← Chapters

အခန်း ၁၇၂၉

Vol. 116 Ch. 1729

အခန်း ၁၇၂၉

Vol. 116 Ch. 1729

အပိုင်း(၁၇၂၉)

အင်ပါယာဝိညာဉ်နယ်မြေသည် ဝိညာဉ်ကိုသာ အလေးအနက်ထား၏။ ဤဝိညာဉ်များကို အစိမ်းရောင်ဝိညာဉ်၊ အပြာရောင်ဝိညာဉ်၊ ခရမ်းရောင်ဝိညာဉ်၊ အနီရောင်ဝိညာဉ်၊ အမဲရောင်ဝိညာဉ်၊ ရွှေဝိညာဉ်စသည်ဖြင့် ခွဲခြားထားသည်။ ပြောရမည်ဆိုလျှင် လူသားများ၌ ပင်ကိုယ်စွမ်းရည် စိတ်ဝိညာဉ်အမြစ် တည်ရှိနေသကဲ့သို့ ဝိညာဉ်၏ အရောင်သည် ပိုမိုကာ ထူထဲလေ ပိုမိုကာ တော်ဝင်ဆန်လေဖြစ်၏။

သို့ပေမဲ့ ဝိညာဉ်မျိုးနွယ်တို့၏ အရောင်အဆင်းသည် ၎င်းတို့၏ သန္ဓေစွမ်းအင်တစ်မျိူးဖြစ်ပြီး ပြောင်းလဲ၍မရချေ။ ထို့ကြောင့် အင်ပါယာဝိညာဉ်နယ်မြေတွင် ဝိညာဉ်များကို မတူညီသည့်အဆင့်အတန်းဖြင့် အဆင့်အတန်း အမျိုးမျိုးဖြင့် ခွဲခြားထားခဲ့ခြင်းသာဖြစ်၏။ ထိုဝိညာဉ်၏ အရောင်ကိုကြည့်ရှုလိုက်သည်နှင့် ထိုဝိညာဉ်ပိုင်ရှင်၏ အနာဂတ်သည် မည်သို့ရောက်နိုင်မည်ဖြစ်ကြောင်းကို တစ်ခါတည်း ဆုံးဖြတ်နို်င်စွမ်းရှိသည်။

ဥပမာအားဖြင့် အဆင့်နိမ့်ဆုံးဖြစ်သော အစိမ်းရောင်ဝိညာဉ် - ဤဝိညာဉ် မျိုးနွယ်သည် သေဆုံးရန်အတွက် မွေးဖွား လာခဲ့သည်ထက် ဘာမှမပိုလှချေ။ ၎င်းတို့သည် ကျေးကျွန် (သို့) အစေခံများအဖြစ်သာ ဖြစ်လာကြ၏။ ဝိညာဉ်၏ အရောင်သည် မည်သည့်အရောင်ကို ကိုယ်စားပြုသနည်းဆိုသော် သွေးမျိုးဆက်၏ သန့်စင်မှုနှင့်လည်း တိုက်ရိုက် ပတ်သက်လို့နေ၏။ ဤဝိညာဉ်၏အရောင် အဆင့်မြင့်လေ မျိုးနွယ်စုသိုင်းနည်းစနစ်များကို လေ့ကျင့်ရန်အတွက် ပိုမိုကာ လွယ်ကူလေဖြစ်သည်။

တချို့သော ဝိညာဉ်မျိုးနွယ်အဖွဲ့ဝင်များသည် ထူးခြားသော ဂုဏ်ပုဒ်များနှင့် မွေးဖွားလာခဲ့သူများဖြစ်သော်လည်း တချို့သောသူများမှာတော့ ကျေးကျွန်အဖြစ်သာ မွေးဖွားလာခဲ့၏။ ထိုအရာသည် လောကကြီး၏ နိယာမပင်။ ဤနိယာမတရားသည် မပြောင်းလဲနိုင်သည့် အစစ်အမှန် တည်ရှိမှုပင်ဖြစ်၏။

တော်ဝင်အဖြစ် မွေးဖွားလာခဲ့သူများမှာလည်း အကျိုးကျေးဇူးများ ရရှိကြ၏။ ၎င်းတို့သည် ထပ်မံ၍ ပိုမိုအားကောင်းစေရန်အလို့ငှာ အရင်းအမြစ်များကို သုံးစွမ်းနိုင်ရှိ၏။ အဆင့်နိမ့်ဝိညာဉ်ကိုသာ ပိုင်ဆိုင်သည့် သူများမှာတော့ လုံ‌လောက်သည့် သိုင်းကျင့်ကြံခြင်း အရင်းအမြစ်ကို အစကတည်းက ရရှိခဲ့ခြင်းမရှိချေ။ ထို့ကြောင့် ၎င်းတို့အားလုံးသည့် အားကောင်း လှပါသည်ဆိုသောသူများ၏ အစေခံအဖြစ် အသက်မွေးဝမ်းကြောင်းပြုကြရသည်။

“အစိမ်းရောင်ဝိညာဉ်ဟုတ်လား”

နှင်းဆီဧကရီ ၎င်းတို့၏မြင်ကွင်းဆီသို့ ပေါ်ပေါက်လာသည့်အချိန်မှာတော့ အင်ပါယာဝိညာဉ် နယ်မြေမှ လက်ရွေးစင်များ၊ ကျင့်ကြံသူများသည် ကြောင်အသွားခဲ့ကြ၏။

ဤဂြိုလ်ကြီးသည် ရှင်းလင်းလှသည့် စည်းမျဉ်းစည်းကမ်း တည်ရှိနေပြီး အဆင့်နိမ့်အစိမ်းရောင်ဝိညာဉ်များအနေဖြင့် တိုက်ခိုက်ရေး နယ်မြေထဲသို့ ဝင်ရောက်ခွင့်မရှိကြချေ။ သို့ပေမဲ့ တဖက်အမျိုးသမီးသည် အဘယ်ကြောင့် အဲနေရာဆီမှ ထွက်လာရသနည်း။ ပြီးတော့ တစ်ဖက်လူ - တစ်ဖက်လူသည် သူတို့၏ မျိုးနွယ်မဟုတ်ချေ။

“ထင်ထားသည့်အတိုင်းပဲကိုး”

နှင်းဆီဧကရီသည် နာကျင်စွာ ပြုံးလိုက်မိ၏။ ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများ၏ မျက်လုံးထဲတွင် ရှိနေသော အထင်အမြင်သေးသည့် အရိပ်အယောင်များကို မြင်ရသည့် အချိန်မှာတော့ သူမသည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိ၏။ ရောက်ရှိလာစဉ်က စိတ်ပိုင်းဆိုင်ရာတွင် ပြင်ဆင်ခဲ့ပြီးဖြစ်သော်လည်း လက်ရှိ ဆက်ဆံခံရမှုကို လက်တွေ့ကြုံနေရသည့် အချိန်မှာတော့ မည်မျှ အဆင်မပြေဖြစ်လိုက်သနည်းဆိုသည်ကို သူမ သာလျှင် နားလည်နိုင်၏။

ဟုတ်ပေ၏။ နှင်းဆီဧကရီသည် ဤတည်နေရာတွင်ရှိသော တစ်စုံတစ်ခုကို နားလည်နိုင်စေရန် မျှော်လင့်ချက်ဖြင့် ဤနေရာသို့ရောက်ရှိ လာခဲ့ခြင်းဖြစ်၏။ ဥပမာအားဖြင့် တူညီသည့်မျိုးနွယ်များ ဖြစ်သည်ဆိုလျှင် သူမနှင့် သူမ၏ မျိုးနွယ်ဖြစ်သော ဝိညာဉ်မျိုးနွယ်ကုန်းမြေတိုက်မှသူများသည် အဘယ့်ကြောင့် အောက်နယ်မြေတွင် နေထိုင်နေရသနည်း။

“အမှိုက်ကောင်”

လက်ရွေးစင်များထဲမှ တစ်ယောက်က အေးစက်စက် ပြောလိုက်၏ “ကျုပ်တို့ အင်ပါယာဝိညာဉ် နယ်မြေဆိုတာက လူသားတွေ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက် လုပ်လို့ရတဲ့နေရာမဟုတ်ဘူး။ ပြီးတော့ မင်း.. မင်းက အဆင့်နိမ့်ကျေးကျွန်”

ထိုသူသည် နှင်းဆီဧကရီကိုကြည့်ကာ ဆူငေါက်လိုက်သည်။ “မင်းက သူနဲ့ နီးစပ်နေတယ်။ ဒီတော့”

ဘုန်း

ပြော၍ပင် မပြီးချေ။ ပေါင်ထောင်ချီ လေးလံလှသော လက်သီးတစ်ချက်သည် ထိုသူ၏ ဝမ်းဗိုက်ဆီသို့ ကျဆင်း လာ၏။ လက်သီးချက်သည် ပြင်းထန်လွန်းသောကြောင့် ထိုသိုင်းကျင့်ကြံသူသည် ခန္ဓာကိုယ်တစ်ခုလုံး ကွေးညွတ်ကာဖြင့် အနောက်ဘက်အဝေးသို့ လွှင့်စင်သွား၏။ မျက်လုံးများသည် အပြင်ဘက်သို့ ပြုတ်ကျလာလု မတတ်ပင် ပြူးထွက်လျက်ရှိ၏ ။

ဘုန်း

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ၎င်းသည် ပေတစ်ထောင်အကွာအဝေးသို့ လွင့်စင်သွား၏။ ခန္ဓာကိုယ် တစ်ခုလုံးသည် တောင်နံရံထဲတွင် နစ်ဝင်လျက်ရှိပြီး ဆိုးဝါးပြင်းထန်လှသည့် နာကျင်မှုကို ခံစားနေရ၏။ သို့ပေမဲ့ သူသည် ထိုအရာများကို မခံစားနိုင်တော့ချေ။ သတိလစ်မေ့မြောသွားခဲ့တော့၏။ အရာအားလုံးသည် မြန်ဆန်စွာနှင့် ဖြစ်ပျက်သွားခဲ့ခြင်းပင်။

ပတ်ဝန်းကျင်တွင် ရှိနေသော ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများသည် သတိပြန်လည် ဝင်လာသည့်အချိန်မှာတော့ ကျွင်းချောင်းရှောင် သူ၏ လက်သီးကိုရုပ်ကာ အေးစက်စက် ပြောလိုက်သည်ကိုသာ ကြားလိုက်ရ၏။ “ပါးစပ် သွားဆေးထားစမ်း”

ဤစကားလုံး၊ ထို့အပြင် ခန္ဓာကိုယ်တစ်ခုလုံးဆီမှ ထွက်ပေါ်လာသည့် သတ်ဖြတ်လိုခြင်းအော်ရာများကို ခံစားကြည့်ရမည်ဆိုလျှင် ထိုသူသည် ငရဲခန်းဆီမှ ထွက်လျှောက်လာသည့် နတ်ဆိုးတစ်ကောင်ပင်။

“မင်းက သေလမ်းရှာနေတာပဲ”

အင်ပါယာ ဝိညာဉ်နယ်မြေမှ ကျွမ်းကျင်သူများသည် ဒေါသချက်ချင်း ထွက်သွား၏။ ခရမ်းရောင်၊ အနီရောင်နှင့် တခြားသော အလင်းတန်းများသည် ၎င်းတို့ဆီမှ ထွက်ပေါ်လာပြီး ကျွင်းချောင်ရှောင်ဆီသို့ တိုးလာ၏။ ၎င်းတို့၏ နယ်မြေတွင် ၎င်းတို့၏လူကို လာရောက်ရိုက်နှက်ခြင်းကို မည်သူက သည်းခံမည်နည်း။

ထို့အပြင် လေဝဲထဲမှ ထွက်လျှောက်လာသည့် လူသားတစ်ယောက်ပင်ဖြစ်၏။ ထိုအရာသည် အင်ပါယာ မိုးကောင်းကင်နယ်မြေဆီမှ သိုင်းကျင့်ကြံသူပင် ကျိန်းသေပေါက် ဖြစ်ရမည်။

“ဝိညာဉ်လက်ချောင်း”

“မြင့်မြတ်သောစည်းနည်းစနစ်”

ဟူး ဟူး

၎င်းတို့၏အဖော်အား လက်သီးချက် တစ်ချက်နှင့် လွင့်စင်သွားအောင် တိုက်ခိုက်လိုက်သည်ကို မြင်လိုက်ရပြီးနောက် ဤကောင်လေး၏ အားအင်အဆင့်သည် သာမာန်ထက်ပိုမှာသေချာ၏။ ထို့ကြောင့် အင်ပါယာ ဝိညာဉ်နယ်မြေမှ ထိပ်တန်းလက်ရွေးစင်ကျင့်ကြံသူများအားလုံးသည် သနားငြင်သာမှုကို မပြသဘဲ အဆုံးစွန်သော သိုင်းနည်းစနစ် များကို ထုတ်ဖော်ကာ တိုက်ခိုက်ကြ၏။ သိုင်းနည်းစနစ်မျိုးစုံတို့ကို ထုတ်ဖော်အသုံးပြုပြီဖြစ်သောကြောင့် တည်နေရာ တစ်ခုလုံးတွင် မတူညီသည့် ဝိညာဉ်အရောင်များ ပြည့်နှက်လျက်ရှိ၏။

“သွားစမ်း”

ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျွင်းချောင်းရှောင်သည် ကောင်ကင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်ကာဖြင့် တည်နေရာတွင် မတ်မတ်ရပ်လျက် ရှိသည်။ အင်ပါယာဝိညာဉ်နယ်မြေဆီမှ လက်ရွေးစင်သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် အနောက်ဘက်သို့ အကုန် လွှင့်စင်ကုန်၏။ သူ၏ အားအင်အဆင့်သည် နတ်ဘုရားလျို့ဝှက်နယ်မြေ ခြေတစ်လှမ်း အဆင့်သာ ရှိသော်လည်း မိုးကောင်ကင်နတ်ဆိုး သွေးများနှင့်ပေါင်းစပ်ပြီးနောက် သူ၏ အားအင်သည် ပိုမိုကာ အားကောင်းလာခဲ့သည်။

ဘုတ် ဘုတ်

အင်ပါယာဝိညာဉ်နယ်မြေမှ သိုင်းကျင့်ကြံသူတို့သည် မြေပေါ်သို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျကုန်၏။ ခြွင်းချက်မရှိချေ။ အားလုံးသောသူများသည် ကြမ်းတမ်းလှသည့် တိုက်ခိုက်မှုများကို မည်သို့မှ မခုခံနိုင်ဘဲ တခါတည်း သတိလစ်မေ့မြောကုန်၏။

ထိုအရာသည် ကျွင်းချောင်းရှောင်းအနေနှင့် သနားညှာတာစွာဖြင့် တိုက်ခိုက်ခြင်းဖြစ်၏ ။ အားကုန်ထုတ်ကာ တိုက်ခိုက်ခဲ့သည် ဆိုပါက အားလုံးသေဆုံးသွားမှာ သေချာသည်။ အနီးအနားတွင် စုစည်းလျက်ရှိနေသည့် ဝိညာဉ်ကျင့်ကြံသူသူ တစ်ထောင်ကျော် အားလုံးသည် ၎င်းတို့၏ အဖော်များ လွင့်စင်သွားသည်ကို မြင်လိုက်ရသည့် အချိန်မှာတော့ မျက်လုံးထဲတွင် ကြောက်လန့်မှုများ ဖြစ်တည်လာခဲ့၏။ ဤကောင်လေး၏ အားအင်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း လှချေသည်။

“သွားကြရအောင်” ကျွင်းချောင်ရှောင်သည် တည်ရှိနေသော သိုင်းကျင့်ကြံသူများကို တစ်ချက် လှမ်းကြည့်ကာ နှင်းဆီဧကရီနှင့်အတူ ထွက်ခွာသွားခဲ့၏။ ဖြစ်စဉ်တစ်ခုလုံးတွင် မည်သူကမှ ၎င်းတို့ဆီသို့ ဝင်ရောက်တိုက်ခိုက်ခြင်းကို မပြုလုပ်ရဲကြချေ။ အသက်ရှင်ရသည်မှာ ပိုမိုကောင်းမွန်သည်ဟူသော ခံစားချက်ကို အားလုံးက သိရှိပြီးဖြစ်၏။

“ဒီကောင်ဘယ်သူလဲ။ ငါတို့ မျိုးနွယ်တွေကို ထိခိုက်နာကျင်အောင်လုပ်ရဲတယ်။ ဒီကိုလာပြီး ပြဿနာရှာတာ သေချာတယ်။ မြန်မြန်.. အစောင့်အရှောက်မျှော်စင်ကို သတင်းပို့လိုက်တော့”

………………..

အင်ပါယာဝိညာဉ်နယ်မြေ၏ တည်နေရာ ပတ်ဝန်းကျင်နယ်မြေတစ်ခုလုံးသည် အင်ပါယာမိုးကောင်ကင်နယ်မြေနှင့် တူညီလျက်ရှိနေ၏။ ၎င်းတို့အားလုံးသည် အသက်ရှင်နေထိုင်သွားရန်အတွက် ကောင်းမွန်လှသည့် ဂြိုလ်ကြီးတစ်ခု အဖြစ် ရှိနေပြီး လှပသည့် တောင်များ၊ ချောင်းများနှင့် ပတ်ဝန်းကျင်ကောင်းကို ပိုင်ဆိုင်ကြ၏။ ကွာခြားသည်မှာ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများပင်။

ဤတည်နေရာ၌ ဝိညာဉ်စွမ်းအင်များသာလျှင် ရှိနေ၏။ လူသားများသည် ထိုအရာကို အာရုံခံ၍ရသည် ဆိုသော်လည်း ဤအရာများကို သန့်စင်၍ အသုံးပြုရန်မဖြစ်နိုင်ချေ။ လမ်းတလျောက်မှာတော့ နှင်းဆီဧကရီသည် ဦးခေါင်းကို ငုံ့ကာ မည်သည့်စကားကိုမျှ မဆိုချေ။

“ဒါ....”

ခဏလောက်ကြာပြီးသည့်နောက်မှာတော့ သူမသည် ရုတ်တရက် ရပ်တန့်ကာ ပြောလိုက်၏။ “ပြန်ကြစို့”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ကျွန်မက အစိမ်းရောင် ဝိညာဉ်လေ။ ဒီတော့ ရှင့်ကို ပြဿနာတွေ မတက်စေချင်ဘူး”

ကျွင်းချောင်းရှောင်သည် ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက် သူမကို အသာလှည့်ကြည့်ကာ ပြောလိုက်၏။ “ကျုပ်က ပြဿနာကို ကြောက်ရွံ့တတ်တဲ့ လူတစ်ယောက်လို့ ခင်ဗျား ထင်လို့လား”

“ဒီကောင် လေးနက်နေပြီ”

စနစ်က ပြောလိုက်သည်။ “ငါ ဘယ်လိုမှဆက်ပြီးမကြည့်နိုင်တော့ဘူး”

“ကျွန်မ... ကျွန်မကြောင့် ရှင်ထိခိုက်နာကျင်မှာ မဖြစ်စေချင်ဘူး” နှင်းဆီဧကရီက ပြောလိုက်၏။

ကျွင်းချောင်းရှောင်က ပြောလိုက်သည်။ “ကျုပ်ကလည်း ခင်ဗျားကို ထိခိုက်အောင်လုပ်တာမျိုး မမြင်ချင်ဘူး။ အထူးသဖြင့် ခင်ဗျားနဲ့ နီးစပ်ပါတယ်ဆိုတဲ့လောကကြီးက ခင်ဗျားကို ဖယ်ခွာပြီး ဆက်ဆံတာမျိုးကို မျက်နှာလွဲခဲပစ်နဲ့ မသိချင်ယောင်ဆောင်နေမှာမဟုတ်ဘူး”

နှင်းဆီဧကရီသည် အံ့အားသင့်စွာဖြင့် သူမ၏ ယောက်ျားကို ကြည့်ရှုလိုက်၏။ သူမသည် ပါးပြင်များပင်လျှင် နီးရဲသည် အထိ ရှက်သွေးဖြန်း သွားမိသည်။

“ချီးတဲ့မှ”

စနစ်က ပြောလိုက်၏။ “လေးနက်တည်ကြည်နေတဲ့အချိန်မှာ လက်ခံသူ၏ ခံစားချက်ပိုင်းဆိုင်ရာက အလိုလို တိုးလာတာမျိုးလား”

ဆွစ်

ရုတ်တရက် ကျွင်းချောင်းရှောင်သည် ရှေ့သို့ အသာတက်လှမ်းပြီးနောက် သူမကို လှမ်းဖက်လိုက်၏။ ပြီးနောက် ဆန်းကြယ်လှသည့် ခြေလှမ်းကွက်ကို အသုံးပြုကာဖြင့် ခပ်ဝေးဝေး တည်နေရာဆီသို့ ရွေ့လျားလိုက်သည်။

ဘုန်း

သူတို့ထိုနေရာမှဆီမှ ရွေ့လျားလိုက်သည့်အချိန်မှာပဲ ပေါက်ကွဲသံကြီး တစ်ခုက ဖြစ်တည်လာ၏။ လေနှင့်လှိုင်းများ သည် ထိုတည်နေရာတွင် တဝှီးဝှီးနှင့်ဖြစ်တည်နေ၏။

ကျွင်းချောင်ရှောင်သည် ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီး လှမ်းကြည့်လိုက်သည့် အချိန်မှာတော့ သူတို့ရပ်တန့်သည့်နေရာ၌ နက်ရှိုင်းလွန်းသော တွင်းကြီးတစ်ခုဖြစ်ပေါ်နေသည်ကို မြင်လိုက်ရ၏။ သူ၏ မျက်လုံးများသည် အေးစက်သွားသည်။

ကျွတ် ကျွတ် ကျွတ်

ကောင်ကင်ယံထက်တွင်တော့ ပန်းပုံများရေးထိုးထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် ဝိညာဉ်မျိုးနွယ် ကျင့်ကြံသူ တစ်ယောက်သည် ရွှေရောင်အလင်းတန်းများကို လက်ဝါးနှင့်စုစည်းကာ ပြောလိုက်၏။ “ ပြဿနာလာရှာရဲတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး။ မင်းဆီမှာ စွမ်းရည်တချို့တော့ရှိသေးတာပဲ”

ဟုတ်ပေသည်။ ဤလူသည် မြင့်မြတ်လှသော ရွှေရောင်ဝိညာဉ်ပင်ဖြစ်၏ သူ၏ အားအင်အဆင့်သည် မဆိုးလှချေ။ နတ်ဘုရားလျို့ဝှက်နယ်မြေ ခြေတလှမ်း သိုင်းကျင့်ကြံသူများ၏ အဆင့်နှင့် နှိုင်းယှဉ်၍ ရနိုင်သည်။

ကျွင်းချောင်းရှောင်သည် နှင်းဆီဧကရီကို ဘေးတစ်ဘက်သို့ အသာချကာ ပြောလိုက်၏။ “ခပ်ဝေးဝေးမှာနေ”

“ကောင်းပြီ” နှင်းဆီဧကရီသည် နောက်သို့ဆုတ်ခွာလိုက်၏။ သို့ပေမဲ့ သူမ၏ နှလုံးခုန်နှုန်းများသည် ချိုသာစွာဖြင့် မြန်ဆန်လို့နေသည်။

“ကောင်လေး”

ဝိညာဉ်စွမ်းအားမြင့် ကျင့်ကြံသူသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်၏။ “အစိမ်းရောင် ဝိညာဉ်နှင့်အတူ ငါတို့လောကကြီးကို ဝင်လာရဲတယ်။ ဒီတော့ ငါမေးမယ်။ မင်းကို ဘယ်သူက သတ္တိတွေ ပေးထားတာလဲ”

ချလွမ်

ရုတ်တရက် ဓားဆွဲထုတ်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက် အင်မော်တယ်ဓားသည် တစ်ဖက်လူ၏ လည်ကုပ် ပေါ်သို့ ရောက်ရှိသွားခဲ့၏။ တစ်ဖက်လူသည် တုံ့ပြန်ရန် အချိန်ပင် မရလိုက်ချေ။ ပြီးနောက် ကြောင်အအဖြင့် လက်ကိုမြှောက်ကာ ပြောလိုက်၏။ “ကျုပ်ကို ချမ်းသာပေးပါ သူရဲကောင်းကြီး”

“……”

နှင်းဆီဧကရီသည် ဆွံ့အသွားခဲ့၏။ သူမနှင့် သွေးမျိုးဆက်တူညီသော တစ်စုံတစ်ယောက်သည် ဤမျှကြောက်လန့်လို့ နေလေသည်။

အစစ်အမှန်အားဖြင့် ကြောက်လန့်နေသည်မဟုတ်ချေ။ သူမ၏ ယောက်ျားကသည်သာ အလွန်အားကောင်း နေသောကြောင့်ပင်။

ကျွင်းချောင်းရှောင်သည် ဤရွှေရောင်ဝိညာဉ်အား မသတ်ဖြတ်ခဲ့ချေ ။ ကြိုးနှင့်တုတ်ပြီးသည့်နောက် အနီးအနားရှိ လှိုဏ်ဂူထဲသို့ ပစ်ထည့်လိုက်၏။ ပြီးနောက် ပြောလိုက်၏။ “အင်ပါယာဝိညာဉ် နယ်မြေအကြောင်းကို ကျုပ် အားလုံး သိချင်တယ်။ အထူးသဖြင့် ခင်ဗျားတို့ မျိုးနွယ်မှာရှိတဲ့ သမိုင်းတွေ၊ ဒဏ္ဍာရီတွေ ၊ အချက်အလက် အကုန်လုံးပဲ”

All Chapters