နှစ်ပေါင်းသောင်းချီစောင့်လာသော နဂါးနက်
Vol. 129 Ch. 1797
မိုကျိသက်ပြင်းချပြီး ပြောလိုက်သည် “ငါ့မှာ အရေးပေါ်ဖြတ်လမ်းဝင်္ကပါ မရှိတော့ဘူး”
အရေးပေါ်ဖြတ်လမ်းဝင်္ကပါမရှိလျှင် ထွက်ပြေးရန် ဤနည်းလမ်းကိုသုံး မရတော့ပေ။
“ထူးဆန်းတယ် ဒီမရဏာသားရဲတွေက ဒီကိုမလာဘဲ ငါတို့ကို လာ တိုက်ခိုက်နေတာလဲ” ယွမ်ယွမ်သည် ရေအေးကန်ကိုကြည့်ကာ သူတို့ ကန်ခြေ တွင်ရှိစဉ်က နဂါးဖြားယောင်းပန်းဖြူးလိုက်သည်ကို စဉ်းစားမိပြီးအလွန်ဒေါသ ထွက်မိသည်။
“နဂါးဖြားယောင်းပန်းက ရေထဲဆိုရင် အသုံးမဝင်ဘူး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပေါ်ရောက်သွားရင် ခန္ဓာကိုယ်ရဲ့အပူချိန်ကြောင့် အနံ့ထွက်လာတာ ပဲ” ရှီမာယူယူ ရှင်းပြသည်။ ရုတ်တရက် သူမ စကားရပ်သွားပြီး ကန်ထဲမှ ရေကို ကြည့်လိုက်သည်။ သူမမျက်နှာတွင် အပြုံးဖြစ်ပေါ်လာပြီး ပြောလေသည် “ကျွန်မ နည်းလမ်းရှာတွေ့ပြီ”
မရဏာသားရဲများ လိုက်လာချိန်တွင် သူတို့သုံးယောက်ကို မတွေ့ရတော့ ပေ။ ထိုအစား ရေအေးကန်ရှိ မျက်နှာပြင်တွင် ရေပွက်ရာများထသွားသည်။
သူတို့သုံးယောက်သည် ကန်အောက်ခြေသို့သွားပြီး မိုကျိသည် ဝိညာဉ် စွမ်းအင်စုစည်းပြီး သူမကိုကာပေးထားသည်။ ထိုမျှသာ သူမ ရေအေးကန်၏ အအေးဒဏ်ကို မခံရမည်ဖြစ်သည်။ သူတို့နှစ်ယောက်ကတော့ ရေအောက်တွင် တိုက်ရိုက်ငုပ်လိုက်ကြသည်။
“ငါတို့ ရေအောက်မှာ တစ်ချိန်လုံးနေနေရမယ်လို့တော့ မပြောနဲ့နော်” ယွမ်ယွမ် မေးလိုက်သည်။
တစ်ခဏသာကြာလျှင် အဆင်ပြေသေးသည်။ သို့သော် အချိန်ကြာသွား လျှင် သူတို့လည်း ဝေဒနာခံစားလာရနိုင်သည်။
“ရေက နဂါးဖြားယောင်းပန်းနံ့ကို ပျောက်စေတယ်လေ သူတို့ အနံ့မရ တော့ဘူးဆိုရင် သတိပြန်ဝင်လာပြီး ဒီကနေထွက်သွားမှာပါ” ရှီမာယူယူ ပြော လိုက်သည်။
“အဲဒါပြီးရင်ရော… ငါတို့ထွက်သွားလိုက်ရင် ပန်းနံ့က ပြန်ရလာမှာပဲ အဲလိုဆိုရင် မရဏာသားရဲတွေကို ထပ်ပြီးရန်စသလိုမဖြစ်ဘူးလား”
ရှီမာယူယူသည် ခေါင်းကို ညင်သာစွာထိတွေ့ပြီး စဉ်းစားကာ အောက်ခြေ သို့ ညွှန်ပြလိုက်သည်။
“အဲဒီကနေ ထွက်မယ်”
ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ ရေအေးကန်သည် အပေါ်ကကြည့် လျှင် သေးသည်ဟု ထင်ရသော်လည်း ကန်အောက်ခြေမှာ အလွန်ကျယ်ဝန်း သည်။ အထူးသဖြင့် တစ်နေရာတွင် အပေါက်တစ်ခုရှိနေရာ တခြားနေရာသို့ သွားနိုင်သည့် လမ်းလည်းဖြစ်နိုင်သည်။
“ဒါဆိုလည်း စမ်းကြည့်တာပေါ့” မိုကျိသည် ရှီမာယူယူကို ခေါ်ပြီး သွားလိုက်ရာ ယွမ်ယွမ်သည်လည်း အနောက်မှ ကပ်ပြီးလိုက်လာသည်။
သူတို့သည် တစ်လမ်းလုံးရှေ့သိုးကူးခတ်ရာ မီတာရာဂဏန်းနီးပါး ရောက်ခါနီးတွင် အရှေ့မှနေရာမှာ ကျဉ်းသထက်ကျဉ်းလာပြီး လူနှစ်ယောက် ဘေးချင်းကပ်ကူးမရသည့် အခြေအနေဖြစ်လာသည်။ မိုကျိသည် ရှေ့ကသွား ပြီး ရှီမာယူယူသည် အလယ်မှလိုက်ကာ ယွမ်ယွမ်သည် အနောက်မှကူးလာ သည်။
သူတို့သည် မီတာရာဂဏန်းလောက် လျှောက်ပြီးချိန်တွင် ရှေ့လမ်းမှာ တဖြည်းဖြည်းကျယ်လာရာ နောက်ဆုံးတွင် ဘေးချင်းကပ်လျက်လျှောက်နိုင် သွားသည်။
“ဒီမှာပြန်ကျယ်လာပြီ သွားကြည့်ရအောင်” ယွမ်ယွမ်သည် ခေါင်းပေါ်သို့ ညွှန်ပြသည်။ အထက်ပိုင်းမှာ မှောင်မည်းနေပြီး အခြေအနေမည်သို့မည်ပုံရှိ သည်ကိုလည်း မသိနိုင်ပေ။
မိုကျိသည် ရှီမာယူယူကို ခေါ်သွားလိုက်သည်။ မီတာတစ်ရာနီးပါး ကူးခတ်ပြီးနောက်တွင် ရေမျက်နှာပြင်နှင့် နီးကပ်လာသည်။
“ဗွမ်း”
“ဗွမ်း”
“ဗွမ်း….”
သူတို့သုံးယောက်သည် ရေထဲမှထွက်လိုက်ကြသည်။ မိုကျိနှင့် ယွမ်ယွမ် တို့သည် မျက်နှာမှ ရေများကို သုပ်လိုက်သည်။ ရုတ်တရက်ပင် သူတို့၏ မျက်နှာ ကို အပူရှိန်တစ်ခု လာရိုက်ခတ်သည်ကို ခံစားမိလိုက်ကြသည်။ သူတို့ မျက်လုံး ဖွင့်လိုက်ချိန် မျက်စိရှေ့တွင် ကြီးမားသောမျက်နှာကြီးတစ်ခုရှိသည်ကို တွေ့ လိုက်ရသည်။ ထိုပူနွေးသောလေသည် တစ်ဖက်မှ ရှုထုတ်လိုက်သောလေဖြစ် နေသည်။
အလယ်တွင်ရှိသော ရှီမာယူယူသည် တောင့်တင်းနေပြီဖြစ်သည်။ သူမ သည် မျက်တောင်ခတ်ပြီး လှုပ်ပင်မလှုပ်ရဲပေ။ သူမသည် တစ်ဖက်လူကိုကြည့် ပြီးပြောလိုက်သည် “အင်း ကျွန်မတို့ မတော်တဆဝင်လာမိသွားတယ် စိတ်မဆိုးပါနဲ့”
“ဟူး”
သူမ မျက်နှာသို့ အပူလှိုင်းလာရိုက်ရာ အာရုံကြောများ တောင့်တင်း သွားသည်။
မိုကျိနှင့် ယွမ်ယွမ်တို့လည်း ကြက်သေသေသွားကြသည်။ ထိုမျက်နှာမှာ အနည်းငယ်သာကွာဝေးသဖြင့် ရှင်းရှင်းလင်းလင်းမြင်နေရသည်။
“န.. နဂါးနက်…” ယွမ်ယွမ်သည် မျက်ရည်များထွက်လောက်အောင် ငို ချင်မိသည်။ သူတို့ ရှားပါးတဲ့ နဂါးနက်နဲ့ တွေ့ရလောက်အောင် ဘယ်လောက် တောင် ကံကောင်းတာပါလိမ့်။
ဒါက ဂူကြီးပဲ။ နဂါးနက်ရဲ့ ခန္ဓာကိုယ်က ကမ်းစပ်မှာပဲရှိသေးတယ်။ ရှီမာယူယူကို မြင်ပြီးနောက်တွင် သူသည် ရေမျက်နှာပြင်ဆီသို့ ခေါင်းဆန့်ထွက် လာပြီး သူမကို အနီးကပ်ကြည့်လေသည်။
“စူး…”
နဂါးနက်၏ ခေါင်းမှာပြန်ကျလာပြီး ရှီမာယူယူဆီသို့ ရောက်လာကာ လျှာထုတ်ပြီး သူမ၏ မျက်နှာကိုလျက်ကာ ပွတ်သပ်လေသည်။
ရှီမာယူယူ၏ ခန္ဓာကိုယ်မှာ ပိုတောင့်တင်းသွားသည်။ ဘာတွေဖြစ်နေတာ လဲဆိုတာ သူမကို ဘယ်သူပြောနိုင်လဲ။
သူမ နဂါးက အခွင့်ကောင်းယူတာကို ခံနေရတာလား။
“ယူယူ နောက်ဆုံးတော့ရောက်လာပြီလား” နဂါးနက်သည် သူမ ခန္ဓာ ကိုယ်ကို သုံးလေးပတ်ပတ်ပြီး လေပေါ်သို့မြှောက်လိုက်ရာ ရှီမာယူယူသည် လန့်သွားသဖြင့် သူမ ခန္ဓာကိုယ်ကိုပြန်ဖက်ထားလိုက်သည်။
“အင်း အံ့ဖွယ်နဂါး ကျွန်မ… ကျွန်မကို အရင်ချပေးလို့ရမလား မူးနေပြီ” သူသည် သူမကို ထိခိုက်ရန် ရည်ရွယ်ချက်မရှိသည်ကို ရှီမာယူယူ မြင်သောအခါ ပြောလိုက်သည်။
ထိုအကောင်သည် ဤခြေအနေမှာ မည်မျှအန္တရာယ်များကြောင်း မသိ သည့်ပုံပင်။ သူ၏ အားနှင့်ဆိုလျှင် မတော်တဆညှစ်မိလျှင်တောင် သေသွားနိုင် သလို အဆိုးဆုံးအခြေအနေဖြစ်နိုင်ကာ အနည်းဆုံးတော့ မသန်စွမ်းဖြစ်သွား နိုင်သည်။
နဂါးနက်သည် သူမ ပြောသည့်စကားကို မကြားသည့်ပုံပင်။ သူ၏ ကျောပေါ်မှ အတောင်ပံဖြန့်ပြီး သူမကိုကျောပေါ်တင်ကာ ဂူထဲသို့ပျံဝင်သွား လေသည်။ ပျံရင်းအော်ရင်းနှင့် အသံသည် တောင်များကိုဖြတ်သွားကာ အပြင် သို့ရောက်သွားလေသည်။ ယွဲ့ရှီတောင်တစ်ခုလုံးမှာ မှင်တက်ကုန်ကြသည်။ ပြီးနောက် အားလုံးသည် အသံလာရာသို့ စတင်စုဝေးလာကြသည်။
ဘုရင်ကြီးနိုးလာသဖြင့် သားရဲများသည် အရိုအသေပေးကြသည်။
ရှီမာယူယူသည် အပြင်မှအခြေအနေကိုမသိပေ။ သူမ သိသည်မှာ ထိုအကောင်သည် အလွန်ပျော်နေပုံရကာ အသံမှာလည်း မြူးနေသဖြင့် သူမကို ပစ်ချမည့်ပုံတော့မပေါ်ပေ။
သူမ နားထောင်ရင်း ရယ်မောလိုက်ကာ နဂါးနက်၏ ခန္ဓာကိုယ်ကို လက်ဖြင့် သိုင်းဖက်ပြီး မှောက်ချလိုက်သည်။
ယွမ်ယွမ်နှင့် မိုကျိတို့သည် ခေါင်းမော့ပြီး မိုးပေါ်တွင်ရှိနေသော လူနှင့် သားရဲတို့ကိုကြည့်လိုက်သည်။ ယွမ်ယွမ်သည် မိုကျိ၏ပခုံးကို ဆိတ်ပြီး ရေရွတ် လိုက်သည် “မနာဘူး ငါ တကယ်ပဲ ထင်ယောင်ထင်မှားဖြစ်နေတာလား”
မိုကျိသည် သူ့ထက်စာလျှင် တည်ငြိမ်သည်။ သူသည် လက်ကိုရိုက်ချပြီး သူ့လက်ကိုဆိတ်ပြီးပြောလိုက်သည် “မင်းက ငါ့ကိုလာဆိတ်မှတော့ ဘယ်နာ မလဲ”
ထိုအခါမှပင် ယွမ်ယွမ်သည် လူမှားဆိတ်မိသည်ကို သတိထားမိတော့ သည်။
“ကြည့်ရတာ နဂါးနက်က သူမကို ထိခိုက်အောင်လုပ်မယ့်ပုံမရှိဘူး ကမ်းစပ်ကိုအရင်သွားကြတာပေါ့ ဒီမှာရပ်ရင်းခဲသွားလိမ့်မယ်” မိုကျိသည် ကမ်းစပ်သို့ လျှောက်သွားပြီး ပြောလေသည်။ သူ ကမ်းခြေသို့ရောက်သည်နှင့် ခန္ဓာကိုယ်ကို ခြောက်အောင်လုပ်လိုက်သည်။
ယွမ်ယွမ် လိုက်သွားသည်။ သူတို့နှစ်ယောက် အခြောက်ခံပြီးနောက်တွင် နဂါးနက်သည် ရှီမာယူယူကို ပြန်ခေါ်လာသည်။
နဂါးနက်သည် ရှီမာယူယူကို ချပြီးနောက် သူ့ကိုယ်သူ တစ်မီတာအရှည် ရှိသော နဂါးလေးအသွင်ပြောင်းပြီး ရှီမာယူယူကို ပွတ်သပ်လေသည်။
“ရှီအာ ဘာတွေဖြစ်နေတာလဲ”
ရှီမာယူယူသည် နဂါးနက်၏ ခေါင်းကိုပွတ်သပ်ပြီး ပြောလိုက်သည် “ကျွန်မလည်းမသိဘူး ကျွန်မလည်း အခုမှမြင်ဖူးတာပဲ ကြည့်ရတာ သူက တခြားတစ်ယောက်နဲ့ လူမှားနေတာဖြစ်မယ်”
“ယူယူ ငါ့ကိုမမှတ်မိဘူးလား” နဂါးနက်သည် သနားစဖွယ်ပြောလေ သည်။
“မျိုးဆက်တွေ တစ်ဆက်ပြီးတစ်ဆက်ပြောင်းသွားပြီ ငါကတော့ မင်း ပြန်လာတာကိုစောင့်နေတာပဲ”
“နဂါးနက် မင်း လူမှားနေတာဖြစ်မယ် ငါက မင်းစောင့်နေတဲ့လူမဟုတ် ဘူး ငါ ဒီကိုပထမဆုံးအကြိမ်ရောက်ဖူးတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ငါမမှားဘူး” နဂါးနက်သည် အလွန်ပျော်ရွှင် နေကာ ရှီမာယူယူ၏ လက်မောင်းကို ချက်ချင်းကိုက်လိုက်သည်။ သူမသည် ခန္ဓာကိုယ်အတွင်းသို့ ဖိအားတစ်ခုဝင်သွားသည်ကို ခံစားမိပြီး သူမ၏ စိတ်ထဲ တွင် ပုံရိပ်များပေါ်လာသည်။
ပုံရိပ်ထဲတွင် မိန်းကလေးတစ်ယောက်နှင့် နဂါးနက်တစ်ကောင်ရှိသည်။ တဖြည်းဖြည်း ရုပ်လုံးမှာ ထင်ရှားလာသည်။
နောက်တွင် မိန်းကလေးထွက်သွားပြီး နဂါးနက်သည် ဤနေရာတွင် သူမ ကိုစောင့်နေခဲ့သည်။ သို့သော် နဂါးနက်သည် စောင့်ရင်းနှင့် သေသွားခဲ့သည်။ သူ မသေခင် တွင် မှတ်ဉာဏ်များကို နောက်မျိုးဆက်ဆီသို့ ပေးခဲ့ရာ အမွေအနှစ်သဖွယ် မျိုးဆက်တစ်ခုပြီးတစ်ခု ဆက်ခံလာသဖြင့် ဤအကောင် လေးသည် သူမနှင့်တွေ့ရခြင်းဖြစ်သည်။
ပြီးနောက် ထိုမိန်းကလေးသည် အဇူရာဧကရာဇ်နှင့် မေတ္တာမျှခဲ့သော သူ ဖြစ်သည်။ သူမ ကျောပြင်မှ ကြာပန်းနက်နှင့် လောကအသေးတို့မှာလည်း သူမ နှင့် အပတ်အသက်ရှိနေသည်။ မထင်မှတ်စွာပင် ဤနေရာသို့ရောက်ချိန်တွင် သူမကို စောင့်နေသော နဂါးနက်ကိုပါတွေ့ရလေသည်။
“ရှီအာ ဘယ်လိုဖြစ်ပြီး….”
ရှီမာယူယူ၏ မျက်နှာ အနည်းငယ်အကျည်းတန်သွားသည်ကို မြင်သော အခါ ယွမ်ယွမ်ရောက်လာပြီး သူမကိုတွဲဟန်ပြုသည်။ သို့သော် အလင်းတန်း အမည်းတစ်ခုသည် ပိတ်ပင်လိုက်သည်။
“စာချုပ်… စာချုပ်တည်ထောင်နေတယ်….”
***