← Chapters

အခန်း ၁၇၃၃

Vol. 116 Ch. 1733

အခန်း ၁၇၃၃

Vol. 116 Ch. 1733

အပိုင်း (၁၇၃၃)

ဘုန်း... ဘုန်း

စွမ်းအင်များသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲလျက်ရှိနေပြီး တခြားသောသူများ၏ မျက်လုံးများကိုပင် စူးရှစေခဲ့၏။

မြို့၏အပြင်ဘက်တွင်တော့ ကျွင်းချောင်ရှောင်းသည် သူ၏ဓားကို ကိုင်ဆောင်ကာဖြင့် ခေါင်းဆောင်ရှစ်ဦးတို့နှင့်တိုက်လျက်ရှိ၏။ သို့ပေမယ့် တစ်ချက်ကလေးမှ အောက်စည်းသို့မရောက်ခဲ့ချေ။

“အရမ်းအားကောင်းတယ်”

မြေပေါ်တွင် လဲလျောင်းကာ သတိမေ့ချင်ယောင်ဆောင်နေသည့် စုန့်တယ်ဟန် သည် မျက်လုံးကို အသာဖွင့်ကာဖြင့် တိုက်ပွဲကို ကြည့်ရှုလိုက်သည်။ သူ၏နှလုံးသားထဲရှိ အံ့အားသင့် ထိတ်လန့်မှုများသည် ပိုမိုကာ အားကောင်းလာခဲ့၏။

သေချင်ယောင်ဆောင်ခြင်း - သူသည် ထိုနေရာ၌ အလွန်တော်သည်။

“ဟမ်” ထိုအချိန်မှာပဲ စုန့်တယ်ဟန် သည် တွင်းထဲတွင် လဲလျောင်းလျက်ရှိနေသည့် အဘိုးအို ပျောက်ကွယ် သွားသည်ကို သိရှိလိုက်ရ၏။ ထို့ကြောင့် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် အလောတကြီး ကြည့်ရှု့လိုက်သည့်အချိန်မှာတော့ လုံခြုံရာတည်နေရာဆီသို့ တွားသွားကာဖြင့် မသိမသာ သွားနေသည့် အဘိုးအိုကို မြင်လိုက်ရ၏။

“ငကြောက်ပဲ” စုန့်တယ်ဟန် သည် အထင်အမြင်သေးစွာဖြင့်ပြောလိုက်မိသည်။

ဘုန်း..

ရုတ်တရက် စွမ်းအင်လုံးတစ်ခုသည် သူ၏ ခြေထောက်အောက်တည်နေရာနားဆီသို့ လာရောက်ကာ ပေါက်ကွဲ၏။ သူသည် ထိတ်လန့်တကြားဖြင့် မတ်တပ်ထရပ်ခဲ့ပြီး တွားသွားလျက်ရှိနေသည့် အဘိုးကြီးကိုပင် တက်နင်းကာဖြင့် လုံခြုံသည့် တစ်နေရာဆီသို့ ပြေးလေတော့သည်။ လုံခြုံသည့် နေရာဆီသို့ ရောက်သည့်အချိန်မှာတော့ အုတ်ခဲကိုကောက်ယူကာဖြင့် မိမိခေါင်းကိုထပ်မံကာထုနှံလိုက်၏။

ဘုတ်..

“ဘေးဖယ်စမ်း” ထိုအချိန်မှာတော့ အဘိုးအိုသည် တွားသွားကာရောက်ရှိလာပြီး ဘယ်သူမှ မကြားရအောင် တီးတိုးပြောဆိုလိုက်သည်။

စုန့်တယ်ဟန် သည် သူ၏ ခန္ဓာကိုယ်ကို အသာရွှေ့ပေးလိုက်၏။ ၎င်းတို့နှစ်ယောက်သည် မြေပေါ်တွင် ညီညီညာညာ လဲလျှောင်းပြီးသည့်နောက် အပြိုင်သေချင်ယောင်ဆောင်နေကြ၏။ ၎င်းတို့ လက်ရှိပုန်းအောင်းနေရာ တည်နေရာသည် လုံခြုံလှသောကြောင့် အပြင်ဘက်တွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲ၏ သက်ရောက်မှုကို မခံရတော့ချေ။

“သွားကြ.... သွားကြ... တိုက်ကြစမ်း”

အချိန်အတော်ကြာတိုက်ခိုက်ပြီး အောင်မြင်မှုကို မရသည့် အချိန်မှာတော့ ခေါင်းဆောင်ရှစ်ဦးတို့သည် ၎င်းတို့၏ အဖွဲ့သားများကို အလျင်အမြန်ဖြင့် ရှေ့သို့တိုးကာ တိုက်ခိုက်စေခဲ့၏။ ချက်ချင်းပဲ သိုင်းကျင့်ကြံသူ တစ်ရာကျော်နီးပါးတို့သည် ရှေ့ဆီသို့ လှမ်းတက်လာခဲ့ကြ၏။

“လူတွေများတော့ ဘာလုပ်လို့ရမှာလဲ”

ကျွင်းချောင်ရှောင်းသည် သူဆီသို့ရောက်ရှိလာသည့် သိုင်းနည်းစနစ် များကို ရှောင်ရှားလိုက်၏။ သူသည် အင်မော်တယ်ဓားကို ကောင်းကင်ပေါ်သို့ မြှောက်ကာဖြင့် အသာအော်ဟစ်လိုက်တော့၏။ “ကောင်းကင်ကြီးကို ပျံသန်း။ မြေပြင်ကို တုန်ခါအောင် လုပ်၍ အားလုံးကို ယှဉ်ပြိုင်နိုင်မည့် ပြိုင်စံရှားဂိုဏ်းသား”

“သူပြန်လာပြီးပဲ”

စနစ်သည် ပျော်ရွှင်စွာ ပြောလိုက်သည်။ “ဒါကမှ တကယ့် ကုန်းရှန့်ပဲ”

ဘုန်း....ဘုန်း...

အလင်းတန်းများ တစ်ခုပြီးတစ်ခုဖြစ်တည်လာခဲ့ပြီးသည့်နောက် မြို့၏ မျှော်စင်ပေါ်တွင် ဟောခန်းသခင်ကျိ သည် ခပ်မတ်မတ်ရပ်လျက်ရှိနေ၏။ သူ၏ ဂိုဏ်းဝတ်စုံသည် စုတ်ပြတ်သတ်လျက်ရှိနေပြီး ခန္ဓာကိုယ် တစ်ခုလုံးတွင် တောင့်တင်းခိုင်မာလွန်းလှသည့် ကြွက်သားများ အမြှောင်းမြှောင်း ထွက်ပေါ်လျက်ရှိပြီ အနီရောင်အတွင်းခံကိုသာ ဝတ်ဆင်ထား၏။

ပြိုင်စံရှားဂိုဏ်း၏ စိတ်ဝိညာဉ်သားရဲ ဟောခန်းသခင် - ဟောခန်းသခင်ကျိ

.........

အင်ဝါယာဝိညာဉ်နယ်မြေဆီမှ လက်ရွေးစင်တိုက်ခိုက်သူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့၏။ တစ်ဖက်လူ ရုတ်တရက်ပေါ်ပေါက်လာခြင်းအား သူတို့ အံ့အားမသင့်ကြချေ။ သို့ပေမယ့် တစ်ဖက်လူသည် အဘယ်ကြောင့် ဘာမှ မလုပ်ရသေးဘဲ အင်္ကျီများကို ဖောက်ခွဲပစ်ရသနည်း။

“ဝါး....”

ရုတ်တရက် ပျင်းရိလေးကန်စွာဖြင့် သန်းဝေလိုက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံး တို့သည် အလျင်အမြန်ဖြင့် ခေါင်းကို လှည့်ကာကြည့်ရှု့လိုက်သည့်အချိန်မှာတော့ မြို့၏ ဂိတ်တံခါးထိပ် တည်နေရာတွင် ထိုင်လျက်ရှိနေသည့် သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်လိုက်၏။ ထိုသူသည် လက်များကို အသာယှက်ကာ မတ်မတ်ရပ်လျက် ရှိ၏။ ထိုသူ၏ အနောက်ဘက်တွင် ကျောက်အခေါင်း တစ်ခုက တည်ရှိနေ၏။ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။

ဘန်း...ဘန်း..... ဘန်း....

၎င်းအပြင် ကုန်စွန့်ဟုန့်၊ ပိုင်လီချင်းချောင်နှင့် ဖြူမဲညီနောင်တို့လည်း ပါဝင်၏။ မြင်ကွင်းကို ကြည့်ရှု့ ရမည်ဆိုလျှင် အားလုံးတို့သည် ကြီးမားလွန်းလှသော ဟိတ်ဟန်ကိုထုတ်ဖော်ကာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ကျွင်းချောင်ရှောင်း အမိန့်ပေးလိုက်သည့်အချိန်တွင် ပြိုင်စံရှားဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများ အားလုံး သည် တစ်ယောက်ပြီးတစ်ယောက် အလိုလိုပေါ်လာခဲ့၏။

တစ်စုံတစ်ယောက်က မေးမြန်းစရာရှိသည်မှာ ဤကဲ့သို့ အစစ်အမှန်ရှာဖွေခြင်းအဆင့် ကျင့်ကြံသူများသည် နတ်ဘုရားလျှို့ဝှက်နယ်မြေ ခြေလှမ်းဝက်အဆင့် ခေါင်းဆောင်များနှင့် မည်ကဲ့သို့ ယှဉ်ပြိုင် တိုက်ခိုက်ရမည်နည်း။

သို့ပေမဲ့ ကုန်းရှန့်သည် သူ၏ အကြီးအကဲများကို ခေါ်ဆောင်လိုက်ခြင်းမှာ ခေါင်းဆောင်များနှင့် တိုက်ခိုက်ရန်မဟုတ်ချေ။ ထိုခေါင်းဆောင်များမှ အမိန့်ပေးလိုက်သည့် ကလန်သားများနှင့် တိုက်ခိုက်ရန်ပင်ဖြစ်တော့၏။

ပြိုင်စံရှား ဂိုဏ်း၏ ထိပ်တန်းအကြီးအကဲများ ထွက်ပေါ်လာသည့်အချိန်မှာတော့ ခေါင်းဆောင်ရှစ်ဦး၏ မျက်နှာများ သည် ပျက်ယွင်းသွားကြ၏။ ဤသူများ မည်သည့်အချိန်က ရောက်ရှိလာရသနည်း။

ဆွစ်..

ကျွင်းချောင်ရှောင်းသည် သူ၏ဓားအား ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများဆီသို့ ညွှန်ကာဖြင့် အေးစက်စက် ပြောလိုက်၏။ “မြို့နားကို ကပ်လာရဲလူမှန်သမျှ အသတ်ခံရမယ်”

သူသည် လေးနက်နေတဲ့အချိန်မှာတော့ ဂိုဏ်းချုပ်တစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ခမ်းနားပြီးကြီးကျယ်လွန်းလှသည့် အော်ရာများကို အဆက်မပြတ် ထုတ်လွှတ်လျက်ရှိနေသည်။

အားလုံးသောသူများသည် ထိုအချင်းအရာကို ကြည့်ရှု့ပြီး သည့်နောက် ကြက်သီးများပင် ထလျက်ရှိ၏။

ဘုတ်...

ခရမ်းရောင်ဘုရင်သည် ရှေ့သို့ လှမ်းတက်လိုက်၏။ သူသည် အသည်းပုံ ရေးထိုးထားသော ပန်းရောင် လက်ဝှေ့အိတ်ကို ဝတ်ဆင်ထားနှင့်ပြီးဖြစ်သည်။ “ဘယ်သူပဲလာလာ သေမယ်”

ယွမ်သခင်လေး သည် စည်းမျဉ်းသစ်တစ်ခုကို ကြေညာခဲ့သည်။ ထို့ကြောင့် သူသည် ဤရက်ပိုင်းအတွင်း အလွန်ဒုက္ခများစွာဖြင့် ကြိုးစားနေသည်။ မကျေနပ်ဘူး ဆိုလျှင်တောင်မှ သူသည် ယွမ်ဖန်အား သွားရောက် ရိုက်နှက်၍မရချေ။ ထို့ကြောင့် ယခုတိုက်ခိုက်ရမည့်သူများအား ယွမ်ဖန်အဖြစ် သဘောထားကာ သူ၏ ဒေါသများကို ဖြေလျော့ရပေလိမ့်မည်။

ယုစီနန်၊ ကုန်းစွန့်ဟုန့် နှင့် တခြားသောသူများသည် တည်ငြိမ်လျက်ရှိနေကြ၏။ ၎င်းတို့သည် လက်ပိုက်ကာဖြင့် မြို့၏ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်လိုက်ကြသည်။ ဝိညာဉ်မျိုးနွယ်စွမ်းအားမြင့် ကျင့်ကြံသူများနှင့် ရင်ဆိုင်နေသည့်အချိန်မှာတော့ ၎င်းတို့သည် အလုံးစုံသောမောက်မာမှုများကို ပြသနေ၏။

မည်သူလာရဲသနည်း။ လာသမျှလူအားလုံးတို့သည် သေဆုံးသည်အထိ ရိုက်နှက်ခံရပေလိမ့်မည်။

“ဘာကိုစောင့်နေကြတာတုန်း”

ပထမဦးဆုံးခေါင်းဆောင်က အော်ဟစ်လိုက်၏။ “ရှေ့ကို တက်ပြီး သတ်ကြတော့”

သူနှင့်တခြားသော ခေါင်းဆောင် ခုနှစ်ယောက်တို့သည် ကျွင်းချောင်ရှောင်းကို အစောကြီးတည်းက ထိန်းသိမ်း ထားနိုင်ပြီးဖြစ်၏။ လက်ရှိအခြေအနေတွင် မြို့ထဲသို့ မဝင်သည်ဆိုပါက မည်သည့်အချိန်တွင် သွား၍ ဝင်ကြမည်နည်း။

“သတ်ကြ...”

ခေါင်းဆောင်ရှစ်ဦးတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်လွှင့်ကာဖြင့် မြို့ဆီသို့ ပျံသန်းလာ၏။ သူတို့သည် ကျွင်းချောင်ရှောင်းကို ဉီးတည်တိုက်ခိုက်ရင်း သူတို့၏လူများကို အထဲသို့ ဝင်ရောက်ခွင့်ရရန် ပြုလုပ်ပေးလိုက်ကြ၏။

ဘုန်း...

ထိုအချိန်မှာတော့ မြို့၏ဂိတ်တံခါးရှေ့တွင် မတ်တပ်ရပ်လျက်ရှိနေသော ခရမ်းရောင်ဘုရင်သည် လေဟာနယ် ထဲသို့ လက်သီးနှင့် ထိုးနှက်လိုက်၏။ သူ၏ရှေ့တွင် ရှိနေသော တည်နေရာကြီးတစ်ခုလုံးသည် တွန့်လိမ်သွား ပြီးသည့်နောက် ဒါဇင်နှင့်ချီသော သိုင်းကျင့်ကြံသူများသည် အနောက်ဘက်သို့ လွင့်စင်ကုန်သည်။

စုန့်တယ်ဟန် သည် တုန်လှုပ်သွား၏။ “အဲလောက်အားကောင်းတာလား”

ဆွစ်….

မြို့၏ ဂိတ်တံခါးထက်တွင် တည်ရှိနေသော ယုစီနန် သည် လက်များကို ဖွင့်ဟကာဖြင့် အောက်သို့ခုန်ချ လိုက်၏။ လေထဲသို့ ရောက်သည့်အချိန်မှာတော့ သူသည် ချက်ချင်းပဲ တည်နေရာကြီးကို တွန့်လိမ်အောင် ဖန်တီးပြီးသည့်နောက် သိုင်းကျင့်ကြံသူများအားလုံးကို ဝင်ရောက်ကာတိုက်ခိုက်သည်။

“တည်နေရာစွမ်းအင်ကို ပိုင်ဆိုင်တဲ့ သို်ငးကျင့်ကြံသူလား။ ကောင်းကင်ဘုံ... အံ့အားသင့်စရာပဲ”

တခြား ပွဲကြည့်မည့်သူများမရှိသောကြောင့် သေချင်ဟန်ဆောင်လျက်ရှိနေသည့် စုန့်တယ်ဟန် တစ်ယောက်တည်းသည်သာ ကြည့်ရှု့နေရ၏။ သူသည် အံ့အားတသင့်ဖြင့် တစ်ခုပြီး တစ်ခု ရေရွတ်လျက် ရှိနေ၏။

အတိုချုပ်အားဖြင့် ပြောရမည်ဆိုလျှင် ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲများအားလုံးသည် ဟိတ်ဟန် ကောင်းကောင်းနှင့် ရောက်ရှိလာခဲ့သည်ဆိုသော်လည်း တကယ်ပင်ကောင်းမွန်လှသည့် စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသနေကြသည်။

ဝှစ်...ဝှစ်....

ထိုအချိန်မှာပဲ သဲစိတ်ဝိညာဉ်ကို ပိုင်ဆိုင်သော ကုန်းစွန့်ဟုန့်သည် စတင်ကာ လှုပ်ရှားတော့၏။ ကောင်းကင်နှင့်မြေကြီး၏ ဓာတ်သဘာဝများအားလုံးသည် လေထဲတွင် စုဝေးကာ တက်လာခဲ့ပြီးသည့်နောက် သဲမှုန်များအဖြစ်သို့ပြောင်းလဲကာ မြို့၏ အပြင်ဘက်တွင် တည်ရှိနေသည့် သိုင်းကျင့်ကြံသူများကို သဲမုန်တိုင်းကြီးအဖြစ် ဖြစ်တည်စေ၏။

“ရှေ့ကိုတက်ကြ” ပထမခေါင်းဆောင်သည်အော်ဟစ်လိုက်သည်။

“............”

၎င်းတို့၏ နောက်လိုက်များသည် ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲများကို ကြောက်ရွံ့ကြသည်ဆိုသော်လည်း ၎င်းတို့၏ ခေါင်းဆောင်ဆီမှ အမိန့်ကို လက်ခံရရှိပြီးသည့်နောက် သေရင်သေပါလေ့စေဆိုသော စိတ်ထားမျိုးကို ထားကာ ရှေ့ဆီသို့လှမ်းတက်ကာတိုက်ခိုက်ကြ၏။

ဆွစ်

ထိုအချိန်မှာပဲ ခရမ်းရောင်ဘုရင်သည် မြို့၏ ဂိတ်တံခါးဘက်ဆီမှ ခုန်ထွက်လာခဲ့ပြီးသည့်နောက် သူ၏ ညာဘက်လက်ကို ဆန့်တန်းကာဖြင့် သိုင်းကျင့်ကြံသူတစ်ယောက်၏ လည်ကုပ်ကို ဖမ်းဆုပ်လိုက်၏။ ပြီးနောက် တစ်ခါတည်း ဖောက်ခွဲကာ သတ်ဖြတ်ပစ်လိုက်တော့၏။ ပြီးသည့်နောက် သူသည် တစ်ခြားသော သူများကို ဝင်ရောက်ကာတိုက်ခိုက်နေ၏။ တစ်စုံတစ်ယောက်ကို တိုက်ခိုက်ချိန်တိုင်းတွင်လည်း သူသည် အော်ဟစ်လျက် ရှိနေသည်။ “ယွမ်ဖန်... ခွေးတိရိစ္ဆာန်”

ဘုန်း ဘုန်း ဘုန်း

ဟောခန်းသခင်ကျိသည် ယွမ်ဖန်အပေါ်တွင် ထားရှိသော ဒေါသတရားများအား တစ်ဖက်လူများ အပေါ် ပုံချကာဖြင့် ပြင်းပြင်းထန်ထန် ထိုးနှက်တိုက်ခိုက်လျက် ရှိ၏။

ဟုတ်ပေသည်။ ဝိညာဉ်မျိုးနွယ် သိုင်းကျင့်ကြံသူများသည် ဤအတိုင်းရပ်၍ ကြည့်ရှုမနေခဲ့ကြချေ။ ၎င်းတို့၏ သိုင်းကျင့်ကြံခြင်းနည်းစနစ် များကို ထုတ်ဖော်ကာဖြင့် လက်နက်မျိုးစုံကို ကိုင်စွဲကာ ဝင်ရောက် တိုက်ခိုက်ကြသည်။

ဘုန်း....

ဆွစ် ဆွစ် ဆွစ်

ပိုင်လီချင်းချောင် သည် ဆန်းကြယ်လှသော ခြေလှမ်းကွက်များကို အသုံးပြု၍ ဟောခန်းသခင်ကျိ၏ ဘေးနားသို့ရောက်ရှိလာ၏။ သူ၏လက်ထဲတွင် သစ်သားလှီးသည့်ဓားတစ်ခုက ပေါ်ပေါက်လာသည်။ ပြီးနောက် တည်နေရာအနှံ့ဆီသို့ သွေးများ လွင့်စင်သွား၏။

ဘုတ်.. ဘုတ်....ဘုတ်..

ဝိညာဉ်မျိုးနွယ်သိုင်းကျင့်ကြံသူ ဆယ်ယောက်ကျော်တို့သည် မြေပေါ်သို့ လဲကျသွားခဲ့၏။ ၎င်းတို့၏ လည်ကုပ်ပေါ်တွင်တော့ သေးငယ်လှသော ဓားရာလေးတစ်ခုစီက တည်ရှိနေ၏။ အချိန်တိုအတွင်းပဲ ဝိညာဉ်မျိုးနွယ် ဆယ်ယောက်ကျော်တို့သည် သေဆုံးသွားခဲ့ခြင်းပင်။ နတ်ဆိုးသတ်ဖြတ်သူ သုံးယောက်ထဲမှ တစ်ယောက် ဖြစ်သည်နှင့်အညီ ပိုင်လီချင်းချောင်၏ တိုက်ခိုက်မှုသည် အမှန်ပင် ရက်စက် ပြတ်သားလွန်းလှသည်။

“သတ်ကြ.... သတ်ကြစမ်း”

၎င်းတို့၏ အဖော်များ သေဆုံးကုန်သည်ကို မြင်ရသည့်အချိန်မှာတော့ ဝိညာဉ် မျိုးနွယ် သိုင်းကျင့်ကြံသူများ သည် အလွန်အမင်း ဒေါသထွက်ကုန်၏။ ခွေးရူးများကဲ့သို့ပင် ရှေ့သို့ လှမ်းတက်လာခဲ့ပြီး တစ်ဖက်သူများကို အသေသတ်နိုင်ရန် ကြိုးစားကြ၏။

ဆွစ် ဆွစ် ဆွစ် ဆွစ်

ဖြူမဲညီနောင်တို့သည် မြို့ထဲမှ ပျံသန်းလိုက်ပြီးသည့်နောက် ရန်သူများကို ဝင်ရောက်ကာ လျင်လျင်မြန်မြန်ဖြင့် တိုက်ခိုက်အဆုံးသတ်နေ၏။ တိုက်ပွဲသည် အလွန်ကြမ်းရမ်းလွန်းလှသလို သတ်ဖြတ်မှုများသည်လည်း အလွန်မြန်ဆန်သည်။

ညနေ နေဝင်ချိန်ကို ရောက်ရှိသည့်အချိန်မှာတော့ ယုစီနန်၊ ကုန်းစွန်းဟုန့်နှင့် တခြားသောသူများသည် မြို့၏ ဂိတ်တံခါးရှေ့တွင် မတ်မတ်ရပ်လျက်ရှိနေပြီး တိုက်ခိုက်မှုတည်နေရာကြီးထဲတွင်တော့ ရေတွက်၍ မရအောင် များပြားလှသော အလောင်းများနှင့် ပြည့်နှက်နေလေ၏။ သွေးများသည် ချောင်းကဲ့သို့ စီးဆင်းနေ၏။

“စိတ်ကျေနပ်စရာပဲ”

ခရမ်းရောင်ဘုရင်သည် ခါးထောက်ကာဖြင့် ပြောလိုက်သည်။ “ယွမ်ဖန် ... ဒါက သောက်ရမ်း စိတ်ကျေနပ်ဖို့ ကောင်းတယ်ကွာ”

All Chapters