အခန်း ၁၇၂၄
Vol. 116 Ch. 1724
အပိုင်း (၁၇၂၄)
ယုဒြာကုန်းမြေတိုက်
ကြီးမားလွန်းလှသော ရွက်သင်္ဘောကြီးသည် ကောင်းကင်ယံတွင် လွင့်မျောလျက်ရှိနေပြီး အလွန်အားကောင်း လှသည် အော်ရာများကို ထုတ်ဖော်နေ၏။
“ကောင်းကင်ဘုံ.... ဒီရွက်သင်္ဘောကြီးက တကယ့်ကို ဆန်းကြယ်လွန်းတယ်”
ကျွင်းချောင်ရှောင်းသည် ဤရက်သင်္ဘောကြီးကို ထုတ်ဖော်ကာ မောင်းနှင်လာခြင်းသည် ဟန်ထုတ်ကာ ကြွားဝါရန် သီးသန့်မဟုတ်ချေ။ ကဲ့ကျင်းနန်၏ ဂုဏ်သိက္ခာ ပိုမို ကြီးမားသွားစေရန်ပင်ဖြစ်သည်။ ဤမျှ ကြီးကျယ်ခမ်းနားလွန်းသော ဧည့်သည် ရောက်ရှိလာသည်ဆိုမှတော့ မြို့တော်ဝန်ကဲ့အနေနှင့် မျက်နှာပန်း လှပေလိမ့်မည်။ ထို့အပြင် မြို့တော်ဝန်ကဲ့သည် ယုဒြာကုန်းမြေတိုက်ကြီး၏ မြို့တစ်ခု၏ မြို့တော်ဝန် တစ်ယောက် အဆင့်သာသာ ဖြစ်သည်။ ဂြိုဟ်တစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ကြီးမားသည့် ဂုဏ်ဒြပ်ကို မပိုင်ဆိုင်ပေ။
သူငယ်ချင်းရောင်းရင်းအတွက် သူသည် အကြီးအကျယ်ကူညီရပေလိမ့်မည်။
သေချာပေ၏။ ယုဒြာ ကုန်းမြေတိုက်မှ သိုင်းကျင့်ကြံသူများအားလုံးသည် မနာလိုစွာဖြင့် ကဲ့ကျင်းနန်ကို ကြည့်ရှု့လျက်ရှိနေကြ၏။
အချက်အလက်အားဖြင့် အောက်စကြဝဠာတစ်ခုလုံးတွင် ကျွင်းချောင်ရှောင်း၏ ဂုဏ်သိက္ခာသည် ခန့်မှန်း၍ မရလောက်ပင် ကြီးမားလွန်းလှ၏။ အကြောင်းအရာအားဖြင့် ကုန်သွယ်ရေးကို ပြုလုပ်ရင်း သိရှိကြခြင်း ဖြစ်ပေ၏။ တပည့်များကို ခေါ်ဆောင်ကာဖြင့် အထက်နယ်မြေဆီသို့ တက်လှမ်းသွားနိုင်သည့် လူအဖြစ်လည်း ဂုဏ်သတင်းကြီးမားလွန်းသည်။
အထက်နယ်မြေဆီသို့ တက်လှမ်းခြင်း - ထိုအရာသည် များပြားလှသော ကျွမ်းကျင်သူများ လုပ်နိုင်သည့် အရာဖြစ်၏။ သို့ပေမဲ့ ဂိုဏ်းတစ်ခုလုံးကိုခေါ်ဆောင်ကာ တက်လှမ်းသွားနိုင်ခြင်းဆိုသည်မှာတော့ မည်သူမှ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသောအရာပင်ဖြစ်၏။ ဂိုဏ်းချုပ်ကျွင်း တစ်ယောက်တည်းသာလျှင် ပြုလုပ်နိုင်ခဲ့၏။
ကျွင်းချောင်ရှောင်း၏ လုပ်ရပ်သည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ဒဏ္ဍာရီလာပုဂ္ဂိုလ်ကြီးအဖြစ် ဖြစ်တည် ခဲ့သည်သာမက အောက်စကြဝဠာတစ်ခုလုံးတွင်လည်း ထိုနည်းတူစွာပင်။ ထိုကဲ့သို့ဒဏ္ဍာရီလာပုဂ္ဂိုလ် တစ်ပါးဟု လူသိများလာသောလူသည် မြို့တော်ဝန်ကဲ့ ဆီသို့ ကိုယ်တိုင်ကိုယ်ကျ လာရောက် လည်ပတ်လေသည်။
“ဂိုဏ်းချုပ်ကျွင်း”
အဓိကဟောခန်းထဲမှာတော့ ကဲ့ကျင်းနန်က ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီးတော့ အထက်နယ်မြေကနေ ပြန်ဆင်းလာရတာလဲ”
ဆိုလိုသည်မှာ ကျွင်းချောင်ရှောင်းအနေနှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို လာရောက်ကာ ကယ်တင်ခဲ့သည် ဆိုသောသတင်းကို သူကရရှိခဲ့သည်။ ထိုစဉ်က သူ၏မိတ်ဆွေရောင်းရင်းကြီးကို တွေ့ဆုံနိုင်ရန် အလျင်အမြန်ဖြင့် သွားခဲ့သေး၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ပြန်လည်ထွက်ခွာသွားခဲ့၏။
“ကျုပ်လုပ်စရာတစ်ခုရှိနေလို့ပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ကဲ့ကျင်းနန်သည် ဆွံ့အသွားခဲ့၏။ သူသည် ဂြိုလ်တိုက်ပွဲနေရာကြီးထဲတွင် ကျွင်းချောင်ရှောင်းနှင့် အချိန် အတော်ကြာ ရင်းနှီးတဲ့သူ တစ်ယောက်ဖြစ်၏။ ကျွင်းချောင်ရှောင်းသည် အမှန်ပင် ပျော်ပျော်ရွှင်ရွှင်နှင့် နောက်တောက်တောက် နေတတ်သည့်လူတစ်ယောက်ပင်ဖြစ်၏။ သို့ပေမယ့် ယနေ့အချိန်မှာတော့ အမှန်ပင် တည်ကြည်လေးနက်၍ နေခဲ့၏။
ကျွမ်းကျင်သူတစ်ယောက်၏ ဂုဏ်သိက္ခာနှင့်ဂုဏ်အရှိန်အဝါမျိုးသည် ခန့်မှန်း၍မရနိုင်အောင် ဟိတ်ဟန်များ သည်ဆိုခြင်းမှာ မငြင်းပယ်နိုင်သည့် အရာပင်ဖြစ်၏။ သို့ပေမဲ့ သူ့အနေနှင့် ထိုအရာမျိုးကို အသားမကျသလို ခံစားနေမိသည်။
“အင်း ဟုတ်ပြီ”
ကဲ့ကျင်းနန်သည် မေးမြန်းလိုက်၏ “ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပေါ်မှာ ကြီးမားလှသည့် ဓားရာကြီးတစ်ခု ထင်ကျန်ခဲ့တယ်လေ။ စကြဝဠာကြီး တစ်ခုလုံးကိုတောင် နှစ်ပိုင်းပိုင်းတော့မလို့ပဲ။ ဂိုဏ်းချုပ်ကျွင်း တွေ့ခဲ့လား”
“ကျုပ်လုပ်ခဲ့တာလေ” ကျွင်းချောင်ရှောင်းသည် ထိုအရာကို မောက်မာမှု အပြည့်နှင့်ပြောဆိုလိုက်သည်။
ကဲ့ကျင်းနန်သည် ဆွံ့အသွား၏။ သို့ပေမယ့် သတိပြန်ဝင်လာပြီးသည့်နောက် ပြောလိုက်၏။ “အံ့အားသင့်စရာ မဟုတ်တော့ဘူးပဲ”
စကြဝဠာကြီးတစ်ခုလုံးကို ဓားတစ်ချက်တည်းနှင့် နှစ်ပိုင်းပြတ်အောင်ပြုလုပ်ခြင်းမှာ ဂိုဏ်းချုပ်ကျွင်း ပြုလုပ်ခဲ့သည့်အရာဖြစ်ကြောင်း သိရှိချိန်မှာတော့ သူသည် အံ့အားမသင့်တော့ချေ။ ထိုအရာသည် သဘာဝ သာလျှင်ဖြစ်၏။ ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ပါး ပီသစွာဖြင့် အလွန်အားကောင်းလွန်း၏။ သူ ကဲ့ကျင်းနန် သည် ထိုကဲ့သို့သော ဆန်းကြယ်လှသည့်လူမျိုးနှင့် ပတ်သက်ရင်းနှီးခဲ့ရခြင်းသည် ကံကောင်းသောကြောင့်ပင်။
“မြို့တော်ဝန်ကဲ့”
ကျွင်းချောင်ရှောင်းသည် ပြုံးကာပြောလိုက်၏။ “ကျုပ် ခင်ဗျားကို ပြောစရာတစ်ခုရှိလို့ လာခဲ့တာပဲ”
“ဘာကြီးလဲ” ကဲ့ကျင်းနန်သည် နားစွင့်ကာထောင်ထား၏။ ဂိုဏ်းချုပ်ကျွင်းနှင့် ရင်းနှီးပတ်သက်ခဲ့စဉ် ကတည်းက သူသည် အကူအညီ လိုအပ်သည့်အချိန်တိုင်းတွင် များပြားလှသည့် အကျိုးကျေးဇူးများကိုလည်း ရရှိခဲ့ဖူး၏။
.........
ထာဝရလောကကြီး
ကဲ့ကျင်းနန် သည် သံမဏိအရိုးမြို့၏ ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်လျက်ရှိ၏။ အထဲတွင်ရှိနေသော ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများသည် သူတို့၏ ယုဒြာ ကုန်းမြေတိုက်ကြီးထက် အဆပေါင်းရာချီ အားကောင်းနေသည်ကို အာရုံခံမိသည့်အချိန်မှာတော့ မျက်နှာပြင်တစ်ခုလုံးသည်အေးခဲလျက်ရှိ၏။ သူ၏ လက်ချောင်းများသည် တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိ၏။
“အိပ်မက်မက်နေတာလား။ ငါ အိပ်မက် မက်နေတာလား”
ဖောက်
ကဲ့ကျင်းနန်သည် သူ့မျက်နှာကိုသူ ပိတ်ရိုက်လိုက်၏။ နာကျင်မှုကို ခံစားပြီးသည့်နောက်မှာတော့ သူမသည် ပျော်ရွှင်သွားမိသည်။ “ဒါအိပ်မက်တစ်ခုမဟုတ်ဘူး ၊ အစစ်အမှန်ပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏ “မြို့တော်ဝန်ကဲ့ အနေနဲ့ ဒီနေရာကို သဘောကျတယ်ဆိုရင် ထာဝရနေထိုင်သူအဖြစ် ရရှိလိမ့်မယ်။ ပြီးတော့”
သူကထပ်ပြောလိုက်သည်။ “ခင်ဗျားရဲ့ အမျိုးအဆွေ အကုန်လုံးကိုလည်း ခေါ်လာလို့ရတယ်”
ကဲ့ကျင်းနန်သည် ချက်ချင်းပဲ လက်သီးကို ဆုပ်ကာပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ကျွင်း”
ဤမျှအားကောင်းလွန်းလှသော စိတ်ဝိညာဉ်စွမ်းအင်များ တည်ရှိနေသည်ဖြစ်သောကြောင့် မည်သူမျှ ငြင်းပယ်လိမ့်မည်မဟုတ်ချေ။ မိသားစုများကို ခေါ်ဆောင်လာဖို့ပါ အခွင့်အရေးရှိနေသည်ဆိုမှတော့ မည်သူက ငြင်းပယ်တော့မည်နည်း။
တစ်ရက်တည်းမှာပဲ ကဲ့ကျင်းနန်သည် သူ၏ဆွေမျိုးများ ၊နောက်လိုက်များကို ထာဝရလောကြီးဆီသို့ ခေါ်ဆောင်လာခဲ့၏။ လူတစ်ထောင်နီးပါးခန့်ရှိပြီး ကလေးသူငယ်များပင်လျှင် သုံးဆယ်မှ ငါးဆယ်နီး ပါးရှိသည်။
“မြို့တော်ဝန်ကဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည် “ခင်ဗျားရဲ့ အငယ်ဆုံးသားက ပါရမီရှိတဲ့ပုံပဲ။ တကယ်လို့ သူသာ စိတ်ဆန္ဒရှိတယ်ဆိုရင် ပြို်ငစံရှားဂိုဏ်းကို ဝင်လို့ရတယ်”
ကဲ့ကျင်းနန်သည် ရုတ်တရက် စိတ်လှုပ်ရှားသွားမိ၏။ ဂိုဏ်းချုပ်ကျွင်း သူ၏သားကို ချီးကျုးသည် ဆိုခြင်းမှာ ကြီးမားလှသည့် ကောင်းချီးပင်ဖြစ်၏။
“ဟောင်အာ”
ကဲ့ကျန်းနန်သည် အလောတကြီးနှင့်ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကို မြန်မြန်နှုတ်ဆက်လေ”
ဘုတ်
ဟောင်အာ ဟု ခေါ်သော ဆယ်ကျော်သက်လေးသည် ချက်ချင်းပဲ ဒူးထောက်ကာဖြင့် ဂါဝရပြု၏။ “တပည့် ကဲ့ဟောင်အာ ဂိုဏ်းချုပ်ကို နှုတ်ဆက်ပါတယ်”
ကျွင်းချောင်ရှောင်းသည် လက်ကို ယမ်းခါပြီးသည့် နောက်မှာတော့ ထိုကောင်လေးအား မတ်တပ်ပြန်ရပ်ရန် ကူညီပေးလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ မင်းမှတ်ထားဖို့က လောကကြီးတစ်ခုလုံးမှာ ကောင်းကင်နဲ့ မြေကြီး၊ မိဘက လွဲရင် ဘယ်သူ့ကိုမှ ဒူးထောက်စရာမလိုဘူး။ အနာဂတ်မှာ ဒါကိုမှတ်ထားရမယ်”
“ကောင်းပါပြီ” ကဲ့ဟောင်အာ သည် လေးနက်စွာဖြင့် ပြောလိုက်၏။
ဂိုဏ်းချုပ်ကျွင်းနှင့် ကဲ့ကျင်းနန် တို့သည် အချိန်အတော် ကြာသည်ထိ စကားပြောဆိုပြီးသည့်နောက် လူချင်းခွဲလိုက်ကြသည်။
ကဲ့ဟောင်အာ မှာတော့ စုရှောင်မို၏ လမ်းပြမှုနှင့်အတူ သံမဏိအရိုးတောင်ဆီသို့ ရောက်ရှိလာ၏။ လမ်းတစ်လျှောက်မှာတော့ သူသည် မနေနိုင်ဘဲ မေးလိုက်မိသည်။ “စီနီယာအကို... ဂိုဏ်းချုပ်က အဲလိုမျိုး မျက်နှာကြီးတင်းနေတာပဲလား”
“မဟုတ်ပါဘူး”
စုရှောင်မိုက ပြောလိုက်၏။ “တစ်ခါတစ်လေဆိုရင်တော့ ပြောရဆိုရ အဆင်ပြေ ပါတယ်”
“အင်း”
ကဲ့ဟောင်အာသည် ဂိုဏ်း၏ လှေကားထစ်များအတိုင်း လှမ်းတက်လိုက်၏။ သို့ပေမဲ့ အပေါ်သို့ ရောက်သည့်အချိန်မှာတော့ မျက်နှာကို ဘောလုံးတစ်လုံးက တည့်တည့် လာရောက် ထိမှန်လေသည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် အနောက်ဘက်သို့ လွင့်စင်ကာ တောင်အောက်သို့ ပြုတ်ကျသွားသည်။
“အိုင်းယား”
လီဖေးသည်ခြေထောက်ကို ပြန်ရုတ်ကာ ပြောလိုက်၏။ “ဘယ်လိုဖြစ်ပြီး ရုတ်တရက် ဝင်လာရတာလဲ”
မည်သည့်ဂြိုလ်ကြီးဆီသို့ပင်ပြောင်းပြောင်း ပြိုင်စံရှားဂိုဏ်း၏ စည်းမျဉ်းတစ်ခုဖြစ်သော ဂိုဏ်းသား အသစ်များသည် ဘောလုံးကိုမျက်နှာနှင့် ဖမ်းယူရမည်ဆိုသည့် နိယာမကတော့ တည်ရှိလို့နေသေးသည်။
........
ယုဒြာ ကုန်းမြေတိုက်
ကျွင်းချောင်ရှောင်းသည် တောင်၏ထိပ်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိပြီး သူ၏ စိတ်ဝိညာဉ်အာရုံများကို ဂြိုလ်တစ်ခုလုံးဆီသို့ ဖြန့်ကျက်ထား၏။ သူ့အနေနှင့် ယုဒြာကုန်းမြေတိုက်ကြီးဆီမှ သက်ရှိသတ္တဝါများ အားလုံးကို ထာဝရလောကကြီးဆီသို့ ခေါ်ယူသွားရန် အစီအစဉ်မရှိချေ။
အဘယ့်ကြောင့်ဆိုသော် ကဲ့ကျင်းနန်မှလွဲလျှင် အခြားသောသူများသည် သူ၏ မိတ်ဆွေရောင်းရင်းနှင့် အမျိုးအဆွေများ မဟုတ်သောကြောင့်ပင်။ ထို့အပြင် သူသည် အလှူကြီးလုပ်နေသည် မဟုတ်ချေ။ ထို့ကြောင့် အားနည်းသူကို ကူညီရန်အတွက် သူ့၌ တာဝန်မရှိပေ။
ထိုကဲ့သို့ဆိုမှတော့ အဘယ့်ကြောင့် ထွက်ခွာမသွားရသနည်း။ အဘယ့်ကြောင့် သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ဂြိုလ်ကြီး တစ်ခုလုံးကို လွှမ်းခြုံနေရသနည်း။
အဘယ့်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းသည် ကဲ့ကျင်းနန်၏ သားကဲ့သို့ ပါရမီရှင်များ တည်ရှိနေမလားဟု ရှာဖွေနေခဲ့ခြင်းပင်။ အခွင့်အရေးရရှိသည် ဆိုပါက အဆင့်မြင့်လောကဆီသို့ ခေါ်ဆောင်သွားရန် ကြိုးစားပေမည်။
........
ကုန်းကမူလေး တစ်ခုပေါ်မှာတော့ အသစ်ဖန်တီးပြုလုပ်ထားသည့် အုတ်ဂူတစ်ခုက တည်ရှိနေ၏။
ထိုအုတ်ဂူ၏ အရှေ့တွင် စုတ်ပြတ်သတ်လျက်နေသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်လေး တစ်ယောက်သည် ဒူးထောက်ကာ ထိုင်လျက်ရှိ၏။ ၎င်း၏ ညာဘက်လက်တွင် သွေးများ ထင်ကျန်လျက်ရှိနေသည့် ထောက်ခံစာတစ်ခုကို ကိုင်ဆောင်ထား၏။ ထိုသူ၏ နာမည်သည် လင်းရီ ဖြစ်သည်။
သူသည် လင်းရွာကလေးတွင် နေထိုင်ပြီး သူ၏ အဖေကို မှီခိုသူတစ်ယောက်ပင်။ မနေ့တုန်းက သူ၏ အဖေသည် ဖျားနာနေမကောင်းဖြစ်၍ သေဆုံးခဲ့၏။ မသေဆုံးခင်တွင် သူတော်စင်တောက်ပဂိုဏ်းဆီသို့ ဝင်ခွင့်ရနိုင်သည့် ထောက်ခံစာတစ်ခုကို ပေးအပ်ခဲ့၏။
ဤအရာသည် အဓိကမင်းသားတစ်ယောက်၏ ဘဝမျိုးပင်။
“ကလေး ဒီစာကို ယူပြီးတော့ သူတော်စင်တောက်ပဂိုဏ်းကိုသွား။ မင်းရဲ့ ကံကြမ္မာတစ်ခုလုံးက ပြောင်းလဲ သွားလိမ့်မယ်”
သူ့အဖေ၏ နောက်ဆုံးစကားသည် လင်းရီ ၏ နားထဲတွင်ပဲ့တင် ထပ်လျက်ရှိ၏။ “အဖေ ဒါကို ယူပြီးတော့ သူတော်စင်တောက်ပဂိုဏ်းဆီကို သွားပါ့မယ်”
“မင်းဝင်ခွင့်သွားဖြေစရာမလိုဘူး” ရုတ်တရက် အသံတစ်ခုက နောက်ဖက် ဆီမှ ထွက်ပေါ်လာသည်။
လင်းရီ သည် ခေါင်းကို အသာလှည့်ကာဖြင့် ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူတစ်ယောက်သည် သူ၏ ရှေ့တွင် ပေါ်ပေါက်လာခဲ့၏။ ထိုသူ၏ မျက်လုံးများသည် စူးရှလျက်ရှိပြီး သာမန်ထက် ပိုလွန်းလှသည်။ နတ်ဘုရားတစ်ပါးကဲ့သို့ပင်။
မည်သူဖြစ်သနည်း။ ကျွင်းချောင်ရှောင်းပင်ဖြစ်တော့၏။ ဂြိုလ်ကြီးတစ်ခုလုံးကို ရှာဖွေပြီးသည့်နောက် သင့်တော်လှသည့် ပါရမီရှင် တစ်ယောက်ကို သူရှာဖွေတွေ့ရှိခဲ့သည်။
“ခင်ဗျား ....ခင်ဗျားက”
“မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးနိုင်တဲ့လူပဲ”
“.........”
လင်းရီ သည် တိတ်ဆိတ်ငြိမ်သက်သွား၏။
“မင်း ပိုပြီးတော့ အားကောင်းချင်လား။ မင်းအားလုံးရဲ့ လေးစားမှုကို ခံရတဲ့လူတစ်ယောက်ဖြစ်ချင်လား။ မင်း အင်မော်တယ်အဆင့်ရဲ့ ထိပ်ဆုံးမှာ ရပ်တည်ပြီး လောကကြီးတစ်ခုလုံးကို ငုံ့ကြည့်ရတဲ့လူတစ်ယောက် ဖြစ်ချင်လား။”
လား ဆိုသည့် မေးခွန်းသုံးခုကို ရင်ဆိုင်ရသည့်အချိန် မှာတော့ လင်းရီသည် နှောင့်နှေးခြင်း တစ်ချက်မရှိပဲ ပြန်ဖြေလိုက်၏။ “ဖြစ်ချင်ပါတယ်”
“ငါ့နောက်လိုက်ခဲ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မင်းရဲ့ အိမ်မက်တွေကို ဖြစ်တည်နိုင်စေဖို့ ငါကူညီပေးမယ်”
ဤစကားစုသည် မှော်စွမ်းအင်များ ပါဝင်နေသကဲ့သို့ပင်။ လင်းရီအနေနှင့် သံသယတချက်ကလေးမျှမရှိဘဲ ရုတ်တရက် မတ်တပ်ထရပ်ကာပြောလိုက်၏။ “စီနီယာ... တိုက်ရိုက်တပည့်အဖြစ်လက်ခံမှာလား”
“တပည့်ဟုတ်လား”
ကျွင်းချောင်ရှောင်းက တီးတိုးရေရွက်လိုက်၏။ “ဒီလိုဆိုလည်း အဆင်ပြေတာပဲ”
ဘုတ်
လင်းရီသည် မြေပေါ်သို့ ဒူးထောက်ထိုင်ချကာ ပြောလိုက်၏။ “တပည့်လင်းရီ ဆရာ့ကို ဂါဝရ ပြုပါတယ်”
“...........”
စနစ်သည် ဆွံ့အသွားခဲ့၏။ “တပည့်ခေါ်တာကလည်း ဒီလိုမျိုး လွယ်တာပဲလား။”
“သွားကြရအောင် ... ဂိုဏ်းဆီကို လိုက်ခဲ့။”
ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အုတ်ဂူရှိရာသို့ အသာ လှည့်ကြည့်ကာ မေးလိုက်သည်။ “အထဲမှာ သေချင်ယောင်ဆောင်နေတဲ့လူ။ ဒီကိစ္စနှင့်ပတ်သက်ပြီး ပြဿနာရှိသေးလား”
ဘန်း
ရုတ်တရက် အုတ်ဂူကြီးတစ်ခုလုံးသည် ပေါက်ကွဲထွက်သွားပြီး သေလျက်ရှိနေသည့် ဖေဖေလင်းသည် ခုန်ထွက်လာခဲ့၏။ ၎င်းသည် အသက်ပြန်ဝင်လာသည်လား။
“အဖေ” လင်းရီသည် ဆွံ့အသွားမိ၏။
အသက်ပြန်ရှင်လာခဲ့သော ဖေဖေလင်းသည် ရုတ်တရက် လက်သီး ဆုပ်ကာပြောလိုက်၏။ “ကျုပ်သားကို တပည့်အဖြစ်ခေါ်ဆောင်ခဲ့တာ စီနီယာနဲ့ ရေစက်ပါလို့ ဖြစ်ပါလိမ့်မယ်။ ငြင်းစရာမရှိပါဘူး။”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆို ဒီနေ့ သူ့ကို ခေါ်သွားတော့မယ်”
ဝှစ်
ပြောပြီးသည့်နောက်သူသည် လင်းရီနှင့်အတူ ပျောက်ကွယ်သွားခဲ့၏။ ဖေဖေလင်းသည် သူ၏ဦးခေါင်းကို မော့ကာဖြင့် ကောင်းကင်ယံတွင်ရှိနေသော အလင်းတန်းတစ်ခုကို ကြည့်ရှု့လိုက်၏။ သူ၏ လက်များသည် တုန်ယင်လျက်ရှိ၏။ “ဒါ ဘယ်လိုနတ်ဘုရားမျိုးပါလိမ့်”