← Chapters

အခန်း ၁၇၃၄

Vol. 117 Ch. 1734

အခန်း ၁၇၃၄

Vol. 117 Ch. 1734

အပိုင်း (၁၇၃၄)

အထက်စကြဝဠာ နယ်မြေထဲသို့ လှည့်လည်လျှောက်သွားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် များပြား လှသည့် ဂြိုလ်များကို ဖြတ်သန်းရင်း အရင်းအမြစ် များစွာကိုလည်း ရရှိခဲ့၏။ အထူးသဖြင့် ၎င်း၏ အရင်းအမြစ်များ ပေါကြွယ်လွန်းသည့် ရွှမ်ယွမ်နယ်မြေကြီးကို ရရှိခဲ့ခြင်းပင်။

ယွမ်သခင်လေး သည် တောင်ထွတ်များ၏ သိုင်းပြိုင်ပွဲကို အစီအစဉ် ချမှတ်ခဲ့သူဖြစ်သောကြောင့် ပြိုင်စံရှား ဂိုဏ်းတပည့်များအားလုံးသည် ဘာမှလုပ်စရာမရှိသည့် အခါမျိုးတွင် ၎င်းတို့၏ ကျင့်ကြံခြင်း အဆင့်တိုးတက်ရန်သာ အထူးကြိုးစားလျက်ရှိ၏။

အထူးသဖြင့် အကြီးအကဲများပင် ဖြစ်သည်။ ၎င်းတို့အားလုံးသည် အရင်းအမြစ်များကို အမှီအခိုပြုပြီးသည့် နောက် လက်ရှိအချိန်တွင် အစစ်အမှန် ရှာဖွေခြင်း ထိပ်ဆုံးအဆင့်သို့ပင် ချိုးဖြတ်ရောက်ရှိလုနီးပါး ရောက်နေ ကြ၏။ အထက်နယ်မြေတစ်ခုလုံးသည် ဤကဲ့သို့သော အဆင့်ဆိုသည်မှာ ကြီးမြတ်သူ တုံးကုနှင့် မာဆာနိုကီတာနိုတို့နှင့်ပင် နှိုင်းယှဉ်၍ ရသည့်အဆင့်မျိုး ဖြစ်သည်။

ထို့ကြောင့် ဂိုဏ်း၌ အလကား နေထိုင်ပြီးရန်မသင့်ပေ။ ယနေ့ အင်ပါယာ ဝိညာဉ်နယ်မြေထဲသို့ ရောက်ရှိပြီးသည့်နောက် ၎င်းတို့သည် အစစ်အမှန်ပင် ရောက်ရှိလာကာ အစွမ်းပြရပေလိမ့်မည်။

အရေအတွက်နှင့် နှိုင်းယှဉ်ရမည်လား။ ပြိုင်စံရှားဂိုဏ်းသည် အလုံးစုံ အားနည်းလိမ့်မည်မဟုတ်ချေ။ အားအင် အဆင့်နှင့် နှိုင်းယှဉ်ရမည်လား။

ပြိုင်စံရှားဂိုဏ်း၌ ရှိနေသော အားလုံးသော သူတို့သည် ထူးချွန်ထက်မြတ်သူများသာ ဖြစ်၏။ ထို့ကြောင့်ပင် လျှင် ခေါင်းဆောင် ရှစ်ဦးတို့သည် ကျွင်းချောင်ရှောင်း နှင့် ရင်ဆိုင်နေရင်းမှ ၎င်း၏ ကလန်သာများအား မြို့ထဲသို့ ဝင်ရောက် တိုက်ခိုက်ရန် စီစဉ်ခဲ့သည်ဆိုသော်လည်း ထိုလူများအားလုံးသည် ယုစီနန်နှင့် တခြားသောသူများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။ အထဲသို့ ဝင်လာသည့်မည်သူမဆို သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိကုန်၏။

အချက်အလက်အားဖြင့် ဤအရာသည် ပြိုင်စံရှားဂိုဏ်း၏ တိုက်ခိုက်မှုစွမ်းအင် အစိတ်အပိုင်း အသေးငယ် လေးသာ ရှိနေသေး၏။ လုချင်းချင်း၊ ရှီရှင်းချန်တို့ကဲ့သို့သော အတွင်းစည်းတပည့်များအားလုံးသည် ယခု ရောက်ရှိနေသည့် အကြီးအကဲများထက် မည်သို့မှ အားမနည်းလှချေ။

ကျွင်းချောင်ရှောင်းအနေဖြင့် တပည့်များကို မစေလွှတ်ခဲ့ချေ။ သို့ပေမဲ့ ဂိုဏ်း၏အကြီးအကဲများကိုသာ တိုက်ရိုက်ဆိုသလိုပဲ စေလွှတ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် အဓိကဟောခန်းထဲတွင် ရှိနေသော နှင်းဆီဧကရီကို အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်သောကြောင့်ပင်။

လူတစ်ချို့က တွေးတောထား သည်မှာ ပြိုင်စံရှားဂိုဏ်းချုပ်သည် အလွန်တရာ စိတ်ဓာတ်တင်းမာကြံ့ခိုင်လွန်း လှပြီး မိန်းမကိစ္စနှင့် ပတ်သက်လျှင် တည်ကြည်သူတစ်ယောက်ဟု သတ်မှတ်ကြ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ နှင်းဆီဧကရီအတွက်ဆိုလျှင် သူသည် လောကကြီးတစ်ခုလုံးကို ရန်သူပြုလုပ်ရန် အဆင်သင့်ရှိလို့နေ၏။

ဤတည်နေရာသည် အင်ပါယာဝိညာဉ်နယ်မြေ၏ တည်နေရာတစ်ခုဖြစ်သောကြောင့် များပြားလှသော ကျင့်ကြံသူများ တည်ရှိနေ၏။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်းဘက်၌လည်း များပြားလှသော လူအင်အားများ တည်ရှိနေ၏။ ထို့အတူ ထာဝရလောကကြီး၌ တည်ရှိနေသော ကျောက်ရုပ်ထုမျိုးနွယ်ကလန်၊ နဂါးကလန်နှင့် တခြားသောကလန်များသည် များပြားစွာလည်း တည်ရှိနေသေး၏။ ယခု ပုဂ္ဂလိကကိစ္စရေးဖြစ်သောကြောင့် သာ သူသည် ထိုသူများကို ခေါ်ထုတ်ကာ မတိုက်ခိုက်ခိုင်းခြင်းဖြစ်သည်။

…………………….

မြို့၏ မျှော်စင်ပေါ်မှာတော့ ယုစီနန်နှင့် တခြားသောသူများသည် ဟန်ရေးပြလျက်ရှိနေ၏။ ၎င်းတို့၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိသည့် သံမဏိစိတ်ဓာတ်၏ အရှိန်အဝါများသည် မြို့တစ်ခုလုံးကို ပျံ့နှံ့လျက်ရှိပြီး သေချင်ယောင်ဆောင်လျက်ရှိသည့် စုန့်တယ်ဟန်နှင့် အဘိုးအိုတို့ကိုပင် ထိတ်လန့်တုန်လှုပ်စေခဲ့၏။ ဤလူများသည် အမှန်ပင်ကြောက်ရွံ့စရာကောင်း၏။

“ချီးတဲ့မှ” ခေါင်းဆောင်ရှစ်ယောက်တို့သည် စွမ်းအင်ကင်းမဲ့သလို အော်ဟစ်လိုက်ကြ၏။ ၎င်း၏နောက်လိုက် များသည် မျက်စိရှေ့တွင်ပင်လျှင် တစ်ယောက်ပြီး တစ်ယောက်သတ်ဖြတ်ခံလိုက်ရသည်ကို မြင်နေရသော်လည်း မည်သို့မှ မကူညီနိုင်ကြချေ။ ၎င်းတို့သည် ရှစ်ယောက်ပေါင်းကာ တိုက်ခိုက်နေရသော်လည်း ရှေ့မှလူသားအား အနိုင်မယူနိုင်ခဲ့ချေ။

ကျွင်းချောင်းရှောင်သည် ဝိုင်းပတ်၍တိုက်ခိုက်ခံနေရသည့် ပုံစံပေါ်သော်လည်း အစစ်အမှန်တရားမှာတော့ တဖက်လူများသည် သူ့အား ဘာတစ်မှ မပြုလုပ်နိုင်ကြချေ။

ဘုန်း ဘုန်း

ကောင်းကင်လက်ဝါးရိုက်ချက်သည် ပြင်းထန်စွာ ဖြစ်တည်လာခဲ့ပြီးသည့်နောက် ခေါင်းဆောင် ရှစ်ယောက် တို့အား နောက်ဘက်သို့ ဆုတ်ခွာသွားစေ၏။

ကျွင်းချောင်းရှောင်သည် မြို့၏ မျှော်စင်ရှေ့တွင် မတ်မတ်ရပ် ပြီးနောက် အေးစက်စက် ပြောလိုက်သည်။ “လိမ်လိမ်မာမာနဲ့ မြို့၏အပြင်ဘက်ကိုသွားကြ။ ပြီးတော့ ခင်ဗျားတို့ နတ်ဘုရား ဆင်းသက်လာမှာကို စောင့်နေစမ်း”

သူ့အနေနှင့် လူပေါင်းများစွာကို မသတ်ဖြတ်ချင်ပေ။ ထို့ကြောင့် ငြိမ်ငြိမ်သက်သက်နေ၍ ကောင်းကောင်းမွန်မွန် သာ အပြင်ဘက်တွင် ရပ်နေမည်ဆိုပါက နှစ်ဦးနှစ်ဘက် အဆင်ပြေစေနိုင်မည့် ကိစ္စမဟုတ်ပါလား။

…………………………………………

ခေါင်းဆောင်ရှစ်ဦးတို့၏ မျက်နှာမှာတော့ အလွန်တရာ ပျက်ယွင်းသွားခဲ့ကြ၏။ ပထမ၌ သူတို့သည် မြို့၏ အဓိကဟောခန်းထဲမှ ထွှက်ပေါ်လာခဲ့သည့် စွမ်းအင်လှိုင်းများကို တားဆီးရန် ပြင်ဆင်ခဲ့ကြ၏။ ထိုစွမ်းအင်လှိုင်းများသည် ကြောက်မက်ဖွယ်ရာကောင်းလှပြီး ၎င်းတို့အား ဒူးထောက်ကာ ဦးညွတ် စေသည်အထိ ဖိအားပေးခဲ့၏။သို့ပေမဲ့ များပြားလှသည့် ဝိညာဉ်မျိုးနွယ်ကျင့်ကြံသူများ သေဆုံးခဲ့ပြီးပြီ ဖြစ်သောကြောင့် ၎င်းတို့အနေနှင့် နောက်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ ဤရန်ကြွေးမှာ ကြီးမားလှချေသည်။

“အားလုံးပဲ”

တတိယခေါင်းဆောင်မှ တီးတိုး ပြောလိုက်၏ “ဒီအခြေအနေက အန္တရာယ်များတယ်။ ဒီတော့ ကျုပ်တို့ ဂရုမစိုက်ဘဲနေလို့မရဘူး”

ကြည့်ရသည်မှာ ဤအရာသည် လျှို့ဝှက်စကားကို ပြောဆိုလိုက်သည်နှင့် တူညီ၏။ တခြားသော လူခုနှစ်ယောက်တို့သည် အတွေးနက်သွားကြသည်။

ဝှစ် ဝှစ်

ထိုအချိန်မှာပင် အဓိကဟောခန်းထဲမှ ထွက်ပေါ်လျက်ရှိသည့် သက်တန့်ရောင်စဉ်များသည် ပိုမိုကာ‌တောက်ပ လာခဲ့၏။ အားလုံးသော သူတို့သည် ပိုမိုကာ စိုးရွံ့လာခဲ့ကြသည်။ ချက်ချင်းပဲ ၎င်းတို့၏ အတွေးများကို ဖယ်ရှားကာဖြင့် သံပြိုင်ဆိုသလို ပြောလိုက်ကြ၏။ “လုပ်ကြမယ်ကွာ”

ဝှစ် ဝှစ်

ခေါင်းဆောင်ရှစ်ယောက်တို့သည် တခါတည်း စုစည်းလိုက်ကြ၏။ အရှေ့မှာ နှစ်ယောက်၊ အနောက်မှာ နှစ်ယောက်၊ ဘေးဘယ်ညာဆီမှ နှစ်ယောက်ဆီနှင့် နေရာယူကြ၏။ ထိုအခြင်းအရာကို မြင်သည့်အချိန် မှာတော့ ကျွင်းချောင်းရှောင်က စိတ်ဝင်စားသွားမိ၏။ “သူတို့က ဝှက်ဖဲကိုသုံးတော့မှာလား”

“ဖြစ်နိုင်တာက”

စုန့်တယ်ဟန်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့၏။ ခေါင်းဆောင်ရှစ်ယောက်တို့သည် အစီအရင် ပုံစံအတိုင်း နေရာယူနေသည်ကို မြင်ရသည့်အချိန်မှာတော့ သေချင်ယောင်ဆောင်လျက်ရှိသည့် သူသည် ချက်ချင်းပင် ရုတ်တရက် ထကာဖြင့် အနောက်ဘက် ခပ်လှမ်းလှမ်းဆီသို့ ထပ်ဆုတ်လိုက်သည်။

သို့ပေမဲ့ ဘေးတစ်ဘက်တွင် ရှိနေသော အဘိုးအိုသည် သူ့ထက်ပင်မြန်ဆန်လို့နေလေ၏။ ချက်ချင်းပဲ သူ၏ နောက်ဆီသို့ ရောက်ရှိလာ၏။

…………………………

“တစ်ခုခု မှားနေပြီ” မြို့၏မျှော်စင်ပေါ်မှာ ယုစီနန်က မျက်မှောင်ကုတ်လိုက်သည်။

ကုန်းစွန်းဟုန့်က ပြောလိုက်၏။ “ဒီလူတွေက တကယ့်ကို အသေ တိုက်ကွက်တွေကို ထုတ်ဖော် လာတော့မှာပဲ”

“ဟမ့်”

ခရမ်းရောင်ဘုရင်သည် အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “ဒါ.... အမှိုက်တွေသာသာပဲလေ။ သူတို့က ဘယ်လိုလုပ် အသေတိုက်ကွက်တွေ ထုတ်နိုင်မှာလဲ”

“ကောင်လေး”

ထိုအချိန်မှာတော့ ပထမ ခေါင်းဆောင်သည် အေးစက်စက်ပြောလိုက်၏။ “ဒါ အင်ပါယာ ဝိညာဉ်နယ်မြေရဲ့ ကိစ္စပဲ။ မင်းတို့အပြင်လူတွေ ပါဝင်ပတ်သက်တာ အဓိပ္ပာယ်မရှိဘူး။ မင်းတို့အသက်ရှင်ချင်ရင် ဒီကနေ ထွက်သွားတော့”

ရွှပ် ရွှပ် ...။

ပြောပြီးချင်းမှာပဲ ခေါင်းဆောင်ရှစ်ယောက်တို့သည့် ၎င်းတို့၏လက်များကို မြှောက်ပြီးသည့်နောက် တစ်ယောက်၏ ပုခုံးပေါ်သို့ တစ်ယောက်က လက်တင်လိုက်၏။ မျက်လုံးများသည် ရွှေရောင်အလင်းများ တောက်ပလာခဲ့ပြီး သံပြိုင်ဆိုသလို အော်ဟစ်လိုက်၏။ “ဘိုးဘေးကြီး... ကောင်းချီးပေးပါ။ ဂိတ်တံခါးရှစ်ခု ပေါင်းစပ်ခြင်း”

ဝှစ် ဝှစ်

ချက်ချင်းပင် မြို့၏ ကောင်းကင်ယံတွင် ရွှေရောင်များတောက်ပလာခဲ့ပြီး ကြမ်းတမ်းလွန်းလှသည့် စွမ်းအင်လှိုင်းများသည် တည်နေရာကို ဖြတ်သန်းကာ ကျဆင်းလာသည်။

ဘုန်း ဘုန်း .... ။

ပြိုင်စံရှားဂိုဏ်း ကာကွယ်ထားသည့် မြို့ကြီးတစ်ခုက လွှဲလျှင် နဝမမြောက်ဂိတ်မြို့ကြီးတည်ရှိရာ တောင်ကြားကြီးတစ်ခုလုံးသည် ချက်ချင်းပင်ပြိုလဲပျက်စီးကုန်၏။ တောင်များပျက်စီးပြီး မြေပြင်များ သည်လည်း အက်ကွဲလာ၏။

တချိန်တည်းမှာပင် ရွှေရောင်အလင်းတန်းများသည် တဖြည်းဖြည်း အားပျော့လာပြီး ကြီးမားလှသည့် ရွှေရောင်ခန္ဓာကိုယ်တစ်ခုလုံးသည် လေထုထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။ ၎င်းသည် ရွှေရောင်ကဲ့သို့ ဝင်းဝါလျက်ရှိနေပြီး ပုံရိပ်ယောင် ဗုဒ္ဓရုပ်ထုကြီး တစ်ခုပင်။

လုံခြုံသည့် တည်နေရာတွင် ပုန်းအောင်းလျက်ရှိနေသည့် စုန့်တယ်ဟန် သည် မျက်လုံးများ ပြူးထွက်လာမိသည် “ဘိုးဘေးကြီး ပေါ်လာပြီပဲ”

ဘိုးဘေးကြီးသည် ဂိတ်တံခါးကိုးခုပေါင်းစပ်ခြင်း ဆိုသည့် သွေးမျိုးဆက်နှင့် အသက်သွင်း နိုးထနိုင်သည့် စွမ်းအားမြင့် နည်းစနစ်တစ်ခုကို ဖန်တီးခဲ့၏။ မျိုးနွယ်စုများအနေနှင့် သေရေးရှင်ရေး အခြေအနေကို ကြုံခဲ့မည်ဆိုလျှင် ဤစွမ်းအင်ကို ထုတ်ဖော်ကာ အသုံးပြုနိုင်စွမ်းရှိနေ၏။ ဤစွမ်းအင်သည် သမိုင်းမှတ်တမ်း များတွင်သာ ရေးမှတ်ထားခဲ့၏။ မျိုးဆက်သစ်များအနေဖြင့် ထိုအရာကို တစ်ခါမျှ အသုံးမပြုခဲ့ဖူးချေ။

ဟုတ်ပေ၏။ လက်ရှိအချိန်မှာတော့ နဝမမြောက် ဂိတ်တံခါး၏ ခေါင်းဆောင် လိုအပ်လျက်ရှိ၏။ ထို့ကြောင့် ဂိတ်တံခါးရှစ်ခုသာ ပေါင်းစပ်၍ ရသည်ဟု သုံးသပ်၍ရပြီး ပြည့်စုံလှသည့် အရာတော့မဟုတ်ချေ။

“ထင်ထားသည့်အတိုင်းပဲကိုး”

ကျွင်းချောင်းရှောင် သည် ဆွံ့အလျက်ရှိနေ၏။ “ဒါတကယ်ပဲ ပေါင်းစပ်နိုင်တာပဲ”

အချက်အလက်အားဖြင့် ခေါင်းဆောင်ရှစ်ယောက်တို့ အတူတူ မတ်တပ်ရပ်လိုက်ချိန်တွင် ဤအရာသည် ပေါင်းစပ်နိုင်သည့် ဝှက်ဖဲတစ်ခုဖြစ်နိုင်မည်ဟု သူက ကြိုတင်ကာ သုံးသပ်ခဲ့ပြီးသားဖြစ်၏။ ထို့အပြင် နှင်းဆီဧကရီသည်လည်း ၎င်းတို့နှင့်တူညီသည့် မျိုးဆက်ဖြစ်ပြီး သူနှင့်ပူးပေါင်းနိုင်သည် မဟုတ်ပါလား။

“သေစမ်း” ခေါင်းဆောင်ရှစ်ယောက်တို့၏ နောက်၌ရှိနေသော ဓမ္မပုံရိပ်ယောင်ကြီးဆီမှ အသံထွက်ပေါ်လာ၏။

၎င်းသည် ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီးကို ဆန့်ထုတ်ကာ မြို့ကြီးပေါ်သို့ ရိုက်နှက်လိုက်၏။ ကြီးမား လှသည့် ခန္ဓာကိုယ်ကို အသုံးပြုပြီးသည့်နောက် ရိုက်ချလိုက်သည်ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းနှင့် အခြားသောသူများသည်သာမက အဓိက ဟောခန်းကြီး တစ်ခုလုံးသည်ပါ ပျက်စီးမည့် အခြေအနေမျိုးကို ရောက်ရှိလာသည်။

စုန့်တယ်ဟန်နှင့် အဘိုးအိုတို့သည် ယုန်ကဲ့သို့ လျင်မြန်စွာ ထွက်ပြေးသွားသည်မှာ အံ့အားသင့်စရာ မရှိခဲ့ချေ။ အစစ်အမှန်ပင် အမြင်အာရုံစူးရှလွန်းခဲ့ကြ၏။

ဝှစ် ဝှစ်

မြို့၏ ဂိတ်တံခါးရှေ့တွင် ကျွင်းချောင်ရှောင်းက မတ်မတ်ရပ်လျက်ရှိ၏။ သူသည် ကောင်းကင်လက်ဝါး ရိုက်ချက်ကို ထုတ်ဖော်လိုက်၏။ သို့ပေမဲ့ ကြီးမားလှသည့် လက်ဝါးရိုက်ချက်ကြီး ကျဆင်းလာသည်ကို ကြုံရသည့်အချိန်မှာတော့ ၎င်းသည် ထိုအရာကြီးကို မတားဆီးနိုင်ခဲ့ချေ။ တစ်ယောက်ချင်း တိုက်ခိုက်မည် ဆိုပါက ခေါင်းဆောင်ရှစ်ယောက်တို့သည် သူ၏ပြိုင်ဘက်မဟုတ်ချေ။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ နတ်ဘုရားစွမ်းရည်၏ ထောက်ပံ့မှုနှင့်အတူ ရှစ်ယောက် ပူးပေါင်း တိုက်ခိုက်ခဲ့သည် ဖြစ်သောကြောင့် အဆင့် တစ်ဆင့် ပိုမိုကာ မြှင့်တက်သွားခဲ့သည်။

“ကောင်လေး... မင်းက တူတစ်ခုကိုဘဲ ချိုးလို့ရတယ်။ တူရှစ်ချောင်းကိုတော့ ချိုးလို့ရမှာမဟုတ်ဘူး။ ဒီသဘောတရားကို ငယ်ငယ်တုန်းက မင်းအမေ မသင်ပေးခဲ့ဖူးလား” ခေါင်းဆောင်ရှစ်ယောက်တို့ဆီမှ အသံများသည် ဓမ္မပုံရိပ်ယောင်ကြီးမှ ထွက်ပေါ်နေ၏။ ထိုစကားစုများသည် လှောင်ပြောင်သည့် အရိပ်ငွေ့များ ပါဝင်လျက်ရှိ၏။

ဝှစ်

ထိုအချိန်မှာပဲ ကျွင်းချောင်းရှောင်သည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာဖြင့် ကောင်းကင်ပေါ်သို့ ခုန်တက်လိုက်၏။ သူသည် ကျဆင်းလာသည့် လက်ဝါးရိုက်ချက်ကြီးကို အသာကိုင်ထား၏။ မျက်လုံး များသည် နီရဲလျက်ရှိပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

“လုံလောက်သည့် အားအင်မရှိရင်တော့ မချိုးဖျက်နိုင်ဘူးပေါ့။ ဒါပေမဲ့ ရှိတယ်ဆိုရင်တော့ ဘယ်လောက်များပြားတဲ့တူတွေပဲဖြစ်ဖြစ် ချိုးနိုင်တယ်”

ဝှစ် ဝှစ်

ကြမ်းတမ်းလှသည့် အော်ရာများသည် သူ၏ခန္ဓာကိုယ်ဆီမှ ရူးရူးမူးမူး ထွက်ပေါ်နေ၏။ သူ၏ မျက်နှာနှင့် အသားအရေတို့သည် သွေးကဲ့သို့ နီရဲသွား၏။

ကုန်းစွန်းဟုန့်သည် ဆွံ့အသွားမိ၏။ ခေါင်းဆောင်သည် ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက်ကို အသက်သွင်းခဲ့သည်ဖြစ်ကြောင်း သေသေချာချာ အာရုံခံမိ၏။ သို့ပေမဲ့ တဖက်လူ၏ အသားအရေသည် အဘယ့်ကြောင့် ကျောက်ရုပ်ထုကဲ့သို့ မပြောင်းလဲသွားရသနည်း။ ထူးဆန်းလှသည့် အော်ရာများကို ဆက်တိုက်ထုတ်ဖော်လျက်ရှိနေသေးသည်။

ဘန်း

ကျောက်ရုပ်ထုမျိုးနွယ်ကလန်၏ သွေးမျိုးဆက် အသက်ဝင်သည့်အချိန်၌ မိုးကောင်းကင်နတ်ဆိုးသွေး များကလည်း ပေါင်းစပ်ပါဝင်လျက်ရှိ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ အင်္ကျီစများသည် ရုတ်တရက် ပွင့်ထွက်သွားခဲ့၏။ သူ၏ သာမန်အားကောင်းလွန်းလှသော ကြွက်သားများပေါ်တွင် ထူးဆန်းလှသည့် အရေးအကြောင်းများ ဖြစ်တည်လာခဲ့၏။ မျက်လုံးများသည် အလွန်အမင်း နီရဲလာခဲ့ပြီး ငရဲခန်းမှ လှမ်းလျှောက်ထွက်လာခဲ့သော သွေးဆာလွန်းနေသည့် နတ်ဆိုးတစ်ပါးကဲ့သိုပင်။

“ဟမ့် ... ကပ်စေးနည်းယွမ်”

ခရမ်းရောင်ဘုရင်က ထအော်လိုက်၏။ “ဂိုဏ်းချုပ် သူ့အင်္ကျီကို ဖောက်ခွဲလိုက်ပြီ။ ဘယ်လို ဒဏ်ရိုက်မလဲကြည့်လိုက်ချင်သေးတယ်”

All Chapters