← Chapters

အခန်း ၁၇၂၃

Vol. 116 Ch. 1723

အခန်း ၁၇၂၃

Vol. 116 Ch. 1723

အပိုင်း (၁၇၂၃)

ကြယ်တာရာစိတ်ဝိညာဉ်လောကဆီမှ ခရီးထွက်လာခဲ့ပြီးသည့်နောက် အဖြူရောင်ဆံပင်နှင့်လူသည် ခက်ခဲမှုများ အားလုံးကို ကျော်ဖြတ်ခဲ့ရသည့်အပြင် ကျွင်းချောင်ရှောင်းရှာဖွေရန် တစ်နှစ်နီးပါး အချိန်ကုန်ခဲ့ရ၏။

ကျွင်းချောင်ရှောင်း၏ အရှေ့သို့ ရောက်သည့်အချိန်မှာတော့ မာန်ပါလှသည့် ကြွေးကြော်မှု တစ်ခုကိုပင် ပြုလုပ်ခဲ့၏။ အမှန်ပင် ကောင်းမွန်လှသည့် မြင်ကွင်းပင်။ သို့ပေမဲ့ သူ့နေနှင့်စကားတစ်ခွန်းကိုပင် ပြီးဆုံးအောင်ပင် မပြောလိုက်ရချေ။ ပြောခွင့်လည်းမရခဲ့ပေ။

အဖြူရောင်ဆံပင်နှင့်လူသည် ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ပထမရေတပ်ဦးစီးချုပ်ထက် ပိုမိုကာ အားကောင်းလွန်း၏။ ထိုအရာသည် သံသယရှိစရာမလိုပေ။

အဘယ့်ကြောင့်ဆိုသော် တစ်ဖက်လူ အမိန့်ပေးနိုင်စွမ်းရှိသောများသည် ပိုမိုကာအားကောင်းပြီး ခေါ်ဆောင် လာခဲ့သည့် ရွက်သင်္ဘောများ သည်လည်း သာမာန်မဟုတ်သောကြောင့်ပင်။ သို့ပေမဲ့ မည်မျှအားကောင်းသည် ဆိုဆို သေဆုံးခြင်းမှ မလွတ်မြောက်နိုင်ခဲ့ချေ။

လူတချို့က ကုန်းရှန့်အနေနှင့် အဘယ့်ကြောင့် ဤမျှအားကောင်းခဲ့သည်ကို မေးမြန်းစရာရှိ၏။ သူသည် ဓားတစ်ချက်တည်းနှင့် လူပေါင်းတစ်သိန်းကျော်တို့ကို သတ်ဖြတ်ခဲ့ပြီး ရွက်သင်္ဘာ တစ်ဒါဇင်ကျော် တို့ကိုလည်း ဖျက်ဆီးခဲ့၏။ ကုထျန်းရှင်းပင်လျှင် ထိုအရာကို ပြုလုပ်နိုင်လိမ့်မည် မဟုတ်ချေ။

အလွန်ရိုးရှင်း လှသည်။ သူသည် သူ၏ အမှတ်သုံးခုကို ဗလာဖြစ်အောင်ပြုလုပ် အသုံးပြုခဲ့ရသောကြောင့်ပင်။ တစ်နှစ်ကျော်အတွင်း ကျွင်းချောင်ရှောင်းသည် စတိုးထဲမှ ပစ္စည်များကို ရှားရှားပါးပါးသာ ဝယ်ယူခဲ့၏။ ထို့ကြောင့် အမှတ်သုံးခုသည် အလွန်များပြားသည့် အရေအတွက်အဖြစ် တည်ရှိနေ၏။ ဂိုဏ်းစုဆောင်းမှတ် များဆိုလျှင် တောင်လိုပုံလျက်ပင်။

ထားလိုက်ပါတော့။ အသုံးပြုပြီးပြီဆိုမှတော့ ရင်နာအောင်တွေးတောမနေခြင်းက ပိုမိုကောင်းမွန်လိမ့်မည်။ အမှတ်များပြားခြင်းကြောင့် စနစ်မှ ထုတ်ဖော်ပေးနိုင်သည့် စွမ်းအင်ကလည်း ပိုမိုကာများပြားခဲ့၏။ ထို့ကြောင့်ပင်လျှင် တစ်ခါတည်း အားလုံးသော သူတို့ကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ကုထျန်းရှင်းသည် သူ၏ ပုဆိန်ကြီးကို တစ်ခုပြီးတစ်ခု ခုတ်ပိုင်းကာဖြင့် ရွက်သင်္ဘောများကို ဖျက်ဆီးခဲ့၏။ အမှတ်သုံးခုကို အပြောင်းရှင်းပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ဓားတစ်ချက်တည်းကိုသာ အသုံးပြု၍ အားလုံးသောသူများကို သတ်ဖြတ်ခဲ့၏။

ဟုတ်ပေ၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီး ဖျက်ဆီးခံရပြီးသည့်နောက် သူသည် အစွမ်းထက်သည့် တိုက်ကွက်ကြီးကို ထုတ်ဖော်ရန် မနှောင့်နှေးတော့ချေ။ မဟုတ်ပါက နောင်တစ်ချိန်တွင် ပြန်လည်ကာ တိုက်ခိုက်နေရပေဦးမည်။

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် မရှိသည့်အချိန်မျိုးတွင် ပြောင်ပြောင်စပ်စပ်နှင့် ပျော်ပျော်ရွှင်ရွှင် နေတတ်သည့် လူတစ်ယောက်ဖြစ်သည်ဆိုသော်လည်း ဤကဲ့သို့သော အရေးအကြောင်း အချိန်မျိုးမှာတော့ ကြောက်မက်ဖွယ်ရာကောင်းလောက်အောင်လေးနက်လျက်ရှိ၏။

..........

“ယောက်ျား”

နှင်းဆီဧကရီက မေးမြန်းလိုက်သည်။ “ရှင် အဆင်ပြေရဲ့လား”

ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် မီးတောက်မီးလျှံများ၏ ဝါးမြိုခြင်းကိုခံရပြီး ပြာအတိ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီးပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့၏။ သူ၏ အမူအရာသည် တင်းမာခတ်ထန်လျက်ရှိနေပြီး အားလုံးသောသူများကို စိုးရွံ့ထိတ်လန့်စေ၏။

ဟုတ်ပေသည်။ ဤအရာသည် ပြင်ပမှသက်ရောက်မှုများကြောင့် ဖြစ်တည်လာခဲ့သည့် အရာမျိုးမဟုတ်ပေ။ နှလုံးသားထဲတွင် ရှိနေသော ဒေါသတရားများ ပျောက်ကွယ်မသွားသေးသောကြောင့်ဖြစ်သည်။

“ကြယ်တာရာစိတ်ဝိညာဉ်လောက”

ကျွင်းချောင်ရှောင်းသည် အံကိုကြိတ်ကာဖြင့် ကြိမ်းဝါးလိုက်၏။ “ကျုပ် ကျွင်းချောင်ရှောင်းက ခင်ဗျားတို့ကို ကျိန်းသေပေါက် ဖျက်ဆီးပစ်မယ်”

သတ်ဖြတ်လိုခြင်း ဆန္ဒများနှင့် ဒေါသတရားများသည် ထာဝရ ရွက်သင်္ဘောများ၏ ပဲ့ခန်းထဲတွင် ဖြစ်တည်လာခဲ့သည်။

နှင်းဆီဧကရီ (ဟွာမင်ကွေ့) ပင်လျှင် ထိုကဲ့သို့သော ကြိမ်းဝါးမှုမျိုးကို ကြားရှိသည့်အချိန်မှာတော့ ကြက်သီးထမိ၏။

............

ထာဝရလောကကြီး

လီချင်းယန်၊ မြို့တော်ဝန်ရှဲ့၊ မြို့တော်ဝန်အိုက် နှင့် တခြားသောသူများသည် လမ်းပေါ်တွင် လှမ်းလျှောက်လျက် ရှိနေကြသည်။

၎င်းတို့၏ မျက်လုံးများတွင်ရှိနေသော အံ့အားသင့်မှုများသည် မပျောက်ကွယ်သေးချေ။ ဤတည်နေရာသို့ ရောက်ရှိလာခဲ့သည်မှာ နှစ်ရက်တာကြာမြင့်ခဲ့ပြီ ဖြစ်သောကြောင့် ဂြိုလ်အသစ်ကြီးနှင့် အသားကျလျက် ရှိနေ၏။ သို့ပေမဲ့ အချိန်တိုင်းလိုလိုပဲ ကောင်းကင်နှင့် မြေကြီး၏ အားကောင်းလွန်းလှသည့် ဓာတ်သဘာဝ များကို ခံစားနေရသည့်အချိန်မှာတော့ အံ့ချီးနဘမ်း ဖြစ်လို့နေမိ၏။

“မယုံကြည်နိုင်ဘူး”

ယွမ်ဟယ်သည် မြို့၏ ဂိတ်တံခါးတွင် မတ်တပ်ရပ်လျက်ရှိ၏။ သူ၏ လက်များသည် တဆတ်ဆတ်နှင့်တုန်ယင်နေသည်။

“ဒီမှာရှိတဲ့ ကောင်းကင်နယ်မြေကြီးရဲ့ဓာတ်သဘာဝတွေက အရမ်းကို အားကောင်းတယ်လေ။ ဒီမှာပဲ ထာဝရ နေထိုင်ကြရအောင်” ကျွင်းချောင်ရှောင်းသည် ပြောလိုက်၏။

သို့ပေမဲ့ သူ၏အမူအရာသည် တစ်ချက်ကလေးမျှ ပြောင်းလဲခြင်း မရှိချေ။ တင်းမာခက်ထန်လျက် ရှိနေတုန်းပင်။ သူ့အနေနှင့် ထိုအချင်းအရာ ပျောက်ကွယ်သွားဖို့အတွက် အချိန်တော်ကြာ လိုအပ်ပေလိမ့်ဦးမည်။

တကယ်တမ်းမှာတော့ ထိုကဲ့သို့ မျက်နှာပေးနှင့် နေထိုင်ပြောဆိုတတ်မှုသည် ပိုမိုကာကောင်းမွန်၏။ အနည်းဆုံး ဂိုဏ်းချုပ်တစ်ယောက်၏ ဟန်ပန်မျိုးနှင့် ပိုမိုကာဆင်တူ၏။

အရိုးသားဆုံးပြောရမည်ဆိုလျှင် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိနေသော သက်ရှိများအားလုံးသည် ၎င်းတို့၏အိမ် ဆုံးရှုံးလိုက်ရသည် ဆိုသော်လည်း ကြီးမားသည့်အခွင့်အလမ်းနှင့် အခွင့်အရေးများ တည်ရှိနေသည့် တည်နေရာကြီးကို ရွှေ့ပြောင်းနေထိုင်ခဲ့ရ၏။

သူတို့သည် ရွှမ်ယွမ်နယ်မြေကြီးတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးသည့်နောက် သိုင်းအင်ပါယာအဆင့်သို့ ချိုးဖျက်ရောက်ရှိဖို့မပြောနှင့်။ အစစ်အမှန်ရှာဖွေခြင်းအဆင့်ကို ချိုးဖျက်နိုင်ရန်ပင် လွယ်ကူပေလိမ့်မည်။

ထိုတင်မဟုတ်သေးပေ။ သူတို့အနေနှင့် ဤတည်နေရာဆီသို့ရောက်ရှိလာတာ နှစ်ရက်သာ ကြာမြင့်သေး၏။ အင်ပါယာကိုးယောက်တို့သည် တည်နေရာချိုးဖျက်ခြင်းအထက်အဆင့်သို့ ချိုးဖျက်ရောက်ရှိနိုင်ခဲ့ပြီဖြစ်သည်။

ထို့အတူ ကျင့်ကြံခြင်းအဆင့်မြင့်မားသူ၊ ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသူ မည်သူမဆိုတို့သည် တစ်ယောက်ပြီး တစ်ယောက် အဆင့်တက်လျက်ရှိနေသေး၏။ မည်သည့်သိုင်းကျင့်ကြံခြင်းကိုမှ ပြုလုပ်ခြင်း မရှိသော အဒေါ်ဝမ်ပင်လျှင် ဤနေရာတွင်ရှိနေသည့် စိတ်ဝိညာဉ်စွမ်းအင်များကို အသက်ရှုသွင်း၊ ရှုထုတ် ပြုလုပ်နေရင်းဖြင့် သိုင်းဘုရင်အဆင့်ကို ချိုးဖျက်ရောက်ရှိခဲ့၏။

“ကျုပ်အဆင့် ချိုးဖျက်ခဲ့ပြီ”

“ဟား ဟား ကျုပ်အဆင့် ချိုးဖျက်ခဲ့ပြီ”

စိတ်လှုပ်ရှားစွာဖြင့်‌ အော်ဟစ်သည့်အသံများသည် တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအရာသည် ၎င်းတို့ ဂြိုလ်ကြီးတစ်ခုလုံး ပျက်ဆီးသွားခဲ့သည့်အတွက် ဝမ်းနည်းမှုများကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

အချက်အလက် အားဖြင့် ရွှမ်ယွမ်ကုန်းမြေတိုက်ကြီးတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် သတ္တဝါတိုင်း၊ သတ္တဝါတိုင်း အဆင့်အလိုက် စုပ်ယူနိုင်စွမ်းရှိအောင် ကျွင်းချောင်ရှောင်းက ဖန်တီးပေးထား၏။ မဟုတ်ပါက မလုံလောက်သည့် ကျင့်ကြံခြင်းအဆင့်ဖြင့် စိတ်ဝိညာဉ်စွမ်းအများအပြားကို စုပ်ယူလိုက်မည်ဆိုပါက တစ်ခါတည်း ပေါက်ကွဲပြီး သေဆုံးသွားနိုင်သည် မဟုတ်ပါလား။

စနစ်သည် သက်ပြင်းချလိုက်၏။ “လက်ခံသူအနေနှင့် ဒီလိုမျိုးဦးနှောက်မျိုးရှိနေတာပဲ။ အနာဂတ်မှာ စနစ်တစ်ခုကို ဖန်းတီးနိုင်မယ်ဆိုရင်တော့ ငါအံ့အားသင့်မိမှာမဟုတ်ဘူး”

“ဂိုဏ်းချုပ်ကျွင်း”

ယွမ်ဟယ်သည် သူ၏ လက်သီးကို ဆုပ်ကာဖြင့် လေးလေးနက်နက်ပြောလိုက်သည်။ “ဒါတကယ့်ကို ကြီးမားတဲ့ ကြင်နာမှုပါပဲ”

ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဆုံးရှုံးပြီးသည့်နောက် ပိုမိုကောင်းမွန်သည့် ဂြိုလ်တစ်ခုကို ရရှိခဲ့သည် ဆိုခြင်းမှာ ကောင်းချီးမင်္ဂလာပင်။

“ထာဝရလောကကြီး ပြီးမြောက်စေဖို့ လုပ်ရမယ့်အရာတွေ အများကြီး ရှိနေသေးတယ်”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတော့ အားလုံးအနေနဲ့ အတူတူတည်ဆောက်သွားကြဖို့ ကျုပ်ပြောချင်တယ်”

“ပြဿနာမရှိပါဘူး”

...............

ဝှစ်

ထာဝရရွက်သင်္ဘောကြီးသည် လေထုကို ထိုးခွင်းကာဖြင့် အဆုံးမဲ့စကြဝဠာထဲသို့ ပျံသန်းနေ၏။ ကျွင်းချောင်ရှောင်းသည် အထက်နယ်မြေဆီသို့ ချက်ချင်းမပြန်သေးချေ။ အဘယ့်ကြောင့်ဆိုသော် သူ့အနေနှင့် ဝိညာဉ်မျိုးနွယ်ကလန်နှင့် ဂြိုဟ်တိုက်ပွဲနယ်မြေထဲတွင် ရင်းနှီးခဲ့ရသည့် မိတ်ဆွေ အပေါင်းအသင်းများကို ခေါ်ဆောင်ရန် ကျန်ရှိနေသေး၏။

“ဂါရဝပြုပါတယ် ... ဧကရီ”

“ဂါရဝပြုပါတယ်... အတိုင်ပင်ခံ”

ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်ကြီးထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် ကောင်းကင်ယံ၌ ပေါ်လာကြသည်။

ရေတွက်၍ မရအောင်များပြားလှသော ဝိညာဉ်မျိုးနွယ်များသည် ဒူးထောက်ကာ ဂါဝရပြုလျက်ရှိ၏။

“ခင်ဗျားတို့ရဲ့ စိတ်တွေကို လျော့ထား”

ဝှစ် ဝှစ်

ကျွင်းချောင်ရှောင်းသည် လက်ကို အသာယမ်းခါလိုက်ပြီးသည့်နောက် လောကထဲတွင်ရှိနေသည့် သတ္တဝါများ အားလုံးတို့သည် ပျောက်ကွယ်သွားခဲ့၏။ ထိုသူများအားလုံးတို့သည် ထာဝရလောကကြီးဆီသို့ရောက်ရှိ လာကြသည်။

နှင်းဆီဧကရီကပြောလိုက်၏ “ကျေးဇူးပါပဲ”

ကျွင်းချောင်ရှောင်းသည် အသာလှည့်ပြီးသည့်နောက် ထာဝရရွက်သင်္ဘောကြီးဆီသို့ ပျံသန်းသွားခဲ့သည်။ “ခင်ဗျားနှင့် ကျုပ်က လင်မယားတွေလေ။ ဒါမျိုးကို ပြုလုပ်ပေးရမှာ သဘာဝပဲ။ ကျေးဇူးတင်ဖို့ မလိုဘူး”

နှင်းဆီဧကရီသည် တည်နေရာမှာတင် တွေဝေငေးငိုင်စွာဖြင့် ကျန်ရှိခဲ့၏။ ခဏကြာပြီးသည့်နောက် သူမသည် ပြုံးကာပြောလိုက်၏။ “ငါ့ယောကျ်ားက ပြောင်းလဲလာပြီပဲ”

လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းသည် အမှန်ပင်ပြောင်းလဲသွားခဲ့၏။ သူသည် ပြုံးရွှင်စွာ နေတတ်သည့် လူတစ်ယောက်မဟုတ်တော့ချေ။ သူသည် တပည့်များနှင့် ပြောဆိုသည့်နေရာတွင် တကယ့် ဂိုဏ်းချုပ်တစ်ယောက်၏ ဟန်ပန်အမူအယာများကို ထုတ်ဖော်လျက်ရှိ၏။ မျက်နှာသည် တည်တံ့လွန်းလှသည်။

“ဒုတိယစီနီယာအစ်ကို”

စုရှောင်မိုသည်လည်း ထိုအရာကိုသတိပြုမိ၏။ ထို့ကြောင့် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ထမင်းပန်းကန်ကို ကိုင်ဆောင်ကာ ခပ်မြန်မြန် စားနေရင်းမှ စောဒက တက်လိုက်မိ၏။ “ဂိုဏ်းချုပ်က ခုတလော မျက်နှာသေကြီးနဲ့ ဖြစ်နေတယ်။ ကျုပ်အသားမကျဘူး။”

လီချင်းယန်သည် ၎င်းဆွဲယူထားခဲ့သည့် ဒီဇိုင်ပုံကြမ်းများကို အသာချကာဖြင့်ပြောလိုက်သည်။ “ကြယ်ကြွေ ကုန်းမြေတိုက်ကြီး ဖျက်ဆီးခံရမှုက ဂိုဏ်းချုပ်ကို ထိခိုက်ခံစားရစေခဲ့တယ်”

ဒုတိယတပည့်ဖြစ်သည်နှင့်အညီ သူသည် ကျွင်းချောင်ရှောင်း၏ စိတ်ကိုကောင်းကောင်းသိရှိလို့နေ၏။

“အင်း”

စုရှောင်မို ကပြောလိုက်သည်။ “ဂိုဏ်းချုပ်က ချစ်ခင်ရင်းနှီးမှုနှင့် သမာဓိရှိမှုကို ဦးစားပေးတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်တယ်မဟုတ်လား”

“ဒီတော့ ...”

လီချင်းယန် က လေးလေးနက်နက်ပြောလိုက်၏။ “ငါတို့ တပည့်တွေအနေနဲ့ လုပ်ရမှာက ပိုပြီး အားကောင်းလာဖို့ပဲ။ ငါတို့ အသက်တွေကို အသုံးပြုပြီးတော့ ငါတို့အိမ် ။ ငါတို့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ကာကွယ်ပေးရမယ်။ ဒါမှ ဂိုဏ်းချုပ်အနေနဲ့ အနာဂတ်မှာ ဒီလိုစိတ်ဆင်းရဲစရာ မဖြစ်လာမှာ”

“နားလည်ပါပြီ”

စုရှောင်မိုသည် ထမင်းပန်းကန်ကို လက်မှာကိုင်ကာဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။ သူ၏ မျက်လုံးများတွင် စိတ်ဆုံးဖြတ်ချပြီးသော အရိပ်အယောင်များနှင့် တောက်ပလျက်ရှိနေလေသည်။

........

“ဓားတစ်ချက်တည်းနဲ့ စကြဝဠာကို ပိုင်းဖြတ်လိုက်တာ ဘယ်သူများလဲ”

ယုဒြာကုန်မြေတိုက်ကြီး၏ အပြင်ဘက်မှာတော့ …..

တည်နေရာချိုးဖျက်ခြင်းအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ များသည် စုဝေးလျက်ရှိနေကြပြီး ကောင်းကင်ယံတွင် ခပ်ရေးရေးထင်ကျန်လျက်ရှိနေသေးသည့် ကြီးမားလှသည့် ဓားရာကြီးကို ကြည့်ရှု့လျက်ရှိ၏။ ၎င်းတို့၏ နှလုံးသားထဲတွင်ရှိနေသော တုန်လှုပ်မှုများသည် ပိုမိုကာအားကောင်းလာခဲ့၏။ အကွာအဝေးကို သူတို့အနေနှင့်မှန်းဆ၍ မရနိုင်ချေ။ သို့ပေမဲ့ အလွန့် … အလွန် … အလွန်ကို ဝေးကွာသည့် တည်နေရာတွင် ဖြစ်တည်ခဲ့သည့်ပုံပင်။

ကျွမ်းကျင်သူတစ်ယောက်က မျက်မှောင်ကုတ်ကာပြောလိုက်၏။ “ကြည့်ရတာ ဒါက ကြယ်ကြွေကုန်းမြေ တိုက်ကြီးရဲ့တည်နေရာနားမှာပဲ”

“အမှန်ပဲ” အားလုံးသောသူတို့သည် သဘောတူညီလိုက်၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ကြယ်ကောင်းကင်ခံတပ်၏ တည်နေရာကို အစားထိုးဝင်ရောက်ပြီး ကုန်သွယ်ရေးဇုံသစ် အဖြစ် ဖြစ်တည်လာခဲ့ပြီးသည့်နောက် ယုဒြာကုန်းမြေတိုက်မှ လူများသည် ထိုနေရာဆီသို့ ရံဖန်ရံခါဆိုသလို သွားရောက်ကာ ကုန်သွယ်ခြင်းကို ပြုလုပ်တတ်သည်။ ထို့ကြောင့် နေရာကို ခန့်မှန်းနိုင်ခြင်းပင်။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ ကျွမ်းကျင်သူ တစ်ယောက်ယောက်က လုပ်ခဲ့တာလား။”

“ဖြစ်နိုင်တယ်”

“ကျွတ် ကျွတ် ကျွတ်... ဂိုဏ်းချုပ်ကျွင်းနေတဲ့ ဂြိုဟ်ပီသစွာပဲ အဲဂြိုဟ်ထဲမှာ ပုန်းနေတဲ့ နဂါးတွေ၊ ကျားတွေ တည်ရှိနေတာပဲ”

အတိတ်တုန်းကဆိုလျှင် အောက်စကြဝဠာထဲ၌ ကြယ်ကြွေကုန်းမြေတိုက်ကြီးဆိုသည်မှာ သာမန်တည်နေရာ တစ်ခုသာဖြစ်၏။ ၎င်းတည်ရှိသည်ကို အဆင့်မြင့်ဂြိုလ်များက သိရှိသည်ဆိုလျှင်တောင်မှ လေးလေးနက်နက် မရှိလှချေ။

သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ တကယ့်ကို နတ်ဘုံ နတ်နန်းအဖြစ် ထင်မှတ်ခဲ့ကြ၏။ အဘယ့်ကြောင့်ဆိုသော ကျွင်းချောင်ရှောင်းအမည်ခေါ်သော ဂိုဏ်းချုပ်နှင့် ပြိုင်စံရှားဂိုဏ်းသည် ထိုတည်နေရာတွင် တည်ရှိနေသောကြောင့်ပင်။

ဝှစ် ဝှစ်

အားလုံးပြောဆိုဆွေးနွေးလျက်ရှိနေတုန်းမှာပဲ ကောင်းကင်ယံအထက်ဆီမှ ကြီးမားလွန်းလှသည့် အော်ရာကြီးက ရုတ်တရက် ဖြစ်တည်လာခဲ့၏။

ယုဒြာကုန်းမြေတိုက်မှ ကျွမ်းကျင်သူများသည် မတုံ့ပြန်နိုင်သေးခင်မှာပဲ ကောင်းကင်ယံအထက်၌ ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးတစ်စင်း ပေါ်လာလေသည်။

“ဒါက” တည်နေရာချိုးဖျက်ခြင်းအလယ်အလတ်အဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မျက်လုံးပြူး သွား၏။

ယုဒြာကုန်းမြေတိုက်၏ ထိပ်တန်းစွမ်းအားမြင့်ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည့် သူသည် ကြီးမားလှသည့် ရွက်သင်္ဘောကြီးရှေ့ကိုမြင်ရသည့်အချိန်မှာတော့ ကလေးငယ်လေးတစ်ယောက်ကဲ့သို့ပင် ကြောက်ရွံ့မှုကို ခံစားလိုက်မိသည်။

“မြို့တော်ဝန်ကဲ့”

ထိုအချိန်မှာပင် ရွက်သင်္ဘာကြီးဆီမှ အသံတစ်ခုက ထွက်ပေါ်လာ၏။ “မတွေ့တာ တော်တော်ကြာပြီ။ အဆင်ပြေရဲ့လား”

All Chapters