင့်မြေကြီး၏ ထောက်ပံ့မှုမရှိလျှင် ဘာတစ်ခုမှ အသုံးဝင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် မြို့တော်ဝတ်ရှန့်မပြောနှင့် ထိုက်ရွှမ်အအေးဂိုဏ်း၊ လောကပုန်ကန်နတ်ဂိုဏ်းနှင့် အခြားသော ဂိုဏ်းအသီးသီးတို့သည်လည်း စိုးရိမ်ပူပန်နေကြ၏။

အချက်အလက်အားဖြင့် မြို့တော်ဝန်ဟန်သည် အင်ပါယာမြို့၏ မြို့တော်ဝန်ဖြစ်သည်မို့ သူ၏ဆံပင်များ ဖြူဖွေးသည်အထိ စိုးရိမ်နေမိသည်။

…..........

သိုင်းမဟာမိတ် ဟောခန်း

လက်ရှိ ခေါင်းဆောင်အဖြစ် တာဝန်ယူထားရသော ယွမ်ဟယ်သည် စားပွဲ၏ ထိပ်တွင် ထိုင်လျက်ရှိနေပြီး ထူးထူးခြားခြား တည်ငြိမ်လျက် ရှိနေ၏။ သူသည် ကြေညာချက်တစ်ခုကို မကြာသေးခင်က ထုတ်ပြန်ခဲ့၏။ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ မကြာခင်တွင် ဤလောကတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် ကုန်ခမ်းတော့မှာ ဖြစ်ကြောင်းပင်။

"ခေါင်းဆောင်"

ကင်းသမားရင်က ပြောလိုက်၏။ "ဘာလုပ်ကြမှာလဲ"

ဘေးတွင်ရှိနေသော ကင်းသမားကျိသည် စားပွဲပေါ်သို့ အသာလက်တင်ကာ ပြောလိုက်သည်။ "ကျုပ်တို့ အခြားဂြိုလ်တစ်ခုခုကို ရှာဖို့ပဲ ရှိတော့တာပေါ့"

သူတို့သည် တည်နေရာချိုးဖျက်ခြင်းအဆင့်တွင် ရောက်ရှိနေကြပြီ ဖြစ်၏။ ကြယ်ကောင်းကင်ခံတပ်ကို တာဝန်ယူရစဉ်အခါက ကိုယ်ပိုင်ရွက်သင်္ဘောနှင့် လှည့်လည်နေကြသည်မို့ ကြယ်ကြွေကုန်းမြေ တိုက်ကြီး မှ အပြင်ဖက်သို့ ထွက်ခွာရန်မှာ ပြဿနာမရှိချေ။

ထို့ပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် အဆင့်နိမ့်စကြာဝဠာထဲတွင် ကုန်သွယ်ရေးဇုံအဖြစ် တည်ရှိနေခဲ့၏။ များပြားလှသော ဂြို်လများသည် ဤနေရာသို့ ရောက်ရှိလာပြီး ကုန်သွယ်မှု ပြုလုပ်သောကြောင့် အပြင်ဘက်သို့ သွားလာခြင်းဆိုသည်မှာ သာမန်ပင် ဖြစ်၏။ ထို့ကြောင့် ဤနေရာမှ ထွက်ခွာသွားရန်မှာ လွယ်ကူလှသည်။

"ဂိုဏ်းချုပ်ကျွင်း မထွက်ခွာခင်က ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ကာကွယ်ဖို့ ကျုပ်တို့ကို မှာခဲ့တယ်လေ။ ဘယ်လိုလုပ် စွန့်လွှတ်ရမှာလဲ"

အားလုံးသောသူများသည် တိတ်ဆိတ်ငြိမ်သက်သွား၏။ ထွက်ခွာသွားခြင်းဆိုသည်မှာ အမှန်ပင် လွယ်ကူလွန်းလှ၏။ သို့ပေမဲ့ အနာဂတ်၌ ဂိုဏ်းချုပ်ကျွင်းကို မည်ကဲ့သို့ မျက်နှာပြရမည်နည်း။

ဘုန်း ……

ထိုအချိန်မှာပဲ အပြင်ဖက်ဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာ၏။

အားလုံးသော သူများသည် အပြင်ကိုထွက်ကာ ကြည့်ရှုလိုက်သည့် အခါမှာတော့ ကျွင်းချောင်ရှောင်း ပြင်ဆင်ပေးထားသည့် ကောင်းကင်ကြီးသည် နေရာအနှံ့သို့ ကွဲအက်လာသည်။

"ငါတို့တော့ ဒုက္ခပဲ"

ယွမ်ဟယ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ "ဒီဂြိုလ်ရဲ့ စနစ်တစ်ခုလုံးက ပြိုလဲတော့မယ်။ မကောင်းတော့ဘူး"

ကင်းသမားရင်သည် စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ "ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကောင်းကင်နဲ့ မြေကြီး ဓာတ်သဘာဝတွေ က ကုန်ဆုံးတာ အရမ်းမြန်နေတယ်"

အားလုံးသောသူတို့၏ အမူအရာသည် လေးနက်သွားခဲ့၏။

"အားလုံးပဲ"

ယွမ်ဟယ်သည် လှည့်ကြည့်ကာ ပြောလိုက်သည်။ "ကြယ်ကြွေကုန်းမြေတိုက်ကြီးက အရင်တုန်းက ဖြစ်ခဲ့တဲ့ ကပ်ဘေးကြီးမှာ ကြီးကြီးမားအား ထိခိုက်ခဲ့တယ်။ ဂိုဏ်းချုပ်ကျွင်းအနေနဲ့ ပြင်ဆင်ခဲ့တယ်ဆိုပေမဲ့ မူလအခြေအနေကို ရောက်ဖို့ဆိုတာ ခက်ခဲသွားပြီ။ ကျုပ်တို့အနေနဲ့ ထွက်သွားဖို့ နည်းလမ်းကိုပဲ ရွေးရတော့မယ်"

ဤနေရာတွင် စိတ်ဝိညာဉ်စွမ်းအင်များ မရှိမှတော့ ဘာတစ်ခုမှ ပြုလုပ်၍ မရနိုင်တော့ချေ။ သို့ပေမဲ့ လက်သင့်ခံနိုင်သေး၏။ ယခု ကောင်းကင်ကြီးတစ်ခု ပြိုလဲလာတော့မည် ဆိုမှတော့ ဆက်လက်နေထိုင်ရန် ပြဿနာရှိလာပေသည်။

ယွမ်ဟယ်သည် အပြင်ဖက်သို့ ပျံသန်းထွက်ကာ ပြောလိုက်၏။ "သိုင်းမဟာမိတ် ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကျုပ်ဒီနေရာကနေ ကြေညာတယ်။ အဓိကမြို့၊ အဓိကဂိုဏ်းနဲ့ အဓိကမိသားစုတွေအကုန်လုံး ဖြစ်နိုင်သမျှ အမြန်ဆုံး ကြယ်ကြွေကုန်းမြေတိုက်ကြီးကနေ ထွက်ခွာသွားကြ"

သူ၏ အသံသည် တစ်လောကလုံးကို ပဲ့တင်ထပ်လျက်ရှိနေပြီး အားလုံးသောသူတို့သည် ရှင်းရှင်းလင်းလင်း နှင့် ကြားနေရသည်။

ဆွစ် ဆွစ်

လူများသည် အဓိကမြို့အသီးသီးဆီမှ ပျံသန်းထွက်ခွာလာကြပြီး ရွက်သင်္ဘောဆီသို့ စီစီရီရီနှင့် တက်လျက်ရှိ၏။

"အမေ ထွက်သွားတော့မလို့လား"

"ကောင်းကင်ကြီးက ပြိုကျလုမတတ်ဖြစ်နေပြီ။ မထွက်သွားရင် သေမှာပေါ့"

"ဒါပေမဲ့ ဒါ ကျုပ်တို့ရဲ့ အိမ်လေ။ ဘယ်လိုဖြစ်ပြီးတော့ တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ ထွက်သွား ရမှာလဲ"

ကလေးငယ်၏ စကားသည် လူငယ်လူရွယ်များကို တိတ်ဆိတ်ငြိမ်သက်သွားစေ၏။ သူတို့အနေဖြင်လည်း ဤနေရာမှ မထွက်ခွာသွားချင်ပေ။ သို့ပေမဲ့ အခြားနည်းလမ်းလည်း မရှိချေ။ အနှိုင်းမဲ့ ကျွင်းချောင်ရှောင်း ရောက်လာမှသာလျှင် ကူညီနိုင်စွမ်း ရှိပေလိမ့်မည်။

မဟာမိတ်သိုင်းအဖွဲ့သည် အမှန်ပင် လုပ်ရည်ကိုင်ရည် ရှိလှ၏။ နေ့ဝက်အတွင်းမှာပဲ သောင်းနှင့်ချီသော ရွက်သင်္ဘောများသည် ကောင်းကင်ယံတွင် စုဝေးလျက် ရှိနေကြ၏။ အဓိကဂိုဏ်းအသီးသီးများအနေဖြင့် အထုပ်အပိုးများကို စုစည်းကာဖြင့် ထွက်ခွာရန် ပြင်ဆင်ပြီးသား ဖြစ်နေကြ၏။

"အစ်ကိုဖန်း"

အရှေ့တောင်၏ အဓိကမြို့အတွင်းမှာတော့ လူတစ်ယောက်က ပြောလိုက်သည်။ "သွားကြရအောင်"

"ကျုပ်မသွားဘူး"

အစ်ကိုဖန်းဆိုသောသူသည် အဖွဲ့ကို နောက်ကျောပေးထား၏။ ၎င်းသည် သံမဏိကဲ့သို့ မာကျောလှသော စိတ်ဓာတ်ကို ထုတ်ဖော်ပြသလျက် ရှိနေ၏။ "ကျုပ် ဂိုဏ်းချုပ်ကျွင်းပြန်လာတဲ့အထိ ဒီမှာစောင့်ချင်တယ်"

"အစ်ကိုကြီး … ကျုပ်တို့အိမ်က မရှိတော့ဘူး။ ပျက်စီးတော့မယ်"

"ခင်ဗျား .. သူတို့နဲ့ လိုက်သွားတော့"

ထိုသူသည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်သည်။ "ကျုပ် ဂိုဏ်းချုပ်ကျွင်းကို စောင့်မယ်။ ဘာလို့လဲဆိုတော့ ဒါကျုပ်တို့ရဲ့ သဘောတူညီမှုမို့လို့ပဲ"

သူ၏အဖော်သည် စိတ်ဓာတ်ကျသွားမိ၏။

"ဂိုဏ်းချုပ်ကျွင်းက အင်မော်တယ်တစ်ယောက် ဖြစ်နေပြီလေ။ ဘယ်လိုဖြစ်ပြီးတော့ ကျုပ်တို့ကို သတိရတော့မှာလဲ။ ပြီးတော့ လူသေသွားရင် သဘောတူညီမှုဆိုတာ ဘာလုပ်လို့ရမှာလဲ"

"မဟုတ်ဘူး "

ထိုသူသည် လေးနက်စွာ ပြောလိုက်သည်။ "ကျုပ်ကို သေချာပေါက် သတိရနေလိမ့်မယ်"

ဝှစ် ဝှစ် …..

ရုတ်တရက် လေပြင်းများ တိုက်ခိုက်လာခဲ့ပြီး ဆန်းကြယ်လှသည့် အော်ရာများသည်လည်း စိမ့်ထွက်လာခဲ့၏။

ယွမ်ဟယ်နှင့် တစ်ခြားသောသူများ၏ အမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။ ၎င်းတို့သည် အလောတကြီးဖြင့် အပေါ်သို့မော့၍ ကြည့်လိုက်သည့် အချိန်မှာတော့ ကောင်းကင်ပေါ်တွင် ကြီးမားလှသော သံမဏိရွက်သင်္ဘောကြီး တစ်စင်း ပေါ်လာကြောင်း မြင်လိုက်ရ၏။ ထိုရွက်သင်္ဘောကြီး သည် ကောင်းကင်ပေါ်တွင် လွင့်မျောလျက်ရှိနေပြီး ကြီးမားလှသော စာလုံးကြီးသုံးခုက သင်္ဘော၏ ကိုယ်ထည်ပေါ်တွင် ထင်ထင်ရှာရှား ရှိလို့နေသည်။ `ထာဝရ´

"ကိုယ့်လူတို့ ကျုပ်ပြန်လာပြီ။ လက်ခုပ်တီးကျလေ"

ကောင်းကင်ယံတွင်တော့ ရယ်ရွှင်ဖွယ်ကောင်းလှသော အသံတစ်ခုက ထွက်ပေါ်လာ၏။

အားလုံးသောသူတို့သည် ပျော်ရွှင်ဖွယ် အော်ဟစ်လိုက်ကြသည်။ "ဂိုဏ်းချုပ်ကျွင်း "

ခလွမ် ခလွမ်

ထိုအချိန်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကြမ်းတမ်းလွန်းလှသော တည်နေရာ လှုပ်ရှားမှုဒဏ်ကို မည်သို့မျှ မခံနိုင်တော့ချေ။ ထို့ကြောင့် တည်နေရာ အက်ကွဲမှုသည် ပိုမိုကာ မြန်ဆန်လာ၏။

ထိုအချိန်မှာတော့ ချက်ချင်းပဲ ရေတွေကြီး၊ မီးတောင်များသည် ပြိုကျလျက် ရှိနေ၏။ လောကကြီးတစ်ခုလုံး အဆုံးသတ်သွားတော့မည့်သကဲ့သို့ပင်။

ယွမ်ဟယ်သည် သူ၏ဦးခေါင်းကို ဆုပ်ကိုင်ကာဖြင့် စိတ်ဓာတ်တကျ ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း ဟိတ်ကြီးဟန်ကြီးနဲ့ ရောက်လာတာ ကောင်းပါတယ်။ ဒါပေမဲ့ ကြယ်ကြွေကုန်းမြေ တိုက်ကြီးရဲ့ ပျက်စီးမှုက ပိုမြန်သွားတာပဲ"

All Chapters