← Chapters

အခန်း ၁၇၂၈

Vol. 116 Ch. 1728

အခန်း ၁၇၂၈

Vol. 116 Ch. 1728

အပိုင်း (၁၇၂၈)

ဟောခန်းသခင်ကျိသည် လတ်လောတွင် ခက်ခဲလှသော အခြေအနေများကို ကျော်ဖြတ်နေရသည် ဆိုသော်လည်း သူ၏ အလုပ်ကြိုးစားမှုကြောင့် ကောင်းမွန်သည့်အရာများကိုတော့ ပြန်လည်ရရှိခဲ့၏။ အခြားသောသူများဆီမှာ တိတ်တဆိတ် ချောင်းမြောင်းကာ သင်ယူခဲ့ရသည်ပြီးသည့်နောက် သူသည် ပါရမီရှင် သားရဲများကို မည်ကဲ့သို့ လေ့ကျင့်ပေးရမည်ဆိုသော သင့်တော်သည့် နည်းလမ်းကိုရရှိခဲ့၏။ ထိုအရာကို သူသည် စိတ်ဓာတ်ကြံ့ခိုင်ရေးနည်းလမ်းဟုခေါ်ဆို၏။

မည်သည့်အရာသည် စိတ်ဓာတ် ကြံ့ခိုင်ရေး နည်းလမ်းနည်း။

သူ၊ အကြီးအကဲတစ်ယောက်နှင့် အခြားသောသူများသည် သေခြင်းရှင်ခြင်း လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ချိန်တွင် ထိုသားရဲလေးများကို ခေါ်ဆောင်သွားကာ မျက်လုံးဖြင့် ကြည့်ရှုစေခြင်းပင်။

သားရဲလေးများသည် လုံလောက်သည့် အသိဉာဏ်မရှိသေး၊ လူသားအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းမရှိသေးပေ။ သေးငယ်လှသည့် သတ္တဝါလေးများသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် တိုက်ပွဲကြီးကို ကြည့်ရှု ပြီးသည့်နောက် မျက်လုံးများ ချာချာလည်ကာ ပါးစပ်မှ အမြုပ်များထွက်သည်အထိ သတိလစ်မေ့မြော ကုန်ကြ၏။

မည်သို့ပင်ဆိုစေကာမူ သိုင်းပြိုင်ပွဲ၌ ရှုံးနိမ့်ပြီး အိမ်သာဆေးခြင်းကို မပြုလုပ်ရရန် အလို့ငှာ ဟောခန်းသခင်ကျိ သည် အစစ်အမှန် ကြိုးစားလို့နေခဲ့၏။ ကြည့်ရှုရမည်ဆိုလျှင် ဟောခန်းသခင်ကျိသည် ပြိုင်စံရှားဂိုဏ်းနှင့် တသားတည်း ဖြစ်တည်လာခဲ့သည်။

အခြားတဘက်ကပြောရမည်ဆိုလျှင် ယုစီနန်နှင့် အခြားသောသူများမှာ သက်တောင့်သက်သာ ဖြစ်လို့နေ၏။ ပါရမီရှင်များကို ရွေးချယ်ခေါ်ယူပြီးသည့်နောက် ၎င်းတို့သည် သင်ကြားရေး နည်းလမ်းများကို အလုံးစုံ ဖန်တီးထားခဲ့တော့၏။

အရင်းအမြစ်များမရှိဘဲ လေ့ကျင့်ခြင်းဆိုသည်မှာ အဓိပ္ပာယ်မရှိလှချေ။ ထို့ကြောင့် အဓိကဟောခန်းထဲတွင် အကြီးအကဲများ အစည်းအဝေး ပြုလုပ်ခဲ့သည့် အချိန်၌ ပထမဦးဆုံး ၎င်းတို့ပြောသည်မှာ “ယွမ်သခင်လေး။ ကျုပ်တို့ တောင်ထွတ်အတွက် လုံလောက်သည့် အရင်းအမြစ်တွေပေးအုံး”

ကျွင်းချောင်ရှောင်း အပြင်သို့ ရောက်ရှိချိန်တွင် ဂိုဏ်း၏အတွင်းရေး ကိစ္စများကို တာဝန်ယူထားသည်မှာ နှင်းဆီဧကရီသာဖြစ်၏။ သို့ပေမဲ့ ငွေစာရင်းများနှင့်ပတ်သက်လျှင် ယွမ်သခင်လေးကို အပူကပ်ရသည်။

အခက်အခဲဆုံး အခြေအနေကို ရင်ဆိုင်ခဲ့ရသည့် စိတ်ဝိညာဉ်သားရဲဟောခန်းသည် လတ်တလောတွင် အလွန်လိမ္မာလျက်ရှိနေ၏။ ဟောခန်းတွင် ရှိနေသော လူများအားလုံးသည် ယွမ်သခင်လေး၏ ကျေးဇူးကြောင့် အချုပ်အလုပ်ပညာနှင့် ကျွမ်းကျင်လျက်ရှိနေပြီး အနာဂတ်တွင် ကောင်းမွန်လှသည့် အပ်ချုပ်သမားများ ဖြစ်လာနိုင်စွမ်းရှိ၏။

“အင်း.. အရင်းအမြစ်တွေ အကုန်လုံးက အဆင်ပြေတယ်”

ယွမ်သခင်လေးက ပြောလိုက်သည်။ “ခင်ဗျားတို့ အားလုံးအနေနဲ့ လုံလောက်တဲ့ အောင်မြင်မှု အမှတ်တွေရဖို့ လိုအပ်လိမ့်မယ်”

ယုစီနန်ကမေးလိုက်၏။ “ဘယ်လို၊ ဘာကိုအောင်မြင်မှုအမှတ်လဲ”

ဘုတ်

ယွမ်သခင်လေးသည် စားပွဲပေါ်သို့ စာအုပ်ထူကြီးတစ်အုပ်ကိုတင်ကာ ပြောလိုက်၏။ “ဒါ တစ်ညအတွင်း ကျုပ်ရေးထားတဲ့ အကြောင်းအရာပဲ။ ဒီထဲမှာ အောင်မြင်မှု အမှတ်တွေကို ဘယ်လိုရမလဲဆိုတာကို အသေးစိတ် ချပြထားတယ်”

“……”

အားလုံးသော သူတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ ဤမျှလောက်ထူထဲလှသည့် စာအုပ်ကြီးကို တစ်ညအတွင်း ရေးသားခဲ့သည်ဆိုမှတော့ ယွမ်ဖန်သည် မွန်စတားသာလျှင် ဖြစ်ပေလိမ့်မည်။

ဂိုဏ်း၏ အောင်မြင်မှုအမှတ်ကို မည်ကဲ့သို့ ရရှိနိုင်မည်ဆိုသည့်အကြောင်း အသေးစိတ် ရေးသားထားခြင်းပင်။ ဥပမာအားဖြင့် တောင်ထွတ်တစ်ခု၏ တပည့်တစ်ယောက်သည် တာဝန်များကို ပြုလုပ်ပြီး အောင်မြင်မှုအမှတ်ကို ရရှိမည်ဆိုပါက လုံလောက်သည့် အရင်းအမြစ်များနှင့် လဲလှယ်နိုင်စွမ်း ရှိ၏။

ဟုတ်ပေသည်။ နှစ်စဉ် နှစ်တိုင်း ထိုအရာများကို တွက်ချက်ထားခြင်းဖြစ်ပြီး အမှတ်အများဆုံး ရရှိသူသည် အပိုဆုလာဘ်များကိုလည်း ရရှိပေလိမ့်မည်။ အချက်အလက်အားဖြင့် ဂိုဏ်းသည် တာဝန်များကို ပြုလုပ်ရာ၌ အသေးစိတ်ခွဲခြားထားခြင်းမျိုးမရှိချေ။ ယွမ်သခင်လေးသည် ထိုအရာကို သတိပြုပြီးသည့်နောက် တာဝန်များပြုလုပ်သည့် အချိန်တွင် အောင်မြင်မှုအမှတ်မည်မျှရှိသည်ဆိုသည်ကို ထပ်မံကာ ချဲ့ထွင်ခဲ့သည်။

ပိုမိုစိတ်ဝင်စားစရာ အကောင်းဆုံးအရာမှာ ထိုအမှတ်များကို အသုံးပြု၍ တည်နေရာ ရာထူးအတွက် ပြိုင်ဆိုင်နိုင်စွမ်းရှိခြင်းပင်။ အကြီးအကဲများနှင့် ဟောခန်းသခင်များသည် အခြားသောသူများ သူတို့ကို ကျော်တက်သွားမည့် အန္တရာယ်ကို ကာကွယ်သည့် အနေဖြင့် ဂိုဏ်းအောင်မြင်မှု အမှတ်များကို သေသေချာချာ စုဆောင်းရန် လိုအပ်လာသလို တပည့်များသည်လည်း အရည်အချင်း ရှိသည်ဆိုပါက အောင်မြင်မှု အမှတ်များကို စုဆောင်းပြီး ဟောခန်းသခင်နှင့် အကြီးအကဲများကို စိန်ခေါ်နိုင်စွမ်းရှိနေ၏။

“ဒါက”

ယုစီနန်နှင့် အခြားသောသူများသည် ကြီးမားလှသည့် ဖိအားကို ခံစားလိုက်ရ၏။ သူတို့၏ အားအင် အဆင့်နှင့် အကြီးအကဲရာထူးဆိုသည့် အကြောင်းအရာကို ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ထိုရာထူးမှ ပြုတ်သွားမည်ဆိုပါက အိမ်သာသွားဆေးရမည်ဆိုသည့် မှတ်ချက်က ပါဝင်နေလေသည်။

“………”

“ဒီကောင်လေးက အိမ်သာနဲ့ပဲ ရေစက်ပါတာလား။ ဘာလုပ်လုပ် အိမ်သာဆေးဖို့ပဲ အကြောင်းပဲ ရေးထားတာ ပါလား”

တောင်ထွတ်များတွင် သိုင်းပြိုင်ပွဲများတည်ရှိသလို ရာထူးအတွက်လည်း ပြိုင်ဆိုင်မှုများလည်း တည်ရှိလာ၏။ ထို့အပြင် မည်သူမှသည် မြောင်ရှောင်တောင်နှင့် ကျင်းဟီ တို့၏ အလုပ်ကို သွားကာ မလုချင်ကြပေ။

“ဂိုဏ်းချုပ်ကလည်း အတည်ပြုပြီးပြီ”

ယွမ်သခင်လေးက ပြောလိုက်၏ “ခင်ဗျားတို့အားလုံး သက်ဆိုင်ရာ ရာထူးတွေအလိုက် ကောင်းမွန်စွာ အလုပ်လုပ်ကြဖို့ မျှော်လင့်တယ်။ ဒါမှ အခြေခံကောင်းမွန်ပြီး အားကောင်းတဲ့ ဂိုဏ်းတစ်ခုကို ဖန်တီးတည်ဆောက်နိုင်မှာ”

……………………………………..

အောင်မြင်မှုအမှတ်များကို သိရှိသွားပြီဆိုသည့်နောက် ဂိုဏ်း၏အဖွဲ့ဝင်များအားလုံးသည် ပိုမို အားကောင်းရန် အလို့ငှာ သေဆုံးသည်အထိ ကြိုးစားရပေတော့မည်။ မူလအားဖြင့် ကျယ်ဝန်းပြီးသား ဖြစ်နေသော တာဝန်ခွဲဝေခြင်းအဆောင်တွင် များပြားလှသော တောင်ထွတ်အသီးသီးဆီမှ တပည့်များနှင့် ပြည့်နှက်နေခဲ့၏။ ၎င်းတို့သည် ၎င်းတို့တောင်ထွတ်အတွက် အလုပ်လုပ်ရင်း အောင်မြင်မှုအမှတ်များကို မည်ကဲ့သို့ရယူ ရမည်ဆိုသည့် အကြောင်းကို ဆွေးနွေးနေကြသည်။

“စီနီယာအစ်ကို”

အပြင်ဘက်တွင် ဘောလုံးကစားလျက်ရှိသော လီဖေးသည် တပည့်သစ်များ အားတက် သရော တာဝန်များကို ပြုလုပ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ စပ်ဖြီးဖြီးနှင့်ပြောလိုက်၏။ “ဂိုဏ်းကို ခုမှဝင်လာတဲ့ တပည့်တွေက စိတ်အားတက်ကြွလွန်းပါလား”

“ယွမ်သခင်လေးက ရာထူးတစ်နေရာအတွက် ပြိုင်ဆိုင်မှုလုပ်တားတယ်လို့ ကြားတယ်။ တပည့်တွေက အားကောင်းတယ်ဆိုလျှင် အကြီးအကဲတွေကိုတောင် စိန်ခေါ်နိုင်တယ်။” စုရှောင်မိုက ပြောလိုက်သည်။

လီဖေးက ပြောလိုက်၏။ “စီနီယာအစ်မကြီးနှင့် ဂျူနီယာညီလေးရီတို့ကလွဲလျှင် ဘယ်သူကများ အကြီးအကဲတွေကို သွားပြီ စိန်ခေါ်ဖို့ အားအင်ရှိမှာလဲ”

“ဒါကတော့ အမှန်ပဲ။”

စုရှောင်မိုသည် သူ၏ အတွေးများကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်သည်။ “ဘောလုံး မြန်မြန်ပေးတော့”

“ကောင်းပြီ။ ကောင်းပြီ”

သူတို့သည် ဘောလုံး ဆက်ကာ ကန်လျက် ရှိ၏။

………………..

ယွမ်သခင်လေးသည် ဂိုဏ်းကို အလုံးစုံ ပြန်လည်တည်ဆောက်နိုင်ရန်အတွက် ပြင်းပြင်းထန်ထန် အလုပ် ကြိုးစားလျက် ရှိ၏။ သို့ပေမဲ့ ရလဒ်ကိုတော့ အနာဂတ်မှသာ မြင်ရပေလိမ့်မည်။ သို့ပေမဲ့ သူ၏ လှုပ်ရှား ဆောင်ရွက်မှုများအားလုံးသည် အလွန်ကောင်းမွန်လှသည့် အစီအမံများဖြစ်ကြောင်းကိုတော့ ငြင်းပယ်ရန် ခက်ခဲလှသည်။

သူ့အနေနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဒုတိယဂိုဏ်းချုပ် ဖြစ်နေသည့်အချိန်တွင် ကြီးမားသည့် လုပ်ငန်းစဉ်များကို ဖန်တီးရန် ကြိုးစားခဲ့သည်ဆိုသော်လည်း အထက်ပိုင်းအကြီးအကဲများ၏ လျစ်လျူရှုခြင်း ကို ခံခဲ့ရ၏။ သူပြုလုပ်သည့် စည်းမျဉ်းစည်းကမ်းနှင့် အကြောင်းအရာများကို မည်သူကမျှ မနှစ်သက်ချေ။

“ငါ… ကိုယ့်ကိုကိုယ် စတေးပြီးတော့”

တောင်၏ထိပ်ပေါ်တွင် မတ်မတ်ရပ်လျက်ရှိနေသည့် ယွမ်သခင်လေး သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်၏။ “ပြိုင်စံရှားဂိုဏ်းကို အကြီးအကျယ်ဆုံး အမြင့်မြတ်ဆုံး ဂိုဏ်းတစ်ခုဖြစ်အောင် ကြိုးစားပေးရမယ်”

……………………………

ဂိုဏ်းသည် အလှည့်အပြောင်းများလျက်ရှိ၏။ ကျွင်းချောင်ရှောင်းသည် ထာဝရရွက်သင်္ဘောကြီးနှင့်အတူ အထက်စကြဝဠာဆီသို့ ပျံသန်းလာခဲ့၏။ ဤအတောအတွင်း သူသည် ထိုက်ရွှမ်အဘိုးအိုအား ခေါ်ဆောင် လာခဲ့ပြီး ကြယ်တာရာစိတ်ဝိညာဉ်လောက၏ ရွက်သင်္ဘောကြီးများ၏ တည်နေရာ ထောက်လှမ်းရေးစနစ်ကို သေသေချာချာ လေ့လာရန် မှာကြားလိုက်ခဲ့သည်။

ဝှစ်

ရွက်သင်္ဘောကြီးသည် တည်နေရာကို ဖြတ်သန်းနေပြီး အထက်စကြာဝဠာထဲသို့ ဝင်ရောက်ခဲ့၏။

“တောင်ပင်လယ်ပြင် နယ်မြေကိုသွားမယ်”

ဒွီ….

“တောင်ပင်လယ်နယ်မြေဆီသို့ ခရီးစဉ် သတ်မှတ်ပြီး ရွေ့လျားနေသည်”

ထာဝရရွက်သင်္ဘောကြီးသည် အလိုအလျောက် မောင်းနှင်းသည့်စနစ်ကို ပြောင်းလဲပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ထာဝရလောကကြီးဆီသို့ ပြန်လာခဲ့၏။ ပြီးနောက် နှင်းဆီဧကရီကို သွားရောက် တွေ့ဆုံကာ ပြောလိုက်၏။ “အင်ပါယာဝိညာဉ်နယ်မြေဆီကို သွားကြရအောင်”

အင်ပါယာမိုးကောင်းကင်နယ်မြေနှင့် ထာဝရလောကကြီးကြား ချိတ်ဆက်မှုကို ဖျက်ဆီးပစ်လိုက်သည် ဆိုသော်လည်း အင်ပါယာဝိညာဉ်နယ်မြေနှင့် ချိတ်ဆက်လျက်ရှိသည့် လေဝဲကြီးထဲမှာတော့ တည်ရှိလို့နေ သေးသည်။

“ဟူး”

နှင်းဆီဧကရီ ((ဟွာမင်ကွေ့) သည် သက်ပြင်းရှိုက်ကာဖြင့် ပြောလိုက်၏။ “သွားကြတာပေါ့”

အင်ပါယာ မိုးကောင်းကင်နယ်မြေမှ သိုင်းကျင့်ကြံသူများ ပြောသလိုဆိုလျှင် သူမသည် အဆင့်အနိမ့်ဆုံး အစိမ်းရောင်ဝိညာဉ် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် အင်ပါယာဝိညာဉ်နယ်မြေထဲသို့ ဝင်ရောက်ပြီးသည့်နောက် ခွဲခြား ဆက်ဆံခံရမည်ကို စိုးရိမ်ပူပန်နေမိသည်။

“ကျုပ် ရှိနေတယ်” ကျွင်းချောင်ရှောင်းသည် လေဝဲထဲသို့ ဝင်ခါနီးမှာပင် ရပ်တန့်ကာပြောလိုက်၏။

“……”

သူမ၏ ယောကျာ်းသည် လတ်တလောတွင် အလွန်လေးနက်ပြီး တင်းမာခက်ထန်လျက်ရှိ၏။ ထိုအရာသည် သူမ အတွက် အသားမကျသလို ဖြစ်လို့နေသည်။

“အင်ပါယာဝိညာဉ်နယ်မြေက ခင်ဗျားကို အနိုင်ကျင့်ရဲတယ်ဆိုလျှင် ကျုပ် သူတို့ကို ဖျက်ဆီးပစ်မယ်” ကျွင်းချောင်းရှောင်သည် ထပ်မံကာပြောလိုက်၏။ သူသည် အလွန်လေးနက်ပြီး တင်းမာခက်ထန်လျက် ရှိနေသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး အခြေအနေသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိ၏။

“ဘယ်သူလဲ”

စနစ်သည် ရုတ်တရက် ထအော်လိုက်သည် “ကုန်းရှန့်ကို ဘယ်သူ ဝင်စီးထားတာလဲ”

………………………………………….

အင်ပါယာဝိညာဉ်နယ်မြေ၏ လွတ်လပ်သော တိုက်ပွဲနယ်မြေဆီသို့ သွားရောက်သည့် လေဝဲတည်နေရာ မှာတော့ ထောင်နှင့်ချီသော သိုင်းကျင့်ကြံသူများ စုဝေးလျက်ရှိ၏။ “ထူးဆန်းလိုက်တာ ကျုပ်တို့ ဘာလို့ အထဲဝင်လို့မရတာလဲ”

“ကြည့်ရတာ အားကောင်းတဲ့ တစ်စုံတစ်ခုနဲ့ စည်းခတ်ထားတာ ဖြစ်မယ်”

အမဲရောင်လေဝဲကြီး ပေါ်ပေါက်လာကတည်းက အင်ပါယာဝိညာဉ်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် လွတ်လွတ်လပ်လပ်နှင့် ဝင်ထွက်သွားနိုင်စွမ်းရှိခဲ့၏။

“ချီးတဲ့မှ… အထဲမှာ စိတ်ဝိညာဉ် ကျောက်တုံးတွေ အများကြီးရှိတာလေ။ အင်ပါယာ မိုးကောင်ကင်နယ်မြေက လူတွေ အကုန်လုံးယူသွားပြီနဲ့ တူတယ်”

သို့ပေမဲ့ သူတို့မသိသည်မှာ အင်ပါယာမိုးကောင်ကင်နယ်မြေသည် အထဲရှိ စိတ်ဝိညာဉ်ကျောက်တုံးများကို မယူဆောင်နိုင်ရုံသာမက ၎င်းတို့ ဝင်ထွက်နိုင်စွမ်းရှိသည့် အမဲရောင်လေဝဲကြီးပါ ဖျက်ဆီးခံခဲ့ရခြင်းပင်။

ဒွီ………ဒွီ

ထိုအချိန်မှာတော့ လေဝဲနှင့်ချိတ်ဆက်ထားသည့် စည်းကြီးသည် ရုတ်တရက် တုန်ခါလာ၏။

ကျွင်းချောင်ရှောင်းသည် နှင်းဆီဧကရီနှင့်အတူ အပြင်ဘက်မှ လျှောက်ဝင်လာခဲ့၏။ တစ်ယောက်သည် ချောမောပြီး အခြား တစ်ယောက်မှာ သာမာန်ထက်ပိုကာ လှပ၏။ ထို့ကြောင့် ကောင်းကင်မှ ရွေးချယ်ပေးထားသည့် နတ်ဖက်ပေးထားသည့် စုံတွဲတစ်တွဲ ကဲ့သို့ပင်။

အင်ပါယာဝိညာဉ်နယ်မြေဆီမှ သိုင်းကျင့်ကြံသူများသည် ရုတ်တရက် ရောက်ရှိလာသည့် အမျိုးသားကို အမှတ်မထင် လှမ်းကာကြည့်ရှုလိုက်၏။ အမျိုးသမီးမှာတော့ သူတို့မျိုးနွယ်၏ အော်ရာများထွက်ပေါ်လျက် ရှိနေ၏။ ထို့နောက် ကြောင်အအဖြင့် ထအော်လိုက်မိသည်။ “အစိမ်းရောင်ဝိညာဉ်လား”

All Chapters