အခန်း ၁၇၃၅
Vol. 117 Ch. 1735
အပိုင်း (၁၇၃၅ )
ကျွင်းချောင်းရှောင်သည် တိုက်ခိုက်ရန်ဆုံးဖြတ်ချက် ချပြီးသည့်နောက် အဝတ်အစားများကို ဖောက်ခွဲထုတ်လိုက်သည်။
ထိုကဲ့သို့ပြုလုပ်မည်ဟု ခရမ်းရောင်ဘုရင်က မထင်မှတ်ခဲ့ချေ။ သို့ပေမယ့် ဂိုဏ်းချုပ်သည် တကယ်ပဲ ခေါင်းဆောင်ရှစ်ယောက်တို့၏ ရွှေရောင်ဓမ္မပုံရိပ်ကြီးနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အင်္ကျီများ စုတ်ပြတ်သတ်အောင် ပြုလုပ်ခဲ့၏။
ဂိုဏ်းချုပ်၏ ကြွက်သားများသည် သူနှင့် ရှောင်ကျီတို့လောက် တောင့်တင်းခိုင်မာလှခြင်း မရှိသော်လည်း အလုံးစုံ အချိုးအစား ကျနလှသည်။
ဟုတ်ပေသည်။ ဤအရာမှာ အရေးမကြီးချေ။ အရေးကြီးသည်မှာ သွေးမျိုးဆက်ကို အသက်သွင်းပြီးသည့်နောက် သူ၏တိုက်ခိုက်နိုင်မှုစွမ်းရည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် အမြန်နှုန်းဖြင့် တိုးတက်လာခဲ့ခြင်းပင်။
ဝှစ် ဝှစ်
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် နီရဲလျက်ရှိနေ၏။ ၎င်းသည် ငရဲခန်းထဲမှ သက်ဝင်နှိုးထလာခဲ့သည့် နတ်ဆိုးကြီး တစ်ပါးကဲ့သို့ပင်။ အထူးသဖြင့် နီရဲလှသည့် သွေးနီရောင် အော်ရာများသည် ၎င်း၏ ခန္္ဓာကိုယ်ထဲတွင် လှည့်ပတ်လျက်ရှိနေပြီး ၎င်း၏ဆံပင်များကိုပင် အနီရောင်ဖြစ်သွားစေ၏။ ခြောက်ခြားဖွယ်ရာ ကောင်းပြီး ကြောက်မက်ဖွယ်ရာလည်း ကောင်းလွန်းလှ၏။ အဘယ်ကြောင့် ဆံပင်များသည် ဤကဲ့သို့ ဖြစ်တည်သွားသည်ကို မသိနိုင်တော့ပေ။
ကြမ်းတမ်းလွန်းလှသော စွမ်းအင်များဖြစ်တည်လာခဲ့ပြီးသည့်နောက် ကြီးမားလှသည့် လက်ကြီးကို ပြန်လည်ကာ တွန်းထုတ်လိုက်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ခေါင်းဆောင်ရှစ်ယောက်တို့က ရေရွတ်လိုက်သည်။ သူတို့သည် ထူးခြားလှသည့် စွမ်းအင်များကို အသုံးပြုကာဖြင့် ပေါင်းစပ်ပြီး တိုက်ခိုက်လိုက်ခြင်းဖြစ်၏။ ၎င်း၏ အားအင်အဆင့်သည် အဆင့်ကြီးတစ်ဆင့်ထက်ပင် ပိုမိုကာ တိုးတက်ခဲ့၏။ သို့ပေမဲ့ ဤလူသားကို မဖိနှိပ်နိုင်ခဲ့ချေ။
“သေစမ်း”
ဝှစ် . ဝှစ်
သူသည် ညာဘက်လက်ပြီးနောက် ဘယ်ဘက်လက်ဖြင့် ထပ်မံကာ ရိုက်နှက်လိုက်ပြန်၏။
ဒွီ
ချက်ချင်းပဲ ကြမ်းတမ်းလွန်းလှသော အော်ရာလှိုင်းများသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။ ထိုအော်ရာလှိုင်းများ ဖြတ်သန်းသွားသည့် တည်နေရာ တစ်ခုလုံးတွင် ရှိနေသည့် လေဟာနယ်ကြီးသည် ပြိုလဲကာအက်ကွဲကုန်သည်။
အားအင်နှစ်ခု ထိပ်တိုက်ရင်ဆိုင်တွေ့ပြီးသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အောက်ဆီသို့ မြန်မြန်ဆန်ဆန် ကျဆင်းလာ၏။ ပြီးနောက် ဘန်းဟူသော အသံနှင့်အတူ မြေပြင်ပေါ်တွင် ကြီးမားလှသည့် ချိုင့်ခွက်ကြီး ဖြစ်တည်သွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကွေးညွတ်သွား၏။
ခေါင်းဆောင်ရှစ်ဦးတို့ ပေါင်းစပ်ပြီးသည့်နောက် ရွှေရောင်ဓမ္မပုံရိပ်ယောင်သည် အလွန် အားကောင်း၏။ ထိုအရာသည် နတ်ဘုရားလျို့ဝှက်အဆင့်ဆီသို့ မရောက်ရှိဘူးဆိုလျှင်တောင်မှ အနီးစပ်ဆုံး အခြေအနေဆီသို့ ရောက်ရှိနေ၏။ ထို့ကြောင့် ဤတိုက်ပွဲသည် သူ့အတွက် စမ်းသပ်မှုတစ်ခုပင်။
“ကောင်လေး..... မင်းက မောက်မာလွန်းတယ်”
“………”
ကျွင်းချောင်းရှောင်သည် သူ့အား ရိုက်ချလျက်ရှိသည့် ကြီးမားသည့် လက်ဝါးကြီးကို ခုခံထား၏။ သူ၏ နဖူးစပ်တွင် သွေးကြောများပင်လျှင် ဖောင်းကြွလာခဲ့ကြ၏။ သူသည် လက်ဝါးကြီးကို ဖြည်းဖြည်းချင်း အပေါ်သို့ တွန်းတင်ကာ ကျောကိုမတ်မတ်ဆန့်လိုက်၏။
“သေစမ်း”
ဓမ္မပုံရိပ်ယောင်ကြီးသည် နောက်ထပ် လက်တစ်ဖက်ကို မြှောက်လိုက်၏။ ရွှေရောင် အလင်းတန်းများ၏ အောက်တွင် ၎င်းတို့သည် ကြမ်းတမ်းသည့် စွမ်းအားများနှင့်အတူ ထပ်မံကာ ရိုက်နှက် ပြန်သည်။
ဘုန်း .....
မြေပြင်တစ်ခုလုံး အက်ကွဲပြီး ဖုန်များသည် တလိမ့်လိမ့်နှင့် တက်လာ၏။
ယုစီနန်နှင့် ကုန်းစွန်းဟုန့်တို့သည် မျက်မှောင်ကုတ်သွား၏။ ဂိုဏ်းချုပ်အနေနှင့် ဤကဲ့သို့သောအခြေအနေကို ရင်ဆိုင်နိုင်ရန် မဖြစ်နိုင်ဟု သူတို့က တွေးထင်မိသည်။ သို့ပေမဲ့ ဖုန်များလွင့်စင်သွားသည့် အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် မူလ တည်နေရာတွင် မတ်မတ်ရပ်လျက်ရှိနေသေးသည်ကို သူတို့က မြင်လိုက်ရ၏။ ဂိုဏ်းချုပ်၏ ဘေးတွင် သက်တန့်ရောင်၏ အလင်းများ ထွန်းလင်းတောက်ပလျက်ရှိနေသည့် လူတစ်ယောက်၏ ပုံပန်းသွင်ပြင်များ ဖြစ်တည်နေသည်ကို မြင်လိုက်ရသည်။
သူတို့သည် သေသေချာချာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ဂိုဏ်းချုပ်ကတော် ဖြစ်လို့နေ၏။ လက်ရှိ အခြေအနေ မှာတော့ ယုစီနန်နှင့် ကုန်းစွန်းဟုန့် တို့သည် နန်းတော်ထဲတွင်ရှိနေသည့် အော်ရာများသည် အဘယ့်ကြောင့် ရပ်တန့် သွားသည်ကို နားလည်လိုက်မိ၏။ ထိုအရာများသည် ဂိုဏ်းချုပ်၏ အနားတွင် စုဝေးလျက်ရှိ၏။
“အမွေအနှစ်ကို ဆက်ခံပြီးပြီလား” ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“အင်း” နှင်းဆီဧကရီက ပြန်ဖြေလိုက်၏။ ဤလင်မယားနှစ်ယောက်၏ စကားပြောဆိုဆက်ဆံပုံသည် ဤကဲ့သိုပင် ရိုးရှင်းလွန်းသည်။
“ဒါဆိုလည်းကောင်းပြီ”
ကျွင်းချောင်ရှောင်သည် သူ၏လက်ကို ပြန်လည်ရုတ်သိမ်းကာ ပြောလိုက်၏။ “ဒီကိစ္စကို ခင်ဗျား တာဝန်ထားလိုက်တော့မယ်”
အချက်အလက်အားဖြင့် စောနတုန်းက တိုက်ခိုက်ခဲ့သည့် လက်ဝါးရိုက်ချက်ကြီး ခုခံခဲ့သူသည် နှင်းဆီဧကရီပင် ဖြစ်၏။ သူသည် မည်သည့်အားအင်ကိုမျှ အသုံးမပြုခဲ့ချေ။ ဖြစ်နိုင်သည်မှာ ဓာတ်တစ်ထောင်အုပ်စိုးသူ ဝိညာဉ်ကို အမွေ ဆက်ခံပြီးသည့်နောက် ဤအမျိုးသမီး၏ အားအင်အဆင့်သည် ကြီးကြီးမားမား တိုးတက်သွားခဲ့လေပုံပင်။
စောနတုန်းက ရွှေရောင်ဓမ္မပုံရိပ်ကြီး၏ တိုက်ခိုက်မှုကိုပင် သက်တောင့်သက်သာဖြင့် ရင်ဆိုင်နိုင်ခဲ့သေး၏။ ထိုတင်မကသေးချေ။ အချက်အလက်အားဖြင့် သူသည် အဘယ်ကြောင့် ခုနတုန်းက ရိုက်ချလိုက်သည့် ကြီးမားသည့် လက်ဝါးရိုက်ချက်ကြီးကို ခုခံနိုင်သနည်းဆိုသော် သူ၏ခန္ဓာကိုယ်တွင် သက်တန့်ရောင်စဉ် အလင်းများ ထွန်းတောက် နေသောကြောင့်ပင်။ ထိုစွမ်းအင်များသည် ခေါင်းဆောင်ရှစ်ယောက်တို့၏ စွမ်းအင်များ ထွင်းဖောက်လို့မရသည့် အရာမျိုးကဲ့သို့ပင်။
ရွှေရောင်ဝိညာဉ်ဆိုသည်မှာ အင်ပါယာဝိညာဉ်လောကတွင် တော်ဝင်ဆန်သည့်အရာအဖြစ် ကိုယ်စားပြု၏။ သို့ပေမဲ့ သက်တန့်အလင်းများ၏ရှေ့တွင်တော့ ဘာတစ်ခုမှမဟုတ်ချေ။
“ဒီမိန်းမ”
ခေါင်းဆောင် ရှစ်ယောက်တို့၏ မျက်လုံးများထဲတွင် အကြီးအကြယ် ဒေါသတရားများနှင့် ပြည့်နှက်လာခဲ့၏။ သူတို့သည် ရှစ်ယောက်ပေါင်းကာ တိုက်ခိုက်လိုက်သည့် အချိန်မှာတော့ ကြီးမားလှသည့် အားအင်အဆင့်ကို ထုတ်ဖော်နိုင်သည် ဖြစ်သော်လည်း နှင်းဆီဧကရီနှင့် ရင်ဆိုင်သည့်နေရာမှာတော့ အမှန်ပင်ရှုံးလျက် ရှိနေ၏။
“ကျွန်မက အင်ပါယာဝိညာဉ်မျိုးနွယ်ရဲ့ မျိုးဆက်တစ်ယောက်ဖြစ်တယ်ဆိုပေမဲ့ သူနှင့် လက်ထပ်ခဲ့ပြီးပြီ။ ဒီတော့ အာဏာတွေကို စိတ်မဝင်စားဘူး။ ကျွန်မပေါ်လာတာက ရှင်တို့၏ ရာထူး၊ တည်နေရာတွေ ကွယ်ပျောက်သွားမယ်လို့ ထင်ရင် မေ့လိုက်ပါတော့”
သက်တန့်ရောင်စဉ်များ လွှမ်းခြုံလျက် ရှိနေသည့် နှင်းဆီဧကရီ၏ အသွင်အပြင်သည် ပိုမိုကာ နန်းဆန်လာခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆီသို့ လှမ်းကြည့် လိုက်သည့်အချိန်မှာတော့ သူမသည် ကြင်နာပြီး နူးညံ့လွန်းလှသည့် မိန်းမငယ်လေး တစ်ယောက်လိုပင်။
နှင်းဆီဧကရီအတွက် အင်ပါယာဝိညာဉ်လောကဆီသို့ ရောက်ရှိလာခဲ့သည့် ခရီးစဉ်သည် အမွေအနှစ် အခွင့်အရေးကို လာရောက်ရှာဖွေခြင်းဖြစ်၏။ သို့ပေမဲ့ သူမက ဘာကိုပဲ ရရှိသည်ဖြစ်ဖြစ်၊ သူမ၏ အားအင်အဆင့်သည် တိုးလာသည်ပဲဖြစ်ဖြစ်၊ ပုံမှန်အတိုင်း ဖြစ်နေသည်ပဲဖြစ်ဖြစ် ကိစ္စမရှိပေ။ သူမသည် ဤလူ၏ အမျိုးသမီး ဖြစ်သည်။
ကြက်ကို လက်ထပ်လိုက်လျှင် ကြက်မဖြစ်မည်ဖြစ်ပြီး ခွေးကို လက်ထပ်လိုက်လျှင် ခွေးမဖြစ်မည်။ ကုန်းရှန့်ကို လက်ထပ်မည်ဆိုမှတော့ ကုန်းရှန့်၏ မိန်းမပင်ဖြစ်ရမည်။ ထို့ကြောင့် အခွင့်အာဏာနှင့် ဂုဏ်ရာထူးများသည် သူမအတွက် ဘာများထူးခြားနေမည်နည်း။
ဤအရာသည် နှင်းဆီဧကရီ၏ စိတ်အခြေအနေပင်ဖြစ်တော့၏။ ထို့ကြောင့် သူမအနေနှင့် ဤတည်နေရာသို့ ရောက်ရှိလာခဲ့ခြင်းမှာ တဖက်လူများ၏ ရာထူးနှင့်အာဏာကိုလုယူရန် မဟုတ်ကြောင်းကို ခေါင်းဆောင်ရှစ်ယောက် တို့အား သိစေချင်ခြင်းပင်။
သူမသည် အင်ပါယာဝိညာဉ်လောကကြီး၏ အခြေအနေကို လက်ရှိအခြေအနေ၌ မပြောင်းလဲနိုင်ချေ။ ထို့အတူ တခြားသောသူများ၏ ရာထူးကို လုယူလိမ့်မည်လည်း မဟုတ်ချေ။ ပြောရမည်ဆိုလျှင် ဤအရာသည် အလုံးစုံ ရှင်းလင်းသည့် ကိစ္စရပ်ပင်ဖြစ်၏။
သို့ပေမဲ့ အာဏာကို မက်မောလွန်းလှသော လူတစ်ချို့ အတွက်ကတော့ ဤကဲ့သို့သော စကားလုံးများကို ယုံကြည်လိမ့်မည်မဟုတ်ချေ။
ဝှစ်
ခေါင်းဆောင်ရှစ်ယောက်တို့၏ ထိန်းချုပ်မှုအောက်မှာတော့ ဓမ္မပုံရိပ်ယောင်ကြီးသည် သူ၏ ညာဘက်လက်ကို ထပ်မံကာ မြှောက်လိုက်ပြန်၏။ ပြီးနောက် ဆန်းကြယ်လွန်းလှသော ဝိညာဉ်စွမ်းအင်များကို စုစည်းပြီးသည့်နောက် လက်ဝါးရိုက်ချက်ကြီးကို အထပ်ထပ်ရိုက်ချလိုက်၏။
ဤလက်ဝါးရိုက်ချက်ကြီးသည် အလွန်အားအင် ပြင်းထန်လွန်းလှပြီး ကောင်းကင်မြေပြင်တစ်ခုလုံးပင် တဝုန်းဝုန်းနှင့် တုန်ခါစေသည်။
စကားနှင့်ပြောဆို၍မရနိုင်သည့် လူများသည် လောကတွင် ရှိ၏။ ထိုလူများအားလုံးကို နားထောင်စေရန် ပြုလုပ်နိုင်သည့်အရာမှာ ပြန်လည်ကာ ရိုက်နှက်ခြင်းပင်ဖြစ်၏။
“မျှော်လင့်ချက်မရှိတော့ဘူးပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဝှစ် ဝှစ်
အလွန်လေးလံလှသည့် လက်ဝါးရိုက်ချက်ကြီးများသည် ကျဆင်းလာသည့်အချိန်မှာတော့ တောင်များကိုပင် ဖြိုနို်င လောက်သည့် အစွမ်းသတ္တိများ ပါဝင်နေ၏။ နှင်းဆီဧကရီသည် ဦးခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ဘိုးဘေးကြီးက မှန်တယ်။ ဒီလူတွေက တကယ့်ကို အာဏာမက်ကြတာပဲ”
ကျွင်းချောင်ရှောင်းက ရပ်တန့်လိုက်၏။ ပြီးနောက် သူမကို နောက်ကျောပေးကာ ပြောလိုက်၏။ “ကျုပ်တို့အနေနဲ့ ဒီအခြေအနေကြီး တစ်ခုလုံးကို ပြန်ပြီး ပြောင်းလဲပေးဖို့ လိုအပ်လာပြီလေ။ ဒါမှ အင်ပါယာဝိညာဉ်နယ်မြေကြီးက ပျက်စီး ပျောက်ဆုံးမသွားတော့မှာပေါ့။ မျိုးနွယ်စုတွေ ပိုမိုတိုးတက်လာဖို့ ဒီလိုလူမျိုးတွေကို မလိုအပ်တော့ဘူး”
“နားလည်ပါပြီ” နှင်းဆီဧကရီ သည် ဦးခေါင်းကိုမော့လိုက်၏။ သူမ၏ ကြည်လင်းရှင်းလင်းလျက် ရှိနေသော မျက်လုံးများထဲတွင် သက်တန့်ရောင်စဉ်များ ထွန်းတောက်နေခဲ့၏။ အလွန်အားကောင်းလွန်းလှသည့် အော်ရာ များသည် ခန္ဓာကိုယ်ကို လွှမ်းခြုံလျက်ရှိနေပြီး လေထုထဲတွင် ရှိနေသော လက်ဝါးရိုက်ချက်ကြီးသည် ချက်ချင်းပင် ရပ်တန့်သွား၏။
“ပျောက်ကွယ်စမ်း”
ဘန်း
စကားစုတစ်ခုတည်းနှင့် ကြီးမားသည့် ရွှေရောင်ပုံရိပ်ယောင်သည် ပျောက်ကွယ်သွားခဲ့၏။ ခေါင်းဆောင်ရှစ်ဦးတို့သည် ဆိုးဆိုးဝါးဝါးအခြေအနေမျိုးဖြင့် အနောက်ဘက်သို့ လွှင့်စင်ကုန်သည်။
“ချီးတဲ့မှ”
ကုန်းစွန်းဟုန့်သည် တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “ဒါ.. စကားလုံး နိယာမ တာအိုတွေလား”
“ဘယ်... ဘယ်လို ဖြစ်နိုင်မှာလဲ” ပထမဦးဆုံး ခေါင်းဆောင်သည် သူ၏ရင်ဘတ်ကို ဖိကာဖြင့် မျက်လုံးများထဲတွင် ထိတ်လန့်အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။ လက်ရှိအခြေအနေမှာတော့ သူ၏ အသိစိတ်ထဲသို့ ကြောက်မက် ဖွယ်ရာကောင်းသည့် အားအင်များ ဝင်ရောက်လာသည်ကို သူ ရှင်းရှင်းလင်းလင်းခံစားမိ၏။ ထိုအရာသည် သူနှင့် တခြားသော ခုနှစ်ယောက်ကြား ချိတ်ဆက်မှုကို တခါတည်းဖျက်ဆီးခဲ့တော့၏။ အားအင်အဆင့်နှင့် ဖိနှိပ်ခဲ့ခြင်းမဟုတ်ဘဲ သွေးမျိုးဆက် တစ်ခုတည်းနှင့်ပင် ဖိနှိပ်လိုက်ခြင်းဖြစ်၏။ ရှင်းလင်းလှချေသည်။
ဟွာချင်းရှင်း ပြောဆိုခဲ့သော ကိစ္စရပ်များကို ခေါင်းဆောင်ရှစ်ယောက်တို့သည် ပြန်လည် စဉ်းစားလိုက်မိ၏။ နတ်အလင်းများ လွှမ်းခြုံလျက်ရှိသည့် သူသည် သူတို့ တစ်လောကလုံး၏ အင်ပါယာတစ်ယောက် ဖြစ်လာမည်ဖြစ်၏။ သူတို့အနေနှင့် ကျိန်းသေပေါက် အညံ့ခံရပေတော့မည်။
“မျိုးနွယ်စုချင်း တူညီတာမို့”
နှင်းဆီဧကရီသည် လေထုထဲတွင် လွင့်မျောလျက် ရှိနေ၏။ “ကျွန်မ ရှင်တို့ရဲ့ အသက်ကို ချမ်းသာပေးမယ်။ ဒါပေမဲ့ ဒီ ခေါင်းဆောင်ရှစ်ယောက်တို့ကတော့ …… သူတို့က သမိုင်းထဲက လူတွေဖြစ်သွားပြီ။ ပြီးတော့ ဒီမှာရှိတဲ့ လူတွေအနေနှင့် အစိမ်းရောင်ဝိညာဉ်ပဲဖြစ်ဖြစ်။ ရွှေရောင်ဝိညာဉ်ပဲဖြစ်ဖြစ် ညီတူညီမျှ ဆက်ဆံခြင်းကို ခံရမယ်”
အသံသည် အင်ပါယာဝိညာဉ်နယ်မြေကြီးတွင် လွင့်ပျံ့လျက်ရှိနေသည်။
ဝိညာဉ်မျိုးနွယ်သိုင်းကျင့်ကြံသူများ အားလုံးသည် ဒူးထောက်ကာ ဂါရဝပြုနေကြ၏။ ၎င်းတို့၏ နှလုံးသားထဲတွင် ရှိနေသည့် ရိုကျိုးလေးစားစိတ်များသည် ပိုမိုကာ အားကောင်းလာခဲ့၏။
……………………………
ကျွင်းချောင်ရှောင်းနှင့် ခေါင်းဆောင် ရှစ်ယောက်တို့၏ တိုက်ခိုက်မှုသည် အဆုံးသတ် အခြေအနေသို့ ရောက်ရှိ လာ၏။ သို့ပေမဲ့ နှင်းဆီဧကရီသည် ရုတ်တရက် ပေါ်ပေါက်လာပြီး အဆုံးသတ်သွားခဲ့သည်။
သို့ပေမဲ့ သေချာတာတစ်ခုတော့ရှိ၏။ ကျွင်းချောင်ရှောင်းအနေဖြင့် တစ်ဖက်လူများနှင့် တိုက်ခိုက်မည် ဆိုလျှင် အလွန်ပင် ခက်ခဲလှချေမည်။ အဘယ်ကြောင့်ဆိုသော် တဖက်လူများသည် နတ်ဘုရားလျို့ဝှက်နယ်မြေနှင့် နီးစပ်သည့် အခြေအနေသို့ ရောက်ရှိနေသည်မဟုတ်ပါလား။
“ကျွန်မရဲ့ ဘိုးဘေးချန်ထားခဲ့တဲ့ ဓာတ်တစ်ထောင်ဝိညာဉ်က ဒီမှာရှိနေတဲ့ လူတွေရဲ့ သွေးမျိုးဆက်တွေကို ပြုပြင် ပြောင်းလဲပေးနိုင်ချေမရှိဘူး ဆိုပေမဲ့ဒီမှာ ခဏလောက်နေဖို့ လိုအပ်တယ်”
နှင်းဆီဧကရီ သည် မြို့၏မျှော်စင်ရှေ့သို့ ဆင်းသက်လာခဲ့ပြီးသည့်နောက်မှာတော့ သူမ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လျက်ရှိနေသည့် တော်ဝင်အော်ရာများသည် အနည်းငယ် အားပျော့လာခဲ့၏။ အပြင်ဘက်တွင် သူမသည် ဧကရီမတစ်ပါး ဖြစ်သည်ဆိုသော်လည်း အိမ်မှာတော့ အိမ်ရှင်မကောင်းတစ်ယောက်မျှသာ။
“ကျုပ် ခင်ဗျားကို စောင့်နေမယ်”
ကျွင်းချောင်းရှောင်သည် သူ၏ သေဖော်ရှင်ဖက် ညီနောင်ကို သွားရောက်တွေ့ဆုံရန် စိတ်အားထက်သန်လျက် ရှိနေသည်ဆိုသော်လည်း တစ်နှစ် နှစ်နှစ်လောက် နောက်ကျနေလျှင်လည်း ကိစ္စမရှိချေ။
ဝှစ်
နှင်းဆီဧကရီသည် လက်ကိုဝှေ့ယမ်းလိုက်၏။ သက်တန့်ရောင်စဉ် အလင်းတန်းများသည် ခေါင်းဆောင် ရှစ်ယောက် တို့ကို လွှမ်းခြုံလျက်ရှိနေပြီး ၎င်းတို့၏အလောင်းများ ခပ်ဝေးဝေးတည်နေရာဆီသို့ လွင်စင်သွားစေ၏။
ပြီးသည့်နောက် သူမသည် အစိမ်းရောင်ဝိညာဉ်ဆိုသည်မှာ အဆင့်နိမ့်ဖြစ်ပြီး ရွှေရောင်ဝိညာဉ် ဆိုသည်မှာ တော်ဝင်ဆန်သည် ဆိုသည့် အခြေအနေတစ်ခုကို ပြောင်းလဲရန် စတင်ကာ ကြိုးစားတော့၏။ ထိုအရာသည် သူမ၏ ဘိုးဘေးကြီး သုတေသန ပြုလုပ်ခဲ့သည့် အချက်နှင့် ကိုက်ညီသည် မဟုတ်ပါလား။
“ဂိုဏ်းချုပ်”
ခရမ်းရောင်ဘုရင်သည် အသာလှမ်းလျှောက်လာပြီး သတိပေးလိုက်၏။ “တိုက်ခိုက်တဲ့ အချိန်မှာ အင်္ကျီတွေကို ဆွဲမဖြဲရဘူးလို့ ယွမ်သခင်လေးက စည်းမျဉ်းစည်းကမ်း ချမှတ်ထားတယ်။ ့ဂိုဏ်းချုပ် တစ်ယောက်အနေနဲ့ ခြွင်းချက်မရှိဘူး။ ဒီတော့ .... ”
ဘန်း
ဝှစ်
ယုစီနန်၊ ကုန်စွန်းဟုန့်နှင့် တခြားသောသူများသည် ဦးခေါင်းကို မော့ကာဖြင့် ကြည့်ရှုလိုက်သည့် အချိန်မှာတော့ ကောင်းကင်ယံတွင် ပျံသန်းကာ လွင့်စင်သွားခဲ့သည့် ခရမ်းရောင်ဘုရင်ကိုသာ မြင်လိုက်ရသည်။
“သူ ဘာသွားပြောခဲ့တာလဲ”