← Chapters

အကြွေးရှင်းခြင်း

Vol. 129 Ch. 1795

အကြွေးရှင်းခြင်း

Vol. 129 Ch. 1795

ယွမ်ယွမ်သည် အမှောင်ဖုံးတော့မည်ဟု ခံစားရချိန်တွင် ထိုခံစားချက်မှာ ရုတ်တရက် ပျောက်သွားသည်။ သူ သတိပြန်ဝင်လာချိန်၌ ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ အမည်းလေး၏ မျက်လုံးကိုအုပ်လိုက်သည်ကို မြင်လိုက်ရ ၏။

“အမည်းလေး မင်း စကားနားမထောင်ဘူးဆိုရင် ငါမလိုချင်တော့ဘူးနော်” သူမသည် တိုးညင်းစွာပြောလိုက်ရာ အမည်းလေး၏ ကြမ်းတမ်းသောရောင်ဝါ ရုတ်တရက် အေးသွားပြီး တုံးအသောအမည်းရောင်ခွေးလေးပုံစံ ပြန်ဖြစ်သွား လေသည်။

အစောပိုင်းက ဖြစ်သွားသောရောင်ဝါမှာ အရင်ကမဖြစ်ခဲ့ဖူးပေ။

ယွမ်ယွမ်သည် သူ၏ခေါင်းကိုကိုင်ကြည့်ရာ ရေအေးနှင့် ချွေးအေးများ ရောထွေးနေသဖြင့် သူ့ကို မသိစိတ်မှပင် အေးစိမ့်သွားစေသည်။

မိုကျိသည် အမည်းလေးကို စူးစမ်းသောမျက်လုံးများဖြင့် ကြည့်လိုက်၏။

ရှီမာယူယူသည် ထိုနှစ်ယောက်၏ သံသယနှင့် ထိတ်လန့်မှုများကို လျစ်လျူရှုပြီး ပြုံးလိုက်သည် “အင်း… အောက်မှာ ရတနာရှိလို့ပဲဖြစ်မယ် ကျွန်မခွေးကလေးက အနံ့ခံကောင်းတယ် အဲဒါကြောင့် ပြေးလာတာ အဟွတ် စိတ်မပူပါနဲ့ ရှင်တို့ကို ဓားပြမတိုက်ပါဘူး”

ယွမ်ယွမ်သည် ငေးရင်း ခေါင်းညိတ်လေသည် “ဒီပစ္စည်းက ငါတို့မျိုးနွယ် အတွက်လိုနေပြီး လျောင်ချန်မြို့ကိုလာတဲ့ရည်ရွယ်ချက်ဖြစ်နေလို့ ငါ လက်လျော့နိုင်ဘူး”

“အဲဒါက ပြဿနာမဟုတ်ပါဘူး ရှာတွေ့တဲ့လူပိုင်တာပဲလေ” ယွမ်ယွမ် သည် စကားပြောဆိုရသည်မှာ လွယ်ကူသည်ဟု ရှီမာယူယူထင်သည်။ ပြီးနောက် သူသည် အမည်းလေး၏ မျက်လုံးကိုကြည့်ရသည်ကို ကြောက်နေ လားမသိပေ။ “ရေကအေးတယ် ရှင်တို့အရင်ထွက်လာလိုက်မလား”

မိုကျိနှင့် ယွမ်ယွမ်တို့သည် ရေထဲမှထွက်လာကြသည်။ သူတို့နှစ်ယောက် သည် ဝိညာဉ်စွမ်းအင်စုရုံးလိုက်ရာ ခန္ဓာကိုယ်မှ ရေများသည် လျင်မြန်စွာပင် ခြောက်သွားလေသည်။

ရှီမာယူယူသည် အသားခြောက်တစ်တုံးထုတ်ကာ အမည်းလေးကို စနောက်နေပြီး ခရမ်းလေးသည် အိပ်မက်လေးရင်ခွင်ထဲတွင် အိပ်ပျော်နေ၏။ နေရောင်ခြည်များ သူတို့အပေါ်ကျရောက်လာသဖြင့် ထိုမြင်ကွင်းမှာ နွေးထွေး လှသည်။

မိုကျိသည် လျှောက်လာပြီး သာမာန်မရဏာခွေးများနှင့် မတူသော အမည်းလေးကို ကြည့်ပြီးပြောလေသည် “မင်းရဲ့မရဏာသားရဲက တကယ်ကို ထူးခြားတာပဲ”

“ထူးခြားလို့လား ဟုတ်တယ် ဒီအတိုင်း ဖွံ့ဖြိုးတဲ့နေရာတချို့ရှိရုံတင်ပါ” ရှီမာယူယူသည် ရယ်မောပြီးနောက် စကားလမ်းကြောင်းလွှဲလိုက်သည် “ရှင်တို့ ဘာရတနာများ ရှာတွေ့လဲလို့ ကျွန်မအရမ်းသိချင်တယ် ကျွန်မမှန်းတာ မမှား ရင် ဆေးပင်တစ်မျိုးပဲဖြစ်မယ်”

“ဟုတ်တယ် ဆေးပင်ပါ” မိုကျိ ခေါင်းညိတ်သည်။ သူသည် ယွမ်မျိုးနွယ် ကိစ္စကို ထပ်ပြောပြရန် အစီအစဉ်မရှိပေ။

ရှီမာယူယူသည် ပြုံးပြီး အမည်းလေးနှင့် ဆက်ကစားနေသည်။

ယွမ်ယွမ် ရောက်လာပြီး မေးလေသည် “မင်းက ဒီကိုဘာလို့လာတာလဲ”

“ဒီမှာဆေးပင်တွေ အများကြီး ရှိတယ်လို့ကြားလို့ ရှားပါးဆေးပင်တွေ ဘာတွေတွေ့မလားလို့ ကံစမ်းချင်လို့” ရှီမာယူယူ ရှင်းပြလိုက်သည် “ဒါပေမဲ့ ဒီလောက်အကြာကြီးရှာပြီးတာတောင် ဘယ်ရှားပါးဆေးပင်မှမတွေ့ဘူး”

“ဟားဟား ဒီမှာဘာဆေးပင်မှ အများကြီးမရှိဘူး” သူမ ပြောသည့်စကား ကိုကြားသည်နှင့် မိုကျိနှင့် ယွမ်ယွမ်တို့ နှစ်ယောက်လုံးရယ်မောလိုက်ကြသည်။ “ဒီနေရာက လူအရောက်အပေါက်နည်းပေမဲ့ ဆေးပင်တွေ ပေါက်ဖို့လည်း သင့်တော်တဲ့နေရာမဟုတ်ဘူး ပြီးတော့ ဝိညာဉ်သားရဲကများသေးတယ် လူနည်းစုပဲ အသက်ရှင်နိုင်မယ်”

“အဲလိုလား အဲဒါကြောင့် ဘာလို့များဆေးပင်တွေ မတွေ့ပါလိမ့်လို့ ထင် နေတာ” ရှီမာယူယူ ရုတ်တရက် နားလည်သွားသည်။ သည်လိုဆိုလျှင် သူမ သည် ဤနေရာတွင် ဆက်နေရန်မလိုတော့ပေ။

“ငါတို့ရှာနေတာကို တွေ့ပြီဆိုတော့ ပြန်သွားမလို့လုပ်နေတာ ငါတို့နဲ့ အတူလိုက်မလား” ယွမ်ယွမ် မေးလိုက်သည်။

“ဟင်” ရှီမာယူယူသည် သူ့ကိုကြည့်လိုက်သည်။ သူက သူတို့နဲ့လိုက်ဖို့ကို သူမကိုဖိတ်လိုက်တာလား။

သူမ အံ့ဩသွားသည်ကိုမြင်သောအခါ ယွမ်ယွမ်သည် အနည်းငယ် မသက်မသာဖြစ်သွားကာ ရှင်းပြလေသည် “ဒီမှာအရမ်းအန္တရာယ်များတယ် အကုန်လုံးအတူစုနေတာကောင်းတယ် ငါအဲလိုတွေးလို့ပါ”

မိုကျိသည် ရှုံ့မဲ့စွာဖြင့် သူ့နဖူးကို ကုတ်လိုက်သည်။ ဖြေရှင်းချက်ပေးတာ က ကာကွယ်လိုက်တာပဲလေ။ မင်း သိရဲ့လား။

အစတော့ ရှီမာယူယူ ငြင်းဆန်လိမ့်မည်ဟု သူတို့ထင်ထားကြသည်။ သို့သော် သူမသည် ခေတ္တမျှစဉ်းစားပြီးနောက် သဘောတူလိုက်သည်။

ဘယ်လိုပဲဖြစ်ဖြစ် သွားမလို့ဟန်ပြင်နေတာပဲလေ။

အရင်က သူမ သူတို့နှစ်ယောက်ကို ရှောင်ခဲ့သည်မှာ သူမ ခံစားချက် မကောင်းခဲ့သလို တခြားသူများနှင့် ပတ်သက်လိုစိတ်မရှိခြင်းကြောင့်ဖြစ်သည်။ အခု အိပ်မက်လေးလည်း နိုးလာရာ သူမ များစွာစိတ်သက်သာသွားသဖြင့် သူတို့ ကို အတိုက်အခံမလုပ်တော့ခြင်းဖြစ်သည်။

“ရှင်တို့လည်း ပြန်မှာဆိုတော့ အတူသွားကြတာပေါ့ လမ်းမှာ မရဏာ သားရဲတွေနဲ့တွေ့ရင်လည်း ရှင်တို့ကိုအားကိုးပြီး မလိုဘဲမတိုက်ခိုက်ရတော့တာ ပေါ့” သူမ ပြုံးပြီးပြောလိုက်သည်။

သူမ တောင်ကြားတွင် တစ်လကြာအောင် အချိန်ကုန်ဆုံးပြီးနောက် ဤနေရာတွင် အားကောင်းသော မရဏာသားရဲများစွာရှိသည်ကို သိခဲ့ရသည်။ ထိုလူနှစ်ယောက်သည် ကိုယ်ရံတော်များမပါဘဲနှင့် အတွင်းအနက်ပိုင်းထဲထိ ဝင်လာရဲသည်မှာ နှစ်ယောက်တည်းနှင့် အကုန်သတ်နိုင်သည်ကို ရည်ညွှန်းနေ သည်။

သို့သော် ထိုအရာကပင် သူမကို ပိုသိချင်သည်မှာ မိုကျိ သူမအပေါ် စိတ်ဝင်စားသည်မှာ ထူးဆန်းသည်ဟုထင်မိခြင်းဖြစ်သည်။

အဲဒါက… သူက သူမကိုအရင်ကတည်းက သိနေသလိုမျိုးပဲ။

“အဲလိုမျိုးဆုံးဖြတ်ပြီးပြီဆိုမှတော့ ပြန်ကြတာပေါ့” ယွမ်ယွမ်သည် ရှီမာယူယူကို ကြည့်ပြီး ပြုံးကာ ပြောလေသည်။

သူတို့အဖွဲ့သည် တောင်ကြားမှလျှောက်ထွက်လာခဲ့လိုက်သည်။ လမ်းတွင် ရှီမာယူယူသည် ယွမ်ယွမ်ထံမှ ယွိတိုင်းပြည်ကြီးအကြောင်းကို များစွာသိခဲ့သည်။ ပြီးနောက် ယွိတိုင်းပြည်အတွင်းမှ ယွမ်မျိုးနွယ်နှင့် လျောင် ပြည်နယ်တို့၏ ရာထူးအဆင့်ကိုလည်း သိခဲ့ရသည်။

မုရုန်ဟွေ့သည် မင်းသား၏ တန်ဖိုးထားခြင်းကိုခံရသော်လည်း လျောင် ပြည်နယ်၏ လက်ရှိအရင်းအမြစ်လိုအပ်နေသည့် အခြေအနေမှာ မပြောင်းလဲ သည်မှာလည်း အမှန်ပင်။

မင်းသားသည် မုရုန်ဟွေ့ကို တခြားနေရာများ၏ နယ်စားအဖြစ် ခန့်အပ် ချင်သော်လည်း မုရုန်ဟွေ့မှ ငြင်းဆန်ခဲ့သည်။ အကြောင်းအရင်းကိုတော့ အပြင်လူများ မသိကြပေ။

ယွိတိုင်းပြည်တွင် ပြည်နယ်တစ်ရာကျော်ရှိကာ လျောင်ပြည်နယ်သည် အားလုံးထဲတွင် အဆင့်အနိမ့်ဆုံးဖြစ်သည်။ သည်တစ်ကြိမ်တွင် မုရုန်ဟွေ့သည် သူ၏အားအင်ကိုသုံးကာ လျောင်ပြည်နယ်၏ အဆင့်ကိုတိုးအောင် လုပ်မည်။

“ရှီအာ ငါ မင်းကိုအရင်ကတွေ့ဖူးတယ် လူတစ်ယောက် မှတ်ဉာဏ်တွေ ပျောက်သွားပြီးတော့ ဒီလောက်ကြီး ပြောင်းလဲသွားမယ်လို့ ထင်မထားဘူး အရင်က မင်းလိုပုံစံသာဆိုရင် ငါ တကယ်ပဲ မင်းနဲ့မပတ်သက်ရဲဘူး” ယွမ်ယွမ် ပြောလာသည်။

“ကျွန်မက ချန်လှပ်ထားလို့ပါ” ရှီမာယူယူသည် မိုကျိကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

“ဒါပေမဲ့ မင်းကအကျင့်ပြောင်းသွားပြီးတော့ ပြောရဆိုရ ပိုလွယ်သွား တယ်လို့ထင်တယ် နောက်ဆိုရင် မင်း ယွမ်မျိုးနွယ်ကလုပ်ငန်းတွေကိုလည်း ဝင်လို့ရပါတယ်” ယွမ်ယွမ်သည် ထိုစကားပြောရာတွင် အနည်းငယ် ရှက်ရွံ့နေ သည်။

“ဟုတ်ပါပြီ နောက်နေ့မှ ရှင်တို့လက်ဖက်ရည်ဆိုင်လာပါ့မယ်” ရှီမာယူယူ ပြန်ဖြေလိုက်၏။

“ဟုတ်ပြီ ဒါဆိုရင် နောက်ရက်ကျရင် ငါ မင်းကို လက်ဖက်ရည်ဆိုင်ကို ဖိတ်လိုက်မယ်” ယွမ်ယွမ်သည် ပြုံးပြီးပြောလိုက်သည် “ငါတို့လက်ဖက်ရည် ဆိုင်က လက်ဖက်ရည်က မိုကျိရဲ့ဘိုးဘေးကြီးတောင် ချီးကျိူးရတယ်”

“မိုကျိရဲ့ဘိုးဘေးကြီးဟုတ်လား”

“ဟုတ်တယ် လျှို့ဝှက်ဆန်းကြယ်တဲ့သခင်မိုယွိလေ”

“အဟွတ် မိုကျိရဲ့ ဘိုးဘေးကြီးက သခင်… မိုယွိလား” ရှီမာယူယူသည် မိုကျိအား အလန့်တကြားကြည့်လေသည်။

သို့သော် သူမ၏ ထိတ်လန့်မှုမှာ မိုကျိ၏ သရုပ်မှန်ကြောင့်မဟုတ်ဘဲ သူနှင့် မိုယွိတို့၏ ဆက်ဆံရေးကြောင့်ဖြစ်သည်ကို ယွမ်ယွမ်နားလည်သည်။

“ဟုတ်တယ် သခင်မိုယွိက ငါ့ဘိုးဘေးကြီးပဲ” မိုကျိသည် ရှီမာယူယူကို ပြုံးပြလေသည်။ သူမသာ ထိုလေးနက်သောအပြုံး၏ အဓိပ္ပာယ်ကို နားလည် နိုင်မည်။

“ရှင်က သခင်မိုယွိရဲ့ ဆက်ခံသူဆိုတော့ ရှင့်ရဲ့ဘိုးဘေးကြီးကရော” ရှီမာယူယူ မေးလိုက်သည်။ အဲလူက ဒီနားလေးမှာ လပ်လျားလပ်လျားလုပ်နေ မှာတော့ မဟုတ်ဘူးမလား။

“ဘိုးဘေးကြီးကတော့ လှည့်ပတ်သွားနေတာပဲ ငါက သူ့ရဲ့ဂျူနီယာ သက်သက်ပဲ‌လေ သူဘယ်မှာလဲဆိုတာ ငါမသိဘူး” မိုကျိ ပြောလေသည်။

ရှီမာယူယူသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ အဲလူ ဒီမှာတော့ မရှိဘူးပဲ။ ထို့နောက် သူမ တစ်စုံတစ်ရာကို နားလည်သွားသည်။ သူမ သည် မိုကျိအား မျက်လုံးဖြင့်ကြည့်ပြီး အကြည့်နှင့်မေးခွန်းထုတ်လေသည်။

…. သူက လွှတ်လိုက်တာလို့တော့ ကျွန်မကိုလာမပြောနဲ့နော်။

မိုကျိ မျက်ခုံးပင့်လိုက်သည်။

…. မင်းမှန်းတာမှန်တယ်။

ရှီမာယူယူသည် နဖူးကို ကိုင်လိုက်မိသည်။ ဒီလူကတော့… တကယ်ပဲ သူမကို ဆွံ့အအောင်လုပ်တယ်။

သူသည် သူမနောက်လိုက်ရန် လူလွှတ်လိုက်မည်ဟု ပြောခဲ့သည်။ ပြီးနောက် သူ၏မျိုးဆက်ကို သူမဆီသို့ ချဉ်းကပ်ခိုင်းခဲ့သည်။ နောင်တစ်ချိန် တခြားသူများ သိသွားလျှင်လည်း သူ သူမနှင့်တွေ့ရသည်မှာ ယွမ်ယွမ်မှ သူ့ကို လျောင်ပြည်နယ်ကို ဖိတ်ကြားထားခြင်းဖြစ်သဖြင့် တခြားသူများ၏ သံသယမှ ကင်းစေသည်။

“ရှီအာ သူ့ကို ဘာလို့အဲလိုကြည့်နေတာလဲ” ယွမ်ယွမ်သည် ရှီမာယူယူ မိုကျိကို အာရုံစိုက်နေသည်ကို မပျော်သဖြင့် မေးလိုက်သည်။

“အဟမ်း.. သခင်မိုယွိရဲ့ လူငယ်မျိုးဆက်ကို ပထမဆုံးအကြိမ်တွေ့ဖူးလို့ ထူးဆန်းနေလို့ပါ” ရှီမာယူယူ ပြုံးလိုက်သည်။

သူမသည် မိုကျိကို ကြည့်ပြီး အကြည့်ပြန်မရုတ်သိမ်းခင်တွင် ခြိမ်းခြောက် လိုက်သေးသည်။

သူမသာ သူ၏ သရုပ်မှန်ကို အစကပင် သိထားပါက သူ ဟန်ဆောင်ပြီး စနောက်လျှင်တောင် စိတ်ပူရမည်မဟုတ်ပေ။ ထို့ကြောင့် ဤအကြွေးကို နောက်မှပင် သူနှင့်ရှင်းရမည်။

***

All Chapters