အခန်း ၁၇၃၂
Vol. 116 Ch. 1732
အပိုင်း (၁၇၃၂)
“အစိမ်းရောင်ဝိညာဉ် ဖြစ်ရမယ်”
ဤစကားစုသည် ကျယ်လောင်ပြီး ရှင်းလင်းလွန်းလှ၏။ ဓာတ်တစ်ထောင် ဝိညာဉ်ဟုခေါ်သောအရာသည် ရေစက်ပါသောလူတစ်ယောက် အမွေဆက်ခံနိုင်ရန် မြို့ထဲတွင် စောင့်လျက် ရှိနေသည်ကို ကျွင်းချောင်ရှောင်းက ချက်ချင်းနားလည်သွားမိ၏။ သူသည် နှင်းဆီဧကရီကို လှည့်ကြည့်ကာဖြင့် ပြောလိုက်၏။ “ခင်ဗျားရဲ့အခွင့်အရေးက လာပြီ”
“ဒီလိုပဲ မျှော်လင့်ရတယ်” နှင်းဆီဧကရီသည် ရွှေရောင်ဝိညာဉ်အကြောင်းကို ဂရုမစိုက်ချေ။ သူမအနေနှင့် အဘယ့်ကြောင့် ဝိညာဉ်မျိုးနွယ်များသည် အောက်နယ်မြေတွင် သွားရောက်နေထိုင်ရသည်ဆိုသည့် အကြောင်းနှင့်ပတ်သက်၍ ပိုမိုကာ စိတ်ဝင်စားလျက်ရှိ၏။ သူမ ရရှိခဲ့သည့် သတင်းအချက်အလက်များသည် အလွန်ပင် ကြီးကျယ်များပြားလွန်းလှသည်။ ထိုအချင်းအရာကို အခြေခံရမည်လျှင် သူမ၏ ဘိုးဘေးသည် ဟွာချင်းရှင်းဖြစ်ပြီး သူ၏လူများကို လေ့ကျင့်ပေးနိုင်ရန်အတွက် လွင်တီးခေါင်နယ်မြေတွင် နေထိုင်ရန် ရွေးချယ်ခဲ့ခြင်းပင်။
ဝှစ်
ရုတ်တရက် ပုံရိပ်ယောင်သည် ပြိုလဲသွားခဲ့၏။ ကျွင်းချောင်ရှောင်းနှင့် နှင်းဆီဧကရီတို့သည် အဓိက ဟောခန်းထဲတွင် တည်ရှိလို့နေခဲ့၏။ သူတို့၏ အရှေ့တွင် တည်နေရာအလွတ်ကြီးတစ်ခုရှိပြီး လေထုထဲ တွင်တော့ အစိမ်းရောင်သလင်းတစ်ခုက ပေါ်ပေါက်လာခဲ့၏။ ထိုအရာသည် အသက်ဓာတ်များ ပြည့်နှက်လျက်ရှိနေသည့် အော်ရာများ ထွက်ပေါ်နေ၏။
“ဒါ ဓာတ်တစ်ထောင်အုပ်စိုးသူ ဝိညာဉ်လား”
ကျွင်းရှောင်ချောင်း ခန့်မှန်းလျက်ရှိနေတုန်းမှာဘဲ နှင်းဆီဧကရီ သည် ဘာမှန်းမသိသည့် စွမ်းအင်တစ်မျိုး၏ ဆင့်ခေါ်ခြင်းကို ခံလိုက်ရပုံပေါ်၏။ သတိလက်လွတ်နှင့် ရှေ့ဆီသို့ လှမ်းလျှောက်သွားခဲ့ပြီး သူမ၏ လက်များသည် အလင်းအတားအဆီးကို ကျော်ဖြတ်ကာဖြင့် သလင်း အမြူတေကို ထိကိုင်လိုက်သည်။
ဖောက်… ဖောက်…
သူမ၏ နှလုံးခုန်သံများသည် ပိုမိုကာ မြန်ဆန်လာခဲ့၏။ သူမအား အလင်းတန်းများက ဖုံးလွှမ်းလျက်ရှိနေပြီး သွေးကြောများကဲ့သို့ပင် ထိုအလင်းတန်းများသည် သူမ၏ ခန္ဓာကိုယ် နှင့် ပေါင်းစပ်သွားခဲ့၏။
ဝှစ်…. ဝှစ်…
အကန့်အသတ်မဲ့ အစိမ်းရောင်စွမ်းအင်များ ဖြစ်တည်လာခဲ့ပြီး လွင်တီးခေါင်ထဲတွင် ရှိနေသော မြို့ပျက်ကြီး၏ တံခါးမဆီမှ အပြင်ဘက်ဆီမှ ပျံ့နှံ့သွားသည်။
“ဒါက”
စုန့်တယ်ဟန် သည် ကြောင်အသွားခဲ့၏။ ရုတ်တရက်ပေါ်လာသည့် အော်ရာများသည် အဆင့်နိမ့် အစိမ်းရောင် ဝိညာဉ်ပိုင်ရှင်မှန်း သိသာလွန်းလှ၏။ သို့ပေမဲ့ အဘယ့်ကြောင့် သူ့အား အညံ့ခံချင်စိတ် ပေါ်လာစေသော စွမ်းအင်များ ပါဝင်နေရသနည်း။
ဘုတ်…
အဘိုးအိုသည် ဒူးထောက်ထိုင်ချလိုက်၏။ မျက်နှာပေါ်တွင် မျက်ရည်များတသွင်သွင်နှင့် စီးလျက်ရှိ၏။ “သခင်.. ခင်ဗျားရဲ့သုတေသနက နောက်ဆုံးမှာတော့ အကျိုးရှိခဲ့ပြီ။ အမွေဆက်ခံနိုင်မယ့် သွေးမျိုးဆက် ရောက်ရှိလာခဲ့ပြီ”
ဟောခန်းထဲတွင် ရှိနေသော သလင်းအမြူတေသည် ဟွာချင်းရှင်း တစ်ယောက် ရေတွက်၍ မရအောင် များပြားလှသော နှစ်များအတွင်း သုတေသန ပြုလုပ်ခဲ့သည့် ရလဒ်ပင်ဖြစ်၏။ ထိုအချိန်တုန်းက များပြားလှသည့် စမ်းသပ်မှုများသည် ပြည့်စုံခဲ့သည်ဆိုသော်လည်း မည်သူမျှ ထိုအရာကို အမွေဆက်ခံနိုင်ခြင်း မရှိခဲ့ချေ။
“ဘာသုတေသနတွေလဲ” စုန့်တယ်ဟန်သည် ဘေးတစ်ဖက်ဆီမှ ဝင်ကာ မေးမြန်းလိုက်၏။
အဘိုးအိုသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်သည်။ “ရွှေရောင်ဝိညာဉ်ထက် သာလွန်တဲ့အရာပေါ့”
စုန့်တယ်ဟန်၏ မျက်လုံးများသည် ပြူးထွက်သွား၏။“ဒါတရားဝင်မဟုတ်တဲ့ သမိုင်းမှတ်တမ်းတွေမှာ ရေးမှတ်ထားတဲ့အရာပဲ။ ဒါ အမှန်ပဲပေါ့”
ဝှစ်… ဝှစ်..
ထိုအချိန်မှာတော့ တခြားသော စွမ်းအားမြင့်အော်ရာများသည် ဟောခန်းထဲမှ ထွက်ပေါ်လာ၏။ မူလအားဖြင့် အစိမ်းရောင် ဓာတ်သဘာဝများနေရာတွင် ခရမ်းရောင်၊ အပြာရောင်၊ အနီရောင်၊ အမဲရောင်နှင့် တခြားသော အရောင်များ ဖြစ်တည်လာခဲ့၏။ ၎င်းတို့အားလုံးသည် ရောထွေးသွားပြီးသည့်နောက် သက်တန့်ရောင်စဉ် ကြီးတစ်ခု ဖြစ်တည်လာသည်။
ဘုတ်..
စုန့်တယ်ဟန် သည် မြေပေါ်သို့ ဒူးထောက်ထိုင်ချလိုက်၏။ သူသည် ခေါင်းကို ငုံ့ကာဖြင့် ဦးညွှတ်လျက်ရှိ၏။ သူ၏ မျက်လုံးထဲတွင်တော့ ကြောက်လန့်မှုများ၊ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေ၏။ ထိုထွက်ပေါ် လာခဲ့သည့် အရောင် ခုနှစ်ရောင်သည် သူ့အား အတင်းဒူးထောက်ကာ ဂါဝရပြုစေခဲ့၏။
ဟူး…ဟူး….
သက်တန့်အလင်းတန်းများသည် မြို့တစ်ခုလုံးကို ပြည့်နှက်လျက်ရှိ၏။ ထိုမျှပင် စိတ်မကျေနပ်သေးချေ။ ချက်ချင်းပဲ အချိန်တိုအတွင်း တောင်ကြားထဲမှ ထွက်ခွာကာဖြင့် အင်ပါယာဝိညာဉ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
အဆင့်မြင့်အစိမ်းရောင်ဝိညာဉ် (သို့မဟုတ်) တော်ဝင်ရွှေရောင်ဝိညာဉ်သည်သာမက ဘာမဆိုသည် ထိုအော်ရာများကို ခံစားလိုက်ရသည်ဆိုသည်နှင့်တပြိုင်နက် နဝမမြောက် ဂိတ်တံခါးရှိရာ အရပ်ဘက်သို့ ဒူးထောက်ကာ ဂါဝရပြုမှုကို ပြုလုပ်ကြ၏။
ဆွစ် ဆွစ်
တစ်ချိန်တည်းမှာပင် တခြားသော ဂိတ်တံခါးရှစ်ခုဆီမှ စွမ်းအားမြင့်ကျင့်ကြံသူများသည် ၎င်းတို့၏ မြို့များ အသီးသီးဆီမှ ပျံသန်းလာခဲ့ကြ၏။ ၎င်းတို့သည် အမြန်ဆုံးနှုန်းဖြင့် တောင်ကြားဆီသို့ ဦးတည်လာခဲ့ခြင်းပင်။ သူတို့သည် အလွန်ပင် အားကောင်းလှသည့်သူများဖြစ်သောကြောင့် အော်ရာများ၏ ဖိနှိပ်မှုကို လျစ်လျူရှု့ ထားနိုင်ကြသည်။
၎င်းတို့၏ အမှုအရာများသည်လည်း သာမန်ထက်ပိုမိုကာ လေးနက်နေ၏။ အထူးသဖြင့် ဂိတ်တံခါး ရှစ်ခုကို ဦးဆောင်သည့် ခေါင်းဆောင်များပင်ဖြစ်သည်။ ၎င်းတို့သည် ဂိတ်တံခါးရှစ်ခု၏ သမိုင်းကြောင်းကို သိရှိခဲ့ပြီးပြီ ဖြစ်ပြီး ကလန်၏ ဟောခန်းထဲတွင် များပြားလှသည့် ဘိုးဘေးကျင့်ကြံသူများ ချန်ခဲ့သည့် ဟွာချင်းရှင်း၏ စကားစုက တည်ရှိနေခဲ့သောကြောင့်ပင်။
“အင်ပါယာဝိညာဉ်နယ်မြေပေါ်မှ နတ်အလင်းတွေ တောက်ပလာတဲ့အချိန်ရောက်ရင် အားလုံးကို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မယ့် လူတစ်ယောက်ပေါ်လာလိမ့်မယ်။ ရှိသမျှလူအားလုံးက အညံ့ခံရမယ်”
ဤလူသည် တောင်စဉ်ရေမရ လျှောက်ကာပြောဆိုနေခဲ့သည်ဟု လူပေါင်းများစွာက ထင်မှတ်ခဲ့၏။ ထို့ကြောင့် သေသေချာချာ ဂရုမစိုက်ခဲ့ကြချေ။သို့ပေမယ့် ယနေ့မှာတော့ နတ်အလင်းများသည် ရုတ်တရက်ပေါ်ပေါက် လာခဲ့ပြီးနောက် အစစ်အမှန်ပင် ဖြစ်တည်လာခဲ့၏။
ဆွစ် ဆွစ်
ခဏလောက်ကြာပြီးသည့်နောက် နဝမမြောက်တံခါး၏ အပြင်ဘက်တွင်တော့ ကလန်ရှစ်ခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ ရောက်ရှိလာခဲ့၏။ ၎င်းတို့သည် လေထုထဲတွင် ပျံသန်းလျက်ရှိပြီး သက်တန့်ရောင်စဉ်များ ထွက်ပေါ်လျက်ရှိနေသည့် အဓိကဟောခန်းကြီးကို ငုံ့ကြည့်ကြ၏။ အားလုံး၏ မျက်လုံးထဲတွင် စိတ်ရှုပ်ထွေး သည့် အမူအရာများဖြစ်တည်နေသည်။
“သွားကြရအောင်” ပထမဦးဆုံးခေါင်းဆောင်သည် လေးနက်တည်ကြည်သည့် အကြည့်ဖြင့်ပြောလိုက်၏။
သို့ပေမဲ့ အားလုံးသောသူတို့ လှုပ်ရှားရန် ပြင်ဆင်လိုက်သည့်အချိန်မှာပင် ကျွင်းချောင်ရှောင်းသည် အဓိကဟောခန်းထဲမှ ထွက်လျှောက်လာပြီး မြို့၏ မျှော်စင်ရှေ့၌ မတ်မတ်ရပ်လိုက်၏။ သူကပြောလိုက်သည်။ “ဘယ်သူမှ မြို့ထဲကို ဝင်လို့မရဘူး”
“လူသားပါလား။ ဘယ်လိုဖြစ်ပြီးတော့ အင်ပါယာဝိညာဉ်နယ်မြေထဲကို ရောက်လာတာလဲ”
“ဟမ့်.. ဒါ ဘယ်သူ့နေရာလဲဆိုတာ မင်းမသိသေးဘူးလား” ဂိတ်တံခါး ရှစ်ခုဆီမှ စွမ်းအားမြင့်ကျင့်ကြံသူ များသည် ဒေါသကို မထိန်းနိုင်ခဲ့ကြချေ။ ဟွာချင်းရှင်း၏စကား အမှန်ဖြစ်တည်လာမည်ကို သူတို့က စိုးရွံ့မိ၏။ သို့ပေမယ့် ထို့ကြောင့် ဘာမှန်းမသိသည့်ကိစ္စရပ်မျိုး ဖြစ်တည်လာမည်ကို သူတို့ အလိုမရှိကြချေ။ ထိုအရာသည် သူတို့၏တည်ရှိမှုကို လှုပ်ခါနိုင်စွမ်းရှိနေသည့် အရာလည်းမဟုတ်ပါလား။ ထို့ကြောင့် အဓိက ဟောခန်းထဲသို့ ဝင်ရောက်ပြီး အထဲမှာ ဘာတွေဖြစ်နေသည်ဆိုသည်ကို ကြည့်ချင်မိ၏။
ဖောင်း
ကျွင်းချောင်ရှောင်းသည် သူ့၏ ရှေ့တွင် အင်မော်တယ်ဓားကို ထားပြီးသည့်နောက် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ ပြောလိုက်သည်။ “အထဲကို ဝင်တဲ့သူတွေ အကုန်လုံးက ခြွင်းချက်မရှိ သေဆုံးလိမ့်မယ်”
“လူရမ်းကား”
ဝှစ်…
ခေါင်းဆောင်ရှစ်ယောက်တို့သည် လက်များကိုမြှောက်လိုက်၏။ ရွှေရောင်ဝိညာဉ်စွမ်းအင်များ ထွက်ပေါ် လာခဲ့ပြီး ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးတစ်ခုအဖြစ်သို့ အသွင်ပြောင်းကာ ကျွင်းချောင်ရှောင်း ကို တိုက်ခိုက်တော့၏။ ဤအော်ရာနှင့် တိုက်ခိုက်နိုင်မှုသည် စုန့်တယ်ဟန် ထက်ပိုမိုကာ အားကောင်း၏။
ဝိညာဉ်ဘိုးဘေး၏ သားကိုးယောက်ဆီမှ အမွေဆက်ခံခဲ့သည် မျိုးဆက်များ ဖြစ်သည်နှင့်အညီ ၎င်းတို့သည် အင်ပါယာဝိညာဉ် နယ်မြေတွင် အားအကောင်းဆုံးသော ကျင့်ကြံသူများလည်း ဖြစ်ကြသည်။
ချလွမ်
ကျွင်းချောင်ရှောင်းသည် သူ၏ ဓားကို ဆွဲထုတ်ပြီးသည့်နောက် ထက်ရှလှသည့် ဓားအော်ရာများကို ထုတ်ဖော်ကာ ခုတ်ပိုင်းလိုက်၏။
ဇွိ
ဓားအလင်းများသည် ဖြတ်သန်းသွားခဲ့ပြီးနောက် လက်ဝါးရိုက်ချက်ကြီးကို ပိုင်းဖြတ်လိုက်၏။ ခေါင်းဆောင် ရှစ်ယောက်တို့သည် နောက်ခပ်လှမ်းလှမ်းသို့ ဆုတ်ခွာလိုက်သည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ဒေါသတရားများ၏အစား အံ့အားသင့်မှုများ ပြည့်နက်လာခဲ့၏။ အင်ပါယာဝိညာဉ်နယ်မြေ၏ လက်ဝါး ရိုက်ချက်ကို တဖက်လူသည် လွယ်လွယ်ကူကူဖြင့် ဖြေရှင်းခဲ့၏။ မည်မျှအားကောင်းလိုက်သနည်း။
ဝှစ်…ဝှစ်…
ထိုအချိန်မှာပဲ အဓိကဟောခန်းဆီမှ ထွက်ပေါ်လာသည့် သက်တန့်ရောင်စဉ် အလင်းများသည် ပိုပို၍ များပြားလာခဲ့ပြီး အင်ပါယာဝိညာဉ်နယ်မြေတစ်ခုလုံးမှ စွမ်းအားမြင့်ကျင့်ကြံသူများအား ပိုမိုကာ ဒူးထောက်၍ ဂါဝရပြုစေချင်ခဲ့၏။
ပထမဦးဆုံးခေါင်းဆောင်က အော်ဟစ်လိုက်သည်။ “အားလုံးပဲ .... အတူတူသွားရအောင်။ ငါတို့အရင် မြန်မြန်ဝင်မှဖြစ်မယ်”
“ကောင်းပါပြီ”
တခြားသော ခေါင်းဆောင်များကလည်း တုန့်ပြန်လိုက်ကြ၏။ ချက်ချင်းပဲ အလွန်အားကောင်းလှပါသည် ဆိုသော ဝိညာဉ်မျိုးနွယ် စွမ်းအားမြင့်ကျင့်ကြံသူရှစ်ယောက်တို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို အစွမ်းကုန်ထုတ်ဖော်ကာဖြင့် မြို့၏ မျှော်စင်ပေါ်တွင်ရှိနေသည့် လူသားကို အာရုံစိုက်လိုက်၏။ ဤပြဿနာကောင်ကို ကျိန်းသေပေါက် ရှင်းလင်းရပေမည်။
ဘုတ်….
ကျွင်းချောင်ရှောင်းသည် သူ၏ အင်မော်တယ် ဓားဦးထိပ်အား မြေပြင်နှင့် ထိလိုက်၏။ “အခွင့်အရေး အမွေအနှစ်ကို ဆက်ခံတဲ့ကိစ္စကို စိတ်ပူစရာမလိုဘူး။ ကျုပ်က ရှိသမျှ ပြဿနာတွေ အားလုံးကိုရှင်းမယ်။ လာခဲ့စမ်း”
သူသည်ခေါင်းကို မော့ကာဖြင့်ပြောလိုက်၏။ “တိုက်ခိုက်ကြမယ်”
ထိုအချိန်မှာတော့ မြို့၏ မျှော်စင်ပေါ်တွင် မတ်တပ်ရပ်လျှက်ရှိနေသည့် ကျွင်းချောင်ရှောင်းသည် ဝိညာဉ် မျိုးနွယ်မှ စွမ်းအားမြင့်ကျင့်ကြံသူ ရှစ်ယောက်တို့နှင့် အပြင်းအထန်တိုက်ခိုက်ရန် စီစဉ်နေပြီဖြစ်၏။ သူသည် အလွန့် အလွန် အလွန်တရာ လေးနက်လို့နေခဲ့သည်။
“သွားစမ်း” ပထမခေါင်းဆောင်က အော်ဟစ်လိုက်၏။
တခြားသော ခေါင်းဆောင် ခုနှစ်ယောက်တို့သည် တောက်ပလှသည့် ရွှေရောင်အလင်းတန်းများကို ထုတ်ဖော်ကာ ဖိနှက်ရိုက်နှက်ခြင်းကို ပြုမှု၏။ ကြမ်းတမ်း လွန်းလှသော စွမ်းအင်များသည် ပေါက်ကွဲထွက်လာပြီး အနီးအနားတွင် ရှိနေသည့် အဆောက်အဦများသည် မည်သို့မျှ မခံနိုင်တော့ပဲ ပြိုလဲကုန်သည်။
ဒွီး ဒွီး
ကျွင်းချောင်ရှောင်းသည် သူ၏လက်ကို ယမ်းခါပြီးသည့်နောက် အဓိကဟောခန်းကြီးကို အတားအဆီး အစီအရင် တစ်ခုဖန်တီးလိုက်၏။ ပြီးနောက် ဓားကိုကိုင်ကာဖြင့် ရှေ့ဆီသို့ လှမ်းတက်သွား၏။
“ကောင်းကင်ဘုံ”
စုန့်တယ်ဟန် သည် ထကာအော်ဟစ်လိုက်မိသည်။ “ဒီကောင် တကယ့်ကို ကြမ်းတာပဲ”
လူတစ်ယောက်တည်းနှင့် ခေါင်းဆောင်ရှစ်ယောက်ကို တိုက်ခိုက်လျှက်ရှိနေ၏။ ဤမြင်ကွင်းအား သူတစ်ခါမှ မြင်ရလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
“ရောင်းရင်းလေး”
အားစစ် ကအော်ဟစ်လိုက်၏။ “ကျုပ် မင်းကို ကူညီမယ်”
ဘုန်း…
ပြော၍မပြီးသေးခင်မှာပဲ ပထမခေါင်းဆောင်၏ လက်ဝါးရိုက်ချက်သည် သူဆီသို့ ကျဆင်းလာ၏။ လက်ဝါး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မြေပေါ်သို့ နစ်ဝင်သည်အထိ ပြုတ်ကျသွားခဲ့၏။ ပြီးနောက် သွေးများအန်ထွက်ကာ သတိလစ် မေ့မြောသွားသည်။
“……..”
စုန့်တင်ဟန် သည် စိတ်ထဲမှ ရေရွက်လျက်ရှိ၏။ ဒီ အဘိုးကြီးက သေချင်ယောင်ဆောင်နေတာပဲဖြစ်မယ်။ သို့ပေမဲ့ သူဘာလုပ်ရမည်နည်း။
“စုန့်တယ်ဟန်”
ထိုအချိန်မှာတော့ တတိယခေါင်းဆောင်က အော်ဟစ်လိုက်သည်။ “လုပ်လိုက်တော့”
“……….”
စုန့်တယ်ဟန် သည် မတ်တပ်ထရပ်လာ၏။ ပြီးနောက် ဘေးတဖက်တွင် ရှိနေသော အုတ်ခဲတစ်ခုကို ကောက်ယူကာဖြင့် နှောင့်နှေးခြင်းတချက်မရှိဘဲ သူ့ခေါင်းကို ထုနှက်လိုက်၏။ “အား… သွားပြီ”
ဘုတ်…
ပြီးနောက် မြေပေါ်သို့ လဲကျကာ သတိလစ်မေ့မြောသွားခဲ့သည်။ ဖြစ်စဉ်တစ်ခုလုံးသည် လုပ်ဆောင်ချက် တစ်ခုတည်းနှင့် ပြည့်စုံသွားခဲ့ပြီဖြစ်သည်။
ကျွင်းချောင်ရှောင်း၏ အားအင်အဆင့်ကို သိရှိပြီးသား ဖြစ်သော စုန့်တယ်ဟန် သည် လက်ရှိအခြေအနေမှာတော့ သေချင်ယောင်ဆောင်သည့် နည်းလမ်းကိုသာ ရွေးချယ်ခဲ့၏။ ဤအရာသည် သူ၏ အသက်ရှင်သန်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းပင်ဖြစ်လေ၏။
ဘုန်း…. ဘုန်း…
မြို့၏အထက် ကောင်းကင်ယံတွင်တော့ အမျိုးအစား စုံလှသော စွမ်းအင်များသည် မီးရှုးမီးပန်းများကဲ့သို့ပဲ ပေါက်ကွဲထွက်နေ၏။ ခေါင်းဆောင်ရှစ်ယောက်တို့သည် အပြင်းအထန်တိုက်ခိုက်လျက်ရှိနေသည်။
အဓိက ဟောခန်းထဲတွင် ဘာတွေဖြစ်နေသည်ဆိုသည်ကို သူတို့မရှိချေ။ ဤအတိုင်းသာ ဆက်လက်ကာလွှတ်ထား မည်ဆိုပါက ကျိန်းသေပေါက်သူတို့ပါ ဒုက္ခရောက်နိုင်၏။ ထို့ကြောင့် တားဆီးရပေလိမ့်မည်။ သို့ပေမဲ့ သူတို့၏ ရှေ့တွင် ရှိနေသော လူသားသည် နံရံတစ်ခုကဲ့သို့ ခိုင်ခံလွန်းလှပြီး အားကောင်းလှသည့် စွမ်းအင်များကို ထုတ်ဖော်ပြသနေ၏။ သူတို့လာသမျှလမ်းများအားလုံးကို စည်းခတ်ကာ တားဆီးထား၏။
“သေစမ်း”
ဝှစ်..
ဓားအလင်းတစ်ခုသည် ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ဖြတ်သန်းသွားပြီးသည့်နောက် မိုင်ပေါင်း သုံးသောင်း ကျော်သို့ပါ ရောက်ရှိကုန်၏။
ကြီးမားလှသည့် အဓိကဟောခန်းကြီးထဲမှာတော့ နှင်းဆီဧကရီသည် သူမ၏ ဘိုးဘေး ချန်ထားခဲ့သော အမွေအနှစ်ကို ဆက်ခံရယူနေ၏။ မြို့၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်း သည် ခေါင်းဆောင်ရှစ်ယောက်တို့နှင့် တစ်ယောက်တည်း တိုက်ခိုက်လျက်ရှိသည်။
ပြောရမည်ဆိုလျှင် တစ်ယောက် ကောင်းမွန်သည့် အမွေအနှစ်ကို ရရှိစေဖို့ အခြားတစ်ယောက်က အသက်ကို ရင်းကာ ကာကွယ်ပေးနေသည့် လိုက်ဖက်ညီလှသော စံပြ စုံတွဲတစ်တွဲလိုပင်။